တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Friday, June 11, 2010

တိုင်းရင်းသားလူမျိုးများ သတိပြုရန်

တိုင်းရင်းသားအသံ

တိုင်းရင်းသားလူမျိုးများ သတိပြုရန်


PDF File အတွက် ဒီမှာနှိပ်ပါ


နိုင်ငွေသိမ်း | ကြာသပတေးနေ့၊ ဇွန်လ ၁၀

‘နိုင်ငံရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် သတိပြုရမည့် အချက်များအပေါ် အကြံပြုချက်’

တိုင်းရင်းသားများ (လူနည်းစုများ) ၏ နိုင်ငံရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ အတွေ့အကြုံကို တင်ပြလိုက်ပါသည်။ သင်ခန်းစာ ယူစရာရှိလျှင် ယူပါ၊ ပစ်ပယ်စရာရှိလျှင် ပစ်ပယ်ပါ၊ ဗဟုသုတအနေဖြင့် တင်ပြခြင်း ဖြစ်ပါသည်။

တိုင်းရင်းသားလူမျိုးများသည် အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်ရာတွင် မိမိကိုယ်ကို မိမိရပ်တည်ခြင်းထက် ပြည်မရှိ အဖွဲ့အစည်းအပေါ် ပိုမို အားထားသည်ကို တွေ့ရသည်။ သို့သော် ၁၉၄၇ ခုနှစ် ပင်လုံညီလာခံအစတွင် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားများက မိမိတို့ အမျိုးသားချင်းအပေါ် အထူး အမှီသဟဲ ပြုကြသည်ကို တွေ့ရှိရပါသည်။ ရှမ်းပြည်တွင် ဖွဲ့စည်းထားသော ရှမ်းပြည် ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ (ရပလ) သည်သာ ပြည်မရှိ နိုင်ငံရေး အဖွဲ့အစည်းနှင့် အဆက်အသွယ် ပြုခဲ့သည်ကို တွေ့ရသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားများသည် ပြည်မနှင့် ပိုမိုရင်းနှီးလာပြီး ပြည်မနှင့် နိုင်ငံရေး အဆက်အသွယ်လုပ်ကာ မဟာမိတ်အဖွဲ့၊ လက်အောက်ခံအဖွဲ့အဖြစ် ဆက်သွယ် ခံယူလာကြသည်။ နဂို ပြည်မရှိ တိုင်းရင်းသားအဖွဲ့များလည်း ထိုနည်းတူစွာပင်၊ ဤဖြစ်ရပ်များက တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များသည် မိမိကိုယ်ကိုမိမိ အားကိုးလိုစိတ် အားနည်းလျက်ရှိနေပြီး ရေရှည်တွင် ခန်းခြောက်သွားနိုင်သည်ကို ပြနေသည်။ တိုင်းရင်းသားများထဲတွင် လွတ်လပ်ပြီးနောက် ပထမအကြိမ် ရွေးကောက်ပွဲတွင် ရခိုင်နိုင်ငံရေးခေါင်းဆောင်အချို့ တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ခဲ့သည်ကို လွတ်လပ်ရေးရရှိပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစာရင်းတွင် တွေ့ရှိရသည်။

၁၉၅၆ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားများက ရခိုင်တိုင်းရင်းသားများ ညီညွတ်ရေးအဖွဲ့ (ရတည) အနေဖြင့် ပြည်မရှိ နိုင်ငံရေးအဖွဲ့အစည်းများနှင့် မပေါင်းဘဲ ဖွဲ့စည်းခဲ့သည်ကို တွေ့ရှိရသည်။ ဤလုပ်ရပ်က တိုင်းရင်းသားပါတီတရပ်သည် မိမိဘာသာမိမိ ခြေထောက်ပေါ် ရပ်တည်နိုင်ကြောင်း ပြသလိုက်ခြင်း ဖြစ်ပါသည်။ ၁၉၆ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်သူ့တပ်ဦးကလည်း မိမိဘာသာ ရွေးကောက်ပွဲဝင်ခဲ့သည်။

တိုင်းရင်းသားပါတီ အဖွဲ့အစည်းများ၏ ရုပ်လုံးသည် ၁၉၅၈ ခုနှစ်၊ ဖဆပလ အကွဲတွင် ထင်ထင်ရှားရှား ပေါ်လာသည်။ ဆွေ-ငြိမ်း (တည်မြဲ) အုပ်စုဝင် ဒေါက်တာစောလှထွန်း (ကရင်ပြည်နယ်ဝန်ကြီး)၊ ဦးဇန်ထားဆင် (ကချင်ပြည်နယ်ဝန်ကြီး)၊ ဦးရှိန်ထန်း (ပြန်လည်ထူထောင်ရေးဝန်ကြီး)၊ စောအောင်ဒင် (ပါလီမန်အတွင်းဝန်-ပင်လယ်ရေကြောင်း)၊ ဦးထွန်းအောင် (ချင်းရေးရာ)၊ စောချစ်သန်း (ကရင်ပြည်နယ်)၊ ဒူးဝါးလဝမ် (ကချင်ပြည်နယ်) တို့ ဖဆပလအဖွဲ့မှ နုတ်ထွက်ခဲ့သည်။

၁၉၅၈ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် အသစ်ဖွဲ့စည်းလိုက်သော သန့်ရှင်းဖဆပလအဖွဲ့တွင် ဝန်ကြီးသစ် ၅ ဦးမှာ စောလူလူ (ဖာပွန်အရှေ့ပိုင်းလူမျိုးစု၊ ကရင်ပြည်နယ်ဝန်ကြီးဌာန)၊ ဒူးဝါးဇော်ရစ် (မြစ်ကြီးနား၊ ကချင်ပြည်နယ် ဝန်ကြီးဌာန)၊ ဦးကျော်မင်း (စစ်တွေ၊ ဘဏ္ဍာရေးဝန်ကြီးဌာန)၊ ဦးမောင်ကျော်ဇံ (စစ်တွေအလယ်ပိုင်းလူမျိုးစု၊

တရားရေးဝန်ကြီးဌာန)၊ ဦးရွှေကြိုင် (သံတွဲလူမျိုးစု၊ ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန) နှင့် ဝန်ကြီးဟောင်းများ စဝ်ခွန်ချို (နိုင်ငံခြားရေးဌာနနှင့် ရှမ်းပြည်နယ်ဝန်ကြီး)၊ စဝ်ဝÀ (ကယားပြည်နယ်ဝန်ကြီးဌာန)၊ ဦးဇာရဲလျှံ (ချင်းရေးရာဝန်ကြီးဌာန)၊ ဦးအောင်ပ (ရေကြောင်းနှင့် မြို့ပြလေကြောင်းဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန)၊ စဝ်ထွန်းအေး (လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဝန်ကြီးဌာန) တို့ တိုင်းရင်းသားများ ပါဝင်ခဲ့ကြသည်။

၁၉၆ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အိမ်စောင့်အစိုးရက ကျင်းပပေးသော အထွေထွေ ရွေးကောက်ပွဲကြီးတွင် တည်မြဲအုပ်စုဝင် တပ်မတော်အရာရှိကြီးများက တည်မြဲအနိုင်ရရှိစေရန် တိုင်းနှင့် ပြည်နယ်များ၊ အထူးသဖြင့် ကရင်-ကချင် ပြည်နယ်များတွင် မဲထည့်ခိုင်းခြင်း၊ မဲလိမ်ခြင်း၊ မဲခိုးခြင်းများကို စစ်အာဏာသုံး၍ ပြုလုပ်ခဲ့ကြသည်။ ဗိုလ်ချုပ်နေဝင်းက ၎င်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်တွင်းမှ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီးများကို တပ်မတော်မှ အငြိမ်းစားပေးခြင်း၊ အရပ်ဘက်သို့ ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ရသည်။

