Pages

Wednesday, June 22, 2011

News Update: Between Kachin Army and Burma Army War. ကချင်နဲ.ဗမာတပ်စစ်ပွဲတွင်နောက်ဆုံးရသတင်းများ

တိုင်းရင်းသားအသံ
News Update: Between Kachin Army and Burma Army War. ကချင်နဲ.ဗမာတပ်စစ်ပွဲတွင်နောက်ဆုံးရသတင်းများ

ဇွန်လ ၂၀ ရက်နေ.မှ ၂၂ ရက်နေ.အထိ၊ဂျိမ်ဖော်သတင်းမှပြန်လည်တင်ဆက်ထားသည်။

ဧရာဝတီမြစ်ဖျားပိုင်း ဆွမ်ပရာဘွမ် ခရိုင်ဘက် ယနေ့ ဇွန် (၂၂) ရက်နေ့ ညနေပိုင်း (၃) နာရီလောက်တွင် ကေအိုင်အေ တပ်ရင်း (၇) နှင့် နအဖစစ်တပ်ရင်း ခလရ (၁၃၉) တို့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကြောင်းထိုးခြင်းကို ၂ ရက်လောက် ရက်တန့်ထားတဲ့ နအဖစစ်တပ်ဟာ ဒီနေ့ ပြန်ပြီး လိုင်ဇာ ဘက်ကို စစ်ကြောင်း တွေထပ်တိုးနေကြောင်း ရှေ့တန်းစစ်မျက်နှာပြင်မှ သတင်းရရှိပါသည်။

မစ်ကြီးနား မိုးကောင်းကြားရှိ နန့်ကွေ့ကျေးရွာ နန့်ကွေ့ချောင်းပေါ်ဆောက်လုပ်ထားသော ပေ (၁၀၀) ကျော် အရှည် ရထားလမ်း တံတား ကို (ဇွန် ၂၂) ရက် မနက်စောစောအချိန်တွင် ဖောက်ခွဲ ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိပါသည်။

ယနေ့ ချီဖွေမြို့တွင် ကေအိုင်အို မျိုးချစ်စစ်တပ်နှင့် နအဖ စစ်တပ်တို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဆက်လက်ဖြစ်ပွါး ခဲ့ကြောင်းနှင့် ကချင်ပြည်နယ်နေရာအနှံ့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွါးလျက်ရှိကြောင်းသတင်းရရှိပါသည်။ အသေအပျောက်စာရင်းများဆက်လက်စုံစမ်းလျက်။

ဇွန် (၂၁) ရက်နေ့ည မိုးမောက်မြို့နယ် ဂျခန့်ဒပ် (၁၅) မိုင်ရှိတံတားကို ကေအိုင်အိုမျိုးချစ်တပ်မတော်များက မိုင်းခွဲ ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိပါသည်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တွင် အေးရှားဝေါလ်ပိုင် ကားကြီး (၃) စီးအပြည့် နအဖစစ်သားများ မြစ်ကြီးနားမှ တန်ဖဲကျေးရွားသို့ တက်သွားကြောင်းနှင့် တန်ဖဲကျေးရွားရှိ လူနေထိုင်မှုမရှိသော အိမ်ကြီးတစ်လုံးတွင် စခန့်ချနေကြောင်း သတင်းရရှိပါသည်။ စစ်တပ်က ဖြတ်သွားဖြတ်လား ရွာသားများကို အတင်းအဓမ္မခေါ် ယူကာ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခိုင်းကြောင်းနှင့် အဖိုးအိုတစ်ဦးကို ဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှုများလုပ် ပြီး ထိုင်ထ လုပ်ခိုင်းကြောင်း ဒေသခံများက သတင်းပေးပို့လာပါသည်။



No comments:

Post a Comment