Pages

Monday, July 25, 2011

ကချင်တပ်မတော်နဲ.အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှုနောက်ကွယ်တွင်ဗမာစစ်ခေါင်းဆောင်များ၏ကလိမ်ကကျစ်အကြံရှိနေ

တိုင်းရင်းသားအသံ

ကချင်တပ်မတော်နဲ.အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှုနောက်ကွယ်တွင်ဗမာစစ်ခေါင်းဆောင်များ၏ကလိမ်ကကျစ်အကြံရှိနေ

KIO အပစ်အခတ်ရပ်ဆိုင်းရန် အဓမ္မနည်းဖြင့် မြန်မာအစိုးရ ကြိုးပမ်း

အဓ္ဓမနည်းဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အပစ်အခတ်ရပ်ဆိုင်းရန် စစ်တပ်ကျောထောက်နောက်ခံ မြန်မာအစိုးရ ကြိုးပမ်းနေသည်ဟု သိရသည်။

စစ်ဗို်လ်ဟောင်း ကြံ့ဖွံ့အမတ် ဦးသိန်းဇော်က ဇူလိုင် ၂၄ ရက်ညတွင် ကချင်လွှတ်တော်အမတ်များဖြစ်ကြသည့် ဦးခက်ထိန်နန်နှင့် ဦးခမိုင်တန်တို့ကိုခေါ်ယူ၍ KIO အပစ်အခတ်ရပ်ဖို့ ကချင်ရိုးရာကောက်ညှင်းပလိုင်းနှင့်အတူ ကချင်ရိုးရာယဉ်ကျေးမှုကော်မတီကို ဦးဆောင်စေပြီး ဇူလိုင် ၂၆ ရက်တွင် KIO ထံ သွားရောက် ပြောဆိုရန် ညွှန်ကြားလိုက်သည်ဟု ၎င်းကချင်အမတ်များနှင့် နီးစပ်သူများကဆိုသည်။

KIO က အပစ်အခတ်ရပ်ဆိုင်းရေးကို လက်ခံရန်ငြင်းဆန်နေလျှင် မြန်မာစစ်တပ်ထိန်းချုပ်သည့် ကချင်ပြည်နယ်ရှိ မြို့နေလူထုအား စစ်မလိုလားကြောင်း ချီတက်ပြသရန် တစ်အိမ် တစ်ယောက် မသွားမနေရ လုပ်သွားမည်ဆိုကာ ဦးသိန်းဇော်ပြောသွားသည်ဟု ဆိုသည်။

ထို့အပြင် ဦးသိန်းဇော်မှ အပစ်အခတ်ရပ်စဲရေးကို လက်ခံရန် ငြင်းဆန်သည့် ထိပ်ပိုင်း KIO ခေါင်းဆောင်များကိုလည်း လုပ်ကြံရန် ပြောဆိုသွားသည် ဟုဆိုသည်။

No comments:

Post a Comment