(၆၃)ကြိမ်မြောက်ပြည်ထောင်စုနေ.အတွက်စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ.၏ထုတ်ပြန်ကြေ ညာချက်


LOI TAI LENG, Myanmar (Reuters) - Whether the country is ruled by brutal military dictators or democratically elected civilians, rebels who control this jungle enclave have made one thing very clear: they want nothing to do with Myanmar.
The country once known as Burma is preparing for its first elections in 20 years, the final step in a democratic "road map" it says will end almost half a century of unbroken army rule.
But the ethnic groups who have fought for more than 50 years to defend this mountainous region sandwiched between Thailand and China have little interest in the political process.
Myanmar, they say, has never been their country.
"We are Shan, we are not Burmese. We have a different language, a different culture," said Yawdmuang, the Shan State army's foreign affairs chief.
"We will not participate in elections -- they are their elections," he said.
The views of this group are echoed by other ethnic armies in Myanmar, which have also resisted the military regime's demands to disarm, transfer their fighters to a government-run Border Guard Force (BGF) and join the political process.
The State Peace and Development Council (SPDC), as the junta calls itself, has failed to assert its control over the ethnic groups but wants to claim the entire country is behind its elections, a date for which has not yet been set.
The polls have already been derided as a sham by critics. They say the generals, who ignored the result of the 1990 elections, will continue to wield power from behind the scenes.
But after years of bloody conflict and deep distrust, the junta's pledges of autonomy in return for their cooperation ring hollow and have cut little ice among these ethnic groups.
"We cannot work with the SPDC, we are their enemies," Yawdmuang said. "We are prepared to talk but the SPDC cannot accept our proposal. They say we must lay down our weapons, nothing else."
Huge crowds of Shan people gathered on a remote mountain plateau to watch well-trained and disciplined troops celebrate the state's 63rd National Day on February 7 with a parade of pomp and military might to rival the junta's vast "Tatmadaw" armed forces.
ALL-OUT CONFLICT
The Shan accept their refusal to play ball with Myanmar's stubborn generals could lead to an all-out conflict with the Tatmadaw, which has so far convinced, or forced, six smaller armed groups to join their BGF.
Compared with mainstream Myanmar people, the Shan say they have their freedom and enjoy their self-sufficient existence, trading with other groups and neighboring countries and running their own communities with farms, schools, and hospitals.
They are not prepared to give that up.
"We've been fighting for our independence for more than 50 years and we won't stop until we win," said Lieutenant-General Yawd Serk, the long-serving chief of the Shan State Army (SSA).
"We will try to negotiate. But if this fails, we have no other option than to settle this with military means."
Analysts and diplomats say the biggest hurdle preventing the junta from seizing control is the neighboring United Wa State Army, a battle-hardened force dismissed as warlords and drugs barons by the United States.
Once backed by China, the Wa has an estimated 36,000 troops with arms funded by revenues generated from the sale of opium used to make heroin. Analysts say a conflict with the Wa, whose territory borders Myanmar's key economic ally, China, could be protracted and bloody and would spark a refugee crisis.
The Wa have long been in conflict with other ethnic groups but with the junta's mooted February 28 disarmament deadline approaching, the far smaller SSA now faces a big dilemma.
Despite its strict anti-narcotics stance, it realizes it needs to bury the hatchet and form an alliance with the Wa -- or face the full force of the Myanmar army alone.
"The junta is their enemy, it is our enemy and to survive against them, we must have unity," Yawdmuang said.
"Our aims are the same, we can work together. We can let bygones be bygones if the Wa accept our anti-narcotics policy.
"But if they don't accept it, we cannot have unity," he said.
