တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"
Showing posts with label VIEWS. Show all posts
Showing posts with label VIEWS. Show all posts

Wednesday, December 5, 2012

လက်ပန်းတောင်းတောင်အကြမ်းဖက်မှုတရားခံတွေကိုအရေးယူလို.ရပါ့မလား?

တိုင်းရင်းသားအသံ

လက်ပန်းတောင်းတောင်အကြမ်းဖက်မှုတရားခံတွေကိုအရေးယူလို.ရပါ့မလား?


အကယ်၍လက်ပန်းတောင်းတောင်အကြမ်းဖက်မှုနဲ.ပတ်သက်ပြီးသန်းရွှေရဲ.တပည့်များစီစဉ်ခဲ့တယ်လို.ကော်မရှင်ကစုံစမ်းတွေ.ရှိရင်ဘယ်လိုအရေးယူမလဲ? သန်းရွှေကိုသိန်းစိန်းကမထိရဲဘူး၊လွှတ်တော်ကလည်းမလှုပ်ရဲဘူးဆိုရင်ဘာလုပ်လို.ရမလဲဆိုတာဖြေပေးပါတစ်ခါတည်း၊ရွှေဝါရောင်တော်လှန်ရေးလူသတ်ပွဲကြီးကိုလည်းစုံစမ်းပေးပါ၊ဒီပဲယင်းကိုလည်းစုံစမ်းပေးပါ၊လာဘ်စားသည့်ဝန်ကြီးဌာနများပေးသွင်းရမည့်နိုင်ငံတော်ဘဏ္ဍာများငွေများကိုလည်းအခုအချိန်အထိမပေးသွင်းသေးပါ၊ဘာအရေးယူမှမှုမရှိသေးဘူး၊အဲဒါကိုလည်း၊ဘယ်လိုလုပ်မလဲ? စုံစမ်းပြီးရင်ပြီရောဆိုသည့်သဘောနဲ.ဆိုရင် လူထုရဲ.တိုက်ပွဲအရှိန်လျော့သွားအောင်အရင်လုပ်ပြီးလူထုကိုစိတ်ငြိမ်းဆေးတိုက်ပေးသလိုဖြစ်မနေဘူးလား?ဒါဟာ၊စစ်ဆင်ရေးတစ်ခုလုပ်ရာတွင်းရန်သူလှုပ်ရှားမှုရပ်တန်.အောင်လုပ်သည့်သဘောပဲ၊စိန်းအောင်မင်းလိုက်လုပ်နေသလိုပေါ့၊ငြိမ်းချမ်းရေးစကားနဲ.မျှော်လင့်ချက်ပေးထားပြီးအနောက်ကနေဗမာစစ်တပ်ကအင်းအားဖြည့်လို.ရအောင်အချိန်ယူလိုက်တာပါ၊အာရုံပြောင်းလိုက်တာပါ၊

နောက်အခါမှာလည်း စစ်အာဏာရှင်ကဒီလိုနဲ.ဘဲပြည်သူလူထုကိုထပ်ပြီးသတ်နေဦးမှာဘဲ၊မယ...
ုံရင်စောင့်ကြည့်ပါ၊ မတရားလုပ်သည့်လူတွေကိုအရေးယူမှုမရှိ၊အကာအကွယ်ပေးနေသမျှကာလပတ်လုံး ဒီတိုင်းပြည်ကမတရားမှုသင်ပေးသည့်တက္ကသိုလ်ကြီးတစ်ခုလိုဖြစ်နေပြီ၊ဗမာပြည်မှာမတရားလုပ်လာခဲ့သည့်စစ်အစိုးရအဆက်ဆက်ကအရာရှိစစ်ဗိုလ်တွေကိုတစ်ခါမှအရေးယူခံရမှုမရှိခဲ့သည့်သမိုင်းဟာထူးဆန်တယ်၊သူတို.အချင်းချင်းအာဏာလု၊အာဏာပြိုင်တာကလွဲရင်ပေါ့၊ နေဝင်ကသန်းရွှေနှိပ်စက်လို.၊သန်းရွှေကဒီအတိုင်ဘဲကျန်နေတုန်း၊ခင်ညွန်.ကလည်းသန်းရွှေနှိပ်စက်လို.ခံရတာပါ၊ပြည်သူအပေါ်ရာဇာဝတ်မှုကျူးလွန်ခဲ့သည့်ဟာတွေ၊တိုင်းရင်းသားပြည်သူအပေါ်ကျူးလွန်ခဲ့သည့်လူသားမဆန်သည့်ရာဇာဝတ်မှုကိုအခုအချိန်အထိအရေးယူမှုမရှိသေးပါ။

လူသားအချင်းချင်းအရေးယူလို.မရရင်၊ဥပဒေကိုယ်ကမတရားဖြစ်နေတော့ဥပဒေအရအေ၇းယူလို.မဖြစ်သည့်အခြေအနေမှာမတရားမှုကျူးလွန်သည့်အကြမ်းသမားဂိုဏ်းကြီးအုပ်စုတွေကိုငလျင်လှုပ်၍ပင်အားလုံးသေစေလို.ဘဲဆုတောင်းရမှာပါ။ မတရားမှုအားလုံးမှကင်းလွတ်ကြပါစေ။

Tuesday, December 4, 2012

စုံစမ်းရေးကော်မရှင်မှစဉ်းစားရမည့်အချက်များ

တိုင်းရင်းသားအသံ

 

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းဆန္ဒပြသူများကိုလူမဆန်စွာဖြိုခွင်းခဲ့မှုနဲ.ပတ်သက်၍စုံစမ်းစစ်ဆေးရေးမလုပ်ခင်အောက်ပါအချက်များကိုသေသေချာချာအရင်လေ့လာဖို.လိုတယ်၊


(၁)စစ်အာဏာရှင်၏အကြွင်းအကျန်များအားလုံးပူးပေါင်းလုပ်ဆောင်ချက်လား?
(၂)စစ်အာဏာရှင်တစ်ချို.နဲ.ခရိုနီများပူးပေါင်းလုပ်ဆောင်ချက်လား?
(၃)အာဏာရှင်စနစ်ယုံကြည်သူများ၏အင်းအားနဲ.ဒီမိုကရေစီစနစ်ယုံကြည်သူများ၏အင်းအားအကြားအားပြိုင်မှုတစ်ခုလား?
(၄)အငြိမ်းစားစစ်ဗိုလ်အာဏာရှင်ဟောင်များ၏အပေါင်းအပါးနဲ.ခရိုနီများပူးပေါင်းလုပ်ဆောင်ချက်လား?
(၅)အခြားသောရည်ရွယ်ချက်တစ်ခုရှိရှိနဲ.လုပ်ဆောင်ချက်လား?ဆိုတာလေ့လာဖို.လိုတယ်၊

လုပ်ဆောင်သင့်သည့်တုံ.ပြန်ချက်များ
(၁)နံပါတ်သစ်ဖြစ်ရင်အပြောင်းအလဲလုပ်နေပါတယ်ဆိုတာလိမ်လည်ရာကျသဖြင့်လူထုအင်းအားဖြင့်စစ်အာဏာရှင်စနစ်ကိုအပြီးသတ်တိုက်ပွဲဝင်ရမည်
(၂)နံပါတ်နှစ်ဖြစ်ရင်စစ်အာဏာရှင်တစ်ချို.ရဲ.နာမည်နှင့်ခရိုနီများနာမည်ကိုထုတ်ပြန်ပြီးပြည်သူလူထုများအားကြေညာပေးရမည်၊လွှတ်တော်ကနေဥပဒေအရအရေးယူရမည်၊
(၃)နံပါတ်သုံးဖြစ်ရင်ဒီမိုကရေစီစနစ်ယုံကြည်သူများ၏အင်းအားကြီးထွားလာအောင်တိုက်ပွဲဝင်ရမည်၊
(၄)နံပါတ်လေဖြစ်ရင်အငြိမ်းစားစစ်ဗိုလ်အဟောင်များကိုအပြီးအပိုင်ရှင်းထုတ်ရမည်၊
(၅)နံပါတ်ငါဖြစ်ရင်ပြဿနာဖြစ်အောင်လှုံ.ဆော်လုပ်ဆောင်သည့်လူကိုအရေးယူရမည်၊အစိုးရကအရေးယူမပေးရင်အစိုးရအဖွဲ.အားလုံးနှုတ်ထွက်ဖို.တောင်းဆိုရမည်။

Saturday, March 24, 2012

တိုင်းရင်းသားအသံ၏စစ်ရေးယုံကြည်ချက်

တိုင်းရင်းသားအသံ
တိုင်းရင်းသားအသံ၏စစ်ရေးယုံကြည်ချက် ရန်သူကိုနိုင်ဖို.ကလက်နက်အင်းအား၊စစ်အင်းအားအပေါ်အများကြီးမူမတည်ဘူး၊ရန်သူကိုနိုင်အောင်သေတဲ့အထိတိုက်ချင်သည့်ဆန္ဒရှိမရှိအပေါ်သာမူတည်တယ်၊ To win the war with the enemy, it does not depend on weaponry and soldiers much. It totally depends on the will to fight until death (တိုင်းရင်းသားအသံ၏စစ်ရေးယုံကြည်ချက်)

