တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, March 21, 2012

အထက်နှင့် အောက်ပိုင်းသား တန်းတူရေး ဆိတ်သုဉ်းနေခြင်း။

တိုင်းရင်းသားအသံ
အထက်နှင့် အောက်ပိုင်းသား တန်းတူရေး ဆိတ်သုဉ်းနေခြင်း။ 

အပါးဟောင်းမွန်။ မတ် ၁၅၊ ၂၀၁၂ 
 အောင်နိုင်ရေး၊ တန်တူရေး ရဖို့အတွက် စစ်အုပ်ချုပ်ရေး ဥပဒေကို အင်တိုက်အားတိုက်ဖြင့် ဆန့်ကျင် တိုက်နေမယ့်အစား၊ တပ်ထဲက ရှင်ဘုရင် တိုင်းမှူးအချင်းချင်းကြား သဘောထား မတိုက်ဆိုင်တာတွေ၊ မြန်မာပြည်အောက်ပိုင်းနှင့် အထက်ပိုင်းသား အာဏာခွဲဝေမှု အဆင့်ချင်း မတူညီတာတွေကို လေ့လာသင့်ပြီး ဘယ်သူက မှား/မှန် တယ်ဆိုတာ ထောက်ပြသွားဖို့ အချိန်တန်နေပြီ။ အာဏာခွဲဝေမှုနဲ့ ပတ်သက်ပြီး တပ်မတော်ထဲမှာဆိုရင် မြန်မာပြည်အောက်ပိုင်းသားနဲ့ အထက်ပိုင်းသား အခွင့်အရေး မတူညီတာတွေ ရှိနေနိုင်တယ်ဆိုတာ ငြင်းပယ်လို့ မရပါဘူး။ ဗိုလ်နေဝင်းနဲ့ ဗိုလ်သန်းရွှေတို့လို အာဏာသိမ်း စစ်ခေါင်းဆောင်တွေကတော့ သက်ဦးဆံပိုင်စနစ်လို နိုင်ငံကို အုပ်ချုပ်ခဲ့တယ်။ တပည့်ရင်းကို မြေတောင်မြှောက်ပြီး အနေဝေးနေတဲ့ သူကိုတော့ ထိပ်ပိုင်းနေရာထဲ မရောက်နိုင်အောင် နည်းပရိယာယ် အမျိုးမျိုးနဲ့ နှိပ်ကွပ်ဖုံးကွယ်ခဲ့တယ်။ အဖေက ဘုရင်ဆိုရင် သားက ဘုရင်ပဲ။ ဒီအချက်ကို ကြည့်ချင်းအားဖြင့် ဗိုလ်သန်းရွှေ တပည့်ရင်း ဗိုလ်ချုပ်မင်းအောင်လှိုင် ကာကွယ်ရေး စစ်ဦးစီးချုပ် ဖြစ်လာတာဟာ အဆန်းတော့ မဟုတ်ပါဘူး။ ဗိုလ်ချုပ်မင်းအောင်လှိုင်ထက် အုပ်ချုပ်ရေးပိုင်းမှာ အတွေ့အကြုံ ကြွယ်ဝပြီး အရည်ချင်းရှိတဲ့ စစ်ဗိုလ်ချုပ်တွေကို ကိုယ်ချင်းစာမိတာ အမှန်ပါ။ တန်းတူရေး ဆိတ်သုဉ်းနေတဲ့ အခြေခံ ဥပဒေကြောင့် ပြည်သူလူထုတွေ အခက်ကြုံနေရတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာဟာ ဒေသစွဲ ပြဿနာ၊ ဆရာစွဲ တပည့်စွဲ ပြဿနာပါပဲ။ ဒီအကြောင်းတွေဟာ တပ်မတော်ထဲက ဝန်ထမ်းတွေ ဒေသအကန့်အသတ်ကြောင့် ရာထူး မတက်နိုင်တဲ့ ဝန်ထမ်းကောင်းတိုင်း ပိုနားလည်မှာပါ။ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေဟာ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး သူကိုယ်တိုင် ပြဌာန်းခဲ့တဲ့လမ်းစဉ်နဲ့ ဆန့်ကျင်ဖက် ဖြစ်နေပြီ။ ဆရာစွဲ ဒေသစွဲ ဂိုဏ်းဂနစွဲတဲ့ လူ တစုကြောင့် သူ့ကို လုပ်ကြံခဲ့ရုံမျှမက သူ့ဆွေမျိုး သူ့သမီး နောက်ဆုံး သူ့လမ်းစဉ်ကို ထောက်ခံနေတဲ့ ပြည်သူလူထုတောင် အဆန့်ကျင်ခံ လာရတယ်။ ရာထူးသာရှိ အာဏာမရှိတဲ့ ဗိုလ်ချုပ်တွေ ကြတော့ ပြည်သူလူထုအတွက် ထုတ်ဖေါ်ပြောဆိုခွင့် မရှိခဲ့ပါဘူး။ နိုင်ငံရေး လှုပ်ရှားမှုပိုင်းမှာ (libreralism) ကဲ့သို့ မျှတတဲ့ မူဝါဒကို ခံယူဖေါ်ထုတ်ချင်ပေမဲ့ အခွင့်မသာလို့ လုပ်ခွင့်မရတဲ့ ဗိုလ်ချုပ်တွေ အများကြီး ရှိနေနိုင်ပါတယ်။ မြန်မာပြည်တွင် ဘယ်သမတပဲ တက်တက် ဘယ်လိုဖွဲ့စည်းပုံ အခြေခံဉပဒေပဲ ပြောင်းလဲနေပါစေ တပ်မတော်ရဲ့ ထိပ်တန်းခေါင်းဆောင် အချင်းချင်းကြား ပုဂ္ဂိုလ်ရေးစွဲ၊ ဆရာစွဲ၊ တပည့်စွဲ၊ ဒေသစွဲတဲ့ လမ်းစဉ်ကို ခံယူထားနေသရွေ့တော့ ယုံကြည်စိတ်ချရတဲ့ အခြေခံ ဥပဒေတရပ် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီပြဿနာတွေ ရှိနေသရွေ့တော့ လာဘ်စားမှု (corruption) ပြဿနာဆိုတာ ရှိနေဦးမှာပဲ။ အာဏာသိမ်းမှုတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်။ ဗိုလ်သန်းရွှေရဲ့ လက်ဝဲဖက် လူယုံတော် ဗိုလ်ရွှေမန်း ယခုလွှတ်တော် ဥက္ကဌဟာ တချိန်က ရွှေတြိဂံ နယ်မြေက တရားမဝင် မူးယစ်ဆေးဝါ ရောင်းဝယ်မှုနဲ့ ဆက်စပ်နေခဲ့ပါတယ်။ လောစဝ်ဟန်ရဲ့ ဘိန်းနောက်ခံနဲ့ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ရွှေမန်းတို့ကို ဟောင်ကောင် F.W.I.F.T ကတဆင့် တနှစ်ကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် Bank of China (အစိုးရပိုင်) သို့ လွှဲပြောင်းပေးပို့ခဲ့တယ်လို့ စိန်လွင်ရဲ့ ‘သမိုင်းဘီးနစ်ခဲ့သူများ ဆောင်းပါးမှာ ဖေါ်ပြထားတယ်။ ဒီလို အကျင့်ပျက်နေတဲ့ ပုဂ္ဂိုလ်တယောက်ဟာ ယခု လွှတ်တော် ဥက္ကဌနေရာမှာ တာဝန်ရယူပိုင်ခွင့် ရှိနေခဲ့ပါတယ်။ သမတနေရာမှာ ရယူနိုင်ဖို့ အလားအလာ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နိုင်ငံတော် သမတအဖြစ် ဝင်ရောက် မယှဉ်ပြိုင်နိုင်ဖို့ တားမြစ်ထားတဲ့ ဥပဒေပြဌာန်းချက်မှာ ရှိနေပါသေးတယ်ဆိုရင် ဒီနေရာကို စစ်တပ်တွေထက် ပိုထိုက်သန်တဲ့လူ မရှိတော့ဘူးလား မေးခွန်းထုတ်ရတော့မယ်။ တပြည်လုံး အတိုင်းတာဖြင့် လေးစားခြင်း ခံရတဲ့ပုဂ္ဂိုလ် လူထုစိန်ဝင်းတို့လိုကော အရေးမပါတော့ဘူးလား။ မြန်မာပြည်အောက်ပိုင်းသားနဲ့ တိုင်းရင်းသားတွေ လေးစားရတဲ့ ဗိုလ်ချုပ်ဟောင်း ဦးခင်ညွန့်ကိုရော နိုင်ငံရေး အသိုင်းအဝိုင်းထဲ ပြန်မရောက်နိုင်တော့ဘူးလား၊ ဒါတွေကို ထည့်စဉ်းစားပေးဖို့ လိုတယ်။ ဦးခင်ညွန့်က အောက်ပိုင်းသား ဖြစ်နေလို့ သူ့ကို အားပေးထောက်ခံနေတာ မဟုတ်ဘူး။ ဥပဒေရဲ့ ပြဌာန်းချက်အောက်မှာ မြန်မာပြည် အထက်ပိုင်းသားနဲ့ အောက်ပိုင်းသား တသားတည်း ရှိနေသင့်တယ်ဆိုတာ ယုံကြည်ခြင်း ဖြစ်တယ်။ အထက်ပိုင်းသားရဲ့ အပြစ်ကို ခွင့်လွှတ်နိုင်ရင် အပြစ်မရှိတဲ့ အောက်ပိုင်းသားကို အပြစ်ဖြစ်အောင် မကြံဖန်သင့်ဘူးလို့ ထင်တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ရေစီးကြောင်း တပ်မတော် ရေစီးကြောင်းဟာ အထက်မြန်မာပြည်သား အများစုကသာ ကြီးစိုးလွှမ်းမိုးနေခဲ့တယ်။ မြန်မာပြည်ရဲ့ အခြေခံဥပဒေဟာ ဖက်ဒရယ်ပြည်ထောင်စုစနစ်သို့ ရှေ့ရှုတဲ့ နိုင်ငံရေးစနစ်ကို ကျင့်သုံးနိုင်ဖို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ လိုအပ်နေသလို အထက်ပိုင်းသားနဲ့ အောက်ပိုင်းသားကြား တန်းတူတဲ့ အခွင့်ရေး ရရှိဖို့ လိုအပ်နေပါတယ်။ တင်းကျပ်တဲ့ စစ်အာဏာရှင်ပီပီ တိုင်းပြည်ကို အနှစ် (၅၀) ကျော်တိုင်အောင် အထက်ပိုင်း အစိုးရကသာ အုပ်ချုပ်ခဲ့ပါပြီ။ အထက်ပိုင်းအစိုးရသည် ‘စစ်မှန်သော ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး’’ ဟူသည့် မူတရပ်ကို အတိအလင်း ကြေညာထားသော်လည်း ချမှတ်ပြီး ကျင့်သုံးနေသော မူများသည့် တန်းတူရေး ဆိတ်သုဉ်းနေပါတယ်။ ထိုကိစ္စသည် အနာဂတ်တွင် အငြင်းဖွယ်စရာ ကိစ္စဖြစ်နေတယ်။ အချုပ်အခြာအာဏာသည် လူထုထံမှ ဆင်းသက်ရမည်ဟု လက်ခံထားလျှင် အဘယ်ကြောင့် ပြည်သူလူထု ဆန္ဒအစစ်အမှန်နှင့် တန်းတူရေး အစစ်အမှန်ကို ငြင်းပယ်နေရပါသနည်း။ မြန်မာပြည် အထက်ပိုင်းသားနှင့် အောက်ပိုင်းသားကို အဘယ်ကြောင့် သွေးခွဲပြီး အုပ်ချုပ်နေပါသနည်း။ အထက်ပိုင်းသား အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တယား အဓိကနေရာများမှာ အောက်ပိုင်းသား အများစုက နေရာ မရကြပါဘူး။ ဒီကိစ္စရဲ့ အလားအလာ ဘယ်လိုရှိလာမလဲ ဆိုတာ ဘယ်သူမှ အမှန်တကယ် မခန့်မှန်းနိုင်ပါဘူး။ တကယ်တော့ အထက်ပိုင်းသားကသာ မြန်မာနိုင်ငံကို အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ တန်းတူရေး ဖြစ်မလာမချင်း ဒီအတိုင်းပဲ နောက်နောင် ကာလကြာရှည်တဲ့အထိ သူတို့ပဲ ဆက်အုပ်ချုပ်နေမယ်လို့ ယူဆရပါတယ်။ စစ်တပ်အာဏာကို မြန်မာပြည် အထက်ပိုင်းသားတွေ ကြာကြာဆက်ကိုင်ထားလေလေ နိုင်ငံကို ကြီးပွားတိုးတက် ငြိမ်းချမ်းမှု နှောင့်နှေးနေ လေလေပဲ။ တိုင်းရင်းသား လူမျိုးစုတွေအဖို့ (သို့မဟုတ်) အောက်မြန်မာပြည်သားတွေအတွက် တန်းတူရေး ဆိတ်သုဉ်းနေခြင်းဘဝမှာ မွန်းကျပ် ဖိနှိပ်ခံရမှုနဲ့ ကြာရှည်နေဉီးမှာပဲ။ မှတ်ချက်။ ။ (ဤ အမြင်ဆောင်းပါးသည် ရေးသူ၏ အမြင်သက်သက်သာ ဖြစ်ပါသည်။ “ကောင်းဝါ” ၏ သဘောထားအမြင်ကို ကိုယ်စားပြုခြင်း မရှိပါ။)

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.