တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Tuesday, June 29, 2010

မိုင်းလားတပ်ဖွဲ့နယ်မြေ၌ အမည်မသိလူတစု နအဖ ပြည်ထောင်စုအလံ ဖြုတ်ချဖျက်ဆီး

တိုင်းရင်းသားအသံ
မိုင်းလားတပ်ဖွဲ့နယ်မြေ၌ အမည်မသိလူတစု နအဖ ပြည်ထောင်စုအလံ ဖြုတ်ချဖျက်ဆီး

Tuesday, 29 June 2010 19:22 သျှမ်းသံတော်ဆင့်

ပီးခဲ့သည့်အပတ်က မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း အမည်မသိလူတစု နအဖ ပြည်ထောင်စုအလံကို ဖြုတ်ချပြီး အပိုင်းပိုင်းဖြတ်ကာ လူမြင်သာသည့်ကားလမ်းမဓါတ်တိုင်တွင် ချည်ထားကြောင်း စုံစမ်းသိရှိရပါသည်။

“ကျိုင်းတုံအခြေစိုက် တြိဂံစစ်တိုင်းရုံး ဂျီဝမ်းအသစ်နဲ့အဖွဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မိုင်းဟိုင်းမြို့မှာ နှစ်နိုင်ငံမြို့နယ် အဆင့် နယ်စပ်ကိစ္စဆွေးနွေးပွဲ မသွားခင်မှာဘဲဖြစ်တာ၊ ဘယ်သူ့လက်ချက်မှန်းမသိဘူး၊ နအဖ ရဲ့ ဌာန ဆိုင်ရာရုံး ၄ ခုက အလံ ၄ ခုစလုံး ညအချိန်ဖြုတ်ချပြီး အပိုင်းပိုင်းဖြတ်တယ်၊ တချို့အစအနတွေ လမ်းပေါ်ကြဲပစ် ထားတယ်။ တချို့အပိုင်း ဟာကိုဓါးနဲ့ချိုဒ်ပြီးဓါတ်တိုင် မှာသွားချည်ထားတယ်” - ဟု ကျိုင်းတုံမြို့ခံတဦးက ပြောပြပါသည်။

မဆလ/န၀တ/နအဖ ၏ ပြည်ထောင်စုအလံ (နာမည်ခံပြည်ထောင်စုအလံ-တိုင်းရင်းသားအသံထပ်ဖြည့်)

မိုင်းလားတပ်ဖွဲ့ တပ်မဟာ ၈၉၆ နှင့် တပ်မဟာ ၃၆၉ တို့ ပူးပေါင်းထိန်းချုပ်သည့် ဆီလူးမြို့ရှိ နအဖ၏ ကျန်းမာ ရေးဌာန၊ ပညာရေးဌာန၊ စိုက်ပျိုးရေးဌာန နှင့် တိရစ္ဆာန်ဌာနရုံးများ၏အလံများ ဂျွန် ၂၁ ရက် ညဥ့်နက် ပိုင်းက ဖြုတ်ချဖျက်ဆီးခံရ ခြင်းဖြစ်သည်။

“ဗမာစစ်တပ်ကဘဲ မိုင်းလားတပ်ဖွဲ့ကို အကြောင်းမရှိ အကြောင်းရှာ၊ ရန် ရှာချင်လို့ လံကြုပ်ဖန်တီး တာဖြစ်နိုင် သလို အသွင်ပြောင်းဖို့ အမြို့ဖိအားပေးခံနေတာကို အမြင်ကပ်လို့ ဒေသခံတပ်မှူးတပ်သားတွေ လုပ်တာလဲ ဖြစ်နိုင်တယ်”- ဟု တရုတ် နယ်စပ် အကဲခတ်သူတဦးကပြောပါသည်။

အဆိုပါကိစ္စကို မိုင်းလားတပ်ဖွဲ့သိလျှင်သိခြင်း အခင်းဖြစ်သည့် နေရာသို့ မိုင်းလား ဗဟိုဌာနချုပ်မှအာဏာပိုင်များသွား ရောက် စစ်ဆေးခဲ့ကြကြောင်း၊ မဆလ/န၀တ အလံ ဖျက်ဆီးသည့်တရားခံကိုလည်း အမြန်ဆုံးဖမ်းမိရန်စုံစမ်းမေးမြန်း နေကြောင်း- မိုင်းလား တပ်ဖွဲ့ အရာရှိတဦး ကပြောပြပါသည်။

ဂျွန် ၂၄ ရက် တရုတ်ပြည် ယူနန်နယ် ဆစ်ဆောင်ပန်းနားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ မိုင်းဟိုင်းမြို့ နှစ်နိုင်ငံ (မြို့နယ် အဆင့်) တရုတ် - မြန်မာ နယ်စပ်အရေးဆွေးနွေးပွဲမှအပြန် မိုင်းလားမြို့ ညအိပ်ရပ်နားစဉ် တြိဂံစစ်တိုင်း ရုံး ဂျီဝမ်းသစ် ဒု-ဗိုလ်မှူးကြီးတင့်ဆွေနှင့်အဖွဲ့ မိုင်းလားအာဏာပိုင်များနှင့် တွေ့ဆုံရာ၌လည်း နယ်ခြားစောင့် တပ်အရေးထက်အလံဖျက် ဆီးခံရသည့် ကိစ္စကို ဦးစားပေးပြောသွားကြောင်း နီးစပ်သည့်အသိုင်းအ၀ိုင်းက ပြောပါသည်။

တြိဂံတိုင်း ဂျီဝမ်းသစ်နှင့်အဖွဲ့အား မိုင်းလားတပ်ဖွဲ့ ဒုဥက္ကဌ ဆန်းပေ နှင့် စ၀်ဆန်လူတို့ လက်ခံတွေ့ဆုံစဉ် တင်ပြစရာ တောင်းဆိုစရာများရှိလျှင် ပြောနိုင်ကြောင်း၊ အထက်သို့ တင်ပြပေးမည်ဖြစ်ကြောင်း ဒု-ဗိုလ်မှူးကြီး တင့်ဆွေမှကမ်းလှမ်း သော်လည်း ဘာမျှဆွေးနွေးစရာမရှိကြောင်း ၂၅/၆/၂၀၁၀ နေ့ ပြောဆိုကြပြီး ယခင် ကကဲ့သို့ ထမင်းဝိုင်းထိုင်အတူ စားသောက်ခြင်းပင်မရှိဟု ကြားသိရ၏။ ယခုတွေ့ဆုံမှုသည် ဧပြီ ၂၈ ရက်နေ့ နအဖနောက်ဆုံးသတ်မှတ်ရက် နောက်ပိုင်း ပထမဆုံးအကြိမ်တွေ့ဆုံကြခြင်းဖြစ်သည်။



လက်လဲပခုံးပြောင်း၊

တိုင်းရင်းသားအသံ
လက်လဲပခုံးပြောင်း၊


ဖဆပလ၊မဆလ၊တလစ၊နဝတ နှင့်နအဖ၊
အမည်နာမမျိုးစုံဖြင့်၊ ဇာတ်လမ်းတူဇာတ်ကားများ၊
ငါတို.ရှူစားခဲ့လေပြီ။

ဖဆပလ လည်း၊ ငါတို.ကိုဘဲ၊
မဆလ လည်း၊ငါတို.ကိုဘဲ၊
တလစ လည်း၊ငါတို.ကိုဘဲ၊
နဝတ လည်း၊ငါတို.ကိုဘဲ၊
နအဖ လည်း၊ငါတို.ကိုဘဲ၊
ထာဝရမြဲဒုက္ခပေးခဲ့လေပြီ။

နောက်ခါလာမည့် ကြံ့ဖွတ်တို.၊ဘာတို.ဆိုပါစို.၊
”ဗိုလ်” ဆိုသူများမှ ”ဦး”ဆိုသူများသို.ပြောင်းထားတဲ့လူတွေပဲ၊
မဟောသဓာဇာတ်မှာမာတုယောင်ဆောင်ထားတဲ့ဘီလူးမလိုပဲ၊
သားကိုသနားဖို.ရာလုတာမဟုတ်၊
အသားကိုဝါးစားဖို.ရာအားထုတ်တာတကယ်။

