တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, July 9, 2008

လည်ပင်းရှည် ပဒေါင်များအား ရှာဖွေမှု စတင်

တိုင်းရင်းသားအသံ

လည်ပင်းရှည် ပဒေါင်များအား ရှာဖွေမှု စတင်

ခွန်အောင်မြတ်။
ဇူလိုင်လ ၉ ရက်၊ ၂၀၀၈ ခုနှစ်။

ပျောက်ဆုံးသွားသည့် လည်ပင်းရှည်ပဒေါင်များအား ရှာဖွေရန် ထိုင်းအာဏာပိုင်များက ကော်မတီ တခုဖွဲ့စည်း လိုက်ပြီး ရှာဖွေမှုများ စတင်နေပြီဟု မယ်ဟောင်ဆောင် မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

ပဒေါင်လူမျိုး ၁၁ ဦးပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး သဲလွန်စ တချို့ရရှိထားပြီဟုလည်း မယ်ဟောင်ဆောင် မြို့ နယ်အုပ်ချုပ်ရေးမှူး ထုံချိုင်း ၀န်ရိုင်ထောင်က ပြောသည်။

ယခုချိန်ထိရရှိထားသော သတင်းအချက်အလက်များအရ လည်ပင်းရှည်ပဒေါင် ၁၁ ဦးကို ယခုလ ၃ ရက်နေ့က ရဲကားတစီးဖြင့် ထိုင်းအမျိုးသမီးတဦးက ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

“ဦးဆောင်ခေါ်သွားတဲ့သူက နန်းဆောင်မလိ။ သူက ခေါ်သွားတာ။ သူတို့က မော်တော် ဆိုင်ကယ်နဲ့ ဆေးရုံကိုသွားတာ။ ဆေးရုံမှာ ဆရာဝန်ကို သွားတွေ့တယ်၊ ပြီးတော့ မှန်လုံကားနဲ့ တင်ခေါ် သွား တယ်။ အဲဒီ မှန်လုံကား ရဲအရာရှိကားလား၊ တခြား ဘယ်ဌာနက ကားလဲတော့ မသိဘူး။ သေချာတာ ကတော့ အဲဒီအရာရှိအဖွဲ့တွေကတော့ ကြားပေါက်ရှာ စားတဲ့အဖွဲ့တွေပဲ၊ သူတို့က ခေါ်သွားတာ။ အဲဒီ အရာရှိ ဒီဒေသအကြောင်း သိလို့ပေါ့၊ မသိရင် ဒီနယ်မြေကို ဖြတ်ကျော်လို့ ဘယ်လိုလုပ်လို့ ရမှာလဲ။ တခြား ရဲတွေ ဘယ်လိုလုပ် လွှတ်ပေးမှာလဲ၊ မှန်လုံကားနဲ့ ခေါ်သွားတာ။ ”

ပျောက်ဆုံးသွားသူများသည် ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့်ရှိသည့် တောင်ပေါ် သားလက်မှတ်များ ကိုင် ဆောင်ထားသူများဖြစ်သော်လည်း အခြား ခရိုင်၊ ပြည်နယ်များကို ခရီးသွားလျှင် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ခရီး သွားလာခွင့် ထောက်ခံစာ ယူရမည်ဖြစ်သည်။

“အခု သူတို့အားလုံးကို တရားခံလို့ မသတ်မှတ်ဘူး။ သူတို့မှာ အခွင့်အရေးရှိတာပဲ ဘယ်ကို သွား မယ်ဆိုတာ တရားဝင်လာတောင်း၊ တရားဝင်လုပ်ဖို့လိုတယ်။ တခြား နေရာ ဒေသကို ထွက်သွား ချင်တယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ထွက်သွားခွင့်ပေးတယ်။ တခြား ဒေသကို၊ ဘယ်နှစ်ရက်၊ ဘယ် နှစ်ရက်လဲဆိုတာ ခွင့်ယူချိန် ရက်ကုန်ရင်တော့ ပြန်လာပေါ့။ ဒီလို ထွက်သွားတာမျိုးမဟုတ်ဘူး။ ဒီလို မထွက်ပြေးရဘူး။ ဒါဟာ ထွက်ပြေးသလိုမျိုးဖြစ် တယ်။ ဒီလိုထွက်ပြေးရင် ပထမကြိမ်အနေနဲ့ သတိ ပေးမယ်၊ ဒုတိယတကြိမ်ဆိုရင် ဒဏ်ငွေ ဘတ် ၅၀၀ ဒဏ်ဆောင်ရမယ်။ ဒီအဖွဲ့တွေက ၁၁ ယောက် ထဲမှာ ကလေးတွေလည်း အများကြီးပါတယ်။ ”