Wednesday, March 21, 2012

အထက်နှင့် အောက်ပိုင်းသား တန်းတူရေး ဆိတ်သုဉ်းနေခြင်း။

တိုင်းရင်းသားအသံ
အထက်နှင့် အောက်ပိုင်းသား တန်းတူရေး ဆိတ်သုဉ်းနေခြင်း။ 

အပါးဟောင်းမွန်။ မတ် ၁၅၊ ၂၀၁၂ 
 အောင်နိုင်ရေး၊ တန်တူရေး ရဖို့အတွက် စစ်အုပ်ချုပ်ရေး ဥပဒေကို အင်တိုက်အားတိုက်ဖြင့် ဆန့်ကျင် တိုက်နေမယ့်အစား၊ တပ်ထဲက ရှင်ဘုရင် တိုင်းမှူးအချင်းချင်းကြား သဘောထား မတိုက်ဆိုင်တာတွေ၊ မြန်မာပြည်အောက်ပိုင်းနှင့် အထက်ပိုင်းသား အာဏာခွဲဝေမှု အဆင့်ချင်း မတူညီတာတွေကို လေ့လာသင့်ပြီး ဘယ်သူက မှား/မှန် တယ်ဆိုတာ ထောက်ပြသွားဖို့ အချိန်တန်နေပြီ။ အာဏာခွဲဝေမှုနဲ့ ပတ်သက်ပြီး တပ်မတော်ထဲမှာဆိုရင် မြန်မာပြည်အောက်ပိုင်းသားနဲ့ အထက်ပိုင်းသား အခွင့်အရေး မတူညီတာတွေ ရှိနေနိုင်တယ်ဆိုတာ ငြင်းပယ်လို့ မရပါဘူး။ ဗိုလ်နေဝင်းနဲ့ ဗိုလ်သန်းရွှေတို့လို အာဏာသိမ်း စစ်ခေါင်းဆောင်တွေကတော့ သက်ဦးဆံပိုင်စနစ်လို နိုင်ငံကို အုပ်ချုပ်ခဲ့တယ်။ တပည့်ရင်းကို မြေတောင်မြှောက်ပြီး အနေဝေးနေတဲ့ သူကိုတော့ ထိပ်ပိုင်းနေရာထဲ မရောက်နိုင်အောင် နည်းပရိယာယ် အမျိုးမျိုးနဲ့ နှိပ်ကွပ်ဖုံးကွယ်ခဲ့တယ်။ အဖေက ဘုရင်ဆိုရင် သားက ဘုရင်ပဲ။ ဒီအချက်ကို ကြည့်ချင်းအားဖြင့် ဗိုလ်သန်းရွှေ တပည့်ရင်း ဗိုလ်ချုပ်မင်းအောင်လှိုင် ကာကွယ်ရေး စစ်ဦးစီးချုပ် ဖြစ်လာတာဟာ အဆန်းတော့ မဟုတ်ပါဘူး။ ဗိုလ်ချုပ်မင်းအောင်လှိုင်ထက် အုပ်ချုပ်ရေးပိုင်းမှာ အတွေ့အကြုံ ကြွယ်ဝပြီး အရည်ချင်းရှိတဲ့ စစ်ဗိုလ်ချုပ်တွေကို ကိုယ်ချင်းစာမိတာ အမှန်ပါ။ တန်းတူရေး ဆိတ်သုဉ်းနေတဲ့ အခြေခံ ဥပဒေကြောင့် ပြည်သူလူထုတွေ အခက်ကြုံနေရတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာဟာ ဒေသစွဲ ပြဿနာ၊ ဆရာစွဲ တပည့်စွဲ ပြဿနာပါပဲ။ ဒီအကြောင်းတွေဟာ တပ်မတော်ထဲက ဝန်ထမ်းတွေ ဒေသအကန့်အသတ်ကြောင့် ရာထူး မတက်နိုင်တဲ့ ဝန်ထမ်းကောင်းတိုင်း ပိုနားလည်မှာပါ။ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေဟာ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး သူကိုယ်တိုင် ပြဌာန်းခဲ့တဲ့လမ်းစဉ်နဲ့ ဆန့်ကျင်ဖက် ဖြစ်နေပြီ။ ဆရာစွဲ ဒေသစွဲ ဂိုဏ်းဂနစွဲတဲ့ လူ တစုကြောင့် သူ့ကို လုပ်ကြံခဲ့ရုံမျှမက သူ့ဆွေမျိုး သူ့သမီး နောက်ဆုံး သူ့လမ်းစဉ်ကို ထောက်ခံနေတဲ့ ပြည်သူလူထုတောင် အဆန့်ကျင်ခံ လာရတယ်။ ရာထူးသာရှိ အာဏာမရှိတဲ့ ဗိုလ်ချုပ်တွေ ကြတော့ ပြည်သူလူထုအတွက် ထုတ်ဖေါ်ပြောဆိုခွင့် မရှိခဲ့ပါဘူး။ နိုင်ငံရေး လှုပ်ရှားမှုပိုင်းမှာ (libreralism) ကဲ့သို့ မျှတတဲ့ မူဝါဒကို ခံယူဖေါ်ထုတ်ချင်ပေမဲ့ အခွင့်မသာလို့ လုပ်ခွင့်မရတဲ့ ဗိုလ်ချုပ်တွေ အများကြီး ရှိနေနိုင်ပါတယ်။ မြန်မာပြည်တွင် ဘယ်သမတပဲ တက်တက် ဘယ်လိုဖွဲ့စည်းပုံ အခြေခံဉပဒေပဲ ပြောင်းလဲနေပါစေ တပ်မတော်ရဲ့ ထိပ်တန်းခေါင်းဆောင် အချင်းချင်းကြား ပုဂ္ဂိုလ်ရေးစွဲ၊ ဆရာစွဲ၊ တပည့်စွဲ၊ ဒေသစွဲတဲ့ လမ်းစဉ်ကို ခံယူထားနေသရွေ့တော့ ယုံကြည်စိတ်ချရတဲ့ အခြေခံ ဥပဒေတရပ် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီပြဿနာတွေ ရှိနေသရွေ့တော့ လာဘ်စားမှု (corruption) ပြဿနာဆိုတာ ရှိနေဦးမှာပဲ။ အာဏာသိမ်းမှုတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်။ ဗိုလ်သန်းရွှေရဲ့ လက်ဝဲဖက် လူယုံတော် ဗိုလ်ရွှေမန်း ယခုလွှတ်တော် ဥက္ကဌဟာ တချိန်က ရွှေတြိဂံ နယ်မြေက တရားမဝင် မူးယစ်ဆေးဝါ ရောင်းဝယ်မှုနဲ့ ဆက်စပ်နေခဲ့ပါတယ်။ လောစဝ်ဟန်ရဲ့ ဘိန်းနောက်ခံနဲ့ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ရွှေမန်းတို့ကို ဟောင်ကောင် F.W.I.F.T ကတဆင့် တနှစ်ကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် Bank of China (အစိုးရပိုင်) သို့ လွှဲပြောင်းပေးပို့ခဲ့တယ်လို့ စိန်လွင်ရဲ့ ‘သမိုင်းဘီးနစ်ခဲ့သူများ ဆောင်းပါးမှာ ဖေါ်ပြထားတယ်။ ဒီလို အကျင့်ပျက်နေတဲ့ ပုဂ္ဂိုလ်တယောက်ဟာ ယခု လွှတ်တော် ဥက္ကဌနေရာမှာ တာဝန်ရယူပိုင်ခွင့် ရှိနေခဲ့ပါတယ်။ သမတနေရာမှာ ရယူနိုင်ဖို့ အလားအလာ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နိုင်ငံတော် သမတအဖြစ် ဝင်ရောက် မယှဉ်ပြိုင်နိုင်ဖို့ တားမြစ်ထားတဲ့ ဥပဒေပြဌာန်းချက်မှာ ရှိနေပါသေးတယ်ဆိုရင် ဒီနေရာကို စစ်တပ်တွေထက် ပိုထိုက်သန်တဲ့လူ မရှိတော့ဘူးလား မေးခွန်းထုတ်ရတော့မယ်။ တပြည်လုံး အတိုင်းတာဖြင့် လေးစားခြင်း ခံရတဲ့ပုဂ္ဂိုလ် လူထုစိန်ဝင်းတို့လိုကော အရေးမပါတော့ဘူးလား။ မြန်မာပြည်အောက်ပိုင်းသားနဲ့ တိုင်းရင်းသားတွေ လေးစားရတဲ့ ဗိုလ်ချုပ်ဟောင်း ဦးခင်ညွန့်ကိုရော နိုင်ငံရေး အသိုင်းအဝိုင်းထဲ ပြန်မရောက်နိုင်တော့ဘူးလား၊ ဒါတွေကို ထည့်စဉ်းစားပေးဖို့ လိုတယ်။ ဦးခင်ညွန့်က အောက်ပိုင်းသား ဖြစ်နေလို့ သူ့ကို အားပေးထောက်ခံနေတာ မဟုတ်ဘူး။ ဥပဒေရဲ့ ပြဌာန်းချက်အောက်မှာ မြန်မာပြည် အထက်ပိုင်းသားနဲ့ အောက်ပိုင်းသား တသားတည်း ရှိနေသင့်တယ်ဆိုတာ ယုံကြည်ခြင်း ဖြစ်တယ်။ အထက်ပိုင်းသားရဲ့ အပြစ်ကို ခွင့်လွှတ်နိုင်ရင် အပြစ်မရှိတဲ့ အောက်ပိုင်းသားကို အပြစ်ဖြစ်အောင် မကြံဖန်သင့်ဘူးလို့ ထင်တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ရေစီးကြောင်း တပ်မတော် ရေစီးကြောင်းဟာ အထက်မြန်မာပြည်သား အများစုကသာ ကြီးစိုးလွှမ်းမိုးနေခဲ့တယ်။ မြန်မာပြည်ရဲ့ အခြေခံဥပဒေဟာ ဖက်ဒရယ်ပြည်ထောင်စုစနစ်သို့ ရှေ့ရှုတဲ့ နိုင်ငံရေးစနစ်ကို ကျင့်သုံးနိုင်ဖို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ လိုအပ်နေသလို အထက်ပိုင်းသားနဲ့ အောက်ပိုင်းသားကြား တန်းတူတဲ့ အခွင့်ရေး ရရှိဖို့ လိုအပ်နေပါတယ်။ တင်းကျပ်တဲ့ စစ်အာဏာရှင်ပီပီ တိုင်းပြည်ကို အနှစ် (၅၀) ကျော်တိုင်အောင် အထက်ပိုင်း အစိုးရကသာ အုပ်ချုပ်ခဲ့ပါပြီ။ အထက်ပိုင်းအစိုးရသည် ‘စစ်မှန်သော ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး’’ ဟူသည့် မူတရပ်ကို အတိအလင်း ကြေညာထားသော်လည်း ချမှတ်ပြီး ကျင့်သုံးနေသော မူများသည့် တန်းတူရေး ဆိတ်သုဉ်းနေပါတယ်။ ထိုကိစ္စသည် အနာဂတ်တွင် အငြင်းဖွယ်စရာ ကိစ္စဖြစ်နေတယ်။ အချုပ်အခြာအာဏာသည် လူထုထံမှ ဆင်းသက်ရမည်ဟု လက်ခံထားလျှင် အဘယ်ကြောင့် ပြည်သူလူထု ဆန္ဒအစစ်အမှန်နှင့် တန်းတူရေး အစစ်အမှန်ကို ငြင်းပယ်နေရပါသနည်း။ မြန်မာပြည် အထက်ပိုင်းသားနှင့် အောက်ပိုင်းသားကို အဘယ်ကြောင့် သွေးခွဲပြီး အုပ်ချုပ်နေပါသနည်း။ အထက်ပိုင်းသား အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တယား အဓိကနေရာများမှာ အောက်ပိုင်းသား အများစုက နေရာ မရကြပါဘူး။ ဒီကိစ္စရဲ့ အလားအလာ ဘယ်လိုရှိလာမလဲ ဆိုတာ ဘယ်သူမှ အမှန်တကယ် မခန့်မှန်းနိုင်ပါဘူး။ တကယ်တော့ အထက်ပိုင်းသားကသာ မြန်မာနိုင်ငံကို အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ တန်းတူရေး ဖြစ်မလာမချင်း ဒီအတိုင်းပဲ နောက်နောင် ကာလကြာရှည်တဲ့အထိ သူတို့ပဲ ဆက်အုပ်ချုပ်နေမယ်လို့ ယူဆရပါတယ်။ စစ်တပ်အာဏာကို မြန်မာပြည် အထက်ပိုင်းသားတွေ ကြာကြာဆက်ကိုင်ထားလေလေ နိုင်ငံကို ကြီးပွားတိုးတက် ငြိမ်းချမ်းမှု နှောင့်နှေးနေ လေလေပဲ။ တိုင်းရင်းသား လူမျိုးစုတွေအဖို့ (သို့မဟုတ်) အောက်မြန်မာပြည်သားတွေအတွက် တန်းတူရေး ဆိတ်သုဉ်းနေခြင်းဘဝမှာ မွန်းကျပ် ဖိနှိပ်ခံရမှုနဲ့ ကြာရှည်နေဉီးမှာပဲ။ မှတ်ချက်။ ။ (ဤ အမြင်ဆောင်းပါးသည် ရေးသူ၏ အမြင်သက်သက်သာ ဖြစ်ပါသည်။ “ကောင်းဝါ” ၏ သဘောထားအမြင်ကို ကိုယ်စားပြုခြင်း မရှိပါ။)

Friday, March 16, 2012

ကချင်ပြည်သူတွေရဲ.မဟာဓမ္မသေနင်္ဂ(တရားသည့်စစ်ပွဲကြီး)

တိုင်းရင်းသားအသံ
 ကချင်ပြည်သူတွေရဲ.မဟာဓမ္မသေနင်္ဂ(တရားသည့်စစ်ပွဲကြီး) 

ကချင်လူမျိုးတွေတိုက်နေသည့်စစ်ပွဲဟာခုခံစစ်ဖြစ်တာကြောင့်တရားသည့်စစ်ပွဲဖြစ်သည်၊ကချင်ပြည်ကိုဗမာစစ်တပ်ကကျူးကျော်ဝင်ရောက်တိုက်ခိုက်လာပြီးပြည်သူများကိုသတ်ဖြတ်သည့်ဟာကိုခုခံပေးသည့်အတွက်ကြောင့်မဟာဓမ္မသေနင်္ဂ(တရားသည့်စစ်ပွဲကြီး)လို.တိုင်းရင်းသားအသံမြင်တယ်၊

Thursday, March 8, 2012

သစ္စာမဲ့သည့်ဗမာစစ်ခေါင်းဆောင်များ၊ဗမာ့တပ်မတော်နဲ.ကချင်အရေး

တိုင်းရင်းသားအသံ
သစ္စာမဲ့သည့်ဗမာစစ်ခေါင်းဆောင်များ၊ဗမာ့တပ်မတော်နဲ.ကချင်အရေး 

( ဗမာစစ်ခေါင်းဆောင်များသည်လူလိမ်ခေါင်းဆောင်များဖြစ်သည်၊ဗမာ့တပ်မတော်ဟာသစ္စာမဲ့သည့်တပ်မတော်ဖြစ်သည်)

လူထုတိုက်ပွဲနဲ.လက်နက်ကိုင်တိုက်ပွဲပေါင်းစပ်ပြီးတိုက်မှသာလျှင်ဗမာပြည်မှာစစ်မှန်သောဒီမိုကရေစီစနစ်ပေါ်လာနိုင်မည်၊ရွေးကောက်ပွဲနည်းလမ်းဖြင့်ဗမာပြည်ဒီမိုကရေစီမရနိုင်၊ ချင်၊မွန်၊ကရင်၊ကရင်နီ၊သျှမ်း၊တပ်မတော်တွေငြိမ်းချမ်းရေးယူထားပြီးနောက်ဗမာစစ်တပ်ကကချင်ပြည်နယ်မှာ
တပ်ရင်းပေါင်းများစွာတိုးချဲ.ပို.လိုက်သည်၊ဒါတွေကို၊မဟာမိတ်တပ်များကဆက်လက်လက်ပိုက်ကြည့်နေကြမည်
ဆိုရင်သမိုင်းကရိုင်းလွန်ပါလိမ့်မည်၊ကချင်ကိုဖိပြားသွားအောင်ထိုးပြီးလျှင်သျှမ်းစသည့်အခြားတစ်ဖွဲ.ဖွဲ.သို.အ
လှည့်ရောက်ပါလိမ့်မည်၊ဗမာစစ်တပ်ဟာသစ္စာမဲ့သည့်တပ်မတော်၊ဗမာစစ်ခေါင်းဆောင်ဆိုတာသစ္စာဖောက်
သည့်လူလိမ်ခေါင်းဆောင်များဖြစ်တယ်ဆိုတာမမေ့ကြပါနဲ.၊

