တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Monday, March 21, 2011

ထမီဝတ်ဗမာစစ်ဗိုလ်များနဲ.ခရီးသွားမစ်မြန်မာတို.ပြိုင်ပွဲ

တိုင်းရင်းသားအသံ
ထမီဝတ်ဗမာစစ်ဗိုလ်များနဲ.ခရီးသွားမစ်မြန်မာတို.ပြိုင်ပွဲ





အ

Sunday, March 20, 2011

လိုနေတာကအကြီးစားပြည်တွင်းစစ်

တိုင်းရင်းသားအသံ
လိုနေတာကအကြီးစားပြည်တွင်းစစ်

ဤသုံးသပ်ချက်ကိုအီမေလ်ထဲဝင်လာတာပါ၊ဖြစ်နိုင်ချေရှိမရှိကိုတော့စာဖတ်သူတို.ဆင်ခြင်တရားအသိညာဏ်ဖြင့်သာဆုံးဖြတ်တော့၊အကျိုးအကြောင်းအကောင်းအဆိုးကိုတော့မိမိပညာဖြင့်သာအကဲအခတ်ကြပါ၊

http://www.scribd.com/full/51143358?access_key=key-14hmia78x8bwncjinwr4

All_You_Need_Is_Large_Scale_Civil_War_In_Burma

Saturday, March 19, 2011

ဗမာအာဏာရှင်သန်းရွှေတို.လိုဘဲမိုက်မဲခေါင်းမာနေတဲ့ကဒါဖီအာဏာရှင်တပ်ကိုမဟာမိတ်တပ်များကတိုးမဟော့ခ်မစ်ဆဲလ်အလုံးပေါင်း ၁၁၀ ဖြင့်စတင်ပစ်နေပြီ၊သန်းရွှေအလှည့်ရောက်မယ်၊ Next line is Burma dictator Than Shwe's troop. (ဗွီဒီုယို)

တိုင်းရင်းသားအသံ
ဗမာအာဏာရှင်သန်းရွှေတို.လိုဘဲမိုက်မဲခေါင်းမာနေတဲ့ကဒါဖီအာဏာရှင်တပ်ကိုမဟာမိတ်တပ်များကတိုးမဟော့ခ်မစ်ဆဲလ်အလုံးပေါင်း ၁၁၀ ဖြင့်စတင်ပစ်နေပြီ၊သန်းရွှေအလှည့်ရောက်မယ်၊ Next line is Burma dictator Than Shwe's troop. (ဗွီဒီုယို)



သန်းရွှေအာဏာရှင်အုပ်စုအလှည့်ရောက်မှာကိုစိုးရိမ်းနေတဲ့မဟာဝါဒီသမားတစ်ချို.ကစိတ်ဓါတ်စစ်ဆင်ရေးတိုက်ပွဲဖြင့်ဒီလိုရေးသားတယ်ဗျ၊ ”ဒါကတော့ လစ်ဗျားရဲ့ အချုပ်အခြာအာဏာကိုရော၊ ပြည်သူတွေကိုရော စော်ကားတာပါ၊ ငါတို့ လက်အောက်ခံ ဖြစ်ခဲ့ဘူးတာပဲဆိုတဲ့ အမြင်နဲ့ ပြည်တွင်းရေး ၀င်စွက်တာလို့ မြင်ပါတယ်။စစ်ဝင်တိုက်စရာမလိုပါဘူး။ လွတ်မြောက်လိုသူတွေကို အခြားနည်းနဲ့ပဲ အားပေးသင့်ပါတယ်။ ကိုယ်ကံကြမ္မာ ကိုယ်တိုင်သာ ဖန်တီးသင့်ပါတယ်။ အီရတ်နဲ့ အာဖဂန်မှာ အားကိုးလွန်တော့ ကိုယ့်လူမျိုးတွေပဲ ဒုက္ခ ပင်လယ်ဝေနေကြရတာ သင်ခန်းစာယူကြပါ။”

တိုင်းရင်းသားအသံကလည်းလက်ယာပြီးဒီလိုတုံ.ပြန်ပါတယ်၊ ”သန်းရွှေအာဏာရှင်တို.ပြုတ်ကျမှာကိုမင်းတို.တော်တော်ကြောက်နေကြပုံဘဲ၊မိမိပြည်သူတွေကိုသတ်ဖြတ်တဲ့အခါဘယ်သူတွေကိုစော်ကားသလဲ?တိုင်းရင်းသားနယ်မြေဒေသတွေကိုကျူးကျော်ပြီးထို.စစ်ဆင်မျိုးတုံသတ်ဖြတ်နေတာကိုသူများအချုပ်အခြာအာဏာကိုရောပြည်သူလူထုတွေကိုပါစော်ကားနေတာဘဲ၊ဘာမှသင်္ခန်းစာမယူနဲ.၊အာဏာရှင်အတိုင်းအဝိုင်းနဲ.မဟာဝါဒီသမားများကိုကမ္ဘာမြေပုံကနေလုံးဝပျောက်ကွယ်သွားရမယ့်အချိန်ဘဲ၊ဘယ်အာဏာရှင်မှမကျန်ဘူးဆိုတာမှတ်ပေတော့။”

American, French and British forces have attacked Muammar Gaddafi's forces, in the first strikes to enforce the UN-mandated no-fly zone in Libya. More than 110 Tomahawk missiles fired from American and British ships and submarines hit about 20 Libyan air and missile defense targets.

Friday, March 18, 2011

ပြည်သူ့ သတ်မတော်

တိုင်းရင်းသားအသံ
ပြည်သူ့ သတ်မတော်

(၁၉၈၈) ခုနှစ် လူထု အုံကြွမှု အရေးအခင်းကြီးမှာ စစ်အာဏာရှင်တွေရဲ့ အသုံးချခံဘ၀ကို ရောက်ရှိခဲ့ရတဲ့ မြန်မာ့တပ်မတော်အကြောင်းကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ တပ်မတော်သား တစ်ဦးက နောင်လာနောင်သားတွေ သိရှိစေဖို့ အဖြစ်မှန်ကို မချွင်းမချန် ကျွန်တော် ကိုဖိုးတရုတ်ထံ ယခုလို ရေးသားပေးပို့လာပါတယ်။ ယခုလို ပေးပို့လာတဲ့ တပ်မ (၂၂) မှ ကိုယ်တိုင် ပါဝင်ခဲ့ရတဲ့ ဆရာကံကို ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူး တင်ရှိပါတယ်။



ရှစ်လေးလုံးနဲ့ စက်တင်ဘာ အာဏာသိမ်း လူသတ်ပွဲ အတွေ့အကြုံများ

ဆောင်းပါးရှင် - ဆရာကံ (တပ်မ ၂၂)

(၁၉၈၈) ခုနှစ် သြဂုတ်လက ဘားအံမြို့မှာ လူထုတွေဆန္ဒပြနေပြီး နာရီစင်အနီး ဘုရားကြီးဝင်းထဲမှာ သပိတ်စခန်းဖွင့်ထားပါတယ်။ အဲဒီသပိတ်စခန်းကို (၂) ရက်အကြာနံနက် (၀၃း၀၀) နာရီအချိန်မှာ ကျနော်တို့ တပ်ရင်းက တပ်ခွဲ (၂) ခွဲနဲ့ သွားဝိုင်းရပါတယ်။ ဘုရားကြီးဝင်းအတွင်းက ထောင်နဲ့ချီတဲ့လူထုကို အပြီးအပိုင် မောင်းထုတ်ခိုင်းပြီး၊ မထွက်ပါက ပစ်ခတ်ရန်အတွက် အဲဒီအချိန်က အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်တင်လှက အမိန့် ပေးခဲ့ပါတယ်။ ဘုရားကြီးဝင်းအတွင်းက လူထုအားလုံး ကြောက်လန့်ပြီး အ၀တ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးကြပါတယ်။ ဒီအချိန်မှာ ဘုရားကြီးဝင်းအတွင်းကျန်ခဲ့တဲ့ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ မီးစက်များအားလုံးကို တပ်မမှူးမှ သိမ်းဆည်းခိုင်းပါတယ်။ ဒါတွေကို (တပ်မ) ပိုင် ပစ္စည်းလို့ သတ်မှတ်ပါတယ်။ အဲဒီအချိန်ပိုင်းမှာဘဲ တပ်မ (၂၂) ကို တပ်ရင်း (၅)ရင်းနဲ့ ထုတ်နှုတ်ပြီး ရန်ကုန်ကို ရှေ့တန်းထွက်ရမယ်လို့ အမိန့်ရတဲ့အတွက် တပ်ရင်း(၅)ရင်း ရန်ကုန်မြို့ကိုသွားရပါတယ်။ အဲဒီအချိန်မှာ ကျနော်ဟာ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ တပ်ရင်းတစ်ရင်းမှာ စစ်သက် (၁) နှစ်ခွဲရှိတဲ့ လူသစ်ဘဝသာ ရှိပါသေးတယ်။

ရန်ကုန်မြို့ကို ပါသွားတဲ့တပ်ရင်းတွေကတော့ ခမရ (၂၀၄) မြိုင်ကလေး၊ ခမရ (၂၀၅) မြိုင်ကလေး၊ ခမရ (၂၀၇) သိမ်ဇရပ်အနီး၊ ခမရ (၂၀၈)၊ ခမရ (၂၁၀) တို့ ဖြစ်ပြီး တပ်ရင်း (၅) ရင်း ဖြစ်ပါတယ်။ ရန်ကုန်မြို့ ရောက်တဲ့အခါ တပ်ရင်းအလိုက် နေရာချထားပေးပါတယ်။ (၁) မြို့တော်ခန်းမ ဆူးလေ ပတ်ဝန်းကျင်မှာ တပ်ရင်းတစ်ရင်း

(၂) အင်းစိန် ဘီပီအိုင်၊ အာအိုင်တီမှာ တပ်ရင်းတစ်ရင်း

(၃) အသံလွှင့်ရုံ၊ (၈) မိုင်လမ်းဆုံမှာ တပ်ရင်းတစ်ရင်း

(၄) တောင်ဥက္ကလာ၊ မြောက်ဥက္ကလာမှာ တပ်ရင်းတစ်ရင်း



(၅) သာကေတမှာ တပ်ရင်းတစ်ရင်း နေရာချသတ်မှတ်ပေးထားပြီး အောင်ဆန်းကွင်း၊ သုဝဏ္ဏကွင်း၊ ကျိုက္ကဆံကွင်းများကိုတော့ စစ်ဒေသမှူး၊ ဗျူဟာမှူးများကို နေရာ ချထားပေးပါတယ်။



