Pages

Saturday, January 10, 2009

U.N.L.D (L.A)ပြည်ထောင်စု မြန်မာနိုင်ငံ (၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့ နှစ်ပတ်လည်ထုတ်ပြန်ကြေညာချက်

တိုင်းရင်းသားအသံ

jynfaxmifpk wkdif;&if;om;vlrsdK;rsm; 'Drdkua&pD tzGJ@csKyf (vGwfajrmufe,fajr)

U.N.L.D (L.A)

UNITED NATIONALITIES LEAGUE FOR DEMOCRACY

Your browser may not support display of this image.(LIBERATED AREA)

စာအမှတ် - ၀၁/ထ/၂၀၀၉။

ရက်စွဲ။ ။ ဇန်န၀ါရီလ ၄ ရက်၊ ၂၀၀၉။

ပြည်ထောင်စု မြန်မာနိုင်ငံ (၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့ နှစ်ပတ်လည်ထုတ်ပြန်ကြေညာချက်

၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့သည် အင်္ဂလိပ်ကိုလိုနီနယ်ချဲ့လက်အောက်မှ ပြည်ထောင်စုမြန်မာနိုင်ငံလွတ်မြောက် သည့် (၆၁)နှစ်ပြည့်မြောက်သော လွတ်လပ်ရေးမင်္ဂလာအခါသမယနေ့ ဖြစ်ပေသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတိုင်းရင်းသားများအားလုံးသည် လွတ်လပ်ရေးအတွက် အသက်သွေးချွေးများစွာကို အရင်းအနှီးပြု ၍ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ နှင့် ဖက်ဆစ်ဂျပန်တို့ကို နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်ခဲ့ကြသည့်အပြင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း စသည့်တိုင်းရင်းသားခေါင်းဆောင်များတို့သည် အမြော်အမြင်ကြီးမားစွာဖြင့် တိုင်ပင်ဆွေးနွေး အပေးအယူပြု လုပ်ကြပြီး၊ သီးခြားစီတည်ရှိကြသော ဗမာပြည်မနယ်မြေ အပါအဝင် ရှမ်းပြည်၊ ကချင်တောင်တန်းဒေသနှင့် ချင်းတောင် တန်းဒေသ နယ်မြေများသည် တပြိုင်တည်း လွတ်လပ်ရေးရယူရန်နှင့် တန်းတူရည်တူ ပြည်ထောင်စုနိုင်ငံတည်ထောင် သွားရန် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြသဖြင့် ယင်းပင်လုံစိတ်ဓာတ် ပြည်ထောင်စုစိတ်ဓာတ်အင်အားကြောင့် ပြည်ထောင် စုမြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို အမိအရ ဆွတ်ခူးနိုင်ခဲ့ခြင်းပင်ဖြစ်ပေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများ သက်စွန့်ကြိုးပမ်း၍ လွတ်လပ်ရေးရယူခဲ့ကြသည့် ရည်ရွယ်ချက်မှာ အမျိုးသားတန်းတူရည်တူ ပြည်ထောင်စုတည်ဆောက်ရေးအပြင် ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးများကို ကာကွယ် ပြဋ္ဌာန်းမည့် စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော် တည်ထောင်ရေးပင် ဖြစ်ပေသည်။

ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးသည့်နောက် ပင်လုံစိတ်ဓာတ် အခြေခံမူအပေါ် သွေဖယ်အားနည်းသွားရာမှ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာ၌ တိုင်းရင်းသားများတန်းတူအခွင့်အရေး ဆုံးရှုံးခြင်းပြဿနာရပ်နှင့် ပါတီစုံဒီမိုကရေစီစနစ် လက်တွေ့ကျင့်သုံးရာတွင် ပါတီဂိုဏ်းဂဏ ပြင်းထန်လွန်းခြင်းတို့ကြောင့် လွတ်လပ်ရေးသက်တမ်းနှင့်အတူ ပြည်တွင်းစစ်မီး စတင်လောင်ကျွမ်းရခြင်းဖြစ်ပေသည်