လက်တစ်ဖက်ညောင်လို.၊အခြားတစ်ဖက်လဲတာ၊
ပခုံးတစ်ဖက်ညောင်လို.၊အခြားတစ်ဖက်ပြောင်းတာ၊
ဘယ်သူဘယ်ဝါ၊ဘာညာဟောပြောနေတာ၊
အာရုံနောက်တာကြာလှပြီ၊

ဇာတ်လမ်းကတော့၊လက်လဲပခုံးပြောင်းပါပဲ။


ကပ္ပိယကံဆိုး


Saturday, June 26, 2010

ပြည်သူလူထုတွေရဲ.သောကပရိဒေဝကိုတိုးပွားစေတဲ့ ကံပေါက်-မြိုင်ကလေးပိုက်လိုင်၊မြန်မာပြည်သူလူထုကိုနှိပ်စက်ရန် ငွေတိုက်တစ်ခု

တိုင်းရင်းသားအသံ
ပြည်သူလူထုတွေရဲ.သောကပရိဒေဝကိုတိုးပွားစေတဲ့ ကံပေါက်-မြိုင်ကလေးပိုက်လိုင်၊မြန်မာပြည်သူလူထုကိုနှိပ်စက်ရန် ငွေတိုက်တစ်ခု



Wednesday, June 23, 2010

သာကီနှင့် နာဇီ (စုံမ နှင့် ဘီးလူမ)

တိုင်းရင်းသားအသံ
သာကီနှင့် နာဇီ (စုံမ နှင့် ဘီးလူမ)
ဘိုဘိုလန်းစင် | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၁၃ မိနစ်

(၁)

ခုတလော မြန်မာနဲ့ဗမာ ဘာကွာသလဲ၊ မြန်မာပြည်နဲ့ဘားမား ဘယ်စကားလုံးက လက်ရှိ ကျနော်တို့နိုင်ငံကို ကိုယ်စားပြုနိုင်မလဲဆိုတာ ပြောဖြစ်ကြသည်။ ပြောရင်းဆိုရင်း တို့ဗမာဝါဒတွင် နာဇီကဲ့သို့ လူမျိုးသန့်စင်ရေးနှင့် ပတ်သက်တာမျိုးတွေပါသလားဆိုတာ မေးသူကရှိလာသည်။ တို့ဗမာတွေ လက်ဝဲစော်မနံခဲ့ရင် ကုလားမျိုးဖြုတ်ရေး၊ အဓမ္မဗုဒ္ဓသာသနာပြုတာတွေ ပေါ်လာနိုင်မယ်ဟုသာ အတွေးပေါက်မိသည်။ ဤအမြင်ကို ဗမာပြည်သည် တို့ပြည် ဗမာစာသည် တို့စာ စသည့် ကျောင်းဖတ်စာအုပ်သမိုင်းနှင့် အမျိုးသားရေးဝါဒကို အထုံကူးလာခဲ့သည့် မြန်မာအများစု အနေဖြင့် လက်ခံမည်မဟုတ်။ ဂလိုဘယ်ခေတ်ဟု တကြော်ကြော်အော်နေကြသော်လဲ စစ်အေးလက်ကျန် ဤတိုင်းပြည်ကလေးတွင် ခုထိ သာကီမျိုးဆိုသည့် တို့ဗမာယုံတမ်း မှန်နန်းထဲက ဒဏ္ဍာရီဇာတ်လမ်းကို မယုံကြည်လျှင်တောင် အသုံးချနေဆဲဖြစ်သည့်ပညာတတ်ဆိုသော ပုဂ္ဂိုလ်အများလဲ ရှိဆဲ မဟုတ်ပါလား။
adse

တို့ဗမာဝါဒနှင့် မှိုင်းစာပေက ကနေ့ မြန်မာအမျိုးသားရေး လက္ခဏာ၏ အမိအဖပမာ


လောလောဆယ်ဆယ် မေ ၃ဝ ဒီပဲယင်းနေ့ကပဲ တို့ဗမာကြေညာစာတမ်းက အနှစ် ၈ဝ ပြည့်သွားသည်။ ပါမောက္ခဒေါ်ခင်ရီ၏ ကောနဲလ်တက္ကသိုလ်မှ ထုတ်သော တို့ဗမာလှုပ်ရှားမှုစာအုပ်တွင် ၁၉၈၈ထိ မြန်မာနိုင်ငံရေးသမိုင်းကို သခင်များ ကြီးစိုးကြောင်း သုံးသပ်ထားသည်။ ထို့နောက် အဆက်ဖြစ်သော မြန်မာနိုင်ငံရေးလောကတိုက်ပွဲများတွင် တို့ဗမာမျိုးချစ် လက္ခဏာသွင်ပြင်ဖြစ်သော တော်လှန်ရေးစိတ်ဓာတ်နှင့် နိုင်ငံခြားဆန့်ကျင်ရေးတို့ ကြီးစိုးဆဲဟု ကျနော် ဖြည့်စွက် ပြောချင်သည်။ ထိုတို့ဗမာအမျိုးသားရေးဝါဒသည် အစဉ်အလာမြန်မာအမျိုးသားရေးလှုပ်ရှားမှုနှင့် ဘာကွာသလဲမေးလာရင် ပိုပြင်းသည်၊ ပိုကြွသည်၊ ဥရောပအမျိုးသားရေးဝါဒပုံစံ လူမျိုးအခြေပြုတိုင်းပြည်စံနစ်ကို ပန္နက်ချခဲ့သည် (တနည်း အနှစ် ၆ဝကျော် ပြည်တွင်းစစ်ကို မီးရှို့ပေးခဲ့သည်) ဟု ဆိုရမည်။ ထိုထက်
ဗမာ/မြန်မာဆိုသော အနက်တူ စကားနှစ်လုံးကို ကလဖန်ထိုးပီး တိုင်းရင်းသားတွေကို မြန်မာဇာတ်သွင်းဖို့ သခင်/ဦးနု၊ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် တပည့်ကြီးများ မြန်မာအမျိုးသားရေး ဝါဒီကြီးများ

ဤဝါဒကိုသုံး၍ အနှစ် ၈ဝလုံးလုံး အကွက်ချခဲ့သည်ဟုသာ ယူဆသည်။ မြန်မာပြည်/နိုင်ငံဆိုသည့် စကားရပ်သည် တိုင်းပြည်၏ လူဦးရေ သုံးပုံနှစ်ပုံနှင့် ကျန်တပုံအကြား တကယ့်လောင်စာဖြစ်လာသည်။ “ ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ ...တို့ဗမာပြေကို တိုင်းရင်းသားအကုန်အစင် တို့ပြေလို့မှတ်ထင်” စသည်ဖြင့် ဝိုင်အမ်ဘီသခင်တင်က စာပြုစပ်ဆိုခဲ့သည့် သီချင်းမှာ မြန်မာအများစုကြား သွေးထိုးပေးနိုင်ခဲ့သော်ငြား အင်ဒိုနီးရှား၊ ဂရိတ်ဗြိတိန်တို့ကဲ့သို့ တိုင်းရင်းသားအများဆိုင် နိုင်ငံရေးပုံရိပ်တခုဖြစ်အောင် မဆောက်တည်နိုင်ခဲ့ပါ။

