တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, October 6, 2010

တိုင်းပြုပြည်ပြုလွတ်တော်ရွေးကောက်ပွဲနှင့် မွန်အမျိုးသားအဖွဲ့အစည်းများ

တိုင်းရင်းသားအသံ
က

တိုင်းပြုပြည်ပြုလွတ်တော်ရွေးကောက်ပွဲနှင့် မွန်အမျိုးသားအဖွဲ့အစည်းများ

၁၉၄၇ ခုနှစ် ဧပြီလတွင် ကျင်းပမည့်တိုင်းပြုပြည်ပြု လွတ်တော်ရွေးကောက်ပွဲတွင် မွန်တို့အတွက်သီးသန့် မွန်အမတ်မရသဖြင့် မွန်တိုင်းရင်းသားအစည်းအရုံးသည် မိမိတို့ ပငတွင်ဆုံးဖြတ်ချက်ဖြစ်သော မွန်အတွက် သီးသန့် မွန်အမတ်မရလျှင် ရွေးကောက်ပွဲကိုသပိတ်မှောက်မည်ဟူသော ဆုံးဖြတ်ချက်ကို မည်သို့ဆက်လက် ဆောင်ရွက်ရမည်ကို စဉ်းစားရန် အလုပ်အမှုဆောင်အစည်းအဝေး ခေါ်ယူသည်၊ မွန်ထွန်းရင်ကပင် ဆုံးဖြတ် ချက်ဖြစ်သော မွန်တို့အတွက်သီးသန့်အမတ် နေရာမရလျှင် သပိတ်မှောက်မည်ဆိုသော ဆုံးဖြတ်ချက်ကိုပြင်၍ ရွေးကောက်ပွဲဝင်ရန်နှင့် ၄င်းပြင်ဆင်ချက်ကို အလှုပ်အမူဆောင်အဖွဲ့က အနီးကပ်ဆုံးသော ညီလာခံတွင် တင်သွင်းအတည်ပြုရန် တင်ပြသည့်ဥက္ကဌမွန် ဦးဘိုးချိုနှင့် အများစုက မွန်ထွန်းရင်၏အဆိုကို လက်မခံဘဲ ပငဆုံးဖြတ်ချက်အတိုင်း သပိတ်မှောက်ရန် ချမှတ်သည် မွန်သန်းက ကြားနေပါသည်၊ ရွေးကောက်ပွဲ သပိတ် မှောက်လျှင်သပိတ်မှောက်ကြောင်းပေါ်လွင်စေရန် မည်သို့ဆက်လက် ဆောင်ရွက်မည်ကို၎င်း အမှုဆောင် အစည်းအဝေးတွင် စဉ်းစားရာတွင် ဥက္ကဌ ဦးဘိုးချိုက သပိတ်မှောက်သည်မှာ သပိတ်ထားခြင်း ရွေးကောက်ပွဲ ကိုကန့်ကွက်ခြင်းမပြုလုပ်ဘဲ ထိုင်သပိတ် မကျေနပ်၍ ရွေးကောက်ပွဲမဝင်ခြင်းသည်ဖြစ်ကြောင်း ပြောကြားပါ သည်။

မွန်တိုင်းရင်းသားအစည်းအရုံးသည် တိုင်းပြုပြည်ပြုလွတ်တော်ရွေးကောက်ပွဲကို သပိတ်မှောက်သည်ဟု ထပ်မံအတည်ပြုကြေညာပြီး ဖဆပလအဖွဲ့ချုပ်မှ ၁၉၄၇ ခုနှစ်ဖေဖေါ်ဝါရီလတွင်နှုတ် ထွက်လိုက်သည်၊ ရွေးကောက်ပွဲကို သပိတ်မှောက်သော မွန်တိုင်းရင်းသားအစည်းအရုံးသည် ကွဲလေသည်၊ သပိတ်မှောက်ခြင်း ကို ပြန်ပြင်လိုသော မွန်ထွန်းရင်နှင့် အထွေထွေအတွင်းရေးမှုး မွန်သန်းတို့သည် မွန်တိုင်းရင်းသား အစည်း အရုံးမှ နှုတ်ထွက်လိုက်သည်၊ မွန်ထွန်းရင်သည် မွန်တိုင်းရင်းသားအစည်းအရုံး၏ နယ်ခေါင်းဆောင်တဦး ဖြစ်သူ မွန်ခင်မောင် နှင့်ပူးတွဲ၍ ရွေးကောက်ပွဲဝင်သည့် မွန်ထွန်းရင်သည် တိုင်းပြုပြည်ပြု လွတ်တော်တွင် ဒု-ဥက္ကဌဖြစ်လာသည်၊ မွန်ခင် မောင်သည် ရေးမြို့နယ်အမတ်ဖြစ်လာသည်၊ ရွေးကောက်ပွဲပြီးသည့်နောက် မွန်သန်း။ မွန်ထွန်းရင်တို့ ခေါင်းဆောင်ပြီး ပြည်ထောင်စုမွန်အ မျိုးသားအဖွဲ့တည်ထောင်သည်၊ ဥက္ကဌမှာ မွန်သန်းဖြစ်ပြီး အတွင်းရေးမှုးမှာ မွန်သန်းမောင်ဖြစ်သည်၊ အမှုဆောင်အဖွဲ့မှာ မွန်ထွန်းရင်၊ မွန်ဒေါ်နှင်း စသည်တို့ဖြစ်သည်၊ ဖဆပလနှင့် ပြန်လည်ဆက်သွယ်ပြီး နောက်မွန်သန်းသည် ရန်ကုန် ခရိုင်ဖဆပလဥက္ကဌ နှင့် ကျောက်ပန်းတောင်းအမတ် ဖြစ်လာသည်။

[ပြင်ဆင်ရန်​] တိုင်းပြုပြည်ပြုရွေးကောက်ပွဲနှင့်ရာမညအဖွဲ့ချုပ်

မွန်တိုင်းရင်းသားအစည်းအရုံးသည် တိုင်းပြုပြည်ပြုရွေးကောက်ပွဲကို သပိတ်မှောက်သောအခါ ဖဆပလ အဖွဲ့ချုပ်မှ မွန်များသပိတ်မှောက်သည်ကို တန်ပြန်တိုက်သည့်အနေဖြင့် ရာမညအဖွဲ့ချုပ်၏ အမူဆောင်တဦး ဖြစ်သူ မွန်ဦးငွေခိုင်မှတဆင့် ရာမညအဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲဝင်ရန် စေ့စပ်ခဲ့သည်။

ဖဆပလက အကယ်၍ ဖဆပလအမတ် အနေနှင့် ရွေးကောက်ပွဲဝင်လျင် ရာမညအဖွဲ့ချုပ်မှပေးအပ်သောအမတ်လောင်း ၁၂ ယောက်အထိ ဖဆပလမှလက်ခံမည်ဟု ကမ်းလှမ်းခဲ့သည်၊ ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်သည် ၄င်းပြဿနာသည် နိုင်ငံရေး ပြဿနာဖြစ်၍ ဖဆပလမှ ကမ်းလှမ်း သော ဖဆပလအနေဖြင့် အထွေထွေမဲစာရင်းတွင် မွန်လူမျိုး ၁၂ ယောက်အား ဖဆပ လအမတ်ဖြင့် ပေးခြင်း ကို ဝမ်းမြောက်သော်လည်း လက်မခံနိုင်ကြောင်း ပြန်ကြားခဲ့သည်။

[ပြင်ဆင်ရန်​] တိုင်းပြုပြည်ပြုရွေးကောက်ပွဲနှင့် မွန်အမျိုးသားများ. ဖဆပလနှင့် ယှဉ်ပြိုင်အရွေးခံခြင်း

မွန်တိုင်းရင်းသားအစည်းအရုံးသည် တိုင်းပြုပြည်ပြုလွတ်တော်ကို သပိတ်မှောက်သည့်ဂယက်သည် မွန်အမျိုးသားတို့ကြားတွင် ရိုက်ခတ်လာသည်၊ သပိတ်မှောက်သည့်အတွက် မွန်တို့သည်မည်သို့သော အကျိုးသက်ရောက် မှုရှိမည်ကို ဝေဖန်သုံးသပ်ကြသည်။ သပိတ်မှောက်သည်ကို ထိရောက်အောင် အကောင်အထည်ဖေါ် စဉ်းစားကြသည်။ ထိုသပိတ်သည် မွန်အမျိုးသားတို့အတွက် အကျိုးမများနိုင်ဟု ယုံကြည်ကြသူများရှိသည်။

ဤသို့သော ရွေးကောက်ပွဲနှင့် မွန်အမျိုးသားပြဿနာမှာ ရှုပ်ထွေးနေစဉ် ရာမညတိုင်းလုံးဆိုင်ရာမွန်အဖွဲ့ချုပ် ၏ တနင်္သာရီတိုင်းတာဝန်ခံ နိုင်လှမောင်နှင့် နိုင်ဘလွင်တို့သည် မွန်ဒေသရှိမွန်မျိုးချစ်သူပုဂ္ဂိုလ်များ၊ နယ်ရှိမွန် အမျိုးသားများနှင့် ရွေးကောက်ပွဲကိစ္စကို ဆွေးနွေးညှိနှိုင်းကြရာ- (တိုင်းပြုပြည်ပြုလွတ်တော်သည် မြန်မာ ပြည်၏ အနာဂါတ်ကို ဆုံးဖြတ်မည့်လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေရေးဆွဲအတည်ပြုမည့် လွတ်တော်ဖြစ်သဖြင့် မွန်အမျိုးသားများသည် ၄င်းတိုင်းပြုပြည်ပြုလွတ်တော် တွင် မွန်ကိုယ်စားလှယ် အနေဖြင့်ရှိရန်လိုအပ်သည်။

သို့သော် ဖဆပလအဖွဲ့ချုပ်က မွန်အမျိုးသားအမတ်အနေဖြင့် ဝင်ရောက်နိုင်ရန် မွန်တိုင်းရင်းသားအစည်းအရုံး က တောင်းဆိုချက်ကို ပယ်ချသဖြင့်၎င်းလွတ်တော်တွင် မွန်ကိုယ်စားလှယ်များ ပါဝင်နိုင်ရန် အကောင်းဆုံး နည်းလမ်းမှာ ရွေးကောက်ပွဲတွင် ဖဆပလနှင့် ယှဉ်ပြိုင်အရွေးခံရန်သာရှိကြောင်း သဘောပေါက်နားလည် ဆန္ဒတူညီကြသည်၊)

တိုင်းပြုပြည်ပြုလွတ်တော်တွင် ယှဉ်ပြိုင်အရွေးခံရန် မွန်အမျိုးသားတို့၏ ဆုံးဖြတ်ချက်အရ ထိုင်သပိတ်မှောက် နေသော မွန်တိုင်းရင်းသားအစည်းအရုံးနှင့် ညှိနှိုင်းကြသည်၊ မွန်တိုင်းရင်းသားအစည်းအရုံးသည် မိမိတို့၏ ပငညီလာခံဆုံးဖြတ်ချက်အရ သပိတ်မှောက်သော်လည်း ဖဆပလနှင့် ယှဉ်ပြိုင်အရွေးခံသော မွန်အမျိုးသား အမတ်လောင်းများအား မွန်အမျိုးသားများကို အနှောက်အယှက်မပြုရန်ဖြစ်သည်။

ရွေးကောက်ပွဲတွင် သထုံအရှေ့ပိုင်းမဲဆန္ဒနယ်တွင် မွန်ဦးယျ (ပေါင်)နှင့် နိုင်ဘလွန်၊ ကျိုက်ခမီခရိုင်တွင် နိုင်လှမောင်၊ နိုင်သာနှင်း၊ မွန်စိန်ထွန်း(ကညော်) နှင့် မွန်ငွေခိုင်တို့သည် မွန်အမျိုးသားအမတ် လောင်းအနေ ဖြင့် ဖဆပလ အမတ်လောင်းနှင့် ပြိုင်၍ယှဉ်ပြိုင်အရွေးခံကြသည်။ ထိုမွန်အမတ်လောင်းများကို မွန်အမျိုးသား မျာက အင်တိုက်အားတိုက်မဲဆန္ဒပေးရန် ဆန္ဒရှိကြသော်လည်း ပြည့်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်ပါတီတို့မှ လက်နက်ဖြင့် ဖိနှိပ်ခြိမ်း ခြောက်အနိုင်ကျင့်မူများကြောင့် ရှုံးနိမ့်ခဲ့ရသည်။ လွတ်လပ်သောဒီမိုကရေစီကျသော ရွေးကောက်ပွဲ ဖြစ်ပါမူ၊ ဖဆပလအား ယှဉ်ပြိုင်သော မွန်အမတ်လောင်းသည် အောင်ပွဲကို (အမတ်များ) ရသင့်သလောက်ရနိုင်မည်မလွဲတည်း။

ရွေးကောက်ပွဲတွင် ခံစားရသော အနိုင်ကျင့်မှု လက်နိုင်ကိုင်ခြိမ်းခြောက်မှုများကြောင့် မွန်အမျိုးသားတို့သည် မိမိတို့၏အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်လုပ်ငန်းလုပ်ရာတွင် ခါးသီးသောအတွေ့အကြုံကို ပထမဆုံးအကြိမ် ခံစားရသည်။ ဖိလျှင်ကြွဆိုသည့် သဘောတရားအတိုင်း မွန်အမျိုးသားတို့၏ စိတ်ဓာတ်သည်ကြွလာသည်၊ ထိုသို့ နိုး ကြားထကြွလာသော မျိုးချစ်စိတ်ဓာတ်ကို ထိန်းသိမ်းထားရန် နိုင်ဘလွင်ဦးဆောင်သော မွန် လွတ်လပ်ရေးကို အဖွဲ့ ကိုဖွဲ့စည်းသည်၊ ၄င်းအဖွဲ့တွင် ဥက္ကဌနိုင်ဘလွင် အတွင်းရေးမှုး မွန်စံသူနှင့် နိုင်ဘကြိုင်၊ နိုင်ထွန်းရင် (ပေါင်) စသော သူများပါဝင်သည်၊ အဖွဲ့ရည်ရွယ်ချက်မှာ မွန်အမျိုးသားတို့သည် လူမျိုးတစ်မျိုးဖြစ် သဖြင့် မိမိတို့ကိုယ်ပိုင် ပြဌာန်း ရရှိရေးအတွက် ဒီမိုကရေစီနည်းအရ ဆောင်ရွက်သွားရန်ဖြစ်သည်၊

[ပြင်ဆင်ရန်​] မွန်အမျိုးသားတို့၏ယဉ်ကျေးမှုဆိုင်ရာတောင်းဆိုချက်(၇)ချက်

မွန်အမျိုးသားတို့သည် တက်ကြွနိုးကြားလာသည်၊ ရွေးကောက်ပွဲကို သပိတ်မှောက်သော မွန်တိုင်းရင်းသား အစည်းအရုံးမှ ပုဂ္ဂိုလ်များနှင့် ရွေးကောက်ပွဲရှံးသော ပုဂ္ဂိုလ်များစုစည်းပြီး နောက်ထပ် ခြေလှမ်းတလှမ်း၊ လှမ်းရန် စုစည်းညှိနှိုင်းကြသည်၊ မွန်တိုင်းရင်းသားအစည်းအရုံးမှ နိုင်အောင်ထွန်း ဆရာမွန်ဖိုးစိန်၊ နိုင်ချမ်းမွန်၊ မွန်ဆရာဟိုစသော ပုဂ္ဂိုလ်များနှင့် နိုင်လှမောင် မွန်လွတ်လပ်ရေးအဖွဲ့တို့မှ နိုင်ဘလွင်၊ နိုင်စံသူတို့သည် အမျိုးသားယှဉ်ကျေးမှုနှင့် ပတ်သက်သောအချက် (၇) ချက်ပါသော တင်ပြတောင်းဆိုချက်ကို ရေးဆွဲပြီး ကျိုက်ခေါက်ဘုရားရင်ပြင်တွင် လူထုအစည်းအဝေးကျင်းပအတည် ပြုချက်ကိုယူသည်၊ ၄င်းအချက် (၇) ချက်ကို ဖဆပလအစိုးရနှင့် ဖဆပလအဖွဲ့ချုပ်သို့ တင်ပြ၍ အမြန်ဆုံးလိုက်လျောရန်လည်း မေတ္တာရပ်ခံ လိုက်သည်။

အချက် (၇) ချက်မှာ- (၁) အစိုးရပထမပြန်စာမေးပွဲများတွင် မွန်သံဃာတော်များအတွက် ပုစ္ဆာများကို မွန်ဘာသာဖြင့် မေးမြန်းပါရန် နှင့် မွန် ပါဠိပထမပြန်ကော်မတီတခုဖွဲ့ပေးပါရန်၊ (၂)မွန်နယ်များရှိ မူလတန်းကျောင်းများတွင် မွန်စာကိုသင်ကြားခွင့်ပေးရန်နှင့် မွန်ပညာရေးအတွက် ရံပုံငွေ သီးသန့်ကို အုပ်ချုပ်စီမံနိုင်သည့် မွန်ပညာရေး ဘုတ်အဖွဲ့တခုဖွဲ့စည်းပေးပါရန်၊ (၃) မွန်များနေထိုင်ကြသော ခရိုင်၊ မြို့နယ်၊ ဒေသများရှိ အစိုးရဌာနအသီးသီးတို့တွင် မွန်အမျိုးသားအစိုးရ အမှုထမ်းအရာထမ်းများ ခန့်အပ်နေရာချထားပေးပါရန်၊ (၄) မွန်အမျိုးသားအတွက် သီးသန့်မဲစာရင်းပြုလုပ်၍ လွတ်တော်တွင် အချိုးကျလူဦးရေအလိုက် သီးသန့် မွန်နယ်ကိုယ်စားလှယ်အမတ်များပေးပါရန်၊ (၅) အာဏာနှင့်ပြည့်စုံသော မွန်ရေးရာကောင်စီတခု ဖွဲ့စည်းပေးပါရန်၊ (၆) အခြားတိုင်းရင်းသားနည်းတူ ဗဟိုအစိုးရလက်အောက်ခံမွန်အမျိုးသားစစ်တပ်များ ဖွဲ့စည်းပေးပါရန်၊ (၇) မိမိတို့ကံကြမ္မာကို မိမိတို့ ဖန်တီးရေးအတွက် ကြိုးပမ်းကြသော မွန်လူမျိုးစုအား အခြားလူမျိုးစုများနည်း တူ လွတ်လပ်စွာပြောဆို၊ ရေးသား။ စည်းရုံး၊ ဆန္ဒပြနိုင်ခွင့်များပေးပါရန်၊

[ပြင်ဆင်ရန်​] မွန်အမျိုးသားတို့၏ တင်ပြတောင်းဆိုချက်အပေါ် ဖဆပလအဖွဲ့ချုပ်၏ သဘောထားနှင့်ပြန်ကြားချက်

ဖဆပလအဖွဲ့ချုပ်သည် မွန်အမျိုးသားများ၏ တင်ပြတောင်းဆိုချက် (၇) ချက်နှင့်ပတ်သက်၍ မွန်အမျိုးသား ကိုယ်စားလှယ်များကို တွေ့ဆုံဆွေးနွေးရန် ဖဆပလဌာနချုပ်သို့ ဖိတ်ခေါ်ခဲ့သည်၊ မွန်အမျိုးသားတောင်းဆို ချက်အ (၇) ချက်တောင်းဆိုစဉ်က ပါဝင်ခဲ့သော မွန်တိုင်းရင်းသားအစည်းအရုံးမှ ဒု-ဥက္ကဌ နိုင်အောင်ထွန်း တို့အစုသည် ဥက္ကဌ မွန်ဦးဘိုးချို၏ အမိန့်အရ နှုတ်ထွက်သွားသဖြင့် ဖဆပလအဖွဲ့ချုပ်နှင့် ဆွေးနွေးရာတွင် မပါဝင်တော့ဘဲ နိုင်လှမောင်၊ နိုင်ဘလွင်၊ မွန်စံသူတို့သာ တက်ရောက်ခဲ့သည်။

