Pages

Wednesday, December 5, 2007

ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်နှင့် နအဖတပ်တို့ တိုက်ပွဲ ဖြစ်ပွား

ဒီဇင်ဘာလ ၅ ရက်၊ ၂၀၀၇ ခုနှစ်။
ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်နှင့် နအဖစစ်တပ်တို့အကြား ယမန်နေ့က ပလက်ဝမြို့နယ် အတွင်း ရင်ဆိုင် တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာမှာ ပလက်ဝမြို့နယ် ဆမီးကျေးရွာ အနီးတွင် ဖြစ်ပြီး အချိန် ၁၅ မိနစ်ကြာမြှင့်ကြောင်း သတင်းရရှိသည်။


ဒေသခံဆိုင်ရာ သတင်းရပ်ကွက်များအရ သိရှိရမှာ အဖွဲ့ဝင် ၂၀ ပါးခန့်ပါဝင် ရခိုင်ပြည်လွတ်မြှောက်ရေး တပ်မတော်မှ စစ်ကြောင်း တခုနှင့် နှင့် ခမရ ၃၄၄ မှ စစ်ကြောင်းတကြောင်းတို့ အဆိုပါ ဆမီးကျေးရွာ အနီးတွင် ရင်ဆိုင်တွေ့ဆုံရာမှ စတင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အကျအဆုံးနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု သတင်းအား ရရှိခြင်း မရှိသေးပေ။

တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံ ပြည်သူများမှာ အိုးအိမ်များကိုစွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေကြသည် ဟု ဒေသခံ တဦးက ပြောသည်။

ရခိုင်ပြည် လွတ်မြှောက်ရေး တပ်မတော်မှာ ရခိုင်ပြည် လွတ်မြှောက်ရေး ပါတီ၏ လက်အောက်ခံ တပ်မတော် ဖြစ်ပြီး ရခိုင်ပြည် လွတ်လပ်ရေး အတွက် လက်နက် စွဲကိုင် တိုက်ပွဲဝင်နေသော တော်လှန်ရေး တပ်မတော် တရပ်ဖြစ်သည်။

နိရဉ္စရာသတင်း

No comments:

Post a Comment