တိုင်းရင်းသားအသံဆိုတာဘာလဲ?
တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊ "တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်"
Friday, May 28, 2010
At least 80 killed in Lahore attacks ပါကစ္စတန်အကြမ်းဖက်မှု
At least 80 killed in Lahore attacks
ပါကစ္စတန်အကြမ်းဖက်မှု
Thursday, May 27, 2010
ဗာဖလိုမြို.မှာကျင်းပပြီးစီးသွားသည့် အပြည်ပြည်ဆိုင်ရာညီလာခံကြီးကို ကြည့်ရှူကြပါ၊
ဗာဖလိုမြို.မှာကျင်းပပြီးစီးသွားသည့် အပြည်ပြည်ဆိုင်ရာညီလာခံကြီးကို ကြည့်ရှူကြပါ၊
Sunday, May 23, 2010
သမိုင်းဝင်သျှမ်းပြည်တော်လှန်ရေးနေ့ကျင်းပ
သမိုင်းဝင်သျှမ်းပြည်တော်လှန်ရေးနေ့ကျင်းပ
Friday, 21 May 2010 21:11 ယင်းမွေခေါဝ်လွယ်တိုင်းလျဲန်းအခြေစိုက် SSA တောင်ပိုင်း နှင့် အပစ်ရပ် SSA မြောက်ပိုင်း တပ်မဟာ ၁ တို့ ၅၂ နှစ် မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားကို ပြုလုပ်ကျင်းပကြကြောင်း စုံစမ်းသိရှိရသည်။
ယနေ့ မေ ၂၁ ရက်တွင် ကျရောက်သော သမိုင်းဝင် ၅၂ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ကို ဂုဏ်ပြု သောအားဖြင့် လွယ်တိုင်းလျဲန်း၌ တိုင်းပြည်အတွက် အသက်သွေးချွေးစွန့်လွှတ်ခဲ့သော အာဇာနည် ရဲဘော်များအား အလေးပြုပြီး စစ်ရေးပြအခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်။ သက်စွန့်စစ်သည်များအား ရည်စူး၍ ရဟန်းသံဃာသူမြတ်တို့ကို ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ အခမ်းအနားသို့ ရပ်နီးရပ်ဝေးမှ ပြည်သူ လူထုများလည်း တက်ရောက်ကြသည်။
စစ်ရေးပြချီတက်စဉ်
နအဖမှ တောင်းဆိုထားသော ပြည်သူ့စစ်အသွင်ပြောင်းရေး လက်ခံခြင်း မရှိသေးသည့် ဗိုလ်ချုပ်ပန်ဖှ ခေါင်းဆောင်သော အပစ်ရပ်သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ တွင်လည်း ၅၂ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့်စစ်ရေးပြအခမ်းအနားကျင်းပ ကြောင်း၊ တိုင်းပြည် အတွက် အသက်သွေးချွေးစွန့်လွှတ်ခဲ့သော အာဇာနည်ရဲဘော်များနှင့်ငြိမ်းချမ်းရေးရယူပြီး နောက် နအဖတပ်၏ ဖမ်းဆီးညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုခံခဲ့ကြရသော ရဲဘော်များကို အလေးပြုကြကြောင်း၊ ၎င်းတို့အားရည်စူး၍ ရဟန်းသံဃာအရှင်သူမြတ်တို့ကို ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း စုံစမ်းသိရှိရ သည်။