ဖဆပလအဖွဲ့ချုပ်မှ ဦးဗဆွေတက်ရောက်ပြီး မွန်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးကြသည်၊ ဦးဗဆွေ ကမွန်တို့သည် မွန်တိုင်းရင်းသားများ ဖြစ်သည်မှန်သော်လည်း မွန်နှင့်မြန်မာမှာ ကိုးကွယ်သောဘာသာ၊ ယဉ်ကျေးမှု များမှာ အတူတူပင်ဖြစ်၍မွန်နှင့်မြန်မာခွဲခြားစရာမလိုဟု မိမိတို့ ဖဆပလကလက်ခံယုံကြည်သည်၊ မြန်မာပြည် လွတ်လပ်ရေရရှိပြီးနောက် ဆိုရှယ်လစ်စနစ်အရ ဆိုရှယ်လစ်စီးပွားရေးကို ဆောင်ရွက်သွားလျှင် မြန်မာပြည်ရှိလူတိုင်း၊ လူမျိုးတိုင်းတွင် စီးပွားဖွံ့ဖြိုးလာပြီး လူတန်းစားအရ သွေးစုပ်ချယ်လှယ်မှုပျောက် သွားမည်ဖြစ်သည်၊ ဤသို့ စီးပွားရေး အရလူတန်းစားအရ ဖြေရှင်းသွားလျင် လူမျိုးရေးလည်းပြေလည်သွား မည်ဖြစ်၍ မွန်တို့တောင်းဆိုချက်နှင့် ပတ်သက်၍ စဉ်းစားစရာမလိုဘဲ ဆိုရှယ်လစ်စီးပွားရေးတည်ဆောက် သွားရင်း မွန်အမျိုးသားကိစ္စမှာ ရှင်းလင်းသွား မည်ဖြစ် ကြောင်းတင်ပြသည်၊ ဖဆပလအဖွဲ့ချုပ်၏ သဘော ထားမှာ မွန်များသည် အလောင်းဘုရားဦးအောင်ဇေယျ လက်ထက်ကမွန်နေပြည်တော်ဟံသာဝတီ (ပဲခူး)ကို ၁၇၅၇ ခုနှစ်တွင် သိမ်းပိုက်ပြီး ပြင်းထန်သောလူမျိုးရေးဖိနှိပ်မှုအရ တချို့မှာ (ယိုးဒယား) ထိုင်းသို့ လည်း ကောင်း၊ တချို့မှာမိမိကိုယ်ကို မွန်ဟုမပြောရဲဘဲ မြန်မာပဒေသရာဇ်အုပ်ချုပ်မှုအောက်မှာ နေထိုင်ခဲ့သဖြင့် မွန်အမျိုးသားလူဦးရေမှာ နည်းပါးသွားသည်။ တချို့မှာဗြိတိသျှသိမ်းပိုက်ပြီးနောက် မွန်တို့စွန့်ခွာသွားသော လယ်ယာမြေများကိုလုပ်ကိုင်ရန် မြန်မာပြည်အလယ်ပိုင်း (ယခုအခေါ် မြေလတ်) မှ လူများအောက်မြန်မာပြည် သို့ပြောင်းရွှေ့ လယ်ယာလုပ်ကိုင်ရင်း မွန်အမျိုးသားတို့နှင့် သွေးနှောမှုများရှိသည်။ ထို့ကြောင့် ဖဆပလက မွန်သည်လူဦးရေအနည်းဆုံးနှင့် ချေမှုန်းရန်လွယ်ကူသော လူမျိုးဖြစ်၍ မွန်တို့တောင်းဆိုချက်ကို အနည်းငယ် လိုက်လျောစရာမလိုဟု လက်ခံယုံကြည်သည်။

[ပြင်ဆင်ရန်​] မွန်လူမျိုးရေးရာအဖွဲ့ချုပ်

မွန်အမျိုးသားများသည် မိမိတို့တောင်းဆိုချက်များကို ဖဆပလအားတင်ပြ တောင်းဆိုသော်လည်း မအောင်မြင် သောအခါ မွန်အမျိုးသားတို့သည် မိမိတို့၏ အနိမ့်ဆုံးအမျိုးသားရပိုင်ခွင့်ဖြစ်သော ယဉ်ကျေးမှုလုပ်ဆောင်ခွင့် မရသဖြင့် ရရှိအောင်ဒီမိုကရေစီနည်းအရ ဆောင်ရွက်နိုင်ရန် ကျစ်လစ်ခိုင်မာသော အမျိုးသားအဖွဲ့အစည်း တရပ် ဖေါ်ထုတ်ရန်ကြိုးစားကြသည်၊ ၁၉၄၇ ခုနှစ်တွင် ဖွဲ့စည်းထားသော နိုင်ဘလွင်ဦးစီးသည့် မွန်လွတ် လပ်ရေးကို မဏ္ဍိုင်ကိုပြု၍ မှန်ကန်သောလူမျိုးရေးရာပေါ်တည်ဆောက်ရန်ဆုံးဖြတ်ကြသည်၊ ၄င်းဖွဲ့စည်းသည့် မွန်အဖွဲ့သည် လူတန်းစားမရွေး မွန်အမျိုးသားရပိုင်ခွင့် ရယူလိုသူတိုင်းစုစည်းသည်၊ ၄င်းအဖွဲ့မှာ မွန်လူမျိုးရေး ရာ အဖွဲ့ချုပ် (မ-လ-ရ) ဖြစ်သည်၊

မွန်လူမျိုးရေးရာအဖွဲ့ချုပ်၏ ရယ်ရွယ်ချက်မှာ- မွန်လူမျိုးသည် (၁) သမိုင်းစဉ်အရ တည်တံ့ခိုင် မြဲသောလူမျိုး (၂) သီးခြားဘာသာစာပေ စကားယဉ်ကျေးမှုရှိခြင်း (၃) စုစည်းနေထိုင်ရာဒေသရှိခြင်း (၄) စီးပွားရေးအရ လည်း မြန်မာပြည်. အဓိကသွေးကြောဖြစ်သော လယ်ယာစီးပွားရေးကို ရှေးကယခင်ကာလမှစ၍ ယခုထက် တိုင် လုပ်ကိုင်လျက်ရှိခြင်းကြောင့် စီးပွားရေးအရ ခိုင်မာသောလူမျိုးဖြစ် ခြင်းကြောင့် လူမျိုးတမျိုးဖြစ်သည်၊ ထို့ကြောင့် လူမျိုးတမျိုးဖြစ်သည့် မွန်အမျိုးသားတို့သည် အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို ရထိုက်သည်၊ ၄င်းရထိုက်သော ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဒီမိုကရေစီနည်းအရ အဖြစ်နိုင်ဆုံး တောင်းဆိုတိုက်ပွဲဝင်သွားရန် ဖြစ်သည်၊

မ-လ-ရ အဖွဲ့ချုပ်၏ လုပ်ငန်းစဉ်ကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်အတွက် မော်လမြိုင်မြို့တွင် ဌာနချုပ် ဖွင့်လှစ်ပြီး ဥက္ကဌ နိုင်လှမောင်၊ ဒု-ဥက္ကဌ မွန်သခင်ကြီး၊ မွန်မြအောင် အထွေထွေအတွင်းရေးမှုး နိုင်ဘလွင်၊ တွဲဘက်နိုင်စံသူ၊ ငွေသိမ်း၊ နိုင်သာနှင်း၊ပြန်ကြားရေး နိုင်စိန်ထွန်း (ဖဲကဒါ) စာရင်းစစ် နိုင်သာဟန် အမှု ဆောင် များအဖြစ် နိုင်ဘိုးကောင်း၊ နိုင်သာအောင်၊ နိုင်ထွန်းဝင်း (ဖဲကဒါ) မိဟံသာ နိုင်ထွန်းတင်စသော ယာယီ အလုပ်အမှုဆောင်များကို ရွေးကောက်တင် မြောက်တင်ကြသည် မွန်လွတ်လပ်ရေးအဖွဲ့မှ နိုင်ဘလွင် အယ်ဒီတာအဖြစ် ထုတ် ဝေလျက်ရှိသော အပတ် ၃ ကြိမ်ကျ ထုတ်ဝေလျက်ရှိသော တနင်္သာရီသတင်းစာကို နိုင်ဘလွင်ပင်အယ်ဒီတာ၊ တာဝန်ယူပြီး မ-လ-ရ ၏ ကြွေး ကြော်သံအဖြစ် ဆက်လက်ထုတ်ဝေသည်။

[ပြင်ဆင်ရန်​] မွန်လူမျိုးရေးရာအဖွဲ့ချုပ်မှ ဦးစီးသောမွန်အမျိုးသားညီလာခံ

မွန်လူမျိုးရေးရာအဖွဲ့ချုပ်မှ ဦးစီးကျင်းပသော မွန်အမျိုးသားညီလာခံကို ၁၉၄၇ ခုနှစ်ကုန်ကာနီးတွင် မုဒုံမြို့ နယ်ဖါးအောက်ကျေးရွာတွင် ၃ ရက်တိုင်တိုင်စီကားသိုက်မြိုက်စွာကျင်းပသည်၊ ၄င်းညီလာခံကို မွန်ဒေသရှိ မွန်အမျိုးသားပေါင်း ထောင်ပေါင်းများစွာတက်ရောက်ခဲ့သည်။

ပထမနေ့တွင် ယာယီအလုပ် အမှုဆောင်အဖွဲ့၏ နိုင်ငံရေးအစီရင်ခံစာတင်သွင်းပြီး ဒုတိယနေ့တွင် ကိုယ်စားလှယ်များ၏ ဝေဖန်ချက်များသုံးသပ်ချက် ပြင်ဆင်ချက်များပြုလုပ်သည်၊ ရှေ့လုပ်ငန်းစဉ်ကို ဆွေးနွေးသည်၊ တတိယနေ့တွင် အလုပ်အမှုဆောင်အသစ် ရွေးကောက်တင်မြောက်သည်၊ အမှုဆောင်သစ်မှာ- ဥက္ကဌ -နိုင်လှမောင် ဒု-ဥက္ကဌ -မွန်သခင်ကြီး၊ နိုင်မြအောင် အထွေထွေအတွင်းရေးမှုး -နိုင်ငွေသိမ်း တွဲဘက် ၊ -နိုင်သိန်းမောင် ပြန်ကြားရေး -နိုင်ဘလွင် ဘဏ္ဍာရေးမှုး -နိုင်သာနှင်း စာရင်းစစ် -နိုင်သာဟန် စည်းရုံးရေး -နိုင်စိန်ထွန်း(ဖဲကဒါ) အမျိုးသမီးဌာနမှုး -မိဟံသာ အလုပ်သမားဌာနမှုး -နိုင်စိန်ထွန်း လယ်သမားဌာနမှုး -မွန်စံသူ လူငယ်ဌာနမှုး -နိုင်ဘညွန့်နှင့် နိုင်ထွန်းဝင်း၊ နိုင်ဘိုးကောင်း၊ နိုင်ကြောင်၊ မွန်ဆရာတင် စသော အလုပ်အမှုဆောင်များကို ရွေးကောက်တင်မြောက်ကြသည်၊

ထိုညီလာခံတွင် တခုတည်းသော အဆိုကိုတင်သွင်းဆုံးဖြတ်သည်၊ ၄င်းအဆိုမှာ- (မွန်အမျိုးသားများသည် မိမိတို့လူမျိုးတမျိုးအဖြစ် တည်ရှိနေသည့်အလျောက် မိမိတို့အမျိုးသားယဉ်ကျေးမှု ကို ထိန်းသိမ်းရန်အချက် (၇) ချက်ပါသော တောင်းဆိုချက်ကို ဖဆပလအစိုးရထံ တင်ပြတောင်းဆိုသည်၊ ထိုတောင်းဆို ချက်ကိုဖဆပလအစိုးရက ပယ်ချခဲ့သဖြင့် ဤညီလာခံကြီးက ဝမ်းနည်းကြောင်း မှတ်တမ်း တင်ကြောင်း ထိုသို့ပယ် ချခြင်းခံရသည့်အတွက်မွန်အမျိုးသားတို့၏ ရှေ့ဆက်လုပ်ရန်မှာ မွန်အမျိုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်သော မွန်ပြည်ကို တည်ဆောက်ရန် ဒီမိုကရေစီနည်းအရ တောင်းဆိုတိုက်ပွဲဝင်သွားရန် ဆုံးဖြတ်ကြောင်း အကယ်၍ ဒီမိုကရေစီနည်း အရတောင်းဆိုခွင့်ကို အာဏာရအဖွဲ့အစည်းမှ ပိတ်ပင်လျှင် ရသည့်နည်းဖြင့် နည်းလမ်းရှာကြံလုပ်သွားရန်၊)

[ပြင်ဆင်ရန်​] မွန်ပြည်နယ်ဆန္ဒြပပွဲ

ဖါးအောက်ညီလာခံမှ မွန်ပြည်နယ်ထူထောင်ရန် ဆုံးဖြတ်ပြီးသောအခါ ပထမခြေလှမ်းအဖြစ် မွန်လူမျိုးရေး ရာအဖွဲ့ချုပ်သည် ဒီမိုကရေစီလှုပ်ရှားမှုအဖြစ် မွန်ပြည်နယ် ဆန္ဒပြပွဲကြီးကို ၁၉၄၈ ခုနှစ် နှစ်ဦးပိုင်း မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည်၊

၎င်းဆန္ဒပြပွဲကြီးတွင် မွန်သံဃာတော်များ၊ အလှူအသီးသီးမှ မွန်အမျိုးသားအမျိုးသမီးထောင်ပေါင်းများစွာ တို့သည် မော်လမြိုင်မြို့ပေါ်မှ၎င်း ပတ်ဝန်းကျင်မှ ၄င်းတို့စုဝေးရောက်လာကြသည်၊ နံနက် (၇) နာရီတွင်စည်း ကမ်းသေဝပ်စွာ ၄ ယောက်တတွဲ စီချီတက်ကြသည်၊ စုရပ်ကို မော်လမြိုင် ဒိုင်းဝန်ကွင်း၊ ကရင်ကျောင်းတွင် ထားသည်၊ ကရင်ကျောင်းမှ ၄ ယောက်တွဲ ထွက်လာသော မွန်အမျိုးသား၊ အမျိုးသမီးတန်းသည် ဈေးကြီး ရောက်သော်လည်း စုရပ်ဖြစ်သော ကရင်ကျောင်းမှ လူမကုန်သေးပေ၊ ဆန္ဒြပသူများသည် (မွန်ပြည်နယ်ချက် ချင်းပေး) ဆိုသော တခုတည်းသော ကြွေးကြော်သံကို ကြွေးကြော်ပြီး (မွန်ပြည်နယ်ချက်ချင်းပေး) ပိုစတာများကိုင်ဆောင်လာသည်၊

ဆန္ဒြပချီတက်ပွဲသည် ဒိုင်းဝန်ကွင်း ကရင်ကျောင်းမှ ဈေးကြီးအောက်လမ်းမကြီး သံလွင်ဥယျာဉ်လမ်းမှချီ တက်ပြီး သံလွင်ဥယျာဉ်တွင် နံနက် ၁၁ နာရီအချိန်လောက် ရောက်ရှိစုစည်းသည်၊ လူစုမခွဲမှီ မွန်လူမျိုးရေးရာ အဖွဲ့ ချုပ်ဥက္ကဌ နိုင်လှမောင်က မိန့်ခွန်းမြွက်ကြားသည်မှာ-

(မွန်အမျိုးသားများသည် လူမျိုးရေးအင်္ဂါရပ်များ ပြည့်စုံသောလူမျိုးဖြစ်သည့်အလျောက် မိမိတို့၏ ကိုယ်ပိုင် ပြဌာန်းခွင့်ဖြစ်သော မွန်ပြည်နယ်ထူထောင်ရန် မွန်အမျိုးသားညီလာခံဖြစ်သော ဖါးအောက်ညီလာခံမှ ဆုံးဖြတ် ခဲ့သည်ကို မွန်လူထုတရပ်လုံးသိပြီးဖြစ်သည်၊ ဤသို့ဆုံးဖြတ်ခဲ့ခြင်းသည် တခြားလူမျိုးများ၏ ရပိုင်ခွင့်ကို ထိခိုက်စေရန်မဟုတ်ဘဲ မွန်အမျိုးသားတို့၏ ဘိုးဘွားပိုင်အခွင့်အရေး ပြန်လည်ထူထောင်ခြင်း ဖြစ်သည်၊ ဤသို့မွန်ပြည်နယ်ထူ ထောင်ရေးလုပ်ငန်းကို အတတ်နိုင်ဆုံး ဒီမိုကရေစီနည်းရအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ယနေ့မွန်အမျိုးသားတို့အေးချမ်းသာယာသော နည်းဒီမိုကရေစီနည်းအရဆန္ဒြပမှုက သက်သေ သာဓကအဖြစ် ပေါ်လွင်နေပါသည်၊ ဤမွန်လူမျိုးတို့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေးဟူသော မွန်ပြည်နယ် ဖေါ်ထုတ်ရေး ဒီမိုကရေစီလုပ်ငန်းများကို နှောင့်ယှက် ဖျက်စီးပါက မွန်ပြည်နယ်ရရှိသည်အထိ ရရှိနိုင်သည့် အကောင်းဆုံးသော နည်းများကို မွန်လူမျိုး ရေးရာအဖွဲ့ချုပ်က မွန်အမျိုးသားတို့နှင့် ပူးတွဲပြီးလုပ်ဆောင် သွားရန် သံဓိဌာန်ချထားပြီးဖြစ်ကြောင်း ကြေညာပါသည်၊ ဤသို့သံဓိဌာန် ချမှတ်ထားသည့် ချီတက်ရာတွင် မွန်အမျိုးသားများသည် ညီညီညွတ်ညွတ်တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းကြောင်း မွန်ဘာသာ မြန်မာဘာသာဖြင့် ပြောကြားသွားပါသည်၊)

၎င်းမိန့်ခွန်းကြားပြီးသောအခါ ဆန္ဒပြပွဲကို ပြီးဆုံးကြောင်းကြေညာ၍ အဆုံးသတ်ကြသည်၊ ထိုဆန္ဒြပပွဲပြီး သောအခါ မွန်အမျိုးသားတို့သည် ဇာတိသွေးဇာတိမာန်အထူး တက်ကြွလာသည်၊ ဖဆပလအစိုးရသည်လည်း မွန်အမျိုးသားများ၏ လှုပ်ရှားမှုကို စေ့စပ်သေချာစွာ စောင့်ကြည့်သည်၊ တခါတရံ ဆိုရှယ်လစ်ပါတီ ပြည်သူ့ရဲဘော် တပ်ဖွဲ့တို့က ရန်စကျူးကျော်မှုကို ပြုလုပ်လာသော်လည်း မွန်အမျိုးသားတို့သည် မိမိတို့ ပန်းတိုင်အရောက် ချီတက် နိုင်ရေးအတွက် သည်းခံကာ မိမိတို့ပြည်နယ် ရရှိရေးကိုသာ ဦးတည်လုပ်ဆောင် ကြသည်၊