အဲဒီတပ်များဟာ မြို့နယ်အလိုက် တာဝန်ယူရပါတယ်။ မိမိတပ်ရင်းတာဝန်ကျတဲ့ မြို့နယ်အလိုက် ကားနဲ့ တနေကုန် လှည့်ပေးရပြီး တပ်ခွဲတစ်ခွဲမှာ စစ်ကားကြီး (၃) စီးတွဲ၊ ကားပေါ်မှာ မိုက်တလုံးစီချိတ်၊ ကားဘေးဘယ်ညာ သံဆူးကြိုးခွေ (၂) ခွေစီချိတ်ဆွဲထားပါတယ်။ ဒီသံဆူးကြိုးခွေဟာ လူထုအုံကြွတဲ့အခါ လူထုအလယ်မှာ ကားမောင်းသွားပြီး သံဆူးကြိုးခွေ ဖြေချဖို့ဖြစ်ပါတယ်။



နောက်ပြီး တပ်ရင်းအလိုက် နေ့၊ ည လူထုနှိမ်နှင်းဖို့၊ ရိုက်နှက်ဖို့၊ ပစ်ခတ်ဖို့ သင်တန်းတက်ရပါတယ်။ အဲဒီ သင်တန်းတက်တဲ့အခါ အဓိက ပစ်ခတ်ရေး၊ ရိုက်နှက်ရေးမှာ တိုင်းရင်းသား လူမျိုးစစ်သည်တွေကို ရွေးချယ်ပြီး၊ ပစ်ခတ် ရိုက်နှက်လို့ သေကြေ ဒါဏ်ရာရသူများကို ဗမာလူမျိုး စစ်သည်တွေက လူနာကောက် ကားပေါ် ပစ်တင်ဆိုပြီး တာဝန်ပေးထားပါတယ်။ အဲ့ဒီ စတင် ပစ်မိန့်ပေးတဲ့ နေ့မှာ မြို့တော်ခန်းမနဲ့ ဆူးလေဘုရား တဝိုက်မှာ လူထုတွေ ရာနဲ့ချီသေပြီး ဒဏ်ရာရသူများကိုလည်း မသေမရှင် ကားပေါ်ပစ်တင်ကာ တာမွေသင်္ချိုင်းက ပေ (၅၀) ပတ်လည် ဘူဒိုဇာနဲ့ တူးထားတဲ့ ကျင်းထဲကို သွန်ချပါတယ်။ အဲဒီထဲမှာ မသေတဲ့လူလည်းအများကြီး ကျင်းထဲသွန်ချပြီး ဘူဒိုဇာကားကြီးနဲ့ မြေဖို့ပါတယ်။ အဲဒီကျင်းထဲမှာ လူထောင်နဲ့ချီ ရှိတယ်လို့ပြောပါတယ်။ အဲဒီနားမှာ တပ်ခွဲတစ်ခွဲ ပတ်လည် စောင့်နေရပါတယ်။



အသံလွှင့်ရုံနားမှာလည်း ပစ်ခတ်လို့ သေကြေဒဏ်ရာရကြတာ အများကြီးပါဘဲ။ အင်းစိန် ဘီပီအိုင်၊ အာအိုင်တီမှာလဲ အဲဒီလိုဘဲ ပစ်ရပါတယ်။ တောင်ဥက္ကလာပ၊ သာကေတ ကုန်းကျော်တံတား၊ သာကေတ ကျောက်တိုင်အနီး၊ သံလျင်တံတား၊ မြောက်ဥက္ကလာ န၀ဒေးလမ်းဆုံ၊ မြောက်ဥက္ကလာ ကုန်းကျော်တံတား၊ သင်္ဃန်းကျွန်း စံပြဈေး အနားတဝိုက်။ အဲဒီနေရာတွေအားလုံး လူထုတွေ သေကြေ၊ ဒဏ်ရာရသူ အများဆုံး ပစ်ခတ်မှုအများဆုံး နေရာတွေ ဖြစ်ပါတယ်။ သွားသွန်တဲ့နေရာကတော့ အဲဒီတနေရာဘဲ သိပါတယ်။



အဲဒီ (၈၈) လူထုဆန္ဒပြပြီး ပစ်ခတ်ဖြိုခွင်းတဲ့အချိန်မှာ တပ်မှူးတွေက ဒဏ်ရာရတဲ့လူထုတွေ၊ သေတဲ့ လူထုတွေ ဆီမှာ ပါလာတဲ့ငွေတွေ၊ လက်စွပ်တွေ၊ ဆွဲကြိုးတွေ၊ နားကပ်တွေကို သူနဲ့ရင်းတဲ့ရဲဘော်တွေကို အတင်း ဖြုတ်ခိုင်းပါတယ်။ တချို့တပ်မှူးတွေဆို ရွှေတွေ ငွေတွေအများကြီး လူထုထံက လုယက်ဖြုတ်ယူတာ တွေ့မြင်ရပါတယ်။ အရေးအခင်း ကာလမှာ နေ့ ည လမ်းပေါ်မှာ လူ (၅) ယောက်ထက်မစုရ၊ (၅) ယောက် ထက်စုပြီး စကားပြောမိရင် ချက်ချင်းဖမ်း၊ ကားပေါ်ခေါ်တင်၊ ရဲစခန်းပို့၊ အမှုဖွင့်၊ ငွေဒဏ်ရိုက်ပါတယ်။



၁၉၈၈ ခုနှစ် ၁၂ လပိုင်းလောက်မှာ ကျနော့်တို့တပ်မ ကကျန်တဲ့ (၅) ရင်းပေါင်းပြီး ပထမ (၅) ရင်းကို သွားချိန်းပေးရပါတယ်။ အဲဒီအချိန်မှာ ရန်ကုန်မြို့မှာ နည်းနည်းတော့ ငြိမ်သွားပါပြီ။ အဲဒီအချိန် ရောက်တော့ ရန်ကုန်မှာရှိတဲ့လူထုတွေ (၂၂) ဆိုတဲ့ဘက်တံဆိပ်ကိုတွေ့ရင် အလိုလိုနေရင်းနဲ့ ကြောက်နေကြပါတယ်၊ နောက်ပြီး တော့ မုန်းလဲမုန်းကြပါတယ်။



ကျနော်တို့တပ်တွေကို ဆန္ဒပြတဲ့အချိန်က ဘယ်နားမှာ အများဆုံးဖြစ်သလဲ၊ ဘယ်ရပ်ကွက်မှာ အများ ဆုံးဖြစ်သလဲ၊ ဘယ်နားမှာ လူဆိုးတွေများသလဲ၊ အရက်သမားများသလဲ။ အဲဒါကို စစ်ကားကြီးနဲ့ တလမ်းဝင် တလမ်းထွက် လိုက်ပတ်ခိုင်းပါတယ်။ သွားတဲ့အချိန်မှာ ရဲဘော်ကိုယ်စီ ဒိုင်းတစ်ခုစီ၊ နံပါတ်ဒုတ်တစ်ချောင်းစီ ပေးထားပါတယ်။ စစ်ကားဖြတ်သွားတဲ့အချိန် လမ်းပေါ်မှာမူးနေတဲ့လူတွေ တွေ့ရင်၊ ကားနားဖြတ်လာတဲ့ လူတွေတွေ့ရင် ဆင်းရိုက်ခိုင်းပြီး မေးမြန်းမှုမရှိ ကားပေါ်ခေါ်တင် ကြိုးနဲ့တုပ် စစ်ဆေးမှုမရှိ ရဲစခန်းအချုပ်ထဲ သွားထည့်ပါတယ်။ တချို့ အရပ်သားတွေဆိုရင် ဘာမသိ ညာမသိ အဖမ်းဆီးခံရ၊ အရိုက်နှက်ခံရ၊ အချုပ်ခံရပါ တယ်။ တချို့ဆို ကြည့်လို့မရရင် ဘာအပြစ်မှမရှိဘဲ အရိုက်နှက်ခံ အထိုးကြိတ်ခံရတယ်။



လူကြီးဆိုတဲ့လူဟာ ရဲ၊ ရဝတတွေနဲ့ ညှိနှိုင်းပြီး ဘာမှမဖြစ်တဲ့ လူထုတွေကို ဖမ်းဆီး အမှုဖွင့်၊ လူထုထံက ဘယ်လောက်ကုန်ကျတယ်ဆိုပြီးညှိ ငွေတောင်းတယ်၊ ပြီးတော့ မျှဝေယူတယ်။ ဒါကို ကျနော်တို့ အောက်ခြေ အားလုံးသိတယ်၊ ပြောပိုင်ခွင့်မရှိ၊ မပြောရဲပါဘူး။ နောက်ပြီး ညတိုင်း ညတိုင်း ကျနော်တို့အောက်ခြေ အိပ်ရေး ပျက်ရပါတယ်၊ ရပ်ကွက်အလိုက် တစ်အိမ်ဝင် တစ်အိမ်ထွက် ဧည့်စာရင်း စစ်ခိုင်းပါတယ်။

တပ်ခွဲမှူးလုပ်တဲ့လူဟာ ရဝတရုံးမှာ သောက်စား၊ ပျော်ပါးပြီး အောက်က ငယ်သားတွေကို ဒီည လူဘယ်နှစ်ယောက် ဖမ်းလာခဲ့ဆိုရင် ရအောင် ဖမ်းလာရတယ်။ သတ်မှတ်ထားတဲ့ လူဦးရေ မပြည့်မချင်း မိုးလင်း အောင် ဧည့်စာရင်း စစ်ရတယ်။ ဧည့်စာရင်းစစ်တာက နာမည်ခံပါဘဲ၊ အပြစ်မရှိတဲ့လူထုတွေကို လိုက်ဖမ်း ဒဏ်ငွေတောင်းပြီး ပြန်လွှတ်တာဘဲ ဖြစ်ပါတယ်။ အဲဒီနေရာမှာ ရဝတ က သူကြည့်မရတဲ့လူတွေ၊ စားနိုင်သောက် နိုင်တဲ့လူတွေကို မှတ်ထားပြီး တပ်ခွဲမှူးလုပ်တဲ့သူကိုပြော၊ ဒါကို ကျွန်တော်တို့ အောက်ခြေကို သွားဖမ်းခိုင်း၊ အမှုဖွင့်၊ ဒဏ်ငွေ တောင်းပြီး ပြန်လွှတ်၊ ဒီလိုဘဲ လုပ်နေတာပါဘဲ။ တပ်ရင်းမှူးလုပ်တဲ့လူက ဒီတစ်လအတွင်းမှာ တပ်ခွဲမှူးတွေ ငွေဘယ် လောက်ရှာပေးရမယ်၊ ဘယ်လောက်အပ်ရမယ်ဆိုတာလည်း သတ်မှတ်ထားပါတယ်။

