တိုင်းရင်းသားအသံဆိုတာဘာလဲ?
တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊ "တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်"
Thursday, May 29, 2008
မြန်မာအစိုးရကို နိုင်ငံတကာတရားရုံးတင်ရန် ကုလအား ရှေ့နေအဖွဲ့ တောင်းဆို
ခွန်အောင်မြတ်။
မေလ ၂၉ ရက်၊ ၂၀၀၈ ခုနှစ်။
မြန်မာ စစ်အစိုးရသည် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်နေသည်ဖြစ်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေ ဖြင့် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးသို့ လွှဲပြောင်း အရေးယူရန် မြန်မာနိုင်ငံ ရှေ့နေများကောင်စီက တောင်း ဆိုလိုက်သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်သက်တမ်း ထပ်မံတိုးမြင့်လိုက်ခြင်းအပေါ် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဦး အောင်ထူးက ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်တာဟာ ပုဂ္ဂိုလ်တစ်ယောက်ထဲကို ချုပ်နှောင်တယ်လို့ ပြောလို့ မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာသိခေါင်းဆောင်ဖြစ်တယ်။ သူလိုမျိုး ခေါင်းဆောင်တစ် ယောက်ကို လက်ရှိ တည်ဆဲဥပဒေအားလုံးကို ဆန့်ကျင်ပြီးတော့ ချုပ်ထားလိုက်တဲ့ ကိစ္စဟာ ဒေါ် အောင်ဆန်းစုကြည်တစ်ယောက်ထဲ သာမကပဲနဲ့ တပြည်လုံး မှာရှိတဲ့ လူထုတရပ်လုံးကို ထိပ်လှန့် ခြောက်ခြားသွားစေတယ်။ ဒါကြောင့် ဒီပြစ်မှုဟာ နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံး ဥပဒေမှာ လုံးဝ အကြုံးဝင်တယ်။ ဒါကြောင့် ဒီလို အကြုံးဝင်တဲ့ ကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထိထိရောက် ရောက် အရေးယူဖို့ အချိန်တန်ပြီ။ ဒါကြောင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာရှိတဲ့ အာဏာကို သုံး ပြီးတော့ နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံးဘက်က အပြစ်ယူသင့်ပြီလို့ ကျနော်တို့က အဓိက ထောက်ပြခြင်းဖြစ်တယ်။”
ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ဖမ်းဆီးထားခြင်းသည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ၁၃၂၅ တွင် ပါရှိသော အမျိုးသမီးများ၏ အခွင့်အရေး ထိရောက်စွာ အကာအကွယ်ရခွင့်ကိုလည်း ချိုးဖောက်ခံရ ခြင်းလည်း ဖြစ်သည်ဟု ကြေညာချက်တွင် ထောက်ပြထားသည်။
ဥပဒေအရ ငါးနှစ် ချုပ်နှောင်ထားပြီးလျှင် လွှတ်ရမည် ဖြစ်ကြောင်း ယခုလို ဆက်လက် ဖမ်းဆီးထားခြင်းသည် နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးဥပဒေ ပုဒ်မ (၇) လူသားဖြစ်မှုကို ဆန့်ကျင်ကျူးလွန်သည့်ပြစ်မှု အပိုဒ်(၁) ပုဒ်မ ခွဲ(င) အရ ဖမ်းဆီးချုပ်နှောင်ခြင်း (သို့) နိုင်ငံတကာဥပဒေအခြေခံများကို ချိုးဖောက်၍ လူတစ်ယောက်၏ ကိုယ် ပိုင်လွတ်လပ်ခွင့် များကို ပြင်းထန်စွာ ဆုံးရှုံးခြင်း ဥပဒေကို ချိုးဖောက်ရာရောက်သည် ရှေ့နေအဖွဲ့က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား ဒီပဲယင်းလုပ်ကြံမှုကြီးဖြစ်ပွားပြီးနောက် နေအိမ်အကျယ်ချုပ် ဖြင့် ထိန်းသိမ်းထား သည်မှာ ငါးနှစ်ပြည့်ပြီဖြစ်၍ နိုင်ငံတော်အား နှောက်ယှက်သူများ၏ အန္တရာယ်မှကာကွယ်သည့် ဥပဒေအရ ဆက်လက် အရေးယူခွင့်မရှိကြောင်း မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ ယနေ့ကျရောက်သည့် ဒီပဲယင်းလုပ်ကြံမှု (၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထူးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထိရောက်စွာ အရေးယူဆောင်ရွက်မှု မပြုလုပ်လျှင် မြန်မာအစိုးရက ဥပဒေ ချိုး ဖောက်မှုများကို ဆက်လက်ကျူးလွန်နေဦးမည်ဖြစ်သည်ဟု ဦးအောင်ထူးက သုံးသပ်သည်။
“နအဖက အခု သွားပြောလို့ အခု ဒေါ်အောင်ဆန်းစုကြည်ကို ထပ်လွှတ်ပေးလိုက်အုံးတော့ နောက် နှစ်လ၊ သုံးလနေကြာ ပြန်ဖမ်းရင် ဘယ်လိုလုပ် သွားအကာကွယ်ရှိမှာလဲ၊ အဲတော့ ဒေါ်အောင်ဆန်း စုကြည်ကို ကျူးလွန်တဲ့ ကိစ္စဟာ နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး ဥပဒေကို လုံးဝ ချိုးဖောက်လိုက် တာဖြစ်တယ်။ အဲဒီလို ချိုးဖောက်လိုက်တဲ့ အပေါ်မှာ ကုသလဂ္ဂလုံခြုံရေးကောင်စီရဲ့ အာဏာကို ယူပြီးတော့ ထိထိရောက်ရောက် အရေးကိုယူမှရတော့မယ်။ နောင်ကို လွတ်လိုက်ဖမ်းလိုက် ဒါကို ဖြစ်မ နေအောင် နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံးအဆင့်က အရေးယူပြီဆိုတဲ့ ဓားကြီးကို မိုးထားဖို့ လို တယ်၊ အဲဒီလိုမိုးထားပြီးတော့ ဒီဥပဒေအရ ကာကွယ်စောင့်ရှောက်နိုင်တော့မှသာလျှင် နောင်ကို ဒါမျိုး တွေ ထပ်မလုပ်ရဲအောင် အပြီးအပိုင် ကာကွယ်ပေးရာ ရောက်မယ်လို့ ကျနော်ယူဆတယ်။”
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် သည် ပြီးခဲ့သည် မေလ ၂၄ ရက်၊ ၂၀၀၈ ခုနှစ်တွင် နေအိမ်အကျယ်ချုပ် သက်တမ်း ငါးနှစ်ပြည့်ခဲ့ပြီ ဖြစ်ပြီး လွန်ခဲ့သည့် ၁၈ နှစ်အတွင်း နေအိမ်အကျယ်ချုပ် ၁၂ နှစ်ကျော် ကျခံခဲ့ရသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခည်များအတွက် ရိက္ခာ ထက်ဝက်လျော့ဖွယ်ရှိ
သီတာထွန်း။
မေလ ၂၉ ရက်၊ ၂၀၀၈ ခုနှစ်။
နိုင်ငံတကာမှ အလှုငွေများ ဆက်လက်ရရှိနိုင်ရန် ခက်ခဲနေမှုကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ အတွက် ထောက်ပံ့ပေးနေသည့် ရိက္ခာကို လာမည့် သြဂုတ်လမှစ၍ ထက်ဝက်ခန့်လျော့ချဖွယ်ရှိသည်ဟု ဒုက္ခ သည်များအား ရိက္ခာထောက်ပံ့မှုပေးနေသည့် အဖွဲ့စည်းက ပြောသည်။
ဒုက္ခသည်များအတွက် ပုံမှန်ရရှိနေကျ အလှုငွေများ မရရှိမှုကြောင့် ဒုက္ခသည် စခန်းအတွင်း အစားအသောက် ရိက္ခာများကို လျော့ချရန် အစီအစဉ်ရှိကြောင်း ထိုင်း-မြန်မာ နယ်စပ် ကူညီစောင့်ရှောက်ရေး ညွှန့်ပေါင်းအသင်း (TBBC) ၏ တာဝန်ခံ ရှယ်လီ သောမ်ဆင် ကပြောသည်။
“အခု ဆန်ပြဿနာ ဖြစ်လာတဲ့အတွက် နောက်ထပ်ငွေကြေးတောင်းခံ ရှာဖွေလို့မရခဲ့ဘူး ဆိုရင် ကျမ တို့ အနေနဲ့ ပေးနေတဲ့ရိက္ခာကို တ၀က်အထိလျော့ချရမှာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေ အနေနဲ့ သူတို့ နေ့စဉ် လိုအပ်တဲ့ အစားအစာရဲ့ တ၀က်ပဲ ရတော့မှာ ဖြစ်တယ်။”
ယခုနှစ်အတွင်းတွင်လည်း ငွေကြေးအခက်အခဲများကြောင့် ခြင်ထောင်၊ စောင်နှင့် အိမ်ဆောက်ပစ္စည်းအချို့ကို ထုတ်ပေးခြင်းများ ဖြတ်တောက်ခဲ့ရသည်ဟု ၄င်းက ပြောသည်။
