တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Saturday, July 26, 2008

စစ်တပ်ပိုင်သောတိုင်းပြည်ဖြစ်အောင်ကြိုးပမ်းနေသည့် သန်းရွှေတို.အုပ်စုကို ဟစ်တလားသမိုင်းသင်ပေးကြလော့

တိုင်းရင်းသားအသံ
စစ်တပ်ပိုင်သောတိုင်းပြည်ဖြစ်အောင်ကြိုးပမ်းနေသည့် သန်းရွှေတို.အုပ်စုကို ဟစ်တလားသမိုင်းသင်ပေးကြလော့

သျှမ်းပြည်၌ နအဖစစ်တိုင်းတစ်တိုင်း ထပ်တိုးချဲ့မည်ဟု သတင်းထွက်
User Rating: / 1
PoorBest
သတင်း - သျှမ်းသံတော်ဆင့်သတင်း
Written by S.H.A.N
Friday, 25 July 2008 13:13

သဋမ်းပြည်အရှေ့ပိုင်း၌ နအဖတိုင်းစစ်ဌာနချုပ် တစ်တိုင်း ထပ်မံတိုးချဲ့မည်ဟု သတင်း ထွက်နေကြောင်း ကျိုင်းတုံသတင်းရပ်ကွက်က ဆိုပါသည်။

ဂျူလိုင်လလယ်က တီးတိုးသတင်းများ ထွက်ပေါ်ခဲ့ပြီး ဘယ်တော့ အကောင်အထည် ဖော်မည်ကို မသိရသေးသော်လည်း နေပြည်တော် ဗဟိုစစ်ရုံးချုပ်၏ ၄ လပတ် အစည်းအဝေး ဆုံးဖြတ်ချက် ဖြစ်နိုင်သည်ဟု ဆို၏။

“မိုင်းဆတ်မြို့မှာ ရုံးစိုက်မယ်လို့ သတင်းထွက်နေတယ်။ မိုင်းဆတ်မြောက်ဘက် မိုင်းပြင်းကနေ မိုင်းဆတ်အရှေ့တောင်ဘက် ဟိုမိန်းမြို့နယ်ခွဲ အပါအ၀င် ကယားနယ်စပ်အထိ ထိန်းချုပ်မဲ့ သဘောဘဲ။ တိုင်းစစ်ဌာနချုပ်အသစ် ဖွင့်မယ် ဆိုတာတော့ အလားအလာ ရာခိုင်နှုန်း ပိုများတယ်။ ဘယ်တော့ စလုပ်မလဲ။ နာမည် ဘယ်လိုပေးမလဲတော့ မသိဘူး” ဟု ဗမာပြည်ကွန်မြူနစ် ပါတီဝင်ဟောင်း ကျိုင်းတုံသား စီးပွါးရေးသမား တစ်ဦးက ပြောပြသည်။

နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် ပုဒ်မများအရနှင့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအတိုင်း သံလွင်အရှေ့ဖက်ခြမ်း အပစ်ရပ် ၀တပ်ဖွဲ့ အထူးဒေသ ၂ နှင့် မိုင်းလား အပစ်ရပ်အထူးဒေသ ၄ အဖွဲ့တို့အား လက်နက်ဖြုတ် တပ်ရုပ်ရန် ဖိအားပေးရေးအတွက် အင်အားဖြည့် အသင့်ပြင်ထားခြင်းလည်း ဖြစ်နိုင်ကြောင်း၊ မိုင်းဆတ် မိုင်းတုံမြို့နယ်နှင့် ထိုင်းနယ်စပ် အကြားရှိ ၁၇၁ စစ်ဒေသ UWSA - ၁၀ တပ်ရင်းကျော်၊ တပ်မဟာ ၄၁၄၊ ၂၅၁၈ ထိန်းချုပ်နယ်မြေ တစ်ခုလုံးနှင့် SSA-S သျှမ်းတပ်တို့အား ရင်ဆိုင်ရန်လည်း စစ်ရေးပြင်ဆင်ခြင်း ဖြစ်နိုင်ကြောင်း - သျှမ်းခေါင်းဆောင်အချို့ သုံးသပ်ကြ၏။

“အဲဒီမှာ တိုင်းစစ်ဌာနချုပ်သစ် တစ်ခု တကယ်ချဲ့ဖြစ်ရင်တော့ ဟိုမိန်းမြို့နယ်ခွဲလည်း မိုင်းဆတ်ခရိုင်အောက် ဆွဲထည့်ဖို့ အလားအလာများမယ်။ သျှမ်းပြည်ထဲမှာတင် စစ်တိုင်း ၄ တိုင်း ဖြစ်သွားမယ်။ အပစ်ရပ်အဖွဲ့တွေ၊ လက်နက်ကိုင် တိုက်နေဆဲအဖွဲ့တွေ အတွက် ရင်လေး ရတာပေါ့။ ဒေသခံလူထုလည်း ဖိနှိပ်မှု အမျိုးမျိုး ခံရဖို့ များမယ်။ စားဝတ်နေရေး ပိုပြီး ကျပ်တည်းလာမယ်” ဟု တြိဂံတိုင်းအသိုင်းအ၀ိုင်းနှင့် ၀င်ဆန့်သည့် အဆိုပါ ဗကပဟောင်း လုပ်ငန်းရှင်က ဆိုပါသည်။

စစ်တိုင်းအသစ် ထိန်းချုပ်မည့် မိုင်းဆတ်ခရိုင်တွင် မိုင်းဆတ်၊ မိုင်းပြင်း၊ မိုင်းတုံမြို့နယ်နှင့် မိုင်းကုတ်၊ ပုံပါကျင် မြို့နယ်ခွဲများ ပါဝင်၏။ အရှေ့မြောက်နှင့် အရှေ့ဘက်ဂွင်များကို ကျိုင်းတုံတြိဂံစစ်တိုင်းရုံးမှ တသီးတခြား ပိုင်နိုင်စွာ ကွပ်ကဲထိန်းချုပ်နိုင်စေရန် ပိုင်းခြား ခွဲထုတ်လိုသဖြင့် စစ်တိုင်းအသစ် တိုးချဲ့ခြင်းဖြစ်မည်ဟု ဆိုသည်။

မဆလခေတ်က မြန်မာတပြည်လုံး တိုင်းစစ်ဌာနချုပ် ၁၀ တိုင်းသာ ရှိသော်လည်း န၀တခေတ်၌ ကမ်းရိုးတမ်းတိုင်းနှင့် တြိဂံတိုင်း ၂ တိုင်း ထပ်မံ တိုးချဲ့ လိုက်သဖြင့် ၁၂ တိုင်း ဖြစ်လာ၏။ နအဖလက်ထက်၌ ပျဉ်းမနား ကြပ်ပြေး နေပြည်တော်သို့ တပ်ပြောင်းရွှေ့ကြပြီးနောက် နေပြည်တော် ဗဟိုစစ်တိုင်းချုပ်ဟူ၍ ထပ်တိုးပြန်သဖြင့် ၁၃ တိုင်းဖြစ်လာ၏။ မိုင်းဆတ်၌ တစ်တိုင်း ထပ်တိုးပါက စုစုပေါင်း တိုင်းစစ်ဌာနချုပ် ၁၄ တိုင်း ရှိမည် ဖြစ်သည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.