ကျနော့်တို့တပ်ရင်းတွေ ရန်ကုန်ရောက်တော့ ဆန္ဒပြရင် ဖြိုခွင်းဖို့ဆိုပြီး ဖြိုခွင်းရေးသင်တန်း တက်ရပါ တယ်။ ပထမအကြိမ် တပ်ရင်းက တပ်ခွဲလိုက် ထုတ်နုတ်အင်အား ထုတ်နုတ်ပြီး အင်းစိန် အာအိုင်တီ ကျောင်းဝင်းမှာ (၇) ရက်တိတိတက်ရပါတယ်။ အဲဒီသင်တန်းမှာ ပစ်ခတ်တဲ့ (၁၀) ယောက်အဖွဲ့ (၃) ဖွဲ့၊ တစ်ယောက်နဲ့ တစ်ယောက် (၂) လံကွာ တန်းစီရပ်ပြီး ကားပေါ်မှာ စက်လတ်တစ်လက်စီ တင်ထားပါတယ်။ ပစ်တဲ့နေရာမှာ ပထမတန်း ကျည်တစ်ဘောက်စီ မတ်တပ်ရပ် ပစ်ပြီးတာနဲ့ ဒုတိယတန်း ရှေ့ကိုပြေးတက်ပြီး နေရာယူ ဒူးထောက် ပစ်ခိုင်းပါတယ်။ တတိယတန်း မှောက်ပစ်အဖွဲ့လဲ အဲလိုပါဘဲ။ ပြီးတာနဲ့ ကားပေါ်ရှိ စက်လတ် အဖွဲ့ပစ်ဖို့ဖြစ်ပါတယ်။

အဲဒီနောက်မှာ ပစ်ခတ်လို့ဒဏ်ရာရ၊ သေကြေတဲ့လူထုမှန်သမျှအတွက် မြေကြီးသယ်တဲ့ကားကြီး (၅) စီးရပ်ထားပြီး သေကြေ၊ ဒဏ်ရာရသူမှန်သမျှ ကားပေါ်ပစ်တင်ရန် ကားတစီးမှာ ရဲဘော်(၁၀)ယောက်စီ အသင့် တင်ထားပါတယ်။

ပထမအကြိမ် အဲဒီသင်တန်း အာအိုင်တီကျောင်းဝင်းမှာတက်ပြီး ဒုတိယအကြိမ် သုဝဏ္ဏကွင်းမှာ အဲဒီလိုဘဲ ပြန်တက်ရပါတယ်။ နောက်ပြီး တပ်ရင်းတိုင်း တပ်ခွဲတိုင်းမှာ အနီးကပ်တိုက်ခိုက်ဖို့ တိုင်ကွမ်ဒို၊ ကရာတေး၊ ကရာတေးဒို၊ ဂျူဒို ဆိုတဲ့ အနီးကပ် တိုက်ခိုက်ရေးသင်တန်း တက်ခိုင်းပါသေးတယ်။ အဲဒီအချိန်မှာ ရဲဘော်တွေ ဘယ်ဘဲသွားသွား သေနတ် အီကွစ်မင့် အပြည့်အစုံ၊ ဒိုင်းတစ်ခု၊ နံပါတ်တုတ်၊ ဖိုင်ဘာဦးထုပ်၊ လှံစွပ် နေ့စဉ် အသင့်ပြင်ခိုင်းထားပါတယ်။

အဲဒီအချိန် ရဲဘော်တစ်ဦးစီ တပ်ဆင်မှုမှာ ကျည်ဆံ (၂၅၀) တောင့်၊ ဘောက် (၅) ဘောက်၊ လှံစွပ်တစ်ချောင်း၊ လက်ပစ်ဗုံးတစ်လုံးစီနဲ့ နိုင်လွန်ကြိုးခွေ တစ်ချောင်းစီတို့ ကိုယ်စီ တပ်ဆင်ပေးထားပါတယ်။ ဧည့်စာရင်းစစ်တာ အကြောင်းပြ၊ အချိန်မတော် အိမ်ပေါ်တက်၊ အိပ်နေတဲ့ မိသားစုခြင်ထောင်ကို အတင်းဆွဲလှန်၊ တချို့မိသားစု တွေဆို ဖင်ပေါ်ခေါင်းပေါ်၊ တချို့တပ်မှူးတွေဆို သက်သက်မဲ့ ဧည့်စာရင်းအကြောင်းပြပြီး လူထုတွေကို ဒုက္ခပေး ခဲ့ကြပါတယ်။



တချို့ရဲဘော်တွေ တပ်မှူးတွေဆို အဲသလိုအိမ်တွေပေါ်မှာ လှပပြီးမျက်နှာသစ်တဲ့ ပစ္စည်းတွေဘာတွေတွေ့ရင် အိမ်ရှင် မသိအောင် ခိုးယူသွားသေးတယ်။ ဒါကို ကျနော်တို့က တိုင်းရင်းသားရဲဘော်တွေဆိုတော့ ဘာကိုမှ ပြန်မပြောရဲဘဲ နည်းနည်းပြောသံထွက်ခဲ့ရင်လည်း ပါးရိုက်ခံရပါတယ်။ အဲဒီအချိန်မှာဆို လူကြီးတွေ အဆင့်လိုက် စီးပွားဖြစ်ပြီး လူထုအပေါ်အမြတ်ထုတ်၊ အောက်ခြေအဆင့် ဘာမသိတဲ့ရဲဘော်တွေကို အမိန့်ပေး ခိုင်းနေတာကိုယ်တွေ့ဖြစ်ပါတယ်။ ဒါကို လူထုအများစုက နားလည်ကြပါတယ်။ အောက်ခြေကို လူထုတွေက သနားကြပါတယ်။ ကျနော့်ဆို တချို့လူထုတွေနဲ့ မိဘရင်းလို ရင်းနှီးခဲ့ပါတယ်။ ဒီလိုအလုပ်မျိုး မလုပ်ချင်ဘဲ လုပ်နေရတယ်ဆိုတာ အားလုံး ရှင်းပြလို့ လူထုများလည်း သဘောပေါက်ကြပါတယ်။အဲဒီတုန်းကဆိုရင် အထက်လူကြီးတွေ ခိုင်းတိုင်း၊ ပြောတိုင်း လုပ်နေရတာကို မလုပ်နိုင်ဘူး ငြင်းဆန်ခဲ့ရင် ရိုက်နှက်ပြီး ထောင်ထဲ ချက်ချင်း ထည့်ခံရပါတယ်၊ ဒါမှမဟုတ် တောထဲရှေ့တန်း အပို့ခံရပါတယ်။ သာကေတ ကျောက်တိုင်ကနေ ကုန်းကျော်တံတားဘက်အတက်မှာ ဘုန်းကြီး (၂) ပါးနဲ့ အဲဒီနောက်မှာ လူထု (၁၀) ယောက်လောက် အေးအေးဆေးဆေး လာနေတဲ့ဟာကို တပ်မ (၂၂ ) ကဘဲ ပစ်သတ်ခဲ့ပါတယ်။



အရေးအခင်းကာလမှာ လူထုကိုပစ်တာကို စစ်မြေပြင်မှာ တိုက်တာထက် သူတို့ပျော်ကြပါတယ်။ ဒါကြောင့်မို့လို့ တချို့တပ်မှူးတွေ ရဲဘော်တွေဆို လူထုကိုကြည့်ပြီး မျက်ရည်ကျခဲ့ရပါတယ်။ အဲဒီအချိန်ကဆို လူထုအပေါ် အနိုင်ကျင့်ချင်တိုင်း ကျင့်နေပါတယ်။ ဒီအပြုအမူဟာ ရန်ကုန်မြို့် အရေးအခင်းကာလ တာဝန်ကျနေတဲ့ တပ်ရင်းတိုင်းလိုလိုပါဘဲ။ တချို့ တပ်မှူးတပ်သားတွေဟာ လူထုအပေါ် အနိုင်ကျင့်၊ အမြတ်စားဆိုတဲ့ လုပ်ရပ်တွေကို လုံးဝလက်မခံတာလည်း အများကြီးရှိပါတယ်။ တချို့ တပ်မှူးငယ်တွေဆို မကောင်းတဲ့ လုပ်ရပ်တွေကို တားမြစ်လို့ ပါးရိုက်ခံရပြီး အရေးယူခံရတာရှိသေးတယ်။

(၈၈) ခုနှစ်ကုန်တဲ့အချိန်ထိ အင်းစိန် အာအိုင်တီကျောင်း အုတ်နံရံမှာ ကျည်ဆံထိထားတဲ့အရာတွေ အများကြီး ရှိပါသေးတယ်။ သွေးကွက်တွေ ခြောက်ကုန်ပြီး ရေနဲ့မဆေးထားပါ။ အရေးအခင်းကာလမှာ စစ်အာဏာရှင်တွေဟာ တကယ်သေသူတွေရော မသေမရှင်လူတွေကိုပါ ကျင်းထဲကို ကားနဲ့သွန်ချတာ သောင်းဂဏန်းလောက် ရှိပါတယ်ဆိုတဲ့ အကြောင်း ကိုယ်တွေ့အဖြစ်မှန်ကို ရေးသားပေးပို့လိုက်ပါတယ်။



(http://www.photayokeking.org/armyterrorist/43-armyterrorist/208-army-of-publish)

ခွေးမျိုးတွေနဲ.ပေါင်းမိတာရင်နာစရာလွှတ်တော်အမတ်များစာရင်း

တိုင်းရင်းသားအသံ
ခွေးမျိုးတွေနဲ.ပေါင်းမိတာရင်နာစရာလွှတ်တော်အမတ်များစာရင်း



အရည်အချင်းပျက်ယွင်းသူများစာရင်းထဲမှာကြံ.ဖွတ်ကလွဲပြီးအခြားသောနိုင်ငံရေးပါတီအမတ်များဖြစ်သည်၊ဒီခွေးမျိုးအစိုးရသည်ခေတ်အဆက်ဆက်ကပင်မဆလခေတ်၊နဝတခေတ်၊နဲ.လက်ရှိနအဖခေတ်အထိအတိုက်အခံနိုင်ငံရေးပါတီများနှင့်တိုင်းရင်းသားနိုင်ငံရေးပါတီများအ ကြောင်းအမျိုးမျိုးပြပြီးပါတီဖျက်သိမ်းခြင်း၊အရည်းအချင်းပျက်ယွင်းခြင်းတို.လုပ်လာတဲ့အစဉ်အလာရှိခဲ့သည်၊တိုင်းရင်းသားပါတီများအတွက်အထူးသဖြင့်တောတွင်လက်နက်ကိုင်တိုင်းရင်းသားတပ်များကိုအဆက်အသွယ်လုပ်မှုဖြင့်ဖျက်သိမ်းလေ့ရှိသည်၊ဒါကြောင့်၊ဒီခွေးတွေနဲ.မပေါင်းသင်းမဆက်ဆံပါနဲ.လို.အကြိမ်ကြိမ်တောင်းဆိုခဲ့သည်၊Refusalပူးပေါင်းဆောင်ရွက်မှုမလုပ်ခြင်းဖြင့်အာဏာရှင်ကိုတော်လှန်တာဟာအကောင်းဆုံးဟုမှတ်ထားကြပါ၊