ရိက္ခာလျော့ချမှုနှင့် ပတ်သက်၍ မဲဆောက်မြို့အနီးရှိ မယ်လဒုက္ခသည်စခန်းကော်မတီဝင် တဦးက “ ကျနော် တို့ လူတွေက တကယ်တမ်း ရိက္ခာအပြည့်မရဘူး၊ ရိက္ခာလျော့မယ်၊ ဒီ တလ နှစ်လတော့ ချိုးခြံပြီး တော့ စားလို့ရတာပေါ့၊ ဒါပေမဲ့ ရေရှည်ဆိုလို့ရှိရင်တော့ ဒုက္ခသည်တွေကလည်း အလုပ်လက်မဲ့ ဖြစ် နေတာကိုး။ အဲဒီ အလုပ်လက်မဲ့ ဖြစ်နေတာကို သွားမတတ်၊ လာမတတ်နဲ့၊ သွားတော့လည်း အလုပ် သွားလုပ်တော့လည်း ခွင့်ပြုချက်မှ မရပဲ အခက်အခဲတော့ ရှိတာပေါ့။” ဟု ပြောသည်။
မည်သည့် ပစ္စည်းများကို မည်သို့လျော့ချမည်ဆိုသည်ကို တရားဝင် စာဖြန့်ထားသည်ဟု လည်း ၄င်းက ပြော သည်။
ထိုသို့ ငွေကြေးအခက်အခဲများကြောင့် ရိက္ခာများ လျော့ချပါက “ဒုက္ခသည်တွေ စခန်းအပြင်ထွက်ပြီး အစား အစာ ရှာဖွေတာတွေ၊ အလုပ်ရှာဖွေတာတွေ တွေ့လာရနိုင် ပါတယ်။ ပြဿနာကတော့ လတ်တလော ထိုင်းနိုင်ငံရဲ့ မူဝါဒအရ ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့် မပြုထားပါဘူး။ စခန်းအပြင်မှာတွေ့တဲ့ ဒုက္ခသည်တွေကို တရားမ၀င် အလုပ်သမားတွေအဖြစ် သတ်မှတ်ခံရနိုင်ပါတယ်။ စခန်းထဲမှာတော့ အဟာရချို့တဲ့သူတွေ တိုးပွားလာတာ တွေ့လာရပါလိမ့်မယ်။ အထူးသဖြင့်တော့ ကလေးတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ အဟာရချို့တဲ့မှုနဲ့ ကြုံ လာနိုင် ပါတယ်။ ကျန်းမာရေး အခြေအနေတွေလည်း နိမ့်ကျလာပါလိမ့်မယ်။” ဟု ဒုက္ခစခန်းများ တွင် နောက်ဆက်တွဲကြုံလာနိုင်သည့် အခက်အခဲများကို ရှယ်လီသောမ်ဆင် က ထောက်ပြသည်။
ဒုက္ခသည်များ စခန်းပြင်ပထွက်ပြီး သွားရောက်အလုပ်လုပ်ကိုင်စဉ် အဖမ်းခံရပါက ချုပ်နှောင်ခံရခြင်း၊ မြန်မာ နိုင်ငံသို့ ပြန်ပို့ခြင်း၊ အလုပ်အကိုင်နှင့်ပါတ်သက်ပြီး ခေါင်းပုံဖြတ် ခံရခြင်းများလည်း ကြုံရနိုင်သည်ဟု သူမက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် တလျှောက်တွင် ဒုက္ခသည် စခန်း (၉)ခုရှိပြီး မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာ လာကြသောဒုက္ခသည်ပေါင်း တသိန်းလေးသောင်းကျော် နေထိုင်ခိုလှုံနေကြသည်။
မွန်ပြည်နယ်တောင်ပိုင်းတစ်ဝိုက် ဆိုင်ကလုန်းမုန်တိုင်း ထိဖွယ်ရာရှိ
သတင်းကိုးကားချက်။
လွတ်လပ်သောမွန်သတင်းအေဂျင်စီ
Thursday, May 22, 2008
တိုင်းရင်းသားအသံ
Tuesday, May 6, 2008
Monday, May 5, 2008
စားစရာမရှိတဲ့ကြားက ထမင်းအိုးမှောက်ခြင်း၊ သန်းရွှေ ဆိုသည့်ကောင်းက ရိုင်းတယ်ဗျ၊
Relief groups scramble to aid Myanmar
- Story Highlights
- The U.N. makes $30 million available from its central emergency fund
- U.N. secretary-general "very much alarmed by the incoming news" about death toll
- U.S. makes $250,000 available and offers to send a disaster assistance team
- Critic of Myanmar junta says they have incentive to refuse aid
(CNN) -- The United Nations and international relief organizations are scrambling to aid Myanmar, saying Friday's cyclone was the worst disaster the country had suffered in years. Myanmar officials expect the death toll to top 15,000.