ဤကဲ့သို့ ပြည်မရှိအဖွဲ့အစည်းများ၊ အထူးသဖြင့် သန့်ရှင်း (ပထစ)၊ တည်မြဲ (ဖဆပလ)တို့နှင့် ပူးပေါင်းခဲ့သည့်အတွက် တိုင်းရင်းသားလူမျိုးများသည် ၁၉၆၁ ခုနှစ် ဇွန်လ ၈ ရက်နေ့မှစ၍ ၁၆ ရက်နေ့အထိ တောင်ကြီးမြို့ စားမြိန်ရိပ်သာတွင် ကျင်းပသော တိုင်းရင်းသားလူမျိုးများ အစည်းအဝေးသို့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းဝိသေသတိုင်းတို့မှ ကိုယ်စားလှယ်များ၊ ပြည်နယ်ပေးမည်ဟု ဝန်ကြီးချုပ်ဦးနုထံမှ ကတိရထားသော မွန်နှင့် ရခိုင်တို့မှ ကိုယ်စားလှယ်များ၊ စုစုပေါင်း ၂၂၆ ဦးနှင့် လေ့လာသူပေါင်း ၁ဝ၄ ဦး ညီလာခံတက်ရောက်ခဲ့ကြသည်။

တိုင်းရင်းသားလူမျိုးများ၏ တန်းတူသော ပြည်ထောင်စုမူကို သန့်ရှင်း (ပထစ)၊ တည်မြဲ (ဖဆပလ) အဖွဲ့တို့က လက်မခံလိုကြသဖြင့် သန့်ရှင်း (ပထစ) ဝန်ကြီး ဒူးဝါးဆင်ဝါးနောင်နှင့် ချင်းဝန်ကြီး ဇာရဲလျန်တို့က သန့်ရှင်း (ပထစ) မူအရ တန်းတူသော ပြည်ထောင်စုမူကို ဆန့်ကျင်ကြသည်။ ကရင်ပြည်နယ်ကိုယ်စားလှယ် ဦးအေစိုးမြင့်ကလည်း ညီလာခံတက်ရောက်ပြီး တည်မြဲ (ဖဆပလ) မူအရ သွယ်ဝိုက်သောနည်း၊ တိုက်ရိုက်နည်းများဖြင့် ဆန့်ကျင်တိုက်ခိုက်ပါသည်။

သို့သော် အခြေအနေမလှ၍ နောက်ဆုံးတာဝန်ယူထားသော ပြည်နယ်များ ညီညွတ်ရေးအဖွဲ့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအဖွဲ့မှ နုတ်ထွက်ခဲ့သည်။ ပြည်နယ်များ ညီလာခံတွင် တည်မြဲ (ဖဆပလ)နှင့် မဟာမိတ်ပြု ဆောင်ရွက်နေသော ကချင်အမျိုးသား ကွန်ဂရက်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးဇန်ထားဆင်၊ ဒူးဝါးဇော်လွန်းတို့က တည်မြဲ (ဖဆပလ) ဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲ ဆန့်ကျင်ဆောင်ရွက်ခဲ့သည်။

ဖော်ပြလိုသည့်အနှစ်ချုပ်မှာ တိုင်းရင်းသားလူမျိုး အဖွဲ့အစည်းများသည် ပြည်မရှိ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်လျှင် သတိထားရန် လိုသည်။

(၁) လက်အောက်ခံ အဖွဲ့အစည်းအနေဖြင့် ပူးပေါင်းခြင်း၊

(၂) မဟာမိတ်ပြုခြင်း၊

(၃) တပ်ပေါင်းစုတွင် ဝင်ရောက်ခြင်း။

ယင်းတို့အနက် (၁) နှင့် (၂) သည် မိမိတို့၏ တိုင်းရင်းသား အခွင့်အရေးများ ဆုံးရှုံးမည်။ အမှတ် (၃) ဖြစ်သည့် တပ်ပေါင်းစုဖြင့် ဖွဲ့စည်းခြင်းသည် တပ်ပေါင်းစုအတွင်း တူညီသော အခွင့်အရေး ရရှိခြင်းကြောင့်

ပူးပေါင်းဆောင်ရွက်ရန် သင့်လျော်ပါသည်။ တပ်ပေါင်းစုနည်းဖြင့် ပူးပေါင်းဆောင်ရွက်မှသာ ပူးပေါင်းလုပ်ဆောင်ခြင်း မှန်ကန်ပေမည်။ တပ်ပေါင်းစုအတွင်း အဖွဲ့ဝင်အဖြစ် ပါဝင်သော အဖွဲ့တိုင်းသည် ကြီးသည်ငယ်သည် မခွဲခြားဘဲ တူညီသော အခွင့်အရေး ရရှိကြပါသည်။ သို့သော် သတိပြုရမည်မှာ တပ်ပေါင်းစုအတွင်း အင်အားကြီးသော အဖွဲ့က အဖွဲ့ကြီး ရောဂါတက်ပြီး တပ်ပေါင်းစုကို ချုပ်ကိုင်ချယ်လှယ်ရန် ပြုလုပ်တတ်သည်။ ဤသို့ဖြစ်လျှင် တပ်ပေါင်းစုလည်း ဇိဝိန်ချုပ် ပျက်စီးသွားရတော့သည်။

တိုင်းရင်းသားလူမျိုးများသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်း ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေ ထွက်လာသောအခါ မိမိတို့လူမျိုးအလိုက် ပါတီပေါင်း ၂ဝ ကျော် ပေါ်လာပြီး အားလုံးနီးပါး ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) ကို ပူးပေါင်းဖွဲ့စည်းခဲ့သည်။ အချို့တိုင်းရင်းသား နိုင်ငံရေး ဆောင်ရွက်သူများသည် ပြည်မပါတီတွင် ဝင်ရောက်ခဲ့ကြသည်။ အနည်းစုသာ ဖြစ်ပါသည်။

နဝတ ကျင်းပပေးခဲ့သော ၁၉၉ဝ ပြည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားလူမျိုး နိုင်ငံရေးပါတီ ၁၈ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၆၇ ယောက် ရရှိခဲ့သည်။ ဤဖြစ်ရပ်သည် တိုင်းရင်းသားလူမျိုးများ ပြည်မရှိ နိုင်ငံရေးပါတီများအပေါ် မမီခိုဘဲ မိမိအမျိုးသားများနှင့် အမျိုးသားတပ်ပေါင်းစုတွင် ပူးပေါင်းဆောင်ရွက်ခြင်း၏ အနှစ်သာရကို သိရှိခဲ့ကြရသည်။ မိမိတို့၏ လူမျိုးများအပေါ်နှင့် တိုင်းရင်းသား လူမျိုးများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမျိုးစေ့ချ ဆောင်ရွက်ခြင်း အခွင့်အလမ်းနှင့် အကျိုးကျေးဇူး ရလဒ်ကောင်းကို သိရှိလာသဖြင့် ဆက်လက်၍ ဤလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားကြမည်ဟု ယုံကြည်ပါသည်။