အခုလည်းဖျက်သိမ်းခံတဲ့အဖထဲမှာ ..
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မီရှင်မှ မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်သော ယင်းအရည်ချင်း ပျက်ယွင်းသူ အမည်စာ ရင်းတွင်ချင်းပြည်နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ချင်းတိုးတက်ရေး ပါတီမှ ၃ ဦး၊ချင်းအမျိုးသားပါတီမှ ၃ ဦး၊ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီမှ ၆ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုမှ ၁ ဦး၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချူပ် မှ ၁ ဦး နှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦး တို့ပါဝင်သည်ဟုချင်းသတင်းဌာနမှာရေးသားသည်၊

သျှမ်းတပ်နဲ.ဗမာတပ် ၅ ရက်ကြာတိုက်ပွဲအခြေအနေ

တိုင်းရင်းသားအသံ
သျှမ်းတပ်နဲ.ဗမာတပ် ၅ ရက်ကြာတိုက်ပွဲအခြေအနေ

ဗမာတပ်ဘက်မှဆုံးရှံးမှု

ဗမာစစ်တပ်ဘက်မှ အနည်းဆုံး ၁၅ ယောက်သေဆုံးပြီး ၁၀၀ ခန်.ဒဏ်ရာရရှိခဲ့သည်၊တပ်ပြေးစစ်သားများ ၅ ယောက်ရှိ၊

လှုပ်ရှားနေသည့်တပ်ရင်း၊တပ်မများ

ရပကလက်အောက်ခံခလရ (၅၁၆)၊(၂၄၈) (၆၄)စစ်ကြောင်းများ၊ခလရ (၁၂)၊(၁၉၁)၊၂၉၀၊(၁၄၇)တပ်ရင်များဖြစ်သည်၊

ထိုးစစ်ဆင်ပုံဆင်နည်းများ

လက်နက်ကြီးများဖြင့်ဆက်တိုက်ပစ်ခတ်ခြိမ်းခြောက်၊ရန်သူတပ်များသာမကလူထုကိုပါမရွေးပစ်ထည့်ပြီးတစ်ဘက်ရန်သူတုန်.လှုပ်ခြောက်ခြာသွားအောင်စစ်အသံများဖြင့်အသုံးပြုသည်၊ပြည်သူများကိုအကာအကွယ်(ကာဖာ)ယူသည့်နည်းဗျူဟာ၊ဒီကေဘီအေတိုက်ပွဲတိုက်ပွဲနဲ.အလာတူနည်းဗျူဟာဖြစ်သည်၊စစ်မျက်နှာများကိုဘက်စုံပြန်.ကျယ်အောင်တပ်လှန်.ထားပြီးရန်သူအထင်ကြီးအောင်ဟန်ဆောင်ထားသည်၊စိတ်ဓါတ်စစ်ဆင်ရေးဖြင့်လက်နက်ချ၊အပစ်ရပ်သျှမ်းပြည်သူ.စစ်တပ်များ(၁၀)ယောက်ထက်မနည်းအတင်းခေါ်လာပြီးဗမာစစ်သားတွေကို၎င်းပြည်သူ.စစ်အဝတ်အစုံးများဝတ်ခိုင်းပြီးသျှမ်းအချင်းချင်းသစ္စာဖောက်တယ်၊သျှမ်းအပစ်ရပ်များဝိုင်းတိုက်ပေးနေတယ်ဆိုတဲ့ရန်သူစိတ်ဓါတ်ကျအောင်ပြုလုပ်သည်၊

အားနည်းချက်များ၊

လူအင်းအားများသလိုလိုရှေ.တန်းမှာတင်ထားကြပြီးနောက်ကျောဘက်မှာကွက်လပ်ထားသည်၊စခန်းများ၊စစ်ရုံများ၊နှင်အခြားသောအစိုးရရုံများမှာလုံခြုံရေးအစောင့်အင်းအားပြလောက်ရုံသာထားရှိသည်၊

သျှမ်းတပ်ဘက်မှဆုံးရှုံးမှုများ

၃ ဦးကျဆုံး၊ ၂၀ ကျော်ဒဏ်ရာရ၊စခန်း ၅ ခုလက်လွှတ်ခံရ၊

တပ်အနေအထား

ခံစစ်အနေအထားဖြင့်ခုခံပြီးပြောက်ကျားစနစ်ဖြင့်ရန်သူကိုတွေ.မှပစ်သည့်ထိုးစစ်ဖြင့်တပ်လှန်.ထားသည်၊ရန်သူအထင်သေးအောင်လမ်းဖွင့်ထားပြီးမိမိတပ်များအိပ်ပျော်နေသလို၊မဟာမိတ်ပူးပေါင်းတပ်များပုံမဖော်သည့်စစ်လှုပ်ရှားမှုများဖြင့်လှုပ်ရှားနေသည်၊

စစ်ပွဲအခြေအနေကြာရှည်မှုရှိနိုင်၊မရှိနိုင်

စစ်ပွဲကကြာရှည်ဦးမှာပဲ၊ဗမာတပ်ဘက်ကအစသာအနှောင်းနာမည့်စစ်ပွဲဖြစ်သည်၊

ပြည်သူများထိုခိုက်သေကြေမှုရှိမရှိ

အပစ်မဲ့အရပ်သားများအနည်းဆုံး အယောက် ၃၀ ထက်မနည်းသေဆုံးဒဏ်ရာရရှိသည်၊အထဲမှာရဟန်းသံဃာတော်များ ၅ ပါးပါဝင်သည်၊အိမ်များ၊ဘုန်းကြီးများကိုလည်းဗမာတပ်ဘက်မှစောက်ရမ်းရမ်းကားစွာပစ်ခတ်မှုကြောင့်အနည်းဆုံးအိမ်း ၁၀ လုံး၊နဲ.ဘုန်းကြီးကျောင်းသိမ်များဖျက်စီးသည်၊

သျှမ်းတပ်နဲ.မဟာမိတ်တပ်များအဓိကလုပ်ဆောင်သင့်တဲ့တုံ.ပြန်မှုလုပ်ငန်းများ

ဗမာတပ်ရိက္ခာလမ်းကြောင်းဖြတ်ထားဖို.၊အစိုးရရုံများ၊အဓိကဒေါင့်တိုင်ရုံများမိမိမြို.နယ်အလိုက်၊ဖျက်စီးပစ်ရမည်၊ရက်စက်ကြမ်းကြုတ်စွာမီးရှို.ပစ်ရမည်၊သျှမ်းဘက်များသာမကဘဲမိမိမြို.နယ်အလိုက်မဟာမိတ်တပ်များက၎င်းအစိုးရရုံးများကိုတစ်ပြည်လုံးအတိုင်အတားဖြင့်အချိန်မှီဖျက်စီးရန်လိုအပ်သည်၊ဗမာတပ်များတက်လာနိုင်မည့်လမ်းကြောင်းများအားလုံးကိုမိမိမြို.နယ်အလိုက်ကြိုတင်ဖြတ်တောက်ထားရန်လိုအပ်သည်၊တစ်ပြည်လုံးအတိုင်အတားဖြင့်အရမ်းရက်စက်ကြမ်းကြုတ်တဲ့တိုက်ပွဲများဖော်ဆောင်ရမည်၊ဗမာတပ်များမိမိပြည်နယ်အလိုက်ဆုတ်ခွာသွားဖို.ရေရှည်စစ်ပွဲများဆင်နွှဲရမည်၊

Thursday, March 17, 2011

သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း)ကိုဗမာတပ်ကထိုးစစ်ဆင်တိုက်ခိုက်ခြင်းအပေါ်အန်ဒီအက်ဖ်ထုတ်ပြန်ကြေညာချက်

တိုင်းရင်းသားအသံ
သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း)ကိုဗမာတပ်ကထိုးစစ်ဆင်တိုက်ခိုက်ခြင်းအပေါ်အန်ဒီအက်ဖ်ထုတ်ပြန်ကြေညာချက်

သျှမ်းတပ်လက်နက်ချရန်ဗမာတပ်ဘက်မှရာဇာသံပေးပြီ

တိုင်းရင်းသားအသံ
သျှမ်းတပ်လက်နက်ချရန်ဗမာတပ်ဘက်မှရာဇာသံပေးပြီ

ဗမာတပ်ဘက်မှအင်းအား ၂၀၀၀ နဲ.အတူစစ်ယာဉ်များဖြင့်သျှမ်းတပ်မြောက်ပိုင်းကိုဝိုင်းရံထားပြီးအပြီသတ်ချေမှုန်းဖို.ပြင်ဆင်နေချိန်မှာ ပင်သျှမ်းတပ်အနေနဲ.လက်နက်ချရန်ဗမာတပ်ဘက်မှရာဇာသံပေးလိုက်ပါပြီ၊အခုအချိန်အထိတိုင်းရင်းသားမဟာမိတ်တပ်တွေဆီမှဘာမှအကူအညီမရရှိကြောင်းသိရှိရပါသည်၊ ဗမာစစ်တပ်ကလည်းထုံစံအတိုင်းဘုန်းကြီးကျောင်းတွေပါမကျန်ချိန်ပြီးလက်နက်ကြီးတွေနဲ.ပစ်ခတ်မှုကြောင့်သျှမ်းသံဃာတော် ၅ ပါးပျံလွန်သွားမူတော်သည်၊ရွာူသားအများအပြားလည်းထိခိုက်ဒဏ်ရာရကြပါသည်၊ဒီလိုယုတ်မာတဲ့အကျင့်ရှိတဲ့စစ်တပ်အောက်မှာဆက်နေမလား၊အသေခံမလားဆိုတာရွေးချယ်ရမည့်အချိန်ရောက်နေပြီဖြစ်ကြောင်းတင်ပြလိုက်ရပါသည်၊

သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း)တပ်စခန်းအနည်းဆုံး ၄ ခုကျဆုံး၊တိုင်းရင်းသားမဟာမိတ်တပ်များလက်ပိုက်ကြည့်နေဦးမလား?

