တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"
Showing posts with label Poem ကဗျာ. Show all posts
Showing posts with label Poem ကဗျာ. Show all posts

Tuesday, April 24, 2012

အိမ်ပြန်တော့

တိုင်းရင်းသားအသံ

အိမ်ပြန်တော့ 

 

စစ်အစိုးရ – အို.. ရဲဘော်
အဆိုးဘက်က နာမည်ကျော်
ကချင်တိုင်းပြည် ဘာလို့လာ
မခေါ်ဘဲနဲ့ ပေါ်ပေါ်လာ။
ကချင်ပြည်အကြောင်း မသိဘဲနဲ့
ခိုးဆိုးဖှိုက်ဖို့ ရောက်လာခဲ့
မင်းတို့အဘ မဟုတ်တာပြော
မြန်မာ့သမိုင်း အမှားဟော။
ရှေးခေတ် မြန်မာ့သမိုင်းမှာ
ဘယ်မင်းကြီးမှ သြဇာမလာ
ဘယ်သူ့ကျွန်မှ ငါတို့မဟုတ်
ငါတို့သီးခြား တိုင်းပြည်လုပ်။
ဒူဝါ စော်ဘွားကြီးများနဲ့
ကိုယ့်နည်း ကိုယ့်ဟန်အုပ်ချုပ်ခဲ့
အောက်ပြည်အောက်ရွာ ကုန်သွယ်ကာ
စီးပွားရေးတွေ လုပ်ကြတာ။
ဘုရားပေးတဲ့ မနောမြေ
သဘာဝကိုက ကြွယ်ဝပေ
လောဘဒေါသ မောဟတွေ
ဒို့လူမျိုးမှာ အမှုမပွေ။
ရိုးသားဖြူစင် တောင်ပေါ်သား
ဘုရားရဲ့သီးသန့် ကောင်းကြီးများ
အင်္ဂလိပ်ခေတ် သမိုင်းလမ်းကြောင်း
တိုင်းပြည်တစ်ခု ပြည်နယ်ပြောင်း။
အနှစ်(၆၀) ကျော်ခဲ့ပြီ
မြန်မာ့သမိုင်း ရှုပ်ခဲ့သည်
စိုးရရဲဘော် ဒါတွေမသိ
စာသင်ကျောင်းမှာလည်း မရှိ။
လောဘကြီးတဲ့ စစ်ဥပဒေ
ကချင်မြေကို ရောင်းစားနေ
ငါတို့ဂိတ်ဆုံး သည်းခံခဲ့
ငြိမ်းချမ်းရေး အတုအပနဲ့။
ခုတော့စစ် ဖြစ်နေပြီလေ
ဒို့ကိုစတိုက်တာ သူဖြစ်နေ
ဒို့ကခုခံရုံ သက်သက်
စိုးရရဲဘော် မသိတော့ခက်။
ဒို့ငြိမ်းချမ်းရေး မလိုတော့ပြီ
ဒို့ကိုယ်ပိုင် အုပ်ချုပ်တော့မည်
သင်တို့တိုက်လည်း နိုင်မည်မဟုတ်
မင်းတို့ အိမ်ပြန်ဖို့နောက်ဆုတ်။
မနောမြေမှ ဆုတ်ခွာသော်
အသက် ချမ်းသာဦးမယ်နော်
ဆက်ပြီးသာ တက်လို့ကတော့
ဒို့ကိုအဆိုး မဆိုနဲ့ပေါ့။
ဒို့ဆီ မြေသြဇာပေါပြီးသား
မြေသြဇာ ထပ်မဖို့နဲ့တော့လား
စစ်သမ္မတ အစိုးရရဲဘော်
ဌာနေပြန်ဖို့ ကြိုးစားနော်။ ။
မနောမြေ – စိန်
၂၁၊၄၊၂၀၁၂

Tuesday, October 25, 2011

Now You Know That Money Cannot Eat

တိုင်းရင်းသားအသံ
Now You Know That Money Cannot Eat

Money! Money! Everybody Needs It.
Dams for Money, They Built It.
Trees for Money, They Cut It.
Factories for Money, They Created It.
Natural Gases for Money, They Dug It Out.


After The Water Were Poisoned,
After The Trees Were Cut Down,
After The Rain forests Were Cleared Out,
After The Natural Gases Were Sold Out,
Now You Know That Money Cannot Eat.

Ethnic Voice of Burma Blog

Wednesday, March 2, 2011

+++နေရာ+++ ဟေ့ လူ! တဆိတ်လောက် ကူညီဗျာ ...

တိုင်းရင်းသားအသံ
+++နေရာ+++

ဟေ့ လူ!
တဆိတ်လောက် ကူညီဗျာ ...