မိုက်ကယ်အောင်သွင်က ဦးကုလားရာဇဝင်ကို ကိုးကား၍ ၁၈ရာစု ညောင်ရမ်းခေတ်ကပင် အဝရွှေနန်းကို အခြေပြုပီး မြန်မာနိုင်ငံဟူသော နိုင်ငံရေးအမှတ်သညာတခုပေါ်ထွက်နေပီဟု ရေးဖူးသည်။ ဤသို့ အခိုင်အမာဆိုနိုင်ရန် အုပ်စိုးသူပဒေသရာဇ်နှင့် နီးစပ်ရာ ပညာရှိများပြုစုသည့် စာပေကို ကိုးကားသည်ထက် လက်အောက်ခံ မြန်မာမဟုတ်သော တပါးလူမျိုးများအမြင်၊ မြန်မာကျေးတော်မျိုးတို့၏အသံကိုပဲ ပိုရအောင် နားထောင်သင့်သည် ထင်ပါသည်။ အမှန်မတော့ ကုန်းဘောင်ခေတ်နှောင်း နယ်ချဲ့နှင့် နှာခေါင်းချင်းတိုးမိကြချိန်မှ တမ္ပဒီပ သုနာပရန္တစသည့် တိုင်းကြီးများ၏သခင်ဘဝမှသည် မြန်မာဘုရင့်နိုင်ငံဟူပီး ပေါ်ထွက်လာရန် ကြိုးစားခဲ့ရသော အညာပဒေသရာဇ်များသည် မှန်နန်းစသည့် ရာဇဝင်သစ်များရေးပီး မြန်မာမင်းကို ဘုရားနှင့် အမျိုးဆက်ရသည်။ ပုဂံမင်းဆက်အစ ပျူစောထီးဟာ နဂါးမနှင့် နေမင်းသားညားပီး ဥ,ဥရာက ပေါက်သည့်သားဆိုသော ယခင်ရာဇဝင်ဟောင်းများကိုလဲ ဝါဒဖြန့်ပုံစံသစ်အတွက် ငြင်းချက်ထုတ်ရသည်။ သို့သော် နန်းလုပွဲများနှင့် နစ်မွန်းပီး တိုင်းပြည်ကို စံနစ်တကျ အခြေမဖွဲ့နိုင်သော ကုန်းဘောင်မင်းဆက်သည် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲတွင် မိစ္ဆာဒိဋ္ဌိကုလားရန်မှ သာသနာတော်ကို ကာကွယ်ရန်ဟု ဘာသာရေးဘန်းပြပီး လူထုကို စည်းရုံးခဲ့ရသော်လဲ ဆေးချက်က မမီတော့ပေ။ မန္တလေးပျက်ချိန်ထိ ဘုရင်နှင့် ဒေသအကြီးအကဲကို သစ္စာခံမှုမှအပ လူမျိုးနှင့်နိုင်ငံဟု တသီးတခြားမှတ်စွဲမှုမရှိသေးသောကြောင့် ရှေးဦးလက်နက်ကိုင်ထကြွမှုများမှာ ကန်ရေပြင်ကို ခဲပေါက်သကဲ့သို့ ငါးမမိဘဲ (အာဏာဗဟိုချက်ကို မထိပါးနိုင်ဘဲ) နိဂုံးချုပ်ခဲ့ရသည်။ သုဓမ္မာသာသနာပိုင်နှင့်တကွ မင်းစိုးရာဇာအများစုကလဲ ကိုလိုနီအုပ်ချုပ်ရေးအမြစ်တွယ်အောင် အားဖြည့်ထောက်မခဲ့ကြသည်။ ဝိုင်အမ်ဘီအေမှအစ နိုင်ငံရေးခေတ်ဦးအနှစ် ၂ဝ အတွင်း အမျိုးဘာသာသာသနာပညာဟူသော ဝံသာနုအမျိုးသားရေးလှုပ်ရှားမှုများမှ ဗုဒ္ဓဘာသာမြန်မာတည်းဟူသော တိုင်းပြည်တွင် ကြီးစိုးနေသည့် အိန္ဒိယနွယ်ဖွားများနှင့် ကွဲပြားသည့် သီးခြားလက္ခဏာကို ပုံဖော်ရန် အားထုတ်သော်လဲ ပဒေသရာဇ်အငွေ့မပြယ်နိုင်ဘဲ အုပ်စိုးသူတိုင်းခြားသားတို့ထံမှ အုပ်ချုပ်ရေးအဆင့် တိုးတက်ဖို့သာ ပဓာနပြုသည်ကိုတွေ့ရသည်။ ဦးဥတ္တမ၏ မကြောက်တရားလှုံ့ဆော်မှု၊ ဝံသာနုဘူးအသင်းများ၊ အရှင်စိုးသိမ်းဂျီစီဘီအေစသည်တို့လောက်သာ ရဲဝံ့မှုတွင် ပြောစမှတ်ရှိလေသည်။ တို့ဗမာကြေညာစာတမ်းထွက်ပီးနောက်မှသာ တိုင်းပြည်၊ လူမျိုး၊ ဘာသာစကားပေါ် အခြေပြုသည့် ဥရောပပုံစံ အမျိုးသားရေးဝါဒ အိန္ဒိယလက်နက်နိုင်ငံအဝင် မြန်မာပြည်နယ်တွင် အခြေတည်ဟု ယူသင့်သည်။ ဤကား တို့ဗမာ၏ လာရာလမ်းဖြစ်သည်။

(၂)

ပထမ ကုလား-ဗမာအဓိကရုဏ်းပီးပီးချင်း ဖြန့်ချိသည့် တို့ဗမာကြေညာစာတမ်းမှာ အိန္ဒိယနွယ်ဖွားများနှင့်လူမျိုးခြားများလက်မှ စီးပွားရေးကို ဗမာ့လက်ထဲ ပြန်ရောက်ဖို့၊ လုံးဝလွတ်လပ်ဖို့ကို သံကုန်မြှင့်၍ တောင်းဆိုသည်။ ဗမာဟူသော ရှေးရှေးကထဲက ပြောစကား၊ တို့ဟူသော နေ့စဉ်ပြောစကားရိုးရိုးတို့ကို ပေါင်းစပ်၍“ အို အချင်း အမျိုးသား တို့ဗမာတို့” ဟု သခင်ဘသောင်း ကြွေးကြော်လိုက်ချိန်တွင် အိပ်နေကြသော ဗမာများ နိုးကြားလာပီး နှလုံးသည်းပွတ်များ ဆွဆွခုန်လာသည်ဟု မောင်ထင်က အမှတ်တရစကားဆိုခဲ့သည်။ ဤမှစပီး နစ်ရှေး၏ ပဲ့တင်သံကို ကြားလိုက်ရသလို နာဇီ ဖက်ဆစ်စသည့် လာတော့မည့် လက်ျာစွန်း အမျိုးသားရေးဝါဒကြမ်းများကလဲ စီးပွားပျက်ကပ်နှင့် လယ်သမားသူပုန်ထခါနီး နိုင်ငံရေးသေနေသော မြန်မာပြည်ကို အာဠာဝကဆေးထိုးလိုက်သဖြင့် ရှေ့ လျှောက် တိုင်းရေးပြည်ရေးမှာ ဆူပွက်လာတော့သည်။
ခြစားနေသော သတ္တိကြောင် နိုင်ငံရေး လက်ဟောင်းကြီးများ လက်မှ နိုင်ငံရေးသြဇာသည် လူငယ်လူဆူလေးများ လက်သို့ ပြောင်းရွေ့လာ၏။ ပဒေသရာဇ်သံ ဓနရှင်သံ ပညာတတ်သံပါလှသော လွှတ်တော်နှင့် ကလပ်ထဲက လူ့မလိုင် နိုင်ငံရေး ကစားပွဲများထက် လမ်းပေါ်နိုင်ငံရေးဟု ဆိုကြမည့် သပိတ်တွေ အစည်းအရုံးတွေ ကျောမွဲတွေဘက် နိုင်ငံရေးရေချိန်က လှည့်လာသည်။

ထို့နောက် အားလုံးသိသည့်အတိုင်း ကမ္ဘာစစ်အမှီပြု၍ ဗမာပိုင်စစ်တပ်ဖွဲ့ကာ လွတ်လပ်ရေးလမ်းစပေါ်ရောက်ခဲ့သည်။