အမျိုးသမီးစစ်သည်များစစ်ရေးပြစဉ်
အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ ခေါင်းဆောင် ဗိုလ်ချုပ်ပန်ဖှမှ စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်ထံ မေ ၁၁ ရက်နေ့တွင် စာရေးသားပေးပို့ခဲ့သည်ဟုလည်း သိရှိရသည်။
ဗိုလ်ချုပ်ပန်ဖှက “အမှိုက်ကစ ပြဿဒ်မီးလောင် မဖြစ်ချင်တာကြောင့် ကျနော်တို့ သည်းခံလာခဲ့ရတာလည်း ကြာခဲ့ပြီ။ နအဖစစ်တပ်က အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်သားတွေဖြစ်မှန်းသိသိကြီးနဲ့ လာပြီး တိုက်ခိုက်တယ်။ ကျနော့်တပ်သားတွေကိုလဲ ဖမ်းဆီးညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တယ်”ဟု ပြောကြား ခဲ့သည်။
၁၉၉၇ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် သီပေါမြို့နယ်အတွင်းရောက်ရှိနေသော အပစ်ရပ် SSA တပ်မဟာ ၁၆ မှ စစ်သည် ၆ ဦးအား နအဖစစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
၂၀၀၀ပြည့်နှစ် ဇွန်လ ၂၃ ရက်နေ့တွင်လည်း အပစ်ရပ် SSA တပ်မဟာ ၁ ကို နအဖစစ်တပ်က တိုက်ခိုက်ခဲ့သည်။ SSA ဖက်မှ စစ်သည်များက နအဖ လူမှားပစ်ခတ်သည်ဟု ယူဆပြီး ထိပ်တိုက် မဖြစ်ချင်သောကြောင့် နောက်ဆုတ်ပေးခဲ့သည်။ SSA မှ စစ်သည်နှစ်ဦးကိုလည်း နအဖက ဖမ်းဆီးရမိ၍ နှိပ်စက်ညှင်းပန်းပြီးမှ သတ်ဖြတ်ခဲ့သည်။
အပစ်ရပ် SSA မြောက်ပိုင်းသည် နအဖဖက်မှနေ၍ စိန်ကျော့၊ ၀မ်ဟိုင်း၊ နမ့်လောင်း၊ မိုင်းဟ၊ မိုင်းဟိုင်းတို့တွင် စ၀်ခွန်ဆာ ဦးဆောင်သော MTA တပ်ဖွဲ့ကို ကူတိုက်ခိုက်ပေးခဲ့ဖူးသည်။
Tuesday, May 18, 2010
မြန်မာသတင်းထောက်ကိုရှပ်နီးတွေစော်ကားနေပုံ(ဗွီဒီအို)
မြန်မာသတင်းထောက်ကိုရှပ်နီးတွေစော်ကားနေပုံ(ဗွီဒီအို)
ဧရာဝတီသတင်းထောက်ဟုယုံကြည်ရသောမြန်မာသတင်းထောက်တစ်ယောက်၊ရှပ်နီလုံခြုံရေးအစောင့်များ၏ကိုယ်ထိလက် ရောက်စော်ကားနေပုံ၊
ဧရာဝတီသတင်းထောက်ဟုယုံကြည်ရသောမြန်မာသတင်းထောက်တစ်ယောက်၊ရှပ်နီလုံခြုံရေးအစောင့်များ၏ကိုယ်ထိလက် ရောက်စော်ကားနေပုံ၊
