Pages

Tuesday, February 22, 2011

ချင်းပြည်နယ်ပလက်ဝနဲ.သျှမ်းပြည်နယ်မိုင်းတောင်မြို.နယ်မှတိုက်ပွဲသတင်း

တိုင်းရင်းသားအသံ
ချင်းပြည်နယ်ပလက်ဝနဲ.သျှမ်းပြည်နယ်မိုင်းတောင်မြို.နယ်မှတိုက်ပွဲသတင်း

ချင်းပြည်နယ်သတင်းဌာန ခိုးနမ်တောင်သတင်း

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ယခုလ ၁၇ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်က ချင်းအမျိုးသားတပ်မတော် နှင့် နအဖ စစ်တပ်အကြားတိုက်ပွဲဖြစ်ပွားခဲ့ရာတွင် နအဖတပ်သားတဦးကျဆုံးပြီး တဦးဒဏ်ရာရရှိကြောင်းသိရသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ မြို့နယ် ရှင်းလက်ဝ တပ်စခန်းမှ ခလရ ၅၅ နယ်လှည့် စစ်ကြောင်း နှင့် ချင်းအမျိုး သားတပ်မတော် ၊တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်သားများ ရှင်းလက်ဝ တပ်စခန်းနားကဆင်အိုးဝကျေးရွာ တွင်ပစ် ခတ်ကြခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်မတော်မှ တပ်သား ၃ ဦးတို့သည် ပျောက်ကျားစစ်ဖော်ဆောင်ရန်အတွက် ဆင်အိုးဝကျေးရွာ၌ ရောက်ရှိနေသည့်အချိန်တွင် တပ်အင်အား ၂၀ ခန့်ရှိသောစစ်ကြောင်းလှည့်နအဖတပ်သားများနှင့် ရင်ဆိုင်တိုးပြီး ငါးမိနစ် ခန့်အကြာအပြန် အလှန်ပစ်ခတ်ခဲ့ကြသည်ဟုစီအဲန်အေတာဝန်ရှိသူတစ်ဦးကပြောသည်။

သေနတ်ပစ်ခတ်သံများကြောင့် တပ်အင်အား ၁၅ ခန့်ရှိသည့် နောက်ထပ်စစ်ကြောင်းလှည့် နအဖစစ်သားများ ရောက်ရှိလာကာ ချင်းအမျိုးသား တပ်မတော်သားများကိုညှပ်တိုက်ကာ အင်အားခြင်းမမျှသည့်အတွက်ကြောင့် စီအဲန်အေ တပ်သားများကဖောက်ထွက် ဆုတ်ခွါခဲ့ရသည်ဟုအဆိုပါတာဝန်ရှိသူကပြောသည်။

အဆိုပါတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သို့သော်လည်း သေနတ်တလက် ကျကျန်ခဲ့သည်ဟု၎င်းကပြောသည်။

မျက်မြင်ဒေသခံတဦးက “နအဖစစ်ကြောင်းတကြောင်းနဲ့ အရင်ပစ်ကြပြီး နောက်ကနေအခြားစစ်ကြောင်းကလာဝိုင်းတယ်၊ စီအဲန်အေ တွေ ဘယ်လို လွတ်သွားကြသလဲမသိဘူး၊ မြန်မာစစ်တပ်ဘက်ကတော့ တယောက်သေသွားတယ် တဦးဒဏ်ရာရတယ်၊ အလောင်းကိုတော့ ညတွင်းချင်းဘဲ စခန်းကိုသယ်သွားကြတယ်”ဟုပြောသည်။

အမည်မသိအုပ်စုကဗမာစစ်တပ်ကိုအမြောက်တွေနဲ.ဆွမ်းကြီးလောင်
သျှမ်းပြည်နယ်သတင်း

မြို.နယ်သစ်အခမ်းအနားဖွင့်ပွဲပြုလုပ်ရန်ပြင်ဆင်နေချိန်မှာ အမည်မသိအုပ်စုအမြောက်နဲ.လောင်ချလိုက်တဲ့အခါဗမာစစ်တပ်မှထိုခိုက်ဒဏ်ရာရ၇ှိပြီးဘယ်နှစ်ယောက်မသိသေးဘူး၊ဘယ်သူဘယ်ဝါလက်ချက်လည်းမသိဘူး၊ဗလိုင်းအထုခံတဲ့သဘောပဲ၊ဝတပ်ဖွဲ.ကလည်းသျှမ်းတပ်မတော်(တောင်ပိုင်း)လည်းဝန်မခံပါဘူး၊ပွဲကတော့ပျက်သွားပါပြီးခင်ဗျား။ပွင့်ပွဲကနေပိတ်ပွဲဖြစ်သွားပါတယ်လို.သျှမ်းသတင်းဌာနမှာရေးသားထားသည်။

No comments:

Post a Comment