သခင်ဘသောင်းမှာ တို့ဗမာတို့၏ ဖန်ဆင်းရှင်ဖြစ်သော်ငြား မစ္စတာမောင်မှိုင်းကဲ့သို့ နိုင်ငံရေးဝါရင့် မျိုးချစ်သတင်းစာဆရာ ပညာရှင်ကြီး သခင်ဘွဲ့ခံချိန်မှစပီး အစည်းအရုံးသိက္ခာပိုကြီးလာသည်။ အောင်ဆန်း၊ ဗဟိန်း၊ သန်းထွန်း၊ စိုးစသည့် ကောလိပ်ကျောင်းနှင့် ပြင်ပက လက်ဝဲယိမ်းလူငယ်တွေ ဝင်လာချိန်တွင် ကုလားမုန်းတို့ဗမာဝါဒမှသည် ဘုံဝါဒလမ်းကြောင်းပေါ်တက်လာသည်။ မှိုင်းဋီကာနှင့် နဂါးနီစာအုပ်လေးများက စစ်ပီးခေတ်မှ ယနေ့ထိ နိုင်ငံရေးလမ်းကြောင်းကို (လက်ဝဲသံပျော့သွားသည်မှအပ) ရိုက်ခတ်ဆဲဖြစ်သည်။ သို့သော် ဖာနီဗယ် ရေးဖူးသလို မြန်မာလက်ဝဲသမားဟူသည် အမျိုးသားရေးဝါဒီများသာဖြစ်သည်။ ကိုယ်တော်မှိုင်းတွင် ပဒေသရာဇ်အစွဲမပျောက်သကဲ့သို့ ဂန္ဓီစိန်ဟု တွင်ခဲ့သော သခင်ဗစိန်မှ ဖက်ဆစ်နာဇီကို အားကျသည့် စကားတွေပြောလာပီး ဂျပန်နှင့် ပူးပေါင်းရန်လိုလားလာခဲ့သည်။ လူကြီးလူငယ် ပညာမဲ့ ပညာတတ် လက်ျာ လက်ဝဲပဋိပက္ခမှာ အပေါ်ယံပုဂ္ဂိုလ်ရေးပြဿနာမှ အစပြုပီး အသင်းနှစ်ခြမ်းကွဲခဲ့ရသည်။ လက်ျာခြမ်း ဗစိန်-ထွန်းအုပ်ဂိုဏ်းမှာ ဂျပန်ခေတ်တွင် ဗမော်-အောင်ဆန်း နိုင်ငံရေးသဟာယကို မယှဉ်နိုင်သဖြင့် (တပ်ထဲတွင်တော့ သူတို့တပည့် ဗိုလ်နေဝင်းက တစင်ထောင်နိုင်လာသည်) မဟာမိတ်အဝင်တွင် ဗိုလ်ချုပ်ကို လူသတ်မှုနှင့်တရားစွဲဖို့ နယ်ချဲ့အကြံအစည်ကို ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်က သက်သေခံပေးသည်ထိ အရုပ်ဆိုးခဲ့ရသည်။ ဆင်းမလားပြန် ဆာပေါ်ထွန်း၏ အင်္ဂလိပ်နှင့် အလွမ်းသင့်သည့် အစိုးရနှင့် ဘုရင်ခံခန့်လွှတ်တော်တွင်လဲ သခင်ထွန်းအုပ်တို့တသိုက်ပါခဲ့ကြသည် (သခင်ထွန်းအုပ်နှင့် ဗိုလ်ချုပ်အကို ဦးအောင်သန်းမှာ မယားညီအကိုတည်း)။ နောက် ဗိုလ်ချုပ်အောင်ဆန်းအစိုးရတွင် ပါလာသည့် သခင်ဗစိန်မှာကား ဆရာမှိုင်းကြီး စာချိုးအတိုင်း ဂွကလိန်လုပ်လေရာ အောင်ဆန်း-အက်တလီစာချုပ်ချုပ်ပီးနောက် ဂဠုန်စော-ဒေါက်တာဗမော်တို့နှင့်အတူ စော-စိန်-မော်ဂိုဏ်းဖွဲ့ရာမှ နိုင်ငံရေးသေသွားတော့သည်။ တဖက်က မှိုင်း-အောင်ဆန်းဂိုဏ်းမှာလဲ ထပ်ဆင့်ထပ်ဆင့်အကွဲအပြဲများ စစ်ပွဲ အာဏာလုပွဲ နိုင်ငံရေးဖိနှိပ်မှုများဖြင့် လက်ဝဲမျိုးချစ်လမ်းကြောင်းကို အတော်ကျွံသွားရာ ၁၉၈၈မှ ယခုထိ ပြန်ရုန်းလို့ မရပြန်သေး။

“အလို....သမိုင်းကို စစ်လိုက်ရင်ဖြင့်
တို့ဗမာသခင်တွေရဲ့ အစဉ်အလာက
ခင်စရာ မင်စရာ ကြင်စရာငဲ့ပြင်
အင်စရာ ဟင်စရာ ပြင်စရာတွေကလဲ မနည်းပါဘု
ကွဲကြ ပြဲကြ ဆဲကြ ခဲကြသနဲ့
ရဲကြ ကြဲကြ သဲကြ မဲကြတာလဲရှိ၊
ခွဲကြ ချဲကြ၊ ဆွဲကြ လွဲကြ ရှိပါသဗျ
သြော်... အဖွဲ့အစည်းသဘာဝပေပနော”

ဒဂုန်တာရာ-တို့ဗမာအစည်းအရုံးဘွဲ့ မဟာကဗျာလေးချိုးကြီး (မိုးဝေ၊ ၁၉၈၆)

ဒီပဲယင်းအဓိကရုဏ်းအဓိကတရားလို ဒေါ်အောင်ဆန်းစုကြည် မတရားထောင်ချခံရမှုကမလွတ်သေးချိန်၊ ရွေးကောက်ပွဲအမည်ခံ ဒီမိုကရေစီသင်းကွပ်ပွဲတောခြောက်သံတွေ ညံနေခိုက် ပြန်စဉ်းစားလျှင် သခင်ကိုယ်တော်မှိုင်းကို တုတ်နှင့်ရိုက်သည့် ပုသိမ်က သခင်အမည်ခံ ဘုန်းကြီးလူထွက်ကို သတိရသည်။ တို့ဗမာအစည်းအရုံး ၂ ခြမ်းမကွဲခင် ရွှေတိဂုံဇရပ်တဆောင်တွင် နောက်ဆုံးစေ့စပ်ကြစဉ်က စားပွဲအောက် သေတ္တာထဲတွင် တုတ်ဓားလက်နက်တွေ ဝှက်ထားတာ ကံကြီးလွန်း၍ မည်သူမှ ကိုယ်ထိလက်ရောက် မဖြစ်လိုက်ဆိုသည့် ဒေါ်ခင်ရီ့စာအုပ်ပါ အကြောင်းရပ်လေးကိုလဲ အောက်မေ့သည်။ ပါလီမန်ခေတ်က ပဒေသရာဇ်အသွင် ဘုန်းကြီးခဲ့သည့် လယ်ဝေးသခင်ကြည်ရှိန်လို လူသတ်ဘုရင် ဖဆပလအမတ်များ၏ မားဖီးယားနိုင်ငံရေးလောကကိုလဲ သတိရသေးသည်။ ယခုတလော လျှပ်တပြက်ဂျာနယ်ပါ ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း စစ်အရာရှိဟောင်းတယောက် ရေးသည့် လွတ်လပ်ရေးမှတ်တမ်းတွေထဲက စစ်ဗိုလ်ကြီးတွေ အတော်များများမှာ သခင်နိုင်ငံရေးသမား၊ သခင်လက်ပါးစေများဘဝနှင့် နယ်ချဲ့ဆန့်ကျင်ရေးနယ်ထဲ ဝင်လာပုံ၊ ထိုမှ လွတ်လပ်ရေးနောက်ပိုင်း နိုင်ငံရေးအုပ်စုချင်း လက်နက်ကိုင်အပြုတ်ဖြုတ်ပွဲများတွင် နိုင်မည့်မြင်းစီးမိပီး စစ်နိုင်ငံရေးသမားကြီးများ ဖြစ်လာကြပုံကို ဖတ်ရင်း အရင်းစစ်တော့ အားလုံးတို့ဗမာတွေပဲ၊ ကမ္ဘာမကြေအောင် အညှိုးကြီးကြတာ သခင်ရှုမောင်တို့ သခင်ဖြိုးတုပ်တွေ ဖြစ်ကုန်တာ အထက်တန်းစိတ်မမွေးနိုင်ကြလို့ပါလားဟု သံဝေဂယူမိတော့သည်။