ပြည်မပါတီ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တိုင်းရင်းသားလူမျိုးများ ပါတီနှင့် ပုဂ္ဂိုလ်များသည် မိမိတို့၏ တိုင်းရင်းသားလူမျိုး အကျိုးကို ဆောင်ရွက်လိုသော်လည်း မိမိတို့ပါဝင်နေသော အဖွဲ့အစည်း၏ လမ်းစဉ်အတိုင်းသာ လိုက်လုပ်ရသည်ဖြစ်၍ မိမိဆန္ဒရှိ လိုလားသော တိုင်းရင်းသားကိစ္စများကို အပြည့်အဝဆောင်ရွက်ရန် မဖြစ်နိုင်သော အခြေအနေကို တွေ့ရှိရသည်။ ဤကဲ့သို့သော ဖြစ်ရပ်များသည် ပြည်မနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော ပါတီများ၊ ပုဂ္ဂိုလ်များ၏ အတွေ့အကြုံအရ သိရှိခဲ့ရပါသည်။ အထူးသဖြင့် ၁၉၆၁ ခုနှစ် တောင်ကြီးတွင် ကျင်းပခဲ့သော ပြည်နယ်များ ညီလာခံတွင် ပထစတိုင်းရင်းသားဝန်ကြီးများ၊ ဖဆပလ (တည်မြဲ) ဝင် တိုင်းရင်းသားခေါင်းဆောင်များသည် မိမိတို့ ပါဝင်နေသော ပါတီအဖွဲ့အစည်းများ၏ လမ်းစဉ်အတိုင်း ပြောဆိုလုပ်ဆောင်ခဲ့သည်များက ထင်ထင်ရှားရှား သာဓကပြလျက် ရှိခဲ့သည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ တိုင်းရင်းသားလူမျိုးများသည် မိမိတို့ တိုင်းရင်းသား အကျိုးစီးပွားကို ဆောင်ရွက်ရာတွင် မိမိကိုယ်ကိုမိမိ အားကိုး၍ တိုင်းရင်းသားအချင်းချင်း ပူးပေါင်းခြင်းသာလျှင် အကောင်းဆုံး ဖြစ်ပေသည်။ ပြည်မရှိ ပါတီများနှင့် သာတူညီမျှသော အခွင့်အရေး၊ တိုင်းရင်းသားများ ရပိုင်ခွင့်များကို ဆောင်ရွက်နိုင်မှုအပေါ် လေ့လာသုံးသပ် တပ်ပေါင်းစု ဖွဲ့စည်းပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း။

တင်ပြသူ

နိုင်ငွေသိမ်း

(တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးလှုပ်ရှားမှုတွင် ဆယ်စုနှစ် ၄ စု ပါဝင်ခဲ့သူ)

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး မွန်ပြည်သစ်နှင့် စစ်အစိုးရတို့ ထပ်မံတွေ့ဆုံမည်

တိုင်းရင်းသားအသံ

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး မွန်ပြည်သစ်နှင့် စစ်အစိုးရတို့ ထပ်မံတွေ့ဆုံမည်

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဇွန်လ ၁၁ ရက်၊ ၂၀၁၀ ခုနှစ်။

မပြေလည်သေးသော နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီ (NMSP) နှင့် စစ်အစိုးရတို့ ယခုလ (၁၅) ရက်နေ့တွင် ထပ်မံဆွေးနွေးရန်ရှိသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာအခြေစိုက် စစ်ဗျူဟာ(၃) ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းဌေးဦးဆောင်၍ မွန်ပြည်သစ်အဖွဲ့ခေါင်းဆောင်ပိုင်းကို ခေါ်ယူတွေ့ဆုံရန် အရှေ့တောင်တိုင်းစစ်ဌာန ချုပ် (ရတခ) က အမိန့်ပေးထားသည်ဟု ကြားသိရကြောင်း မွန်ပြည်သစ်နှင့် နီးစပ်သူ တစ်ဦးက ယခုလို ပြော သည်။

“အရှေ့တောင်တိုင်းကနေပြီးတော့ ဒီကဗျူဟာမှူးကို အမိန့်ပေးလာတယ်။ ဘုရားသုံးဆူကိုလာဖို့။ လာ ပြီးတော့ ဒီမှာရှိတဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေကို နယ်ခြားစောင့်တပ်အဖြစ် လက်ခံဖို့ နောက်ဆုံး စကားပေါ့ဗျာ။ လက်မခံဘူးဆိုရင်တော့ သူတို့စစ်ရေးနဲ့ အရေးယူမယ် ဆိုတဲ့အကြောင်းကို ပြတ်ပြတ် သားသား လာပြောခိုင်းတယ်။”

မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်ချေးမွန်ကတော့ မည်သည့်ကိစ္စ ဆွေးနွေးမည်ကို တရားဝင် အကြောင်း ကြား လာခြင်းမရှိသေးကြောင်း ယခုလိုပြောသည်။

“ကျနော်တို့လည်းရထားတယ် အဲဒီကိစ္စလေ။ ကျနော်တို့ တခြားနေရာတစ်ခုက ရထား တယ်။ အစအ နတော့ရှိတယ်။ ဒါပေမယ့် သူတို့ဖက်ကတော့ ဘာမှမပြောလာသေးဘူး ခင်ဗျ။ သူတို့ SPDC ဖက်က ဘာမှအကြောင်းမကြားလာသေးဘူး။”

မွန်ပြည်သစ်ပါတီ အနေဖြင့် ယခင် သဘောထားအတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု ၎င်းက ဆက်ပြော သည်။

“မွန်ပြည်သစ်သဘောထားကတော့ အပြောင်းအလဲ မရှိတော့ဘူးခင်ဗျ။ ကျနော်တို့ပြောထားတဲ့အတိုင်း ပဲ ရပ်တည်ကြမှာပါ။ ဒါပေမယ့် သူတို့ကလာပြီးတော့ လုပ်ပြီဆိုတော့လည်း ကျနော်တို့က ကာကွယ်ရ မှာပေါ့။”

မွန်ပြည်သစ်ပါတီအနေနှင့် နယ်ခြားစောင့်တပ်နှင့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့စည်းရေးကိုလက်မခံနိုင်ကြောင်း စစ် အစိုးရအား လွန်ခဲ့သည့် ဧပြီလကတည်းက ငြင်းဆိုခဲ့ပြီးဖြစ်သည်။

မွန်ပြည်သစ်ပါတီအနေနှင့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပါတ်သက်၍ လူထု သဘောထားအတိုင်း ဆက် လက်ရပ်တည်သွားမည်ဟု မွန်ပြည်သစ်နှင့် နီးစပ်သူက သုံးသပ်ပြောဆိုသည်။

“သူတို့က ခနခနငြင်းထားတာပဲ။ နောက်ပြီးတော့ လူထုဆန္ဒခံယူထားတော့လည်း လက်မခံဖို့ပြောထား တယ်လေ။ အခုချိန်မှ အသွင်ပြောင်းရင်တော့ လူထုနဲ့ သူတို့နဲ့ ကွဲမှာပေါ့။”

မွန်ပြည်သစ်ပါတီ (NMSP) တပ်ဖွဲ့အား ၁၉၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲခဲ့သည်။

