Pages

Wednesday, October 1, 2008

သိမ်းထားသည့် လိုင်စင်မဲ့ကားများကို လေလံတင် ပြန်ရောင်း

တိုင်းရင်းသားအသံ
သိမ်းထားသည့် လိုင်စင်မဲ့ကားများကို လေလံတင် ပြန်ရောင်း
Tue 30 Sep 2008, လွတ်လပ်သောမွန်သတင်းအေဂျင်စီ

နေပြည်တော်၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံတောင်ပိုင်းတွင် သိမ်းဆီးရရှိထားသော လိုင်စင်မဲ့ မော်တော်ကားများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဦးဆောင်၍ လေလံတင် ရောင်းချနေပြီ ဖြစ်သည်။

လေလံတင်မည့်ကားများကို မော်လမြိုင်မြို့ ရှိ တိုင်းအားကစားကွင်းတွင် ထားရှိထားပြီး ဒေသခံအပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်နေလျှက် ရှိသည်။

မွန်ပြည်သစ်ပါတီအရာရှိတစ်ဦးက "နေပြည်တော်အမိန့်နဲ့ပဲ။ ဒါပေမယ့် ဘယ်နေ့မှာ ထုတ်ပြန်ထားလဲဆိုတာ တော့ ကျနော်လည်းမသိဘူး" ဟု ပြောပြသည်။

၁၉၉၅ ခုနှစ်တွင် စတင်အပစ်အခတ်ရပ်စဲထားသော မွန်ပြည်သစ်ပါတီအရာရှိ၏ အဆိုအရ ကားဈေးများကို ကားအမျိုးအစားအလိုက် နေပြည်တော်မှ တိုက်ရိုက် သတ်မှတ်မည်ဟုလည်း ဆိုသည်။

သတ်မှတ်ဈေးနှုန်းကို ပေးနိုင်သည့် ဌာနများ၊ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် ၎င်းကွင်းမှ ကားများကို လာရောက်ထုတ်ယူနိုင်ကြောင်း ကြေငြာထားသည်။

မွန်ပြည်သစ်ပါတီအနေနှင့် ထိုကားများကို ဝယ်ယူမည်မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီအရာရှိများက ထုတ်ဖော်ပြောကြားနေကြသည်။

ထိုကဲ့သို့ လေလံတင်ရောင်းချနေသည့်အချိန်တွင် တစ်ဖက်မှာလည်း တိုယိုတာ၊ ဟိုင်းလပ်စ် ကားဟောင်းများ ဈေးထိုးကျနေသည်ဟု ကားပွဲစားများက ပြောပြသည်။

ကားရောင်းဝယ်လုပ်သူတစ်ဦး၏ ပြောပြချက်အရ ယခင်က ထိုကားဈေးများသည် သိန်း ၁၇၀ ကျော်အထိရှိနေပြီး ယခုမူ သိန်း ၁၂၀ ပေါက်ဈေးတောင် ရောင်းမထွက်ပေ။

ယခုအခါတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ပြည်သူနှင့်အပစ်အခတ်ရပ်စဲရေးအဖွဲ့များထံမှ သိမ်းဆည်းရရှိထားသော ကားစီးပေါင်း တစ်ထောင်ကျော် ရှိသည်။

ထိုကားများသည် ၂၀၀၃-၂၀၀၄ ခုနှစ်တွင် သိမ်းဆည်းရရှိထားပြီး ၂၀၀၄ ခုနှစ်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် အရာရှိများက ကားကို အရောင်ပြောင်းပြီး ပြန်လည်ရောင်းချမှု ရှိခဲ့သည်။

လိုင်စင်မဲ့ကားများသည် ထိုင်းနိုင်ငံထုတ်ကားများနှင့် ဂျပန်ကျကားများဖြစ်ပြီး ဒေသခံစီးပွားရေးသမားများနှင့် ဘုန်းကြီးကျောင်းများမှ ဖမ်းဆီးရမိထားသော ကားများဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးအဖွဲ့များမှ ဖမ်းဆီးရရှိထားသောကားများကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား ဒီမိုကရက်တစ် တပ်မတော် (ဒီကေဘီအေ) ကိုသာ ပြန်ပေးလိုက်ပြီး မွန်ပြည်သစ်ပါတီ၊ ဟောင်သရောကရင်ငြိမ်းချမ်းရေးအဖွဲ့မှ ဖမ်းဆီးရရှိထားသော ကားများကို ပြန်မပေးခဲ့ပေ။

No comments:

Post a Comment