Pages

Saturday, November 26, 2011

စစ်ပွဲတွေရပ်ပစ်! – stop the civil war!

တိုင်းရင်းသားအသံ
စစ်ပွဲတွေရပ်ပစ်! – stop the civil war!
ကျော်သူ၊နာရေးကူညီမှုအသင်း
နိုဝင်ဘာ ၂၆၊ ၂၀၁၁

ကချင်ပြည်နယ်၏ ထူးခြားလှသော အလှတရားများ ပျက်စီးမှုကို ကာကွယ်ရေးအတွက် လည်းကောင်း၊ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးတို့၏ အသက် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးအတွက်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် ရေးအတွက်လည်းကောင်း ရည်ရွယ်ပြီး ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်းအား ကန့်ကွက်မှုကို ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)က အင်တိုက် အားတိုက် တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့ပြီး ဖြစ်ပါသည်။

ယခု ဒုတိယအကြိမ်မြောက် ကချင်ပြည်နယ်တွင် ငြိမ်းချမ်းမှု ပျောက်ဆုံးနေမှု၊ စစ်ဘေးသင့်၍ စစ်ဘေး ရှောင်ရှားနေရသော တိုင်းရင်းသားဒုက္ခသည် မိဘဆွေမျိုး ညီအစ်ကိုမောင်နှမများတို့အားလူသားချင်းစာနာထောက်ထားမှုဖြင့် နာရေး ကူညီမှု အသင်း(ရန်ကုန်)၏ ကူညီ ဖေးမပေးရန်အတွက် သမိုင်းပေး တာဝန်တစ်ရပ် ဖြစ်ပေါ်လာခဲ့ပြန်တော့သည်။

ထို့ကြောင့် လူသားချင်း စာနာသောအားဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကျွန်တော်တို့ အနေဖြင့် စစ်ဘေးသင့် ရှောင်ရှားနေရသော တိုင်းရင်းသားဒုက္ခသည် ညီအစ်ကို မောင်နှမများအားပထမအကြိမ်မြောက်မတည်လှူဒါန်းငွေအဖြစ် အလှူငွေ သိန်း (၂၀၀) ကျပ် တိတိအား လှူဒါန်းရန် ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတော့သည်။

ကျွန်တော်သည် တစ်ချိန်တုန်းက ကချင်ပြည်နယ်၊ ဖားကန့်၊ လုံးခင်း၊ မြစ်ကြီးနား၊ မြစ်ဆုံများတွင် “တိန်ကော့နော်ဂျာ” ရုပ်ရှင်ဇာတ်ကား လာရောက်၍ ရိုက်ကူးစဉ်က ခရစ်စမတ်(စ်) ပွဲတော်နှင့် ကြုံကြိုက် ကာခရစ်စမတ်(စ်) ပွဲတော်တွင် သီဆို မေတ္တာပို့ကြသော “`ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာ ရောက်စေသော်” ဟူသော စာပိုဒ်အား ခရစ်စမတ်(စ်)ပွဲတော် အကြိုအဖြစ် “ကချင်ပြည်နယ်တွင် ကောင်းချီးမင်္ဂလာ ရောက်စေသော်” ဟူ၍ သီဆိုကာ ဘုရားသခင်ထံ ဆုတောင်း မေတ္တာပို့လိုက်ပါသည်။

တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ဒုက္ခအပေါင်းမှ လွတ်ကင်းကြပါစေ။
လက်နက်ကိုင်အဖွဲ့များ အမြန်ဆုံး ငြိမ်းချမ်းမှု ရကြပါစေ။

စစ်ပွဲတွေရပ်ပစ်!

ငြိမ်းချမ်းမှုကို လိုလားသူ – ကျော်သူ (တိန်ကော့နော်ဂျာ)
နာရေးကူညီမှုအသင်း(ရန်ကုန်)

http://moemaka.com/2011/11/stop-the-civil-war/

No comments:

Post a Comment