တိုင်းရင်းသားအသံ
သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း)တပ်စခန်းအနည်းဆုံး ၄ ခုကျဆုံး၊တိုင်းရင်းသားမဟာမိတ်တပ်များလက်ပိုက်ကြည့်နေဦးမလား?

သျှမ်းပြည်တပ်မတော်နဲ.ဗမာစစ်တပ်တို.တိုက်ပွဲဖြစ်ပွားနေတာ ၄ ရက်မြောက်ရှိသွားပါပြီ၊သျှမ်းတပ်ဘက်ကအနည်းဆုံးစခန်း ၄ ခုကျဆုံးသွားပြီးဖြစ်သော်လည်းအခြားမဟာမိတ်ပ်တွေဘက်မှစစ်ရေးအကူးအညီကျဉ်ဆံတစ်လုံးလောက်ရောက်မလာသေးပါဘူး၊ဤတိုက်ပွဲဟာအသစ်ဖွဲ.စည်းထားသည့်တိုင်းရင်းသားမဟာမိတ်တပ်များ၏စစ်ရေးပူးပေါင်းဆောင်ရွက်မှုအပေါ်မေးခွန်ထုတ်စေရာဖြစ်လာပါပြီ၊သျှမ်းတပ်မှူးတစ်ယောက်၏အပြောအရသူတို.စခန်းတွေဟာကိုးကန်.တပ်ဖွဲ.သကဲ့သို.လက်လွှတ်ရဦးမလားလို.၊၊

တိုင်းရင်းသားမဟာမိတ်တပ်တွေအကြားတစ်ဖွဲ.နဲ.တစ်ဖွဲ.စစ်ရေးအကူးအညီမပေးနိုင်ခြင်းဟာအားလုံးရဲ.အဆုံးသတ်မှု၏အစဖြစ်သည်ဟုတိုင်းရင်းသားအသံမှသုံးသပ်သည်၊လက်ရှိအခြေအနေအရ မာတင်နီမိုလား၏အပြောစကားတစ်ခုကိုသွားသတိရတယ်၊ဘာပြောသလဲဆိုတာ...

“In Germany they first came for the communists; and I didn’t speak up because I wasn’t a communist. Then they came for the Jews; and I didn’t speak up because I wasn’t a Jew. Then they came for the trade unionists; and I didn’t speak up because I wasn’t a trade unionist. Then they came for the Catholics; and I didn’t speak up because I wasn’t a Catholic. Then they came for me – and by that time there was nobody left to speak up.”
– Martin Niemoller

ဂျာမနီမှာ(ဟစ်တလားအာဏာရှင်က)ကွန်မြူနစ်တွေကိုလာရှင်းတယ်၊ကျနော်ကကွန်မြူနစ်မဟုတ်တော့၊ဘာမှမပြောဘဲနေခဲ့တယ်၊ပြီး တော့သူတို.ကဂျူလူမျိုးတွေကိုလာရှင်းတယ်၊ကျနော်ဂျူမဟုတ်ပြန်တော့ဘာမှမပြောဘဲနေခဲ့တယ်၊ပြီးတော့၊သူတို.ကကုန်သွယ်ရေးသသမားသမဂ္ဂတွေကိုလာရှင်းတယ်၊ကျနော်ကကုန်သွယ်ရေးသမားသမဂ္ဂတစ်ယောက်မဟုတ်တော့ဘာမှမပြောဘဲနေခဲ့တယ်၊ပြီးတော့၊သူတို.ကကေစ်သလစ်တွေကိုလာရှင်းတယ်၊ကျနော်ကကေစ်သလစ်တစ်ယောက်မဟုတ်တော့ဘာမှမပြောဘဲနေခဲ့တယ်၊ပြီးတော့နောက်ဆုံးမှာကျနော်ဆီကိုသူတို.လာတယ်၊(လာဖမ်းတာပေါ့)၊အဲဒီအချိန်မှာပြောပေးမဲ့သူကတစ်ယောက်မှမရှိတော့ဘူး၊

ဒီစကားဟာမာတင်နီမိုလားရဲ.နောင်တရတဲ့စကား၊ဟစ်တလားအာဏာရှင်တန်ခိုးကြီးထွားအောင်တာဝန်ရှောင်တာဝန်မဲ့နေထိုင်မှုများ၊တစ်ယောက်နဲ.တစ်ယောက်ဝိုင်းဝန်ကာကွယ်မရှိပုံများကြောင့်ဟစ်တလားအာဏာရှင်တပ်ကဂျူလူမျိုးတွေကိုမျိုးတုံအောင်သတ်ဖြတ်ခဲ့ရုံမကဘဲနိုင်ငံပေါင်းများစွာကိုကျူးကျော်ပြီးဒုတိယကမ္ဘာစစ်ဖြစ်ပွားတဲ့အထိစစ်မာန်တက်လာခဲ့ပုံဖြစ်သည်၊ဤစကားပုံအတိုင်းဘဲဗမာ ပြည်ရှိတိုင်းရင်းသားလူမျိုးများကလည်းနောင်တရမည့်စကားတွေ၊သမိုင်းဆိုးတင်ရမည့်အဖြစ်အပျက်မျိုးတွေကိုဒို.ခေတ်မှာမကြားပါရစေနဲ.လို.ဆုတောင်းလိုက်ပါသည်၊

ဝန်ခံချက်၊သတင်းတွေကို သျှမ်းသံတော်ဆင့်မှကိုးကားပြီးရေးသားထားပါသည်၊

Wednesday, March 16, 2011

နမ်းလော့စခန်းကနေသျှမ်းတပ်ဆုတ်ခွာပေးရ

တိုင်းရင်းသားအသံ
နမ်းလော့စခန်းကနေသျှမ်းတပ်ဆုတ်ခွာပေးရ

တိုက်ပွဲပြင်းထန်လာပြီးဗမာတပ်ဘက်နေလက်နက်ကြီးတွေအသုံးပြုပြီးအဆက်မပြတ်လွှင့်ပစ်မှုကြောင့်ပြည်သူလူထုများစွာထိခိုက်နေသည်၊ပြည်သူများမထိခိုက်နိုင်အောင်သျှမ်းတပ်မြောက်ပိုင်းထိန်းချုပ်တပ်စခန်းတစ်ခုဖြစ်တဲ့နမ်းလော့စခန်းမှသျှမ်းတပ်ကဆုတ်ခွာပေးခဲ့ရသည်၊ဗမာစစ်တပ်ဘက်ကသုံးတဲ့နည်းဗျူဟာကဒီကေဘီအေစခန်းတွေကိုလက်နက်ကြီးတွေနဲ.အဝေထုတဲ့နည်းဗျူဟာနဲ.အလာတူဖြစ်သည်ဟုတိုင်းရင်းသားစစ်ဘက်အရာရှိတစ်ယောက်ကသုံးသပ်သည်၊ဒီနည်းဗျူဟာကိုခုခံကာကွယ်နိုင်ဖို.ကဥမင်နက်တွေတူးထားရမယ်၊ပေါင်ကူးအလုံးတွေတည်ဆောက်ထားဖို.လိုပြီးရန်သူတပ်ကိုနောက်ကျောကနေအလစ်အငိုက်ဝင်တိုက်နိုင်အောင်ကြိုးစားဖို.ဘဲဖြစ်သည်ဟုသူကဆက်ပြောသည်၊

နမ်းလော့စခန်းဟာရှေ.တန်းစခန်းဖြစ်ပြီးသံလွင်မြစ်တစ်လျှောက်မှာသျှမ်းနဲ.ဝပြည်နယ်နယ်စပ်ချင်းထိစပ်ဆက်သွယ်ပေးတဲ့အရှေ.ဘက်နဲ.အနောက်ဘက်ဖြစ်သည်၊ဝတပ်ကိုလည်စစ်အစိုးရကထိုးစစ်ဆင်မည်လို.သတင်းရရှိပါသည်၊

Tuesday, March 15, 2011

မွန်နဲ.ကချင်တပ်တွေလည်းဗမာစစ်တပ်ကိုချက်ချင်းစစ်ထိုးရန်လိုအပ်ပြီ

တိုင်းရင်းသားအသံ
မွန်နဲ.ကချင်တပ်တွေလည်းဗမာစစ်တပ်ကိုချက်ချင်းစစ်ထိုးရန်လိုအပ်ပြီ

သျှမ်းပြည်တပ်မတော်မြောက်ပိုင်းကိုဗမာစစ်တပ်ကအနိုင်ကျင့်စစ်ထိုးနေခြင်း၊ကေအန်ယူတပ်မတော်ကိုလည်းဆက်တိုက်ရှင်းလင်းနေခြင်းဟာတိုင်းရင်းသားညီအစ်ကိုမောင်နှမမဟာမိတ်တပ်တွေကိုစစ်ရေးအရအပြင်းအထန်တိုက်ခိုက်လာနေခြင်းသာဖြစ်သည်၊ဗမာတပ်အရင်လာတိုက်မှခုခံစစ်နဲ.ပြန်တိုက်မည်ဆိုတဲ့မူဟာဗမာစစ်တပ်လူလိမ်ကြီးတွေနဲ.မကိုက်ညီကြောင်း၊မိမိတို.နယ်မြေတွင်စစ်ခုခံနေခြင်း၊တိုက်ပွဲဖြစ်ပွားစေခြင်းထက်မြို.ပေါ်တိုက်ပွဲကသာပိုမိုထိရောက်မည်ဖြစ်ကြောင်း၊လက်ရှိအခြေအနေအရဗမာစစ်တပ်ဘက်ကနေမွန်တပ်၊ကချင်တပ်တွေကိုစစ်ထိုးဖို.အစဉ်မရှိသေးကြောင်း၊သူတို.တပ်ကိုသွားပစ်ရင်တောင်မှရှောင်ခိုင်းတဲ့အမိန်.ရှိနေကြောင်း၊မြောက်ပိုင်းသျှမ်း၊မိုင်လာတပ်ဖွဲ.တိုကိုအရင်ရှင်းပြီးဝတပ်ဘက်ကိုဆက်တိုက်မည်ဖြစ်ကြောင်းတို.ကိုတိုင်းရင်းသားအသံမှစုံစမ်းသိရှိထားသည်၊

ထို.ကြောင့်၊မွန်တပ်နဲ.ကချင်တပ်တွေကအချိန်ဆွဲစောင့်ဆိုင်းနေမည်ဆိုရင်စစ်ရေးအရနောက်ဆုံးအထိနာနိုင်မည်ဖြစ်ကြောင်းတင်ပြလိုက်ရပါသည်။