မြန်မာအမျိုးသမီးသည် ဧရာဝတီသတင်းဌာန၏လက်ရှိသတင်းထောက်သို.မဟုတ်ဧရာဝတီသတင်းထောက်အဟောင်းတစ် ယောက်ဖြစ်သည်ဟုထိုင်းသတင်းထောက်တွေကပြောဆိုနေကြပါသသည်၊ သူမသည် အန္တရာယ်ကင်းလွတ်ဇုံ၊ Pathumwanaram ပထုမ်ဝမ်နာရာမ် ဘုန်းကြီးကျောင်းမှာသတင်းစုံစမ်းနေချိန်မှာ ရှပ်နီအုပ်စုတွေအိမ်ပြန်ချင်တဲ့အကြောင်း၊ စသည့်သတင်းအစအနပါသောသတင်းရေသားချက်ကို လွယ်အိတ်ထဲမှာရှပ်နီအစောင့်တွေရှာဖွေတွေ.ရှိမှုကြောင့်ယခုလိုဖမ်းဆီးလိုက်တာဖြစ်ကြောင်းပြောပါသည်၊
အမျိုးသမီးသတင်းထောက်ဖမ်းဆီးခံရပြီးနောက် ရှပ်နီအစောင့်တွေက သူမကို ဇာတ်ခုံပေါ်မှာသယ်ဆောင်သွားဖို.ကြိုးစားနေ ပါသည်၊အခြားသောထိုင်းသတင်းထောက်တွေက သူမကိုကူညီဖို.ဘာမှမတတ်နိုင်ပဲဖြစ်နေတယ်၊
Monday, May 17, 2010 11:33:54 PM
Monday, May 17, 2010 11:32:34 PM
Monday, May 17, 2010 11:31:45 PM
Monday, May 17, 2010 11:31:14 PM
Monday, May 17, 2010 11:30:08 PM
Monday, May 17, 2010 11:29:35 PM


Friday, May 7, 2010
ပလက်ဝမြို့နယ်တွင် ရခိုင်အမျိုးသမီး တဦးကို စစ်တပ်က မုဒိမ်းကျင့်
ပလက်ဝမြို့နယ်တွင် ရခိုင်အမျိုးသမီး တဦးကို စစ်တပ်က မုဒိမ်းကျင့်
နိရဉ္စရာသတင်းဌာနမှကူးယူဖော်ပြသည်၊5/7/2010
မုဒိမ်းကျင့်ခံရသော အမျိုးသမီး၏ အမည်အား သူမ၏ လုံခြုံရေးအတွက် ဖေါ်ပြ မထားသော်လည်း သူမအား မုဒိမ်းကျင့်သူမှာ ခမရ ၂၃၂ မှ ဒုဗိုလ် ဘိုအောင် ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ဧပြီလ ၈ ရက်နေ့က ပလက်ဝမြို့နယ် အတွင်းရှိ ရခိုင်ကျေးရွာ တစ်ရွာတွင် ဖြစ်ပွားခဲ့သည်ဟု အဆိုပါ သတင်းက ဆိုသည်။
ယခုကဲ့သို့ နအဖ စစ်သားများ၏ ဗလက်ကာယ ပြုကျင့်မူကို အဆိုပါ ထွက်ပြေး လွှတ်မြောက် သွားသော အမျိုးသမီး နှစ်ဦးမှ ကျေးရွာ ဥက္ကဌသို့ တိုင်ကြားခဲ့ကြောင်း၊ ကျေးရွာ ဥက္ကဌမှာလည်း အဆိုပါ မုဒိမ်းမူအား စစ်တပ် အထက် အရာရှိများသို့ မတိုင်ကြားဝံ့သဖြင့် ရွာဘုန်းတော်ကြီး ကျောင်းမှ ဆရာတော်အား အကြောင်းကြားခဲ့ကြောင်း၊ ၎င်းနောက်ပိုင်းတွင် ဆရာတော်က အဆိုပါ တပ်ဖွဲ့မှ ဗိုလ်မှူး အောင်ဆွေအားတိုင်ကြားခဲ့ကြောင်း၊ ဗိုလ်မှူး အောင်ဆွေမှ အဆိုပါ ပြဿနာအား ဖြေရှင်းပြီး သက်ဆိုင်သူ ဘိုအောင်ကို အရေးယူပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ယခုအချိန်ထိ တစုံတရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း ဖေါ်ပြသည်။