...ကျုပ်ခြံတွေကို မတရားသိမ်း၊ စစ်ဖိနပ်နဲ့ ကန်ပြီး
ဘဝပျက်အောင်လုပ်ခဲ့တဲ့ မကောင်းဆိုးဝါးတွေ
မရှိတော့တဲ့ နေရာ ...

ကျုပ်ထမင်း ကျုပ်စားပြီး
ကြီး(ဂျီး)တော်နွားကျောင်းခိုင်းတဲ့ အလုပ်တွေ
တောက်လျှောက် မလုပ်ရတော့တဲ့ နေရာ ...

ကောက်ကျစ်တဲ့ ရွာလူကြီးတွေ၊
သောက်ကျင့်တစက်မှ မကောင်းတဲ့ ဝန်ထမ်းတွေ၊
လူရိုက်တတ်တဲ့ ပြည်သူ့စစ်တွေ၊
မီးမသတ်တတ်တဲ့ မီးသတ်တွေ၊
တိုက်ပုံတကားကားနဲ့ ဆန်ကုန်မြေလေး ခွေးခြင်္သေ့တွေ
မတွေ့ရတော့တဲ့ နေရာ ...

ပြီးတော့
လူပေါ်လူဇော်လုပ်တတ်တဲ့၊
သမိုင်းအမှန်ကို ပြောင်းပြန်လှန်တတ်တဲ့
ကိုယ့်ငါးချဉ် ကိုယ်အမြဲချဉ်
သွေးနားထင်ရောက်နေတတ်တဲ့
မဟာဝါဒီသောက်ပေါတွေ မရှိတဲ့ နေရာ ...

အို ပြောရရင်ဗျာ ...
လူ လူချင်း အသိအမှတ်ပြု ဆက်ဆံပြီး
စာနာစိတ်တွေ ချစ်ခြင်းတရားတွေ
မခေါင်းပါးသေးတဲ့၊
လူယဉ်ကျေးတွေ ရှိနေသေးတဲ့ နေရာလေးတခု၊
အဲဒီနေရာလေးများ ဒီဆိုင်းဘုတ်ထဲမှာ ရှိနေရင်
တဆိတ်လောက် ပြောပြပေးပါ
ခင်ဗျားကျေးဇူး ကျုပ်တသက်မမေ့ဘူး ...။

AWE MON Facebook မှရယူသည်၊ကျေးဇူးတင်သည်၊

Tuesday, June 29, 2010

လက်လဲပခုံးပြောင်း၊

တိုင်းရင်းသားအသံ
လက်လဲပခုံးပြောင်း၊


ဖဆပလ၊မဆလ၊တလစ၊နဝတ နှင့်နအဖ၊
အမည်နာမမျိုးစုံဖြင့်၊ ဇာတ်လမ်းတူဇာတ်ကားများ၊
ငါတို.ရှူစားခဲ့လေပြီ။

ဖဆပလ လည်း၊ ငါတို.ကိုဘဲ၊
မဆလ လည်း၊ငါတို.ကိုဘဲ၊
တလစ လည်း၊ငါတို.ကိုဘဲ၊
နဝတ လည်း၊ငါတို.ကိုဘဲ၊
နအဖ လည်း၊ငါတို.ကိုဘဲ၊
ထာဝရမြဲဒုက္ခပေးခဲ့လေပြီ။

နောက်ခါလာမည့် ကြံ့ဖွတ်တို.၊ဘာတို.ဆိုပါစို.၊
”ဗိုလ်” ဆိုသူများမှ ”ဦး”ဆိုသူများသို.ပြောင်းထားတဲ့လူတွေပဲ၊
မဟောသဓာဇာတ်မှာမာတုယောင်ဆောင်ထားတဲ့ဘီလူးမလိုပဲ၊
သားကိုသနားဖို.ရာလုတာမဟုတ်၊
အသားကိုဝါးစားဖို.ရာအားထုတ်တာတကယ်။

လက်တစ်ဖက်ညောင်လို.၊အခြားတစ်ဖက်လဲတာ၊
ပခုံးတစ်ဖက်ညောင်လို.၊အခြားတစ်ဖက်ပြောင်းတာ၊
ဘယ်သူဘယ်ဝါ၊ဘာညာဟောပြောနေတာ၊
အာရုံနောက်တာကြာလှပြီ၊

ဇာတ်လမ်းကတော့၊လက်လဲပခုံးပြောင်းပါပဲ။


ကပ္ပိယကံဆိုး


Sunday, February 21, 2010

လက်ညှိုးထိုးသူများ (The Art of Finer Pointing)

တိုင်းရင်းသားအသံ
လက်ညှိုးထိုးသူများ (The Art of Finer Pointing)
ကောင်းလိုက်တဲ့ကဗျာ ဖတ်ကြည့်ကြပါလား