မွန်လူမျိုးရေးရာအဖွဲ့ချုပ်သည် မိမိတို့ဦးဆောင်ဆုံးဖြတ်ထားသော မွန်ပြည်နယ် ဖော်ထုတ်ရေးအတွက်ပြီး မြောက်အောင်ဆောင်ရွက်နိုင်ရန် ပိုမိုပြင်းထန်သော စည်းရုံးရေးများကို ဆောင်ရွက်နိုင်ရန် တာဝန်ခွဲဝေသည်၊ သထုံ ခရိုင်ခရှိပေါင်မြို့နယ် သထုံမြို့နယ် ဘားအံမြို့နယ် (ယခုကရင်ပြည်နယ်)များကို နိုင်ငွေသိမ်းနှင့် နိုင်သိမ်းမောင်တို့က တာဝန်ယူပြီး ကျိုက္ခမီခရိုင် (ယခုသံဖြူဇရပ်မြို့နယ်) ကျိုက်မရောမြို့နယ် ကြာအင်းမြို့နယ် ကော့ကရိတ်မြို့နယ်များကို ဤအလုပ်အမှုဆောင်များက တာဝန်ယူကြသည်၊ အထူးသဖြင့် ရေးနှင့် ကျိုက္ခမီမြို့နယ်ကို မွန်သခင်ကြီး မွန်စံသူ နိုင်ဘလွင်နှင့် ဒေသခံ ခေါင်းဆောင်များဖြစ်သော နိုင်ပန်းသာ။ နိုင်ဒွတ် (မော့ကနင်) နိုင်ရိုးတို့နှင့်၎င်း မုဒုံမြို့နယ်ကို နိုင်လှမောင်၊ နိုင်သာအောင်တို့နှင့် ဒေသခံခေါင်းဆောင် နိုင်ကြောင်တို့နှင့် ပူးပေါင်းဆောင်ရွက်ကြသည်၊ စည်းရုံး ရေးမှာလည်း အထူးတိုးတက်လာသည်၊ ထိုသို့စည်းရုံးရေးလုပ်ငန်းအောင်မြင်လာသည်နှင့်အမျှ ဖဆပလအစိုးရသည် မွန်အမျိုးသားခေါင်း ဆောင်များ အား နည်းမျိုးစုံဖြင့် စတင်ရန်ပြုလာသည်၊ ထို့ကြောင့် ဖဆပလအစိုးရက လက်နက်ဖြင့် ဖိနှိပ်လာပါက လက်နက်ဖြင့်ပြန် လည်ခုခံရန် မွန်လူမျိုးရေးရာအဖွဲ့အထက်တွင် မွန်အမျိုးသားကာကွယ် ရေးဌာနတခု တိုးချဲ့ဖွဲ့စည်းသည်၊ ၄င်းအဖွဲ့ကို အလုပ်အမှုဆောင်အဖွဲ့ဝင် မွန်စံသူကတာဝန်ယူသည်။

[ပြင်ဆင်ရန်​] မွန်တိုင်းရင်းသားအစည်းအရုံးပြန်လည်လှုပ်ရှားလာခြင်း

ရွေးကောက်ပွဲကိုသပိတ်မှောက်၍ ကွဲသွားသောမွန်တိုင်းရင်းသားအစည်းအရုံးကို အသစ်တဖန်အားသစ် လောင်း၍ စုစည်းကြသည်။ လှုပ်ရှားလာသည်။ ၁၉၄၇ ခုနှစ်တွင် မုဒုံမြို့နယ်ကမာဝက် ကျေးရွာတွင် မွန်တိုင်းရင်း သားအစည်းအရုံးက မွန်အမျိုးသားညီလာခံတရပ်ကို ခေါ်ယူကျင်းပသည်။ ၄င်းညီလာခံတွင် မွန်ပြည်နယ်ဖေါ်ထုတ် ပေးရန် တောင်းဆိုကြောင်း အဆိုတင်သွင်းဆုံးဖြတ်သည်။

မွန်တိုင်းရင်းသားအစည်းအရုံးသည် ကမာဝက်ညီလာခံ၌ အမှုဆောင်အသစ်တင်မြောက်သည်။ ဥက္ကဌ မွန်ဦးဘိုးချို၊ ဒု-ဥက္ကဌ နိုင်အောင်ထွန်း၊ အထွေထွေအတွင်းရေးမှုး နိုင်ချမ်းမွန်၊ အမှုဆောင်များအဖြစ် မွန်ဆရာတို၊ ဆရာမွန်ဘိုးစိန်၊ နိုင်ထွန်းခင်၊ နိုင်ကျော်လှ၊ နိုင်မောင်ကြီး၊ ဦးစံညွန့်၊ ဆရာစံရွန်းတို့ဖြစ်သည်။

မွန်တိုင်းရင်းသားအစည်းအရုံးသည် လူငယ်များကိုစည်းလုံးရေးအတွက် မော်လမြိုင်ရွာလွတ် ကျောင်းတွင် နိုင်ထွန်းခင်ခေါင်းဆောင်သော ကော်မတီမှ မွန်တိုင်းရင်းသားအလံတော်အေက်ရှိ မွန်လူငယ်များအား ကာယဗလ လှုပ်ရှားမှုသင်တန်းပေးသည်။ သင်တန်းပြီးဆုံးသောအခါ မော်လမြိုင်မြို့ပေါ်တွင် စီတန်းလှည့် လည်၍ မွန်လူငယ် အင်အားပြပွဲတရပ်လုပ်ခဲ့သည်။ မွန်တိုင်းရင်းသားအစည်းအရုံး၏ အထွေထွေ အတွင်းရေးမှုး နိုင်ချမ်းမွန်နှင့် ဆရာတို တို့သည် မွန်တိုင်းရင်းသားအစည်းအရုံး ကြွေးကြော်သံအဖြစ် တပတ် ၃ ကြိမ် ရာမညတိုင်းသတင်းစာကို မွန်၊ မြန်မာ နှစ်ဘာသာရေးသားထုတ်ဝေသည်။

[ပြင်ဆင်ရန်​] လွတ်လပ်ရေးခေတ် ဖဆပလအစိုးရနှင့် မွန်အမျိုးသားများပဋိပက္ခ

၁၉၄၈ ခုဇန္န္နဝါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံကို ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် အမည်နာမပေးကာ လွတ်လပ်ရေးကြေညာခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် မြန်မာပြည်မှ ရှမ်းပြည်နယ်၊ ကယား ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းဝိသေသတိုင်းဖြင့် ဖွဲ့စည်းတည်ထောင်ထားသည်။ ပထမ ဆုံးနိုင်ငံတော် သမ္မတမှာ ညောင်ရေ စောဘွားကြီးစပ် ရွှေသိုက်ဖြစ်ပြီး ဝန်ကြီးချုပ်မှာဦးနုဖြစ်သည်။

မြန်မာရာဇဝင်သမိုင်းကို ပြန်ပြောင်းလေ့လာလျှင် မြန်မာမပါလျှင်မပြီးသလို၊ မွန်မပါလျှင်လည်း မပြီးသော သမိုင်းသာဖြစ်သည်။ သို့သော် လွတ်လပ်ရေးကြေညာသောအခါ သမိုင်းတွင်ထင်ရှားသော မွန်အမျိုးသားတို့မှာ ချင်း၊ ကချင်၊ ကယားကဲ့သို့သော လူမျိုးရေးအရ အသိအမှတ်ပြုခြင်းမခံခဲ့ရပေ။ မွန်မှာ မွန်နှင့်မြန်မာအတူတူပဲ ဆိုသော မြန်မာ့နိုင်ငံရေးခေါင်းဆောင်တို့၏ မွန်နှင့်မြန်မာအတင်းတူခိုင်းပြီး မြန်မာနှင့်ရောပြီး ပြည်ပတွင် မြန်မာအနေဖြင့် ထည့် သွင်းထားသည်။

မွန်အမျိုးသားပြဿနာနှင့် ပတ်သက်၍ ဖဆပလအဖွဲ့ချုပ် ဥက္ကဌဖြစ်ခဲ့သူ ကွယ်လွန်သူဗိုလ်ချုပ်အောင်ဆန်းက (ဗမာ့လွတလပ်ရေးတိုက်ပွဲတွင် မြန်မာ ၅ဝဝဝ မွန် ၃ဝဝဝ ပါဝင်ခဲ့သည် လည်း ဖော်ပြခဲ့သည်။ ၁၉၄၇ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သော ဖဆပလ ပြင်ဆင်မှုကော်မတီတွင် (မွန်လူမျိုးကိစ္စဆိုရင်တော့ သူတို့မှာအခုလူမျိုး ရေးလူနည်းစုအဖြစ်နဲ့ မွန်စာပေ၊ မွန်ကျောင်းတွင်ကိစ္စလောက်ကလွဲရင် တခြားနစ်နာချက် တွေမရှိပါဘူး မွန်ရယ်၊ ဗမာရယ်၊ ခွဲခြားပြီး ကရင်သဘောထားလိုထားစေ ချင်လို့ မဖြစ်ဘူး) လို့မိန့်ကြားခဲ့ သည်။ သို့သော် ဗိုလ်ချုပ်ကျဆုံး သွားပြီး နောက်ဖဆပလခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်း၏ ဆန္ဒကိုဆန့်ကျင်သည်မှာ မွန်အမျိုးသား များတောင်းဆိုခဲ့သော အချက် (၇) ချက်ကို ပယ်လိုက်ခြင်းက သက်သေထူလျက်ရှိ၏ ဖဆပလခေါင်းဆောင်များ၏ ယုံ ကြည်ချက်ခံယူချက်မှာ လူမျိုးရေးသည် စီးပွားရေး ၏လက်အောက်ခံဖြစ်၍ စီးပွားရေးကိုဖြေရှင်းလိုက်လျင် လူမျိုးရေး လည်းပြေလည်သွား မည်ဖြစ်သည်။

မွန်လူမျိုးရေးရာအဖွဲ့ချုပ်၏ ခံယူချက်မှာ ဗိုလ်ချုပ်အောင်ဆန်းခံယူထားသလို လူမျိုးရေးတရားနှင့် ပတ်သက် ၍ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက လူမျိုးကြီးဆိုတာ ရာဇဝင်အရဖြစ်လာပြီး သူ့နယ် မြေနဲ့သူ၊ သူ့စီးပွားရေးနဲ့သူ၊ သူ့ယဉ်ကျေးမှု ပညာထုံးစံဓလေ့တွေနဲ့ ညီညွတ်စည်းရုံးထားတဲ့ လူပေါင်းစုပဲလို့ စတာ လင်ကသရုပ်ဖော်ခဲ့တယ်။ ထိုခံယူချက်ကို မွန်အမျိုးသား များကခံယူထားသည်။ မွန်အမျိုးသားများသည် အထက်ပါ ဗိုလ်ချုပ်အောင်ဆန်းဖော်ပြသော အရည် အချင်းနှင့်ပြည့်စုံသော်လည်း မွန်များမရှိသလောက်ဖြစ်နေသည်ဟု ယူဆပြီး လူမျိုးရေး လူနည်းစုသတ် မှတ်ထားခဲ့သည်ဟု ယူဆစရာ ရှိသည်။

မွန်လူမျိုးရေးရာအဖွဲ့ချုပ်နှင့် မွန်တိုင်းရင်းသားအစည်းအရုံး၏ အမှုဆောင်တချို့တွေ့ဆုံဆွေး နွေးကြပြီး ဘုံလုပ်ငန်းစဉ်ဖြစ်လာသော မွန်ပြည်နယ်ဖော်ထုတ်ရေးအတွက် ညှိနှိုင်းကြသည်။ နှစ်ဖွဲ့စလုံးကမွန်ပြည်နယ်ကို ဒီမိုက ရေစီတိုက်ပွဲလမ်းစဉ်နှင့် သွားရန်အတွက် အာဏာရဖဆပလအဖွဲ့က ပိတ်ပစ်မည် ချေမှုန်းပစ်မည် ဟုလက် ခံကြသည်။ ထို့ကြောင့် ဒီမိုကရေစီတိုက်ပွဲလမ်းစဉ်ပိတ်ဆို့ခြင်းခံရလျှင် မွန်ပြည်နယ်ကို မည်သို့ ဖေါ်ရမည်ကို ညှိနှိုင်းကြသည်။ လက်နက်ဖြင့်ဒီမိုကရေစီတိုက်ပွဲကို ပိတ်ပစ်လျှင် လက်နက်ဖြင့်ထိုးဖောက်ပြီး မိမိလုပ်လိုသောနိုင်ငံရေးကို ဆက်လုပ်ရ မည်ဟူသော သဘောတရားကို လက်ခံကြသည်။ (စစ်သည် မပြီးဆုံးသေးသော နိုင်ငံရေးကို ဆက်လုပ် သည်ဟူသော သဘောဖြစ်သည်)

၁၉၄၈ ခုနှစ် မတ်လတွင် ပျဉ်းမနား၌ ကျင်းပသော ဗမာပြည်ကွန်မြူနစ်ပါတီ ညီလာခံတွင် လက်နက်ကိုင် တော်လှန်မည့် အဓိပ္ပါယ်ဆောင်သော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။ ကွန်မြူနစ်ပါတီ ဖဆပလအစိုးရအား အပြင်း အထန်ဝေဖန်ရှံ့ခဲ့သည်။ လွတ်လပ်ရေးသည်မစစ်မှန် ဖဆပလခေါင်းဆောင် များသည် ဗြိတိသျှတို့အား အညံ့ခံသွားပြီး အမျိုးသားသစ္စာဖောက်ဖြစ်သည်ဟု ကြောညာသည်။ မတ် လ (၂ဝ) ရက်နေ့တွင် ဖဆပလ- ဗကပ များကို လိုက်လံ ဖမ်းဆီးသဖြင့် ဖဆပလအား လက်နက်ကိုင်ပုန် ကန်ကြောင်း အတိအလင်း ကြေညာ တိုက်ခိုက်တော့သည် ၄င်းတို့နှင့် အတူ ပြည်သူ့ရဲဘော်အချို့နှင့် ဗမာ့တပ်မတော်မှ တပ်မှုးတပ်သားအချို့ ပါသွားသည်။

ပြည်သူ့ရဲဘော်တပ်ဖွဲ့လည်း လက်ဝဲညီညွတ်ရေးတည်ဆောက်ရန် ကြိုးစားကြသည်။ မအောင်မြင်သဖြင့် ပြည်သူ့ရဲဘော်အဖြူအဝါကွဲသည်။ အဝါမှာဆိုရှယ်လစ်ပါတီနှင့် ပူးပေါင်းသွားပြီး အဖြူမှာလက်နက်ကိုင်တိုက်ပွဲ သို့ ကူးပြောင်းသွားသည်။

ကရင်အမျိုးသားများလည်း ကေအင်ယူခေါင်းဆောင်မှုအောက်တွင် ကေ-အင်-ဒီ-အို ခေါ်လက်နက်ကိုင် အဖွဲ့အစည်းများ လှုပ်ရှားလာသည်။ ကွန်မြူနစ်ဆန့်ကျင်ရေး ကြွေးကြော်သံကြွေးကြော်ပြီး ဖဆပလအား ကရင်ပြည် နယ်ပေးရန်တောင်းဆိုကြသည်။ ဖဆပလအားရှုပ်ထွေးနေသော ပစ္စုပ္ပန် အခြေအနေတွင် လက်နက်ကိုင် အကြပ် ကိုင် ပြီး ကရင်ပြည်နယ်ထူထောင်ရေးကို ဦးတည်ထားသည်။ မိမိတို့လိုအပ်သော အကျယ်အဝန်းရှိသော ကရင်ပြည်နယ် ရရှိလျှင် ဖဆပလနှင့်ပူးပေါင်းပြီး ဤကွန်မြူ နစ်ကိုပူးတွဲတိုက်ခိုက် မည်ဟုလည်း အဓိပ္ပါယ်ပေါ်နေသည်။

ထိုသို့ရှုပ်ထွေးနေစဉ် ဖဆပလအစိုးရသည် မွန်အမျိုးသားတို့အား နိုင်ငံရေးအရ ထိုးစစ်ဆင်လာပြီး မွန်ခေါင်း ဆောင်များအား ရှာဖွေခြင်း နယ်ရှိခေါင်းဆောင်များအား ချိန်းခြောက်ခြင်းများပြုလာသည်။ ထို့ကြောင့် မွန်အ မျိုးသားတို့သည် နဂိုကရှိခဲ့သော သံသယသည် ပိုမိုပြင်းထန်လာပြီး လက်နက်ကိုင်ခုခံမှုကို အပြင်းအထန် ပြင်ဆင်ရ တော့သည်။

ဤသို့ပြင်ဆင်ရာတွင် မွန်လူမျိုးရေးရာအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပထမဆုံးအမျိုးသား စည်းလုံးရေး အားဖြင့် ကွဲနေသောမွန်တိုင်းရင်းသား အစည်းအရုံး၏ အထွေထွေအတွင်းရေးမှုးနိုင်ချမ်းမွန် နှင့်ဆွေးနွေး သည်။ နိုင် ချမ်းမွန်ကမွန်တိုင်းရင်းသားအစည်းအရုံးတွင် တင်ပြဆွေးနွေးသော်လည်း ပုဂ္ဂိုလ်စွဲ ဂိုဏ်းဂဏစွဲ ပြင်းထန်နေ၍ မအောင်မြင် ဘဲရှိခဲ့သည်။

နောက်တဆင့်တွင် မွန်လူမျိုးရေးရာအဖွဲ့ချုပ်သည် တိုက်ပွဲအောင်မြင်ရေးအတွက် ယခင်မ အောင်မြင်သော စေ့စပ်ဆွေးနွေးမှုများကို ဗကပ ပြည်သူ့ရဲဘော်နှင့် ပြန်လုပ်သည်၊၊ ဗကပသည် မွန်အမျိုးသားအပေါ်တွင် ဖဆပလ သဘောထားသကဲ့သို့ မွန်အမျိုးသားများသည် ပဒေသရာဇ်ခေတ် အလောင်းဘုရားလက်ထက်ကပင် ပျက်ပြုံးသွား ပြီးဖြစ်သည်။ မွန်အမျိုးသားများသည် မြန်မာပြည်တွင် ပြောပလောက်အောင်မရှိတော့ပေ၏ ရှိနေသောမွန်များသည် မြန်မာများနှင့်သွေးနှော၍ မြန်မာဖြစ် ကုန်ပြီဟုယူဆသဖြင့် မွန်ကိုလူမျိုးတမျိုး အနေဖြင့် အသိအမှတ်မပြု မွန်အမျိုး သားလှုပ်ရှားမှုကို အသိအမှတ်မပြုကြောင်း ပြန်ကြားခဲ့သည်။ ဤခံယူချက်သည် ၁၉၅၂ ခု ဘုံပါတီဆွေး နွေးပွဲတွင် သခင်သန်းထွန်းတင်ပြသော နိုင်ငံရေးအစီရင်ခံစာတွင် တွေ့ရသည်။

ပြည်သူ့ရဲဘော်လည်း မွန်အမျိုးသားပြဿနာနှင့်ပါတ်သက်၍ ဘာမျှအဖြေမပေးနိုင်ဘဲ ၄င်းတို့၏ ၄င်းကာ လသဘောထားမှာ ၁၉၄၉ ခုနှစ် ဖဆပလမှ ဖန်တီးခဲ့သော လူမျိုးရေးအဓိကဂိုဏ်းတွင် မော်လမြိုင် သထုံရှိ ပြည်သူ့ ရဲဘော်များက မွန်တို့အား သတ်ဖြတ်ခဲ့သည်က အဖြေပေးထားသည်။ လူမျိုးရေးအဓိ ကဂိုဏ်းကို အလံနီကွန်မြူနစ် ပါတီမှရပ်စဲပြီး ရှေ့ဆောင်ရှေ့ရွက်ပြုပြီးနောက်မှ ဗကပ ပြည်သူ့ရဲဘော်တို့၏ လူမျိုးရေး စစ်ပွဲကိုရပ်စဲသွားခဲ့သည်။

မွန်အမျိုးသားတို့အတွက် ၄င်းကာလတွင် စိတ်အချရဆုံးမဟာမိတ်မှာ ကရင်များဖြစ်သည်ဟု မွန်လူမျိုးရေး ရာအဖွဲ့ချုပ်မှ လက်ခံသည့်အတိုင်း ကျင့်သုံးခဲ့သည်။ ကရင်နှင့်မွန်ဆက်ဆံရေးသည် ယခင်ကရှိပြီးဖြစ်သော် လည်း ပိုမို ခိုင်မြဲအောင်ဆောင်ရွက်ခဲ့သည်။

