Pages

Friday, October 17, 2008

အဖြေကဒါပဲလား (သို့ ) ဆယ်စုနှစ်များရဲ့ရလဒ်

တိုင်းရင်းသားအသံ
အဖြေကဒါပဲလား (သို့ ) ဆယ်စုနှစ်များရဲ့ရလဒ်

၂၀ ရာစုဟောင်းတော့
၂၁ ရာစုပြောင်းတယ်
ဘယ်လိုထင်လဲမေးတော့
ဒီအတိုင်းပဲဖြေတာပေါ့။

ထူးလား ဆန်းလား
မေးမြန်းတဲ့အခါ
ရလာတဲ့အဖြေဟာ
ဘာမသိ ညာမသိ။

လူကြီးက လူငယ်ကို အပြစ်တင်
လူငယ်က လူကြီးကို အပြစ်မြင်
ဝေဖန်ရင်း တိုက်ခိုက်
ဘက်လိုက်တဲ့စနစ်ကလည်း မကုန်သေး။

ပြောနေတဲ့စည်းရုံးမှု
သံသယနဲ့ ခုနေတော့
အော်နေတဲ့ သင့်မြတ်ရေး
ပွင့်လင်းမှုနဲ့ ဝေးနေတော့။

နောက်လိုက်ကလည်း မကောင်း
ရှေ့ ဆောင်ကလည်း မပီပြင်
ထင်ရာစိုင်းတဲ့စနစ်
ပစ်ပယ်နိုင်ခြင်း မရှိသေးတာလည်း။

သူကောင်း ငါကောင်း
မာန်ထောင်ပြီး ပြိုင်ရင်း
၂၂ ရာစု ခရီးဝင်လည်း
အဖြေကဒါပဲ ရှိပါဦးမလား။

ဥက္ကာမွန်(ကာအိုဝါအိုသတင်းဌာနမှ)

No comments:

Post a Comment