ဦးပညာစာရကို ဖမ်းဆီးထား၍ ရခိုင်တိုင်းရင်းသားများ မကျေနပ်
2010-08-11 RFA သတင်းဌာန
ဆက်သွယ်မေးမြန်းချက်။ | |
အသံဖိုင်ယူရန် |
ရခိုင်ပြည်နယ် စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းက သမိုင်း သုတေသီ ကျောင်းထိုင် ဆရာတော် ဦးပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့က လူဝတ်လဲ ဖမ်းဆီးထားတဲ့အတွက် ဒေသခံတွေက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကို သဘောထားနဲ့ အကြံပြုချက်တွေ ထုတ်ဖော်ခဲ့ကြတယ်လို့ အဲဒီပါတီက သတင်း ထုတ်ပြန်ပါတယ်။
ဆရာတော်ကို တရားစီရင်ရာမှာ ထိုက်သင့်တဲ့ ဥပဒေ အခွင့်အရေးတွေ ပေးအပ်ဖို့။ ဆရာတော် ပြုစုခဲ့တဲ့ ရခိုင်သမိုင်းဝင် ပေစာ၊ ကျမ်းစာ၊ ဒင်္ဂါးပြား အစရှိတဲ့ပစ္စည်းတွေကို ရခိုင်ဒေသမှာပဲ ထားရှိဖို့ စတဲ့ ရခိုင်ပြည်သူတွေရဲ့ သဘောထား ဆန္ဒတွေကိုလည်း ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိန်းသိမ်းခံဆရာတော်ရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ စစ်တွေမြို့က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
No comments:
Post a Comment