တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, February 29, 2012

၂၀၀၈ အခြေခံဥပဒေအောက်ကရွေးကောက်ပွဲများနဲ.ငြိမ်းချမ်းရေးပွဲများသည်တိုင်းပြည်နဲ.လူမျိုးစုများအတွက်အဖြေမဟုတ်

တိုင်းရင်းသားအသံ ၂၀၀၈ အခြေခံဥပဒေအောက်ကရွေးကောက်ပွဲများနဲ.ငြိမ်းချမ်းရေးပွဲများသည်တိုင်းပြည်နဲ.လူမျိုးစုများအတွက်အဖြေမဟုတ် 

(၂၀၀၈)ဥပဒေအောက်မှာရွေးကောက်ပွဲနှင့်ငြိမ်းချမ်းရေးပွဲများကတိုင်းပြည်နဲ.လူမျိုးစုများအတွက်အဖြေမဟုတ်
သည့်အပြင်ပြည်တွင်းစစ်မီးကြီးအတွက်အချိန်ယူပြင်ဆင်မှုတစ်ခုသာဖြစ်သည်၊အတုအပများဖြင့်ဖန်းတီးထားတဲ့
အတွက်ကြောင့်ဖြစ်သည်။

Sunday, February 26, 2012

ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ

တိုင်းရင်းသားအသံ  
 ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ 
by Yangon Press International on Saturday, February 25, 2012 at 11:25am မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၂ (YPI) (ဆိုင်းဆွတ်)
ညစာစားပွဲတွင် ဒေါ်အင်ဖန်ဂျာရာနှင့် စကားပြောဆိုလျှက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ-YPI
 ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ည ၈နာရီ မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမမှာ ကချင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်သား ခေါင်းဆောင်းများ၊ ဘာသာရေး ခေါင်းဆောင်များနဲ့ ညစာအတူစားခဲ့ကြပါတယ်။ ထိုစဉ်က ကချင်အတိုင်ပင်ခံအဖွဲ့ နာယက ဒေါ်အင်ဖန်ဂျာရာ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောဆိုကြတဲ့အကြောင်းကို YPI သတင်းထောက်က ဒေါ်အင်ဖန်ဂျာရာကို မေးမြန်းထားပါတယ်။ ဒေါ်အင်ဖန်ဂျာရာ။ ။ ည ၈နာရီ ကနေ စပြီး ၁၀ နာရီ လောက်အထိ စကားပြောဖြစ်ခဲ့ပါတယ် သူက အဖွားကို မေးခွန်း နှစ်ခုပဲမေးပါတယ်။ အဲဒါတွေက ၁- KIA က ဘာလို့ဖြစ်လာတာလဲ ၂ - ဒီနေ့အထိ ဘာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးလို့ မရသေးတာလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က မေးခဲ့ပါတယ်။ အရမ်းအရေးကြီးတဲ့ မေးခွန်တွေကို သူမေးခဲ့ပါတယ်။ ကျွန်မ ပြန်ပြောပြလိုက်ပါတယ်၊ အရင်ကတည်းက ကချင်နိုင်ငံဆိုပြီးရှိခဲ့တာပါ ဘယ်ဘုရင်ကမှ ဒီနေရာက ကချင်တွေအတွက်ဆိုပြီး ပေးထားတာမဟုတ်ပါဘူး၊ ကချင်တွေက ကိုယ်နေရာ ကိုယ့်နိုင်ငံ ကိုယ့်ဒေသနဲ့ ကိုယ် နေထိုင်ခဲ့ကြတဲ့သူတွေဖြစ်တယ်၊ ကိုယ့်နိုင်ငံ ကိုယ့်နေရာနဲ့ကိုယ်အုပ်ချုပ်ပြီး