Monday, June 7, 2010

မောင်သန်းရွှေတို.ဇိမ်းခံနေတဲ့ နတ်ဘုံအိမ်

မောင်သန်းရွှေတို.ဇိမ်းခံနေတဲ့ နတ်ဘုံအိမ်

















ိုင်းရင်ားးအသ

Tuesday, June 1, 2010

ကရင်နီးခေါင်းဆောင် ဗိုလ်ချုပ်မန်းအောင်သန်းလေး ကွယ်လွန်

တိုင်းရင်းသားအသံ
ကရင်နီးခေါင်းဆောင် ဗိုလ်ချုပ်မန်းအောင်သန်းလေး ကွယ်လွန်

ဗိုလ်ချုပ်အောင်သန်းလေးကိုတိုင်းရင်းသားအသံမှအလေပြုလိုက်ပါသည်၊ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူထပ်မျှကြေးကွဲ
ဝမ်နည်ပါကြောင်း တိုင်းရင်းသားအသံမှအသိအမှတ်ပြုတင်ပြပါသည်။


လူကြီးရောဂါနဲ.မနေ.မနက်ပိုင်း (၅)နာရီခွဲတွင်မယ်ဟောင်ဆောင်ဆေးရုံမှာကွယ်လွန်သွားပါသည်၊သူ၏ဈာပနကို လာမည့် ဇွန်လ(၃)ရက်နေ.မှာကရင်နီးဒုက္ခသည်စခန်း၊အမှတ်(၂)၌ကျင်းပသွားမည်ဖြစ်သည်၊

သတင်းအပြည့်အစုံကို ကရင်သတင်းဌာနမှကူယူဖော်ပြထားပါသည်၊



မေလ ၃၁ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအဲန်ပီပီ)၌ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဗဟိုအမြဲတမ်းကော်မတီဝင် ၀ါရင့် တော်လှန်ရေးခေါင်းဆောင် ဗိုလ်ချုပ်မန်းအောင်သန်းလေးသည် ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်မြို့၊ Srisanwarn ဆေးရုံ၌ ယနေ့ မနက် ၅နာရီခွဲတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

အသက် ၈၁နှစ်အရွယ်ရှိ ဗိုလ်ချုပ်မန်းအောင်သန်းလေးသည် မောပမ်းသည့်ဒဏ်ကို တစ်လအကြာ ခံစားခဲ့ရပြီးနောက် ယခုလို ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ၎င်းကွယ်လွန်သွားခြင်းသည် ကရင်နီအမျိုးသားအတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ကြောင်း ကေ အဲန်ပီပီ အတွင်းရေးမှူး(၁) ခူဦးရယ်က ကေအိုင်စီကို ယခုလို ပြောသည်။

“၆၂နှစ်သော ကရင်နီ ခုခံတော်လှန်ရေးကာလတလျှောက်မှာ ရှားရှားပါးပါး ပါဝင်လာခဲ့တဲ့ သူလိုခေါင်းဆောင်တဦး ဆုံးရှုံးသွား တာဟာ ကျနော်တို့ ကရင်နီတမျိုးသားလုံးအတွက် ကြီးမားတဲ့ နစ်နာမှုတခုပါ။ ဒါ့အပြင် မြန်မာပြည်ပြဿနာ ပြေလည်ဖို့ ကြိုး ပမ်းတဲ့နေရာမှာ သူဟာ အဓိက ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့အတွက် မြန်မာပြည်သူအားလုံးအတွက်လည်း ဆုံးရှုံးမှု တစ်ရပ်ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

ဆက်လက်၍ ခူဦးရယ်က သူသည် ကရင်နီတော်လှန်ရေး၌ ဦးဆောင်ဦးရွက်အခန်းကဏ္ဍတွင် လူမျိုးရေး ခွဲခြားမှုမရှိဘဲ မြန်မာ နိုင်ငံ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ယုံကြည်ချက် ခိုင်ခိုင်မာမာထားပြီး တိုင်းရင်းသား တော်လှန်ရေး မဟာ မိတ်အဖွဲ့အစည်းများနှင့် လက်တွေ့ကြိုးပမ်းလုပ်ဆောင်ခဲ့သူတဦးလည်း ဖြစ်သည်ဟု ရှင်းပြသည်။

ဗိုလ်ချုပ်မန်းအောင်သန်းလေးနှင့် တော်လှန်ရေးလုပ်ဖော်ကိုင်ဖက်ဖြစ်သူ ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ဗိုလ် မှူးကြီးခွန်ဥက္ကာက “ဗိုလ်ချုပ်ဟာ ရန်သူ(စစ်အစိုးရ)အပေါ် အင်မတန် သဘောထားပြတ်သားတယ်။ ဇွဲကောင်းတာ၊ လက်နက် ချ အညံ့ခံတာ၊ ရန်သူနဲ့ စေ့စပ်ရေးလုပ်တာ မကြိုက်ဘူး။ အထူးသဖြင့် တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပေါ်မှာတော့ သူ ပိုပြီး အလေးထားတယ်။ နောက် ကရင်နီပြည်ကို ဖယ်ဒရယ်ပြည်နယ်အဖြစ် ပေါ်လစီပြောင်းဖို့ ဆုံးဖြတ်ခဲ့ တာလည်း သူပါ။ သူ ဒီလိုကွယ်လွန်သွားတာ ကျနော်တို့ တော်လှန်ရေးအတွက် ဆုံးရှုံးမှုကြီးတခုပေါ့”ဟု ဆိုသည်။

မန်းအောင်သန်းလေးသည် ကရင်နီပြည်ထောင်စုအစိုးရ၏ ၀န်ကြီးချုပ်အဖြစ် ၁၉၉၂-၁၉၉၆ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၀၁-၂၀၀၅ခု နှစ်တွင်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၁-၂၀၀၅ခုနှစ်အထိ (ကေအဲန်ပီပီ) ဥက္ကဌအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။

အဖ စောဒီး၏ သားဖြစ်သူ ဗိုလ်ချုပ်မန်းအောင်သန်းလေးကို ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ယောင်တောကျေးရွာတွင် ၁၉၁၉ခု နှစ်က ဖွားမြင်ခဲ့ပြီး ၎င်းကွယ်လွန်ချိန်တွင် ဇနီးနော်ကိုးရီးနှင့် သားသမီး ၈ဦး ကျန်ရစ်ခဲ့သည်။

လာမည့် ဇွန်လ ၃ရက်နေ့တွင် ဗိုလ်ချုပ်မန်းအောင်သန်းလေး၏ ဈာပနကို ကရင်နီဒုက္ခသည် အမှတ်(၂)စခန်း၌ ပြုလုပ်သွားမည် ဟု သိရသည်။

Friday, May 28, 2010

At least 80 killed in Lahore attacks ပါကစ္စတန်အကြမ်းဖက်မှု

တိုင်းရင်းသားအသံ
At least 80 killed in Lahore attacks
ပါကစ္စတန်အကြမ်းဖက်မှု







Thursday, May 27, 2010

ဗာဖလိုမြို.မှာကျင်းပပြီးစီးသွားသည့် အပြည်ပြည်ဆိုင်ရာညီလာခံကြီးကို ကြည့်ရှူကြပါ၊

တိုင်းရင်းသားအသံ
ဗာဖလိုမြို.မှာကျင်းပပြီးစီးသွားသည့် အပြည်ပြည်ဆိုင်ရာညီလာခံကြီးကို ကြည့်ရှူကြပါ၊