အင်္ဂလိပ်နဲ.ပေါင်းပြီးဂျပန်ကိုတိုက်ထုတ်ခဲ့သလို
ဂျပန်နဲ.ပေါင်းပြီးအင်္ဂလိပ်ကိုတိုက်ထုတ်ခဲ့ပြန်သည်၊တိုင်းရင်းသားလူမျိုးစုများနဲ.ပေါင်းပြီးလွတ်လပ်ရေးကို
အရယူခဲ့သည်၊လွတ်လပ်ရေးရပြီးနောက်တန်းတူရည်တူအခွင့်အရေးအတွက်တောင်းဆိုခဲ့သည့်လူမျိုးစုများကို
ထိုးစစ်ဆင်တိုက်ခိုက်ပြန်သည်၊ဤကဲ့သို.၊ရိုင်းစိုင်းသည့်သစ္စာမဲ့သည့်စစ်ခေါင်းဆောင်များနဲ.တပ်မတော်ဟာကမ္ဘာ
မှာမရှိသလောက်ဖြစ်သည်၊ဒါကြောင့်၊ဗမာစစ်ခေါင်းဆောင်များသည်လူလိမ်ခေါင်းဆောင်များဖြစ်သည်၊ဗမာ့တပ်
မတော်ဟာသစ္စာမဲ့သည့်တပ်မတော်ဖြစ်သည်၊
လောလောဆယ်အခြေအနေအရ၊ထိပ်ပြောသိန်းစိန်းစကားကို
နာယောင်ပြီးယုံကြည်နေသူများရှိနေကြသည်၊သိန်းစိန်းဟာစစ်အုပ်ချုပ်မှုစနစ်ကိုရေရှည်အကာအကွယ်ပေးဖို.
အကောင်းဆုံးသရုပ်ဆောင်ဇာတ်လိုက်မင်းသားတစ်ယောက်ဖြစ်တယ်ဆိုတာမုချမှန်ကန်သည်၊သူ.အပြောနဲ.
သူ.အလုပ်မညီသည့်အချက်ပေါင်းများစွာကိုတစ်ခုပြီးတစ်ခုပေါ်လာနေပြီဖြစ်သည်၊မရိုသားသည့်နည်းလမ်း
များဖြင့်လုပ်ဆောင်နေတာတွေကိုလည်းပေါ်လာပါလိမ့်မည်။ထို.ကြောင့်၊လူထုတိုက်ပွဲနဲ.လက်နက်ကိုင်တိုက်ပွဲပေါင်းစပ်ပြီးတိုက်မှသာလျှင်ဗမာပြည်မှာစစ်မှန်သောဒီမိုကရေစီစနစ်ပေါ်လာနိုင်မည်၊ရွေးကောက်ပွဲနည်းလမ်းဖြင့်ဗမာပြည်ဒီမိုကရေစီမရနိုင်

Thursday, March 1, 2012

ဗမာတွေ သိကြပါစေ

တိုင်းရင်းသားအသံ

ဗမာတွေ သိကြပါစေ 

ဗမာအပါအ၀င် ကျန်တဲ့ ကချင်၊ကရင်၊ရခိုင်၊ရှမ်း၊မွန်၊ချင်း၊ကယား ဒီလူမျိုးတွေက ဘာကြောင့် အင်္ဂလိပ်လက်အောက် ဂျပန်လက်အောက်ကို ရောက်နေစဉ်တုန်းက ဘာကြောင့် လက်နက်စွဲကိုင်တော်လှန်ခဲ့ကြသလဲ။အဖြေက ရှင်းပါတယ်။သူတို့တွေရဲ့ ကံကြမ္မာကို သူတို့လူမျိုးတွေကိုယ်တိုင် သူတို့ဘိုးဘွားတွေပိုင်တဲ့ နယ်မြေဒေသတွေကို စီမံကွပ်ကဲ အုပ်ချုပ်ချင်လို့ပဲ။သူများစီမံ အုပ်ချုပ်တာကို မလိုချင်လို့ မခံနိုင်လို့ အင်မတန်အင်အားကြီးတဲ့ နယ်ချဲ့ကျူးကျော်သူတွေကိုတောင် သူတို့ပိုင်တဲ့ မြေပေါ်မှ ခိုင်မာသောစိတ်ဓာတ်၊သူ့ကျွန်မခံနိုင်သော မျိုးချစ်စိတ်ဓာတ်အပြည့်ဖြင့် တော်လှန်မောင်းထုတ်ခဲ့ကြတာပဲ မဟုတ်လား။အဲလို ကိုယ့်ယုံကြည်ချက်တွေနဲ့ ခိုင်မာသောယုံကြည်ချက် ကတိက၀ပ်တွေနဲ့ နားလည်မှုအပြည့်နဲ့ အတူတကွ လက်တွဲပြီး ကျူးကျော်လာသူ နယ်ချဲ့တွေကို မောင်းထုတ်ခဲ့လို့ လွှတ်လပ်ရေးဆိုတဲ့ စကားလုးံကို ပိုင်ဆိုင်လာခဲ့ကြတယ်။ရှေးအတိတ်သမိုင်းက ဘာတွေ ဖြစ်ခဲ့ ဖြစ်ခဲ့ နားလည်မှုယုံကြည်မှုတွေဆောက်တည်ပြီး အတိတ်အာဃာတတွေကို ဘေးချိတ်ပြီးတော့ လွှတ်လပ်ရေးဆိုတာကြီးကို အရယူခဲ့ကြတယ်။အင်း..အဲဒီလွှတ်လပ်ရေးဆိုတဲ့ ရလာကတည်းက တိုင်းပြည်ကို အုပ်ချုပ်လာခဲ့ကြတာ အခုချိန်ထိ ဗမာလူမျိုးမှ တစ်ပါး တစ်ခြားမရှိခဲ့ပါ။အဲလို အုပ်ချုပ်လာတဲ့တစ်လျှောက်မှာလည်း သူတို့နဲ့အတူတကွ လက်တွဲပြီး နယ်ချဲ့တွေကို တော်လှန်မောင်းထုတ်ခဲ့တဲ့ ဗမာမဟုတ်သော လူမျိုးတွေကို မတရားနှိပ်စက်၊တိုက်ခိုက်၊ရွာတွေကို မီးရှို့ဖျက်စီး၊သမီးပျိုများသာမဟုတ် အိမ်ထောင်ရှိအမျိုးသမီးများပါမကျန် ခြေတော်တင် မုဒိန်းကျင့်၊Genocide (လူမျိုးပြုန်းသတ်ဖြတ်မှု)များ ပြုလုပ်၊မတရား အခွန်တွေကောက်၊၄င်းဒေသတွေမှ ထွက်တဲ့ သစ်သီးဝလံမှ အစ သံယံဇာတ အဆုးံ မတရားသိမ်း အဲလိုမျိုးတွေ လုပ်လာခဲ့တာနှုစ်ပေါင်း ၆၉ နှစ်ကျော် ကြာလှပြီပေါ့။ဗမာမဟုတ်တဲ့ လူမျိုးတွေက ဗမာကို ခါးသီးမုန်းတီးစိတ်ဖြစ်ပေါ်နေတာဟာ ဗမာတွေရဲ့ လူမဆန်တဲ့လုပ်ရပ်နဲ့ ကတိမတည် သစ္စာဖောက်မှုတွေကြောင့်ပဲ ဆိုတာ အထင်အရှားပါ။ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးလို့ တီဗွီ သတင်းစာတွေမှာ ဘယ်လောက်ပဲ ပြပြ ဗွီဒီယိုကားတွေ ဘယ်လောက်ပဲ ရိုက်ပြ ရိုက်ပြ ရာထူးရာခံ အဆင့်အတန်းတွေကို ကြည့်လိုက်တာနဲ့ သိသာလွန်းနေပါတယ်။ဌါနဆိုင်ရာတစ်ခု၏ အကြီးအကဲ တစ်ယောက်ကို ဗမာမဟုတ်သော လူမျိုး တိုင်းရင်းသား တစ်ယောက်ဖြစ်နေမလားဆိုပြီး လေ့လာကြည့်မိတဲ့အခါတိုင်း ရင်မောရပေါ့။ဌါနတိုင်းလိုလို ဗမာတွေကပဲ နေရာယူ အမိန့်ပေး စေခိုင်းနေတာတွေပဲတွေ့နေရတော့ ပြည်ထောင်စုဆိုတဲ့ အာဘောင်ရင်းသန်သန် လူကြားကောင်းအောင် ပြောနေတာတွေဟာ အဖိနှိပ်ခံလူမျိုးတွေအဖို့ ပျက်လုးံတစ်ခုကို ကြားနေရသလိုပင်။အဆိုးဆုးံက ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် တောင်းဆိုနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းကိုတောင် သူတို့အရိုးနဲ့ သူတို့ကို ပြန်ထိုးခိုင်းပြီး နည်းအမျိုးမျိုးနဲ့ ချော့ခါတစ်လှည့် ခြောက်ခါတစ်လှည့် ချေမှုန်းနေခြင်းပင် ဖြစ်သည်။ဂျပန်တို့ အင်္ဂလိပ်တို့ထက် ရက်စက်ကောက်ကျစ်သော နည်းဗျူဟာပင် ဖြစ်သည်။အချင်းချင်း ရန်တိုက်ပေး၊မတွေ့အောင် လုပ်၊အချင်းချင်း ရန်စောင်နေတဲ့ အချိန် ကြားက ၀င်ဖြိုခွဲ ဒီလိုမျိုး သတ်လျှိုလုပ်နေတာဟာ ဗမာအာဏာပိုင်တို့၏ ကောက်ကျစ်စဉ်းလဲတဲ့ နည်းတွေထဲက အကြံအစည်တစ်ခုပင်ဖြစ်သည်။ပြည်ထောင်စုဆိုတဲ့စကားလှလှလေးတွေအောက်မှာ ဗမာမဟုတ်တဲ့လူမျိုးတွေ ခါးစည်းခံနေရတာ ဗမာအာဏာပိုင်တွေ ကျူးကျော်စော်ကားသမျှ ရေနှုံငုတ်ပိတ်နေနေရတာတွေဟာ ဗမာနဲ့ ပူးပေါင်းပြီး ယုံကြည်နားလည်မှုတည်ဆောင်ခဲ့တဲ့ ပင်လုံစာချုပ်၏ အကျိုးရလဒ်ပင် ဖြစ်သည်ဟု ဆိုပါက မှားမည်မထင်ပါ။သူတို့ကိုယ်တိုင်ပဲ ပင်လုံကို ဦးတည် သူတို့ကိုယ်တိုင်ပဲ ဖျက်စီးပြီး လက်ဝါးကြီးအုပ် လက်နက်အားကိုးဖြင့် ဗိုလ်ကျစိုးမိုးနေခြင်းပင်ဖြစ်သည်။တနည်းအားဖြင့် ဗမာက တိုင်းရင်းသားတွေကို ကျွန်ပုန်းကိုလိုနီ(hidden colony)ပြုလုပ်လိုက်ခြင်းပင် ဖြစ်သည်။ပြည်ထောင်စုလို့အမည်တပ်ထားတဲ့ မြန်မာနိုင်ငံက အစိုးရ စာသင်ကျောင်းတွေမှာ ကျောင်းတက်ခေါင်းလောင်းထိုးတာနဲ့ နိုင်ငံတော်သီချင်းဆိုရတယ်။”ကမ္ဘာမကျေ ဗမာပြည် တို့ဘိုးဘွားအမွေစစ်မို့ တို့ချစ်မြတ်နိုးပေ”ဆိုတဲ့ စာသားတွေပါဝင်တဲ့ နိုင်ငံတော်သီချင်းကြီးက ပြည်ထောင်စုတစ်ခုလုးံရဲ့ နိုင်ငံတော်သီချင်းကြီးတဲ့လေ။ကချင်၊ကရင်၊ရခိုင်၊ချင်း၊ကယား၊မွန်၊ရှမ်း အဲဒီလူမျိုးအားလုးံကို ဗမာအဖြစ်ပြောင်းပလိုက်ပြီး ဗမာလူမျိုးမဟုတ်တဲ့လူမျိုးတွေကို ပြည်ထောင်စုသီချင်းပါဆိုပြီး ဆိုခိုင်းနေတာဟာ မောင်ဖြူ ကိုမောင်မည်းလို့ အတင်းလုပ်ပလိုက်တာနဲ့ အတူတူပဲ။။မြန်မာရိုးရာ ယဉ်ကျေးမှုလို့အမည်တပ်ထားပြီး ဗမာတွေက ကချင်အ၀တ်အစားတွေဝတ် ရှမ်းအ၀တ်အစားတွေဝတ် ရခိုင်အ၀တ်အစားတွေဝတ် ဗမာသီချင်းဆိုပြီး ကပြနေတာတွေက မြန်မာ့ရိုးရားယဉ်ကျေးမှုတဲ့လားဗျာ။ဗမာဆိုတဲ့ နာမည်ကို မြန်မာဆိုပြီး ပြောင်းပလိုက်ရုံနဲ့ ဗမာပြည်ကကနေ မြန်မာနိုင်ငံလို့ ပြောင်းခေါ်လိုက်ရုံနဲ့ ပြည်ထောင်စုအစစ် ဖြစ်မသွားပါဘူး။ပြည်ထောင်စုကို ဦးတည်နေလား။တစ်ပြည်ထောင်စနစ်ကို ဦးတည်နေလားဆိုတာက အသိသာကြီးပါ။ ဘယ်လူမျိုးမဆို ကိုယ့်စာပေ ယဉ်ကျေးမှုကို တန်ဖိုးထားတတ်ကြပါတယ်။ကိုယ်ဒေသကို ချစ်မြတ်နိုးတတ်ကြပါတယ်။လူသားတိုင်း အတူပဲ။ဗမာလည်း ကိုယ်ပြည်ကို ကိုယ်ချစ်လို့ သူများလက်အောက်သူများအုပ်ချုပ်မှုအောက် မှာ မနေချင်လို့တော်လှန် တိုက်ထုတ်ခဲ့ကြတာပဲ မဟုတ်လား။ဗမာလူမျိုးနည်းတူ ကျန်တဲ့လူမျိုးတွေရဲ့စိတ်ထဲမှာလည်း ဒီလိုမျိုး စိတ်ဓာတ်မျိုးရှိမယ်ဆိုတာကို တွေးကြည့်စရာတောင် မလိုပဲ သိနိုင်ပါတယ်။ဗမာစာ ဗမာသမိုင်းကို တစ်ခြားတိုင်းရင်းသားလူမျိုးတွေကပဲ သင်ယူရမယ်။သူတို့စာပေ သမိုင်းကို သင်ခွင့်မပေးဘူး။သူတို့စာပေ သမိုင်းကို သူတို့သိလို့ မျိုးချစ်စိတ်တွေ ၀င်လာရင် ဗမာကို တော်လှန်လာမယ်ဆိုပြီး အတွေးမှားနေလို့ကတော့ အစစ်အမှန် ပြည်ထောင်စုဆိုတာကြီးတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။တစ်လောက သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။ပြည်သူလွှတ်တော်တွင် ကြံ့ခိုင်ဖွံဖြိုးရေးပါတီအမတ်တစ်ယောက်က ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ အမတ်တွေကို တစ်ယောက်တင်ပြလာလည်း ရခိုင်ကထွက်တဲ့ဂစ်ဖြင့် ရခိုင်ပြည်ကို မီးလင်းအောင်လုပ်ပေးပါ နောက်တစ်ယောက်လာလည်း မီးလင်းအောင် လုပ်ပေးပါလို့ တောင်းနေကြတာပဲတဲ့လေ။အဲလို ပြစ်ပြစ်ခါခါ မိုက်ရိုင်းစွာ ပြောဆိုခဲ့တယ်။သူ့ဘက်ကိုယ့်ဘက် မကြည့်ပဲ စဉ်းစားကြည့်စမ်းပါဗျာ။ရခိုင်က ထွက်တဲ့ဂစ်နဲ့ ရခိုင်ကို မီးလင်းလာအောင်လုပ်ပေးပါလို့ တောင်းဆိုတာကို အပြစ်လို့မြင်နေရင် ဗမာပြည်ကထွက်တဲ့ဆန်စပါးတွေနဲ့ ရခိုင်ဂီရီ ဒုက္ခသည်တွေကို ကူညီပါလို့ တောင်းဆိုခဲ့မယ်ဆိုရင် ထတောင် သတ်မလားမသိဘူး။ရခိုင်လူမျိုးတို့ပိုင်တဲ့ဒေသက ထွက်တဲ့သံယံဇာတကို အထိုက်အလျောက်လုပ်ပေးဖို့တောင်းဆိုနေတာကိုတောင် လူမျိုးစွဲရှိတယ်။ဒေသစွဲရှိတယ် ဆိုပြီး ရသမျှသံယံဇာတ အကုန် ဗမာပြည်သို့ယူဆောင်နေတာဟာ တော်တော်ကိုအရုပ်ဆိုးလွန်းပါတယ်။အင်္ဂလိပ်တွေ အုပ်ချုပ်တုန်းက ဆီပေးရင် ဆန်ရတယ်လို့ ကြားဖူးတယ်။ဗမာ့အုပ်ချုပ်မှုလက်အောက်မှာ ဆီပေးလည်း ဆန်မရသေးတဲ့အပြင် အရိုက်တောင် ခံရသေးတယ်။မိအေး နှစ်ခါနာ ဆိုသလို မျိုးပေါ့။ပြည်ထောင်စုဆိုတဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီးမှာ နိုင်ငံတော်သမ္မတ၊လွှတ်တော်ဥက္ကဌ၊စစ်ဦးစီးချုပ် ကအစ အဓိက ပင်မအရေးကြီးတဲ့နေရာတွေ၊ရာထူးကြီးကြီးတွေမှာ အားလုးံ ဗမာလူမျိုးတွေချည်းပဲ။ဗမာမဟုတ်တဲ့ ကချင်၊ကရင်၊ရခိုင်၊ရှမ်း၊ကယား၊ချင်း၊မွန် တွေက ဘာဖြစ်လို့ ကိုယ်ပိုင်အုပ်ချုပ်ရေးပဲ တွင်တွင်ခါ တောင်းနေကြလဲဆိုတော့ သူတို့ပြည်ကို သူတို့အုပ်ချုပ်ချင်နေကြလို့ပဲ။သူတို့ကံကြမ္မာကိုသူတို့ဖန်တီးချင်ကြလို့ပဲ။ ဗမာလူမျိုးတစ်မျိုးတည်းကသာပြည်ထောင်စု ပြိုကွဲမှာကို စိုးလို့ ပြည်ထောင်စုထဲက ခွဲထွက်ခွင့်မပြုနိုင်ဘူးဆိုပြီး ကန့်လန့် ကန့်လန့် လုပ်နေကြတာ ဘာကြောင့်ပါလဲ။ဗမာလူမျိုးတစ်ခုတည်းကသာ ပြည်ထောင်စုကို ချစ်တတ်တယ်ထင်တယ်။ကျန်တဲ့ လူမျိုးတွေက မချစ်တတ်ဘူးလား။တကယ်တော့ ဗမာတွေက ကိုယ်စီကိုယ်စီ လွတ်လပ်ခွင့်ပေးလိုက်ရင် သူတို့လုပ်သမျှ ဖိနှိပ်လိုသမျှ မရတော့မှာကို စိုးလို့နဲ့တူတယ်။ဗမာတွေတွေးကြည့်ပါ။ဗမာပြည်လို့ခေါ်တဲ့ တိုင်း(၇)တိုင်းကို ဗမာမဟုတ်ပဲ တစ်ခြားလူမျိုးတွေက လာအုပ်ချုပ်နေရင် နှိပ်ကွပ်နေရင် လက်နက်အားကိုးဖြင့် အနိုင်ကျင့်အုပ်ချုပ်နေရင် ကြိုက်ကြမလားဗျာ။ဘယ်သူမဆို ဘယ်လူမျိုးမဆို ဘယ်ကြိုက်ကြပါ့မလဲ။ကိုယ်စားချင်ကြည့်စမ်းကြပါဗျာ။သူတို့လည်း သူတို့ပြည်မှာ သူတို့အစိုးရနဲ့ ဖြစ်ချင်ကြမှာပဲ မြင်ချင်ကြမှာပဲ။အဲဒါကြောင့်လည်း တိုက်ပွဲတွေ ဖြစ်နေတာပေါ့။ခင်ဗျားတို့ အင်္ဂလိပ်၊ဂျပန်ကို မုန်းခဲ့သလိုမျိုး ကျန်တဲ့လူမျိုးတွေလည်း မုန်းတီးနေတယ်ဆိုတာ မမေ့ပါနဲ့။ဗုဒ္ဓဘာသာသဘောအရ ပြောရရင် ၀ဋ်ဆိုတာ လည်တတ်ပါတယ်။ဒါကြောင့် ကိုယ်ချင်းစာ စိတ်ကလေးနဲ့ နားလည်မှုအပြည့်နဲ့ ကိုယ်ထမ်းထားရတာမဟုတ်တဲ့ တာဝန်မယူခိုင်းတဲ့အရာတစ်ခုကို ဘာကြောင့် အမုန်းခံ အသက်တွေအသေခံပြီး ထမ်းထားမှာလဲ။ပေးလိုက်ကြစမ်းပါဗျာ သူတို့တွေ လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊သူတို့တွေ ကံကြမ္မာကို သူတို့တွေ ဖန်တီးကြစမ်းပါစေလား။