(၃)

၁၉၄၁ ဇန်နဝါရီတွင် ကျင်းပသော ဗမာပြည်လုံးဆိုင်ရာ ဗမာတိုင်းရင်းသားများ ပြေးခုန်ကစားပွဲကြီးတွင် တို့ကရင်လို့ အားပေးသံကို တိုင်းရင်းသားသွေးခွဲစကားဟု စွပ်စွဲသော တို့ဗမာအာဘော်ဟု ပြောနိုင်သည့် စနေ နဂါးနီဂျာနယ်ဆောင်းပါးကို ဖတ်ရင်း ဒီစကားမျိုးတွေ ဒီကထဲက ပြောတာကိုးဟု ပြုံးမိတော့သည်။ တို့ဗမာ တို့ဗမာဆိုပီး တိုင်းပြည်တွင် ဆယ်နှစ်ကျော် နိုင်ငံရေးသွေးထိုးပေးခဲ့ခြင်းအကျိုးဆက်ကြောင့် တခြားလူမျိုးများကလဲ သီးခြားအမျိုးသားရေးလက္ခဏာဆောင်လာသည်ကို ငြူစူသကဲ့သို့ ရှိလှသည်။ တခါဖူးမှ မစုစည်းမိဖူးသည့် ဒတ်ခ်ျအိန္ဒိယကျွန်းစုများကို အင်ဒိုနီးရှားဟု စစ်ပီးခေတ်တွင် ပေါ်ထွက်လာစေသည့် ဆူကာနိုလို အားထုတ်မှုမျိုး၊ ဘုရင်ကိုးကွယ်မှု၊ ဘာသာရေး၊ ဘာသာစကားတူညီမှုကို အခြေခံသော ထိုင်းအမျိုးသားရေး သွေးသစ်လောင်းမှုမျိုး ဗြိတိသျှမြန်မာပြည်တွင် မပေါ်ဖူးခဲ့ဘဲ စစ်ပီး တနှစ် နှစ်နှစ်အတွင်း ကံရာဇာငယ် ဘုရားတည်နည်းနှင့် တိုင်းရင်းသားအရေးကို ချွေးသိပ်စေ့စပ်ခြင်း၏ နောက်ဆက်တွဲ စစ်မီးများမှာ မျိုးဖြုတ်စစ်ပွဲဟု စွပ်စွဲခံရသည်ထိ တောက်လောင်နေဆဲ။ တို့ဗမာမျိုးချစ်ဝါဒကို ထောက်ခံသည့် မြန်မာမဟုတ်သော အိန္ဒိယနွယ်ဖွား၊ တရုတ်ကပြား တိုင်းရင်းသားသခင်များ ရှိခဲ့သော်ငြား စစ်အတွင်း ဘီအိုင်အေရာဇဝတ်မှုများမှအစ သောင်းကျန်းမှုနှိမ်နင်းရေးကာလ ကရင်ရှမ်းတိုင်းရင်းသားများနှင့် စစ်မြေပြင်ဆက်ဆံရေး၊ ဗိုလ်ချုပ်ကြီးနေဝင်းဆိုရှယ်လစ်လမ်းစဉ်အရ အိန္ဒိယနွယ်ဖွား၊ တရုတ်ပိုင် စီးပွားရေးများ ထိန်းချုပ်မှု၊ အတင်းအကျပ်ပြန်ပို့မှုများအလယ် ရှိသမျှတိုင်းရင်းသားအားလုံးကို နယ်ချဲ့လက်ပါးစေစာရင်းသွင်းကာ ဦးချိုးချင်သည့် မြန်မာစွဲဝါဒအဆုံး နိုင်ငံတော် သွေးခွဲအုပ်ချုပ်မှုများက တို့ဗမာဝါဒကို မြန်မာကြီးစိုးရေးဝါဒအဖြစ် နာမည်ဖျက်ခဲ့သည်။

ပြည်ထောင်စုဆိုသည်ထက် စစ်ကြီးပီးစ မဟာဆွေ၏ “မယ်တို့ပြည်မောင်တို့ပြည်”ဝတ္ထုထဲက အမျိုးသားဓနရှင်စစ်နိုင်ငံကြီးပုံစံမျိုးဘက် ယခုနေပြည်တော်ရွေးကောက်ပွဲလမ်းကြောင်းက တာစူနေသည်။ သိဒ္ဓိမပေါက်ဘဲ ဒိဋ္ဌိမြောက်နေသူများက ယခုပင် အဏုမြူငန်းဖမ်းနေကြပေပီတကား။

နယ်ခြားစောင့်တပ်ကိစ္စတွေ၊ တိုင်းရင်းသားဆိုင်းဘုတ်တပ်ပါတီတွေနှင့် နိုင်ငံရေးစစ်ရေး တိမ်တောင်တွေ ထူနေပြန်ပီ။ မြန်မာပြည်ဆိုသည်မှာ မြန်မာ(ဗမာ)များ၏ လက်နက်နိုင်ငံလော၊ တိုင်းရင်းသားပေါင်းစုံ၏ ခွင့်တူညီမျှသော ပြည်ထောင်စုလော။ တိုင်းပြည်အဝှန်းကို တို့အိမ်တို့ယာမှတ်ကာ လူတစုက ချယ်လှယ်အမြတ်ထုတ်နေမှုများ ဘယ်အချိန်ဆုံးမည်နည်း။ လူမျိုးရေးဘာသာရေးမှိုင်းတိုက်၍ နိုင်ငံရေးလုပ်သည့် ခေတ်စံနစ်ယဉ်ကျေးမှုတွေကို ပြည်ဖုံးကားချကြပါစို့။

Thursday, June 17, 2010

ဒေါ်အောင်ဆန်းစုကြည်၏အိမ်ထောင်သည်ဘဝတစ်ယောက်နှင့်မိခင်ဘဝတစ်ယောက်လှုပ်ရှားမှုဓါတ်ပုံများ၊

တိုင်းရင်းသားအသံ
ဒေါ်အောင်ဆန်းစုကြည်၏အိမ်ထောင်သည်ဘဝတစ်ယောက်နှင့်မိခင်ဘဝတစ်ယောက်လှုပ်ရှားမှုဓါတ်ပုံများ၊

ဝန်ခံချက်။ guardian.co.uk မှတိုင်းရင်းသားအသံ စုဆောင်းတင်ပြထားပါသည်

Suukyi Family Life

Sunday, June 13, 2010

ကချင်လူငယ်များမတရားလိုက်လံဖမ်းဆီးနေခြင်းကို ရပ်တန်.ပေးပါ

တိုင်းရင်းသားအသံ
ကချင်လူငယ်များမတရားလိုက်လံဖမ်းဆီးနေခြင်းကို ရပ်တန်.ပေးပါ၊နို.မဟုတ်ရင်၊ ထုလေ မာလေ၊ဖိလေ ပေါ်လေဆိုသည့် စိတ်ဓါတ်ကိုအားပေးရာရောက်ပါလိမ္မည်၊


ဒို.လွတ်မြောက်ရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် အဆိုးဆုံးကိုပြင်ဆင်နေရခြင်း၊