ထိုသို့ ပြည်တွင်းစစ်မီး တဆင့်ပြီးတဆင့် တောက်လောင်သွားရာမှ စစ်တပ်အခန်းကဏ္ဍ ပေါ်ပေါက်လာပြီး အိမ်စောင့်အစိုးရ အရသာ ထိတွေ့ရသဖြင့် အာဏာငမ်းငမ်းတက်နေသည်မက လူမျိုးကြီးဝါဒကိုစွဲကိုင်ထားပြီး တိုင်းရင်းသားလူမျိုးစုများကို အမျိုးဖြုတ်လိုသည့် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သောစစ်အုပ်စုက ဖက်ဒရယ်သည် ခွဲထွက်ခြင်း တိုင်းပြည်ဖြိုခွဲခြင်းဖြစ်သည် ဟုအကြောင်းပြကာ ပြည်သူ့အစိုးရဝန်ကြီးချုပ် ဦးနုထံမှ အာဏာကို ဓါးပြတိုက်ရယူခြင်းပင်ဖြစ်ပေသည်

၁၉၆၂ ခုနှစ်မှ စ၍ ယနေ့ထိတိုင် (၄၇) နှစ်ကာလပတ်လုံး တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူတရပ်လုံးသည် လွတ်လပ် ရေးအရသာကို လုံးဝမခံစားရဘဲ မဆလ၊ နဝတ၊ နအဖ ဖက်ဆစ်စစ်အုပ်စုအဆက်ဆက်တို့ ဖိနှိပ်ကျွန်ပြုထားခြင်းခံရသဖြင့် တိုင်းတပါးသား၏ကျွန်ဘဝမှ လွတ်လပ်ရေးရရှိထားသော်လည်း ပြည်တွင်းဖက်ဆစ်စစ်အုပ်စု ကျွန်ဘဝသို့ လုံးလုံးကျ ရောက်သွားကာ ဒီမိုကရေစီအခြေခံလူ့အခွင့်အရေးဟူသမျှ လုံးဝဆိတ်သုဉ်းသွားခြင်းနှင့်အတူ ပြည်သူလူထု၏ စားဝတ်နေ ရေးဘဝသည်လည်း အတိဒုက္ခ ခံစားနေရခြင်းပင်ဖြစ်ပေသည်။

ထိုမျှမက နအဖ စစ်အုပ်စုသည် ၎င်းတို့စိတ်ကြိုက်ဖြစ်သော ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြီး ပြည်သူ လူထု၏ဆန္ဒကို ဓါးပြတိုက်ရယူအတည်ပြုပြဋ္ဌာန်းကာ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပြည်သူ့တရပ်လုံးအပေါ် ဆက်လက်၍ ဖိနှိပ်ကျွန်ပြုရန် အတင်းဒရွတ်တိုက်လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရပေသည်။

ပြည်ထောင်စုမြန်မာနိုင်ငံသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များချမှတ်ထားသော ပင်လုံစိတ်ဓာတ် အခြေခံမူအတိုင်း စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက်နိုင်မှသာလျှင် ငြိမ်းချမ်းသာယာ ဝ ပြောသော နိုင်ငံတော်သစ် ပေါ်ထွန်းလာနိုင်မည်ဖြစ်ပေသည်။

သို့ဖြစ်ပါ၍ (၆၁)နှစ်မြောက်ကျရောက်သော လွတ်လပ်ရေးမင်္ဂလာနေ့ရက်မြတ်တွင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုး ပေါင်းစုံ ပြည်သူများအားလုံးတို့သည် အမျိုးသားတာဝန်တရပ်အနေဖြင့် ဒုတိယလွတ်လပ်ရေးတိုက်ပွဲဖြစ်သော ပြည်သူ တရပ်လုံးအပေါ်ဆက်လက်ကျွန်ပြုမည့် နအဖ၏ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ရလဒ်များကို အပြီးအပြတ် တိုက်ဖျက်ရင်း စစ်မှန်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်သည်အထိ တက်ညီလက်ညီ ဆက်လက်၍ တိုက်ပွဲဝင်သွားရန် သံဓိဌာန်ချမှတ်ကြပါစို့ဟု UNLD (LA) အနေဖြင့် တိုက်တွန်းလိုက်ရပေသည်။

၂ဝဝ၉ ဇန်နဝါရီလ (၄) ရက်နေ့။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်

(လွတ်မြောက်နယ်မြေ)

UNLD (LA)

ခွန်းမတ်ရ်ကိုဘန် ဝ၈၅-၂၅၂၅၄၉၆

ဦးမခေါ်ခွန်ဆာ ဝ၈၃-၃၂၃၄၇၁၆

ဆလိုင်းလျန်မှုန်းဆာခေါင်း ဝ၈၁-ဝ၂၉၆၁ဝဝ

No comments:

Post a Comment