တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, November 7, 2007

သန်းရွှေတို့အဖွဲ.အတွက်ယမမင်းထံခံစစ်ဆေးသံပေါက်

နိုဝင်ဘာလ၊၆ ရက်နေ့၊၂၀၀၇။

့မေး။ အိုကွယ်ယောင်္ကျား၊လူပြည်သား၊ဘာများလုပ်ခဲ့သလဲ၊
ဖြေ။ ရဟန်းသံဃာ၊လူကျောင်းသား၊အများကြီးသတ်ခဲ့တယ်၊

မေး။ ရဟန်းသံဃာ၊လူကျောင်းသား၊ဘာကြောင့်သတ်ခဲ့သလဲ၊
ဖြေ။ တိုင်းပြည်အုပ်ချုပ်၊မင်းလုပ်မှာ၊အာဏာရုးလို.သတ်ခဲ့တယ်၊

မေး။ မင်းတို.ပြည်မှာ၊သာသနာ၊မထွန်းကားဘူလားကွယ်၊
ဖြေ။ ကျွှန်နော့်ပြည်မှာ၊သာသနာ၊ထွန်းကားလှပါတယ်၊

မေး။ ဗုဗ္ဗဇိတ၊ဒုလ္လဘ၊မရခဲ့ဘူလားကွယ်၊
ဖြေ။ ဗုဗ္ဗဇိတ၊ဒုလ္လဘ၊ကျွှန်တော်ရခဲ့တယ်၊

မေး။ ဗုဒ္ဓတရား၊မင်းဆရာ၊မဟောဘူလားကွယ်၊
ဖြေ။ ကျနော့်ဆရာ၊ဟောပြရှာ၊အနာမှမ၀င်ဘဲ၊

မေး။ လူသတ်တရား၊ဘယ်ဆရာ၊ဟောကြားခဲ့သလဲကွယ်၊
ဖြေ။ဇောတိပါလ၊နာမည်ရ၊ကြခတ်ဝိုင်းဆရာဘဲ၊

မေး။ သူ.တရားကို၊နာမည်ဆို၊ဘယ်လိုခေါ်သလဲကွယ်၊
ဖြေ။ သားသုံးသား၊ရှင်းရမှာ၊တရားလို.ခေါ်ပါတယ်၊

မေး။ သားမျိုးသုံးသား၊ဆိုရာမှာ၊ဘာသားများဖြစ်သလဲ၊
ဖြေ။ ကျောင်းသားစစ်သား၊ဗုဒ္ဓသား၊သားသုံးသားလို.ခေါ်ပါတယ်၊

မေး။ ဇောတိပါလ၊ထိုလူက၊မလာရသေဘူလားကွယ်၊
ဖြေ။ သူကနောက်မှာ၊တန်းစီကာ၊လိုက်လာနေတော့တယ်၊

ယမမင်းဆုံးဖြတ်။ မေးခွန်းမဆုံ၊အချိန်ကုန်၊ရင်ခုန်လွန်လှတယ်၊
မင်းအရင်လာ၊မင်းကိုသာ၊ငါတို.စီရင်မယ်၊
မင်းအပြစ်က၊ကြီးမားလှ၊အိုးထဲဆွဲချမယ်။။။။


(မှတ်ချက်။ သန်းရွှေအစစ်ခံသည့်အပိုင်းတစ်ခုပါ၊သူ.နောက်သားများအစစ်ခံသည့်အပိုင်းမပါသေပါ။)

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.