Tuesday, February 2, 2010

ကျုပ်ထက်ငယ်တဲ့သူတွေကိုပြောချင်တာပါ

တိုင်းရင်းသားအသံ
ကျုပ်ထက်ငယ်တဲ့သူတွေကိုပြောချင်တာပါ
  • အေး ..မင်းတို.တွေငါ့ထက်ပညာတတ်ကြပါတယ် ...
“အရင်းမစိုက် လှေထိုးလိုက် ..”
“လွှတိုက်.. လှေထိုး..လူမိုက်အားကိုး ..”
ဒီလိုကောင်းမျိုးရဲ.စကားနာမထောင်ချင်တာသိတယ် ...
အာရှတန်ဖိုးဆိုတဲ့ ...
" Big Brother Policy" ...ဆိုတာမျိုးလို ...
ကြိုက်ကြိုက်မကြိုက်ကြိုက် နာထောင်ပါ ...

  • “ချီဂွေးဗားရား”ရဲ.အကြောင်းကို မင်းတို.သိပေမယ့် ...
“စောဘဦးကြီး ”အကြောင်း မင်းတို.မသိကြတာ ...
“နိုင်ရွှေကျင်” အကြောင်း မင်းတို.မသိကြတာ ...
အရမ်းဝမ်းနည်းဖို. ကောင်းလို.ပြောပြတာပါ ...

  • “စောဘဦးကြီး” ဆိုတာ ...
Cambridge မှာစာသင်ခဲ့တဲ့ ရှေ.နေ ...
နေမဝင်အင်ပါယာ ရဲ.တရားရုံအားလုံးမှာ ...
ရှေ.နေလိုက်ခွင့် ရှိတဲ့သူ ...

  • “နိုင်ရွေကျင်” ဆိုတာ ...
Royal Navy ရဲ.စစ်သား(အရာရှိ)
Royal Navy တွေ ဘယ်လိုစည်းကမ်းရှိ လည်းဆိုတာ ...
ရှေ.လူကြီးတွေ မေးကြည့်ကြပါ ...

  • ဒါတွေသမိုင်းပါ ...
နောက်ငါတွေ.ခဲ့တာ တစ်ယောက်ရှိတယ် ...
ငါသူငယ်ချင်ရဲ. အဖေပဲ ...
သူဘယ်လို.နေခဲ့လည်း ဆိုတာငါသိတယ် ...
ဒီလူတွေဟာ ...
နိုင်ငံရေးဆိုတာကို ..ငတ်လို.လုပ်သူတွေ မဟုတ် ...
ယုံကြည်မှုနဲ. လုပ်ခဲ့ကြတာ ...လုပ်နေကြတာ ...
ငါတို.မြေရဲ. “ချီဂွေဗားရား” တွေကို ...
အလေးနီးပြုကြရအောင်။ ။

နိုင်တေဇ


Sunday, October 19, 2008

နေပြည်တော်လည်းဘယ်ပြေးမလဲ?

တိုင်းရင်းသားအသံ
နေပြည်တော်လည်းဘယ်ပြေးမလဲ?

မိစ္ဆာတမန်၊သန်းရွှေမောင်အေး၊
မြေခွေးအောင်သောင်း၊ ထိပ်ပြောင်သိန်းစိန်း၊
မုဒိန်းရွှေမန်၊ကျော်ဆန်းဖင်ကျယ်၊
ငလဲခင်ရီ၊နှင့် မျိုးတော်ဇာတ်နီး၊
အရည်ကြီးတို.၊တိုင်းဖျက်ပြည်ပြို၊

တန်ဘိုကြီးလှ၊မြတ်ဗုဒ္ဓ၏၊
သုဒ္ဓိသာသနာ၊မငဲ့ငြာဖျက်၊
မြတ်ဓမ္မ၏၊သုဒ္ဓိတင့်တယ်၊
ပယ်ဖျက်ပိတ်ပင်၊တစ်နှင်သံဃ၊
ဗုဒ္ဓသားတော်၊စော်ကာသတ်ဖြတ်၊
မြတ်သုံးမြတ်တို.၊ဒို.ကိုးကွယ်နေ၊
ပြုလေပျက်လေ၊တိုင်းပြည်ဆိတ်သုဉ်၊
ရန်ကုန်မရှိဘဲ၊နေပြည်တော်လည်း၊
ဘယ်ပြေးမလဲ.......?၊


မင်းကာန်စီး


Friday, October 17, 2008

အဖြေကဒါပဲလား (သို့ ) ဆယ်စုနှစ်များရဲ့ရလဒ်

တိုင်းရင်းသားအသံ
အဖြေကဒါပဲလား (သို့ ) ဆယ်စုနှစ်များရဲ့ရလဒ်

၂၀ ရာစုဟောင်းတော့
၂၁ ရာစုပြောင်းတယ်
ဘယ်လိုထင်လဲမေးတော့
ဒီအတိုင်းပဲဖြေတာပေါ့။

ထူးလား ဆန်းလား
မေးမြန်းတဲ့အခါ
ရလာတဲ့အဖြေဟာ
ဘာမသိ ညာမသိ။

လူကြီးက လူငယ်ကို အပြစ်တင်
လူငယ်က လူကြီးကို အပြစ်မြင်
ဝေဖန်ရင်း တိုက်ခိုက်
ဘက်လိုက်တဲ့စနစ်ကလည်း မကုန်သေး။