[ပြင်ဆင်ရန်​] မွန်နှင့်ကရင်ဆက်ဆံရေး

မွန်နှင့်ကရင်လူမျိုးတို့သည် ရှေးနှစ်ပေါင်းရာပေါင်းများစွာကပင် အတူတကွပူးတွဲနေထိုင်ခဲ့သည်။ ကရင်အမျိုး သားနှင့်မွန်အမျိုးသားတို့၏ ဒဏ္ဍာရီပုံပြင်များသည် တူနေကြသည်။ စကားများလည်း အထူးသဖြင့် ပိုးကရင် နှင့် မွန်တို့မှာ တူညီသည့်အသုံးအနှုန်း အခေါ်အဝေါ် အတော်များများရှိသည်၊၊ ဗုဒ္ဓဘာသာကရင်အမျိုးသား များ၏ စာပေသည် မွန်စာပေမှတဆင့် ကရင်စာပေသို့ တီထွင်ထားသော စာပေဖြစ်သည်။ ပဒေသရာဇ် ခေတ်တွင်လည်း ကရင်အမျိုးသားများသည် မွန်ပဒေသရာဇ်တပ်များတွင် တပ်မှုးတပ်သားအဖြစ် ဝင်ရောက် အမှုထမ်းကြသည်။ ကုန်းဘောင်ခေတ် မွန်အရေးနိမ့်သောအခါအတူတကွ (ယိုးဒယား) ထိုင်းသို့ ထွက်ခွါ ပြေးသွားကြသည့် သက်သေ သာဓကများရှိသည်။ ရှေးအစဉ်အ လာကရှိသော မွန်လူကြီး သူမစကားအရ မွန် ၄ ရပ်ရှိသည်။ ၄င်း ၄ ရပ်မှာ မွန်ဒိုင်း၊ မွန်ဒေး၊ မွန်ည၊ မွန်တ ဖြစ်ပြီး မွန် -ကရင်လူမျိုးကိုဆိုလိုသည်။ ဆိုစမှတ်ပြုကြသည်။ ၄င်းကရင်မှာ ပိုးကရင် (ကွင်း ကရင်-သို့မဟုတ် တလိုင်းကရင်) ဖြစ်သည်။

ကိုလိုနီခေတ်တွင် မွန်များ (ယိုးဒယား) ထိုင်းသို့သွားရောက်ခိုလှုံသောအခါ မွန်တို့နေထိုင် ခဲ့ရာမြစ်ဝကျွန်း ပေါ်ဒေသသို့ ကရင်များပြောင်းရွှေ့နေထိုင်ကြသည်။ တနင်္သာရီတိုင်းတွင် ကျန်ရစ်ခဲ့သော မွန်တို့သည် ၄င်းဒေသရှိ မြစ် ဝကျွန်းပေါ်မြေသြဇာကောင်းသော ဒေသတွင်ဆက်လက်၍ အခြေစိုက်နေထိုင်သဖြင့် ကရင်များသည် မွန်တို့နှင့် ဆက် စပ်ရာဒေသများတွင် မခုတ်ထွင်မရှင်းလင်းသေးသော တောထဲများနှင့် တောင်များတွင်နေထိုင်ကြသည်။ စီးပွားရေးအ ရလည်း ကုန်ဖလှယ်ရေးကိုဦးစား ပေးပြီးလုပ်ခဲ့ကြသည်။ မွန်နှင့်ကရင်များကြား ယခင်ကပËိပက္ခမရှိသလို ယခုလည်း ကြီးမားသော ပËိပက္ခမရှိသေးကြောင်း တွေ့ရ သည်။

မွန်တို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ ကရင်အများအစုအထူးသဖြင့် ပိုးကရင်မှာ ဗုဒ္ဓဘာသာဝင် များဖြစ်ကြသဖြင့် ပိုမိုရင်းနှီးမှုတဦးကိုတဦး ယုံကြည်အားထားမှုရှိသည်ဟု လက်ခံသည်။

မွန်နှင့်ကရင်သည် တဦးနှင့်တဦးခိုင်မြဲသော မဟာမိတ်အဖြစ် ပူးတွဲလှုပ်ရှားမှုမလုပ်မှီကပင် တဦးနှင့်တဦး အပြန်အလှန်ယုံကြည်စိတ်ချစွာ ဆက်ဆံမှုများရှိခဲ့သည်။ ၄င်းတို့မှာ-

၁၉၄၆ ခုနှစ် ဒီဇင်ဘာလ (၂ဝ) ရက်နေ့တွင် ခရစ်ယာန်ဂိုဏ်ချုပ်ကြီး ဘီရှေ့ဝက်၏ ဖိတ်ကြားချက်အရ ဗိုလ်ချုပ် အောင်ဆန်းသည် လှိုင်းဘွဲ့မြို့နယ် ကပ္ပလီရွာသို့သွားရောက်ပြီး၂၁ ရက်နေ့တွင် ကရင်အမျိုးသားခေါင်း ဆောင်များနှင့် တွေ့ဆုံဆွေးနွေးသည်။ ၄င်းတွေ့ဆုံရာအခန်းအနားသို့ ကရင် ခေါင်းဆောင်များ၏ ဖိတ်ကြား ချက်အရ မွန်အမျိုးသားခေါင်းဆောင်ဖြစ်သော နိုင်ဘလွင်နှင့် မွန်စိန်ထွန်း (ဖဲကတာ)တို့သည် မွန်အမျိုးသား ကိုယ်စားလှယ် အဖြစ်တက်ရောက်ခဲ့သည်။ တနင်္သာရီတိုင်းရှိ ကရင်ခေါင်းဆောင် ကေအင်ယူ အဖွဲ့ဝင်များ ဖြစ်သော စောဘိုးချစ်၊ စောသာဒင်၊ ဆရာယုံလှ၊ ဆရာအားတိုး၊ သထုံရှိဦးလှဖေ (ပအို့) ဦးလှဖေသည် ကိုလိုနီခေတ်တွင် ပအို့အမျိုးသား တို့အား ကရင်နှင့် ပူးပေါင်းထားကြသဖြင့် ကရင်မဲဆန္ဒနယ်မှ အမတ်အရွေး ခံသည့် ကရင်လှဖေဟု လူသိများသည်။ ဦးလှဖေသည် ကိုလိုခေတ် ဒေါက်တာဗမော်အစိုးရလက်ထက်တွင် ပါလီမန်အတွင်းဝန်လုပ်ခဲ့သည်။ စစ်ပြီး နောက်ပိုင်း ကေအင်ယူကရင်အမျိုးသားအဖွဲ့တွင် ဒုတိယဥက္ကဌ လုပ်ခဲ့သည်။

၁၉၄၉ ခု လက်နက်ကိုင်တော်လှန်ရေးဖြစ်စတွင် သထုံတွင် ခေါင်းဆောင်မှုပေးခဲ့ပြီး ၁၉၅ဝ ခုနှစ်တွင် တောင် ကြီးတက်ပြီး ပအို့အမျိုးသားများအား ခေါင်းဆောင်မှုပေးခဲ့သည်။ ထိုမှစ၍ ကရင်လှဖေအစား ပအို့လှဖေဟု တွင်လာသည်။ (စာရေးသူ) ဦးတိုးတိုး၊ စောအုံး၊ ဖေညွန့်၊ စောရှမ်းမောင်၊ ဦးစံရွှေစသော ပုဂ္ဂိုလ်များနှင့် အစဉ်တွေ့ဆုံ၍ အမျိုးသား ပြဿနာများကို ဆွေးနွေးညှိနှိုင်းကြသည်။

၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလတွင် ရန်ကုန်မြို့၌ ကျင်းပသော ဗဟိုကရင်အစည်းအရုံး (ကေအန်ဒီအို) ၏ ညီလာခံ တွင်၎င်း အောက်တိုဘာလတွင် ကျင်းပသော ကရင်အမျိုးသားညီလာခံသို့၎င်း မွန်အမျိုး သားခေါင်းဆောင် များအား ဖိတ်ကြားသဖြင့် မွန်အမျိုးသားခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ မော်လမြိုင်မြို့တွင် ကျင်းပသော ကရင်အမျိုးသားကွန်ဖရင့်သို့ ကရင်ခေါင်းဆောင် စောဘဦးကြီး၏ ဖိတ်ကြားချက်အရ နိုင်လှမောင်၊ နိုင်ဘလွင်၊ မိဟံ သာတို့ တက်ရောက်ခဲ့ကြသည်။

အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်လှုပ်ရှားမှုနှင့် ပတ်သက်၍ ကေအန်ယူ ဥက္ကဌကြီး စောဘဦးကြီး၏ သဘော ထားကို မွန်ခေါင်းဆောင်များအား တင်ပြရာတွင် မိမိတို့သည်လက်နက်အင်အား စုစည်းပြီးလက်နက်အင်အား ပြသ၍ ဖဆပလအစိုးရအား အကြပ်ကိုင်၍ ကရင်ပြည်နယ်တောင်းဆိုမည် မိမိတို့၏လက်နက်အင်အားမှာ ယခင် ဗြိတိသျှလက်ထက်မှ ဘားမားရိုင်ဖယ်၊ ဘီအမ်ပီတပ်ထွတ်များ၊ ဒုတိယကမ္ဘာစစ်က မဟာမိတ်တပ်ဖွဲ့ တွင် ဝင်ရောက် အမှုထမ်းသော စစ်မှုထမ်းဟောင်းများနှင့် ဒုတိယကမBာစစ်က တောင်ပေါ်ဒေသတွင် မဟာမိတ်တို့ကျန်ခဲ့သော လက် နက်ခဲယမ်းမီးကျောက်များကို စုစည်း၍ ကေအန်ဒီအိုခေါ် ကရင်ကာကွယ် ရေးတပ်ဖွဲ့ ဖွဲ့စည်းထားနိုင်ပြီဖြစ်သည်။ အရံ အင်အားဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ ကာကွယ်ရေးဌာန အောက်ရှိ ကရင်ရိုင်ဖယ်တပ် ၃ တပ်နှင့် ပြည်ထဲ ရေး ဌာနအောက်ရှိ စစ်ရဲများရှိသည်။ ထို့ကြောင့် မွန်အမျိုး သားများလည်း ၄င်းနည်းတူ ပြုလုပ်ဆောင်ရွက် နိုင်ရန်လက် နက်အင်အား စုစည်းရန်တိုက်တွန်းသည်။

မွန်တို့၏ အနေအထားမှာ ထိုစဉ်ကလက်နက်ဟူ၍ အပ်တိုတချောင်းမျှမရှိ စစ်ရှုံးခဲ့သော လူမျိုးပီပီမွန်တို့ စစ်တပ်ထဲဝင်ခြင်း စစ်ပညာသင်ကြားခြင်းများမပြုခဲ့။ စစ်တိုက်ရန်ဆင်မြန်းသည့် ဘောင်းဘီကိုမဝတ်ကြ (တချို့ကနတ် မကြိုက်၍မဝတ်ရဆိုသည်) ဘီအိုင်အေ ခေတ်နယ်ချဲ့ဗြိတိသျှ ဆန့်ကျင်ရေးတိုက်ပွဲ ဖက်ဆစ် ဂျပန်ဆန့် ကျင်ရေးတိုက်ပွဲ များတွင်ပါဝင်ခဲ့သော မွန်အမျိုးသားများသည် ဗမာ့တပ်မတော်တွင် ဝင်ရောက် အမှုထမ်းလျက်ရှိသော်လည်း မွန်အ မျိုးသားလှုပ်ရှားမှု မွန်ပြည်နယ် ထူထောင်ရေးလုပ်ငန်းကို မယုံကြည် ကြ၍ အားမပေးကြ။ ထို့ကြောင့် မွန်အမျိုး သားအတွက် လက်နက်စုဆောင်းခြင်းမှာခက်ခဲနေသည်။ လက်နက်ကိုဝယ်ယူသည့်နည်း သို့မဟုတ် တိုက်ယူသည့် နည်းဖြင့် စုဆောင်းရန်လမ်းနှစ်သွယ်အနက် လုယူသောနည်းကိုသုံးကြရန် ဆုံးဖြတ်သည်။

မွန်လူမျိုးရေးရာအဖွဲ့ချုပ်သည် ကေအန်ယူနှင့် ညှိနှိုင်းပြီး လက်နက်များစုရန် သဘောတူညီ ပြီးနောက် ၄င်းကိစ္စများကို ဆောင်ရွက်သော မွန်စံသူက ကာကွယ်ရေးဌာနတခုဖွင့်ပြီး တာဝန်ယူသည့် ၄င်းနှင့်တွဲဘက်ပြီး နိုင်ဘ ညွန့် နိုင်ပန်းသာတို့အား တာဝန်ပေးသည်။ ၄င်းတို့သည် ပထမအဆင့်အနေဖြင့် မွန်အမျိုးသား လူငယ် များအား အမျိုးသားစိတ်ဓာတ်သွင်းစုစည်းပြီး အခြေခံစစ်ပညာကို နိုင်ဘညွန့်က တာဝန်ယူ၍ လျှို့ဝှက် သင်တန်းပေးသည်။ ဤ လူငယ်ကိုစုစည်းသင်တန်း ပေးလုပ်ငန်းလုပ်နေစဉ်ပင် ယခင်ပြည်သူ့ရဲဘော် တနသာင်္ရီတိုင်း လေ့ကျင့်ရေးဌာနမှ မွန်အ မျိုးသား မိုသိန်း(မွန်သိန်း)သည် မွန်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့တည်ဆောက်ရာတွင် ပါဝင်ခဲ့သဖြင့် အခြေအနေ မှာ အတော် တိုးတက်လာသည်။ ၄င်းလူငယ်များ တပ်ဖွဲ့ကို ကေအန်ဒီအို(ကရင်အမျိုးသား ကာကွယ်ရေးတပ်) ကို အတုယူ၍ အမ်အန်ဒီအို (မွန်အမျိုးသား ကာကွယ်ရေးတပ်)ဟုအမည်ပေးသည်။

[ပြင်ဆင်ရန်​] မွန်လူမျိုးရေးရာအဖွဲ့မှလက်နက်စုခြင်း၊

မွန်လူမျိုးရေးရာအဖွဲ့ချုပ်မှ လက်နက်ကိုတိုက်ယူသည့်နည်းဖြင့် ရယူရန်ဆုံးဖြတ်သည့်နောက် ဒေသခံလက် နက်ကိုင်များဖြစ်သော အဖွဲ့အစည်းများမှာ စစ်ရဲနှင့်ရဲများသာရှိသည်။ စစ်ရဲသည်ကရင် အမျိုးသားအများ စုပါဝင် သည့်ပြင် မွန်ရေးရာအဖွဲ့ချုပ်နှင့် မဟာမိတ်ဖြစ်သည့်အတွက် ၄င်းတို့ထံမှ လက်နက်ကိုတိုက်ယူ၍မဖြစ် ရဲမှတိုက်ခိုက် ယူရန်သာရှိသည်။ ၄င်းကိစ္စနှင့်ပတ်သက်၍ မော်လမြိုင်မြို့ရှိ စစ်ရဲတပ်ရင်း (၅) မှ ကရင်တပ်မှုး များနှင့် ညှိနှိုင်းချက် အရ အကယ်၍မွန်များရဲတပ်ဖွဲ့ဝင်များထံမှ လက်နက်သိမ်း၍ မိမိတို့စစ်ရဲအားသွားရောက် နှိမ်နှင်းခိုင်လျှင် မိမိတို့ကအ တတ်နိုင်ဆုံး နည်းပရိယာယ် သုံး၍ရှောင်နေမည် အကယ်၍ မသွားမဖြစ်သွားရ လျှင်လည်း ညှိနှိုင်း၍သင့်တော်သလို နှစ်ဦးနှစ် ဘက်ဆန္ဒတူညီမှုအရ ဆောင်ရွက်ရန်ဖြစ်သည်။

ဤသို့ဆွေးနွေးပြီး နောက်မွန်လူမျိုးရေးရာအဖွဲ့ချုပ်သည် လက်နက်သိမ်းရန်အတွက်လက် နက်သိမ်းရန် တာဝန်ယူမည့် ခေါင်းဆောင်များဖြစ်သော ဗိုလ်သိန်း၊ နိုင်ပန်းသာတို့ကို ခေါ်ယူညှိနှိုင်းကြသည်။ လက်နက် သိမ်းသည့် လုပ်ငန်းနည်းပရိယာယ်မှာ မွန်လူငယ်တစုတည်းမဟုတ် သောင်းကျန်းသူ လူတစုက လက်နက် သိမ်းသည့် ပုံစံမျိုးဖြစ် မည်ဖြစ်ပြီး လုပ်ငန်းလုပ်စဉ်ဌာနချုပ်သို့ မှန်မှန်လျှို့ဝှက်အစီရင်ခံရသည် ဌာနချုပ်မှ လည်း စစ်ရဲတပ်ရင်းနှင့် ညှိနှိုင်းပြီး ဆက်လက်ညွန်ကြားမည်။ ၄င်းဆွေးနွေးချက်များကို ဗိုလ်သိန်းနှင့် နိုင်ပန်းသာတို့ကလက်ခံပြီး ပထမဆုံးဇာသပြင်ရဲစ ခန်းကို စီးပြီးလက်နက်သိမ်း ရန်စီစဉ်သည်။ ၄င်းလက်နက် သိမ်းခြင်းသည် မွန်လူမျိုးရေးရာအဖွဲ့ချုပ်နှင့် မပတ်သက် ကြောင်းနည်း ပရိယာယ်အားဖြင့် ဆောင်ရွက်ရ မည်ဖြစ်သည်။

၁၉၄၈ ခုနှစ် ဇူလိုင်လ (၂ဝ) ရက်နေ့တွင် မွန်အမျိုးသားလက်နက်ကိုင်လူငယ် (၃ဝ) သည်ဗိုလ်သိန်း၊ နိုင် ပန်းသာတို့ဦးစီးပြီး စတင်းတလက်၊ ၄၅ ခြောက်လုံးပြူးတလက်၊ ဂျပန်ရိုင်ဖယ်တလက် ပေါင်းသုံးလက်ဖြင့် ဇာသပြင် ရဲစခန်းကိုစီပြီး ရဲစခန်းရှိလက်နက်များကို သိမ်းသည်။ လက်နက်သိမ်းအဖွဲ့သည် မွန်လူမျိုးရေးရာ အဖွဲ့ချုပ်နှင့် ညှိနှိုင်း စီစဉ်ထားချက်အတိုင်းမဟုတ်ဘဲ မွန်လူမျိုးရေးအဖွဲ့ချုပ်၏ အလံကိုလွှင့်ထူလိုက်သည်။ တဆက်တည်း ဗိုလ်သိမ်း၊ နိုင် ပန်းသာတို့အဖွဲ့သည် ဇာသပြင်ဆိပ်ကမ်းကပ်လာသော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသင်္ဘော သိမ်းပြီး ကော့ ဘိန်း၊ ကော့ပေါက်၊ ကတိုး၊ ကော့နှပ်မှ ကာကွယ်ရေးသေနတ်များကို သိမ်းယူပြီး ကော့နှပ်တွင် တပ်စွဲရပ်နားထား သည်။ အခြေအနေအရပ်ရပ်ကိုလည်း ဌာနချုပ်သို့ပို့သည်။ ဒါဏ်ရာရ မွန်ရဲဘော်တယောက်ကိုလည်း မော်မြိုင်မြို့ သို့ပို့ခဲ့သည်။ ဌာနချုပ်မှ တာဝန်ရှိသူများက လျှို့ဝှက် ကုသပေးသည်။

ဗိုလ်သိန်း၊ နိုင်ပန်းသာတို့လက်နက်သိမ်းအဖွဲ့သည် လက်နက်သိမ်ပြီး၊ မွန်လူမျိုးရေးရာအဖွဲ့ချုပ်(မလရ) အလံကို လွှင့်ထူလိုက်သည့် ကိစ္စနှင့်ပတ်သက်၍ မော်လမြိုင်မြို့ပေါ်ရှိ အစိုးရအဖွဲ့အစည်းနှင့် မြို့လူထုအား ဂယက် ရိုက်ခတ် သွားသည်။ မြို့လူထုကလည်း မွန်တွေတော်လှန်ပြီး အစိုးရအဖွဲ့ကလည်း မွန်တွေလက်နက် ကိုင် တော်လှန်တိုက်ခိုက် ပြီဟုယူဆကြသည်။ မော်လမြိုင်မြို့ရှိ အစိုးရအာဏာပိုင်များက မော်လမြိုင်မြို့တွင် ရှိနေသော ဖဆပလအဖွဲ့ခေါင်း ဆောင်များဖြစ်သော နိုင်ငွေသိမ်း၊ နိုင်ဘလွင်နှင့် မွန်စံသူတို့အား ခေါ်ယူ၍ ယင်းပြဿနာကိုမေး မြန်းသည်။ မလရအဖွဲ့ မှတာဝန်ရှိသူများလည်း ပထမစီစဉ်ထားသလို ငြင်းကွယ်ရန် မဖြစ်နိုင်တော့၍ လက်နက်သိမ်း မွန်လူငယ်များသည် မလရအဖွဲ့မှလူ ငယ်များဖြစ်သည်။ ၄င်းတို့ကိုမလရအဖွဲ့ မှ ယခုကဲ့သို့လက်နက်သိမ်းရန် မညွန် ကြားခဲ့ လက်နက်သိမ်း မည်ဆိုသည်ကိုလည်းမသိ၊ မွန်လူငယ်များနိုင်ငံ ရေးနယ်ကျွံသည်ဟု ယူဆသည်ဟုတင်ပြသည်။ အာဏာပိုင်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များကိုယ်စား ခရိုင်ဝန် ဦးဘစန်း ကလည်း ၄င်းတို့နိုင်ငံရေးနယ်ကျွံလျှင် မလရမှတာ ဝန်ယူပြီး ဖြေရှင်း ပေးရန်တောင်းဆိုသည်ကို မလရအဖွဲ့မှပုဂ္ဂိုလ်များလက်ခံသည်။