ဒုဗိုလ် ဘိုအောင်မှာ မကြာခဏ ကျေးရွာသားများထံမှ ဆက်ကြေးငွေ တောင်းခံလေ့ရှိပြီး မပေးနိုင်သူ ကျေးရွာသားများကို အမြဲတန်း နှိပ်စက် ညှဉ်းပမ်းမူများ ပြုလုပ်သူ ဖြစ်သည်ဟု သိရသည်။
ဒုဗိုလ် ဘိုအောင်သည် ဧပြီလ ၇ နေ့ကလည်း သူတောင်းသော ကြက်ကို မပေးနိုင်သူ ကျေးရွာသား တဦးကို သတိမေ့သွားအောင်ထိ အပြင်း အထန်ရိုက်ပုတ်ပြီး သေနတ်နှင့် ပစ်ခတ်ကြောင်း၊ သေနတ် မပေါက်သဖြင့် နောက်ထပ် ပစ္စတိုနှင့် ပစ်ခတ်ရန် ပြုလုပ်စဉ် ရွာသား တဦးကြက်ဖြင့် ရောက်လာသဖြင့် ဘိုအောင်မှ ကြက်ကို ယူပြီး ထိုနေရာမှ ထွက်ခွာ သွားကြောင်း အဆိုပါ သတင်းတွင် ဖေါ်ပြသည်။
၎င်းပြင် ခမရ ၂၃၂ သည် အဆိုပါ ဒေသတွင် ယခုအခါ နှင်းမိုင်းများကိုလည်း ကျယ်ကျယ် ပြန့်ပြန့်ထောင်နေသည်ဟု သိရသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရခိုင်ကျေးရွာများ အများအပြား တည်ရှိရာ ရခိုင် အမျိုးသမီးများ အနေဖြင့် ရှေ့တန်းထိုင် နအဖ စစ်သားများ၏ အနှောင့်အယှက် လုပ်မူကို မကြာခဏ ခံနေကြပြီး လွန်ခဲ့သောနှစ် အနည်းငယ်ကလည်း ရခိုင်အမျိုးသမီး တဦးမှာ နအဖ စစ်သားများ၏ အုပ်စုလိုက် မုဒိမ်းကျင့်မူကို ခံရပြီး သေဆုံးသွားခဲ့သည်။
န၀တ စစ်အစိုးရ အာဏာ သိမ်းပြီးနောက်ပိုင်း ၁၉၉၀ ပတ်ဝန်းကျင်တွင် အဆိုပါ ပလက်ဝမြို့နယ် အတွင်းရှိ ရခိုင်ကျေးရွာများတွင် ဗမာ စစ်သားများက မီးပုံပွဲများ ပြုလုပ်၍ အရက်များ သောက်ကာ လင်ရှိ - လင်မရှိ အမျိုးသမီးများကို အတင်း ခေါ်ယူပြီး ညစဉ် ညတိုင်း မီးပုံပွဲ လုပ်ကာ စစ်သားများနှင့် ကခိုင်း သဖြင့် အနည်းဆုံး ရခိုင်ကျေးရွာ (၅) ရွာမှာ ပြိုပျက်သွားပြီး အိန္ဒိယ ဘက်သို့ ထွက်ပြေးခဲ့ကြသည်။
ထိုကျေးရွာများမှာ ပုန်းညင်းဝ၊ စတင်ဝ၊ ပကာဝ၊ ငွေလက်ဝ စသည့် ရခိုင်ကျေးရွာ ၄ ရွာနှင့် တခြား ကျေးရွာ တရွာမှာ လောင်းကတူး မြုံကျေးရွာ ဖြစ်သည်။
ထိုစဉ်က ပုန်းညင်းဝရွာတွင် နေထိုင်ခဲ့သူ ကိုရဲလင်းအောင်က စစ်သားများ နိုင်ထက် စီးနှင်း ပြုလုပ်မူကို ယခုကဲ့သို့ ပြန်ပြောသည်။
