Pages

Wednesday, September 10, 2008

လှောင်ပြောင်စရာများ

တိုင်းရင်းသားအသံ
မြန်မာနိုင်ငံနှင့်ပတ်သက်သောချဲ.ကားသတင်းများနှင့် အဆိုးအမြင်သတင်းများကိုပြန်လည်ချေဖျက်တင်ပြရေးသားနိုင်ရေး ထိုင်းအဲဝေး(တီ-ဂျီ) Inflight Magaizine မှပင်တိုင်ခရီးသွားဆောင်းပါးရှင်တစ်ဦးနှင့် ထိုင်းနိုင်ငံအခြေစိုက်
TTRခရီးသွားမဂ္ဂဇင်းမှဆောင်းပါးရှင်တစ်ဦးကိုဖိတ်ထားတယ်တဲ့၊ လှောင်ပြောင်စရာများလုပ်နေသလား? ဟေ.

အောက်ကသတင်းကို ဖတ်ကြည့်ပါ။

10/September/2008
ပြည်ပမှ ခရီးသွား ဆောင်းပါးရှင် ၂ဦးရောက်ရှိ

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၏ ဖိတ်ကြားချက်အရ ထိုင်းအဲဝေး(တီ-ဂျီ) Inflight
Magaizine မှပင်တိုင်ခရီးသွားဆောင်းပါးရှင်တစ်ဦးနှင့် ထိုင်းနိုင်ငံအခြေစိုက် TTRခရီးသွားမဂ္ဂဇင်းမှဆောင်းပါးရှင်
တစ်ဦး၊ စက်တင်ဘာ၅ရက်တွင်လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း အတွင်း
ရေးမှူးဦးဘုန်းသန့်ပြောသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်သော ချဲ့ကားသတင်းများအဆိုးမြင်သတင်းများကိုမြန်မာ
နိုင်ငံတွင်နာဂစ်မုန်တိုင်းတိုက်ခိုက်ပြီး နောက်ပိုင်းပြန်လည်ချေဖျက်တင်ပြရေးသားနိုင်ရန် ပြည်ပမီဒီယာသမားများ
အား ဖိတ်ကြားရခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။ “Seeing is Believing(မျက်မြင်တွေ့ရစိတ်ချရ)ဆိုတဲ့အတိုင်း
အခြေအနေမှန်ကို လက်တွေ့ပြသချင်တာပါ။ ပုဂံ၊ ညောင်ဦး၊ အင်းလေး၊ မန္တလေးစတဲ့ဒေသတွေမှာ နာဂစ်မုန်တိုင်း
ကြောင့် ထိခိုက်ပျက်စီးမှုမရှိတာကို မျက်မြင်တွေ့စေချင်လို့ပါ”ဟု Golden Express ခရီးသွားလုပ်ငန်းမှ မန်နေဂျင်း
ဒါရိုက်တာဦးတင့်နောင်ကပြောသည်။ ဆောင်းပါးရှင်မှာ မြန်မာနိုင်ငံတွင် ၅ညအိပ် ၆ရက်နေထိုင်ပြီး ပုဂံ၊ညောင်ဦး၊
မန္တလေးနှင့် အင်းလေးဒေသများသို့ သွားရောက်ကြည့်ရှုမည်ဖြစ်ကြောင်း ၂၀၀၈ခုနှစ် စက်တင်ဘာလ ၁၁ရက်နေ့
မှ 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။

News From : www.khitlunge.com

No comments:

Post a Comment