ဇူလိုင်လ (၂ဝ) ရက်နေ့တွင် ခရိုင်ဝန်ဦးဘစန်း၏ စီစဉ်ပေးချက်အရ နိုင်ငွေသိမ်းသည် ဇာသပြင်သို့သွား ရောက်ခဲ့သည်။ ဗိုလ်သိန်း၊ နိုင်ပန်းသာတို့အဖွဲ့သည် ကော့နှပ်ရွာသို့ရောက်ရှိန၍ မတွေ့ရ မဆွေးနွေးရ ၄င်းကိစ္စကို ဦးဘစန်းအားပြန်လည်တင်ပြသည်။

ဇူလိုင်လ (၂၁) ရက်နေ့တွင် နိုင်ငွေသိမ်းသည် ကော့နှပ်ရွာသို့ သွားရောက်သော်လည်း ဗိုလ်သိန်း၊ နိုင်ပန်း သာတို့သည် ထုံးအိုင်သို့ရောက်နေပြီး ထုံးအိုင်ရှိကာကွယ်ရေးသေနတ်များနှင့် ထုံးအိုင် နှင့်တဖက်ကမ်း နတ်မှော်ရဲ ကင်းမှ လက်နက်များသိမ်းယူသည်။

ဇူလိုင်လ (၂၃) ရက်နေ့တွင် ဦးဘစန်းက မွန်လူငယ်များလက်နက်သိမ်းသည်မှာ ကျိုက္ခမီ ခရိုင်အတွင်းတွင် မကသထုံခရိုင်တွင်းရှိ ထုံးအိုင် နက်မှော်သို့ ပြန့်နှံ့သွားပြီဖြစ်၍ သထုံခရိုင်သို့လည်း သွားရောက်ပြီး သက်ဆိုင် ရာ အာဏာပိုင်များနှင့် သွားရောက်ဆွေးနွေးရန် တင်ပြချက်အရ နိုင်ငွေသိမ်းသည် သထုံခရိုင် ဦးရွှေစိန်နှင့် မွန်လူငယ်များ လက်နက်သိမ်းခြင်းကိစ္စ၊ ၄င်းကိစ္စနှင့်ပတ်သက်၍ ကျိုက္ခမီခရိုင်မှာ ခရိုင်ဝန် ဦးဘစန်းနှင့် ဆွေးနွေးချက် သဘောတူ ညီချက်ကို တင်ပြရာ ဦးရွှေစိန်ကလည်း ဦးဘစန်း ဆောင်ရွက်ချက်လက်ခံပြီး ဦးဘစန်းနှင့် ဆက်လက်ညှိနှိုင်းဆောင် ရွက်ရန် ပြောကြားသဖြင့် နိုင်ငွေသိမ်း မော်လမြိုင်သို့ပြန်လာသည်။

မော်လမြိုင်သို့ပြန်ရောက်ပြီးနောက် (၂၄)ရက်နေ့တွင် မလရ ဥက္ကဌကြီး နိုင်လှမောင် ရန်ကုန်မြို့ မှ ပြန်လည် ရောက်ရှိလာပြီး အခြေအနေအရပ်ရပ်ကို မလရအဖွဲ့ချုပ်တွင် ဆွေးနွေးကြသည်။ မွန်စံသူ အားအကယ်၍ အစိုးရက အကြမ်းဖက်လာပါက ခုခံရန်အဆင်သင့်ရှိစေရန် မုဒုံမြို့နယ် ဖါးအောက်၊ ကလော့သော့ရွာသို့ လွတ်လိုက်သည်။ ရေးမြို့နယ်သို့လည်း နိုင်ဒွတ်၊ နိုင်ယောတို့အားလည်း အခြေအနေပေါ်ကြည့်ပြီး ဆောင်ရွက် ရန်ညွန်ကြားလိုက်သည်။

ဥက္ကဌကြီးနိုင်လှမောင်နှင့်အတူ နိုင်ဘလွင်တို့သည် ခရိုင်ဝန်ကြီးဦးဘစန်းနှင့် သွားရောက်တွေ့ ဆုံပြီးဆွေး နွေးရာ ဦးဘစန်းက မွန်လူငယ်များအား လက်နက်ချဖျောင်းဖျပေးရန်ဖြစ်သည်။ ဦးဘစန်း တင်ပြချက်ကို နိုင်လှမောင်၊ နိုင်ဘလွင်၊ နိုင်ငွေသိမ်းက စုစည်းတိုင်ပင်ရန်၊ ယခုအခါ ကရင်အမျိုးသားများလည်း လက်နက် ကိုင်တိုက်ပွဲကို စလုပ်၍ မဖြစ်သေးပါ။ ထို့ကြောင့် အချိန်ဆွဲထားရန် စောဘဦးကြီး၏ မှာကြားချက်ကိုတင်ပြ သဖြင့် အချိန်ဆွဲရန် စဉ်းစားဆုံး ဖြတ်ကြသည်။ ၄င်းဆုံးဖြတ်ချက်မှာ ဥက္ကဌကြီးနိုင်လှမောင်သည် ထုံးအိုင် သွားရောက်ပြီး အခြေအနေအရပ်ရပ်ကို ဗိုလ်သိန်း၊ နိုင်ပန်းသာတို့အား တင်ပြပြီး သေနတ် ၂ လက် ၃ လက်ယူလာပြီး အစိုးရအာအပ်ပေးပြီးနောက် ထပ် ဆက်၍ဖျောင်းဖျပေး မည်ဟုပြောပြီး အချိန်ဆွဲထားရန် ဖြစ်သည်။ ၄င်းအစီအစဉ်အတိုင်း ဆောင်ရွက်ရန် နိုင်လှမောင် သည် ထုံးအိုင်သို့သွားရောက်သည်။

[ပြင်ဆင်ရန်​] မွန်ခေါင်းဆောင်တို့အားဖမ်းဆီးခြင်း

ဥက္ကဌနိုင်လှမောင်သည် ချိန်းထားသော ဇူလိုင်လ (၂၈) ရက်နေ့တွင် ထုံးအိုင်မှပြန်မရောက် သဖြင့် နိုင်လှ မောင်အပြန်ကို မော်လမြိုင်မြို့တွင် စောင့်နေသော နိုင်ဘလွင်၊ နိုင်ငွေသိမ်းတို့ ဖမ်းဆီးပြီး မော်လမြိုင်ထောင်သို့ ည ၈ နာရီအချိန်တွင် စစ်ရဲအစောင့်အကြပ်နှင့်ပို့လိုက်သည်။ ၄င်းသတင်းကို စစ်ရဲမှ ရဲဘော်များသည် သထုံမြို့ရှိ မွန်ကရင် ခေါင်းဆောင်တို့ထံ ချက်ချင်းသတင်းပို့လိုက်သည်။ နောက်တနေ့ (၂၉) ရက်နေ့တွင် ကလော့သော့တွင် တာဝန်ယူ ဆောင်ရွက်နေသော မွန်စံသူ၊ မွန်ဦးဘိုး ကောင်း၊ နိုင်စိန်ထွန်း (ကညှော်) နိုင်ကြောင်နှင့် မွန်ရဲဘော် (၂ဝ) ကျော်ကို ဖမ်းဆီးပြီးမော်လမြိုင် ထောင်သို့ပို့လိုက်သည်။

[ပြင်ဆင်ရန်​] သထုံသိမ်းခြင်း

မော်လမြိုင်မြို့ရှိ မွန်ခေါင်းဆောင်များကိုဖမ်းဆီးသည့် သတင်း သထုံမြို့ရောက်လျှင်ရောက်ခြင်း သထုံရှိမွန် ကရင်ခေါင်းဆောင်တို့ စုစည်းဆွေးနွေးကြသည်။ မော်လမြိုင် အဖမ်းအဆီးများ သထုံသို့မကူးလာမီ သထုံ ခရိုင်ကိုသိမ်း ရန်ဆုံးဖြတ်ကြသည်။

သထုံခရိုင်ရှိ ဘားအံ၊ လှိုင်းဘွဲ့မြို့နယ်များကို ဒေသခံ အေအန်ဒီအိုများက သိမ်းယူပြီးသထုံ မြို့ကိုဖါပွန်မှ စစ်ကူရောက်လာသော ကေအန်ဒီအိုနှင့် သထုံမြို့ရှိ ကေအန်ဒီအိုသည် သထုံရှိစစ်ရဲ ၅ တပ်ရင်းမှ တပ်ခွဲတို့ ပူးပေါင်းပြီး သထုံခရိုင်လုံးကို ဇူလိုင်လ (၂၉) ရက်နေ့တွင် သိမ်းယူလိုက်သည်။ သထုံခရိုင်ကို သိမ်းယူရာတွင် မွန်များအားလုံး သထုံခရိုင်တွင်တာဝန်ကျနေသော နိုင်သိန်းမောင်က ဦးဆောင်ဦးရွက်ပြုသည်။

သထုံခရိုင်ကိုသိမ်းပြီး မွန်ကရင်ပူးပေါင်းတွဲ အုပ်ချုပ်ရေးကော်မတီတွင် သထုံခရိုင် မလရ ဥက္ကဌ နိုင်သာဟန်၊ သထုံမြို့၊ မြို့နယ် ဥက္ကဌနိုင်ထွန်းစိန်၊ နိုင်အောင်ချစ်စံတို့ပါဝင်ကြသည်။ မွန်အဖွဲ့ဝင်များ အားလုံးကို နိုင်သိန်းမောင်က ကွပ်ကဲသည်။ လက်နက်ကိုင်တပ်များကို ကရင်ဖက်မှစောမောင်ညွန့်နှင့် မွန်တို့ဘက်မှ ဗိုလ်သိန်း နောက်၊ ဗိုလ်စိုးတင့် တို့ကွပ်ကဲကြသည်။

[ပြင်ဆင်ရန်​] မော်လမြိုင်မြို့ကိုသိမ်းခြင်း

သထုံခရိုင်ကိုမွန်ကရင်တို့သိမ်းယူကြောင်း ဖဆပလအစိုးရသိသောအခါ မော်လမြိုင်မြို့သို့ ကူးစက်မလာ နိုင်အောင်ဖြတ်တောက်ရန် မေယုစစ်သဘောင်္ကိုလွတ်လိုက်သည်။ စစ်ကူများမော်လမြိုင်မြို့သို့မပို့နိုင်သေးမီ အခြေ အနေကိုထိန်းသိမ်း ထားနိုင်ရန် မော်လမြိုင်တောင်ရှိ မွန်ခေါင်းဆောင်များအား တွေ့ဆုံဆွေးနွေး ရန်အစိုးရမှ ရဲချုပ် ဗိုလ်ချုပ်ဦးထွန်း လှအောင်နှင့် ကေအန်ယူမှ စောသာဒင်တို့ ဇူလိုင်လ ၃၁ ရက်နေ့ မော်လမြိုင်သို့ရောက်ရှိလာသည်။

ဗိုလ်ချုပ်ဦးထွန်းလှမောင်တို့အဖွဲ့သည် မော်လမြိုင်မြို့သို့ရောက်လျှင်ရောက်ခြင်း နယ်အခြေ အနေကိုဆွေး နွေးရန် တိုင်းမင်းကြီးဦးခင်မောင်ရင် ခရိုင်ဝန်ဦးဘစန်း ခရိုင်ရဲဝန်ဦးလှမောင်တို့နှင့် ဆွေးနွေးရန်မင်းတဲသို့ ဖိတ်ကြား ဆွေးနွေးသည်။ မင်းတဲ၏လုံခြုံရေးကို စစ်ရဲတပ်ရင်း ၅ တပ်စုတစုကတာဝန်ယူသည်။

စစ်ရဲတပ်ရင်းမှ အရာရှိများကို စောဟင်ဒါဆင် ခေါင်းဆောင်ပြီး ဆွေးနွေးပွဲထိုင်နေသော အစိုးရအရာရှိများ အားည ၈ နာရီခွဲအချိန်တွင် ဖမ်းဆီးလိုက်သည်။ ဗိုလ်ချုပ်ထွန်းလှအောင်မှာ လွတ်မြောက်သွာပြီး ကျိုက္ခမီ သို့ထွက် ပြေး၍ ပင်လယ်ဝသို့ထွက်၍ ရန်ကုန်မှရောက်မည့် မေယုစစ်သင်္ဘောကိုစောင့်သည်။ မေယုစစ် သင်္ဘောရောက်လျှင် ရောက်ခြင်း စစ်သင်္ဘောပေါ်သို့တက်ရောက်သည်။ စစ်ရဲတပ်ရင်း (၅)မှ တပ်စုမှုးကျား ကြီးသည် ည ၉ နာရီခွဲလောက် တွင် မော်မြိုင်ထောင်သို့ရောက်ရှိလာပြီး ထောင်ပိုင်မှတဆင့် အဖမ်းခံထား ရသော နိုင်ငွေသိန်း၊ နိုင်ဘလွင်တို့အား တွေ့ဆုံကာအဖြစ်အပျက် အစုံကိုတင်ပြပြီး ထောင်မှထွက်၍မိမိတို့ စထားသောအလုပ် အပြီးသတ်ပေး ရန်ပြောဆို သည်။

နိုင်ဘလွင်နှင့်နိုင်ငွေသိန်းတို့ ထောင်မှည ၁ဝ နာရီခွဲလောက်တွင်ထွက်လာပြီး ထောင်ရှေ့ရှိ စစ်ရဲတပ်ရင်း ၅ တပ်ရင်းရုံးသို့လာကြသည်။ တပ်ရင်းရုံးတွင်အဖမ်းခံထားရသော ဦးဘစန်းဦးလှမောင် တို့ကိုတွေ့ရသည်။ ကရင်ခေါင်း ဆောင်ဆရာအားတိုးကိုတွေ့သည်။ ဆရာဦးအားတိုး၊ စစ်ရဲတပ်ခွဲမှုး၊ စောတင်ဒါဆင်၊ စောကျားကြီးနှင့်တိုင်ပင်ပြီး မော်လမြိုင်နှင့် ကျိုက္ခမီတခရိုင်လုံးသိမ်းရန် စီစဉ်သည်။ မုဒုံတွင်ရှိနေသော ကေအန်ယူ မြေအောက်လှုပ်ရှားနေသူ ရဲဝန်ထောက်စောဘိုးဟန်ဝန် ရောက်လာပြီး ပူးတွဲလုပ်ကိုင်သည်။

နိုင်ငွေသိမ်းနှင့်စောဘိုးဟန်တို့သည် မုဒုံ၊ ကျိုက္ခမီ၊ ရေးမြို့နယ်များကို သိမ်းယူရန်တာဝန်ပြီး ထောင်မှနောက် ထွက်လာမည့် မွန်စံသူ၊ နိုင်စိန်ထွန်း၊ နိုင်ဘိုးကောင်းနှင့် တိုင်ပင်ပြီး မော်လမြိုင်မြို့မှ ရဲဌာနများနှင့် ကျန်ရှိ နေသေး သောချောင်းဆုံ၊ ကျိုက္မရောသိမ်းရန် တာဝန်ခွဲဝေယူကြသည်။ နိုင်ငွေသိမ်းနှင့် စောဘိုးဟန်တို့သည် မုဒုံမြို့တွင် စောင့်နေသော (မလရ)နယ်ခေါင်းဆောင် မွန်ဘိုးမျှင်၏ ထပ်ဆင့်တာဝန်ပေးပြီး မွန်ဘိုးမျှင်အား ရေးသို့ပို့ပေးလိုက် သည်။ သံဖြူဇရပ်မြို့ရှိ စစ်ရဲတပ်စုက ကျိုက္ခမီခရိုင်ကိုဦးစီးသိမ်းယူသည်။ မုဒုံမြို့ကို နံနက် ၁၁ နာရီတွင်သိမ်းယူ လိုက်သည်။ မော်လမြိုင်မြို့မကို နံနက်မိုးမလင်း မီသိမ်းပြီး ချောင်းဆုံကိုနိုင်စိန်ထွန်းက တာဝန်ယူသိမ်းခဲ့သည်။ ကျိုက္မ ရောမြို့နယ်ကိုမူ ၄င်းနေ့တွင် သိမ်းယူရန်ပျက်ကွက်၍ ကျန်သွားသည်။

မော်လမြိုင်မြို့ကျသွားမှန်းမသိသော ဖဆပလအစိုးရသည် သြဂုတ်လ (၁) ရက်နေ့တွင် ရန်ကုန်မှ စောဘိုး စံဦးစီးသော ကရင်လဲဗီးများကို ဒါကိုတာလေယာဉ်ဖြင့် ၃ သုတ်ပို့ရာ ကရင်လဲဗီးများမှ လက်နက်သိမ်းပြီး ကရင်တပ် သားများအား သွားလိုရာသို့သွားခွင့်ပြုလိုက်သည်။ စောဘိုးစံမှာသထုံ မြို့သိမ်းစဉ်က သထုံမြို့တွင် ဖမ်းမိထားပြီး ဖြစ်သည်။

လက်နက်အင်အားနည်းနေသောမွန်များသည် ဖါးအောက်မှ မွန်လူငယ်များကိုခေါ်ပြီး ကရင်လဲဗီးမှ လက် နက်များနှင့် ရဲများထံမှရရှိသော လက်နက်များတပ်ဆင်ပြီး၍ မော်လမြိုင်မြို့ပေါ်ရှိ ရဲစခန်းများအား တာဝန် ချထားပေးသည်။ မွန်လူငယ်အများစုမှာ လက်နက်ရရှိသော်လည်း လက်နက်ကိုအသုံးမ ပြုတတ်၍ စစ်ရဲမှ ကရင်ရဲ ဘော်များက သင်ကြားပေးရသည်။

မော်လမြိုင်မြို့ကို သိမ်းယူကြောင်းသိရသော နိုင်လှမောင်သည် ဗိုလ်သိမ်း၊ နိုင်ပန်းသာတို့နှင့် အတူမော်လ မြိုင်သို့ထုံးအိုင်မှ ဆင်းလာသည်။ မွန်လက်နက်ကိုင်များကို စုစည်းပြီး ဘိုကုန်းရပ်အထက် လမ်းမကြီး ရှေ့တညင်တွင် တပ်ရင်းရုံးဖွင့်ပြီး၊ နိုင်ဘညွန့်၊ နိုင်ပန်းသာတို့က ကွပ်ကွဲတာဝန်ယူကြသည်။

မော်လမြိုင်မြို့သိမ်းပြီးနောက် မွန်ကရင်ခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းချက်အရ၊ မွန်ကရင် (၁) နိုင်ငံရေး၊ (၂) စစ်ရေး (၃) အုပ်ချုပ်ရေးများကို ဆောင်ရွက်ရန် ပူးတွဲကော်မတီများဖွဲ့သည်။ ထိုသို့ စီမံအုပ်ချုပ်နေစဉ် သြဂုတ်လ (၂)ရက်နေ့တွင် မေယုစစ်သင်္ဘော မော်လမြိုင်မြစ်အတွင်း ဝင်ရောက်ကျောက်ချထားသည်။ ဦးထွန်းလှအောင်လည်း မေယုနှင့်ပါလာသည်။ ဦးထွန်းလှအောင်၏ ဖိတ်ခေါ်ချက်အရ ဥက္ကဌနိုင်လှမောင်၊ နိုင်ငွေသိမ်းနှင့် နိုင်ဘလွင် တို့သည် ဦးထွန်းလှအောင်နှင့် မေယုစစ်သင်္ဘောပေါ်တွင် တွေ့ဆုံဆွေးနွေးသည်။ မွန်ခေါင်းဆောင်များက မွန်ပြည်နယ်ကို အမြန် ဖေါ်ထုတ်ပေးလျှင် ပြဿနာအားလုံးပြေလည် သွားမည်ဟု ထင်သည်ကို ဦးထွန်းလှအောင်က ရန်ကုန်သို့သူပြန် ရောက်လျှင် တင်ပြပေးမည်ဖြစ်ကြောင်းပြန်ကြားသည်။