Sunday, May 23, 2010

သမိုင်းဝင်သျှမ်းပြည်တော်လှန်ရေးနေ့ကျင်းပ

တိုင်းရင်းသားအသံ

သမိုင်းဝင်သျှမ်းပြည်တော်လှန်ရေးနေ့ကျင်းပ

Friday, 21 May 2010 21:11 ယင်းမွေခေါဝ်

လွယ်တိုင်းလျဲန်းအခြေစိုက် SSA တောင်ပိုင်း နှင့် အပစ်ရပ် SSA မြောက်ပိုင်း တပ်မဟာ ၁ တို့ ၅၂ နှစ် မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားကို ပြုလုပ်ကျင်းပကြကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ မေ ၂၁ ရက်တွင် ကျရောက်သော သမိုင်းဝင် ၅၂ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ကို ဂုဏ်ပြု သောအားဖြင့် လွယ်တိုင်းလျဲန်း၌ တိုင်းပြည်အတွက် အသက်သွေးချွေးစွန့်လွှတ်ခဲ့သော အာဇာနည် ရဲဘော်များအား အလေးပြုပြီး စစ်ရေးပြအခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်။ သက်စွန့်စစ်သည်များအား ရည်စူး၍ ရဟန်းသံဃာသူမြတ်တို့ကို ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ အခမ်းအနားသို့ ရပ်နီးရပ်ဝေးမှ ပြည်သူ လူထုများလည်း တက်ရောက်ကြသည်။

စစ်ရေးပြချီတက်စဉ်

နအဖမှ တောင်းဆိုထားသော ပြည်သူ့စစ်အသွင်ပြောင်းရေး လက်ခံခြင်း မရှိသေးသည့် ဗိုလ်ချုပ်ပန်ဖှ ခေါင်းဆောင်သော အပစ်ရပ်သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ တွင်လည်း ၅၂ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့်စစ်ရေးပြအခမ်းအနားကျင်းပ ကြောင်း၊ တိုင်းပြည် အတွက် အသက်သွေးချွေးစွန့်လွှတ်ခဲ့သော အာဇာနည်ရဲဘော်များနှင့်ငြိမ်းချမ်းရေးရယူပြီး နောက် နအဖတပ်၏ ဖမ်းဆီးညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုခံခဲ့ကြရသော ရဲဘော်များကို အလေးပြုကြကြောင်း၊ ၎င်းတို့အားရည်စူး၍ ရဟန်းသံဃာအရှင်သူမြတ်တို့ကို ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း စုံစမ်းသိရှိရ သည်။

အမျိုးသမီးစစ်သည်များစစ်ရေးပြစဉ်


အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ ခေါင်းဆောင် ဗိုလ်ချုပ်ပန်ဖှမှ စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်ထံ မေ ၁၁ ရက်နေ့တွင် စာရေးသားပေးပို့ခဲ့သည်ဟုလည်း သိရှိရသည်။

ဗိုလ်ချုပ်ပန်ဖှက “အမှိုက်ကစ ပြဿဒ်မီးလောင် မဖြစ်ချင်တာကြောင့် ကျနော်တို့ သည်းခံလာခဲ့ရတာလည်း ကြာခဲ့ပြီ။ နအဖစစ်တပ်က အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်သားတွေဖြစ်မှန်းသိသိကြီးနဲ့ လာပြီး တိုက်ခိုက်တယ်။ ကျနော့်တပ်သားတွေကိုလဲ ဖမ်းဆီးညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တယ်”ဟု ပြောကြား ခဲ့သည်။

၁၉၉၇ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် သီပေါမြို့နယ်အတွင်းရောက်ရှိနေသော အပစ်ရပ် SSA တပ်မဟာ ၁၆ မှ စစ်သည် ၆ ဦးအား နအဖစစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

၂၀၀၀ပြည့်နှစ် ဇွန်လ ၂၃ ရက်နေ့တွင်လည်း အပစ်ရပ် SSA တပ်မဟာ ၁ ကို နအဖစစ်တပ်က တိုက်ခိုက်ခဲ့သည်။ SSA ဖက်မှ စစ်သည်များက နအဖ လူမှားပစ်ခတ်သည်ဟု ယူဆပြီး ထိပ်တိုက် မဖြစ်ချင်သောကြောင့် နောက်ဆုတ်ပေးခဲ့သည်။ SSA မှ စစ်သည်နှစ်ဦးကိုလည်း နအဖက ဖမ်းဆီးရမိ၍ နှိပ်စက်ညှင်းပန်းပြီးမှ သတ်ဖြတ်ခဲ့သည်။

အပစ်ရပ် SSA မြောက်ပိုင်းသည် နအဖဖက်မှနေ၍ စိန်ကျော့၊ ၀မ်ဟိုင်း၊ နမ့်လောင်း၊ မိုင်းဟ၊ မိုင်းဟိုင်းတို့တွင် စ၀်ခွန်ဆာ ဦးဆောင်သော MTA တပ်ဖွဲ့ကို ကူတိုက်ခိုက်ပေးခဲ့ဖူးသည်။

Tuesday, May 18, 2010

မြန်မာသတင်းထောက်ကိုရှပ်နီးတွေစော်ကားနေပုံ(ဗွီဒီအို)

တိုင်းရင်းသားအသံ
မြန်မာသတင်းထောက်ကိုရှပ်နီးတွေစော်ကားနေပုံ(ဗွီဒီအို)

ဧရာဝတီသတင်းထောက်ဟုယုံကြည်ရသောမြန်မာသတင်းထောက်တစ်ယောက်၊ရှပ်နီလုံခြုံရေးအစောင့်များ၏ကိုယ်ထိလက် ရောက်စော်ကားနေပုံ၊

တိုင်းရင်းသားအသံ
ဧရာဝတီသတင်းထောက်ဟုယုံကြည်ရသောမြန်မာသတင်းထောက်တစ်ယောက်၊ရှပ်နီလုံခြုံရေးအစောင့်များ၏ကိုယ်ထိလက် ရောက်စော်ကားနေပုံ၊

မြန်မာအမျိုးသမီးသည် ဧရာဝတီသတင်းဌာန၏လက်ရှိသတင်းထောက်သို.မဟုတ်ဧရာဝတီသတင်းထောက်အဟောင်းတစ် ယောက်ဖြစ်သည်ဟုထိုင်းသတင်းထောက်တွေကပြောဆိုနေကြပါသသည်၊ သူမသည် အန္တရာယ်ကင်းလွတ်ဇုံ၊ Pathumwanaram ပထုမ်ဝမ်နာရာမ် ဘုန်းကြီးကျောင်းမှာသတင်းစုံစမ်းနေချိန်မှာ ရှပ်နီအုပ်စုတွေအိမ်ပြန်ချင်တဲ့အကြောင်း၊ စသည့်သတင်းအစအနပါသောသတင်းရေသားချက်ကို လွယ်အိတ်ထဲမှာရှပ်နီအစောင့်တွေရှာဖွေတွေ.ရှိမှုကြောင့်ယခုလိုဖမ်းဆီးလိုက်တာဖြစ်ကြောင်းပြောပါသည်၊
အမျိုးသမီးသတင်းထောက်ဖမ်းဆီးခံရပြီးနောက် ရှပ်နီအစောင့်တွေက သူမကို ဇာတ်ခုံပေါ်မှာသယ်ဆောင်သွားဖို.ကြိုးစားနေ ပါသည်၊အခြားသောထိုင်းသတင်းထောက်တွေက သူမကိုကူညီဖို.ဘာမှမတတ်နိုင်ပဲဖြစ်နေတယ်၊