(Writing by Martin Petty in Bangkok; Editing by Jason Szep)

နအဖ ဖမ်းဆီးထားသည့် သျှမ်းခေါင်းဆောင်များ ( ဆရာဦးမြင့်သန်း သံတွဲထောင်၌သေဆုံး၊ စ၀်သာဦး ၂၀၀၉ က ပြန်လည်လွှတ်မြောက်)

Updated February 10, 2010 14:33:10
| 08 February 2010 |
မြန်မာစစ်အစိုးရက ဒီနှစ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပေမဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ SSA အဖွဲ့ကတော့ လက်နက်ကိုင် တိုက်ပွဲကိုပဲ ဆက်ပြီး ဆင်နွှဲသွားမယ်လို့ ရှမ်းပြည် အမျိုးသားနေ့မှာ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ နိုင်ငံရေး အပြောင်းအလဲတွေကို မယုံကြည်တဲ့အတွက် တိုင်းရင်းသားတွေ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်နိုင်သေးတာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က ထိုင်းနယ်စပ်နဲ့ သိပ်မဝေးတဲ့ SSA ရှမ်းပြည်တပ်မတော် ဌာနချုပ် လွိုင်တိုင်းလန်းမှာ SSA တပ်ဖွဲ့ဝင်တွေ ၆၃ ကြိမ်မြောက် ရှမ်းပြည် အမျိုးသားနေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ဝင် ၁,၀၀၀ လောက် စစ်ကြောင်းတွေခွဲပြီး အခမ်းအနားမှာ ချီတက်ခဲ့ပါတယ်။ အခမ်းအနားမှာ ၁၉၄၇ ခုနှစ်က ရှမ်းပြည်အတွက် သီးသန့်ရေးဆွဲထားတဲ့ အလံကို လွှင့်ထူထားပါတယ်။
SSA ရှမ်းတပ်မတော်ရဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် (Yawd Serk) ကတော့ AK 47 မောင်းပြန်သေနတ်တွေ၊ M 16 သေနတ်တွေ ကိုင်ထားတဲ့ တပ်ဖွဲ့ဝင်တွေကို အခုလို မိန့်ခွန်းပြောခဲ့ပါတယ်။
| ရှမ်းတပ်မတော်ခေါင်းဆောင် |
| ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်။ |
| ဇူလိုင် ၁၊ ၂၀၀၂။ |
ဒီလို SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ပြောဆိုလိုက်တဲ့ အချိန်ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရအကြား တင်းမာမှုတွေ ပိုပြီး ကြီးထွားလာနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတဲ့အချိန် ဖြစ်သလို အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖို့ မြန်မာစစ်အစိုးရက ဖိအားပေးနေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ထိုင်းနယ်စပ် အခြေစိုက် ရှမ်းသံတော်ဆင့် သတင်း အယ်ဒီတာချုပ် ဦးခွန်ဆိုင်းက ဒီလို လက်နက်ကိုင် လမ်းစဉ်ကို မစွန့်နိုင်သေးတာဟာ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေး အပြောင်းအလဲတွေက တိုင်းရင်းသားတွေရဲ့ တန်းတူရေး အခွင့်အရေးတွေကို အာမခံနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်တဲ့အတွက် ဖြစ်တဲ့အကြောင်း အခုလို ပြောပြပါတယ်။
“ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ ဖြစ်မယ်လို့တော့ ထင်တယ်။ သို့သော်လည်း ၁၉၉၀ ခုနှစ်မှာ အနိုင်ရရှိခဲ့တဲ့ NLD တို့၊ SNLD တို့ရဲ့ ခေါင်းဆောင်တွေက ထောင်ထဲမှာ ရှိနေတယ်ဆိုတော့ ဒီရွေးကောက်ပွဲဟာ ဘာများ အဓိပ္ပာယ်ရှိမှာလဲ၊ အဲလို မေးခွန်းထုတ်ပါတယ်။ ကျနော့်အမြင် ပြောရရင်တော့ ဒီနည်းနဲ့ ဒီမိုကရေစီ တည်ဆောက်မယ်ဆိုတာ ဆုံကြီးကို တောင်ပေါ် တွန်းတင်တာနဲ့ အတူတူပါပဲလို့ အဲလိုပဲ မြင်တယ်။”
မြန်မာစစ်အစိုးရကတော့ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲထားပြီး ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ချမှတ်ထားတယ်လို့ ပြောဆိုပါတယ်။ ဒီလက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖို့ကို အတင်းအကျပ် ဖိအားပေးနေပေမဲ့ လက်နက်ကိုင်အဖွဲ့ အားလုံးက ဒီလို ပြောင်းလဲဖွဲ့စည်းဖို့ သဘောတူသေးတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ၂၀၁၀ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားတဲ့အတွက် ဒီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အသွင်ပြောင်းရေးကိစ္စက ရွေးကောက်ပွဲ မတိုင်ခင် အပြီးသတ် လုပ်ဆောင်မယ့် ကိစ္စတခုလို့ လေ့လာသူတွေက ရှုမြင်ပါတယ်။
SSA တောင်ပိုင်းဟာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့တဖွဲ့ မဟုတ်တဲ့အတွက် မြန်မာစစ်အစိုးရဘက်က နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖို့ ကမ်းလှမ်းထားတဲ့ အထဲမှာ မပါပါဘူး။
ရှမ်းသံတော်ဆင့် သတင်းစာ အယ်ဒီတာချုပ် ဦးခွန်ဆိုင်းကတော့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့တွေအပေါ် စစ်အစိုးရဘက်က ချဉ်းကပ်ပုံတွေကလည်း တဖွဲ့နဲ့တဖွဲ့ ချဉ်းကပ်ပုံ မတူဘူးလို့ ပြောဆိုနေပါတယ်။
“သူတို့ မူအရ လက်ခံတယ်လို့ ဒီလိုပဲ ရှိတယ်။ ဒါပေမဲ့ နအဖက မူအရ လက်ခံတယ်ဆိုရင်လည်း ဒါက လက်ခံတာပဲ ဆိုပြီးတော့ သူတို့ကို ပြည်သူ့စစ် တပ်ဖွဲ့တွေ ဖွဲ့ဖို့ ညွှန်ကြားလာတာပဲ ရှိတာပေါ့။ ၀ဆိုရင် မူအရ လက်ခံတယ်ဆိုပေမဲ့ ၀ကို သူက ဘာမှ မဆွေးနွေးတော့ဘူး။ သို့သော်လည်း SSA ကျတော့ မူအရ လက်ခံတယ်ဆိုရင် ခင်ဗျား ဖွဲ့ဖို့ ပြင်တော့ဆိုပြီး တခါတည်း ညွှန်ကြားတယ်။ မုန်းလားအဖွဲ့က မူအရ လက်ခံတယ်ဆိုတော့ လူစာရင်း၊ လက်နက်စာရင်း ပေးပါဆိုပြီး တောင်းတယ်။ သူက တဖွဲ့ချင်းကို ချဉ်းကပ်ပုံ မတူဘူးဆိုတာကို ပြောပြတာပါ။”
