တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Tuesday, January 6, 2009

မိုင်းဖုန်းဆရာတော် မွေးနေ့ပွဲသို့ မြန်မာနိုင်ငံမှ လူတစ်သိန်းကျော် လာရောက်ဖူးမျှော်ပူဇော်။

တိုင်းရင်းသားအသံ

မိုင်းဖုန်းဆရာတော် မွေးနေ့ပွဲသို့ မြန်မာနိုင်ငံမှ လူတစ်သိန်းကျော် လာရောက်ဖူးမျှော်ပူဇော်။

နွယ်လေး။
ဇန်န၀ါရီ ၅ရက် ၊၂၀၀၉ခုနှစ်။

တာချီလိတ်တဘက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်ခရိုင် ကိန်းဆဲန်မြို့နယ် ၀ိန်းဂေဲဝ်တွင် ပြုလုပ်သည့် ဆရာတော် ဦးဥာဏသံဝရ (မိုင်းဖုန်း ဆရာတော်) ၀ါတော် ၂၆ နှစ် သက်တော် ၄၆ နှစ်ပြည့် မွေးနေ့ပွဲသို့ မြန်မာနိုင်ငံမှ သံ ဃာတော်များနှင့် မြန်မာနိုင်ငံမှ ပြည်သူပြည်သား စုစုပေါင်း တစ်သိန်းကျော်လာရောက် ပူဇော်ကန်တော့ကြ သည်။

ယနေ့ဇန်န၀ါရီလ (၅)ရက်နေ့တွင် ကျရောက်သည့် စ၀်ဝန်းစုမ် ( မိုင်းဖုန်းဆရာတော် ) ဟု လူသိများသည့် ဆ ရာတော် ဦးဥာဏသံဝရသည် ၀ဇီပိတ်ကျင့်နေသဖြင့် ပင့်ဖိတ်ထားသည့် သံဃာတော်များက ဆရာတော် ၏ ကိုယ်စား တရား ဟောပြောကြသည်။

“ဆရာတော် ဒီသူ့မွေးနေ့ ဖြစ်တဲ့ ဒီနေ့ တစ်နေ့လုံး စကားမပြောဘူး ။လိုအပ်ရင် လက်ဟန်ခြေ ဟန် နဲ့ ပဲပြောတယ်။ သိန်းချီပြီး လာဖူးတဲ့ သံဃာတွေ ဒကာတွေကို မြင်ရတော့ ဆရာတော်ရဲ့ ကံပါရမီ ကြီးမားပုံကို ပိုပြီး ယုံကြည်မိတယ်။ မနေ့ကဆို ဆရာတော်ကို လာဖူးတဲ့ ဒကာတွေရဲ့ ကားဆို လေး ငါးမိုင်လောက်မှာတည်းက တန်းစီ စောင့်နေရတာ။ ထိုင်း ရဲတာဝန်ရှိတွေကလည်း အစစအရာရာ ပြည့် ပြည့်၀၀ လုံခြုံရေးကစ ကူညီတာအားရစရာပဲ။ လှူတာ ဒါန်းတာ အားလုံး တကယ်အားရစရာပဲ ။ရှမ်း ပြည်ကနေ ပင်ပင်ပန်းပန်း ကြိုးစားပြီး လာရတာ တော်တော့်ကို အကျိုးရှိတယ် တန်တယ်လို့ ပြော ရမှာပဲ။ ခုလို ပွဲမျိုး ဖူးရကြုံရဖို့ဆိုတာ မလွယ်ဘူး”ဟု ရှမ်းပြည်မြောက်ပိုင်းမှ ဆရာတော် တစ်ပါးက မိန့်ကြားသည်။

ဆရာတော်၏ မွေးနေ့ပွဲသို့ မြန်မာနိုင်ငံမှ သံဃာ ၊ဒကာ များသည် ထိုင်းနိုင်ငံတွင်း တစ်ပတ်ဝင်ခွင့် ဗီဇာနှင့် ဇန်န၀ါရီလ(၁)ရက်နေ့မှစပြီး လာရောက် ဖူးမျှော်ခြင်းဖြစ်သည်။