Monday, March 14, 2011

သျှမ်းပြည်တပ်မတော်(မြောက်)နှင့်ဗမာတပ်တိုက်ပွဲဖြစ်ပွား၊အနည်းဆုံး ၃ ယောက်ထက်မနည်းသေကြေဒဏ်ရာရ(ကြာဖြတ်သတင်း)

တိုင်းရင်းသားအသံ
သျှမ်းပြည်တပ်မတော်(မြောက်)နှင့်ဗမာတပ်တိုက်ပွဲဖြစ်ပွား၊အနည်းဆုံး ၃ ယောက်ထက်မနည်းသေကြေဒဏ်ရာရ (ကြာဖြတ်သတင်း)

ပင်လုံးအခြေစိုက်ဗမာစစ်တပ် ခလရ ၅၁၃နှင့်သျှမ်းပြည်တပ်မတော်တပ်တွေဟာကဲဆီမြို.နယ်၊ဟိုနမ်းမှာတိုက်ပွဲဖြစ်ပွားပါသည်၊ဗမာစစ်တပ်ဘက်ကနည်းနည်းအထိနာတဲ့သတင်းရှိနေပြီးမြို.နယ်အနီးအနာတစ်လျှောက်မှာရှိတဲ့ဗမာတပ်အင်းအား ၅၀၀ ထက်မနည်းကိုလည်းထပ်ပို.ထားသည်ဟုသိရှိရပါသည်၊တိုက်ပွဲကဆက်တိုက်ဖြစ်ပွားနိုင်မည့်အလာအလာရှိနိုင်သည်ကိုလည်းသတင်းရရှိပါသည်၊

Sunday, March 13, 2011

Condolence and encouragement Letter from Ethnic Nationalities' Voice of Burma to Japanese people တိုင်းရင်းသားအသံမှဂျပန်ပြည်သူဆီသို.ပေးပို.သည့်ဝမ်းနည်

တိုင်းရင်းသားအသံ
Condolence and encouragement Letter from Ethnic Nationalities' Voice of Burma to Japanese people
တိုင်းရင်းသားအသံမှဂျပန်ပြည်သူဆီသို.ပေးပို.သည့်ဝမ်းနည်းခြင်း၊အားပေးခြင်းသဝဏ်လွှာ

Since the earthquake hit Japan on the last Friday March 11, 2011, tineyintharvoice is following the news everyday on that day and of aftermath of the earthquake. As result, tineyintharvoice has seen the uncountable values that caused many damage of the country of Japan and unknown well beings of many lives of Japanese people. It is a world tragedy that we have ever seen in our lives. At the same time, we also see the courage, strength, unity and brave heart of the Japanese people that dare to face the crisis of both tsunami and nuclear power radius.


Recently, we have learned that the dead toll reached ten thousands as victims of tsunami and nuclear reactor explosion.


We, tineyintharvoice (the voice of Ethnic Nationalities of Burma) team would like to express our deep condolence for the families of the victims of tsunami and nuclear reactor explosion. On the other hand, we would like to encourage and give our moral support to the Japanese people and Japanese government to keep your heart strong and overcome the crisis by joining hands on hands with your beloved citizens.


May Japanese people overcome the crisis and recover from disaster soon.


Your friendly,


Ethnic Nationalities' Voice of Burma Team.

http://www.tineyintharvoice.blogspot.com

ရန်ကုန်စက်မှုတက္ကသိုလ်ဆိုတာအဓိကရုဏ်းကိုဆိုလိုတာလား? Rangoon Institute of Technology, Does it mean R-I-O-T?

တိုင်းရင်းသားအသံ
ရန်ကုန်စက်မှုတက္ကသိုလ်ဆိုတာအဓိကရုဏ်းကိုဆိုလိုတာလား? Rangoon Institute of Technology, Does it mean R-I-O-T?



I visited former RIT( Rangoon Institute of Technology) in Burma in July 2009.
It was Tuesday..but the university was totally deserted...and ruined...Only a lecture was going on with few students at one classroom (1-3/16).
It was the sad reflection of how our education system in Burma is badly neglected today...
I took some photo and video clips..to share with all ex-RITians..

ethanhtooaung

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများပြန်လည်ဆုံဆည်းပွဲ (၂၀၀၇ ခုနှစ်၊စင်္ကာပူ)



Saturday, March 12, 2011

ငလျင်လှုပ်မှုကြောင့်နျူကလီးယားစွမ်းအင်သုံးစက်ရုံနှစ်ရုံတွင်ဓါတ်ပေါင်းဖို ၅ ခုအန္တရာယ်ရှိ

တိုင်းရင်းသားအသံ
ငလျင်လှုပ်မှုကြောင့်နျူကလီးယားစွမ်းအင်သုံးစက်ရုံနှစ်ရုံတွင်ဓါတ်ပေါင်းဖို ၅ ခုအန္တရာယ်ရှိ

i


ငလျင်လှုပ်မှုဒဏ်ကြောင့်နျူကလီးယားစွမ်းအင်သုံးစက်ရုံတစ်ရုံတွင်အပူချိန်လွန်အရည်ပျော်နိုင်မည့်ဘေးအန္တရာယ်နဲ.ရင်ဆိုင်ရဖွယ်ရှိသည်ဟုဂျပန်နျူကလီးယားလုံခြုံရေးကော်မရှင်အရာရှိတစ်ဦးကဒီကနေ.ပြောကြားသွားပါသည်၊

သောကြာနေ.အင်းအားပြင်းထန်တဲ့ငလျင်လှုပ်မှုကြောင့်အအေးပေးစနစ်ပျက်စီးသွားတဲ့ဖူခူရှီမာဒိုင်ချိရှိအမှတ်(၁)နျူကလီးယားစွမ်းအင်သုံးစက်ရုံတွင်အပူချိန်လွန်အရည်ပျော်နေသလားကိုတာဝန်ရှိသူများကစစ်ဆေးနေကြောင်းရိုဟိုင်းရှီအိုမိ Ryohei Shiomi ကပြောကြားခဲ့ပါသည်၊အကယ်၍အပူချိန်လွန်အရည်ပျော်ဖြစ်သော်လည်းကီလိုမီတာ ၁၀ ပတ်လည်အလွန်မှာနေထိုင်သည့်လူသားတွေကိုထိခိုက်မှုမရှိနိုင်ဘူးလို.ရှီအိုမိကပြောပါသည်၊

အနီးအနာပတ်လည်တစ်ဝိုက်မှာနေထိုင်နေသည့်လူဦးရေ ၅ သောင်းတစ်ထောင်လောက်ကိုပြောင်းရွှေ.ခိုင်းလိုက်ပြီလို.လည်းသူကဆက်ပြောပါသည်၊

အအေးပေးနိုင်စွမ်းပျက်စီးမှုကြောင့်အဏုမြူစွမ်းအင်သုံးစက်ရုံနှစ်ရုံတွင်ရှိအဏုမြူဓါတ်ပေါင်းဖို ၅ ခုအတွက်ဒီကနေ.မနက်ပိုင်းမှာဂျပန်အစိုးရကအရေးပေါ်အခြေအနေကြေညာလိုက်ပါပြီ၊ဒိုင်ချိရှိအဏုမြူစွမ်းအင်စက်ရုံကိုနိုင်ငံတော်အရေးပေါ်အခြေအနေကြေညာလိုက်တာဟာဂျပန်သမိုင်းမှာဒါကပထမဦးဆုံးဖြစ်သည်၊အစိုးရအနေနဲ.ဒီလိုကြေညာပြီးနောက်နာရီပိုင်းအာကြာမှာပင် ဒိုင်ချိမှာရှိတဲ့ဓါတ်ပေါင်းဖို ၆ နေရာအတွက်လျှပ်စစ်ဓါတ်အားပို.ဆောင်ပေးနေသည့် Tokyo Electric Power Co ကဒိုင်ချိမှာဒုတိယမြောက်ဓါတ်ပေါင်းဖိုတစ်ခုနှင့် Fukushima Daichi အနာတစ်ဝိုက်မှာရှိတဲ့အခြားသောဓါတ်ပေါင်းဖို ၃ ခုတို.ကိုလည်းအအေးပေးမှုစနစ်ပျက်စီးကြောင်းထပ်ကြေညာခဲ့ပါသည်၊အစိုးရကလည်းထိုနေရာသုံးခုတို.ကိုလည်းအရေးပေါ်အခြေအနေအလျင်စလိုကြေညာပြန်ပါသည်၊ဒိုင်ချိမှာအခြေနေကထိတ်လန်.ဖွယ်ကောင်းပါတယ်၊တွန်းအားပုံမှန်ထက်နှစ်ဆတိုးပွားနေကြောင်ဂျပန်နျူကလီးယားလုံခြုံရေးဌာနကအတည်ပြုပြောကြားခဲ့သည်၊နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်ရဲ.ထုတ်ပြန်ကြေညာချက်မှာတော့ ဖူခူရှိမာဒိုင်ချိမှာရှိတဲ့နျူကလီးယားစွမ်းအင်စက်ရုံဟာအအေးပေးစနစ်ပုံမှန်လည်ပတ်နိုင်ရန်အတွက်ဒီဇယ်ဓါတ်ထုတ်လုပ်ပေးတဲ့ စက်ကဆူနာမိရေလွှမ်းမှုကြောင့်အလုပ်မလုပ်တော့ဘူးလို.ဖော်ပြထားပါသည်၊

ဂျပန်ရှိအဏုမြူစွမ်းအင်သုံးစက်ရုံအားလုံးသည်ငလျင်လှုပ်ဒဏ်နိုင်တဲ့စနစ်ဖြင့်တည်ဆောက်ထားသည်၊ငလျင်လှုပ်လျင်လှုပ်ချင်နျူကလီးယားစက်ရုံအားလုံးဟာအလိုအလျောက်ပိတ်သွားခဲ့သည်၊ဒါပေမဲ့၊အအေးပေးစနစ်ပြဿနာကိုတော့ဆက်ရှိနေပါတယ်၊အိုနာဂါဝါရှိအဏုမြူစွမ်းအင်စက်ရုံတစ်ခုကတော့မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးမီးငြိမ်နိုင်ခဲ့တယ်လို.ဂျပန်အစိုးရကသတင်းပေးပို.လာသည်ဟုနိုင်ငံတကာစွမ်းအင်အေဂျင်စီရဲ.ထုတ်ပြန်ချက်မှာဖော်ပြထားပါသည်၊