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ သဘောတူသည် ဖြစ်စေ၊ မတူသည်ဖြစ်စေ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ကိုးကန့်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေက မြန်မာစစ်အစိုးရ အနေနဲ့ သူတို့လိုချင်တဲ့ အပြောင်းအလဲတွေကို အင်အားသုံးပြီး အတင်းအကျပ် မဖြစ်ဖြစ်အောင် လုပ်လိမ့်မယ်ဆိုတာ ပြသလိုက်သလို ဖြစ်နေပါတယ်။
ဒီလို ပြောင်းလဲမှုတွေကြောင့် ဆယ်စုနှစ်ချီ ကြာခဲ့တဲ့ လက်နက်ကိုင် တိုက်ပွဲတွေ အဆုံးသတ် ချုပ်ငြိမ်းသွားမလား ဆိုတာကတော့ မေးခွန်းထုတ်စရာတွေ အများအပြား ရှိနေသလို အကဲခတ်တွေ တော်တော်များများကလည်း မယုံကြည်ကြပါဘူး။
လက်နက်ကိုင် အင်အား ၁၀,၀၀၀ လောက်ရှိတဲ့ SSA ကတော့ တိုင်းရင်းသား အခွင့်အရေးကို လက်နက်ကိုင် ကာကွယ်မှ လုံခြုံစိတ်ချရသလို လက်နက်ကိုင်တိုက်မှ ရမယ်လို့ ယုံကြည်ထားဆဲ ဖြစ်တဲ့အကြောင်း ၆၃ နှစ်မြောက် ရှမ်းပြည် အမျိုးသားနေ့ အခမ်းအနားမှာ သေနတ်တွေ ပစ်ဖောက် ပြသကြပါတယ်။
ဒီသေနတ်သံတွေကပဲ ဒီနှစ်ထဲမှာ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုပေမဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ အိပ်မက်တခုဖြစ်တဲ့ တောင်တန်းဒေသတွေ ငြိမ်းချမ်းရေး၊ ပြည်နယ်ပြည်မ တန်းတူရေး ဆိုတဲ့ ရည်မှန်းချက်တွေ အလှမ်းဝေးနေသေးတယ် ဆိုတာကို သက်သေပြလိုက်သလိုလည်း ဖြစ်နေပါတယ်။



Born in Rangoon in 1941 the daughter of a Portuguese Jew and his Karen wife. Naw Louisa became Miss Burma in both 1956 and 1958 and acted in number of a films. After studying in Boston she returned to Burma and, in 1964, married ex-5th Brigade Commander Lin Tin who had surrendered with Saw Hunter Tha Mwe. After LIn Tin's death a year later near Thaton, she led his 5th Brigade back into the revolution. In 1967 she married an American, Glen Craing, and now lives in California where she is active in a number of overseas Karen organisations and pro-democracy groups.

ကေအိုင်အိုတော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲတော် စတင်ကျင်းပ
ဧရာဝတီမြစ်ဆုံ အထက်ပိုင်း၊ မေခနှင့်မလိမြစ်အကြား ကေအိုင်အိုတပ်မဟာ (၁) ဌာနချုပ်ရှိရာ အင်ဂျန်းယန်မြို့နယ်၊ အင်ဂွန်းလကျေးရွာတွင် မနောပွဲဖြင့် ယနေ့နံနက်ပိုင်းက စတင်ခဲ့ပြီး တော်လှန်ရေးနေ့တွင် စစ်ရေးပြ ချီတက်အခမ်းအနားနှင့် လူထုစည်းဝေးပွဲများ ကျင်းပရန်ရှိသည်ဟု ကေအိုင်အို ဆက်ဆံရေးရုံးနှင့် နီးစပ်သူ မြစ်ကြီးနားမြို့ခံက ပြောသည်။