[ပြင်ဆင်ရန်​] မွန်ကရင်မော်လမြိုင်သိမ်းပြီးအခြေအနေ

မော်လမြိုင်မြို့နှင့် ကျိုက္ခမီတခရိုင်လုံးသိမ်းယူပြီးနော် ကာကွယ်ရေးတာဝန်ကို ပူးတွဲစစ်ရေး ကော်မတီက တာဝန်ယူသော်လည်း၊ စစ်ရေးကျွန်းကျင်သောကရင်စစ်ရဲနှင့် ကရင်ကာကွယ်ရေးတပ်ဖွဲ့ များကတာဝန် ယူရသည်။ အုပ်ချုပ်ရေးတွင် မွန်ရွာမွန်အုပ်ချုပ်၊ ကရင်ရွာကရင်အုပ်ချုပ်သောပုံစံဖြစ်ပြီး မြို့နယ်ရုံးများကို ပူးတွဲအုပ်ချုပ်သည်။ အထူးသဖြင့် မုဒုံ၊ ကျိုက္ခမီ၊ ရေးမြို့နယ်များကို မွန်တို့အများစုဖြစ်၍ မွန်တို့အုပ်ချုပ်ပြီး ကော့ကရိတ်မြောက်ပိုင်းနှင့် ကြာအင်းမြို့နယ်ကို ကရင်ကအုပ်ချုပ်သည်။ အုပ်ချုပ်ရေးပုံစံမှာ မထင်မှတ်သော ကာလတွင် မော်လမြိုင်မြို့ကို အစီ အစဉ်မရှိ သိမ်းယူရသဖြင့် ဖြစ်သလို သင့်တော်သလိုစီမံခန့်ခွဲခြင်း မျှသာ ဖြစ်သည်။

မွန်ကရင်ပူးတွဲနိုင်ငံရေးကော်မတီအောက်တွင် နိုင်ငံရေးသမားများလွှတ်ရန် ဆပ်ကော်မတီတရပ်ဖွဲ့စည်း ထားသည်။ ထိုကော်မတီ၏အဖွဲ့ဝင်နိုင်ငွေသိမ်းထံသို့ ပြည်သူရဲဘော်မှ ကိုယ်စားလှယ်များ လာရောက်၍ မိမိတို့မှ ဖဆပလအစိုးရက ဖမ်းထားသော ဗိုလ်ရဲနိုင်နှင့် ရဲဘော်များအားလွတ်ပေးရန် တောင်းဆိုသည်။ ၄င်းတို့အားလွှတ်ရန် ပူးတွဲကော်မတီတွင် ဆွေးနွေးကြသော်လည်း မွန်ကရင်တပ်များအား၊ ချောင်းမြောင်း တိုက်ခြင်း၊ မွန်လူ ထုအား လူမျိုးရေးစိတ်ဓာတ်အရ အနိုင်ကျင့်မှု တိတ်တဆိတ်သတ်မှုများကြောင့် ပြည်သူ့ရဲဘော်များကို မလွှတ်ဖြစ်ခဲ့ပေ၊၊ အလံနီကွန်မြူနစ်ပါတီမှ ဖမ်းထားသည့် ရဲနီကျော်ဇောကိုလွှတ်၍ မည်သူမျှအရေးမဆို၊၊ ကွန်မြူနစ်ကိုလွှတ်ရန် ကရင်များကလည်း သဘောတူမည်မဟုတ်၍ ရဲနီအားလွှတ်ရေး အတွက် ပူးတွဲကော်မတီတွင် ပြဿနာတခုအနေ ဖြင့်မတက်ခဲ့။

ကျိုက္ခမီခရိုင်ကို သိမ်းရာတွင် ကျန်သွားသောကျိုက္မရောမြို့တွင် ထိုစဉ်က မြို့ပိုင်ဖြစ်နေသော ဦးသွင်သည် တစခန်းထလာသည်။ မုဒုံမှရဲဘော်များ၊ ကျောင်းသားများ၊ ဆိုရှယ်လစ်ပါတီဝင်များ၊ ချောင်းဆုံ မှဆိုရှယ်လစ် ပါတီဝင် များနှင့် အဆက်အသွယ်ယူပြီး၊ မွန်ကရင်များအား တိုက်ခိုက်ရန် လျှို့ဝှက်ဆက် သွယ်၍စုစည်းသည်။

သြဂုတ်လ (၆) ရက်နေ့တွင် ချောင်းဆုံ မတလစမှ သခင်အောင်ဒွေး ခေါင်းဆောင်သော ဆိုရှယ်လစ်အုပ်စု သည် ကျိုက္မရောသို့ကူးရန် ဘီလူးကျွန်းမှ ဖါးအောက်အနောက်ဘက် ပင်လယ်ကမ်းခြေ သို့ကူးလာရာ ဖါးအောက်ရှိ မွန်ကာကွယ်ရေးလက်နက်ကိုင်များ ဖမ်းမိ၍ မော်လမြိုင်ထောင်သို့ပို့ပြီး ချုပ်နှောင်ထားသည်။

သြဂုတ်လ (၈) ရက်နေ့တွင် ချောင်းဆုံအမတ်ဗိုလ်ကျော်သန်းနှင့် ပြည်သူ့ရဲဘော်မှ ရဲဘော်မြမောင်တို့ဦး ဆောင်ပြီး မုဒုံရှိပြည်သူ့ရဲဘော်၊ ကျောင်းသားရဲစိုးခေါင်းဆောင်များစုပြီး မေယုမှလက်နက် ခဲယမ်းမီးကျောက် များယူပြီး မုဒုံကိုတိုက်ခိုက်သိမ်းပိုက်သည်။ ချက်ချင်းမွန်ကရင်တပ်များ ထိုးစစ်ဆင်ပြီး တိုက်ခိုက်သဖြင့် သြဂုတ်လ (၉) ရက်နေ့ တွင် မုဒုံကိုပြန်လည်သိမ်းပိုက်သည်။ စတင်းရိုင်ဖယ်သေနတ် အလက် ၂ဝ ကျော် ဖမ်းဆီးမိပြီး တိုက်ပွဲခေါင်းဆောင်သူ ဗိုလ်ကျော်သန်းနှင့် ရဲဘော်မြမောင်တို့အားဖမ်းမိသည်။ ၄င်းတို့အား ကောင်းမွန်စွာလက်ခံပြီး မော်လမြိုင်ထောင် တွင်ချုပ်နှောင်ထားလိုက်သည်။ ၄င်းနောက် ကြီးမားသော တိုက်ပွဲများမဖြစ်တော့၊ သို့သော် ပြည်သူ့ရဲဘော်များ သည် မွန်ကရင် ကတုတ်များနှင့် မွန်ခေါင်းဆောင်များ အိမ်ကို ချောင်းမြောင်းပစ်ခတ်မှုများရှိခဲ့သည်။

[ပြင်ဆင်ရန်​] စစ်ရဲမင်းကြီးဗိုလ်မှုးကြီးစောထွန်းစိန်

စစ်ရဲမင်းကြီးဗိုလ်မှုးစောထွန်းစိန်သည် မော်လမြိုင်မြို့သို့ လေယာဉ်ပျံဖြင့်ရောက်ပြီး ကမ်းပေါ် သို့တက်ခွင့် တောင်းသဖြင့် တက်ခွင့်ပေးလိုက်သည်။ စစ်ရဲမင်းကြီးသည် သူ၏စစ်ရဲတပ်မှုးများနှင့်တွေ့ဆုံ၍ ဆွေးနွေးရန် ဖြစ်သည် ပြောသည်။ စောထွန်းစိန်က ကျိုက္မရောတွင်ရှိသော ဦးသွင်ကို မတိုက်ရန် တိုင်းရင်းသားချင်း တိုက်လျှင် သူသေငါသေ ဖြစ်ယုံသာရှိပြီး ဘာမျှအကျိုးမရှိ။ ထို့ကြောင့်ဦးသွင်နှင့် ပြေလည်မှုရအောင် ကျိုက္မရောသို့သွားရောက်ဆွေးနွေး ခွင့်တောင်းသည်။ ထိုတောင်းဆိုချက်ကို မွန်ကရင်ပူးတွဲ ကော်မတီက စေတနာသန့်စွာ ခွင့်ပြုလိုက်ယုံမျှမက ကျိုက္မ ရောအရောက်မော်တော်ယာဉ်ဖြင့် ပို့ပေးသည်။ စောထွန်းစိန် သည် ဦးသွင်အား ပြေလည်အောင်ဆွေးနွေးခြင်းမပြုဘဲ ရိုင်ဖယ်ကျည်ဆံ ၃ သေတ္တာကို တိတ်တဆိတ်ပေး ပို့ခဲ့သည်။ နောင်သောအခါမှ ကာယကံရှင်၏ ပြောပြချက်အရ သိရသည်။ ဤသို့စောထွန်းစိန်၏ ဆောင်ရွက် ချက်ကြောင့် ဦးသွင်နှင့်ပြေလည်မှုမရဘဲ၊ ဦးသွင်ကစောထွန်းစိန်ထံမှ ရရှိသောကျဉ်ဆံကြောင့် တင်းမာ လာသည်။

စောထွန်းစိန်သည် ထိုသို့သောအခြေအနေဖန်တီးပြီး ရန်ကုန်သို့နောက် ၂ ရက်ကြာပြန်သွားသည်။ ထိုသို့ ပြဿနာများရှုပ်ထွေးနေသော်လည်း မော်လမြိုင်သိမ်းကတည်းက မွန်တိုင်းရင်းအစည်း အရုံးမှ နိုင်အောင်ထွန်း၊ နိုင်ချမ်းမွန်၊ ဆရာဟိုတို့နှင့်တွေ့ဆုံ၍ ဖြစ်ပေါ်လာသောမြို့သိမ်းကိစ္စတွင် ငြိမ်ဝပ်ပိပြားရေး အတွက် ပူးတွဲဆောင်ရွက်ရန် မလရ အဖွဲ့မှတာဝန်ရှိပုဂ္ဂိုလ်များက မေတ္တာရပ်ခံခဲ့သည်။ သို့သော် မွန်တိုင်းရင်း သားအစည်းအရုံးမှ ပုဂ္ဂိုလ်များက တုံ့ပြန်မှုမှာ အားရစရာမရှိပေ။ သို့သော် မလရ အဖွဲ့ဝင်များနှင့် မွန်တိုင်း ရင်းသားအစည်းအရုံးဝင်တို့၏ ပဋိပက္ခ ၂ ဘက်စလုံးမှထိမ်းကြ၍ ကြီးမားသောပဋိပက္ခများမဖြစ်လာပေ။ သို့သော် မော်လမြိုင်သိမ်းခြင်းသည် မွန်တိုင်းရင်း အစည်းအရုံးနှင့် မည်သို့မျှမသက်ဆိုင်၊၊ ဖြစ်လာသော ဒုက္ခအပေါင်းသည် အကြမ်းဘက်လိုလားသော အဖွဲ့အစည်း နှင့် သာဆိုင်ကြောင်း ကြေညာချက်စာစောင် ထုတ်ခဲ့သည်။

[ပြင်ဆင်ရန်​] စောဘဦးကြီး၏စေ့စပ်ဆွေးနွေးရေးငြိမ်းချမ်းရေးတရား၊

မွန်ကရင်တို့သိမ်းထားသော မော်လမြိုင်မြို့သို့ ဖဆပလအစိုးရ၏ သဘောတူညီချက်ဖြင့် ကေအန်ယူ ဥက္ကဌ စောဘဦးကြီးနှင့် စောဝီလီကျော်တို့သည် သြဂုတ်လ (၈) ရက်နေ့တွင် ရောက်လာသည်။ မော်မြိုင်ရှိ မွန်ကရင် ခေါင်း ဆောင်များနှင့် တွေ့ဆုံပြီး အခြေအနေအရပ်ရပ်ပ်ါမူတည်ပြီး မွန်နှင့်ကရင်များလုပ်နည်း လုပ်ဟန်များကို ဆွေးနွေး သည်။ စောဘဦးကြီး၏ အဓိကဆွေးနွေးချက်မှာ ဖဆပလ အားလက်နက်အင်အားပြပြီး မွန်ပြည်နယ်၊ ကရင်ပြည် နယ်ပေးရန် အကြပ်ကိုင်တောင်းခံရမည်။ ဤသို့လုပ်ဆောင်လျှင် အောင်မြင်လိမ့်မည်ဟု ယုံကြည် ပါသည်။ အစိုးရဌာ နများသိမ်းပိုက်ခြင်း မြို့များသိမ်းပြီး စင်ပြိုင်အစိုးရတည်ဆောက်ခြင်း လုပ်ငန်းသည် ယခုအခါ မလိုအပ်သေး ဟုယူဆ သည်။ ထို့ကြောင့် အကြောင်းအမျိုးမျိုးကြောင့် မွန်နှင့်ကရင်သိမ်းယူထား သော နယ်မြေများကို ဖဆပလအစိုးရအား ပြန်အပ်ရမည်။ သို့သော်လက်နက်အင်အားပြ၍ ဆက်ပြီး ဖဆပလအားအကြပ်ကိုင်ရန် လက်နက်ခဲ ယမ်းမီး ကျောက် များကို ပြန်ပေးရန်မသင့်တော်ဟု ထင်သဖြင့် ရရှိထားသောလက်နက်ခဲယမ်း မီးကျောက်များကို လက်ဝယ်ထားရ မည်ဖြစ်သည်။

၎င်းယူဆချက်နှင့်ပတ်သက်၍ အချိန်ယူဆွေးနွေးကြသည်။ နောက်ဆုံးသဘောတူညီကြသည်။ ဤသို့ ဆန္ဒတူညီမူအရ မော်လမြိုင်အစိုးရငွေတိုက်ရှိ ငွေပေါင်း သိန်း ၃ဝ နီးပါးကို စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး အတွက် လိုသလောက်ထုတ်ယူမည့်အတွက် ငွေပေါင်း ၅ သိန်းသာထုပ်ယူသုံးစွဲပြီး သိန်း ၂၅ လောက်ကို မထုတ်ယူဘဲ အစိုးရ တပ်ရောက်ပြီး အုပ်ချုပ်ရေးလွဲပြောင်းပေးသောအချိန် အစိုးရအားလွဲပြောင်းပေးလိုက် သည်။

စောဘဦးကြီးရောက်ပြီးနော် ဖဆပလအမတ်များဖြစ်သော သခင်အောင်တင်၊ သခင်စံတို့ မော်လမြိုင်သို့ ရောက်လာကြသည်။ မွန်ခေါင်းဆောင်များနှင့် ၄င်းဖဆပလအမတ်များမှာ နိုင်ငံရေးအရ ရင်းနှီးသူများဖြစ် သဖြင့် အခြေအနေအရပ်ရပ်ကိုဆွေးနွေးကြသည်။ နိုင်ငံတော်ဝန်ကြီးချုပ်က မွန်ခေါင်း ဆောင်များကို ဖဆပလတွင် ဝင်ရောက် ၍ ပူးတွဲလုပ်ကိုင်ရန် ဖိတ်ခေါ်ကြောင်း ပြောကြားသည်။ ၄င်းပြောကြားချက်သည် မွန်နှင့်ကရင်အင်အားစုကို ခွဲရန်ဖြစ် သည်ဟု မွန်ခေါင်းဆောင်က လက်ခံယူဆသဖြင့် လက်မခံဘဲ၊ ကရင်နှင့် သစ္စာရှိရှိပူးတွဲလုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြန်ကြားလိုက်ပါသည်။

[ပြင်ဆင်ရန်​] အစိုးရတပ် ကချင်တပ်ရင်း (၂) မော်လမြိုင်သို့ရောက်ရှိလာခြင်း

ကေအန်ယူဥက္ကဌ စောဘဦးကြီး၏ စေ့စပ်ဆွေးနွေးရေးအရ၊ ဖဆပလအစိုးရက၊ ကချင်တပ်ရင်း (၂) ကို မော်လမြိုင်သို့ ရေလမ်းမှပို့လိုက်သည်။ နှစ်ဦးနှစ်ဘက်သဘောတူညီချက်အရ ကချင်တပ်ရင်း (၂) တပ်သည် သေနတ် တချက်မျှမဖောက်ရဘဲ မော်လမြိုင်မြို့ပေါ်ရောက်ရှိလာသည်။ ၄င်းတပ်ကိုတပ်ရင်းမှုး၊ ဒုဗိုမှုးကြီး နော်လာက ဦးစီးဦး ချုပ်သည်။ တပ်ရင်းမှူးနော်လာနှင့် မော်လမြိုင်ရှိတာဝန်ရှိမွန်၊ ကရင်ခေါင်းဆောင်နှင့် လုံခြုံရေး၊ အုပ်ချုပ်ရေး ကိစ္စများ ကိုဆွေးနွေးသည်။ လုံခြုံရေးအတွက် ကျိုက္ခမီခရိုင်တွင် စစ်ဝန်ထမ်းတပ်ရင်း တရင်းဖွဲ့မည်။ ၄င်းတပ်ရင်းတွင် ကရင် အမျိုးသားအတွက် တပ်ခွဲတခွဲ၊ မွန်အမျိုးသားအတွက် တပ်ခွဲတခွဲ၊ တခြားအမျိုးသားများအတွက် တပ်ခွဲတခွဲစုစည်း ပြီး ဖွဲ့မည်ဟုကတိပြုသည်။ လောလောဆယ်အားဖြင့် မော်လမြိုင်မြို့ကို (၁) အစိုးရဇုံ၊ (၂) မွန်ဇုံနှင့် (၃) ကရင်ဇုံဟု ခွဲခြားရန်သဘောတူသည်။ အစိုးရတပ်သား အစိုးရအဆောက်အဦးများနှင့် မောင်ငံက မွန်ဒေသနှင့် အဓိကဆက် သွယ်ရေးလမ်းကြောင်းများဖြစ်သော ဘူတာရုံ၊ သင်္ဘောဆိပ်များကို တာဝန်ယူသည်။ မွန်သည် ရွှေတောင်ရပ်မှ မောင် ငံနယ်စပ်အထိတာဝန်ယူပြီး၊ ကရင်သည်စစ်ရဲတပ်ရင်း ဒိုင်းဝန်ကွင်းကိုတာဝန်ယူသည်။

ထိုသို့ဇုံခွဲပြီး အုပ်ချုပ်ချိန်တွင်ပြည်သူ့ရဲဘော်နှင့် ဖဆပလဆိုရှယ်လစ်များ၏ လက်နက်ကိုင်များသည် မွန်နှင့် ကရင်ဇုံများဝင်ပြီး ညအခါပျောက်ကြားစံနစ်ဖြင့် ပစ်ခတ်ကြသည်။ အဆိုးဆုံးနေရာမှာ ပြည်သူ့ရဲဘော်များ ကြီးစိုးရာ ဒိုင်းဝန်ကွင်းတွင်ဖြစ်ပြီး ကရင်များကို၎င်းမွန်များကို ၄င်းကအလစ်ဝင်တိုက်ခြင်း၊ နယ်မှရိုးသားစွာ လုပ်ကိုင်စား သောက် သောမွန်နှင့်ကရင်အမျိုးသားများသည် မိမိတို့ကိုယ်ရေးကိစ္စဖြင့် ဒိုင်းဝန်ကွင်းသို့ လာရောက်သောအခါ ဖမ်းဆီးသတ် ဖြတ်ခြင်းများပြုလုပ်သည်။ ပြည်သူ့ရဲဘော်ဌာနချုပ်နှင့် မလရနှင့် စေ့စပ် ဆွေးနွေးချက်အရ ပြည်သူ့ရဲ ဘော်နှင့် မွန်လက်နက်ကိုင် ပဋိပက္ခကို ရပ်စဲရန်သဘောတူညီမှုအရ နယ်စပ်တွင် ရှိသော ပြည်သူ့ရဲဘော်ခေါင်းဆောင် ဗိုလ်ရဲနိုင်နှင့်ဆွေးနွေးရန် တိုက်တွန်းသဖြင့် မလရကိုယ်စား နိုင်ငွေသိမ်း သွားရောက်ပြီး ဒိုင်းဝန်ကွင်းဆီဆုံရပ်၊ ပြည်သူ့ရဲ ဘော်တပ် ဖွဲ့ရုံးတွင် ဗိုလ်ရဲနိုင်နှင့်နာရီအတော်ကြာ ဆွေးနွေး သော်လည်း မအောင်မြင်၍ လက်နက်ကိုင် ပဋိပက္ခများဆက်ဖြစ် သည်။ ပြည်သူ့ရဲဘော်များသည် မော်မြိုင်မြို့ ပေါ်တွင်မက နယ်များတွင်လည်း မွန်ရွာများအား ဝင်ရောက်တိုက်ခိုက်ပြီး ကော့ဘိန်း၊ ကော့ပေါက် စသော မွန်ကျေးရွာများအား မီးရှို့ဖျက်ဆီးပစ်သည်။