ဂျပန်တစ်နိုင်ငံလုံးမှာရောင်ဝယ်ရေးလုပ်ငန်းအတွက် ဓါတ်ပေါင်းဖိုပေါင်း ၅၄ ခုရှိပြီး ငလျင်လှုပ်တဲ့အချိန်မှာ ၁၀ ခုကိုတော့အလိုအလျောက်ပိတ်သွားပါသည်၊ဂျပန်နိုင်ငံဟာနျူကလီးယားစွမ်းအင်ကနေလျှပ်စစ်ဓါတ်အားထုတ်လုပ်မှု ၃၀ ရာခိုင်နှုန်းရှိနေကြောင်းသိရှိရပါသည်။

ငလျင်လှုပ်ဒဏ်၊ဆူနာမိဒဏ်ကြောင့်ဂျပန်နိုင်ငံဟာ လေထုအဆိပ်သင့်မှုဖြစ်ပွားနိုင်ပြီးကင်ဆာရောဂါများ၊အသက်ရှူလမ်းကြောင်ပိတ်ရောဂါများနှင့်အကယ်၍နျူကလီးယားအပူချိန်လွန်အရည်ပျော်အန္တရာယ်ကိုကာကွယ်မှုမလုပ်နိုင်ပါကရောဂါမျိုးစုံဖြစ်ပွားနိုင်ပြီးရောဂါကပ်ဆိုက်ရောက်သွားနိုင်သည်၊တိုင်းရင်းသားညီအစ်ကိုမောင်နှစ်မအပေါင်းတို.ခင်ဗျား၊မိမိတို.တိုင်းပြည်ကိုပြန်လာပြီးအဓိပ္ပါယ်ရှိတဲ့အလုပ်တစ်ခုခုအတွက်အသက်စွန်.လွှတ်နိုင်ပါစေ၊ Live for Nothing, Die for Something.

Thursday, March 10, 2011

ဗမာပြည်ကအမြန်ရထားနှင့်တရုတ်ပြည်ကရထားစီးပုံတဲ့ (ဗွီဒီယို)

တိုင်းရင်းသားအသံ
ဗမာပြည်ကအမြန်ရထားနှင့်တရုတ်ပြည်ကရထားစီးပုံတဲ့ (ဗွီဒီယို)



တရုတ်ပြည်ကရထားစီးပုံ

ပြည်ထောင်စုကောင်စီကိုနာလည်မှုလွဲပြီး(သို.မဟုတ်)ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေသူများအတွက်ဒီကိုအရင်ဖတ်ပါ၊

တိုင်းရင်းသားအသံ
ပြည်ထောင်စုကောင်စီကိုနာလည်မှုလွဲပြီး(သို.မဟုတ်)ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေသူများအတွက်ဒီကိုအရင်ဖတ်ပါ၊

UNFC

အသံနဲ.အလုပ်လုပ်တဲ့သူများအတွက်အသံနဲ.သာပြန်ကြားရမည်ဖြစ်ပြီးအဆံနဲ.အလုပ်လုပ်တဲ့သူများအတွက်အဆံနဲ.သာပြန်ကြားရမှာဖြစ်သည်၊ဒီလိုညီညွတ်မှုတည်ဆောက်နေသည့်အချိန်မှာဒီမိုအဖွဲ.များအကြားတစ်ဖွဲ.နှင့်တစ်ဖွဲ.တိုက်ခိုက်ရေးသားချက်များကိုတတ်နိုင်သလောက်ရှောင်ရှားစေချင်သည်၊ဖြစ်ရပ်တစ်ခုအပေါ်သေသေချာချာသုသေသနလုပ်မလေ့လာဘဲကောဠသဠသတင်းများအပေါ်အခြေခံပြီးတိုက်ခိုက်ရေးသားလေ့ရှိသည်၊ဗုဒ္ဓဘာသာတရားတော်နဲ.ပြောရရင်ရုပ်နဲ.နာမ်ကိုပညာတစ်ခုဖြင့်အကဲခတ်ခြင်းကိုဝိပဿနာဟုခေါ်သကဲ့သို.ဖြစ်ရပ်တစ်ခုအပေါ်ပညာတစ်ခုဖြင့်အကဲခတ်ခြင်းကိုကမ္မဒဿနာ(အလုပ်ဟုတ်မဟုတ်အကဲခတ်ခြင်း)ဟုခေါ်သည်၊

လိုရင်းတိုးရှင်းပြောရရင်၊လောလောဆယ်မှာနိုင်ငံတော်အာဏာမှန်သမျှဟာသန်းရွှေတို.စစ်အုပ်စုလက်ထဲမှာရှိနေသည်၊တိုင်းရင်းသားတွေတောင်းဆိုနေသည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊တန်တူရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု၊ဒီမိုကရေစီစနစ်၊တို.ကိုဘယ်တော့မှလွယ်လင့်တကူမပေးခဲ့ဘူး၊ဒါတင်မကဘူး၊စစ်အင်းအားတိုးချဲ.ပြီးဟစ်တလာအာဏာရှင်သကဲ့သို.စစ်တပ်တိုင်းပြည်ထူထောင်ရန်ကြိုးပမ်းနေပြန်သည်၊ဒါကြောင့်၊လက်နက်မကိုင်လမ်းစဉ်ကိုယုံကြည်သူများလည်းလှုပ်ရှားခွင့်လမ်းဖွင့်ထားရမည်၊စစ်ရေးလမ်းစဉ်ယုံကြည်သူများလည်းလှုပ်ရှားခွင့်လမ်းဖွင့်ပေးရမည်၊သံတမန်လမ်းစဉ်ယုံကြည်သူများအတွက်လည်းလှုပ်ရှားခွင့်လမ်းစဉ်ဖွင့်ထားရမည်၊ဒါဆိုရင်၊အတိုက်အခံအင်းအားစုတွေအထဲမှာလက်လှမ်းမီသလောက်တင်ပြရမည်ဆိုရင်-

၁။အန်အဲလ်ဒီအပါအဝင်ပြည်တွင်းနိုင်ငံရေးပါတီများကအကြမ်းမဖက်လမ်းစဉ်သမားတွေ၊
၂။လက်နက်ကိုင်တိုင်းရင်းသားအင်းအားစုများကလက်နက်ကိုင်လမ်းစဉ်သမားတွေ၊
၃။ပြည်ပရောက်နေကြသည့်သံတမန်တစ်ဝက်၊အကြမ်းဖက်လမ်းစဉ်တစ်ဝက်၊အကြမ်းမဖက်လမ်းစဉ်တစ်ဝက်သမားတွေ၊
၎။နိုင်ငံရေးအပေါ်ယံအချောင်သမားတွေ၊စကားကြီးကျယ်သမားတွေ၊ဘဲရှိတယ်၊
၅။ဒီမိုကရေစီအရေခြုံစစ်စုံထောက်သမားတွေ၊အဖျက်သမားတွေ၊မဟာဝါဒီသမားတွေ၊နေရာတကာမှဆရာကြီးသမားတွေ၊
ဒီအဖွဲ.တွေအကြားမှာတူညီတာတွေကိုတွဲလုပ်ပြီးမတူညီတာတွေကိုညှိနှိုင်းဆွေးနွေးပြီးတဖြည်ဖြည်နာလည်မှုတည်ဆောက်ရမည်၊တူညီတာတွေကိုဘုံလုပ်ငန်း၊ညှိနှိုင်းနေရမည့်ဟာတွေကိုဖြစ်မြောက်ရေးလုပ်ငန်း၊ညှိနှိုင်းလို.မလိုအပ်တဲ့ဟာတွေကိုကိုယ်ပိုင်လုပ်ငန်းအဖြစ်သဘောထားပြီးတိုက်ပွဲဝင်ကြပါ၊

ပြည်ထောင်စုကောင်စီကနေပြည်ထောင်စုတပ်မတော်ပေါ်ပေါက်လာပြီးဒီတပ်မတော်ကိုတိုင်းရင်းသားများတစ်ဦးချင်းစီအနေနဲ.အသက်နဲ.လဲပြီးကာကွယ်ရမည့်တာဝန်ရှိတယ်၊၊ဒီပြည်ထောင်စုတပ်မတော်ကိုမိမိတို.အသက်အိုးအိမ်စည်းစိမ်း၊ယဉ်ကျေးမှုအမွေအနှစ်၊လူမျိုးလက္ခဏာများကိုအကာအကွယ်ပေးနိုင်မည့်တပ်မတော်ဖြစ်နိုင်ရန်အားလုံးမှာတာဝန်ရှိတယ်၊ဒါတွေဟာကျုပ်တို.လုပ်မည့်တာဝန်ဖြစ်သည်။

Wednesday, March 9, 2011

စာမေးပွဲချိန်ကာာလမီးပျက်သောကြောင့်ဒေါသပေါက်ကွဲသည့်မော်လမြိုင်တက္ကသိုလ်ကျောင်းသားများဆန္ဒပြ(ပြည်သူ.ဒေါသပေါက်ကွဲ)

တိုင်းရင်းသားအသံ
စာမေးပွဲချိန်ကာာလမီးပျက်သောကြောင့်ဒေါသပေါက်ကွဲသည့်မော်လမြိုင်တက္ကသိုလ်ကျောင်းသားများဆန္ဒပြ(ပြည်သူ.ဒေါသပေါက်ကွဲ)



စာမေးပွဲဖြေနေစဉ် မီးမလာ၍ ကျောင်းသားများဆန္ဒပြ
March 9th, 2011 IMNA news

ကျလွန်းထော – (၁၀) တန်းကျောင်းသားများ စာမေးပွဲဖြေဆိုနေစဉ် မီး၂ ရက် ဆက်တိုက် ပျက်သွားသည့်အတွက် မော်လမြိုင် တက္ကလိုလ်မှ ကျောင်းသား ၅၀ ဦးတို့က ယမန်နေ့ည ၈ နာရီခန့်တွင် ဆန္ဒပြကြသည်။

မော်လမြိုင်တက္ကလိုလ် (ဓာတ်ပုံ- လွတ်လပ်သော မွန်သတင်း အေဂျင်စီ)

တက္ကသိုလ်ဝင်တန်းကျောင်းသားများ စာမေးပွဲစတင်ဖြေဆိုသည့် မတ်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့ မီးဆက်တိုက် ပျက်သည့်အတွက် တက္ကသိုလ်ကျောင်းသားများက မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်ရှိ လျှပ်စစ်ဓါတ်အားပေးစက်ရုံနှင့် မန္တလေးရပ်ရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့မှာ ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြခဲ့သည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။