၎င်းက “ဒီမြစ်ကြီးနားကလည်း သွားကြတယ်။ နီးစပ် နီးစပ်ရာတွေပေါ့။ ယဉ်ကျေးမှုအဖွဲ့တွေကိုလည်း ဖိတ်ထားတယ်။ မီးရထားသံလမ်းရိုး တလျှောက်ကလည်း တက်ကြမယ်။ မြစ်ကြီးနားကနေ မိုင် (၃ဝ) ကျော်လောက် ဝေးတယ်။ မော်တော်ကားလမ်း ပေါက်တယ်။ မြစ်ကြီးနားကနေ အထက် (၁ဝ) မိုင်ကျော်ရင် ကတ္တရာလမ်းမရှိဘူး။ လမ်းတော့ သိပ်မကောင်းဘူး” ဟု ပြောသည်။
ယမန်နှစ်က (၄၈) နှစ်မြောက် ကေအိုင်အို တော်လှန်ရေးနေ့ အခမ်းအနားကို ကေအိုင်အို ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ်ရှိ လိုင်ဇာမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ ရဟန်းသံဃာတော်များ၊ ကချင်ပြည်နယ်အတွင်းမှ ဒေသခံ တိုင်းရင်းသားများအပါအဝင် တရုတ်ပြည်ဘက်မှ ကချင်တိုင်းရင်းသားများ စုစုပေါင်း လူအင်အား (၁ဝ,ဝဝဝ) ဝန်းကျင်အထိ တက်ရောက်ခဲ့သည်။
ယခုနှစ်တွင် ကေအိုင်အိုဌာနချုပ်ရှိရာ တရုတ်နယ်စပ်နှင့်ဝေးပြီး လမ်းပန်းဆက်သွယ်ရေး သိပ်မကောင်းသည့် ပြည်တွင်းတွင် တော်လှန်ရေးပွဲလုပ်နေသဖြင့် အခြား အပစ်ခတ်ရပ်အဖွဲ့များနှင့် တရုတ်ပြည်ဘက်မှ ကချင်တိုင်းရင်းသား ဧည့်သည်များ တက်ရောက်ရန် အခက်ခဲရှိနိုင်သည်ဟု လိုင်ဇာဒေသခံတဦးက ပြောသည်။
၎င်းက “ကားတော့ စီစဉ်ပေးတယ်။ ဒါပေမယ့် နယ်စပ်ဖြတ်ကျော်သွားရမယ့် တရုတ်ဘက်က လူတွေတော့ ခက်သွားမယ်။ လိုင်ဇာနဲ့ အခြားတပ်ရင်းတွေမှာတော့ ကိုယ့်အစီစဉ်နဲ့ကိုယ် တော်လှန်ရေးပွဲတော့ လုပ်မှာပေါ့။ မနှစ်ကလို ဒီမှာတော့ မလုပ်တော့ဘူး။ ငြိမ်းချမ်းရေးယူတဲ့ ဖေဖော်ဝါရီ (၂၄) ရက် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲလည်း လုပ်ဖို့ရှိတယ်။ အဲဒါက မြစ်ကြီးနားမြို့နယ်ထဲလောက် ကျမယ်၊ ကေအိုင်အေ တပ်ရင်း (၁၁) ဘက်မှာ မနောပွဲလုပ်ဖို့ ရှိသေးတယ်” ဟု ပြောသည်။
၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီ (၅) ရက်နေ့တွင် ဇော်တူး၊ ဇော်ဆိုင်း စသည့် ကချင်ကျောင်းသားလူငယ်များက ဦးဆောင်ကာ ကချင်တိုင်းရင်းသားတို့၏ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အစိုးရအား လက်နက်ကိုင်တော်လှန်သည်ကို အစွဲပြု၍ ဖေဖော်ဝါရီ (၅) ရက်နေ့ကို ကေအိုင်အိုတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ်ပွဲများ ကျင်းပခြင်း ဖြစ်သည်။
ကေအိုင်အိုသည် ၁၉၉၄ ခုနှစ်တွင် နအဖနှင့် အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့ပြီး ယမန်နှစ်၊ ဧပြီမှစ၍ အခြားသော အပစ်ရပ်အဖွဲ့များ နည်းတူ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖ၏ ကမ်းလှမ်းပြောဆိုမှု ခံနေရပြီး ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ်အရ တန်းတူညီမျှရေးကို နအဖဘက်က လက်ခံလျှင် လက်နက်ကိုင်တော်လှန်ရေးစွန့်သွားမည်ဟု ကေအိုင်အိုဘက်က ပြောဆိုထားခဲ့သည်။