တိုင်းရင်းသားအသံ
ဒို.လွတ်မြောက်ရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် အဆိုးဆုံးကိုပြင်ဆင်နေရခြင်း၊





ဗမာစစ်တပ်ထဲမှာဒီလိုပါ၊ဖျားရင် CPM၊နေမကောင်းရင်လည်း CPM၊ အပူတက်အပူကျလည်း CPM၊အားလုံးက CPM ဘဲရှိတယ်၊


ကျွဲများကိုပြန်ပေးဆွဲသည့်ဗမာ့တပ်မတော်သားများ၏ဘဝ(သို.မဟုတ်)ကမ္ဘာ့ဖလားဘော်လုံးပွဲအတွက် နယ်စပ်ကျွဲများဓါးစာခံဖြစ်ရ

တိုင်းရင်းသားအသံ

ကမ္ဘာ့ဖလားဘော်လုံးပွဲအတွက် နယ်စပ်ကျွဲများဓါးစာခံဖြစ်ရ

ယနေ့စတင်သည့် ကမ္ဘာ့ဖလားဘော်လုံးပွဲ တိုက်ရိုက်ထုတ်လွှင့်မည့် အစီအစဉ်ကြည့်ရှုရန် ထိုင်းဘက် ခြမ်းမှ နယ်ကျွံလာသည့် ကျွဲများဖမ်းထားပြီး တီဗွီ၊ စလောင်းဖြင့် ပြန်ရွေးယူဖို့ နအဖနယ်ခြားစောင့်တပ်စခန်းက တောင်းဆိုကြောင်းစုံစမ်းသိရှိရ ပါသည်။

“ပိုက်ဆံပေးလည်း မယူချင်ဘူးတဲ့။ တီဗွီနဲ့ စလောင်းဘဲယူမယ်လို့ပြောတော့- ကမ္ဘာ့ဖလားဘောပွဲကြည့်ဖို့ဘဲ” -ဟု ၀မ့်မိုင်-မိုင်းကျွတ်ရွာသားတစ်ဦးက ပြောသည်။

ဇွန်လ ၉ ရက်နေ့တွင် ချင်းမိုင်ခရိုင်၊ ၀ိန်းဟဲင်မြို့နယ်မျက်နှာချင်းဆိုင်၊ သျှမ်းပြည်တောင်ပိုင်း၊ မိုင်းတုံမြို့နယ်၊ ပန်ကမ့် ကော်တပ်စခန်းအနီး ကင်းစောင့်အမှတ် ၂ မှ နအဖစစ်သားများက ထိုင်းနယ်ဘက်ခြမ်း ၀မ့်မိုင်-မိုင်းကျွတ်ရွာသားများ ၏ကျွဲ ၂၃ ကောင်ကို ဖမ်းထားပြီး ယခုကဲ့သို့ပြန်လည်ရွေးယူရန် ဗမာစကားပြောတတ်သည့် ပိန်းလုံရွာသားထံ အကြောင်း ကြားလာခြင်းဖြစ်သည်။

နအဖ စစ်သားများက ကျွဲပိုင်ရှင်များအား - “ခင်ဗျားတို့ရဲ့ကျွဲတွေ ကျနော်တို့နယ်ထဲကို ကျော်ဝင်လာတယ်။ဒါကြောင့်ကျွဲရွေးခ အဖြစ် တီဗွီတစ်လုံး၊ လက်ကိုင်ဖုန်းတစ်လုံး၊ စလောင်းတစ်ခုနဲ့လာရွေးရမယ်” - ဟုပြောကြား ကြောင်း ကျွဲပိုင်ရှင်တစ်ဦးက ပြောပါသည်။

ကျွဲပိုင်ရှင်များက နအဖစစ်သားအလိုရှိသည့်အတိုင်း အဘောတူရွေးယူမည်ဟုဆိုသောကြောင့် ကျွဲအကောင် ၂၀ ကိုသာ ပြန်ပေးပြီး သုံးကောင်အား ပစ္စည်းနှင့်လဲရန်ဆက်လက်ဖမ်းဆီးထား၏။ ယမန်နေ့က ကျွဲပိုင်ရှင်များ ၂၁ လက်မတီဗွီတစ်လုံး၊ တီဗွီစလောင်းတစ်ခုနှင့် လက်ကိုင်ဖုန်းတစ်လုံး (ပိုက်ဆံကဒ်ထည့်ပြီး)သွားပေးမှသာ ကျန်ကျွဲသုံးကောင်အားပြန်လည် ရယူနိုင်ခဲ့သည်ဟု သိရှိရသည်။

“ပစ္စည်းဝယ်ဖို့ ပိုက်ဆံအားလုံးပေါင်း ဘတ်တစ်သောင်းနီးပါးကုန်သွားတယ်” - ဟု ကျွဲပိုင်ရှင်ကပြော၏။

“ ကျနော်တို့ ကျွဲခြံက နယ်စပ်မှာဆောက် ထားတာကြာပြီ။ အခုလိုကျွဲတွေတစ်ခါမှနယ်မကျော်ဖူးဘူး။ ကျနော်တို့သွားစစ် ကြည့်တော့ ကျွဲခြံဖျက်ထားပြီး စစ်ဖိနပ်ရာတွေတွေ့ရတာကြောင့် ကျွဲတွေကို သူတို့နယ်ဘက်ရောက် သွားအောင်အကွက် ဆင်လုပ်တာဘဲဖြစ်နိုင်တယ်” ဟု အဆိုပါကျွဲပိုင်ရှင်က ပြောပါသည်။

ဓါးစာခံ ကျွဲ ၂၃ ကောင်မှာ လုံးဆိ-ပါ့ပိန်းတို့၏ ကျွဲ ၁၀ ကောင်နှင့် လုံးမောင်၊ ရပ်ကွက်စာရေးစိုင်းဆိုင်၊ လုံးပါး-ပ့ါနု၊ လုံးစော-ပါ့လိုင်တို့၏ ကျွဲများဖြစ်ကြောင်းသိရှိရသည်။

Saturday, June 12, 2010

Waka Waka (This Time for Africa) (The Official 2010 FIFA World Cup (TM) Song)

တိုင်းရင်းသားအသံ
Waka Waka (This Time for Africa) (The Official 2010 FIFA World Cup (TM) Song)




Friday, June 11, 2010

တိုင်းရင်းသားလူမျိုးများ သတိပြုရန်

တိုင်းရင်းသားအသံ

တိုင်းရင်းသားလူမျိုးများ သတိပြုရန်


PDF File အတွက် ဒီမှာနှိပ်ပါ


နိုင်ငွေသိမ်း | ကြာသပတေးနေ့၊ ဇွန်လ ၁၀

‘နိုင်ငံရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် သတိပြုရမည့် အချက်များအပေါ် အကြံပြုချက်’

တိုင်းရင်းသားများ (လူနည်းစုများ) ၏ နိုင်ငံရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ အတွေ့အကြုံကို တင်ပြလိုက်ပါသည်။ သင်ခန်းစာ ယူစရာရှိလျှင် ယူပါ၊ ပစ်ပယ်စရာရှိလျှင် ပစ်ပယ်ပါ၊ ဗဟုသုတအနေဖြင့် တင်ပြခြင်း ဖြစ်ပါသည်။

