Pages

Wednesday, April 22, 2009

နအဖစစ်တပ်ကြောင့် တိုင်းရင်းသားနယ်မြေများဆုံးရှုံးကြရခြင်း သတင်းစာရှင်းလင်းပွဲ

တိုင်းရင်းသားအသံ
နအဖစစ်တပ်ကြောင့် တိုင်းရင်းသားနယ်မြေများဆုံးရှုံးကြရခြင်း သတင်းစာရှင်းလင်းပွဲ

Kaowao/
ဧပြီ ၂၂၊ ၂၀၀၉။

စံခလပူရီ(ဧပြီ-၂၂)။ ။ တိုးတက်သော မွန်ငယ်အစည်းအရုံး (MYPO)၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ် များအစည်းအရုံး (AASYC)၊ ပအိုဝ်းလူငယ်အစည်းအရုံး(PYO)တို့ ပူးပေါင်းရေးသားသော “ကျွန်ပ်တို့၏ မြေယာများကို သိမ်းပိုက်ထာခြင်း” အစီရင်ခံစာ၏ သတင်းမီဒီယာရှင်းလင်းပွဲ (Press Conference) ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ (၂၁) ရက်၊ အင်္ဂါနေ့ နံနက် ၁၀ နာရီတွင် ချင်းမိုင် တက္ကသိုလ်၏ (International Centre) ခန်းမတွင် ကျင်းပပြုသည်ဟု မွန်ဒေသအကြောင်းနှင့် ပတ်သက်၍ အစီရင်ခံစာပြုစုသူ မင်းဥာဏ်စိုက်ကပြောသည်။

တိုင်းရင်းသားဒေသများတွင် အရေအတွက် တိုးချဲ့လျက်ရှိသည့် မြန်မာစစ်အစိုးရ၏ စစ်တပ် တပ်ရင်းများ နေရာချထား ရန်နှင့် ၎င်းတို့ကို ထောက်ပံ့နိုင်ရန် မြေယာသိမ်းပိုက်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်အစိုးရက မူဝါဒ တစ်ခု အဖြစ် ချမှတ်ကာ ကျင့်သုံးလျက် ရှိနေသည့်အကြောင်းများကို လူထုအခြေပြု လူငယ်နိုင်ငံရေးအဖွဲ့အစည်း () ဖွဲ့က ဤအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ တိုင်းရင်းသားဒေသတို့မှ နစ်နာခဲ့ရသူများအား ကိုယ်တွေ့မေးမြန်း၊ သုတေသနပြုခြင်း၊ ၎င်းတို့၏ပြောကြား ထွက်ဆိုချက်များကို စုဆောင်းခြင်းဖြင့် ဤအစီရင်ခံစာတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နအဖစစ်အစိုးရက ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဖိနှိပ်နေမှုများကို ဖော်ထုတ် တင်ပြထားပါသည်။

ဤအစီရင်ခံစာတွင် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းဒေသမှ ဖြစ်ရပ်များကိုသာ
အလေးပေးတင်ပြထားပါသည်။
အကြောင်းမှာ ဤဒေသများအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများ သတင်းမီဒီယာ များတွင် အလေးပေးတင်ပြသည်ကို မတွေ့ကြရသောကြောင့် ယခုကဲ့သို့ စုစည်း တင်ပြရခြင်း ဖြစ်သည်ဟုလည်း ပြောပါသည်။

No comments:

Post a Comment