ကချင်တပ်ရင်း(၂)ရောက်ပြီး နောက်ပျက်ပြားသွားသော အစိုးရအုပ်ချုပ်ရေးကို ပြန်လည်တည် ဆောက်ရန် အထူးစစ်တိုင်းမင်းကြီးအဖြစ် အုပ်ချုပ်ရေးဝန်ထမ်းအရွေးချယ်ခံတန်း၊ ကရင်အမျိုးသားဦးဖေကို အစိုးရခန့် ထားတာ ဝန်ပေး၍၊ မော်လမြိုင်သို့လွတ်လိုက်သည်။

ဦးဖေသည်၊ ငြိမ်ဝပ်ပိပြားရေးအတွက် မွန်၊ ကရင်ခေါင်းဆောင်းများနှင့်၎င်း၊ တပ်ရင်း (၂) မှကိုယ်စားလှယ် နှင့် မွန်ကရင်ခေါင်းဆောင်များနှင့်၎င်း၊ ပြည်သူ့ရဲဘော် ဖဆပလ ဆိုရှယ်လစ်များနှင့်၎င်း တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်း ဆောင်ရွက်သည်။ မွန်ကရင်ခေါင်းဆောင်များနှင့်တွဲ၍ ကော့ကရိတ်ကြာအင်းမြို့နယ်များ၌ မွန်ကျေးရွာ၊ ကရင်ကျေး ရွာသို့လှည့်လည်းပြီးငြိမ်းချမ်း ရေးတရားများဟောသည်။ သို့သော်ငြိမ်ဝပ်ပိပြားရေးကိုကား ထင်သလောက်မရှိခဲ့ပေ။

[ပြင်ဆင်ရန်​] နှစ်ဦးနှစ်ဘက်သဘောတူထားချက်ကိုအစိုးရကဖျက်ဆီးခြင်း၊

ကျိုက္ခမီခရိုင်တွင် စစ်ဝန်ထမ်းတပ်ဖွဲ့သောအခါ ယခင်အစိုးရကိုယ်စားလှယ် ကချင်တပ်ရင်း (၂) တပ်ရင်းမှုး ဒုဗိုလ်မှုးကြီး နော်လာနှင့် သဘောတူချက်ဖြစ်သော မွန်တပ်ခွဲ (၁) ကရင်တပ်ခွဲ (၁) တခြားလူမျိုးများအတွက် တပ် (၁)ခွဲဖွင့်ရန် ဖေါက်ဖျက်ကာ မွန်ကရင်များမပါသော စစ်ဝန်ထမ်းတပ်ကို ကျိုက္ခမီမြို့တွင် အခြေခံပြီး ဖွဲ့သည်။ ၄င်း တပ်ဖွဲ့တွင် ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်ပါတီမှလူများကိုသာ လက်ခံသင်တန်းပေး လက်နက် တပ်ဆင်သည်။ ၄င်း ကိစ္စနှင့်ပတ်သက်ပြီး အထူးစစ်တိုင်းမင်းကြီး ဦးဖေနှင့်တပ်ရင်းမှုးနော်လာတို့အား၊ မွန်ကရင်ခေါင်းဆောင်များ ကတင် ပြသည်။ ၄င်းကိစ္စနှင့်ပတ်သက်၍ တပ်ရင်းမှုးနော်လာသည် အဓိကတရား ခံဖြစ်သည်ဟု အစိုးရစွပ်စွဲပြီး နော်လာအား တပ်ရင်းမှဖြုတ်ပြီး ဒုတပ်ရင်းမှုးထိန်နန်းအား တပ်ရင်းမှုးအဖြစ် ခန့်ထားသည်။ ဗိုလ်မှုးထိန်နန်းသည် ဖဆပလဆိုရှယ် လစ်တို့ကြိုးကိုင်တိုင်း လုပ်ဆောင်သဖြင့် တပ်ရင်းမှုး ခန့်ထားခြင်းဖြစ်သည်။

မွန်ကရင်လက်နက်ကိုင်များ၊ မော်လမြိုင်မြို့ဆုတ်ခွာခြင်း၊ -အစိုးရက၄င်းထားရှိသော သဘောတူညီချက်ကို ဖျက်သိမ်းလိုက်သည်နှင့် မွန်ကရင်ခေါင်း ဆောင်တို့သည် အစိုးရအပေါ်တွင်သံသယဝင်လာကြသည်။ ကြာအင်း၊ ကော့ကရိတ်၊ ကျုံဒိုးဘက်မှ မော်လမြိုင်မြို့ပေါ် တက်ရောက် တာဝန်ယူနေသော ကရင်လက်နက်ကိုင်များသည် သူတို့၏အရပ်ဒေသသို့ တဖြည်းဖြည်း ဆုတ်ခွာသွားသည်။ မိမိတို့ ခေါင်းဆောင်များ၏ လုံခြုံရေးအတွက် အနည်းအကျဉ်းရှိတော့သည်။ မွန်အမျိုး သားလက်နက်ကိုင်များလည်း တဖြည်း ဖြည်းနှင့်ဖါးအောက်ကျေးရွာသို့၎င်း ကလော့သော့၊ ထုံးအိုင်၊ ကော့နှပ်စသော ကျေးရွာများသို့ လိုက်ပါကြပြီး ၄င်းဒေ သများကိုအခိုင်အမာ ဖြစ်ရန်ပြုလုပ်ကြသည်။ မော်လမြိုင်မြို့ရှိ မွန်လူကြီးများ၏လုံခြုံရေးကို မွန်လက်နက်ကိုင် အချို့ နှင့်အတူ ကရင်များနှင့်ပူးတွဲတာဝန် ယူကြသည်။ မြို့ပေါ်တွင်သာ အစိုးရအုပ်ချုပ်ပြီး နယ်များတွင် မွန်နှင့် ကရင်များ ကအုပ်ချုပ်လျက်ရှိသည်။

[ပြင်ဆင်ရန်​] ဒေသဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်စုံစံရေးကော်မရှင်

ထိုသို့ပြဿနာ အရပ်ရပ်ရှုပ်ထွေးပွေလီနေစဉ် ဖဆပလအစိုးရသည် မွန်အမျိုးသားအရေးကို ချေုမှုန်းရန် အတွက် ပြင်ဆင်မှုမပြီးမှီ ရေရှည်ဆွဲထားနိုင်ရန်အတွက် ဒေသဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်မှု စုံစမ်းရေးကော်မ ရှင် ဖွဲ့စည်း ရန် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရဝန်ကြီးများအဖွဲ့အနေဖြင့် ဝန်ကြီးများအဖွဲ့မှတ်တမ်း အမှတ် ၃၁၊ စီအမ်အေ (၂) ၄၈-၁၊ ၁၉၄၈ ခု အောက်တိုဘာလ (၅) ရက်နေ့ နေ့စွဲ ဖြင့် အောက်ဖေါ်ပြပါရန် ရည်ညွန်းချက်အရ ကြေညာ လိုက်သည်။

ရည်ညွန်းချက်မှာ -သီးခြားပြည်နယ်အားဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ ဒေသအလိုက် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရရှိလိုသော လူနည်းစုများ၏ ဆန္ဒကိုနိုင်ငံတော်အစိုးရက လုံးဝနှစ်သက်လိုလားလျက် (အချုပ်အချာ ပိုင်နိုင်ငံကို အခိုင်အမာအညီအညွတ်တည်ဆောက်မည်) ဟု ကြွေးကြော်ခဲ့သော ကျွန်ုပ်တို့ အဓိဌာန်ကိုလည်း သတိချပ်မိသည် လည်းတကြောင်း၊ ယခုကမBာ့ရေးရာတွင် အားနည်းသော နိုင်ငံများ၏ ဒုက္ခကိုမြင်တွေ့ရ သောအားဖြင့် နိုင်ငံတော်အစိုး ရသည် တိုင်းပြည်နှင့်ပင်ရင်း အခြေခံအင်အားများကို ထပ်မံကွဲပြားစေမည့် စီမံမှုမျိုးကြောင့် နိုင်ငံတော်၏အင်အားနှင့် စစ်ဒဏ်ကြောင့်ပြိုပျက် လျှက်ရှိသော အခြေခံဘောဂဗလတို့ကို ထပ်မံဆုတ်ယုတ်စေမည်ကိုလည်း စိုးရိမ်မိသည်တ ကြောင်း။ နိုင်ငံတော်၏အင်အားခိုင်ခန့်ရေးနှင့် ညီညွတ် ရေးတို့ကို မထိခိုက်စေဘဲ အထက်ဖေါ်ပြပါဆန္ဒများကို လုံးဝ ဖြည့်စွမ်းနိုင်စေမည့်နည်းလည်းများကို ရှာဖွေရန်အထူးကြိုးပမ်းလိုသည်လည်းတကြောင်း၊ တို့ကြောင့် လူမျိုးစုကိုယ် စား လှယ်များပါဝင်သော ကော်မရှင်အဖွဲ့ကိုဖွဲ့စည်းလိုက်သည်။

၎င်းကော်မရှင်တွင် ရှမ်းပြည်နယ်ကောင်စီ၊ ကချင်ပြည်နယ်ကောင်စီ၊ ကရင်ပြည်နယ်ကောင်စီ၊ ချင်းရေးရာ ကောင်စီများမှ ကိုယ်စားလှယ်တဦးစီနှင့်၊ ကရင်ကိုယ်စားလှယ်၊ မွန်ကိုယ်စားလှယ်၊ မြန်မာကိုယ်စားလှယ် (၆) ဦးစီပါ ဝင်သော ကော်မရှင်အဖွဲ့ကိုဖွဲ့စည်းသည်။ ကော်မရှင်ဥက္ကဌအဖြစ် နိုင်ငံတော် တရားဝန်ကြီးချုပ်၊ ဆာဘဦးကဆောင် ရွက်ပြီး ဦးစံသိန်း၊ ဝန်ကြီးချုပ်၏ဒုအတွင်းဝန်က အတွင်းရေးမှုး ဦးဝင်းဖေ ကော်သူးလေ ပြည်နယ် သတ်မှတ်ရေးကော် မရှင် အတွင်းရေးမှုးက တွဲဘက်အတွင်းရေးမှုးအဖြစ်ပါဝင်သည်။

ကော်မရှင်၏လုပ်ငန်းဆောင်တာများမှာ- (၁) ကရင်၊ မွန်၊ ရခိုင် တိုင်းရင်းသားတို့၏ ဒေသအလိုက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရလိုသော ဆန္ဒများကိုစုံစမ်းရန်။

(၂) အကယ်၍ထိုဆန္ဒများသည် အခြေခံဥပဒေ၏ သဘောတရားနှင့် အကျုံးဝင်ပြီးဖြစ်လျှင် ထိုဆန္ဒများကို အမြန် ဆုံး ဖြည့်စွမ်းနိုင်မည့်လုပ်ငန်းစဉ် နည်းလမ်းများကိုရေးဆွဲတင်ပြရန်။ (၃)အကယ်၍ ထိုဆန္ဒများသည် အခြေခံဥပဒေ၏ သ ဘောတရားများနှင့် အကျုံးမဝင်ခဲ့သော် ထိုသို့သောအခက် အခဲများကိုကျော်လွန်အောင် ဆောင်ရွက်နိုင်သည့်နည်း လမ်းများရှာဖွေပေးရန်။

(၄) အထက်ပါရှာဖွေ၍တွေ့ရှိသော နည်းလမ်းများကို ဒီမိုကရေစီစံနစ်အရ အမြန်ဆုံးအထမြောက်အောင် ဖန်တီးနိုင် မည့်လုပ်ငန်းအစီအစဉ်များကို ရေးဆွဲတင်ပြရန်။

ဒေသအလိုက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်စုံစမ်းရေးကော်မရှင်တွင် မွန်ကိုယ်စားလှယ်အဖြစ် အစိုးရကတိုင်းပြု ပြည်ပြုလွတ်တော် အမတ်များဖြစ်သော မွန်ထွန်းရင်၊ မွန်ဦးခင်မောင်၊ မွန်တိုင်းရင်းသားအစည်း အရုံးဥက္ကဌ မွန်ဦး ဘိုးချို ဖဆပလအဖွဲ့နှင့်ဆက်သွယ်ထားသော ပြည်ထောင်စုမွန်အမျိုးသားအဖွဲ့မှ မွန်သန်း၊ မွန်ဒေါ်နှင်း နှင့် မွန်လူမျိုး ရေးရာအဖွဲ့ချုပ်မှဥက္ကဌ နိုင်လှမောင်တို့ဖြစ်သည်။ ပြည်ထောင်စု မွန်အမျိုးသားအဖွဲ့သည် မိမိတို့၏အမှု ဆောင်အဖွဲ့ ကို မိမိတို့ဘာသာတင်မြောက်ထားသော အဖွဲ့ဖြစ်ပြီး မည်သို့ကာလမှ အမျိုးသား ညီလာခံ တရပ်ခေါ်ယူကျင်းပဖွဲ့ စည်းခြင်းမပြုနိုင်သော်လည်း ဖဆပလ၏ ခြံပေါက်မွန်အဖွဲ့ဖြစ်သောကြောင့် မွန်ကိုယ်စားမဟုတ်သော်လည်း အစိုးရက မွန်ကိုယ်စားလှယ်အနေ ဖြင့်ထည့်ထားသည့် ဖဆပလ၏ ဆင်ကွက်မှာ ပြည်ထောင်စုမွန်အမျိုးသားအဖွဲ့မှ ကိုယ် စားလှယ် (၄) ယောက်သည် ဖဆပလအား အတိုက် အခံပြုလုပ်၍ မွန်ပြည်နယ်တည်ထောင်ရန် မွန်အမျိုးသား ဆန္ဒ အရတောင်းဆိုသော ဤကိုယ်စားလှယ် (၂) ယောက်ဖြစ်သည်။ မွန်ဦးဘိုးချိုနှင့် နိုင်လှမောင်တို့အား ဖဆပလ အလို ကျ ဆန့်ကျင်သွားရန်ဖြစ်သည်။

[ပြင်ဆင်ရန်​] ဒေသအလိုက်ကိုယ်ပိုင်အုပ်ချုပ်ခွင့် စုံစမ်းရေးကော်မရှင်သို့ မွန်ကိုယ်စားလှယ်မွန်ဦးဘိုးချိုနှင့် နိုင်လှ မောင်တို့တင် သွင်းသောအစီရင်ခံစာ၊

မွန်ကိုယ်စားလှယ်နှစ်ဦးဖြစ်သော မွန်ဦးဘိုးချိုနှင့်နိုင်လှမောင်တို့သည် ၂ ယောက်ညှိနှိုင်းပြီး ပူးတွဲအစီရင် ခံစာကို ၁၉၄၈ ခု နိုဝင်ဘာလ (၁၉) ရက်နေ့တွင် မိမိတို့သဘောထားကို မွန်အမျိုးသား ကိုယ်စားလှယ် တင်သွင်း သည်မှာ (ကျွန်ုပ်တို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရသို့ အောက်ပါ အကြောင်းအရာ များကို ဥက္ကဌမှ တဆင့်တင် သွင်းပါသည်။ ဥက္ကဌကလည်း စာနာထောက်ထားပြီး ငဲ့ညှာပြီး ထောက်ခံပေးပါရန် မေတ္တာရပ်ခံပါသည်။

ပြည်နယ်တောင်းခံသောမွန်၊ ကရင်၊ ရခိုင် တို့၏ပြဿနာကို နိုင်ငံရေးခေါင်းဆောင်ပီသစွာကိုင် တွယ်ဖြေရှင်း သည့်အတွက် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတော်အစိုးကို ခေါင်းဆောင်သောဝန်ကြီးချုပ် ဦးနုအား လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်လိုက်သည်။ ဤပြဿနာကိုဖြေရှင်းရန်အတွက် ဥက္ကဌအဖြစ် ဖြင့်တည် ကြည်၍ သမာဓိ နှင့်ပြည့်စုံသော စာနာမှုအပြည့်အဝရှိသော ဂုဏ်သရေ ရှိလူကြီးလူကောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် ၏တရား ဝန်ကြီးချုပ် ဆာဘဦးဆောင်ရွက်သည်ကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါသည်။ ၁၉၄၈ ခုအောက်တိုဘာလ (၂ဝ) ရက်နေ့တွင် ကော်မရှင်ဖွင့်ပွဲ၌ မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးများအကြား ဆက်ဆံမှုများ ထာဝစဉ်ပြီးပြတ် စေရန် အချက်အလက် များထောက်ပြသည့်ပြင် မိမိတို့ဆန္ဒနှင့်ရည်မှန်းချက် များကို နှစ်ဦးနှစ်ဘက်ကျေနပ်စေသော အ ကြောင်း အရာများကိုလည်း စိတ်အားထက်သန်စွာ ပြောကြား သည့်အတွက် နှစ်ရှည်လများကြောင့် ရှိနေသော ပြဿနာကို ဖြေရှင်းရန် ကာလရှည်ကြာစွာက ပျောက်ဆုံး နေသော သော့ချက်တွေ့ရှိရေးကို အထောက်အကူပြုပါ သည်။

အောက်တွင်လက်မှတ် ရေးထိုးသူများသည် အချုပ်အခြာအာဏာနှင့် ပြည့်စုံသောမွန်ပြည်နယ်ကို တနင်္သာ ရီတိုင်း၊ ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်းတို့ စုစည်းဖွဲ့စည်းပေးပါရန် မွန်အမျိုးသားများ ဆန္ဒ ဖြစ်ကြောင်းတင် ပြပါသည်။

မွန်တို့သည်ဗြိတိသျှများ အောက်မြန်မာပြည်ကို မသိမ်းပိုက်မှီ နှစ် ၆၇ ခုနှစ်တွင် ရာမညဒေသ (အောက်မြန် မာပြည်ကို) မွန်တို့၏အဆက်မပြတ် ရှည်လျားသော ဘုရင်များဖြင့်အုပ်ချုပ်ခဲ့သည့် နောက်ဆုံးဘုရင်ဖြစ်သော ဗညား ဒလသည် ၁၇၅၇ခုထိ အုပ်စိုးလာသောသမိုင်းအစဉ်အလာရှိသည့်အတွက် ပြည်နယ်ထူထောင်ရန် လိုအပ် ချက်များရှိ ကြောင်းသတိပြုရပါလိမ့်မည်။ မွန်တို့တွင် မြန်မာများနှင့် လုံးလုံးလျားလျားကွဲပြားသော ဘာသာ၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများရှိသည်။ သူတို့သည် (မွန်တို့သည်) ထင်ရှားသော သီးခြားနယ်မြေရှိသည်။ ၄င်း ဒေသတို့ တွင် ယခုထက်တိုင်နေထိုင် လျက်ရှိသော လူဦးရေအများစုသည် (ငါးရံ့နားဖါးထိုးနတ်၊ ကျွဲနတ် (ငါး သို့မဟုတ် ကျွဲနတ်) ကိုကိုးကွယ်ခြင်း၊ လိပ်၊ ဘောင်းဘီနက်ဝတ်ခြင်း၊ ဖိနပ်၊ ဦးထုပ်ဆောင်းခြင်းစသော တားမြစ်ချက် တို့ကို အသိ အမှတ်ပြုစောင့်ထိန်းခြင်းစသော တခြားလူမျိုးများနှင့် မတူသည့်ထင်ရှားသည့် ဓလေ့ထုံးစံများကို ယခုထက်တိုင် စွဲစွဲ မြဲမြဲလက်ခံပြုလုပ်နေတဲ့အတွက် မွန်အမျိုး မှဆင်းသက်ခြင်း သို့မဟုတ် မွန်နှင့်ဆက်နွယ် နေသောလူ များဖြစ်ကြောင်း တောင်းဆိုနိုင်သည်။ တောင်းဆို နိုင်ခွင့်ရှိသည်။ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဖြစ်သော ဖက်ဆစ်ဆန့် ကျင်ရေး တိုက်ပွဲတွင် မြန်မာငါးထောင်၊ မွန်သုံးထောင်ပါရှိကြောင်း မှတ်တမ်းတင်ထားသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အင်အားတောင့်တင်းရေးအတွက် မဟာမိတ်အဖြစ် မွန်တို့သည် ကချင် ပြည်နယ်ထက် အချုပ်အချာအာဏာရှိသော မွန်ပြည်နယ်ကို ရရှိလိမ့်မည်ဟုမျော်လင့်ပါသည်။ ဤတင်ပြ တောင်းဆို ချက်သည် ကရင်နှင့်မွန်ခေါင်းဆောင်များ၏ ကတိသစ္စာပြုထားချက်ကို မည်သို့မျှမထိခိုက် အမျိုးမပျက်စီးစေရန် အသိ အမှတ်ပြုစေလိုပါသည်။

