Pages

Saturday, November 6, 2010

ကရင်ပြည်နယ်အတွင်း တင်းမာမှုဖြစ်

တိုင်းရင်းသားအသံ
ကရင်ပြည်နယ်အတွင်း တင်းမာမှုဖြစ်
Friday, 05 November 2010 23:30 နော်ဖော၊ ခွန်အောင်မြတ်၊ နိုင်ငံတကာမြန်မာသတင်း

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံတဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် တပ်မဟာ (၅) ကို ဦးဆောင်တဲ့ ဗိုလ်နှုတ်ခမ်းမွှေး တပ်ဖွဲ့ အခြေချတဲ့ နယ်မြေမှာ မြန်မာ စစ်အစိုးရတပ် အင်အားတွေ တိုးမြင့် ချထားတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ သုံးရက်ကတည်းက ဒီမနက်အထိ စစ်အစိုးရတပ်က အင်အားတွေ ထပ်ဖြည့်ထားသလို ဗိုလ်ကျော်သက် ဦးဆောင်တဲ့ တပ်ကိုလက်ရှိ ၀ိုင်းထားတယ်လို့ ဗိုလ်နှုတ်ခမ်းမွှေးက ပြောပါတယ်။

ခုနပဲ ခုနပဲ ဖုန်းဆက်လာတယ်။ သူတို့ (နအဖ) စစ်ကား ဒီအီးတွေလေ သုံးစီးနဲ့ ဒီမြ၀တီဘက်ကို တက်လာတယ်နော်။ အဲဒါ တပ်ရင်းရော တပ်မရော အင်အားဖြည့်လာတာပေါ့နော်။ မြ၀တီ ဘက်ကိုနော်။ ခုနကပဲ ဒီအီးက ဖြတ်လာတယ်လေ။ ကော့ကရိတ်က။ ကော့ကရိတ်ကအဖွဲ့က ကျနော်တို့ အဖွဲ့ပေါ့နော်။ အဲဒီမှာ ဗျူဟာ (၂) က ဗိုလ်မှူးကျော်သက် လူကို သူတို့အခု ပတ်ပတ်လည် သူတို့ ၀ိုင်းထားနေတယ်။ ဒါပေမယ့် ဘာမှ မဖြစ်သေးဘူးနော်။ ဒီလိုပဲ နားထောင်ပြီးတော့ ကြည့်နေတာပေါ့ နော်။

နယ်ခြားစောင့်တပ် အသွင်မပြောင်းတဲ့အတွက် တရားမ၀င်အဖွဲ့အဖြစ် သတ်မှတ်ပြီး တောထဲမှာ ပြန်သွားရန် ဖိအားပေးနေတာလို့ ဗိုလ်နှုတ်ခမ်းမွေးက ဆက်ပြောပါတယ်။

အဲဒါသူတို့ ကျနော်တို့ ဒီဂျီအက်ဖ် မ၀င်လို့ သူတို့ တရားမ၀င်ပုံစံမျိုး လာပြီးခြိမ်းခြောက်တာပေါ့။ ဒါပေမယ့် အဲဒီကနေ မြို့ထဲကနေ ထွက်ခိုင်းတာပေါ့နော်။ နအဖတွေက ဒီလိုပဲ။ အရင်တုန်းက တောထဲ မှာ မနေခိုင်းပဲနဲ့ မြို့ထဲမှာ ပြန်လာနေခိုင်းတယ်။ မြို့ထဲမှာ ပြန်လာတော့ အခု နအဖတွေက အခု တောထဲမှာ ပြန်နေခိုင်းတယ်။ ဒါပေမယ့် ကျနော်ကတော့ လုံးဝထွက်ဖို့ အစီအစဉ်မရှိဘူး။ တုန့်ပြန်ရင် တော့ ပြန်တုန့်ပြန်ဖို့ ရှိတယ်နော်။

မြန်မာစစ်အစိုးရတပ်နဲ့ ဒီကေဘီအေ နှစ်ဘက် တင်းမာမှုရှိနေသလို တကယ်လို့ ဒီကေဘီအေကို တိုက်ခိုက် လာရင်တော့ စစ်ရေးအရာ ကူညီဖို့ အဆင်သင့်ပဲလို့ ကေအဲန်ယူရဲ့ ၂၀၁ တပ်ရင်းက တပ်ရင်းမှူးက ပြောပါတယ်။

အဆက်အသွယ်ရှိကြပါတယ်။ ကရင် အချင်းချင်းတွေ နားလည်မယ်။ ဖြစ်လာလို့ ရှိရင် တသွေးတသံ တမိန့်ဆိုတာကတော့ ကရင်တိုင်းမှာတော့ ရှိကြပါတယ်။ ကျနော်တို့ အောက်ငယ်သား တွေကာ။ သူတို့ဘက်မှာလည်း သူတို့ အကုန်လုံးက အသင့်ရှိနေတယ်လို့ ကြားတယ်။

၂၀၁၀ ရွေးကောက်ပွဲ ပြီးရင် ကေအဲန်ယူဆိုတာ မရှိစေရဘူးလို့ ကြားသိရတယ်လို့ အဲဒီ တပ်ရင်း မှူးက ပဲ ပြောပါတယ်။

ကျနော်တို့ ကြားရသလောက် ကတော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲပြီးရင်တော့ ဒီဒေသမှာ ကေအဲန်ယူ မရှိဖို့ အတွက် သူတို့ စစ်ဆင်ရေးတွေ လုပ်မယ်လို့ အဲလိုကတော့ နေ့တိုင်းလိုလို ကြားနေရတယ်။

ကေအဲန်ယူနဲ့ ဒီကေဘီ နှစ်ဖွဲ့လုံးကတော့ တကယ်လို့ မြန်မာစစ်အစိုးရ ထိုးစစ်ဆင်လာရင် ပြန်လည် တုန့်ပြန်ဖို့ အဆင့်သင့် ပြင်ဆင်ထားတယ်လို့ ပြောဆိုကြပါတယ်။


No comments:

Post a Comment