ယခုနှစ် တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲအား ဖေဖော်ဝါရီ (၃) ရက်နေ့မှ (၆) ရက်နေ့အထိ ကျင်းပသွားရန်ရှိသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က မြန်မာ(၉)ဦး ပစ်သတ်ခံရသည့် အမှုတွင် ပါဝင်ပတ်သက်သူ ထိုင်းရဲအရာခံဗိုလ်တဦး၊ ထိုင်းနိုင် ငံသား(၄)ဦးနှင့် မြန်မာနိုင်ငံသား တရုတ်လူမျိုးတဦးတို့အား ဖမ်းဝရမ်းထုတ်လိုက်ပြီဟု ထိုင်းအမှတ်(၆) ရဲတိုင်းမှူး ဆူရစီ ဆွန်ထောင်းဆာရထွန်က ယနေ့ ပြောကြားလိုက်သည်။
လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း ပြစ်မှုထင်ရှားသည့်အတွက်ကြောင့် အဆိုပါ လူများကို ယခုလို ဖမ်းဝရမ်းထုတ် လိုက်ရခြင်းဖြစ်ကြောင်း ယနေ့ မဲဆောက်မြို့၊ ရဲစခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆူရစီဆွန်ထောင်းဆာရ ထွန်က ဒေသခံသတင်းထောက်များအား ပြောဆိုခဲ့ခြင်းဖြစ်သည်။
“အခု ပြစ်သတ်မှုမှာ ပါဝင်သူတွေကို ကျနော်တို့ ဖမ်းဝရမ်းထုတ်လိုက်တယ်။ ဒီနေ့ ဖမ်းမယ့်အချိန်မှာ ထွက်ပြေးတိမ်း ရှောင်သွားတယ်။ မြန်မာပြည်ဘက်ကို ထွက်ပြေးမယ်လို့ ကျနော်တို့ ယူဆရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို ဖမ်းဆီးဖို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီး ဥပဒေအတိုင်း အရေးယူသွားမှာဖြစ်ပါတယ်”ဟု သတင်းစာရှင်းလင်းပွဲတွင် သူက ပြော ဆိုသွားသည်။
ဖမ်းဝရမ်းထုတ်လိုက်သည့် သူများထဲမှ ဦးဆောင်သူ ထိုင်းရဲအရာခံဗိုလ်ဖြစ်သူ စုမ်ချိုင်းပင်ကဲ့ယောက်သည် မြန်မာများကို ပစ်သတ်ခဲ့ပြီး ရက်ပိုင်းအတွင်း ၎င်းတာဝန်ကျရာ မဲဆောက်မြို့၊ တောင်ဘက်ခြမ်း ၈၄ကီလိုမီတာ အကွာဝေး အမှတ်(၄၈) ဂိတ်တွင် မိမိကိုယ်ကို ကြိုးဆွဲကျအဆုံးစီရင်ခဲ့ပြီး ကျန်ရှိသည့် (၅)ဦးကို ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်ဟု သိရ သည်။
စုမ်ချိုင်းပင်ကဲ့ယောက် သေဆုံးပြီးနောက် အမှတ် (၆)ရဲတိုင်းမှ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် စေလွတ်ထားသည့် ရဲတပ်ကြပ်တဦးလည်း ယမန်နေ့ညတွင် အမည်မသိ သေနတ်သမား အဖွဲ့တဖွဲ့က လာရောက်ပစ်ခတ်ကာ အဆိုပါ ရဲတပ် ကြပ်ကြီး သေဆုံးသွားသည်ဟု သိရသည်။
