တိုင်းရင်းသားအသံ
မဲရုံများသွားသည့်အခါသတိထားရန်
ရွေးကောက်ပွဲဆန်.ကျင်ရေးအရှိန်အဟုန်ပြင်းထန်လာသောကြောင့်ဗမာစစ်စစ်အစိုးရခေါင်းဆောင်များကအကြံဥာဏ်ပေါင်းစုံသုံးပြီးအကောက်ကြံနေသည်
ဟုတိုင်းရင်းသားအသံကသတင်းရရှိပါသည်၊အထူးသဖြင့်၊ရွေးကောက်ပွဲကျင်းပသည့်နေ.ရက်ကျရင်နိုင်ငံခြားသတင်းထောက်တွေကိုမဲရုံအထိခေါ်သွားပြီး ဖောက်ခွဲရေးလုပ်ရပ်များလုပ်ပြီးအတိုက်အခံအင်းအားစုတွေကအကြမ်းဖက်နည်းဖြင့်နိုင်ငံတော်ကိုဖျက်ဆီးနေသည်ဟုပြည်ပသတင်းဌာနများအားသတင်း ကျော်ကြားသွားစေရန်ကြံနေသည်ဟုသိရှိပါသည်၊
ထို.အပြင်၊မဲရေတွက်သည့်အခါအကယ်၍ပယ်ဖျက်မဲတွေကသာများနေလို.ရှိရင်နိုင်ငံတော်တည်ငြိမ်မှုမရှိသေးဘူးဆိုသည့်အကြောင်းပြချက်ဖြင့်နောက်ဆုံး ဗျူဟာကိုသုံးပြီးနိုင်ငံတော်အာဏာဆက်လက်ဆုပ်ကိုင်ရန်ကြိုးပမ်းနေသည်ဟုလည်းသတင်းရရှိပါသည်၊
ထို.ကြောင့်၊ပြည်သူများ၊သတင်းထောက်များအနေဖြင့်မဲရုံသွားသည့်အခါအထူးသတိပြုရန်နှင့်အထူးသတိထားရန်တိုင်းရင်းသားအသံမှအသိပေးအပ်ပါသည်။
No comments:
Post a Comment