Monday, May 17, 2010 11:33:54 PM
tukky_nt: Reds attacked Burmese journalist from Irrawady in Pathumwanaram Temple, claiming she distorted information reds wanted to go home:INN
Monday, May 17, 2010 11:32:34 PM
veen_NT: RT @suthichai: RT @jin_nation: TR @satien_nna: The Burmese journo is brought to Rajprasong stageี -http://tweetphoto.com/22910119
Monday, May 17, 2010 11:31:45 PM
veen_NT: RT @suthichai: RT @Orapim_NMG: TR @satien_nna: the Burmese journo photoี http://tweetphoto.com/22909814
Monday, May 17, 2010 11:31:14 PM
veen_NT: A Burmese journo intv women/kids at (weapon-free zone) at Wat Pathumwanaram was physically attacked by #redshirt protesters. TR @yoware
Monday, May 17, 2010 11:30:08 PM
tulsathit: INN says a Burmese female reporter has been assaulted inside Pathumwanaram Temple, the temporary red shelter.
Monday, May 17, 2010 11:29:35 PM



Friday, May 7, 2010

ပလက်ဝမြို့နယ်တွင် ရခိုင်အမျိုးသမီး တဦးကို စစ်တပ်က မုဒိမ်းကျင့်

တိုင်းရင်းသားအသံ

ပလက်ဝမြို့နယ်တွင် ရခိုင်အမျိုးသမီး တဦးကို စစ်တပ်က မုဒိမ်းကျင့်

နိရဉ္စရာသတင်းဌာနမှကူးယူဖော်ပြသည်၊

5/7/2010

ပလက်ဝ မြို့နယ်မှ အသက် ၁၈ အရွယ် ရခိုင်အမျိုးသမီး တဦးကို စစ်တွေမြို့နယ် ပါဒလိပ် ကျေးရွာ အခြေစိုက် ခမရ ၂၃၂ မှ ဗိုလ် တဦးက မုဒိမ်းကျင့်ခဲ့ကြောင့် ဗမာပြည် လွှတ်မြောက်ရေး ရိန်းဂျားအဖွဲ့၏ သတင်း တပုဒ်အရ သိရသည်။

မုဒိမ်းကျင့်ခံရသော အမျိုးသမီး၏ အမည်အား သူမ၏ လုံခြုံရေးအတွက် ဖေါ်ပြ မထားသော်လည်း သူမအား မုဒိမ်းကျင့်သူမှာ ခမရ ၂၃၂ မှ ဒုဗိုလ် ဘိုအောင် ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ဧပြီလ ၈ ရက်နေ့က ပလက်ဝမြို့နယ် အတွင်းရှိ ရခိုင်ကျေးရွာ တစ်ရွာတွင် ဖြစ်ပွားခဲ့သည်ဟု အဆိုပါ သတင်းက ဆိုသည်။

Arakanese Womenဖြစ်စဉ် အသေးစိတ်ကို ဖေါ်ပြရာတွင် အဆိုပါ ရခိုင်အမျိုးသမီးငယ်သည် တခြား အဖေါ်နှစ်ဦးနှင့် အတူ ဟင်းသီး ဟင်းရွက် ရှာဖွေရန် သွားစဉ် ဘိုအောင်နှင့် စစ်သား နှစ်ဦးတို့ နောက်မှ လိုက်လာသည်ကို သိရှိပြီးနောက် ရှောင်ရှားရန် ကြိုးစားစဉ် ဘိုအောင်နှင့် စစ်သားများမှ သူတို့ကို ရပ်တန့်ခိုင်းခဲ့ကြောင်း၊ သို့သော်လည်း အမျိုးသမီးများက စစ်သားများကို ကြောက်သဖြင့် မရပ်တန့်ဘဲ ဆက်လက် လျှောက်သွားရာ စစ်သား တဦးမှ နောက်မှ အပြေးလိုက်လာပြီး သေနတ်နှင့် ချိန်ရွယ်ကာ ရပ်တန့်ခိုင်းခဲ့ကြောင်း၊ ထိုအထဲမှ အမျိုးသမီး နှစ်ဦးမှာ လွှတ်မြောက်သွားသော်လည်း အသက် ၁၈ နှစ်အရွယ် အမျိုးသမီးမှာ မလွတ်မြောက်နိုင်ဘဲ အသာရမက် ငမ်းငမ်းတက်နေသော နအဖ စစ်သားများ၏ လက်တွင်းသို့ ကျရောက် သွားခဲ့ရကြောင်း ဖေါ်ပြသည်။

ယခုကဲ့သို့ နအဖ စစ်သားများ၏ ဗလက်ကာယ ပြုကျင့်မူကို အဆိုပါ ထွက်ပြေး လွှတ်မြောက် သွားသော အမျိုးသမီး နှစ်ဦးမှ ကျေးရွာ ဥက္ကဌသို့ တိုင်ကြားခဲ့ကြောင်း၊ ကျေးရွာ ဥက္ကဌမှာလည်း အဆိုပါ မုဒိမ်းမူအား စစ်တပ် အထက် အရာရှိများသို့ မတိုင်ကြားဝံ့သဖြင့် ရွာဘုန်းတော်ကြီး ကျောင်းမှ ဆရာတော်အား အကြောင်းကြားခဲ့ကြောင်း၊ ၎င်းနောက်ပိုင်းတွင် ဆရာတော်က အဆိုပါ တပ်ဖွဲ့မှ ဗိုလ်မှူး အောင်ဆွေအားတိုင်ကြားခဲ့ကြောင်း၊ ဗိုလ်မှူး အောင်ဆွေမှ အဆိုပါ ပြဿနာအား ဖြေရှင်းပြီး သက်ဆိုင်သူ ဘိုအောင်ကို အရေးယူပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ယခုအချိန်ထိ တစုံတရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း ဖေါ်ပြသည်။

ဒုဗိုလ် ဘိုအောင်မှာ မကြာခဏ ကျေးရွာသားများထံမှ ဆက်ကြေးငွေ တောင်းခံလေ့ရှိပြီး မပေးနိုင်သူ ကျေးရွာသားများကို အမြဲတန်း နှိပ်စက် ညှဉ်းပမ်းမူများ ပြုလုပ်သူ ဖြစ်သည်ဟု သိရသည်။

ဒုဗိုလ် ဘိုအောင်သည် ဧပြီလ ၇ နေ့ကလည်း သူတောင်းသော ကြက်ကို မပေးနိုင်သူ ကျေးရွာသား တဦးကို သတိမေ့သွားအောင်ထိ အပြင်း အထန်ရိုက်ပုတ်ပြီး သေနတ်နှင့် ပစ်ခတ်ကြောင်း၊ သေနတ် မပေါက်သဖြင့် နောက်ထပ် ပစ္စတိုနှင့် ပစ်ခတ်ရန် ပြုလုပ်စဉ် ရွာသား တဦးကြက်ဖြင့် ရောက်လာသဖြင့် ဘိုအောင်မှ ကြက်ကို ယူပြီး ထိုနေရာမှ ထွက်ခွာ သွားကြောင်း အဆိုပါ သတင်းတွင် ဖေါ်ပြသည်။

၎င်းပြင် ခမရ ၂၃၂ သည် အဆိုပါ ဒေသတွင် ယခုအခါ နှင်းမိုင်းများကိုလည်း ကျယ်ကျယ် ပြန့်ပြန့်ထောင်နေသည်ဟု သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရခိုင်ကျေးရွာများ အများအပြား တည်ရှိရာ ရခိုင် အမျိုးသမီးများ အနေဖြင့် ရှေ့တန်းထိုင် နအဖ စစ်သားများ၏ အနှောင့်အယှက် လုပ်မူကို မကြာခဏ ခံနေကြပြီး လွန်ခဲ့သောနှစ် အနည်းငယ်ကလည်း ရခိုင်အမျိုးသမီး တဦးမှာ နအဖ စစ်သားများ၏ အုပ်စုလိုက် မုဒိမ်းကျင့်မူကို ခံရပြီး သေဆုံးသွားခဲ့သည်။