တိုင်းရင်းသားလူမျိုးများသည် အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်ရာတွင် မိမိကိုယ်ကို မိမိရပ်တည်ခြင်းထက် ပြည်မရှိ အဖွဲ့အစည်းအပေါ် ပိုမို အားထားသည်ကို တွေ့ရသည်။ သို့သော် ၁၉၄၇ ခုနှစ် ပင်လုံညီလာခံအစတွင် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားများက မိမိတို့ အမျိုးသားချင်းအပေါ် အထူး အမှီသဟဲ ပြုကြသည်ကို တွေ့ရှိရပါသည်။ ရှမ်းပြည်တွင် ဖွဲ့စည်းထားသော ရှမ်းပြည် ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ (ရပလ) သည်သာ ပြည်မရှိ နိုင်ငံရေး အဖွဲ့အစည်းနှင့် အဆက်အသွယ် ပြုခဲ့သည်ကို တွေ့ရသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားများသည် ပြည်မနှင့် ပိုမိုရင်းနှီးလာပြီး ပြည်မနှင့် နိုင်ငံရေး အဆက်အသွယ်လုပ်ကာ မဟာမိတ်အဖွဲ့၊ လက်အောက်ခံအဖွဲ့အဖြစ် ဆက်သွယ် ခံယူလာကြသည်။ နဂို ပြည်မရှိ တိုင်းရင်းသားအဖွဲ့များလည်း ထိုနည်းတူစွာပင်၊ ဤဖြစ်ရပ်များက တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များသည် မိမိကိုယ်ကိုမိမိ အားကိုးလိုစိတ် အားနည်းလျက်ရှိနေပြီး ရေရှည်တွင် ခန်းခြောက်သွားနိုင်သည်ကို ပြနေသည်။ တိုင်းရင်းသားများထဲတွင် လွတ်လပ်ပြီးနောက် ပထမအကြိမ် ရွေးကောက်ပွဲတွင် ရခိုင်နိုင်ငံရေးခေါင်းဆောင်အချို့ တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ခဲ့သည်ကို လွတ်လပ်ရေးရရှိပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစာရင်းတွင် တွေ့ရှိရသည်။

၁၉၅၆ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားများက ရခိုင်တိုင်းရင်းသားများ ညီညွတ်ရေးအဖွဲ့ (ရတည) အနေဖြင့် ပြည်မရှိ နိုင်ငံရေးအဖွဲ့အစည်းများနှင့် မပေါင်းဘဲ ဖွဲ့စည်းခဲ့သည်ကို တွေ့ရှိရသည်။ ဤလုပ်ရပ်က တိုင်းရင်းသားပါတီတရပ်သည် မိမိဘာသာမိမိ ခြေထောက်ပေါ် ရပ်တည်နိုင်ကြောင်း ပြသလိုက်ခြင်း ဖြစ်ပါသည်။ ၁၉၆ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်သူ့တပ်ဦးကလည်း မိမိဘာသာ ရွေးကောက်ပွဲဝင်ခဲ့သည်။

တိုင်းရင်းသားပါတီ အဖွဲ့အစည်းများ၏ ရုပ်လုံးသည် ၁၉၅၈ ခုနှစ်၊ ဖဆပလ အကွဲတွင် ထင်ထင်ရှားရှား ပေါ်လာသည်။ ဆွေ-ငြိမ်း (တည်မြဲ) အုပ်စုဝင် ဒေါက်တာစောလှထွန်း (ကရင်ပြည်နယ်ဝန်ကြီး)၊ ဦးဇန်ထားဆင် (ကချင်ပြည်နယ်ဝန်ကြီး)၊ ဦးရှိန်ထန်း (ပြန်လည်ထူထောင်ရေးဝန်ကြီး)၊ စောအောင်ဒင် (ပါလီမန်အတွင်းဝန်-ပင်လယ်ရေကြောင်း)၊ ဦးထွန်းအောင် (ချင်းရေးရာ)၊ စောချစ်သန်း (ကရင်ပြည်နယ်)၊ ဒူးဝါးလဝမ် (ကချင်ပြည်နယ်) တို့ ဖဆပလအဖွဲ့မှ နုတ်ထွက်ခဲ့သည်။

၁၉၅၈ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် အသစ်ဖွဲ့စည်းလိုက်သော သန့်ရှင်းဖဆပလအဖွဲ့တွင် ဝန်ကြီးသစ် ၅ ဦးမှာ စောလူလူ (ဖာပွန်အရှေ့ပိုင်းလူမျိုးစု၊ ကရင်ပြည်နယ်ဝန်ကြီးဌာန)၊ ဒူးဝါးဇော်ရစ် (မြစ်ကြီးနား၊ ကချင်ပြည်နယ် ဝန်ကြီးဌာန)၊ ဦးကျော်မင်း (စစ်တွေ၊ ဘဏ္ဍာရေးဝန်ကြီးဌာန)၊ ဦးမောင်ကျော်ဇံ (စစ်တွေအလယ်ပိုင်းလူမျိုးစု၊

တရားရေးဝန်ကြီးဌာန)၊ ဦးရွှေကြိုင် (သံတွဲလူမျိုးစု၊ ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန) နှင့် ဝန်ကြီးဟောင်းများ စဝ်ခွန်ချို (နိုင်ငံခြားရေးဌာနနှင့် ရှမ်းပြည်နယ်ဝန်ကြီး)၊ စဝ်ဝÀ (ကယားပြည်နယ်ဝန်ကြီးဌာန)၊ ဦးဇာရဲလျှံ (ချင်းရေးရာဝန်ကြီးဌာန)၊ ဦးအောင်ပ (ရေကြောင်းနှင့် မြို့ပြလေကြောင်းဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန)၊ စဝ်ထွန်းအေး (လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဝန်ကြီးဌာန) တို့ တိုင်းရင်းသားများ ပါဝင်ခဲ့ကြသည်။

၁၉၆ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အိမ်စောင့်အစိုးရက ကျင်းပပေးသော အထွေထွေ ရွေးကောက်ပွဲကြီးတွင် တည်မြဲအုပ်စုဝင် တပ်မတော်အရာရှိကြီးများက တည်မြဲအနိုင်ရရှိစေရန် တိုင်းနှင့် ပြည်နယ်များ၊ အထူးသဖြင့် ကရင်-ကချင် ပြည်နယ်များတွင် မဲထည့်ခိုင်းခြင်း၊ မဲလိမ်ခြင်း၊ မဲခိုးခြင်းများကို စစ်အာဏာသုံး၍ ပြုလုပ်ခဲ့ကြသည်။ ဗိုလ်ချုပ်နေဝင်းက ၎င်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်တွင်းမှ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီးများကို တပ်မတော်မှ အငြိမ်းစားပေးခြင်း၊ အရပ်ဘက်သို့ ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ရသည်။

ဤကဲ့သို့ ပြည်မရှိအဖွဲ့အစည်းများ၊ အထူးသဖြင့် သန့်ရှင်း (ပထစ)၊ တည်မြဲ (ဖဆပလ)တို့နှင့် ပူးပေါင်းခဲ့သည့်အတွက် တိုင်းရင်းသားလူမျိုးများသည် ၁၉၆၁ ခုနှစ် ဇွန်လ ၈ ရက်နေ့မှစ၍ ၁၆ ရက်နေ့အထိ တောင်ကြီးမြို့ စားမြိန်ရိပ်သာတွင် ကျင်းပသော တိုင်းရင်းသားလူမျိုးများ အစည်းအဝေးသို့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းဝိသေသတိုင်းတို့မှ ကိုယ်စားလှယ်များ၊ ပြည်နယ်ပေးမည်ဟု ဝန်ကြီးချုပ်ဦးနုထံမှ ကတိရထားသော မွန်နှင့် ရခိုင်တို့မှ ကိုယ်စားလှယ်များ၊ စုစုပေါင်း ၂၂၆ ဦးနှင့် လေ့လာသူပေါင်း ၁ဝ၄ ဦး ညီလာခံတက်ရောက်ခဲ့ကြသည်။

တိုင်းရင်းသားလူမျိုးများ၏ တန်းတူသော ပြည်ထောင်စုမူကို သန့်ရှင်း (ပထစ)၊ တည်မြဲ (ဖဆပလ) အဖွဲ့တို့က လက်မခံလိုကြသဖြင့် သန့်ရှင်း (ပထစ) ဝန်ကြီး ဒူးဝါးဆင်ဝါးနောင်နှင့် ချင်းဝန်ကြီး ဇာရဲလျန်တို့က သန့်ရှင်း (ပထစ) မူအရ တန်းတူသော ပြည်ထောင်စုမူကို ဆန့်ကျင်ကြသည်။ ကရင်ပြည်နယ်ကိုယ်စားလှယ် ဦးအေစိုးမြင့်ကလည်း ညီလာခံတက်ရောက်ပြီး တည်မြဲ (ဖဆပလ) မူအရ သွယ်ဝိုက်သောနည်း၊ တိုက်ရိုက်နည်းများဖြင့် ဆန့်ကျင်တိုက်ခိုက်ပါသည်။