(ရွှေမြောက်ဦး)

Wednesday, February 29, 2012

၂၀၀၈ အခြေခံဥပဒေအောက်ကရွေးကောက်ပွဲများနဲ.ငြိမ်းချမ်းရေးပွဲများသည်တိုင်းပြည်နဲ.လူမျိုးစုများအတွက်အဖြေမဟုတ်

တိုင်းရင်းသားအသံ ၂၀၀၈ အခြေခံဥပဒေအောက်ကရွေးကောက်ပွဲများနဲ.ငြိမ်းချမ်းရေးပွဲများသည်တိုင်းပြည်နဲ.လူမျိုးစုများအတွက်အဖြေမဟုတ် 

(၂၀၀၈)ဥပဒေအောက်မှာရွေးကောက်ပွဲနှင့်ငြိမ်းချမ်းရေးပွဲများကတိုင်းပြည်နဲ.လူမျိုးစုများအတွက်အဖြေမဟုတ်
သည့်အပြင်ပြည်တွင်းစစ်မီးကြီးအတွက်အချိန်ယူပြင်ဆင်မှုတစ်ခုသာဖြစ်သည်၊အတုအပများဖြင့်ဖန်းတီးထားတဲ့
အတွက်ကြောင့်ဖြစ်သည်။

Monday, February 20, 2012

ယနေ.အချိန်အခါမှာစကားလေးတိုးတိုးရှင်းရှင်းနဲ.ပဲပြောချင်တယ်၊

တိုင်းရင်းသားအသံ ယနေ.အချိန်အခါမှာစကားလေးတိုးတိုးရှင်းရှင်းနဲ.ပဲပြောချင်တယ်၊ (၁)ဗမာပြည်ရှိသံဃာနာယကအဖွဲ.အစည်းကိုသုသေသနလုပ်ပြီးဘာလဲဘယ်လဲဆိုသည့်မေးခွန်းတွေနဲ.စာတမ်းတစ်ခုထုတ်သင့်သည်၊ (၂)ဇာတ်တိုက်ထားသည့်သိန်းစိန်းတို.စစ်အုပ်စုကိုလုံးဝမယုံနဲ.၊လူထုအင်းအားဖြည့်ထားပါ၊( (၃)ငြိမ်းချမ်းရေးလက်မှတ်တစ်ပိုင်တစ်စဖြင့်အပစ်ခတ်ရပ်စဲရေးယူထားသည့်တိုင်းရင်းသားလက်နက်ကိုင်တပ်များအချင်းချင်းအကြားသွေးထိုးသည့်စကားနဲ.လုပ်ရပ်များကိုဗမာစစ်မဟာဝါဒီသမားများလုပ်ဆောင်လျက်ရှိသည်၊သတိထားကြပါ၊မိမိတို.ရန်သူအစစ်ကိုမမေ့ကြနဲ.၊အားလုံးပြန်တိုက်ကြ၊

အတွေးအခေါ်တစ်ပိုင်တစ်စ (က)ငြိမ်းချမ်းရေးစကားကြောင့်ကေအန်ယူခေါင်းဆောင်အချင်းချင်းအကြားအကွဲအပြဲဖြစ်နေတဲ့သတင်းမှန်ကန်ရင်သိန်းစိန်းတို.အုပ်စုမရိုသားဟုသတ်မှတ်ပါ၊ (ခ)ငြိမ်းချမ်းရေးကြောင့်ဒီကေဘီအေနဲ.ကရင်နယ်ခြားစောင့်တပ်အချင်းချင်းအကြားပစ်ခတ်တဲ့သတင်းမှန်ကန်ရင်သိန်းစိန်း၏ငြိမ်းချမ်းရေးသည်သွေးခွဲရေးဟုသတ်မှတ်ပါ၊ (ဂ)ငြိမ်းချမ်းရေးလက်မှတ်တစ်ပိုင်တစ်ကြောင့်သျှမ်းပြည်နယ်မှာသျှမ်းပြည်တပ်မတော်(တောင်ပိုင်)နဲ.စစ်အုပ်စုပေါင်းပြီးအင်းအားငယ်သည့်ပလောင်၊ပအို.စသည့်တိုင်းရင်းသားလက်နက်ကိုင်များအပေါ်မူယစ်ဆေးဝါနာမည်အမျိုးမျိုးတပ်ပြီးအနိုင်ကျင့်နေတယ်ဆိုတဲ့သတင်းမှန်ကန်ရင်သိန်းစိန်း၏ငြိမ်းချမ်းရေးကမ်းလှမ်းချက်နဲ.ငြိမ်းချမ်းရေးလက်ခံသူတို.သည်နှစ်ဘက်စလုံးမရိုသားဟုသတ်မှတ်ကြပါ၊ (ဃ)သိန်းစိန်းအစိုးရ၏ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ်ကြောင့်မွန်ပြည်သစ်ပါတီခေါင်းဆောင်အချင်းချင်းအကြားမှာအရေးပေါ်အစည်းအဝေးခေါ်ပြီးတစ်ဦးနဲ.တစ်ဦးချွေးထွက်အောင်အချေအတင်ဆွေးနွေးနေကြတယ်ဆိုသည့်သတင်းမှန်ကန်ရင်သိန်းစိန်းစစ်အစိုးရအုပ်စု၏ဇာတ်တိုက်ကွက်ထဲမှာကိုယ်ပါသွားပြီဟုသတ်မှတ်ပါ၊ (စ)ကချင်းပြည်နယ်မှာကေအိုင်အိုနဲ.သိန်းစိန်းကိုယ်စားလှယ်များအတွက်ငြိမ်းချမ်းစကားပြောဖို.နေရာရွေး၊ဂွင်ရွေးနေကြခြင်းသည်သိန်းစိန်းတို.အုပ်စုကစစ်ဆင်ရေးလုပ်ဖို.အချိန်းဆွဲထားသည်ဟုသတ်မှတ်ပါ၊ (ဆ)လက်နက်အင်းအားမတောင်းတင်းဘဲငြိမ်းချမ်းရေးအခွင့်အရေးအတွက်တိုင်းရင်းသားဖက်ဒရယ်ကောင်စီမူကိုလျစ်လျူရှူးပြီးငြိမ်းချမ်းရေးလက်မှတ်ထိုးခဲ့သည့်ချင်ပြည်သူ.တပ်ဦးကိုဆက်ဆံရေးရုံတို.၊စီးပွားရေးဂွင်တို.အခွင့်အရေးပေးလိုက်တာဟာလူအင်းအားနဲ.မမျှတဲ့အလေချိန်ကိုပခုံးပေါ်တင်လိုက်သလိုထမ်းဆောင်ရသည့်လူရောသေသွားနိုင်တာကြောင့်သိန်းစိန်းတို.စစ်အုပ်စုကအနုနည်းဖြင့်သတ်ဖြတ်နေသည်ဟုမရိုသားဟုသတ်မှတ်ကြပါ၊

