တိုင်းရင်းသားအသံ
မုန်တိုင်းသင့်ဒေသတွင် မိဘမဲ့ကလေးငယ် ၁၂၂ ဦးသာရှိဟု မုန်တိုင်းအလှူငွေသူခိုးကြီးများပြော
ဒီ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှုးချုပ်ဦးအောင်ထွန်းခိုင် တို.အုပ်စုက အလှူငွေများမရခင်မှာတစ်မျိုးပြောပြီးအလှူများကိုယ့်လက်ထဲရောက်လာပြီသည့်
အခါစကားပြောင်းပြီးပြောတတ်သဖြင့် ယုံကြည်ဖို.အတော်.ကိုခက်လှ၏။ ဒီလိုမိဘမဲ့ကလေး ၁၂၂ ဦးသာရှိသည် ဆိုသည့် စာရင်းကောက် ယူခဲ့တာဟာ ဘယ်လိုကောက်ယူသွားတာကို သူတို.ဘဲသိမည်၊ အဓိကကတော့၊ သူတို.လက်ထဲရောက်ပြီးသာဖြစ်သော မိဘမဲ့ကလေးများဆိုင်ရာထောက်ပံ့ကူညီရေးအလှူငွေများကိုမိဘမဲ့ကလေးတွေကို နည်းနည်းပေးချင်ပြီးများများသုတ်ဖို.ပင်ဖြစ်သည်၊
10/September/2008
မုန်တိုင်းသင့် ဒေသတွင် မိဘမဲ့ကလေးငယ် ၁၂၂ ဦးသာရှိဟုဆို
လေဘေးသင့်ဒေသရှိ ကလေးများ၏ ဘဝကိုအန္တရာယ်ဖြစ်စေနိုင်သော ထိခိုက်စေနိုင်သော စိန်ခေါ်
မှုများရှိနေသည်ဟု ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)ကနာဂစ်တိုက်ခတ်အပြီးလေးလအကြာတွင်
သတင်းထုတ်ပြန်သည်။ နာဂစ်မုန်တိုင်းကြောင့် ကလေးငယ်ရာပေါင်းများစွာတို့ မိဘ ဆွေမျိုးသားချင်းများနှင့် ကွဲ
ကွာ၊ ခွဲခွာခဲ့ကြရသော်လည်းမိဘမဲ့ကလေးများ စာရင်းကောက်ယူခဲ့ကြရာတွင် ၁၂၂ဦးကိုသာတွေ့ခဲ့ရကြောင်းသိရ
သည်။ “ကျွန်တော်တို့မျှော်မှန်းထားတာထက် တော်တော်လေးနည်းတဲ့မိဘမဲ့အရေအတွက်ကလေးတွေတွေ့ခဲ့ရပါ
တယ်။ အခုသူတို့နေတဲ့ယာယီဂေဟာကနေ ဖျာပုံနဲ့လပွတ္တာမှာရှိတဲ့မိဘမဲ့ဂေဟာတွေကို မကြာမီပြောင်းရွှေ့ရဖို့ရှိပါ
တယ်။ ကျွန်တော်တို့မှာ အတွေ့အကြုံနည်းခဲ့တဲ့အတွက် အရေးပေါ် စီမံကိန်းဆိုတာမရှိခဲ့ပါဘူး။ အခုတော့ အရေး
ပေါ်စီမံကိန်းအတွက် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး
ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ်ဦးအောင်ထွန်းခိုင်က ပြောကြားသည်။ ဖျာပုံနှင့်
လပွတ္တာတွင်ကလေး ၁၀၀ဆံ့ဂေဟာများ တည်ထောင်သွားမည်ဖြစ်ပြီးပုသိမ်၌ အသက်မွေးဝမ်းကြောင်းပညာသင်
တန်းကျောင်းတစ်ခု တည်ဆောက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းဦးအောင်ထွန်းခိုင်ကဆက်လက်ပြောကြားခဲ့သည်
ဟု ၂၀၀၈ခုနှစ် စက်တင်ဘာလ ၁၁ရက်နေ့မှ 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။
News From : www.khitlunge.com
No comments:
Post a Comment