“မြန်မာပြည်ကနေ ဆရာတော်ကို လာဖူးကြတဲ့သူတွေဆို ဒီထိုင်းနိုင်ငံမှာ လာပြီး အလုပ်လုပ်ကြတဲ့ သူတို့သားသမီး ၊တူ ၊တူမ ၊အဒေါ် ၊ဦးလေးဆွေမျိုးတွေ နဲ့လာပြီးဆုံကြတော့ ဖက်ပြီး ငိုကြတာ ၊တစ်ပွဲလုံးနီးပါး လောက်ကို အဲလို ဖက်ပြီးငိုကြတာ တွေ့ရတယ် ။”ဟု စိုင်းအွမ်ဆိုင်ကပြောသည် ။

ရှမ်းပြည်နယ်မှ နာမည်ကြီး ရှမ်းအဆိုတော်များဖြစ်သည့် စိုင်းစင်းဟန် ၊နန်းမောက်စံခမ်း ၊နန်းနွမ်မောဝ်း ၊ နှင့် မယ် ဆိုင်မြို့မှ ရှမ်းဇာတ် ၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှ တိုးနယား အက ၊ကိန္နရီ ကိန္နရာ အကများနှင့်ပူဇော် ကန့်တော့ ကြပြီး ဇန်န၀ါရီလ (၇)ရက်နေ့ထိ မွေးနေ့ပွဲကို ကျင်းပသွားမည်ဟုသိရသည်။

“တန်ခိုးကြီးဆရာတော်မွေးနေ့ပွဲမှာ ဘယ်သူ့ကိုမှ မပင့်မဖိတ် ရပဲနဲ့ ပရိတ်သတ်ပေါင်း တစ်သိန်း ကျော် လာရောက်ဖူးမျှော်ကြတယ်။ ဆရာတော်ရဲ့ ကြီးမားတဲ့ တန်ခိုးအာနုဘော်ကြောင့် ကျနော်တို့ ဆယ်နှစ်ကျော် ဝေးကွာခဲ့တဲ့ ဆွေတွေမျိုးတွေနဲ့ခုလို နေရာမှာ ပြန်ဆုံခွင့်ရတာ ကြည်နုးတာပေါ့။ သူ တော်ကောင်းသူတော်မြတ်နဲ့ ခုလိုတွေ့ဆုံ ဖူးမြော်ခွင့် ရတာ ၊ကိုယ်လဲ ကိုယ်တတ်နိုင်သမျှ အတီး အကနဲ့ ပူဇော်ကန့်တော့ခွင့်ရတာ အင်မတန်မှ ကျေနပ်စရာကောင်းပါတယ်။” ဟု တိုးနယား အက၊ ကိန္နရီ ကိန္နရာ အကများနှင့်ပူဇော် ကပြသူ စိုင်းခမ်းကပြောသည်။

မိုင်းဖုန်းဆရာတော်သည် ယခင်က ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင်းရှိ မိုင်းဖုန်းတွင် သီတင်းသုံးပြီး ရှမ်းပြည်နေရာအနှံ့အပြားနှင့် မိုးကုတ်မြို့ စသည့်ဒေသများတွင် စေတီပုထိုးများစွာ တည်ဆောက် လှူဒါန်းသာ သနာပြုခြင်းနှင့် အကျင့်သီလနှင့် ပြည်စုံသောကြောင့် ကိုးကွယ်ဆည်းကပ်သူများပြားခြင်းဖြစ်သည်။

မိုင်းဖုန်းဆရာတော်သည် ထိုင်းနိုင်ငံသား ဖြစ်ပြီး ကိုရင်လေးဘ၀တည်းမှ ရှမ်းပြည်တွင်းသို့ သွားရောက်သာသ နာပြုခဲ့သည်။ှ ၂၀၀၄ ခုနစ်တွင် ဆရာတော်အား နိုင်ငံရေးတရားဟောပြောမှုအပြင် အခြားသောစွဲဆိုချက်မျာဖြင့် မြန်မာအာဏာပိုင်များက ပြည်ဝင်ခွင့်ပိတ်ခဲ့သောကြောင့် တာချီလိတ် မိုင်းဖုန်းကျောင်းမှ ထိုင်းနိုင်ငံကိန်းဆဲန်မြို့ ၀ိန်းဂေဲဝ်တွင် ပြောင်းရွှေ့ သီတင်း သုံးခဲ့သည်။

ဆရာတော်က ယခု မွေးနေ့ပွဲကို ခုနှစ်ကြိမ်မြောက်နှင့် နောက်ဆုံး အကြိမ်အဖြစ် ကျင်းပခြင်းဖြစ်သည် ဟု မိန့် ကြားသည် ဟုလည်း သတင်းရရှိသည်။





No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.