ငြိမ်ငြိမ်းချမ်းချမ်း နေထိုင်ခဲ့ ကြတာဖြစ်တယ်၊ ကျွန်မတို့ ကချင်လူမျိုးတွေဟ မြန်မာပြည်ဘက်ကိုလည်း မသွားဘူး မြန်မာလူမျိုးတွေကလည်း ကချင်လူမျိုးတွေကို တောသား လူရိုင်းတွေဆို ပြီး အရမ်းကြောက်ခဲ့တာ။ ဗြိတိသျှ အုပ်ချူပ်တုန်းက ကျွန်မတို့ ကချင်လူမျိုးတွေဟာ စစ်ရေးစစ်ရာ တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ လူမျိုးတွေဖြစ်တယ်၊ ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ် ဂျပန်ခေတ် တွေမှာ ကချင်လူမျိုးတွေ တော်တော်များများ ပါဝင် တိုက်ခိုက်ပါဝင်ခဲ့ကြတယ်၊ ဒီလိုနဲ့ ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချူပ်အောင်ဆန်း ကချင်ပြည်နယ်ကိုတက်လာတာဖြစ်တယ်၊ ကျွန်မ က အဲဒီအချိန် ၁၅ ၊ ၁၆ နှစ်ဘဲရှိသေးတယ်၊ အဲဒီတုန်းက ကျွန်မ ကြိုဆိုဧည့်ခံရေး အဖွဲ့မှာပါဝင်ခဲ့တယ်၊ အခုကျွန်မ အသက် ၈၀ ကျော်ပြီလေ၊ ဗိုလ်ချူပ်အောင်ဆန်းက ဗြိတိသျှ တွေဆီက လွတ်လပ်ရေးရအောင်ဆိုပြီး တခြားလူမျိုးတွေဆီ မသွားပဲ ကချင်ပြည်နယ်ကို အရင်လာတာဖြစ်တယ်။ ကချင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်၊ အစကတော့ လွတ်လပ်ရေးမှာ မပါဝင်ချင်ဘူး၊ ဒါပေမဲ့ အောင်ဆန်းက ကချင်တစ်ကျပ် ဆို မြန်မာတစ်ကျပ်ဆိုတဲ့ အခွင့်အရေးပေးမယ်ဆိုပြီး ပြည်ထောင်စုမူ အရ ကျွန်တော်တို့ယူကြမှပါ ခင်ဗျားတို့ မကြိုက်ရင်လည်း နောက် ၁၀နှစ်လောက်ဆို ပြန်ခွဲထွက်လို့ ရတယ်ဆိုလို့ ကချင်တွေ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ကချင်တွေ ပင်လုံစာချုပ်ချုပ်ဖို့ သဘောတူလို့ ရှမ်းပြည်ကိုရောက်တယ် ရှမ်းတွေလည်း လွတ်လပ်ရေးကို မလိုချင်ကြဘူး ဒါပေမဲ့ ကချင်နောင်တော်ကြီးတွေတောင် သဘောတူတယ်ဆိုတော့ ဆိုပြီး ရှမ်းတွေလည်းသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ပြီးတော့ ချင်းတွေ ပြန်ရောက်လာတယ် ချင်းတွေရော ဒီအတိုင်းဘဲ သဘောမတူဘူး လွတ်လပ်ရေးကို မလိုချင်ကြဘူး၊ ဒါပေမဲ့ ကချင်နဲ့ ရှမ်းတောင် လက်မှတ်ရေးထိုးတယ်ဆိုပြီးသူလည်း သဘောတူခဲ့တယ်၊ ပင်လုံမှာလက်မှတ်ရေးထိုးတာက ဗမာ ကိုယ်စား အောင်ဆန်း (ဖဆပလ) ခေါင်းဆောင် လက်မှတ်ထိုးတယ် ကချင်၊ ရှမ်း၊ ချင်း လေးဦး သဘောတူပြီး ပင်လုံမှာ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်၊ ၁၉၄၈ ဇန်န၀ါရီ ၄ မှာ လွတ်လပ်ရေး ရတာဖြစ်တယ်၊ ဒါပေမဲ့ ရှင့်အဖေ ပေးထားတဲ့ ကတိစကားကို ကျွန်မတို့ အရမ်းအားကိုးနားထောင်ပြီး လက်ခံထားတာကို အောင်ဆန်းမရှိတော့လို့ ကျွန်မတို့ အရမ်းဝမ်းနည်းပြီး စိတ်ပျက်သွားတယ်၊ အဲဒီအချိန်က စပြီး ကျွန်မတို့ ကချင်တွေက ဘာ အခွင့်အရေးမှ မရတော့တာပါ၊ ဦးနုက ဖဆပလ (ဥက္ကဋ္ဌ) တက်လာတော့ ကချင်တွေကို ဘာမှ မဟုတ်သလို ဆက်ဆံခဲ့တာပါ၊ ဒီလိုနဲ့ ကျွန်မတို့ ကချင်ပြည်နယ် တရုတ်ပြည်နယ်စပ်က ဖီမော်၊ လံကိုင် နယ်မြေကို ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ တရုတ်တွေကို ရောင်းစားလိုက်တာဟုတ်တယ်။ ဒါကြောင့် အရမ်းဝမ်းနည်းတယ် အခုထိလည်း ၀မ်းနည်းနေတုန်းပါဘဲ။ ၁၉၆၂ မှာ ကျွန်မတို့ ကချင်တွေ သူပုန်ထလာတာဖြစ်တယ်၊ ဒါဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ဘာသာ ဆိုတာကို ဘယ်သူ့ကိုမှ တိုင်ပင်တာမရှိပဲ ဦးနု သူ့ဟာသူ စီစဉ်လုပ်ခဲ့တယ် နိုင်ငံတော်ဘာသာမှာ ဆိုရင် (တစ်နိုင်ငံလုံး ဗုဒ္ဓဘာသာ ဖြစ်ရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့သွားရမယ်) ကျန်တဲ့ ခရစ်ယာန် ၊နတ်စား ၊ စတဲ့ ဘာသာတွေကို နှိမ်သလိုဖြစ်လာပြီး ဒါကြောင့် KIO တော်လှန်ရေးစလာတာပါ၊ ကချင်တော်လှန်ရေးကိုစခဲ့တာ နော်ဆိုင်းဟုတ်ပါတယ် နော်ဆိုင်းက ရှမ်းပြည်ကနေ ကချင်ဖက်ကိုတက်လာတော့ သူ့ကို ဘယ်သူမှ ကြိုဆိုထောက်ခံမဲ့သူ မရှိလို့ နော်ဆိုင်းက တရုတ်ကွန်မြူနစ်တွေနဲ့ ပေါင်းသွားတာဖြစ်တယ်။ ကျွန်မတို့ ကချင်တွေက မြန်မာတွေကို သတ်မယ်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်လုံးဝ မရှိပါဘူး ဗမာကို မုန်းရအောင်နော်ဆိုတဲ့ စိတ်လည်းမရှိပါဘူး၊ ဒါပေမယ့် ကိုယ့်နိုင်ငံကိုယ့်ပြည်ကို ကိုယ်ပိုင်ဆိုင်ခွင့် အရင်က ပိုင်ဆိုင်သလို ပိုင်ဆိုင်ခွင့် ကိုယ့်နိုင်ငံကြီးပွားတိုးတက်ဖို့ ကိုယ့်ခြေထောက်ကိုယ် ရပ်တည်သွားမယ် ဆိုပြီး ပြောကြည့်ရင်လည်း မဖြစ်လို့ တော်လှန်ရေး KIO ဆိုတာ ဖြစ်လာတာဟုတ်တယ်၊ ဒီနေ့ အထိလည်း ဒါပါပဲ တခြားတော့ ဘာမှမဟုတ်ဘူး အပစ်ခေတ်ရပ်စဲရေးကို ၁၇ နှစ်ကြာအောင် ပြန်လုပ်ခဲ့ပြီးပြီး ကျွန်မတို့ အရမ်းပျော်ရွင်ခဲ့ပါတယ်၊ ဒီအပစ်ခတ်ရပ်စဲရေး လုပ်ပြီး တော့ နောက်တစ်ဆင့်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ဖို့ လိုအပ်လာတယ်၊ အပစ်အခတ်ရပ်စဲရေးက ငြိမ်းချမ်းရေးမဟုတ်ဘူး..ငြိမ်းချမ်းရေး ဆိုတာ နိုင်ငံရေးအရ စားပွဲပေါ်မှာ ပြုလုပ်ဖို့ဖြစ်တာ ဒါကို လုပ်ခွင့်မပေးဘူး KIO အနေနဲ့ ခဏခဏတောင်းဆိုတယ် မလုပ်ပေးခဲ့ဘူး “ပြည်သူ့အစိုးရပေါ်လာတော့မယ် မင်းတို့ သိပ်မလောကြနဲ့ ဆိုပြီးပြန်ပြောတယ်” ပြည်သူ့အစိုးရ ပေါ်လာပြီး အစည်းအဝေးတောင် မလုပ်သေးဘူး သူတို့ အရင်ပစ်တယ် ၂၀၁၁ ဇွန် ၉ မှာ စစ်စဖြစ်တယ်။ အခု ကချင်ပြည်နယ်မှ မြန်မာစစ်သား ၁သိန်းကျော်ပြီး သိလား.. ဒုံးကျည် ၂သောင်း ရောက်နေတယ်.. အမြောက်တွေလည်း အများကြီးရောက်နေတယ် ကချင်နဲ့ခရစ်ယာန်တွေကို အမြစ်ပြတ်သွားအောင် လုပ်သွားမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အပြင်က လောဘ စိတ်ကြောင့်ဟုတ်တယ် ကျွန်မတို့ကချင်ပြည်နယ်မှာ သံယဇာတပေါများတယ် ဒါကြောင့်နယ်မြေကို လုယူပိုင်ဆိုင်ချင်လို့ဖြစ်တယ် လို့ ကျွန်မတို့ ကတော့ ဒီလိုပဲ ထင်ကြပါတယ် ကချင်လွတ်လပ်ရေးအဖွဲ့ ကတောင်းဆိုထားတာကက (၁) ပင်လုံစာချုပ် ပင်လုံစိတ်ဓာတ် နိုင်ငံရေးကို နိုင်ငံရေးလို စားပွဲပေါ်မှာ ပင်လုံ အခြေခံပြီး ဆွေးနွေးမယ် (၂ ) ကချင်ပြည်နယ် ရောက်နေတဲ့ တပ်မတော်သားတွေ ကို ကိုယ့်နေရာကိုယ်ပြန်ဆုတ်ခိုင်း ဒါဆိုရင် အပစ်အခတ်ရပ်မယ် စာချုပ်ချုပ်မယ်ဆိုရင်နိုင်ငံတကာက လူတွေကိုခေါ်ပြီး စာချုပ်ချုပ်မယ်ဆိုပြီးတောင်းဆိုထားတာ အခုထိတော့ဘာမှ အကြောင်းပြန်လာတာ မရှိသေးဘူး၊ ဒေါ်စုက အံသြစွာနဲ့ လည်ပင်းတောင် စောင်းတယ် ကျွန်မပြောတာကို နားထောင်နေတာ သူက ဘာမှမသိတဲ့ပုံပဲ မင်းကအဲဒီတုန်းက ငယ်သေးတယ်လေ ပြီးတော့ မင်းအမေနောက်လိုက်သွားရတော့ ငါတို့ဒီက သမိုင်းကြောင်းကို ဘာမှ မသိလိုက်ဘူးပေါ့ လို့ကျွန်မပြောခဲ့တယ်။ အထက်က ပြောဆိုခဲ့သည်များမှာ ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်အင်ဖန်ဂျာရာက ပြောဆိုခဲ့သည့် စကားများကို ၎င်းကိုယ်တိုင် ပြန်လည်ပြောပြတာ ဖြစ်ပါတယ်။ ထိုနေ့ညက ရှင်းပြအပြီး ဒေါ်အောင်ဆန်းစုကြည်အား သူပြောချင်တဲ့ စကားတစ်ခွန်းဖြစ်သည့် “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် အခုလည်း မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ မလုပ်ရင်ကောင်းတယ်” ဆိုတာကို မီးပျက်သွားတာကြောင့် မပြောလိုက်ရဘူးလို့ ဒေါ်အင်ဖန်ဂျာရာ က YPI ကိုပြန်ပြောပြပါတယ်။ အဲဒီ့နောက် YPI သတင်းထောက်က ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ကချင်ပြည်နယ်သို့ လာသည်ထင်သလဲ ဟုမေးရာ “ ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ထွက်လာတယ် ထင်တာပဲ” လို့ဖြေဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် လာတဲ့အပေါ် ဘာမျှော်လင့်ထားလဲ ဆိုတဲ့ မေးခွန်းကိုတော့ “ ဘာမှ ထူးထူးခြားခြား မမျှော်လင့်ပါဘူး၊ ပါတီစည်းရုံးရေး သက်သက်ပဲ ထွက်လာတယ်၊ တကယ်လို့ သူရွေးကောက်ပွဲမှာ နိုင်လို့ လွှတ်တော်မှာ ၀င်ထိုင်ဖြစ်ရင်တော့ ကချင်ပြည်နယ်အတွက် မျှော်လင့်ချက် အတော်များများ ရှိတယ် ” လို့ဖြေသွားပါတယ်။ YPI