“အဲဒီတုန်းက ကျွန်တော် အသက်ဟာ ၁၄ နှစ်ရှိပါတယ်။ ကျွန်တော်တို့ မိသားစုက အဲဒီတုန်းက အိန္ဒိယနဲ့ မြန်မာ နယ်စပ် ပုန်းညင်းဝ နေပါတယ်။ ကျွန်တော် အထက်က အသက် ၁၇ အရွယ် အစ်မ တဦးရှိပါတယ်။ ရွာသားတွေဟာ စစ်သားတွေ လာတော့မယ်ဆိုရင် ထင်းတွေ စုပုံ ထားရပါတယ်။ တအိမ်ထောင်က အရက် ၂ ပုလင်းနဲ့ ကြက်တကောင်စီ စုထားရပါတယ်။ အဲဒါတွေအားလုံးဟာ စစ်သားတွေ လာတဲ့အခါ သူတို့ ပျော်ပါးဖို့ စီစဉ်ပေးထားရတာ ဖြစ်ပါတယ်။ သူတို့လာတော့မယ် ဆိုရင် အသက် ၄၀ အောက် လင်ရှိ မိန်းမရော လင်မရှိတဲ့ အပျိုအရွယ် မိန်းမရော ရွာမှာ နေပေးရပါတယ်။ မနေရင် သူတို့က ပြောက်ကျားတွေနဲ့ အဆက်အသွယ် ရှိတယ်လို့ စွပ်စွဲပြီး လူကြီးတွေကို ဖမ်းဆီး ရိုက်နှက် ပါတယ်။ စစ်သားတွေ ရွာကို ရောက်လာတဲ့ ညကျရင် ရွာသားတွေက ထင်းတွေနဲ့ မီးဖိုပေးရပြီး စစ်သားတွေက အရက်တွေ သောက်ပြီး ရွာက မိန်းမတွေနဲ့ မိုးအလင်း တွဲက ကြပါတယ်။ ကတဲ့ အခါမှာလည်း မဖွယ်မရာတွေ လုပ်ပါတယ်။ ရွာသားတွေ အကုန်လုံး လာပြီး မီးပုံပွဲမှာ လက်ခုတ် တီးပေးရပါတယ်။ စစ်သားတွေ ပြောတာကတော့ ဒေသ လူထု စည်းရုံးရေး အတွက် လုပ်တယ်လို့ ပြောပါတယ်။ တချို့ယောင်္ကျားတွေဟာ ကိုယ့်မိန်းမ စစ်သားတွေနဲ့ ကနေတာကို မမြင်ချင်ပေမယ့် လက်ခုတ်တီးပြီး အားပေးရပါတယ်။ မဟုတ်ရင် အသတ်ခံရနိုင်ပါတယ်။ ကျွန်တော် အစ်မလည်း စစ်သားတွေနဲ့ ကရပါတယ်။ တနေ့တော့ စစ်သားတွေ လာမယ် ဆိုတာကို သိတော့ ကျွန်တော် အစ်မက စစ်သားတွေနဲ့ မကချင်တာကြောင့် ကျွန်တော်ကို ခေါ်ပြီး တခြား အနီးအနားက ရွာ တရွာကို ထွက်ပြေးခဲ့ကြပါတယ်။ အဲသလို ထွက်ပြေးသွားတာကို သိတဲ့အတွက် စစ်သားတွေဟာ ကျွန်တော့် အဖေကို လက်ပြန်ကြိုး တုတ်ပီး အပြင်းအထန် ရိုက်နှက်ပါတယ်။ ဒဏ်ငွေလည်း တထောင် တပ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ မိသားစုတွေ အပါအ၀င် ရွာသားတွေ အကုန်လုံးဟာ အိန္ဒိယ ဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။” ဟု ပြောသည်။
ပလက်ဝမြို့နယ်မှာ ချင်းပြည်နယ်ထဲတွင် တည်ရှိသော်လည်း အဆိုပါ မြို့နယ်တွင် ရခိုင်ကျေးရွာ အများ အပြားတည်ရှိသည်။ အထူးသဖြင့် အိန္ဒိယ နယ်စပ် တလျှောက်တွင် တည်ရှိသော ရခိုင်ကျေးရွာများတွင် ယခုကဲ့သို့ နဖအ ဗမာ စစ်သားများ၏ နိုင်ထက်စီးနှင်း လုပ်မူကို အမျိုးသမီးများ အနေဖြင့် ခံနေကြရသည်ဟု သိရသည်။
နယ်ခြားစောင့်တပ်နှင့်ပတ်သက်၍ ဝံပုလွေတပ်ကိုယ်စားလှယ်များနှင့်ဆက်လက်ဆွေးနွေးခြင်းကိုရပ်နာသင့်ပြီ