Saturday, February 11, 2012

ကျုပ်တို.လိုချင်တာကလုံးဝလွတ်လပ်ရေးနှင့်ပင်လုံစာချုပ်အပေါ်အခြေခံသည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေပါ

တိုင်းရင်းသားအသံ ကျုပ်တို.လိုချင်တာကလုံးဝလွတ်လပ်ရေးနှင့်ပင်လုံစာချုပ်အပေါ်အခြေခံသည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေပါ ယနေ.တွေ.မြင်နေရသည့်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကိုမြန်မာမီဒီယာအများစုကအလေပေးရေးသားဖော်ပြနေကြပေမဲ့ကျုပ်တို.တိုင်းရင်းသားများအတွက်လုံးဝစိတ်ဝင်စားမှာမဟုတ်ပါ၊ရွေးကောက်ပွဲဆိုတာစစ်အစိုးရအုပ်စုချမှတ်ထားသည့်လမ်းစဉ်ဖြစ်သည်၊၎င်းလမ်းစဉ်ပေါ်တို.လျှောက်နေကြလို.ပါ၊ပြည်သူလူထုများလုံးဝလွတ်မြောက်ရေးနှင့်တိုင်းရင်းသားများကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုဖော်ဆောင်ပေးနိုင်မှာမဟုတ်သောကြောင့်ဖြစ်သည်၊ကျုပ်တို.အားလုံးလိုချင်တာကလုံးဝလွတ်လပ်ရေးပါ၊ဒါကြောင့်၊ေ၇ွးကောက်ပွဲဟာတရားမျှတမှုလည်းမရှိပါ၊စိတ်လှုပ်ရှားစရာလည်းမဟုတ်သလိုအမှန်တရားချစ်မြတ်နိုးသူများအတွက်ထောက်ခံစရာလည်းမဟုတ်ပါ၊

Sunday, February 5, 2012

သိန်းစိန်းအစိုးရကိုယ်စားလှယ်နဲ.ချုပ်ဆိုခဲ့သည့်ပဏာမသဘောတူညီချက်တွေကိုပြန်စဉ်းစားပေးပါရန်

တိုင်းရင်းသားအသံ
သိန်းစိန်းအစိုးရကိုယ်စားလှယ်နဲ.ချုပ်ဆိုခဲ့သည့်ပဏာမသဘောတူညီချက်တွေကိုပြန်စဉ်းစားပေးပါရန်

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ.များနဲ.သိန်းစိန်းအစိုးရအကြာချုပ်ဆိုခဲ့သည့်ပဏာမသဘောတူစာချုပ်များကိုပြန်
လည်သုံးသပ်ပြီးပြန်လည်စဉ်းစားပေးပါရန်တိုင်းရင်းသားအသံမှအနုအညွံ.တောင်းဆိုလိုက်ပါသည်၊

ဘာကြောင့်တောင်းဆိုလိုက်သလဲဆိုတာအောက်ပါအချက်များကြောင့်ဖြစ်သည်၊
၁၊တိုင်းရင်းသားအဖွဲ.များနဲ.သိန်းစိန်းအစိုးရအကြာချုပ်ဆိုခဲ့သည့်ပဏာမသဘောတူစာချုပ်များသည်တနိုင်ငံလုံး
အပစ်ခတ်ရပ်စဲရေးကိုတရားဝင်မကြေညာသေးသည့်အတွက်တရားနည်းလမ်းမကျသည့်အပြင်ရိုသားမှုမရှိသော
ကြောင့်မြန်မာပြည်သူပြည်သားများအတွက်အကျိုးနဲလှလွန်သည်၊
၂၊တိုင်းရင်းသားအဖွဲ.များကိုတစ်ဖွဲ.ချင်းစီးပဲ့ထုတ်ပြီးညီအစ်ကိုမောင်နှမချင်းဖြစ်ပါလျက်မတူညီသည့်အခွင့်အရေ
များပေးထားသည်၊မတူညီသည့်သဘောစာချုပ်များဖြင့်ချုပ်ဆိုထားသည်၊
၃၊တိုင်းရင်းသားအဖွဲ.များကိုမျှော်လင့်ချက်ပေးထားပြီးအချိန်တိကျသည့်နိုင်ငံရေးဆွေးနွေးပွဲများမရှိ၊
၎၊တစ်ချို.ဒေသတွေမှာအထူးသဖြင့်ကချင်ဒေသမှာဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီးပါစပ်ကငြိမ်းချမ်းစ
ကားပြောဆိုနေပေမဲ့တိုင်းရင်းသားဒေသများမှဗမာစစ်တပ်များရုပ်သိမ်းခြင်းလုံးဝမရှိသည့်အပြင်အင်းအားထပ်မံ
ဖြည့်ဆည်းပြီးနေရာတိုးချဲ.လျက်ရှိသည်၊
၅၊တိုင်းရင်းသားများနဲ.ဗမာအစိုးရအဆက်ဆက်အကြာဖြစ်နေသည့်ပဋိပက္ခတွေကိုနိုင်ငံရေးကြောင့်ဟုမမြင်သည့်
အပြင်အသိအမှတ်လည်းမပြုထားပါ၊လက်နက်ကိုင်တိုင်းရင်းသားများကသူတို.ချမ်းသာလာရင်ဘယ်သူမှလက်န
က်ကိုင်မှာမဟုတ်ဘူးလို.ငြိမ်းချမ်းခေါင်းဆောင်ဖြစ်သည့်စိန်းအောင်းမင်း(ဦးအောင်မင်း)ကိုယ်တိုင်ပြောဆိုခဲ့သည်၊
၆၊လက်နက်ကိုင်တိုင်းရင်းသားများကလည်းအစိုးရနဲ.သဘောတူလိုက်ဖျက်လိုက်လုပ်နေခြင်းသည်မိမိတို.အင်း
အားမိမိတို.ကိုယ်တိုင်ဖြိုခွဲလိုက်သလိုဖြစ်ပြီးပြည်သူလူထု၏အယုံအကြည်ကိုလည်းကျဆင်းစေသည်၊
 ၇၊ဒီငြိမ်းချမ်းရေးကစားပွဲဟာသိန်းစိန်းအစိုးရတို.ကိုယ်တိုင်လမ်းခင်းပေးထားပြီးနှစ်ဖက်ကစားနိုင်သည့်ကစားပွဲ
မျိုးမဟုတ်သည့်အတွက်ကြောင့်တိုင်းရင်းသားများအတွက်အရှုံးနဲ.သရေသာကစားခွင့်ရှိပြီးအနိုင်ရအောင်လုံးဝ
ကစားလို.မရသည့်ကစားပွဲမျိုးဖြစ်နေသည်၊(ငြိမ်းချမ်းကိုသူတို.ယူရင်ရမည်၊သူတို.ဖျက်ရင်ပျက်မည့်သဘောရှိသ
သည်၊)
၈၊၂၀၀၈ အခြေခံဥပဒေကိုသိန်းစိန်းတို.ပြင်ပေးမည့်အရိပ်အယောင်လုံးဝမရှိသည့်အတွက်တပ်မတော်တစ်ခု သာရှိရမည်ဆိုသည့်မူဟာမိမိကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက်လက်နက်ကိုင်သည့်တိုင်းရင်းသားများကိုတ
စ်နည်းမဟုတ်တစ်နည်းအနှေးနဲ.အမြန်ဖျက်သိမ်းဖို.စီစဉ်ထားသည်၊
၉၊စစ်အစိုးရနဲ.သဘောတူချုပ်ဆိုခဲ့သည့်စာချုပ်အားလုံးဟာယူအန်စသည့်အဖွဲ.များအဓိကဒိုင်လူကြီး အဖြစ် မရှိသည့်အတွက်ပြဿနာထပ်တက်ရင်ဘယ်သူမှားတယ်၊မှန်တယ်ဆိုတာကိုဆုံးဖြတ်ပေးမည့်လူမရှိပါ၊မီဒီယာ
အင်းအားကြီးမာသည့်သူကသာအနိုင်ရမည်၊

ထို.ကြောင့်သိန်းစိန်းအစိုးရနဲ.ပဏာမသဘောတူစာချုပ်လက်မှတ်ထိုးခဲ့သည့်တိုင်းရင်းသားများအနေနဲ.မိမိတို.
လုပ်ရပ်အပေါ်ပြန်လည်စဉ်းစားသင့်ပြီးအချိန်မနှောင်းခင်မိမိတို.နဂိုမူလရည်းမှန်းချက်အတိုင်ဆက်လက်လျှောက်
ကြပါရန်တိုင်းရင်းသားအသံမှတောင်းဆိုလိုက်ပါသည်။

Thursday, January 12, 2012

သိန်းစိန်းကပြော၊ဒေါ်စုကအော်၊ပြည်သူကမျှော်၊စစ်တပ်ကဆော်၊အောင်မင်းကဟော၊လူမျိုးများကရှော်၊

တိုင်းရင်းသားအသံ
သိန်းစိန်းကပြော၊ဒေါ်စုကအော်၊ပြည်သူကမျှော်၊စစ်တပ်ကဆော်၊အောင်မင်းကဟော၊လူမျိုးများကရှော်၊

လက်ရှိတိုင်းရင်းသားများနဲ.ငြိမ်းချမ်းရေးနှင့်နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးကိုထာဝရငြိမ်းချမ်းရေးဖြစ်စဉ်နဲ.မကိုက်ညီ

တိုင်းရင်းသားငြိမ်းချမ်းဆွေးနွေးပွဲနဲ.ပတ်သက်၍အဓိကအချက်တွေမပါ၊၁၊ဒိုင်လူကြီးမပါ၊၂၊ဗမာတပ်များမဆုတ်ပေး၊၃၊နိုင်ငံရေးစကားမပြော၊၄၊အချိန်သတ်မှတ်မပေး၊၅၊အားလုံမပါဝင်၊၆၊စစ်ပွဲတွေမရပ်၊ရ၊၇၊ဥပဒေနဲ.အညီလုပ်ဆောင်နေတာမဟုတ်၊(ပါလီမာန်လုပ်ပိုင်ခွင့်မပါသည့်ငြိမ်းချမ်းရေးအတုအယောင်၊)၈၊အားလုံးပါဝင်သည့်နိုင်ငံရေးအသွင်ပြောင်းဖြစ်စဉ်မဟုတ်၊

၊နိုင်ငံရေးအကျဉ်းသားများနဲ.တော့ကန်.သတ်ချက်ပါရှိသည့်ဥပဒေနဲ.လွှတ်ပေးမယ်လို.ကြေညာထား၊ထာဝရငြိမ်းချမ်းရေးဖြစ်စဉ်မဟုတ်သေး၊ပြန်လွှတ်လိုက်၊ပြန်ဖမ်းလိုက်သဘောနဲ.လုပ်ထားသည်၊

ဗိုလ်ခင်ညွန်.တုန်းကလည်း၊ကိုးကန်.၊မိုင်လာ၊ဝတပ်မတော်တို.ကစတင်လက်မှတ်ထိုးခဲ့သည့်ငြိမ်းချမ်းရေးဖြစ်တယ်၊အမျိုးသားဒီမိုကရေးတပ်ပေါင်းစု၏မူကပျက်ပျယ်သွားခဲ့လေသည်၊အခုလည်း၊မိုင်လာ၊ဝတပ်မတော်၊သျှမ်းတပ်မတော်၊ချင်းတပ်တို.စတင်ပြီးလက်မှတ်ထိုးသည့်ပွဲဖြစ်ပြန်သည်၊ယူအန်အက်ဖ်စီ၏စုဖွဲ.နိုင်ငံရေးတွေ.ဆုံဆွေးနွေးပွဲမူပျက်ပျယ်ဦးမလား၊

ဗိုလ်ခင်ညွန်.ဦးဆောင်သည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကြောင့်ဒေါ်စုကြည်စသည့်နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခဲ့သည်၊အခုလည်း၊အလာတူ၊နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးနေပြန်ပါပြီ၊ထို.ကြောင့်၊ဒီမျက်လှည့်ပွဲကြီးဟာ၊

သိန်းစိန်းကပြော၊ဒေါ်စုကအော်၊ပြည်သူကမျှော်၊

စစ်တပ်ကဆော်၊အောင်မင်းကဟော၊လူမျိုးများကရှော်၊

Thursday, December 29, 2011

တိုင်းရင်းသားဒေသမှထွက်ရှိလာသည့်သဘာသယံဇာတတွေကိုတိုင်းရင်းသားပြည်သူလူထုများခံစားခွင့်ရရှိရေးလှုပ်ရှားမှု

တိုင်းရင်းသားအသံ
တိုင်းရင်းသားဒေသမှထွက်ရှိလာသည့်သဘာသယံဇာတတွေကိုတိုင်းရင်းသားပြည်သူလူထုများခံစားခွင့်ရရှိရေးလှုပ်ရှားမှု

တိုင်းရင်းသားဒေသမှထွက်ရှိလာသည့်သဘာဝသယံဇာတများကိုတိုင်းရင်းသားပြည်သူလူထုများအသုံးပြုနိုင်ရေး၊ဒို.အရေး
သဘာဝသယံဇာတမှရရှိလာသည့်အိကျိုးအမြတ်တွေကိုတိုင်းရင်းသားပြည်သူလူထုများအကျိုးခံစားခွင့်ရရှိရေး၊ဒို.အရေး၊

ဖက်ဆစ်ကိုလိုနီနယ်ချဲ.သမားများကိုဝိုင်းဝန်တိုက်ထုတ်ကြ၊သွေးသားချင်းညီနောင်အပေါင်းတို.သွေးစည်းကြ၊

ရွှေဂက်မှထွက်လာသည့်အကျိုးအမြတ်တွေကိုရခိုင်ပြည်သူများခံစားရမည်၊မုတ္တမသဘာဝဓါတ်ငွေ.မှရရှိလာသည့်အကျိုးအမြတ်တွေကိုမွန်ပြည်သူများခံစားရမည်၊ထို.၎င်းးနည်းတူဘဲ၊အခြားသေားတိုင်းရင်းသားဒေသများမှထွက်လာသည့်သဘာဝသယံဇာတနဲ.စီမံကိန်းများမှအကျိုးအမြတ်တွေကိုလည်း၊၎င်းဒေသခံပြည်သူများခံစားခွင့်ရှိရမည်၊ဒါဟာ၊အိမ်ရှင်တို.ရဲ.အခွင့်အရေးဖြစ်သည်၊

အင်နီဒိုရှားနိုင်ငံအချဲ (ACEH Region)မှာဆိုသူတို.ဒေသမှထွက်လာသည့်သဘာဝသယံဇာတ၏အကျိုးအမြတ်တွေကိုအချဲလူမျိုးများအတွက်(၇၀%)ရာခိုင်နှုန်းခွဲဝေပေးရမည်၊ဒီအချက်ဟာအချဲလွတ်မြောက်ရေးတပ်မတော်နဲ.အင်ဒိုနီရှားအစိုးရတို.လက်မှတ်ထိုးခဲ့စဉ်ကတရားဝင်သဘောတူခဲ့ကြည်သည်၊အာဆီယံခေါင်းဆောင်များကလည်းဒိုင်လူကြီးအဖြစ်သက်သေလုပ်ပေးခဲ့သည်၊

The Government agreed to facilitate the establishment of Aceh-based political parties; this had been one of the most contentious issues in previous negotiations. A "truth and reconciliation commission" will be organized. On the question of the uneven distribution of income, it was settled that seventy percent of the income from local natural resources will stay within Aceh.