Monday, February 20, 2012

ယနေ.အချိန်အခါမှာစကားလေးတိုးတိုးရှင်းရှင်းနဲ.ပဲပြောချင်တယ်၊

တိုင်းရင်းသားအသံ ယနေ.အချိန်အခါမှာစကားလေးတိုးတိုးရှင်းရှင်းနဲ.ပဲပြောချင်တယ်၊ (၁)ဗမာပြည်ရှိသံဃာနာယကအဖွဲ.အစည်းကိုသုသေသနလုပ်ပြီးဘာလဲဘယ်လဲဆိုသည့်မေးခွန်းတွေနဲ.စာတမ်းတစ်ခုထုတ်သင့်သည်၊ (၂)ဇာတ်တိုက်ထားသည့်သိန်းစိန်းတို.စစ်အုပ်စုကိုလုံးဝမယုံနဲ.၊လူထုအင်းအားဖြည့်ထားပါ၊( (၃)ငြိမ်းချမ်းရေးလက်မှတ်တစ်ပိုင်တစ်စဖြင့်အပစ်ခတ်ရပ်စဲရေးယူထားသည့်တိုင်းရင်းသားလက်နက်ကိုင်တပ်များအချင်းချင်းအကြားသွေးထိုးသည့်စကားနဲ.လုပ်ရပ်များကိုဗမာစစ်မဟာဝါဒီသမားများလုပ်ဆောင်လျက်ရှိသည်၊သတိထားကြပါ၊မိမိတို.ရန်သူအစစ်ကိုမမေ့ကြနဲ.၊အားလုံးပြန်တိုက်ကြ၊