The country has "massive, massive" needs, UNICEF spokesman Patrick McCormick told CNN. "I think it's the biggest disaster to hit this country in recent memory."
"The destruction is unbelievable," Dr. Kyi Minn of the Christian relief organization World Vision said from Yangon. "Elderly people are saying this is the worst storm they have ever seen."
The ruling military junta in Myanmar -- traditionally known as Burma -- made a rare appeal for humanitarian aid as it continues plans to hold a referendum Saturday on a draft constitution.
"There really has not been any help," said Maureen Aung-Thwin, director of the Burma Project and the Southeast Asia initiative at the Open Society Institute in New York. "The government has taken a great step for international assistance."
The United Nations is prepared to send "urgent humanitarian assistance," Secretary-General Ban Ki-moon said, adding he is "very much alarmed by the incoming news" that the government anticipates the count of those killed in Friday's cyclone will top 10,000. Watch how the cyclone crippled Yangon »
The U.N. made $30 million available from its central emergency fund.
A U.N. humanitarian official told CNN International that a five-person disaster response team has mobilized in Bangkok, Thailand, but is awaiting visas to enter Myanmar.
"It's clear that international assistance will be required," said Rashid Khalikov, director of the U.N. Office for the Coordination of Humanitarian Affairs in New York.
"We need to find out more of what actually happened," Khalikov added, saying many roads have been destroyed and communication lines are down. "There is not much information coming out of the affected territories."
Separately, the United States made $250,000 available and offered to send a disaster assistance team, but State Department spokesman Tom Casey said Monday the military junta that rules Myanmar had not given the team permission to enter the country. Learn more about Myanmar »
U.S. first lady Laura Bush, who has a long-standing interest in Myanmar, urged the government to allow the team into the country, saying she expected Washington would provide "substantial" aid if it could conduct its own assessment of the situation on the ground.
And she blasted the junta, saying the lack of warning before a deadly cyclone hit on Friday was the latest example of "the junta's failure to meet its people's basic needs." Watch Laura Bush criticize ruling junta »
Witnesses say state media did report the storm -- it just came too late.
She criticized a draft constitution the government plans to put to its people in a referendum on Saturday, saying pro-democracy activists and some ethnic groups had been excluded from the process of drafting it. She said it would be "very, very odd" if the referendum went ahead as planned this weekend after the devastating storm.
The United States has sanctions in place against Myanmar, whose government is holding Nobel Peace Prize-winning democracy activist Aung San Suu Kyi under house arrest. Casey said the sanctions might restrict what type of donations the United States can make, but will not prevent Washington from sending some type of assistance via the United Nations. See photos of the destruction »
"We are going to make sure whatever we can do to help relieve the immediate suffering of people there is done," he said.
No U.S. ships are close enough to bring relief supplies within days, U.S. Navy officials said, and they have not been ordered to do so. Watch the cyclone hammer Yangon »
Various international organizations have already begun to send aid.
The Myanmar Red Cross has begin distributing what it calls "family kits," and the International Federation of Red Cross and Red Crescent Societies said it will release 2,000 family kits and 2,000 shelters as soon as transport routes are available. The British Red Cross is making about $60,000 available.
World Vision, a U.S.-based Christian humanitarian organization, has appealed for $3 million in donations and plans to send a team into affected areas, spokesman Casey Calamusa said.
"The biggest need is getting water for the 2 million affected people," he said. Since the 2004 Indian Ocean tsunami, which killed as many as 100 people in Myanmar, the isolated country has yet to set up a water purification system.
Church World Service, another aid group, issued an appeal for $50,000 to help disaster victims.
A critic of the military junta that rules Myanmar -- traditionally known as Burma -- said the government does not have the same incentive to accept international aid that a democratic government would.
The people of Myanmar will see it "as the generosity of the international community," said Tion Kwa, an Asia Society fellow based in Washington. "It undercuts the authority of the regime completely.
မင်းတရား(၁၀)ပါးနှင့်အညီမအုပ်ချုပ်တဲ့စစ်ခွေးအုပ်စုကြောင့် တိုင်ပြည်က ဘေးအန္တရာယ်ဆိုက်ရောက်
Thursday, May 1, 2008
New Mon State Party
မွန်ပြည်သစ်ပါတီ