သို့သော် အခြေအနေမလှ၍ နောက်ဆုံးတာဝန်ယူထားသော ပြည်နယ်များ ညီညွတ်ရေးအဖွဲ့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအဖွဲ့မှ နုတ်ထွက်ခဲ့သည်။ ပြည်နယ်များ ညီလာခံတွင် တည်မြဲ (ဖဆပလ)နှင့် မဟာမိတ်ပြု ဆောင်ရွက်နေသော ကချင်အမျိုးသား ကွန်ဂရက်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးဇန်ထားဆင်၊ ဒူးဝါးဇော်လွန်းတို့က တည်မြဲ (ဖဆပလ) ဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲ ဆန့်ကျင်ဆောင်ရွက်ခဲ့သည်။

ဖော်ပြလိုသည့်အနှစ်ချုပ်မှာ တိုင်းရင်းသားလူမျိုး အဖွဲ့အစည်းများသည် ပြည်မရှိ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်လျှင် သတိထားရန် လိုသည်။

(၁) လက်အောက်ခံ အဖွဲ့အစည်းအနေဖြင့် ပူးပေါင်းခြင်း၊

(၂) မဟာမိတ်ပြုခြင်း၊

(၃) တပ်ပေါင်းစုတွင် ဝင်ရောက်ခြင်း။

ယင်းတို့အနက် (၁) နှင့် (၂) သည် မိမိတို့၏ တိုင်းရင်းသား အခွင့်အရေးများ ဆုံးရှုံးမည်။ အမှတ် (၃) ဖြစ်သည့် တပ်ပေါင်းစုဖြင့် ဖွဲ့စည်းခြင်းသည် တပ်ပေါင်းစုအတွင်း တူညီသော အခွင့်အရေး ရရှိခြင်းကြောင့်

ပူးပေါင်းဆောင်ရွက်ရန် သင့်လျော်ပါသည်။ တပ်ပေါင်းစုနည်းဖြင့် ပူးပေါင်းဆောင်ရွက်မှသာ ပူးပေါင်းလုပ်ဆောင်ခြင်း မှန်ကန်ပေမည်။ တပ်ပေါင်းစုအတွင်း အဖွဲ့ဝင်အဖြစ် ပါဝင်သော အဖွဲ့တိုင်းသည် ကြီးသည်ငယ်သည် မခွဲခြားဘဲ တူညီသော အခွင့်အရေး ရရှိကြပါသည်။ သို့သော် သတိပြုရမည်မှာ တပ်ပေါင်းစုအတွင်း အင်အားကြီးသော အဖွဲ့က အဖွဲ့ကြီး ရောဂါတက်ပြီး တပ်ပေါင်းစုကို ချုပ်ကိုင်ချယ်လှယ်ရန် ပြုလုပ်တတ်သည်။ ဤသို့ဖြစ်လျှင် တပ်ပေါင်းစုလည်း ဇိဝိန်ချုပ် ပျက်စီးသွားရတော့သည်။

တိုင်းရင်းသားလူမျိုးများသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်း ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေ ထွက်လာသောအခါ မိမိတို့လူမျိုးအလိုက် ပါတီပေါင်း ၂ဝ ကျော် ပေါ်လာပြီး အားလုံးနီးပါး ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) ကို ပူးပေါင်းဖွဲ့စည်းခဲ့သည်။ အချို့တိုင်းရင်းသား နိုင်ငံရေး ဆောင်ရွက်သူများသည် ပြည်မပါတီတွင် ဝင်ရောက်ခဲ့ကြသည်။ အနည်းစုသာ ဖြစ်ပါသည်။

နဝတ ကျင်းပပေးခဲ့သော ၁၉၉ဝ ပြည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားလူမျိုး နိုင်ငံရေးပါတီ ၁၈ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၆၇ ယောက် ရရှိခဲ့သည်။ ဤဖြစ်ရပ်သည် တိုင်းရင်းသားလူမျိုးများ ပြည်မရှိ နိုင်ငံရေးပါတီများအပေါ် မမီခိုဘဲ မိမိအမျိုးသားများနှင့် အမျိုးသားတပ်ပေါင်းစုတွင် ပူးပေါင်းဆောင်ရွက်ခြင်း၏ အနှစ်သာရကို သိရှိခဲ့ကြရသည်။ မိမိတို့၏ လူမျိုးများအပေါ်နှင့် တိုင်းရင်းသား လူမျိုးများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမျိုးစေ့ချ ဆောင်ရွက်ခြင်း အခွင့်အလမ်းနှင့် အကျိုးကျေးဇူး ရလဒ်ကောင်းကို သိရှိလာသဖြင့် ဆက်လက်၍ ဤလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားကြမည်ဟု ယုံကြည်ပါသည်။

ပြည်မပါတီ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တိုင်းရင်းသားလူမျိုးများ ပါတီနှင့် ပုဂ္ဂိုလ်များသည် မိမိတို့၏ တိုင်းရင်းသားလူမျိုး အကျိုးကို ဆောင်ရွက်လိုသော်လည်း မိမိတို့ပါဝင်နေသော အဖွဲ့အစည်း၏ လမ်းစဉ်အတိုင်းသာ လိုက်လုပ်ရသည်ဖြစ်၍ မိမိဆန္ဒရှိ လိုလားသော တိုင်းရင်းသားကိစ္စများကို အပြည့်အဝဆောင်ရွက်ရန် မဖြစ်နိုင်သော အခြေအနေကို တွေ့ရှိရသည်။ ဤကဲ့သို့သော ဖြစ်ရပ်များသည် ပြည်မနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော ပါတီများ၊ ပုဂ္ဂိုလ်များ၏ အတွေ့အကြုံအရ သိရှိခဲ့ရပါသည်။ အထူးသဖြင့် ၁၉၆၁ ခုနှစ် တောင်ကြီးတွင် ကျင်းပခဲ့သော ပြည်နယ်များ ညီလာခံတွင် ပထစတိုင်းရင်းသားဝန်ကြီးများ၊ ဖဆပလ (တည်မြဲ) ဝင် တိုင်းရင်းသားခေါင်းဆောင်များသည် မိမိတို့ ပါဝင်နေသော ပါတီအဖွဲ့အစည်းများ၏ လမ်းစဉ်အတိုင်း ပြောဆိုလုပ်ဆောင်ခဲ့သည်များက ထင်ထင်ရှားရှား သာဓကပြလျက် ရှိခဲ့သည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ တိုင်းရင်းသားလူမျိုးများသည် မိမိတို့ တိုင်းရင်းသား အကျိုးစီးပွားကို ဆောင်ရွက်ရာတွင် မိမိကိုယ်ကိုမိမိ အားကိုး၍ တိုင်းရင်းသားအချင်းချင်း ပူးပေါင်းခြင်းသာလျှင် အကောင်းဆုံး ဖြစ်ပေသည်။ ပြည်မရှိ ပါတီများနှင့် သာတူညီမျှသော အခွင့်အရေး၊ တိုင်းရင်းသားများ ရပိုင်ခွင့်များကို ဆောင်ရွက်နိုင်မှုအပေါ် လေ့လာသုံးသပ် တပ်ပေါင်းစု ဖွဲ့စည်းပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း။

တင်ပြသူ

နိုင်ငွေသိမ်း

(တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးလှုပ်ရှားမှုတွင် ဆယ်စုနှစ် ၄ စု ပါဝင်ခဲ့သူ)

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.