ပြောနေတဲ့စည်းရုံးမှု
သံသယနဲ့ ခုနေတော့
အော်နေတဲ့ သင့်မြတ်ရေး
ပွင့်လင်းမှုနဲ့ ဝေးနေတော့။

နောက်လိုက်ကလည်း မကောင်း
ရှေ့ ဆောင်ကလည်း မပီပြင်
ထင်ရာစိုင်းတဲ့စနစ်
ပစ်ပယ်နိုင်ခြင်း မရှိသေးတာလည်း။

သူကောင်း ငါကောင်း
မာန်ထောင်ပြီး ပြိုင်ရင်း
၂၂ ရာစု ခရီးဝင်လည်း
အဖြေကဒါပဲ ရှိပါဦးမလား။

ဥက္ကာမွန်(ကာအိုဝါအိုသတင်းဌာနမှ)

Thursday, July 31, 2008

နအဖ လမ်းပြမြေပုံ(၇)ချက်ရပ်

တိုင်းရင်းသားအသံ

နအဖ လမ်းပြမြေပုံ(၇)ချက်ရပ်

ဥက္ကာမန်/ ဇူလိုင် ၃၁၊ ၂၀၀၈

န - န ဂိုကတည်းက မကောင်းဘူ။
အ - အမင်္ဂလာ ဖြစ်နေလို့။
ဖ - ဖခင်ကိုတောင် သတ်တဲ့သား။
လမ်း -လမ်းစဉ်က မှားနေတယ်ဆိုတော့။
ပြ - ပြရုပ်ကလည်း ဆိုးသလားမမေးနဲ့။
မြေ - မြေရိုင်းတောင် မြှုပ်ခွင့်မပေးဘူး (သေရင်)။
ပုံ - ပုံစံလည်း ခက်မိုက်က်၊ စရိုက်ကလည်း(ဒု)။
၇ - (၇) ချက်အတိုင်း ရိုင်းရိုင်းကြီး ဆက်သွားမယ်တဲ့။
ချက် - ချက်ချင်းဆိုသလို - ဟိုပြီးဒါလုပ်။
ရပ် - ရပ်ကြည့်သွားရင် အန္တရာယ်ကင်းမယ် ထင်တယ်။


မဟာလူမျိုးကြီးဝါဒ

ရဲဘော်-မင်းဟံ / ဇူလိုင် ၃၁၊ ၂၀၀၈

ကိုယ့်လူမျိုး ကိုယ်ချစ်တာ
ဝံသာနုရက္ခိတ
မြင့်မြတ်လှတယ်ဆိုပြီး
ချီးမွမ်းခံရအောင်လို့
ကိုယ့်လူမျိုးအရေး ရှေ့ထား
တပါးလူမျိုးအပေါ် ချုပ်ချယ်
လူမျိုးငယ်ကို ဝါးမျို
ဒါကိုမှန်တယ်လို့ ထင်နေကြလေရဲ့။

ကိုယ့်ယဉ်ကျေးမှုကိုသာ မြှင့်တင်
ကိုယ့်စာပေကိုသာ သင်ခိုင်း
ကိုယ့်သမိုင်းကိုသာ ဖေါ်ထုတ်
ကိုယ့်လူမျိုးဖြစ်အောင် လုပ်နေတဲ့
ဒင်းတို့ရဲ့လုပ်ဟန်
မှန်တယ်များထင်နေကြ
ဒါ မဟာလူမျိုးကြီးဝါဒပဲ။

ဒီဝါဒဟာ နိုင်ငံရဲ့ရန်သူ
လူမျိုးစုံချစ်ကြည်ရေးကို ဖျက်ဆီး
ပြည်တွင်းစစ်မီးကို ဖန်တီးခဲ့
အေးချမ်းတဲ့တို့နိုင်ငံကို
အိတ်စ် (AIDS) ရောဂါလိုဒုက္ခပေးနေပြီး။

ဒီဝါဒမှာ နစ်မွန်း
အစွန်းရောက်လူတစ်ချို့ကြောင့်
ပြည်သူတွေ ဒုက္ခရောက်ရ
လူ့အခွင့်အရေးတွေ ပျောက်ဆုံးနေရတာ
ဒင်းကြောင့်ပါပဲ။

ကာအိုဝါအိုသတင်းဌာနမှကူးယူသည်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.