စစ်အစိုးရတရားဝင်ဖြစ်နိုင်ရေး၊စစ်တပ်ပါလီမာန်အစိုးရတည်ဆောက်နိုင်ရေးနှင့်အကြွင်းမဲ့အာဏာချုပ်ကိုင်နိုင်ရေးစသည့်နိုင်ငံ ရေး၊လူမျိုးရေး၊နှင့်ပတ်သက်ဆက်နွယ်သည့်အရေးများအောင်မြင်နိုင်ရန်နည်းလမ်းများရှာဖွေသည့်အထဲမှာတိုင်းရင်းသားများ ကိုနယ်ခြားစောင့်တပ်လုပ်ရမည်၊လက်နက်ချရမည်ဆိုပြီးတစိုက်မတ်မတ်ဖိအားပေးလာသည်၊ဤမူဝါဒအထမြောက်ရေးအတွ
က် လိမ်လည်ဆွေးနွေးခြင်း၊အင်းအားသုံးခြိမ်ခြောက်ခြင်း၊ဝါဒဖြန်.စည်းရုံးခြင်း၊ယုတ္တိကင်းမဲ့သောကတိစကားများပေးထားခြင်း စသည့်လုပ်ဆောင်ချက်များပါဝင်သည်၊
ထို.သို.လုပ်ဆောင်နေခြင်းကြောင့် တိုင်းရင်းသားခေါင်ဆောင်များသည် ခေါင်းသာရှိပြီးဦးနှောက်မရှိသကဲ့သို.အထင်သေးပြီး ပြောဆိုဆက်ဆံလာခြင်းကိုလည်း တစ်ခါတစ်လီတွေ.ရသေးတယ်၊သို.သော်၊ရေကုန်ရေကန်နောက်ဆုံးပိတ်ရက်ရောက်လာ သော် တိုင်းရင်းသားတပ်ခေါင်းဆောင်များက တစ်ညီတစ်ညွတ်တည် သဘောရှိနေပြီး နယ်ခြားစောင့်တပ်ကိုစုပေါင်းငြင်းပယ် နေခြင်းအပေါ်စစ်အစိုးရအတွက်အံ့သြစရာဖြစ်လာပါသည်၊ စစ်မဟာမိတ်ဖွဲ.ပြီးဝိုင်းတိုက်ကြမည်ကိုလည် စစ်အစိုးရကအိပ်မ ရလောက်အောင်စိုးရိမ်နေရသည်၊စစ်အစိုးရသည် စစ်အင်းအားပြပြီးစစ်ရေးခြိမ်ခြောက်နေပေမဲ့ တကယ်စစ်ဖြစ်လာရင်သူမ သာကိုယ်မသာအခြေအနေလောက်ပင်ဖြစ်လိမ့်မည်၊
ထို.ကြောင့်၊ စစ်အစိုးရက စစ်ရေးဖြင့်အရေးယူခြင်းကို ခဏရပ်နာထားပုံရပြီး သွေးခွဲမှုစည်းရုံးရေးနည်းနာတွေကိုသာဦးစား ပေးလုပ်ဆောင်နေပုံရသည်၊နယ်ခြားစောင့်တပ်နောက်ဆုံးရက်အထပ်အထပ်အခါအခါရွှေ.ပေးနေခြင်း၊အချိန်ဆွဲခြင်းကိုကြည့် ခြင်းအားဖြင့်း ဗမာစစ်အခေါင်းဆောင်များမရိုသားဘူးဆိုတာထင်ရှားနေပါသည်၊စစ်အစိုးရသည် တရားဝင်အစိုးရမဟုတ်၊နယ် ခြားစောင့်တပ်စကားသည် လွတ်လပ်ရေးရယူအချိန်မှာသဘောတူထားခြင်းမရှိ၊ငြိမ်းချမ်းရေးရယူအချိန်တွင်ဆွေးနွေးပြော ဆိုထားခြင်းမရှိ၊လက်ရှိစစ်အစိုးရနှင့်ဆွေးနွေးသဘောညီချက်များသည်နောက်တက်လာမည့်အစိုးရကအသိအမှတ်ပြုမှာမ ဟုတ်၊ နယ်ခြားစောင့်တပ်စကားနှင့်ပတ်သက်၍ လက်ရှိစစ်အစိုးရနှင့်တွေ.ဆုံနေခြင်းသည် ဝံပုလွေကိုယ်စားများနှင့်ဆွေးနွေး နေခြင်းသာတူနေပြီး ဘာမှအဓိပ္ပါယ်မရှိပါ၊ကလိန်ကကျစ်ကိုစမ်းသပ်နေခြင်းသာဖြစ်ပါသည်၊
