Pages

Friday, January 2, 2009

ထိုင်းနိုင်ငံ ဖူးကပ်တွင် ပြုလုပ်သော ရခိုင်အချုပ်အချာ အာဏာကျဆုံးနေ့ လူပေါင်း ၂၀၀ ခန့် တက်ရောက်

တိုင်းရင်းသားအသံ
ထိုင်းနိုင်ငံ ဖူးကပ်တွင် ပြုလုပ်သော ရခိုင်အချုပ်အချာ အာဏာကျဆုံးနေ့ လူပေါင်း ၂၀၀ ခန့် တက်ရောက်
User Rating: / 0
PoorBest
သတင်း - နိရဉ္စရာ
Friday, 02 January 2009 18:11

၂၂၄ နှစ်မြှောက် ရခိုင်အချုပ်အချာ အာဏာကျဆုံးနေ့ အောက်မေ့ဖွယ် အခမ်းအနားတရပ်ကို ထိုင်းနိုင်ငံ ဖူးကပ်မြို့တွင် ဒီဇင်္ဘာလ ၃၁ ရက်နေ့က ကျင်းပရာ လူပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားအား အဝေးရောက် ရခိုင် အမျိုးသားများဖြင့် စုပေါင်းဖွဲ့စည်းထားသော လေးဝတီ လူမူရေး အသင်းမှ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားသို့ တက်ရောက်ခဲ့သု ကိုကျော်ဇင်ဦးမှ “ အခမ်းအနားကို နံနက် ၉ နာရီခွဲမှ စတင်ပြီး ပြုလုပ်ခဲ့ကြပါတယ်။ နိုင်ငံရေးပါတီ အသီးသီးက ခေါင်းဆောင်တွေ အပါအ၀င် ရခိုင်အမျိုးသား ၂၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။ ညနေ ၃ နာရီမှာ အောင်မြင်စွာနဲ့ အခမ်းအနား ပီးဆုံးခဲ့ပါတယ်။” ဟု ပြောသည်။

အခမ်းအနားသို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ)မှ ကိုယ်စားလှယ်များ၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ ကွန်ဂရက်မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသူများက ဆုံးရှုံးနေသော ရခိုင်အချုပ်အချာအာဏာ ရခိုင်အမျိုးသားများ လက်ထဲသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ရခိုင်အမျိုးသားတိုင်း မိမိသမိုင်းဖြစ်ရပ်မှန်များကို သိရှိရန် လိုအပ်ပြီး ဇာတိသွေး ဇာတိမာန် အပြည့်ဖြင့် ကြိုးစားကြရန်လိုကြောင်း ပြောကြားခဲ့ကြသည်ဟု သိရသည်။

၂၂၄ နှစ်မြှောက် အချုပ်အချာအာဏာကျဆုံးသည့် နေ့အခမ်းအနားအား ကျင်းပခဲ့သော လေးဝတီ ရခိုင်လူမူရေး အသင်းမှာ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော ရခိုင် အမျိုးသားများ၏ သာရေးနာရေးကိစ္စကို ဆောင်ရွက် ပေးနေသော အဖွဲ့ အစည်းကြီး တခု ဖြစ်ပြီး နှစ်စဉ် နှစ်တိုင်း ရခိုင် အမျိုးသားများနှင့် သက်ဆိုင်သော နေ့ကြီးရက်ကြီးကို အမျိုးသားရေးများ စိတ်ဓါတ်ဖြင့် ထိုင်းနိုင်ငံတွင် ပြုလုပ်ကျင်းပလေ့ရှိကြောင်း သိရသည်။




No comments:

Post a Comment