န၀တ စစ်အစိုးရ အာဏာ သိမ်းပြီးနောက်ပိုင်း ၁၉၉၀ ပတ်ဝန်းကျင်တွင် အဆိုပါ ပလက်ဝမြို့နယ် အတွင်းရှိ ရခိုင်ကျေးရွာများတွင် ဗမာ စစ်သားများက မီးပုံပွဲများ ပြုလုပ်၍ အရက်များ သောက်ကာ လင်ရှိ - လင်မရှိ အမျိုးသမီးများကို အတင်း ခေါ်ယူပြီး ညစဉ် ညတိုင်း မီးပုံပွဲ လုပ်ကာ စစ်သားများနှင့် ကခိုင်း သဖြင့် အနည်းဆုံး ရခိုင်ကျေးရွာ (၅) ရွာမှာ ပြိုပျက်သွားပြီး အိန္ဒိယ ဘက်သို့ ထွက်ပြေးခဲ့ကြသည်။

ထိုကျေးရွာများမှာ ပုန်းညင်းဝ၊ စတင်ဝ၊ ပကာဝ၊ ငွေလက်ဝ စသည့် ရခိုင်ကျေးရွာ ၄ ရွာနှင့် တခြား ကျေးရွာ တရွာမှာ လောင်းကတူး မြုံကျေးရွာ ဖြစ်သည်။

ထိုစဉ်က ပုန်းညင်းဝရွာတွင် နေထိုင်ခဲ့သူ ကိုရဲလင်းအောင်က စစ်သားများ နိုင်ထက် စီးနှင်း ပြုလုပ်မူကို ယခုကဲ့သို့ ပြန်ပြောသည်။

“အဲဒီတုန်းက ကျွန်တော် အသက်ဟာ ၁၄ နှစ်ရှိပါတယ်။ ကျွန်တော်တို့ မိသားစုက အဲဒီတုန်းက အိန္ဒိယနဲ့ မြန်မာ နယ်စပ် ပုန်းညင်းဝ နေပါတယ်။ ကျွန်တော် အထက်က အသက် ၁၇ အရွယ် အစ်မ တဦးရှိပါတယ်။ ရွာသားတွေဟာ စစ်သားတွေ လာတော့မယ်ဆိုရင် ထင်းတွေ စုပုံ ထားရပါတယ်။ တအိမ်ထောင်က အရက် ၂ ပုလင်းနဲ့ ကြက်တကောင်စီ စုထားရပါတယ်။ အဲဒါတွေအားလုံးဟာ စစ်သားတွေ လာတဲ့အခါ သူတို့ ပျော်ပါးဖို့ စီစဉ်ပေးထားရတာ ဖြစ်ပါတယ်။ သူတို့လာတော့မယ် ဆိုရင် အသက် ၄၀ အောက် လင်ရှိ မိန်းမရော လင်မရှိတဲ့ အပျိုအရွယ် မိန်းမရော ရွာမှာ နေပေးရပါတယ်။ မနေရင် သူတို့က ပြောက်ကျားတွေနဲ့ အဆက်အသွယ် ရှိတယ်လို့ စွပ်စွဲပြီး လူကြီးတွေကို ဖမ်းဆီး ရိုက်နှက် ပါတယ်။ စစ်သားတွေ ရွာကို ရောက်လာတဲ့ ညကျရင် ရွာသားတွေက ထင်းတွေနဲ့ မီးဖိုပေးရပြီး စစ်သားတွေက အရက်တွေ သောက်ပြီး ရွာက မိန်းမတွေနဲ့ မိုးအလင်း တွဲက ကြပါတယ်။ ကတဲ့ အခါမှာလည်း မဖွယ်မရာတွေ လုပ်ပါတယ်။ ရွာသားတွေ အကုန်လုံး လာပြီး မီးပုံပွဲမှာ လက်ခုတ် တီးပေးရပါတယ်။ စစ်သားတွေ ပြောတာကတော့ ဒေသ လူထု စည်းရုံးရေး အတွက် လုပ်တယ်လို့ ပြောပါတယ်။ တချို့ယောင်္ကျားတွေဟာ ကိုယ့်မိန်းမ စစ်သားတွေနဲ့ ကနေတာကို မမြင်ချင်ပေမယ့် လက်ခုတ်တီးပြီး အားပေးရပါတယ်။ မဟုတ်ရင် အသတ်ခံရနိုင်ပါတယ်။ ကျွန်တော် အစ်မလည်း စစ်သားတွေနဲ့ ကရပါတယ်။ တနေ့တော့ စစ်သားတွေ လာမယ် ဆိုတာကို သိတော့ ကျွန်တော် အစ်မက စစ်သားတွေနဲ့ မကချင်တာကြောင့် ကျွန်တော်ကို ခေါ်ပြီး တခြား အနီးအနားက ရွာ တရွာကို ထွက်ပြေးခဲ့ကြပါတယ်။ အဲသလို ထွက်ပြေးသွားတာကို သိတဲ့အတွက် စစ်သားတွေဟာ ကျွန်တော့် အဖေကို လက်ပြန်ကြိုး တုတ်ပီး အပြင်းအထန် ရိုက်နှက်ပါတယ်။ ဒဏ်ငွေလည်း တထောင် တပ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ မိသားစုတွေ အပါအ၀င် ရွာသားတွေ အကုန်လုံးဟာ အိန္ဒိယ ဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။” ဟု ပြောသည်။

ပလက်ဝမြို့နယ်မှာ ချင်းပြည်နယ်ထဲတွင် တည်ရှိသော်လည်း အဆိုပါ မြို့နယ်တွင် ရခိုင်ကျေးရွာ အများ အပြားတည်ရှိသည်။ အထူးသဖြင့် အိန္ဒိယ နယ်စပ် တလျှောက်တွင် တည်ရှိသော ရခိုင်ကျေးရွာများတွင် ယခုကဲ့သို့ နဖအ ဗမာ စစ်သားများ၏ နိုင်ထက်စီးနှင်း လုပ်မူကို အမျိုးသမီးများ အနေဖြင့် ခံနေကြရသည်ဟု သိရသည်။

နယ်ခြားစောင့်တပ်နှင့်ပတ်သက်၍ ဝံပုလွေတပ်ကိုယ်စားလှယ်များနှင့်ဆက်လက်ဆွေးနွေးခြင်းကိုရပ်နာသင့်ပြီ

တိုင်းရင်းသားအသံ
နယ်ခြားစောင့်တပ်နှင့်ပတ်သက်၍ ဝံပုလွေတပ်ကိုယ်စားလှယ်များနှင့်ဆက်လက်ဆွေးနွေးခြင်းကိုရပ်နာသင့်ပြီ

လွတ်လပ်ရေးရပြီးခါစမှငြိမ်းချမ်းရေးယူခဲ့သည့်အချိန်အထိအိပ်မက်တောင်မမက်ဘူးသည့်နယ်ခြားစောင့်ဆိုသည့် ၂၀၀၉ ခုနှစ် နောက်ဆုံးပေါ်စကားလုံးအသုံးအနှုန်းဖြင့် တိုင်းရင်းသားတပ်ဖွဲ.များအားစစ်ရေးအခြေခံသောနိုင်ငံရေးတိုက်ပွဲတစ်ရပ်ပေါ်ပေါ က်လာနေသည်ကိုအားလုံးအသိပင်ဖြစ်သည်၊