ဤအတောအတွင်းမှာ တိုင်းရင်းသားခေါင်းဆောင်ကိုလုပ်ကြံမည့်အစီအစဉ်လည်း ရှိနေပါသဖြင့်တိုင်းရင်းသားတပ်များအတွက်ကောင်ကျိုးရှိမည့်အစားဆိုးကျိုးများကိုသာဖြစ်ပေါ်မည့်အလာအလာရှိနေပါသည်၊ ထို.ကြောင့်၊ယင်းအကျိုးမရှိသည့်နယ်ခြားစောင့်တပ်အရေးနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးခြင်း၊အချိန်ဖြုန်းခြင်းတို.ကိုရပ် နာပြီး စစ်ရေးခုံခံနှိုင်ရေးနှင့်အစိုးရအသစ်အားနိုင်းငံရေးစကားဆက်လက်ဆွေးနွေးနိုင်ရေးအတွက်များကိုသာပြင်ဆင်ထား သင့်ကြောင်း တိုင်းရင်းသားအသံမှာတင်ပြအပါပါသည်။
Monday, May 3, 2010
၇ တန်းကျောင်းသူလေးအား နအဖရဲဘော်ဟောင်းအုပ်စု မုဒိမ်းကျင့်သတ်ဖြတ်
၇ တန်းကျောင်းသူလေးအား နအဖရဲဘော်ဟောင်းအုပ်စု မုဒိမ်းကျင့်သတ်ဖြတ်
Monday, 03 May 2010 18:36 မွေခေါဝ်သျှမ်းသံတော်ဆင့်သတင်း
သျှမ်းပြည်မြောက်ပိုင်းနေ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသူလေးတဦးအား နအဖ တပ်ထွက်အဖွဲ့ တစ်ဖွဲ့က မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
“ပြီးခဲ့တဲ့လ နောက်ဆုံးပတ်ကပေါ့ ရွာနီးချုပ်စပ် သူမ ကျွဲကျောင်းသွားတဲ့အချိန်မှာ မိုင်းရယ်-သီပေါလမ်းမကြီး ဘေး နမ့်လောင်းချောင်းတံတားအပေါ်ဘက် သဲတူးဖို့်လာကြတဲ့ တပ်ရင်း(၆၄)မှစစ်ထွက် လေးယောက်က မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တယ်” ဟု ရွာသားတစ်ဦးကပြောပါသည်။
ထိုစစ်သားထွက်များမှာ အသက်(၅၀) ရှိ စစ်ထွက်မြင့်ဆွေ၊ အသက်(၄၉) ရှိ စစ်ထွက်ထွန်းသိန်းနှင့် အမည် မသိသေးသော ၎င်းတို့၏တပ်ထွက်အဖော်နှစ်ယောက်ဖြစ်ကြောင်း ရွာသားများကပြောပြပါသည်။
“အလောင်းကို နားယန်းနဲ့ ဖာလုံဝက်အကွာ နမ့်လောင်းချောင်းသဲသောင်ပြင်မှာ ပစ်ထားခဲ့တယ်” ဟု လည်း အဆိုပါရွာသားက သျှမ်းသံတော်ဆင့်သို့ဆက်လက်ပြောပြပါသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ သျှမ်းအမျိုးသမီးရေးရာလှုပ်ရှားမှုကွန်ယက်အဖွဲ့(SWAN) ကလည်း အသေးစိတ် အချက်အလက်များ ဆက်လက်စုံစမ်းနေကြောင်း တာဝန်ရှိသူတဦးကပြောပါသည်။
(၂၅၃) ကြိမ်မြောက်ဟံသာဝတီမွန်နေပြည်တော်ကျဆုံးသည့်နေ.အခမ်းအနားတစ်ရပ်ကို ထိုင်းနိုင်ငံ၊မဟာချိုင်းမှာမွန်အလုပ် သမားများစည်းကားစွာကျင်းပပြီးစီး၊
.jpg)




.jpg)
.jpg)


.jpg)

.jpg)
Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.