ရခိုင်ဒေသမှထွက်ရှိသည်ရွှေဂက်အကျိုးအမြတ်ဟယတစ်နှစ်တွင်ဒေါ်လာဘီလီယံရာနဲ.ချီရှိနေပါသည်၊အလာတူပင်၊မွန်ပြည်နယ်၊မုတ္တမသဘာဝဓါတ်ငွေ.မှထွက်ရှိအလာသည့်အကျိုးအမြတ်ဟာတစ်နှစ်အတွင်ဒေါ်လာဘီလီယံနဲ.ချီရှိနေပါသည်၊ဒီစီမံကိန်းတွေကြောင့်ရရှိလာသည့်အကျိုးအမြတ်တွေကိုဒေသခံ(အိမ်ရှင်များ)အကျိုးခံစားခွင့်မရရှိသည့်အပြင်မိမိအိမ်ယာစိုက်ခင်းတွေလည်းပျက်စီးခံနေရပါသည်၊စီမံကိန်းကြောင့်မတရားအလုပ်ခိုင်းစေမှုတွေ၊လူ.အခွင့်အရေးချိုးဖောက်မှုတွေရှိနေပါသည်၊အလာတူပင်၊အခြားသောတိုင်းရင်းသားဒေသများမှထွက်ရှိသည့်သဘာဝသယံဇာတ၏အကျိုးအမြတ်တွေကိုမိမိတို.ခံစားရရှိနိုင်အောင်တိုက်ပွဲဝင်သွားရမည်။

Wednesday, December 28, 2011

ယူနီယံတပ်မတော်ကိုအခိုင်အမာဖွဲ့စည်းကြ။ခိုင်မာသည့်ဖက်ဒရယ်တပ်မတော်တည်ဆောက်ကြ။

တိုင်းရင်းသားအသံ
ယူနီယံတပ်မတော်ကိုအခိုင်အမာဖွဲ့စည်းကြ။ခိုင်မာသည့်ဖက်ဒရယ်တပ်မတော်တည်ဆောက်ကြ။

(အီမေလ်းကတစ်ဆင့်ရောက်လာပြီးတင်ပြပေးလိုက်ပါသည်၊)

အတော်တော့အံ့သြမိတယ်။ခုတလောဦးသိန်းစိန်အစိုးရ၏ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေအနေနှင့်KNU၊KIO/PLO/မွန်ပြည်သစ်၊DKBA/SSA/စသည့်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့်ခပ်စိပ်စိပ်တွေ့နေတာကိုကြည့်ရင်း၁၉၉၄ခုနှစ်လောက်ကအပစ်အခတ်ရပ်စဲရေးကာလကိုပြန်
လည်မြင်ယောင်မိတယ်။ထိုအချိန်တုန်းက-နအဖမှာနိုင်ငံတကာမှအပြင်အထန်ဖိအားပေးနေချိန်
တွေမှာတိုင်း၇င်းသားလက်နက်ကိုင်တွေတစုတစည်းတည်းဖြစ်သွားမှာကိုအလွန်စိုးရိမ်ခဲ့သည်။ စစ်ရေးအရတိုက်ခိုက်ရေးအင်အားတော်လှန်ရေးဘက်မှအင်နှင့်အားဖြင့်တပ်ပေါင်းစုတွေ၊ အထူးသဖြင့်KNUဗဟိုဌာနချုပ်ကြီးဖြစ်ခဲ့သော-မာနယ်ပုလောတွင်လက်နက်ကိုင်တိုင်းရင်းသား တွေအားလုံးတိုင်း၇င်းသားနှီးနှောဖလှယ်ပွဲကြီးကျင်းပနေသည့်အချိန်မှာနအဖအစိုးရသည်-တဘက်သတ်အပစ်အခတ်ရပ်စဲရေးကိုချက်ခြင်းလုပ်ပြီးတိုင်း၇င်းသားတွေကိုခွဲထုတ်နိုင်ခဲ့သည်။အပစ်အခတ်ရပ်စဲရေးကိုတိုင်ါ်၇င်းသားလက်နက်ကိုင်အဖွဲ့
(၃၀)ကျော်၁၉၉၄ခုနှစ်နောက်ပိုင်းမှာအပစ်ရပ်ခဲ့ကြသည်။အကျိုးစီးပွားတွေဖြင့်ပေးထားပြီးနိုင်ငံတကာ-အထူးသဖြင့်ကမ္ဘာ့ကုလသမဂ္ဂ
အထွေထွေညီလာခံကြီးတွင်တိုင်းရင်းသားတွေနှင့်ငြိမ်းချမ်းရေးကိုဟောသည်လိုရယူပြီးတိုင်းပြည်ကောင်းကျိုးတွေအတွက်လုပ်နေပါသည်
ဟုဓါတ်ပုံတွေချပြပြီးနိုင်ငံတကာကိုယုံကြည်အောင်လုပ်ပြနိုင်ခဲ့သည်။ဒီနေရာတွင်နိုင်ငံရေးဆိုသည်မှာ-လှည့်ကွက်တွေနှင့်စစ်မှန်သည်မစစ်မှန်သည်
အပထားလောလောဆယ်နိုင်ငံတကာကလက်ခံအောင်ပြဆိုခြင်းဟာန၀တ၏အလုပ်ဖြစ်နေသည်။ဗိုလ်ခ င်ညွှန့်လက်ထက်ကထိုသို့တိုင်းရင်းသားတွေကို
လိမ်ပြီးအပစ်ရပ်ခဲ့သည်။


ဗိုလ်ခင်ညွှန့်လက်ထက်ကလုပ်သည့်ပုံစံအတိုင်းယခုဦးသိန်းစိန်အစိုးရမှလည်း(၁)အာဆီယံဥက္ကဌ
ဖြစ်လာတော့မယ့်အချိန်၊ဒီမိုကရေစီကိုဖော်ဆောင်ပါသည်ဆို သည့်ပြယုတ်တွေကိုအပေါ်ယံဟန်
ပြလုပ်ဆောင်ပြီးယခုတဖန်ဥပါယ်တမျဉ်ဗျူဟာများဖြင့်မျှားခေါ်နေတာ ကိုတွေ့ရမည်ဖြစ်သည်။ တော်လှန်ရေးအဖွဲ့အစည်းများ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လွန်ခဲ့သည့် ဖြစ်စဉ်များကိုသုံသပ်ပြီး
ဦးသိန်းစိန်အစိုးရ၏ဥပါယ်တမျဉ်ဗျူဟာကိုနိုင်ငံရေး၊စစ်ရေးသတိဖြင့်သုံး သပ်သည်။

(က)UNFCအဖွဲ့ကြီးသည်NCGUBဖျက်သိမ်းရတော့မည်ကိုကြိုသိ၍ယ္ခင်NDFအဖွဲ့ကိုဖျက်သိမ်းပြီး
ဖက်ဒရယ်တပ်မတော်ကိုဖွဲ့စည်းမည်ဟုရည်ရွယ်မှုသည်ဦးသိန်းစိန်အစိုးရအတွက်အရှိုက်ကိုထိစေမည့်ကြိုးပမ်းချက်ကြီးဖြစ်နေ
တာကိုသိနိုင်သည်။ယူနီယံတပ်မတော်သာဖွဲ့စည်းဖြစ်ခဲ့လျှင်နိုင်ငံတကာတွင်တိုင်းရင်းသားလူမျိုးစုတွေစုစည်းပြီးစည်းနှောင်မှု၇ှိသည့်ယူနီယံ
တပ်မတော်ဖြစ်ကြောင်းနိုင်ငံတကာတွင်အသိအမှတ်ပြုသွားနိုင်သည်။ထိုယူနီယံတပ်မတော်ဖြစ်လာမှာကိုဦးသိန်းစိန်အစိုးရမှနိုင်ငံရေးအရအလွန်စိုးရိမ်သည်။
ထို့ကြောင့်လည်းဒီလိုယူနီယံတပ်မတော်ကြီးမဖြစ်မြောက်အောင်အဖက်ဖက်ကကြိုးစားပါလိမ့်မည်။

(ခ)ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုသမိုင်းတလျှောက်တွင်ဗိုလ်နေ၀င်းလက်ထက်ပြုလုပ်ခဲ့သည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်သွားခဲ့၇သည့်
သာဓကတွေ၇ှိခဲ့ပြီးဖြစ်သည်။ထိုအချိန်တုန်းက-ဖိနပ်ခါးကြားထိုးပြီးနောက်ပြန်လာခဲ့သည့်သမိုင်းရာဇ၀င်များ၇ှိခဲ့ဘူးသည်။

(ဂ)ယနေ့အပြောများနေသည့်ပြည်တွင်းငြိမ်းရေးကြိုးပမ်းမည်ဆိုလျှင်ယခင်လိုနိုင်ငံရေးအရညံ့လို့မရတော့ဟုထင်မြင်မိသည်။ငြိမ်းချမ်းရေး
လုပ်သည့်အခြေအနေများတွင်မိမိဘက်မှာလည်း
နိုင်ငံရေးချည့်ဇောင် ပေးပြီးမိမိတဦးတဖွဲ့တည်းကောင်းစားရေးအတွက်လုပ်လို့ရသည့်အခြေအနေမဟုတ်တော့ဟုထင်မြင်မိသည်
။နိုင်ငံရေးတပ်ပေါင်းစု၊စစ်ရေးအရအားလုံးစုရုံးအကောင်အထည်ဖော်နိုင်သည့်စစ်ရေးတပ်ပေါင်းစုလိုအပ်ပါသည်။

(ဃ)UNFC၏ယူနီယံတပ်မတော်ဖွဲ့စည်းမည့်ရည်ရွယ်ချက်သည်ပြည်တွင်းငြိမ်းချမ်းရေးအတွက်-
အဆိုးဆုံးကိုရင်ဆိုင်နိုင်ဘို့နှင့်အကောင်းဆုံးကိုမျှော်လင့်နို င်ဘို့အတွက်သင့်တော်သည့်လုပ်ဆောင်ချက်ဖြစ်သည်။

ထိုဆုံးဖြတ်ချက်များကိုအမြန်ဆုံးဖော်ဆောင်နိုင်ဘို့လိုအပ်သည်။ထိုသို့မှမဟုတ်ပဲဒီတခါလည်း-ဦးသိန်းစိန်အစိုးရ၏ဥပါယ်တမျဉ်ဗျူဟာထဲကိုရောက်သွားပြီးနိုင်ငံရေးပြန်လမ်းမ၇ှိပဲချောင်ပိတ်သွားမည့်သတ်ကွင်းထဲကိုတဖွဲ့ခြင်းမ၀င်မိဘို့၊
ဘုံနိုင်ငံရေးရပ်တည်ချက်တွေအပေါ်ဗဟိုပြုထားပြီးပြောကြပါ။ပြောလို့မရလျှင်နောက်ကိုပြန်ဆုတ်နိုင်သည့်ယူနီယံတပ်မတော်မှာဆုံချက်ထားကြပါလို့
အပြုသဘောဖြင့်ရေးသားလိုက်ရပေသည်။