မည်သည့်နေရာတွင် ခေါ်ဆောင်သွားသည်ကို မသိရှိရသေးသော်လည်း ၎င်းတို့ ရှိနိုင်မည့် ဒေသများထံ သက် ဆိုင်အာဏာပိုင်များကို အမည်၊ ဓာတ်ပုံနှင့် မှတ်တမ်းများ ပို့ဆောင်ထားပြီး ဖြစ်သည်ဟု ထုံချိုင်းဝန်ရိုင်ထောင် က ပြောသည်။

“ဖမ်းမိတဲ့အချိန်ဆိုရင်တော့ ဒဏ်အရိုက်ခံရမယ်။ ဦးဆောင်ခေါ်သွားတဲ့သူကိုတော့ အမှုစွဲပြီး အရေးယူ ခံရမယ်။ အခုတော့ လိုက်ရှာနေတုန်းပဲ။ လည်ပင်းရှည်တွေ တွေ့တဲ့နေရာမှာဆို သူတို့ပဲပေါ့။ သေချာ တာကတော့ သူတို့ကို နိုင်ငံခြားသားအတွက် ဖျော်ဖြေရေးအတွက် လုပ်ခိုင်းတာပဲ။ ဘယ်မှာသွား နေတယ်။ ဘယ်ခရိုင်မှာရောက်နေတယ်ဆိုတာ။ ဘယ်သူ လက်ခံတာပဲဖြစ်ဖြစ် လက်ခံတဲ့သူကတော့ တရားစွဲခံရမှာပဲ။ လိုက်ရှာ စုံစမ်းတာ မိခါနီးပါပြီ။ ဘယ်နေရာကိုပဲ ရှောင်ပြေးပြေး မလွတ်ပါဘူး။ အခု ဘယ်နေရာမှာ ရှိနေတယ်ဆို ရေးရေးတော့ သိနေပါပြီ။ သုံး၊ လေး ခရိုင်လောက်မှာပဲ ရှိနေတယ် ဆိုတာ။”

ကြေးကွင်းစွပ် ပဒေါင်များ ထွက်ပြေးရခြင်းသည် ၎င်းတို့ နေထိုင်ရာ ရွာသစ်တွင် နိုင်ငံခြားသား ဧည့်သည်များ လာရောက်လည်ပတ်မှုနည်းသဖြင့်၊ ၀င်ငွေမရှိကြောင်း ထိုင်းအာဏာပိုင်များက ထောက်ပံ့ပေးမှု မရှိသဖြင့် စား ၀တ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့ကြရကြောင်း ရွာသစ်တွင် နေထိုင်ကြသူများက ပြောသည်။

ယခု ပျောက်ဆုံးသွားသူ ၁၁ ဦးကို အခြား နိုင်ငံခြားခရီးသွားများ အလာများသည့် ချင်းမိုင်၊ ချင်းရိုင်း၊ ချွန်ပူရီနှင့် ဖူးခက်ဒေသတခုခုသို့် ခေါ်ဆောင်သွားခြင်း ဖြစ်နိုင်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ခန့်မှန်းသည်။

လည်ပင်းတွင် ကြေးကွင်းစွပ်သည့် ပဒေါင်ခေါ် ကယန်းလူမျိုးစုများသည် ကယား(ကရင်နီ) ပြည်နယ်နှင့် ရှမ်း ပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် အခြေချလျှက်ရှိပြီ လွန်ခဲ့သည့် နှစ်ပေါင်း (၂၀) ခန့်တွင် စစ်အစိုးရ၏ ဖြတ်လေးဖြတ် ထိုးစစ်ဆင်ရာတွင် ကျေးရွာများကို အတင်းအဓမ္မပြောင်းရွေ့ခံရခြင်း၊ ဖမ်းဆီးခံရခြင်းနှင့် နှိပ်စက်မှု အမျိုးမျိုးခံရ ခြင်းတို့ကြောင့် ကရင်နီ ဒုက္ခသည်နည်းတူ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေး ခုံလှုံကြခြင်း ဖြစ် သည်။

သို့သော် လည်ပင်းတွင် ကြေးကွင်းစွပ်ထားသည့် ပဒေါင်အမျိုးသမီးမှာ လည်ပင်းရှည် ကရင်များဟု လူသိ များကာ ကမ္ဘာလှည့် ခရီးသည် များအတွက် အထူးအဆန်းဖြစ်စေကာ လာရောက်ကြည့်ရှုသဖြင့် ကမ္ဘာလှည့် ခရီး သွားများအား စွဲဆောင်မှု တခုဖြစ်လာခဲ့သည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.