“ကျနော်တို့ ငန်းတေးမီးစက်ကို အရင်သွားတယ်၊ အဲဒီအရှေ့မရောက်ခင် ဆိုင်ကယ်အိပ်ဇော့အသံကို အသံကုန်ဖွင့်တယ်၊ ပြီးတော့ အပြင်ကနေ ကျောက်ခဲတွေနဲ့ ပစ်တယ်၊ အဲဒီမှာ ၁၀ မိနစ်လောက်နေတယ် ပြီးမှ မြို့နယ်အင်ဂျင်နီယာရုံးဘက်ကို လှည့်သွားတယ်၊ အဲဒီအတိုင်းပဲ ပြန်လုပ်တယ်၊ ကျနော်တို့ နှစ်ပတ် ပတ်လိုက်တယ်” ဟု ၄င်းကျောင်းသားက ပြောသည်။

မြို့နယ်အင်ဂျင်နီယာရုံးကို ကျောက်ခဲ့ဖြင့် ပစ်ခဲ့ခြင်းကြောင်း ရုံးရှိပြတင်းပေါက်မှန်များ ကွဲအက်မှုကြောင်း ယခုချိန်ထိ အာဏာပိုင်တို့ဘက်မှ တစုံတရာ လုပ်လာခြင်းမရှိသေးကြောင်း ၄င်းက ပြောသည်။

အရေးကြီးသည့် စာမေးပွဲဖြေစဉ်ကာလအတွင်း မီးဖြတ်လိုက်သည့်အတွက် ဆန္ဒပြရန် လူစုရခြင်းဖြစ်ကြောင်း ဦးဆောင် ဆန္ဒပြခဲ့သည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။

ထိုသို့ တက္ကသိုလ်ကျောင်းသားများဆန္ဒပြပြီးနောက် ယနေ့နံနက် (မတ်လ ၉) ရက်နေ့မှာ မီးပုံမှန် ပြန်လာနေပြီး ဖြစ်ကြောင်း သိရသည်။

ယခုလိုကျောင်းသားများ ဆန္ဒပြခြင်းအပေါ် အာဏာပိုင်တို့ဘက်မှ တစုံတရာ ပြောကြားခြင်း ဆွေးနွေးခြင်းမရှိသေးကြောင်း မော်လမြိုင်တက္ကသိုလ်နယ်မြေရှိ အဆောင်မှုးတစ်ဦးက ပြောသည်။

“အခုချိန်ထိ ဘာမှ မပြောသေးဘူး၊ အစိုးရကနေပြီးတော့ ပါမောက္ခကို သွားပြောတာလည်း မကြားသေးဘူး၊ ဒီနှစ် ကျောင်းမဖွင့်ခင်တုန်းကလည်း ကျောင်းသားတွေ တစ်ခုခုလုပ်မယ်ဆိုရင် ကျောင်းသားနဲ့ မဆိုင်ဘူး၊ အဆောင်မှူးတွေမှာပဲ တာဝန်ရှိတယ်၊ အဆောင်မှူးတွေ တာဝန်ယူရမယ်လို့ ကျနော်တို့ အဆောင်မှူးတွေအားလုံးကို အစည်းအဝေးခေါ်တွေ့ပြီးသားပဲ၊ မီးကလည်း လာနေပြီးဆိုတော့ ကျနော်တို့ကို ခေါ်တွေ့မယ်မထင်ဘူး” ဟု ၄င်းအဆောင်မှူးက ပြောသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် မတ်လ ၉ ရက်နေ့တွင်လည်း ၁၀ တန်းကျောင်းသားများ စာမေးပွဲမဖြေခင်၌ ယခုလိုမျိုး ၃ ရက်ဆက်တိုက် မီးမလာသည့်အတွက် တက္ကသိုလ်ကျောင်းသား ၁၀၀ ကျော်တို့က မီးပြန်လည် ပေးဆောင်ရန် ဆန္ဒပြ တောင်းဆိုခဲ့သည်။

Tuesday, March 8, 2011

မာတ်ခ်ျလ (၂၅) ရက်နေ.၊ပြည်သူ.ဒေါသပေါက်ကွဲနေ. March 25, People's Anger Uprising Against Dictatorship in Burma

တိုင်းရင်းသားအသံ

မာတ်ခ်ျလ (၂၅) ရက်နေ.၊ပြည်သူ.ဒေါသပေါက်ကွဲနေ. March 25, People's Anger Uprising Against Dictatorship in Burma



ဓါတ်ဆီဈေးတက်နေတယ်၊ဆန်ဈေးတက်နေတယ်၊ကုန်ဈေးနှုန်းတွေတက်နေတယ်၊အစိုးရအတုတက်နေတယ်၊စစ်ဗိုလ်များလစာတက်နေတယ်၊သန်းရွှေနှင့်ဗမာစစ်ဗိုလ်များဇိမ်းခံကားစီးနေတယ်၊ပေါ်ဆန်မွှေးတွေစားနေတယ်၊အခမဲ့ကုန်ပစ္စည်းများသုံးဆောင်နေတယ်၊
ပြည်သူများကားမစီးနိုင်၊ပြည်သူများထမင်းငတ်နေတယ်၊ပြည်သူများငိုကြွေးပြီးမှထမင်းစားရသည့်ဘဝရောက်နေတယ်၊ပြည်သူများလစာမရှိ၊ပင်စင်မရှိ၊လူမှုဖူးလုံးရေးအကျိုးခံစားခွင့်မရှိ၊သားရေးနာရေးဆေးဝါကုသမှုခံစားခွင့်မရှိ၊အသက်ကြီးအရွယ်အိုသူများအားကိုးရာမဲ့နေ၊လူငယ်များအာဟာရချို.တဲ့နေတယ်၊အခမဲ့ပညာသင်ကြားခွင့်မရှိ၊ကလေးစစ်သားဘဝရောက်ရှိနေကြ၊အကုန်ပြောရရင်နိုင်ငံသားတစ်ဦးချင်းစီ၏ရသင့်ရထိုက်တဲ့အခြေခံရပိုင်ခွင့်များဆုံးရှုံးနေပြီးအများနဲ.သက်ဆိုင်တဲ့အခွင့်အရေးများကိုလည်းလုံးဝပိတ်ပင်ထားတယ်၊ဒါဟာသန်းရွှေနဲ.အာဏာရှင်အပေါင်းအပါးများ၏နှစ်ရှည်နိုင်ငံတော်အာဏာဆုပ်ကိုင်ထားမှုကြောင့်ဖြစ်သည်။ဒါကိုမတရားဘူးဆိုတာပြည်သူများကဆုံးဖြတ်ရတော့မည်၊သန်းရွှေမိသားစုနဲ.စစ်အာဏာရှင်အပေါင်းအပါးများကိုပြည်သူ.အင်းအားဖြင့်ဖြုတ်ချပြီးတရားစွဲဆိုရမည်၊

တစ်ယောက်ချင်းစီး၏ရပိုင်ခွင့်များနှင့်အများပြည်သူများအခွင့်အရေးအတွက်လာမည့် မာတ်ခ်ျလ (၂၅)ရက်မှာတိုက်ပွဲကြပါ၇န်ဖိတ်ခေါ်သည်။

ကြွေးကြော်သံများ

ဒို.အခွင့်အရေး             ချက်ချင်းပေး
သန်းရွှေအာဏာရှင်       ချက်ချင်းဆင်း
အစိုးရအတု                ဒို.မမှု၊       
အစိုးရအတု               အလိုမရှိ၊

Sunday, March 6, 2011

မာတ်ခ်ျလ (၂၅)ရက်နေ.တွင်လွတ်လပ်မှု၊အပြောင်းအလဲ၊နှင့်တရားမျှတမှုအတွက်ပြည်သူလူထုများတိုက်ပွဲစမည်၊ Join US 25 March for Freedom, Change & Justice

တိုင်းရင်းသားအသံ

မာတ်ခ်ျလ (၂၅)ရက်နေ.တွင်လွတ်လပ်မှု၊အပြောင်းအလဲ၊နှင့်တရားမျှတမှုအတွက်ပြည်သူလူထုများတိုက်ပွဲစမည်၊ Join US 25 March for Freedom, Change & Justice

မာတ်ခ်ျလ (၂၅)ရက်နေ.တွင်လွတ်လပ်မှု၊အပြောင်းအလဲ၊နှင့်တရားမျှတမှုအတွက်ပြည်သူလူထုများတိုက်ပွဲစမည်၊ Join US 25 March for Freedom, Change & Justice

မာတ်ခ်ျလ (၂၅)ရက်နေ.တွင်လွတ်လပ်မှု၊အပြောင်းအလဲ၊နှင့်တရားမျှတမှုအတွက်ပြည်သူလူထုများတိုက်ပွဲစမည်၊ Join US 25 March for Freedom, Change & Justice

မာတ်ခ်ျလ (၂၅)ရက်နေ.တွင်လွတ်လပ်မှု၊အပြောင်းအလဲ၊နှင့်တရားမျှတမှုအတွက်ပြည်သူလူထုများတိုက်ပွဲစမည်၊ Join US 25 March for Freedom, Change & Justice

မာတ်ခ်ျလ (၂၅)ရက်နေ.တွင်လွတ်လပ်မှု၊အပြောင်းအလဲ၊နှင့်တရားမျှတမှုအတွက်ပြည်သူလူထုများတိုက်ပွဲစမည်၊ Join US 25 March for Freedom, Change & Justice

မာတ်ခ်ျလ (၂၅)ရက်နေ.တွင်လွတ်လပ်မှု၊အပြောင်းအလဲ၊နှင့်တရားမျှတမှုအတွက်ပြည်သူလူထုများတိုက်ပွဲစမည်၊ Join US 25 March for Freedom, Change & Justice

မာတ်ခ်ျလ (၂၅)ရက်နေ.တွင်လွတ်လပ်မှု၊အပြောင်းအလဲ၊နှင့်တရားမျှတမှုအတွက်ပြည်သူလူထုများတိုက်ပွဲစမည်၊ Join US 25 March for Freedom, Change & Justice

မာတ်ခ်ျလ (၂၅)ရက်နေ.တွင်လွတ်လပ်မှု၊အပြောင်းအလဲ၊နှင့်တရားမျှတမှုအတွက်ပြည်သူလူထုများတိုက်ပွဲစမည်၊ Join US 25 March for Freedom, Change & Justice

မာတ်ခ်ျလ (၂၅)ရက်နေ.တွင်လွတ်လပ်မှု၊အပြောင်းအလဲ၊နှင့်တရားမျှတမှုအတွက်ပြည်သူလူထုများတိုက်ပွဲစမည်၊ Join US 25 March for Freedom, Change & Justice      
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.