[ပြင်ဆင်ရန်​] မွန်နှင့်ကရင်ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်နှင့်ကတိသစ္စာပြုချက်၊

မွန်နှင့်ကရင်ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်နှင့် ကတိသစ္စာပြုချက်ကိုလည်း တင်ပြသည်။ ၄င်းမှာ-(ရာမညမွန်ကရင်နိုင်ငံတောင်းဆိုချက်နှင့် ပတ်သက်သောအကြောင်းများမှာ မွန်လူထု၊ ကရင်လူထုတို့သည် မိမိသက်ဆိုင်ရာ အမျိုးသားညီလာခံများတွင် တင်သွင်းဆုံးဖြတ်ချက်အရ အချုပ်အခြာအာဏာနှင့် ပြည့်စုံ သော ပူးတွဲရာမည မွန်ကရင်နိုင်ငံတောတည်ဆောက်ရန် နှစ်ဦးနှစ်ဘက်သဘောတူညီကြောင်း အောက်တွင် လက်မှတ်ရေးထိုးက တိသစ္စာပြုသည်။ ၄င်းနိုင်ငံတော်တွင် နေထိုင်လျက်ရှိသော တိုင်းရင်းသားများသည် စစ်မှန်သော ဒီမိုကရေစီ အခွင့် အရေးကိုခံစားရမည်။)

ရာမညမွန်ကရင်နိုင်ငံသည် တနင်္သာရီတိုင်း ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့ ပါဝင်ဖွဲ့စည်းရမည်။ အထက်ပါ မျှော် ခေါ်ချက်အရ မွန်နှင့်ကရင်အမျိုးသားတို့ကိုယ်စား ဤနေ့ ၁၉၄၈ ခု နိုဝင်ဘာလ (၁၉) ရက် နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။

(ပုံ) မွန်ဦးဘိုးချို (ပုံ) စောဘဦးကြီး (ကေအန်ယူ)မွန်တိုင်းရင်းသားအစည်းအရုံး (ပုံ) စောသာဒင် (ကရင်အမျိုးသားအဖွဲ့ချုပ်) (ပုံ) နိုင်လှမောင် (ပုံ) ဂျေထွန်းအောင် ။မွန်ရေးရာအဖွဲ့ချုပ်

စောမောင်ဒေါင်

တသီးပုဂ္ဂလရာမညမွန်ကရင်ပူးတွဲနိုင်ငံတောင်းဆိုရခြင်း၏အကြောင်း၊

အလွန်ရှေးကျသောကာလကစ၍ အထက်မြန်မာများနေထိုင်သည့် မြန်မာပြည်ဟုခေါ်တွင်သော ဒေသနှင့် ဆက်စပ်နေသောဒေသတွင် နေထိုင်ကြသောရှမ်း၊ ချင်း၊ ကချင်များသည် မြန်မာများနှင့် အလွန်နီးကပ်စွာ နေထိုင် သကဲ့သို့ မွန်နှင့်ကရင်တို့သည် အောက်မြန်မာပြည်ဟုခေါ်တွင်သော ဒေသတွင်ခွဲခြား၍မရအောင် ပူးတွဲနေထိုင်ကြ သည်။ ၄င်းဒေသကို မွန်ဘုရင် ကလျာဏ၊ အမရာဇာ (၄င်း၏ တန်ခိုးအာဏာသည် တချိန် တခါက၊ အရှေ့ဘက် တွင်ပြင်သစ်ပိုင်အင်ဒိုချိုင်းနား၊ တောင်ဘက် တွင်ဆူမတြား၊ ဂျားဗား) ရာဇဓိရာဇ်၊ ဓမ္မစေတီ (အိန္ဒယ)နှင့်သီဟို၊ သီရိလင်္ကာသို့ ဗုဒ္ဓြွသာသနာ ပြုအဖွဲ့စေလွတ်ခဲ့သူ ဗညားဒလနှင့် ဂရိတ်ဗြိတိန် ပြည်တွင် ပီတိုရိယဘုရင်မအုပ်ချုပ် သကဲ့သို့သူမ၏ ပဲခူးနေပြည်တော်တွင် မိမိ၏ရသင့်ရထိုက်သော နန်းမွေအရဆက်ခံစိုးစံသည်မှာ ၁၇၅၇ ခုနှစ်အထိ ဖြစ်သည်။

[ပြင်ဆင်ရန်​] မွန်စာပေနှင့်ကရင်အမျိုးသားများ၊

တနင်္သာရီတိုင်းနှင့်စပ်နေသော ယိုးဒယားပြည်၏ အနောက်ဘက်ဒေသနယ်စပ်တွင်ရှိသည့် ကရင်ရွာများမှ ကရင် များသည် ယခုထက်တိုင်မွန်စာပေကို သင်ကြားလျက်ရှိသည်။ ရှေးအခါက ကရင်များသည် ယခု ပစ္စုပ္ပန်ထက် မွန်စာပေကို ပိုမိုအလေးထားကြောင်းကို ခရစ်ယာန်သာသနာပြုအဖွဲ့၏ ရှေ့ဆောင်၊ အစောဆုံး သောအနောက်တိုင်း ခရီး သည်တဦးဖြစ်သော သိက္ခာရ ဘုန်းတော်ကြီးဂျမ်း (ခ) မောက် (ခ) ရေးသားခဲ့သော အမှတ်တရစာတမ်းတွင် တွေ့ရသည်။ သူ၏မှတ်တမ်းထဲတွင် ယိုးဒယားတွင် နေထိုင်လျက်ရှိသော ကရင်အမျိုးသားသည် တနင်္သာရီတိုင်း ထား ဝယ်တွင် ကျန်ရစ်ခဲ့သော ၄င်း၏မိသားစုထံသို့ မွန်စာဖြင့် စာရေးသားပေးပို့ခဲ့သည်။

[ပြင်ဆင်ရန်​] ရှေးမွန်စစ်တပ်တွင်ကရင်အမျိုးသားများ

သမိုင်းမှတ်တမ်းများတွင် တခါတရံ ကရင်အမည်များပေါ်လာသော်လည်း ကရင်များသည် မွန်များနှင့် အတူ တကွနေထိုင်ကြသည်။ ရှေးခေတ်တွင် ကရင်များသည် မွန်စစ်တပ်တွင်အမှုထမ်းကြသည်။ မွန်များယိုးဒယား ပြည် ထဲသို့ ဝင်ရောက်သွားသောအခါ ကရင်များလည်း မွန်များနှင့် လိုက်သွားကြသည်။ ယနေ့ထက်တိုင် ယိုးဒယားတွင် ကရင်များ အတော်အများအပြားရှိနေသေးသည်။ကျွန်ုပ်တို့ညီအကို မြန်မာများအပေါ်ရန် ငြိုးထားစရာမလို၊ရှေးမွန်သမိုင်းမှတ်တမ်းများတွင် ကရင်သို့မဟုတ် တောင်သူဟုမှတ်ယူရမည့် အမည်များ လက္ခဏာများပေါ် ပေါက်တွေ့ရှိရကြောင်း မှတ်ယူရသည်။ သမိုင်းတွင် မှတ်တမ်းတင်ထားချက်များ လွန်ခဲ့ သောကာလအဖြစ် အပျက်များ အရ ယနေ့ပြန်လည်ရှင်နေသည်။ မွန်ကရင်ညီညွတ်ရေးသည် ဘာမျှ အံ့သြစရာမရှိကြောင်း သတိချပ်ထားရမည်။ ဤညီညွတ်ရေးသည် တချို့ထင်မှတ်သလို မြန်မာများအား ရန်ငြိုးထားရန်အတွက်မဟုတ် အဘယ်ကြောင့်ဆိုသော် ယင်းလူမျိုးနှစ်မျိုးကြားတွင် တဦးနှင့်တဦးရင်းနှီးစွာ ဆက်ဆံမှုနှင့် ကြည်လင်သော နားလည်မှု ဘာသာတမျိုးတည်း ကိုးကွယ်မှု ကြာရှည်သောဆက်ဆံမှုတို့၏ ရလာဒ်ဖြစ်သည်။

[ပြင်ဆင်ရန်​] နှစ်ဦးပိုင် သို့မဟုတ် ပူးတွဲပိုင်ခြင်းသည်တဦးတည်းပိုင်မလုပ်ရ

ထို့ကြောင့် ယခုအောက်မြန်မာပြည်ဟု ခေါ်တွင်သောရာမညဒေသသည် သမိုင်းအရသော်၎င်း၊ နယ်မြေ အရသော်၎င်း၊ မွန်နှင့်ကရင်နှစ်ဦးစလုံးနှင့် သက်ဆိုင်သည့်အတွက် ကော်သူးလေစီမံကိန်းအရ ကရင် တမျိုးတည်း ၏ကိုယ်ပိုင်နယ်မြေအဖြစ်သော်၎င်း၊ မွန်တဦးတည်းပိုင်နယ်မြေအဖြစ်သော်၎င်း ပေးခြင်းသည် တရားဥပဒေမဟုတ်ပေ၊၊ ရှေးအခါကကဲ့သို့ နှစ်ဦးပူးတွဲပိုင်အဖြစ် ကြေညာမှသာလျှင် တရားမျှတမည်ဟု ယုံကြည်သည့်ပြင် မွန်သော်၎င်း၊ ကရင် သော်၎င်း၊ မည်သူမျှအမြတ်အရှံးရှိမည်မဟုတ်ပေ။

[ပြင်ဆင်ရန်​] တဖက်သတ်စီမံချက်ကိုမွန်တို့ကန့်ကွက်ချက်

ယခင်မွန်တို့၏ ကရင်တို့အတွက် ကရင်ပြည်နယ်တောင်းဆိုခြင်းကို ကန့်ကွက်ခြင်းသည် ရာမညဒေသ၏ တစုံတခုသောနယ်မြေကို ကရင်တဦးတည်းပိုင်ဆိုင်ရန် ရည်ညွန်းသောကော်သူးလေ စီမံကိန်းသည်တိုက်ရိုက် တဖက် သတ်ကျပြီး တရားမျှတမှုကင်းသော အစီအမံတမျိုးဖြစ်သောကြောင့်ဖြစ်သည်။ မွန်နှင့်ကရင်ပူးတွဲပိုင်ဆိုင်မှုရှိလျှင် မည်သို့သောအကြောင်းခြင်းရာများရှိစေပါမူ မွန်တို့ကန့်ကွက်စရာမရှိပေ။

[ပြင်ဆင်ရန်​] အနာဂတ်တွင် အန္တရာယ်ကျရောက်နိုင်သည့် အကြောင်းခြင်းရာ၊

မွန်များ၏တောင်းဆိုချက်ကို မလိုက်လျောဘဲ ကရင်အမျိုးသားများ၏ တောင်းဆိုချက်ကိုသာ လိုက်လျော သော မည်သည့်စီမံချက်မဆို ကရင်နှင့်မွန်ကြား တဦးနှင့်တဦး တုပြိုင်ရန်သာမကဘဲ တဦးနှင့်တဦး စိတ် ငြိုငြင်ရန် လှုံ့ ဆော်ပေးခြင်းနှင့်တူနေပေလိမ့်မည်။ ၄င်းပြင် အနာဂတ်ကာလတွင် အိမ်နီး ချင်းနိုင်ငံတချို့နှင့် ရှုပ်ထွေးမှုများဖြစ် ပေါ်လာနိုင်ရန်ကြောင်းရှိသည်။

[ပြင်ဆင်ရန်​] မွန်နှင့်ကရင်ကြားစံနစ်တကျရှိနေရန် ထိန်းသိမ်းရန်အတွက်အပြန်အလှန်လုပ်ရပ်၊

ပူးတွဲနိုင်ငံ သို့မဟုတ် ပူးတွဲပိုင်ဆိုင်မှုအဖြစ် ကြေညာခြင်းသည် မှန်ကန်သောလမ်းစဉ်ဖြစ်သည်။ အကယ်၍ တစုံတဦးက (မွန်သော်၎င်း၊ ကရင်သော်၎င်း) မှားယွင်းနေလျှင် နိုင်ငံတော်သည် စံနစ်တကျရှိစေရန် တဦး နှင့်တဦး တားဆီးရန် အပြန်အလှန်အရေးယူမှုပြုလုပ်ရမည်။

[ပြင်ဆင်ရန်​] ပဲခူးတိုင်းနှင့်မြစ်ဝကျွန်းပေါ်ဒေသရှိမွန်များ၊

ကရင်နှင့်တောင်သူ အထက်မြန်မာနိုင်ငံမှ ဝင်ရောက်နေထိုင်သော ရာခိုင်နှုန်းအနည်းငယ်ရှိသော မြန်မာ များမှအပ အောက်မြန်မာပြည်နေရာအနှံ့အပြားတွင် နေထိုင်လျက်ရှိသောလူများသည် ရှေးမွန် (တလိုင်း) များမှ ဆင်းသက်လာသောလူများဖြစ်သည်။ ဘိုးဘွားဘီဘင်များကို ရိုသေခြင်းသည် ကြီးပွားချမ်းသာရေးနှင့် အသက်ရှည် ရေးကို အထောက်အကူပြုရာ ရောက်သည်ဟု ဆိုရိုးစကားရှိ သည့်အတိုင်းကို စိတ်ထဲစွဲမှတ် ထားပြီး မွန်မှဆင်း သက်ပြီး မွန်စကားမပြောတတ်သောသူများသည် သူတို့အတွက်ဘာသာယဉ်ကျေးမှုများ ပြုစုပျိုးထောင်ပေးခဲ့သည့် ကျေးဇူးကိုပြန်လည်သတိရပြီး မွန်အမျိုးသားများပြန်လည်ပေါ်ထွန်းခြင်းကို ကြိုဆိုပေလိမ့်မည်။ ယခုအချိန်အတွင် မွန်အဖွဲ့အစည်းများသည် မြစ်ဝကျွန်းပေါ်ဒေသတွင်မရှိတော့ပါ အဘယ်ကြောင့်ဆိုသော် ၄င်းဒေသများတွင် မွန်များ ချုပ်ငြိမ်းသွား၍မဟုတ်ဘဲ (ထိုဒေသတွင် သိန်းလိုက်ချီ၍ မွန်ရှေးဟောင်းဓလေ့ထံးစံများကို စွဲမြဲစွာလုပ်ဆောင်လျက် ရှိသည် ဥပမာအားဖြင့် ငါးရံ့နားဖါးထိုး၊ ကျွဲနတ် (ငါးသို့မဟုတ်ကျွဲနတ်) ကိုကိုးကွယ်သော အဆန်းတကြယ်နတ်များ ကိုးကွယ်မှုနှင့်လိပ်၊ ဘောင်းဘီမဲပွ ဝတ်ခြင်းနှင့် ဖိနပ်သို့မဟုတ် ဦးထုပ် ဆောင်းခြင်းကိုကြည့်ခြင်းဓလေ့ထုံးစံများကို စောင့်သိလျက်ရှိသည်။ ၄င်းဓလေ့ထုံးစံများသည် မြန်မာတို့၏ ဓလေ့ထုံးစံနှင့် လုံးလုံးခြားနေသည်) ယခုရှိနေသော မွန်အဖွဲ့အစည်း များသည် မြောက်များစွာသော ဖိတ်ကြားချက်များရရှိသော်လည်း ၄င်းဒေသတွင် စည်းရုံးလှုပ်ရှားရန် အချိန် မရသောကြောင့်ဖြစ်သည်။ ၄င်းဒေသတွင် မွန်စကားမပြောတတ်သော်လည်း စိတ်ပျက်စရာမရှိ အဘယ် ကြောင့်ဆိုသော် မကြာမီက မွန်ဘာသာ စာပေအရေးအသားကို ၃ လတွင်း သင်ကြားတတ်မြောက်သော ဘာသာ သင်ကြားနည်းကို အခြေချထားပြီးသည့်အတွက်ဖြစ်သည်။

ဂုဏ်သရေနှင့်ပြည့်စုံ သောမြန်မာညီနောင်တို့အားပန်ကြားချက်၊ကျွန်ုပ်တို့သည် မြန်မာမျိုးနွယ်များအား ပျောက်ပျက်သွားစေလိုသော ဆန္ဒမရှိသကဲ့သို့ကျွန်ုပ်တို့ညီ နောင် မြန်မာများသည်လည်း ကျဆုံးသွားလေသူ ချစ်ကြောက်ရိုသေအပ်သော ဗိုလ်ချုပ်၏ ဂုဏ်ကျက်သရေနှင့် ပြည့်စုံ သောဆန္ဒဖြင့် ပြည်ထောင်စု မြန်မာ နိုင်ငံတွင်းရှိ တိုင်းရင်းသားများနှင့်ငြိမ်းချမ်းရေး ထိန်းသိမ်းထားနိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ ဤမျှော်လင့်ချက်သည် သူတို့၏မွန် ညီအကိုများအား တိုးချဲ့ပေးလိမ့်မည်ဟုလည်း ယုံကြည်ပါသည်။ ကချင် ပြည်နယ်တွင် တိုင်းရင်းသားများသည် ဒီမိုကရေစီအခွင့်အရေးများ ခံစားရသကဲ့သို့ ပူးတွဲရာမည မွန် ကရင် ပြည်နယ်တွင်လည်း ၄င်းကဲ့သို့ တူညီသောအခွင့်အရေးများ ခံစားရမည်ကို မှတ်တမ်းတင်ထားရန် ကျွန်ုပ်တို့ ထပ်လောင်းတင်ပြလိုက်ပါသည်။ ကရင်နှင့်မွန်များ အကြား နားလည်မှုရရှိသည်နှင့် တပြိုင်နက် ဘေးဒုက္ခ ရောက်နေ သောဒေသများတွင် ငြိမ်ဝပ်ပိပြားရေးကို ပြုလုပ်ရန် အစီအစဉ်များပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

(မူရင်းအင်္ဂလိပ်စာမှ ဘာသာပြန်သည် မူရင်းကိုနောက်ဆက်တွဲတွင်ကြည့်) မရှိသေး။ ကော်မရှင်အဖွဲ့ ဝင်တွင် ကျန်ရှိနေသော မွန်အမျိုးသားအဖွဲ့ချုပ်မှ ကိုယ်စားများဖြစ်သော မွန်ထွန်းရင်၊ မွန်သန်း၊ မွန် ဒေါ်နှင်း နှင့် တိုင်းပြုပြည်ပြုလွတ်တော်အမတ် မွန်ဦးခင်မောင် တို့ကလည်း ၁၉၄၈ ခု နိုဝင် ဘာလ (၂၂) ရက်နေ့တွင် ကော်မရှင်ဥက္ကဌထံ မွန်တို့၏ လိုလားချက် အမှာစာကို တင်သွင်းသည်။


မြန်မာဝီကီမှကူးယူဖော်ပြသည်၊ ဆက်ဖတ်ချင်ပါကဒီမှာနှိပ်ပါ


No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.