ဒေးဗစ်။

မြေခွေးအောင်းသောင်းတို.အုပ်စုကိုပြောပြပေးပါ

တိုင်းရင်းသားအသံ
မြေခွေးအောင်းသောင်းတို.အုပ်စုကိုပြောပြပေးပါ

မြေခွေးအောင်းသောင်းကြီးနဲ.အောင်မင်းတို.အုပ်စုခင်ဗျား၊

အခုတလောမှာခင်ဗျားတို.ကနေ.မအားညမအားနဲ.ဟိုအဖွဲ.ကိုသွားညာလိုက်ဒီအဖွဲ.နဲ.သွားလိမ်လိုက်လုပ်နေတာဟာသနားစရာပါ၊ခင်ဗျားတို.အုပ်စုကဘာလုပ်ပိုင်ခွင့်အာဏာမှမရှိဘဲသန်းရွှေတို.၊သိန်းစိန်းတို.အုပ်စုချထားသည့်ကစားကွက်အတိုင်းလိုက်လုပ်နေတာဟာကျနော်တို.နာရောမျက်စိပါအာရုံနောက်လွန်တယ်ဗျာ၊တိုင်းရင်းသားလက်နက်ကိုင်အများစုနဲ.တွေ.ဆုံဆွေးနွေးသည့်အခါခင်ဗျားတို.ဟိုအဖွဲ.နဲ.ဘာတွေဆွေးနွေးခဲ့သလဲ၊ဒီအဖွဲ.နဲ.ဘာတွေဆွေးနွေးခဲ့သလဲဆိုတာကိုခင်ဗျားတို.နောက်လှည့်ကျောနောက်မပျောက်ခင်ကျနော်တို.သိနေကြပါပြီ၊အားမနာတမ်းပြောရရင်၊ခင်ဗျားတို.အုပ်စုကဗိုလ်ခင်ညွန်ရဲ.ချေးလောက်တောင်အဆင့်အတန်းမရှိဘူး၊ပါးနပ်မှုမရှိဘူး၊မတော်ဘူး၊စောက်ကျင့်မကောင်းဘူး၊ဟန်ဆောင်မကောင်းဘူးဆိုတာခင်ဗျားတို.ကိုယ်ကိုခင်ဗျားတို.သိဖို.လိုတယ်၊

အော်..၊အခုကလည်းဝတပ်ဘက်ကိုပြန်လှည့်လိုက်၊မိုင်းလာတပ်ဘက်ကိုပြန်သွားလိုက်လုပ်နေပြန်ပြီ၊ခင်ဗျားတို.ဥက္ကဌမောင်သိန်းစိန်းကပြောခဲ့တယ်မဟုတ်လား၊အစားအသောက်ချင်းမတူ၊လူမျိုးချင်းမတူလို.အများကျင့်သုံးနေသည့်ဒီမိုကရေစီစနစ်ကိုဗမာပြည်မှာကျင့်းသုံးလို.မရဘူးတဲ့၊ဘာဆွေးနွေးစရာလိုလို.လဲ၊သိန်းစိန်းတောင်နပ်သေးတယ်၊ပြည်ထောင်စုမှမခွဲထွက်ရေးအချက်ပါသောဝတို.၊မိုင်လာတို.၊ဒီကေဘီအေတို.နဲ.လက်မှတ်ထိုးခဲ့တာလည်းဘာထူးလို.လဲ၊ခင်ဗျားတို.အုပ်စုကိုယ်တိုင်ကဗိုလ်ချုပ်အောင်ဆန်းလက်မှတ်ထိုးထားသည့်ပင်လုံစာချုပ်ကိုခြေဖဝါးနဲ.နင်းဖြဲခဲ့တာမဟုတ်လား၊ဝတပ်၊မိုင်လာတပ်၊နဲ.ဒီကေဘီအေတပ်တို.ကလည်းတစ်နေ.ကျရင်ခင်ဗျားတို.နဲ.လက်မှတ်ထိုးထားသည့်စာချုပ်ကိုစုတ်ဖြဲလိုက်ရင်ဘာဖြစ်လဲ၊ခင်ဗျားတို.ကကတိစကားနဲ.မထိုက်တန်ဘူး၊ဒိုင်လူကြီးလိုမမြင်နိုင်ဘူး၊သခင်စောင့်သည့်ခွေးအဆင့်လောက်ဘဲရှိတယ်၊

ထို.ကြောင့်၊အောင်းသောင်းတို.အုပ်စုအနေနဲ.ဆက်ပြီးအချိန်မဖြုန်းသင့်တော့ဘူး၊ကိုယ့်အိမ်ကိုယ့်ပြန်ပြီးကိုယ့်သားသမီးမယာငယ်များနဲ.ပျော်ရွှင်စွာအနာယူလိုက်ပါ၊မြေခွေးလိုလို၊မွေပွေးလိုလို၊ကြွက်တူဝက်တူလိုလိုမလုပ်နဲ.၊အဓိပ္ပါယ်မရှိသည့်အလုပ်ကိုအချိန်ဖြုန်းလုပ်နေမည့်အစားအဓိပ္ပါယ်ရှိသည့်အလုပ်မျိုးကိုသာရွေးချယ်ပြီးလုပ်ကြည့်စမ်းပါ၊

Monday, December 26, 2011

ဗမာထိပ်တန်းခေါင်းဆောင်များအချင်းချင်းအကြားအာဏာခွဲဝေမှုပွဲသာဖြစ်မယ်ဆိုရင်တိုင်းပြည်ပျက်မည်၊Power Sharing among The Burmese Elite

တိုင်းရင်းသားအသံ
ဗမာထိပ်တန်းခေါင်းဆောင်များအချင်းချင်းအကြားအာဏာခွဲဝေမှုပွဲသာဖြစ်မယ်ဆိုရင်တိုင်းပြည်ပျက်မည်၊Power Sharing among The Burmese Elite

မောင်ရွှေငှက်

(အောက်ပါအချက်အလက်များသည်စွပ်စွဲခြင်းမဟုတ်သလို၊စော်ကားခြင်းလည်းမဟုတ်ပါ၊စိတ်ထဲမှာဖြစ်ပေါ်နေပါလျက်ဖွင့်ဟမပြောရဲ၊မပြောချင်၊မပြောစတမ်း၊မပြောရသူများအတွက်သူတို.ရဲ.အနုသယနိုင်ငံရေးခံစားချက်များကိုကိုယ်စားပြုပြီးတင်ပြပေးလိုက်ပါသည်၊ဗမာပြည်တကယ်ကောင်းစားရေးအတွက်၊အတူတကွယှဉ်တွဲနေထိုင်နိုင်ရေးအတွက်နဲ.ဖက်ဒရယ်ပြည်ထောင်စုအထောက်အကူးဖြစ်ရေးအတွက်ရည်ရွယ်ပြီးအမုန်းခံရေသားခြင်းလည်းဖြစ်သည်၊)

ယနေ.ဗမာပြည်နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုနဲ.ပတ်သက်၍အောက်ပါအတိုင်းလိုရင်းတိုရှင်းဖြင့်သုံးသပ်ပြီးတင်ပြလိုက်ပါသည်၊
(က)
ဗမာစစ်ခေါင်းဆောင်များနဲ.ဒေါ်စုကြည်ဦးဆောင်သည့်ဒီမိုကရေစီအင်းအားစုများအကြားတွင်အာဏာခွဲဝေမှုပွဲကြီးဖြစ်ပွားလျက်ရှိသည်၊
(ခ)သိန်းစိန်းခေါင်းဆောင်သည့်ဗမာစစ်ဗိုလ်ဟောင်းများကကိုယ်ပိုင်ပြဌာန်းခွင့်အတွက်လက်နက်ကိုင်တိုင်းရင်းသားများအပေါ်ရှင်းလင်းပြတ်သားသည့်ပေါ်လစီမရှိသလိုဒေါ်စုကြည်ဦးဆောင်သည့်အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ကလည်းအလာတူယင်းရှင်းလင်းသည့်ပေါ်လစီမရှိသေးပါ၊
(ဂ)ဗိုလ်အောင်ဆန်းဦးဆောင်သည့်ဗမာခေါင်းဆောင်ပါဝင်လက်မှတ်ထိုးထားသည့်ပင်လုံစာချုပ်ကိုဗမာစစ်ခေါင်းဆောင်များကအသိအမှတ်မပြုဘဲဖျက်သိမ်းခဲ့သည်၊အလာတူအမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်လည်းလျစ်လျှူရှူးခဲ့သည်၊
(ဃ)၂၀၁၀ ခုနှစ်တုန်းကတိုင်းရင်းသားခေါင်းဆောင်များနဲ.ဗမာခေါင်းဆောင်များ၊၈၈ ကျောင်းသားခေါင်းဆောင်များပါဝင်လက်မှတ်ထိုးထောက်ခံထားသည့်ကလေးကြေညာစာတမ်းကိုအကောင်အထည်ဖော်ဖို.အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ကနှုတ်ပိတ်နေသည့်အချိန်မှာကြံ.ဖွတ်ခေါင်းဆာင်များ၊ကိုယ်စားလှယ်များ၊သိန်းစိန်းအစိုးရတို.ကပင်လုံကဲ့သို.သောညီလာခံခေါ်ပေးမည်ဟုထပ်မံပြောကြားပြီးတိုင်းရင်းသားများကိုစည်းရုံးထားသည်၊

(င)သိန်းစိန်းကြံ.ဖွတ်အုပ်စုကတိုင်းရင်းသားများကိုတစ်ဖွဲ.ချင်းခွဲပြီးတွေ.ဆုံဆွေးနွေးနေဆဲ၊တိုင်းရင်းသားများဖြင့်ဖွဲ.စည်းထားသည့်တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီတပ်ပေါင်းစုနဲ.တွေ.ဖို.ငြင်းပဲဆဲဖြစ်သလိုအမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ကလည်းလက်နက်ကိုင်တိုင်းရင်းသားများနဲ.တစ်ခါမှတွေ.ဆုံဆွေးနွေးမှုမရှိခဲ့ပါ၊

(စ)တိုင်းရင်းသားလူမျိုးများဒေသတစ်ချို.တွင်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီးဒေသတစ်ချို.တွင်အပစ်ရပ်ဆဲပြီးဟုပြောသော်ငြားလည်းတပ်အင်းအားတိုးချဲ.ခြင်း၊အနိုင်ကျင့်ခြင်း၊လူ.အခွင့်အရေးချိုးဖောက်ခြင်းများကိုဆက်လက်ကျူးလွန်လျက်ရှိသည်၊

(ဆ)ဒေါ်စုကြည်ဦးဆောင်သည့်အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်သည်ဗိုလ်အောင်ကျော်လမ်းကြေညာစာတမ်း၊ရွှေဂုံတိုင်ကြေညာစာတမ်းကိုချိုးဖောက်ပြီးသိန်းစိန်းတို.နဲ.အာဏာခွဲဝေရေးအတွက်စီအာပီပီနဲ.လမ်းခွဲခဲ့သလို ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုလည်လက်တွေ.မကျကြောင်း(ဖျက်သိမ်းသည့်သဘော)နဲ.ကြေညာခဲ့သည်၊

(ဇ)အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဝင်တစ်ချို.အပါအဝင်ကျနော်တို. (၈၈)မျိုးဆက်ကျောင်းသားများ၊တိုင်းရင်းသားခေါင်းဆောင်များထောင်ထဲမှမလွတ်မြောက်ဘဲဗမာပြည်ပြောင်းလဲနေပြီးလို.ကမ္ဘာမီဒီယာများအားပြောကြားခဲ့တာဟာမိမိအဖွဲ.ဝင်များ၊နဲ.လုပ်ဖော်ကိုင်ဖက်များကိုသစ္စားမဲ့စွာစော်ကားခဲ့သည်၊

(ဇျ)အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဟာပါတီမှတ်ပုံတင်တင်ပြီးရွေးကောက်ပွဲဝင်ဖို.ကြိုးစားနေခြင်းသည် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရတိုင်းရင်းသားမဟာမိတ်ပါတီများနဲ.စီအာပီပီခေါင်းဆောင်ကြီးများကိုမရိုသေမလေစားဘဲသစ္စာဖောက်သွားသလိုတိုင်းရင်းသားဒေသတွေမှာတိုင်းရင်းသားပါတီများနဲ.ပြိုင်ဖက်အဖြစ်နောက်လာမည့်ရွေးကောက်ပွဲတွင်ဝင်ပြိုင်မည်ဆိုရင်အာဏာရရေးအတွက်တိုင်းရင်းသားပါတီများကိုထပ်ပြီးစော်ကားမည့်သဘောရှိသည်၊ပါတီစုံဒီမိုကရေစနစ်ဟုအကြောင်းပြပြီးယှဉ်ပြိုင်လိ့မ္မည်၊

(ည)တိုင်းရင်းသားလူမျိုးများပပျောက်ရေးအတွက်သိန်းစိန်း၊သန်းရွှေတို.စစ်ခေါင်းဆောင်အုပ်စုကစစ်တပ်အင်းအားဖြင့်စစ်ရေးနဲ.တိုက်ခိုက်နေသလိုဒေါ်စုကြည်ဦးဆောင်သည့်အဖွဲ.ကလူထုအင်းအားဖြင့်နိုင်ငံရေး၊လူမှုရေးနဲ.တိုက်ခိုက်သလိုဖြစ်နေသည်၊

(ဋ)တိုင်းရင်းသားဒေသများမှထွက်သည့်သဘာဝအရင်းအမြစ်များကိုတိုင်းရင်းသားပြည်သူလူထုများအကျိုးခံစားခွင့်ခွဲဝေမှုမရှိဘဲကိုလိုနီစနစ်နယ်ချဲ.သမားပုံစံဆန်းဆန်းအိမ်နီးချင်းနိုင်ငံများအားရောင်ချပေးပြီးသွေးစုပ်နေကြသည်၊စိမ်လန်စိုးပြေနေသည့်တောအလှတောသဘာဝများကိုစနစ်တကျဖျက်စီးနေသည်၊အထက်ဗမာပြည်များဖြစ်သည့်မန္တလေး၊ကျောက်ဆည်း၊နေပြည်တော်၊ပျဉ်းမနားတို.ကိုသဘာဝမပျက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားသည်၊