အတွေးအခေါ်တစ်ပိုင်တစ်စ (က)ငြိမ်းချမ်းရေးစကားကြောင့်ကေအန်ယူခေါင်းဆောင်အချင်းချင်းအကြားအကွဲအပြဲဖြစ်နေတဲ့သတင်းမှန်ကန်ရင်သိန်းစိန်းတို.အုပ်စုမရိုသားဟုသတ်မှတ်ပါ၊ (ခ)ငြိမ်းချမ်းရေးကြောင့်ဒီကေဘီအေနဲ.ကရင်နယ်ခြားစောင့်တပ်အချင်းချင်းအကြားပစ်ခတ်တဲ့သတင်းမှန်ကန်ရင်သိန်းစိန်း၏ငြိမ်းချမ်းရေးသည်သွေးခွဲရေးဟုသတ်မှတ်ပါ၊ (ဂ)ငြိမ်းချမ်းရေးလက်မှတ်တစ်ပိုင်တစ်ကြောင့်သျှမ်းပြည်နယ်မှာသျှမ်းပြည်တပ်မတော်(တောင်ပိုင်)နဲ.စစ်အုပ်စုပေါင်းပြီးအင်းအားငယ်သည့်ပလောင်၊ပအို.စသည့်တိုင်းရင်းသားလက်နက်ကိုင်များအပေါ်မူယစ်ဆေးဝါနာမည်အမျိုးမျိုးတပ်ပြီးအနိုင်ကျင့်နေတယ်ဆိုတဲ့သတင်းမှန်ကန်ရင်သိန်းစိန်း၏ငြိမ်းချမ်းရေးကမ်းလှမ်းချက်နဲ.ငြိမ်းချမ်းရေးလက်ခံသူတို.သည်နှစ်ဘက်စလုံးမရိုသားဟုသတ်မှတ်ကြပါ၊ (ဃ)သိန်းစိန်းအစိုးရ၏ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ်ကြောင့်မွန်ပြည်သစ်ပါတီခေါင်းဆောင်အချင်းချင်းအကြားမှာအရေးပေါ်အစည်းအဝေးခေါ်ပြီးတစ်ဦးနဲ.တစ်ဦးချွေးထွက်အောင်အချေအတင်ဆွေးနွေးနေကြတယ်ဆိုသည့်သတင်းမှန်ကန်ရင်သိန်းစိန်းစစ်အစိုးရအုပ်စု၏ဇာတ်တိုက်ကွက်ထဲမှာကိုယ်ပါသွားပြီဟုသတ်မှတ်ပါ၊ (စ)ကချင်းပြည်နယ်မှာကေအိုင်အိုနဲ.သိန်းစိန်းကိုယ်စားလှယ်များအတွက်ငြိမ်းချမ်းစကားပြောဖို.နေရာရွေး၊ဂွင်ရွေးနေကြခြင်းသည်သိန်းစိန်းတို.အုပ်စုကစစ်ဆင်ရေးလုပ်ဖို.အချိန်းဆွဲထားသည်ဟုသတ်မှတ်ပါ၊ (ဆ)လက်နက်အင်းအားမတောင်းတင်းဘဲငြိမ်းချမ်းရေးအခွင့်အရေးအတွက်တိုင်းရင်းသားဖက်ဒရယ်ကောင်စီမူကိုလျစ်လျူရှူးပြီးငြိမ်းချမ်းရေးလက်မှတ်ထိုးခဲ့သည့်ချင်ပြည်သူ.တပ်ဦးကိုဆက်ဆံရေးရုံတို.၊စီးပွားရေးဂွင်တို.အခွင့်အရေးပေးလိုက်တာဟာလူအင်းအားနဲ.မမျှတဲ့အလေချိန်ကိုပခုံးပေါ်တင်လိုက်သလိုထမ်းဆောင်ရသည့်လူရောသေသွားနိုင်တာကြောင့်သိန်းစိန်းတို.စစ်အုပ်စုကအနုနည်းဖြင့်သတ်ဖြတ်နေသည်ဟုမရိုသားဟုသတ်မှတ်ကြပါ၊

Saturday, February 11, 2012

ကျုပ်တို.လိုချင်တာကလုံးဝလွတ်လပ်ရေးနှင့်ပင်လုံစာချုပ်အပေါ်အခြေခံသည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေပါ

တိုင်းရင်းသားအသံ ကျုပ်တို.လိုချင်တာကလုံးဝလွတ်လပ်ရေးနှင့်ပင်လုံစာချုပ်အပေါ်အခြေခံသည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေပါ ယနေ.တွေ.မြင်နေရသည့်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကိုမြန်မာမီဒီယာအများစုကအလေပေးရေးသားဖော်ပြနေကြပေမဲ့ကျုပ်တို.တိုင်းရင်းသားများအတွက်လုံးဝစိတ်ဝင်စားမှာမဟုတ်ပါ၊ရွေးကောက်ပွဲဆိုတာစစ်အစိုးရအုပ်စုချမှတ်ထားသည့်လမ်းစဉ်ဖြစ်သည်၊၎င်းလမ်းစဉ်ပေါ်တို.လျှောက်နေကြလို.ပါ၊ပြည်သူလူထုများလုံးဝလွတ်မြောက်ရေးနှင့်တိုင်းရင်းသားများကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုဖော်ဆောင်ပေးနိုင်မှာမဟုတ်သောကြောင့်ဖြစ်သည်၊ကျုပ်တို.အားလုံးလိုချင်တာကလုံးဝလွတ်လပ်ရေးပါ၊ဒါကြောင့်၊ေ၇ွးကောက်ပွဲဟာတရားမျှတမှုလည်းမရှိပါ၊စိတ်လှုပ်ရှားစရာလည်းမဟုတ်သလိုအမှန်တရားချစ်မြတ်နိုးသူများအတွက်ထောက်ခံစရာလည်းမဟုတ်ပါ၊

Sunday, February 5, 2012

သိန်းစိန်းအစိုးရကိုယ်စားလှယ်နဲ.ချုပ်ဆိုခဲ့သည့်ပဏာမသဘောတူညီချက်တွေကိုပြန်စဉ်းစားပေးပါရန်

တိုင်းရင်းသားအသံ
သိန်းစိန်းအစိုးရကိုယ်စားလှယ်နဲ.ချုပ်ဆိုခဲ့သည့်ပဏာမသဘောတူညီချက်တွေကိုပြန်စဉ်းစားပေးပါရန်

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ.များနဲ.သိန်းစိန်းအစိုးရအကြာချုပ်ဆိုခဲ့သည့်ပဏာမသဘောတူစာချုပ်များကိုပြန်
လည်သုံးသပ်ပြီးပြန်လည်စဉ်းစားပေးပါရန်တိုင်းရင်းသားအသံမှအနုအညွံ.တောင်းဆိုလိုက်ပါသည်၊