အဆိုပါ ပစ်သတ်ခံရသည့် ရဲတပ်ကြပ်ကြီးသည် ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဖြစ်စဉ်အားလုံးသိရှိထားခဲ့ရာ အထက်သို့ အစီရင်ခံခဲ့သည့်အတွက် နှုတ်ပိတ်လိုက်ခြင်းဖြစ်သည်ဟု ယူဆရကြောင်း မဲဆောက်အခြေစိုက် ထိုင်းသတင်းထာက်များက မေးမြန်းခဲ့ရာတွင် တိုင်းမှူးက ပြန်လည်ဖြေကြားခဲ့သည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၇ ရက် မှ ၃၁ ရက်နေ့အတွင်း အဆိုပါ မြန်မာနိုင်ငံသား(၁၂)ဦးသည် မြန်မာကယ်ရီတဦး၏အကူအ ညီဖြင့် မဲဆောက်မှဘန်ကောက်သို့ တောလမ်းခရီးအတိုင်းအသွား (၄၈)ဂိတ်တွင် ရောက်ရှိစဉ် ၎င်းတို့ကို ဖမ်းဆီးပြီး ဆွေမျိုးသားချင်းများကို တဦးလျှင် ဘတ်ငွေ (၁)သောင်းဖြင့် လာရောက်ရွေးခိုင်းခဲ့ရာတွင် လာရောက်ခြင်းမရှိသဖြင့် အဆို ပါ ရဲအရာခံဗိုလ် စုမ်ချိုင်းပင်ကဲ့ယောက်ဦးဆောင်၍ ထိုင်းဒေသခံရွာသား ၄ဦးနှင့် မြန်မာနိုင်ငံသား တရုတ်လူမျိုးတဦးတို့နှင့် ပူးပေါင်းကာ ၄င်းမြန်မာ ၉ဦးအား သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။
သေနတ်သမားများက အဆိုပါ မြန်မာနိုင်ငံသား(၁၂)ဦးကို ပစ်သတ်ခဲ့ရာတွင် (၇)ဦးသေဆုံး၊ (၂)ဦး ပျောက်ဆုံးကာ (၃)ဦး လွတ်မြောက်သွားခဲ့သည်ဟု ထိုင်းရဲများက ဆိုသည်။
ပစ်သတ်ခံရသူများ၏ ဦးခေါင်းမှ သေနတ်ဒဏ်ရာတွင် ဒဿမ (၃၈နှင့်၂၂) ကျည်အမျိုးအစားများတွေ့ရှိရပြီး လက်ရှိအချိန် တွင် (၉)ဦးထဲမှ (၇)ဦး၏ အလောင်းကို မဲဆောက်ဆေးရုံနှင့် ဖို့ဖတ်မြို့နယ် ဆေးရုံရှိ ရေခဲတိုက်တွင် ထားရှိကာ အဆိုပါ သေဆုံးသူများ၏ အလောင်းများကို သင်္ဂြိုဟ်ရန် ဆွေမျိုးသားချင်းများက မဲဆောက်မြို့တွင် စောင့်ဆိုင်းလျှက်ရှိကြောင်း သိ ရသည်။
ပစ်သတ်ခံရပြီး သေဆုံးသွားသူ(၉)ဦးမှာ စောမူးချဲ့ချဲ့(၂၈)နှစ်၊ စောကျော်ဦး(၂၇)နှစ်၊ နော်ကြို့အေး(၃၂)နှစ်၊ စောဒီဒို့(၂၈) နှစ်၊ စောအကို(၂၇) နှစ်၊ နော်အေးချို(၃၂)နှစ်၊ စောထူးအောင်(၃၅)နှစ်၊ နော်ခရိုး(၃၃)နှစ်နှင့် နော်တင်ချိုအေး(၂၈)နှစ်တို့ ဖြစ်သည်ဟု သိရသည်။
မိမိစားဝတ်နေရေး ပြေလည်ရေးအတွက် ဘန်ကောက်သို့ အလုပ်တက်လုပ်ရန် သွားသည့် အဆိုပါ မြန်မာနိုင်ငံသား ၁၂ဦးသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာမှ ရွာသား (၉)ဦးနှင့် အခြားအမည်မသိ ရွာသား (၃)ဦးတို့ ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ အလုပ်လာရောက်လုပ်ကိုင်ရာတွင် အလားတူ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု များ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လွန်ခဲ့သည့်(၄)နှစ်က မဲဆောက်မြို့တွင် မြန်မာအလုပ်သမား(၈)ဦးကိုလည်းကောင်း၊ မဲ့လ မတ် မြို့နယ်အတွင်း လွန်ခဲ့သည့်(၇)နှစ်က မြန်မာ(၁၇)ဦးကိုလည်းကောင်း အုပ်စုလိုက်အသတ်ခံရမှုများ ရှိခဲ့ကြောင်း သိရ သည်။
မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန် (ဓာတ်ပုံ - ဧရာဝတီ)