အထက်ပါဖော်ပြထားသည့်အချက်တွေကြောင့်ယနေ.ဗမာခေါင်းဆောင်များအချင်းချင်းအကြားအာဏာခွဲဝေမှုပွဲကြီးကိုတိုင်းရင်းသားခေါင်းဆောင်များနဲ.ပြည်သူလူထုများကစိတ်မချမ်းမသာဖြစ်နေကြပြီးတစ်နေ.နေ.၊တစ်ချိန်ချိန်ကျရင်ပေါက်ကွဲလာတော့မှာဖြစ်သည်၊အဲဒီအချိန်ကျရင်၊ဗမာပြည်ကြီးဟာဘယ်သူမှထိန်းမနိုင်၊သိန်းမရလုံးဝပျက်စီးပါလိမ္မည်၊တိုင်းရင်းသားလူမျိုးကဒေါ်စုကြည်အပေါ်နဂိုကတည်ကသံသယဖြင့်ယုံကြည်ခဲ့ပေမဲ့ယနေ.အချိန်မှာယုံကြည့်မှုတစ်နေ.ပြီးတစ်နေ.ကျဆင်းလာနေပါသည်၊နိုင်ငံရေးဝိသမလောဘသမားများနဲ.မဟာဝါဒီသမားတွေကြောင့်ဗမာပြည်လူတန်းစားများပိုမိုကွဲပြားလာသည်၊ဆင်းရဲချမ်းသာမှုကွာဟလာသည်၊စစ်ပွဲဖြစ်သည့်တိုင်းပြည်နဲ.မဖြစ်သည့်တိုင်းပြည်၊ဒုက္ခသည်တိုင်းပြည်နဲ.သုက္ခသည်တိုင်းပြည်၊လွတ်လပ်သည့်တိုင်းပြည်နဲ.မလွတ်လပ်သည့်တိုင်းပြည်စသည့်တစ်အိုးထည်ချက်ပြီးအကျက်မညီသည့်ထမင်းအိုးလိုမျိုးတိုင်းပြည်ဖြစ်နေပါပြီ။

Friday, December 9, 2011

အမှန်တရားဘက်ကိုရပ်တည်ပေးနေသည့်မြန်မာပြည်သူများကြောင့်ဖားတစ်ပိုင်ငါးတစ်ပိုင်အစိုးရရေရှည်မခံ

တိုင်းရင်းသားအသံ
အမှန်တရားဘက်ကိုရပ်တည်ပေးနေသည့်မြန်မာပြည်သူများကြောင့်ဖားတစ်ပိုင်ငါးတစ်ပိုင်အစိုးရရေရှည်မခံ

ယနေ.အချိန်အခါမှာလွန်ခဲ့သောဖဆပလ၊မဆလ၊နဝတ၊နအဖခေတ်တွေနဲ.မတူတာကကျုပ်တို.မြန်မာပြည်သူပြည်သားများအားလုံးဟာအတူတကွယှဉ်တွဲနေထိုင်ရေးမူကိုပိုမိုအားကောင်းလာသောကြောင့်မိမိအာဏာတည်မြဲရေးအတွက်တိုင်းပြည်မပြိုကွဲရေး၊ပြည်ပရန်ကာကွယ်ရေး၊မျိုးချစ်စိတ်ဓါတ်ရှင်သန်ရေးအကြောင်းပြချက်တွေနဲ.အာဏာဆက်လက်ဆုပ်ကိုင်လိုသည့်လူမျိုးကြီးဝါဒီသမားများ၊အာဏာရှင်ကြီးများ၊တစ်ကိုယ်ကောင်းဆန်အုပ်စုများနှင့်လူလိမ်လူလဲကြီးအုပ်စုများကဆက်လက်ပြီးလှည့်ဖျားဖို.လမ်းဆုံးလမ်းခွရောက်နေပြီးဖြစ်သည်၊သခင်ဘဝနေမလား၊ကျွန်းဘဝနေမလားစသည့်သခင်မျိုးစိတ်ဓါတ်ကိုအကြောင်းပြပြီးဗမာလူမျိုးတွေကအခြားသောလူမျိုးတွေထက်မြင့်မြတ်သယောင်၊သာကီအနွယ်ဝင်သယောင်ယောင်စိတ်ဓါတ်စစ်ဆင်ရေးဖန်းတီးထားပြီးမောင်သန်းရွှေတို.အုပ်စုဘက်ကိုရပ်တည်လာစေပြီးလူသားအချင်းချင်းမုန်းတီးလာအောင်၊အနိုင်ကျင့်သတ်ဖြတ်လာအအောင်စသည့်မကောင်းစိတ်ဓါတ်ဖြင့်ဒုစရိုတ်ကြီးတွေကိုကျူးလွန်စေသည်၊ပြီးတော့၊တိုင်းပြည်မတည်ငြိမ်းဘူးဆိုပြီးအာဏာရှင်စစ်အုပ်စုကဆက်လက်အုပ်ချုပ်စေသည်၊ယင်ကဲ့သို.နှစ်ပေါင်း ၆၀ နီးပါးတိုင်အောင်လှည့်ဖြားလိမ်ညာခဲ့ငြားသော်လည်းယနေ.ခေတ်၏လူမှုကွန်ယက်ဆက်သွယ်ရေးလမ်းပန်းစနစ်တွေကြောင့်ဘယ်ဟာကမှန်တယ်၊ဘယ်ဟာမှားတယ်ဆိုတာကိုပြည်သူလူထုကသိရှိနာလည်နေကြပြီးဖြစ်သည်၊
ှုဥပမာတစ်ခုပြရမည်ဆိုရင်၊ယနေ.ဖြစ်နေသည့်ကချင်နဲ.ဗမာတပ်မတော်တို.စစ်ပွဲအကြားကထင်ရှားဆုံးပါ၊စစ်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေရသည့်ကချင်စစ်ပြေးဒုက္ခသည်များကိုဗမာပြည်သူများ၏လူမှုရေးအဖွဲ.အစည်းများ၊၈၈ ကျောင်းသားဟောင်းအဖွဲ.များ၊စာရေးဆရာ၊ဘုန်းတော်ကြီးရဟန်းတော်များ၊နှင့်သာမန်းဗမာလူမျိုးများကလည်းဝိုင်းဝန်ကူညီယိုင်းပင်းကြသည်၊အခြားသောလူမျိုးများဖြစ်သောချင်း၊မွန်တွေကလည်းအကူအညီတွေပေးခဲ့သည်၊ဒါဟာဘာကိုပြနေသလဲဆိုတာအားလုံးကအတူတကွယှဉ်တွဲနေထိုင်ချင်စိတ်ဓါတ်ကိုပြနေတာပဲ၊ဗမာတပ်မတော်ရဲ.လုပ်ရပ်ဟာမမှန်ကန်ဘူး၊မတရားဘူး၊လက်ရှိသိန်းစိန်းတို.အစိုးရကလည်းယုတ်မာသည့်စိတ်ဓါတ်၊အောက်တန်းကျသည့်စိတ်ဓါတ်ရှိနေဆဲဆိုတာကိုပြည်သူလူထုများကနာလည်နေကြောင်းကိုပြသခြင်းပင်ဖြစ်သည်၊

ဒီလိုအမှန်တရားဘက်ကိုရပ်တည်ပေးနေသည့်မြန်မာပြည်သူများပိုမိုအင်းအားကောင်းလာမည်ဆိုရင်ဖားတစ်ပိုင်ငါးတစ်ပိုင်လူလိမ်အစိုးရဟာတိုင်းပြည်ကိုရေရှည်လှည့်စားလို.မရနိုင်ဘဲမကြာခင်သောအချိန်ကာလတစ်ခုမှာအဆုံးသတ်ရမည်ဖြစ်ကြောင်းသုံးသပ်လိုက်ရပါသည်။

အမှန်တရားဘက်ကိုရပ်တည်ပေးသည့်အမှန်တရားချစ်မြတ်နိုးသူမြန်မာပြည်သူပြည်သားများအားဂုဏ်ပြုလျက်..၊

Saturday, December 3, 2011

လက်ရှိဗမာစစ်အစိုးရ၏နည်းဗျူဟာတွေနောက်ဒို.ဆက်မလျှောက်တော့ဘူး၊

တိုင်းရင်းသားအသံ
လက်ရှိဗမာစစ်အစိုးရ၏နည်းဗျူဟာတွေနောက်ဒို.ဆက်မလျှောက်တော့ဘူး၊


ကရင်ကိုပစ်ရင်ကချင်ကိုရပ်၊သျှမ်းကိုပစ်ရင်ဝကိုရပ်၊ကချင်ကိုပစ်ရင်သျှမ်းကိုရပ်၊ဒေါ်စုကိုဖမ်းရင်မင်းကိုနိုင်ကိုလွှတ်၊မင်းကိုနိုင်ကိုဖမ်းရင်ဒ်ါစုကိုလွှတ်ထား၊မြို.ပေါ်ပြည်သူများကိုဖိနှိပ်ရင်ကျေးလက်ဒေသရှိပြည်သူများကိုအခွင့်အနည်းငယ်ပေးထား၊မြို.ပေါ်ကပြည်သူတွေကိုဒီမိုကရေစီပေးထားရင်ကျေးလက်ဒေသရှိပြည်သူများကိုဖိနှိပ်၊သတ်ဖြတ်နေဆဲပါ၊နိုင်ငံပါတီများကိုနှိပ်ကွက်သည့်အခါတိုင်းရင်းသားလက်နက်ကိုင်သူများကိုအခွင့်အရေးပေးခဲ့၊နိုင်ငံရေးပါတီများကိုအခွင့်အရေးဖွင့်ပေးသည့်အခါတိုင်းရင်းသားလက်နက်ကိုင်များကိုထိုးစစ်ဆင်၊းဒီလိုမျိုးနဲ.ဘဲဗမာအာဏာရှင်ကြီးများနဲ.မဟာဝါဒီစစ်ခေါင်းဆောင်များကရွာလည်အောင်လှည့်ထားသည်၊


ထို.ကြောင့်၊ယနေ.အချိန်အခါမှာ၊တိုင်းရင်းသားလက်နက်ကိုင်များအနေနဲ.လုပ်စရာရှိတာကိုရဲရဲတောက်ဆက်လုပ်ဖို.ဘဲရှိတယ်၊ပြည်ထောင်စုတပ်မတော်အင်းအားတောင်းတင်းရေးနှင့်ပြည်သူလူထုများထောက်ခံရေးအတွက်မိမိတို.တိုင်းရင်းသားများအားလုံးဝိုင်းဝန်ကြိုးစားကြပါရန်တိုင်းရင်းသားအသံမှတိုက်တွန်းချင်ပါသည်။

Tuesday, November 22, 2011

ဒိုင်လူကြီးမပါသည့်တွေ.ဆုံးဆွေးနွေးပွဲမျိုးကိုရှောင်ရှာသင့်သည်

တိုင်းရင်းသားအသံ
ဒိုင်လူကြီးမပါသည့်တွေ.ဆုံးဆွေးနွေးပွဲမျိုးကိုရှောင်ရှာသင့်သည်

ဗမာစစ်ခေါင်းဆောင်များနဲ.တွေ.ဆုံဆွေးနွေးသည့်အခါဂုဏ်သိက္ခာရှိသောယူအန်တို.၊အာဆီယံခေါင်းဆောင်တို.၊အမေရိကန်တို.လိုဟာမျိုးဒိုင်လူကြီးအဖြစ်မထားရှိဘဲတိုင်းရင်းသားအဖွဲ.များအနေဖြင့်ဗဘယ်လိုနိုင်ငံရေးဆွေးနွေးပွဲမျိုးမှမလုပ်သင့်ကြောင်းအကြံပြုအပ်ပါသည်၊တိုင်းရင်းသားအဖွဲ.များအနေဖြင့်လူလိမ်များစစ်ခေါင်းဆောင်များနဲ.နိုင်ငံရေးဆွေးနွေးသည့်အခါအင်ဒိုနီရှားလိုအာဆီယံခေါင်းဆောင်များ၊ကုလသမဂလိုအဖွဲ.အစည်းမှလူကြီးမင်းများ၊အမေရိကန်လိုအင်းအားကြီးနိုင်ငံမှလူကြီးမင်းများပါရှိရန်အရင်တောင်းဆိုသင့်ပြီး၊ယင်ပုဂိုလ်များပါရှိမှသာလျှင်လူလိမ်လူလဲဗမာစစ်ခေါင်းဆောင်တွေနဲ.တွေ.ဆုံဆွေးနွေးရင်ပိုပြီးစိတ်ချရသည့်သဘောရှိလိမ်.မည်လို.တိုင်းရင်းသားအသံမှယုံကြည်ထားပါသည်။

Sunday, November 20, 2011

ခြင်္သေ့မှန်ရင်မြက်မစားဘူး၊သူရဲကောင်မှန်ရင်ဒူးမထောက်ဘူး၊

တိုင်းရင်းသားအသံ
ခြင်္သေ့မှန်ရင်မြက်မစားဘူး၊သူရဲကောင်မှန်ရင်ဒူးမထောက်ဘူး၊

မြက်စားသည့်ခြင်္သေ့ဟာခြင်္သေ့အရေခြုံထားသည့်မြက်စားသတ္တဝါသာဖြစ်သည်၊ဒေါ်အောင်ဆန်းစုကြည်ဟာကျနော်တို.ခေါင်းဆောင်၊ကျနော်တို.သူရဲကောင်မဟုတ်တော့ဘူး၊အမျိုးသားခေါင်းဆောင်၊ပြည်သူ.ခေါင်းဆောင်လည်းမဟုတ်တော့ဘူး၊အန်အဲလ်ဒီပါတီ၏ခေါင်းဆောင်တစ်ဦးသာဖြစ်ပါကြောင်းဒီကနေ.ကစပြီးကြေညာလိုက်ရပါသည်၊
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.