ဘာကြောင့်တောင်းဆိုလိုက်သလဲဆိုတာအောက်ပါအချက်များကြောင့်ဖြစ်သည်၊
၁၊တိုင်းရင်းသားအဖွဲ.များနဲ.သိန်းစိန်းအစိုးရအကြာချုပ်ဆိုခဲ့သည့်ပဏာမသဘောတူစာချုပ်များသည်တနိုင်ငံလုံး
အပစ်ခတ်ရပ်စဲရေးကိုတရားဝင်မကြေညာသေးသည့်အတွက်တရားနည်းလမ်းမကျသည့်အပြင်ရိုသားမှုမရှိသော
ကြောင့်မြန်မာပြည်သူပြည်သားများအတွက်အကျိုးနဲလှလွန်သည်၊
၂၊တိုင်းရင်းသားအဖွဲ.များကိုတစ်ဖွဲ.ချင်းစီးပဲ့ထုတ်ပြီးညီအစ်ကိုမောင်နှမချင်းဖြစ်ပါလျက်မတူညီသည့်အခွင့်အရေ
များပေးထားသည်၊မတူညီသည့်သဘောစာချုပ်များဖြင့်ချုပ်ဆိုထားသည်၊
၃၊တိုင်းရင်းသားအဖွဲ.များကိုမျှော်လင့်ချက်ပေးထားပြီးအချိန်တိကျသည့်နိုင်ငံရေးဆွေးနွေးပွဲများမရှိ၊
၎၊တစ်ချို.ဒေသတွေမှာအထူးသဖြင့်ကချင်ဒေသမှာဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီးပါစပ်ကငြိမ်းချမ်းစ
ကားပြောဆိုနေပေမဲ့တိုင်းရင်းသားဒေသများမှဗမာစစ်တပ်များရုပ်သိမ်းခြင်းလုံးဝမရှိသည့်အပြင်အင်းအားထပ်မံ
ဖြည့်ဆည်းပြီးနေရာတိုးချဲ.လျက်ရှိသည်၊
၅၊တိုင်းရင်းသားများနဲ.ဗမာအစိုးရအဆက်ဆက်အကြာဖြစ်နေသည့်ပဋိပက္ခတွေကိုနိုင်ငံရေးကြောင့်ဟုမမြင်သည့်
အပြင်အသိအမှတ်လည်းမပြုထားပါ၊လက်နက်ကိုင်တိုင်းရင်းသားများကသူတို.ချမ်းသာလာရင်ဘယ်သူမှလက်န
က်ကိုင်မှာမဟုတ်ဘူးလို.ငြိမ်းချမ်းခေါင်းဆောင်ဖြစ်သည့်စိန်းအောင်းမင်း(ဦးအောင်မင်း)ကိုယ်တိုင်ပြောဆိုခဲ့သည်၊
၆၊လက်နက်ကိုင်တိုင်းရင်းသားများကလည်းအစိုးရနဲ.သဘောတူလိုက်ဖျက်လိုက်လုပ်နေခြင်းသည်မိမိတို.အင်း
အားမိမိတို.ကိုယ်တိုင်ဖြိုခွဲလိုက်သလိုဖြစ်ပြီးပြည်သူလူထု၏အယုံအကြည်ကိုလည်းကျဆင်းစေသည်၊
 ၇၊ဒီငြိမ်းချမ်းရေးကစားပွဲဟာသိန်းစိန်းအစိုးရတို.ကိုယ်တိုင်လမ်းခင်းပေးထားပြီးနှစ်ဖက်ကစားနိုင်သည့်ကစားပွဲ
မျိုးမဟုတ်သည့်အတွက်ကြောင့်တိုင်းရင်းသားများအတွက်အရှုံးနဲ.သရေသာကစားခွင့်ရှိပြီးအနိုင်ရအောင်လုံးဝ
ကစားလို.မရသည့်ကစားပွဲမျိုးဖြစ်နေသည်၊(ငြိမ်းချမ်းကိုသူတို.ယူရင်ရမည်၊သူတို.ဖျက်ရင်ပျက်မည့်သဘောရှိသ
သည်၊)
၈၊၂၀၀၈ အခြေခံဥပဒေကိုသိန်းစိန်းတို.ပြင်ပေးမည့်အရိပ်အယောင်လုံးဝမရှိသည့်အတွက်တပ်မတော်တစ်ခု သာရှိရမည်ဆိုသည့်မူဟာမိမိကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက်လက်နက်ကိုင်သည့်တိုင်းရင်းသားများကိုတ
စ်နည်းမဟုတ်တစ်နည်းအနှေးနဲ.အမြန်ဖျက်သိမ်းဖို.စီစဉ်ထားသည်၊
၉၊စစ်အစိုးရနဲ.သဘောတူချုပ်ဆိုခဲ့သည့်စာချုပ်အားလုံးဟာယူအန်စသည့်အဖွဲ.များအဓိကဒိုင်လူကြီး အဖြစ် မရှိသည့်အတွက်ပြဿနာထပ်တက်ရင်ဘယ်သူမှားတယ်၊မှန်တယ်ဆိုတာကိုဆုံးဖြတ်ပေးမည့်လူမရှိပါ၊မီဒီယာ
အင်းအားကြီးမာသည့်သူကသာအနိုင်ရမည်၊

ထို.ကြောင့်သိန်းစိန်းအစိုးရနဲ.ပဏာမသဘောတူစာချုပ်လက်မှတ်ထိုးခဲ့သည့်တိုင်းရင်းသားများအနေနဲ.မိမိတို.
လုပ်ရပ်အပေါ်ပြန်လည်စဉ်းစားသင့်ပြီးအချိန်မနှောင်းခင်မိမိတို.နဂိုမူလရည်းမှန်းချက်အတိုင်ဆက်လက်လျှောက်
ကြပါရန်တိုင်းရင်းသားအသံမှတောင်းဆိုလိုက်ပါသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.