Pages

Wednesday, October 1, 2008

ရဲနှင့်စစ်သားပူးပေါင်းပြီး အင်းစိန်ရှိ ညအိပ်ဧည့်သည်များကို ဖမ်းဆီး

တိုင်းရင်းသားအသံ
ရဲနှင့်စစ်သားပူးပေါင်းပြီး အင်းစိန်ရှိ ညအိပ်ဧည့်သည်များကို ဖမ်းဆီး

Sat 02 Oct 2008, လွတ်လပ်သောမွန်သတင်းအေဂျင်စီ

ယမန်နေ့ညတွင် ရဲနှင့်စစ်သားတို့ဦးဆောင်ပြီး ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် ဧည့်စာရင်းမတိုင်ထားသော ဧည့်သည်များကိုလိုက်လံဖမ်းဆီးကာ မသင်္ကာသည့်အိမ်များကိုလည်း ရှာဖွေမွှေနှောက်ခဲ့သည်။

မြို့ခံများ၏ ပြောပြချက်အရ ဧည့်သည် ၁၀၀ ဦးခန့်ဖမ်းဆီးခေါ်ဆောင် ထိန်သိမ်းခြင်းခံရပြီး ထိုသို့ဖမ်းဆီးရာမှ ရယကအဖွဲ့ဝင်များလည်း ပါဝင်သည်ဟု ရယကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

"အဓိကတော့ ဧည့်စာရင်း မတိုင်ထားတဲ့ လူတွေများပါတယ်၊ သံသယဝင်တဲ့အိမ်တွေကို အိမ်ကလူတွေကိုရော ဧည်သည့်တွေကိုပါ အပြင်မှာပေးနေခိုင်းပြီး ရှာဖွေမွှေနှောက်တယ်" ဟု မြို့ခံတစ်ဦးက ပြောပြသည်။

အင်းစိန်ရဲတပ်ဖွဲ့၊ လှိုင်သာယာရဲတပ်ဖွဲ့၊ ရွှေပြည်သာရဲတပ်ဖွဲ့များနှင့် စစ်သားများက ဦးဆောင်စစ်ဆေးနေသည်ဟု ဆိုသည်။ စစ်သားများကလည်း ထိုစစ်ဆေးမှုများ မလုပ်လိုကြောင်းထုတ်ဖော် ပြောဆိုနေကြသည်များလည်းရှိသည်။

အဖမ်းခံရသူများမှာ အင်းစိန်ရဲတပ်ဖွဲ့များသို့ ကျပ် ၂၀၀၀ မှ ၁၀၀၀၀ အထိပေးနိုင်မည်ဆိုလျင် ပြန်လွတ်လာနိုင်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

ဗန္ဓုလပန်းခြံတွင် ဗုံးပေါက်ကွဲပြီးနောက် ဖောက်ခွဲကိရိယာများကို ထိုင်းမြန်မာနယ်စပ်မှာ လှုပ်ရှားနေသော အတိုက်အခံအဖွဲ့အစည်းများမှ တင်သွင်းလာနေသောသတင်းကြောင့် ဧည့်သည်များကို လိုသလိုစစ်ဆေးနေပြီး ရန်ကုန်မြို့ လမ်းမမှာလည်း သွားလာသူများနှင့် ကုန်တင်ကားများကို စစ်ဆေးနေခဲ့သည်။

စွမ်းအားမြှင့် မြန်မာစစ်သည်တော်များကလည်း ထိုဖောက်ခွဲမှုသည် မိမိတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။ သို့သော်လည်း တစ်ချို့ဖောက်ခွဲမှုများသည် မိမိတို့လက်ချက်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

ဖောက်ခွဲပစ္စည်းများကို မကြာခဏ ဖမ်းဆီးရရှိနေသည်ဟု စစ်အစိုးရမှ သတင်းထုတ်ပြန်နေသောကြောင့် ရန်ကုန်မြို့ပေါ်ရှိ သံသယဝင်အိမ်များကို လိုသလို ဝင်ရောက်စစ်ဆေးမှုများနေခဲ့ပြီး ရန်ကုန်မှ နေပြည်တော်သို့ သွားသော လမ်းများတွင်လည်း လုံခြုံရေး တိုးချဲ့ချထားခဲ့သည်။ ရန်ကုန်-နေပြည်တော်လမ်းတွင် လုံခြုံရေး တာဝန်အရ သွားရောက်ကြရသော်လည်း လုံခြုံရေးသွားစောင့်သူများမှာ ၎င်းသို့ မသွားလိုကြောင်း ညည်းညူနေကြသည်။

ပေါက်ကွဲမှုမတိုင်ခင်ကပင် သံဃာတော်များဦးဆောင်သော သပိတ်မှောက်ကံ ဆောင်မှုတစ်နှစ်ပြည့်သည့် အကြောင်းပြချက်နှင့် စစ်အစိုးရက လုံခြုံရေးတိုးမြှင့်ထားပြီး သံဃာတော်များကိုလည်း ည ၈ နာရီကျော် အပြင်မထွက်ရ အမိန့်လည်းထုတ်ထားခဲ့သည်။

No comments:

Post a Comment