စစ်အစိုးရတရားဝင်ဖြစ်နိုင်ရေး၊စစ်တပ်ပါလီမာန်အစိုးရတည်ဆောက်နိုင်ရေးနှင့်အကြွင်းမဲ့အာဏာချုပ်ကိုင်နိုင်ရေးစသည့်နိုင်ငံ ရေး၊လူမျိုးရေး၊နှင့်ပတ်သက်ဆက်နွယ်သည့်အရေးများအောင်မြင်နိုင်ရန်နည်းလမ်းများရှာဖွေသည့်အထဲမှာတိုင်းရင်းသားများ ကိုနယ်ခြားစောင့်တပ်လုပ်ရမည်၊လက်နက်ချရမည်ဆိုပြီးတစိုက်မတ်မတ်ဖိအားပေးလာသည်၊ဤမူဝါဒအထမြောက်ရေးအတွ
က် လိမ်လည်ဆွေးနွေးခြင်း၊အင်းအားသုံးခြိမ်ခြောက်ခြင်း၊ဝါဒဖြန်.စည်းရုံးခြင်း၊ယုတ္တိကင်းမဲ့သောကတိစကားများပေးထားခြင်း စသည့်လုပ်ဆောင်ချက်များပါဝင်သည်၊

ထို.သို.လုပ်ဆောင်နေခြင်းကြောင့် တိုင်းရင်းသားခေါင်ဆောင်များသည် ခေါင်းသာရှိပြီးဦးနှောက်မရှိသကဲ့သို.အထင်သေးပြီး ပြောဆိုဆက်ဆံလာခြင်းကိုလည်း တစ်ခါတစ်လီတွေ.ရသေးတယ်၊သို.သော်၊ရေကုန်ရေကန်နောက်ဆုံးပိတ်ရက်ရောက်လာ သော် တိုင်းရင်းသားတပ်ခေါင်းဆောင်များက တစ်ညီတစ်ညွတ်တည် သဘောရှိနေပြီး နယ်ခြားစောင့်တပ်ကိုစုပေါင်းငြင်းပယ် နေခြင်းအပေါ်စစ်အစိုးရအတွက်အံ့သြစရာဖြစ်လာပါသည်၊ စစ်မဟာမိတ်ဖွဲ.ပြီးဝိုင်းတိုက်ကြမည်ကိုလည် စစ်အစိုးရကအိပ်မ ရလောက်အောင်စိုးရိမ်နေရသည်၊စစ်အစိုးရသည် စစ်အင်းအားပြပြီးစစ်ရေးခြိမ်ခြောက်နေပေမဲ့ တကယ်စစ်ဖြစ်လာရင်သူမ သာကိုယ်မသာအခြေအနေလောက်ပင်ဖြစ်လိမ့်မည်၊

ထို.ကြောင့်၊ စစ်အစိုးရက စစ်ရေးဖြင့်အရေးယူခြင်းကို ခဏရပ်နာထားပုံရပြီး သွေးခွဲမှုစည်းရုံးရေးနည်းနာတွေကိုသာဦးစား ပေးလုပ်ဆောင်နေပုံရသည်၊နယ်ခြားစောင့်တပ်နောက်ဆုံးရက်အထပ်အထပ်အခါအခါရွှေ.ပေးနေခြင်း၊အချိန်ဆွဲခြင်းကိုကြည့် ခြင်းအားဖြင့်း ဗမာစစ်အခေါင်းဆောင်များမရိုသားဘူးဆိုတာထင်ရှားနေပါသည်၊စစ်အစိုးရသည် တရားဝင်အစိုးရမဟုတ်၊နယ် ခြားစောင့်တပ်စကားသည် လွတ်လပ်ရေးရယူအချိန်မှာသဘောတူထားခြင်းမရှိ၊ငြိမ်းချမ်းရေးရယူအချိန်တွင်ဆွေးနွေးပြော ဆိုထားခြင်းမရှိ၊လက်ရှိစစ်အစိုးရနှင့်ဆွေးနွေးသဘောညီချက်များသည်နောက်တက်လာမည့်အစိုးရကအသိအမှတ်ပြုမှာမ ဟုတ်၊ နယ်ခြားစောင့်တပ်စကားနှင့်ပတ်သက်၍ လက်ရှိစစ်အစိုးရနှင့်တွေ.ဆုံနေခြင်းသည် ဝံပုလွေကိုယ်စားများနှင့်ဆွေးနွေး နေခြင်းသာတူနေပြီး ဘာမှအဓိပ္ပါယ်မရှိပါ၊ကလိန်ကကျစ်ကိုစမ်းသပ်နေခြင်းသာဖြစ်ပါသည်၊

ဤအတောအတွင်းမှာ တိုင်းရင်းသားခေါင်းဆောင်ကိုလုပ်ကြံမည့်အစီအစဉ်လည်း ရှိနေပါသဖြင့်တိုင်းရင်းသားတပ်များအတွက်ကောင်ကျိုးရှိမည့်အစားဆိုးကျိုးများကိုသာဖြစ်ပေါ်မည့်အလာအလာရှိနေပါသည်၊ ထို.ကြောင့်၊ယင်းအကျိုးမရှိသည့်နယ်ခြားစောင့်တပ်အရေးနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးခြင်း၊အချိန်ဖြုန်းခြင်းတို.ကိုရပ် နာပြီး စစ်ရေးခုံခံနှိုင်ရေးနှင့်အစိုးရအသစ်အားနိုင်းငံရေးစကားဆက်လက်ဆွေးနွေးနိုင်ရေးအတွက်များကိုသာပြင်ဆင်ထား သင့်ကြောင်း တိုင်းရင်းသားအသံမှာတင်ပြအပါပါသည်။





Monday, May 3, 2010

၇ တန်းကျောင်းသူလေးအား နအဖရဲဘော်ဟောင်းအုပ်စု မုဒိမ်းကျင့်သတ်ဖြတ်

တိုင်းရင်းသားအသံ
၇ တန်းကျောင်းသူလေးအား နအဖရဲဘော်ဟောင်းအုပ်စု မုဒိမ်းကျင့်သတ်ဖြတ်

(၂၅၃) ကြိမ်မြောက်ဟံသာဝတီမွန်နေပြည်တော်ကျဆုံးသည့်နေ.အခမ်းအနားတစ်ရပ်ကို ထိုင်းနိုင်ငံ၊မဟာချိုင်းမှာမွန်အလုပ် သမားများစည်းကားစွာကျင်းပပြီးစီး၊

တိုင်းရင်းသားအသံ

(၂၅၃) ကြိမ်မြောက်ဟံသာဝတီမွန်နေပြည်တော်ကျဆုံးသည့်နေ.အခမ်းအနားတစ်ရပ်ကို ထိုင်းနိုင်ငံ၊မဟာချိုင်းမှာမွန်အလုပ် သမားများစည်းကားစွာကျင်းပပြီးစီး၊လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအကျပ်အတည်နှင့်ဗမာစစ်အစိုးရဖိအားပေးမှုအပေါ်မွန် ပြည်သစ်ပါတီဥက္ကဋ္ဌ ဗိုလ်ချုပ်ထော်မွန်ရှင်းလင်းတင်ပြ၊နယ်ခြားစောင့်တပ်မလိုလာတဲ့မွန်ပြည်သစ်ပါတီ၏ဆုံးဖြတ်ချက်ကို မွန်လူထုများတခဲနက်ထောက်ခံပြီး စစ်ပွားဖြစ်လာပါကလစဉ်ထောက်ပံ့ပေးနိုင်ရန်နည်းလမ်းရှာ၊

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.