တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, March 21, 2012

အထက်နှင့် အောက်ပိုင်းသား တန်းတူရေး ဆိတ်သုဉ်းနေခြင်း။

တိုင်းရင်းသားအသံ
အထက်နှင့် အောက်ပိုင်းသား တန်းတူရေး ဆိတ်သုဉ်းနေခြင်း။ 

အပါးဟောင်းမွန်။ မတ် ၁၅၊ ၂၀၁၂ 
 အောင်နိုင်ရေး၊ တန်တူရေး ရဖို့အတွက် စစ်အုပ်ချုပ်ရေး ဥပဒေကို အင်တိုက်အားတိုက်ဖြင့် ဆန့်ကျင် တိုက်နေမယ့်အစား၊ တပ်ထဲက ရှင်ဘုရင် တိုင်းမှူးအချင်းချင်းကြား သဘောထား မတိုက်ဆိုင်တာတွေ၊ မြန်မာပြည်အောက်ပိုင်းနှင့် အထက်ပိုင်းသား အာဏာခွဲဝေမှု အဆင့်ချင်း မတူညီတာတွေကို လေ့လာသင့်ပြီး ဘယ်သူက မှား/မှန် တယ်ဆိုတာ ထောက်ပြသွားဖို့ အချိန်တန်နေပြီ။ အာဏာခွဲဝေမှုနဲ့ ပတ်သက်ပြီး တပ်မတော်ထဲမှာဆိုရင် မြန်မာပြည်အောက်ပိုင်းသားနဲ့ အထက်ပိုင်းသား အခွင့်အရေး မတူညီတာတွေ ရှိနေနိုင်တယ်ဆိုတာ ငြင်းပယ်လို့ မရပါဘူး။ ဗိုလ်နေဝင်းနဲ့ ဗိုလ်သန်းရွှေတို့လို အာဏာသိမ်း စစ်ခေါင်းဆောင်တွေကတော့ သက်ဦးဆံပိုင်စနစ်လို နိုင်ငံကို အုပ်ချုပ်ခဲ့တယ်။ တပည့်ရင်းကို မြေတောင်မြှောက်ပြီး အနေဝေးနေတဲ့ သူကိုတော့ ထိပ်ပိုင်းနေရာထဲ မရောက်နိုင်အောင် နည်းပရိယာယ် အမျိုးမျိုးနဲ့ နှိပ်ကွပ်ဖုံးကွယ်ခဲ့တယ်။ အဖေက ဘုရင်ဆိုရင် သားက ဘုရင်ပဲ။ ဒီအချက်ကို ကြည့်ချင်းအားဖြင့် ဗိုလ်သန်းရွှေ တပည့်ရင်း ဗိုလ်ချုပ်မင်းအောင်လှိုင် ကာကွယ်ရေး စစ်ဦးစီးချုပ် ဖြစ်လာတာဟာ အဆန်းတော့ မဟုတ်ပါဘူး။ ဗိုလ်ချုပ်မင်းအောင်လှိုင်ထက် အုပ်ချုပ်ရေးပိုင်းမှာ အတွေ့အကြုံ ကြွယ်ဝပြီး အရည်ချင်းရှိတဲ့ စစ်ဗိုလ်ချုပ်တွေကို ကိုယ်ချင်းစာမိတာ အမှန်ပါ။ တန်းတူရေး ဆိတ်သုဉ်းနေတဲ့ အခြေခံ ဥပဒေကြောင့် ပြည်သူလူထုတွေ အခက်ကြုံနေရတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာဟာ ဒေသစွဲ ပြဿနာ၊ ဆရာစွဲ တပည့်စွဲ ပြဿနာပါပဲ။ ဒီအကြောင်းတွေဟာ တပ်မတော်ထဲက ဝန်ထမ်းတွေ ဒေသအကန့်အသတ်ကြောင့် ရာထူး မတက်နိုင်တဲ့ ဝန်ထမ်းကောင်းတိုင်း ပိုနားလည်မှာပါ။ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေဟာ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး သူကိုယ်တိုင် ပြဌာန်းခဲ့တဲ့လမ်းစဉ်နဲ့ ဆန့်ကျင်ဖက် ဖြစ်နေပြီ။ ဆရာစွဲ ဒေသစွဲ ဂိုဏ်းဂနစွဲတဲ့ လူ တစုကြောင့် သူ့ကို လုပ်ကြံခဲ့ရုံမျှမက သူ့ဆွေမျိုး သူ့သမီး နောက်ဆုံး သူ့လမ်းစဉ်ကို ထောက်ခံနေတဲ့ ပြည်သူလူထုတောင် အဆန့်ကျင်ခံ လာရတယ်။ ရာထူးသာရှိ အာဏာမရှိတဲ့ ဗိုလ်ချုပ်တွေ ကြတော့ ပြည်သူလူထုအတွက် ထုတ်ဖေါ်ပြောဆိုခွင့် မရှိခဲ့ပါဘူး။ နိုင်ငံရေး လှုပ်ရှားမှုပိုင်းမှာ (libreralism) ကဲ့သို့ မျှတတဲ့ မူဝါဒကို ခံယူဖေါ်ထုတ်ချင်ပေမဲ့ အခွင့်မသာလို့ လုပ်ခွင့်မရတဲ့ ဗိုလ်ချုပ်တွေ အများကြီး ရှိနေနိုင်ပါတယ်။ မြန်မာပြည်တွင် ဘယ်သမတပဲ တက်တက် ဘယ်လိုဖွဲ့စည်းပုံ အခြေခံဉပဒေပဲ ပြောင်းလဲနေပါစေ တပ်မတော်ရဲ့ ထိပ်တန်းခေါင်းဆောင် အချင်းချင်းကြား ပုဂ္ဂိုလ်ရေးစွဲ၊ ဆရာစွဲ၊ တပည့်စွဲ၊ ဒေသစွဲတဲ့ လမ်းစဉ်ကို ခံယူထားနေသရွေ့တော့ ယုံကြည်စိတ်ချရတဲ့ အခြေခံ ဥပဒေတရပ် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီပြဿနာတွေ ရှိနေသရွေ့တော့ လာဘ်စားမှု (corruption) ပြဿနာဆိုတာ ရှိနေဦးမှာပဲ။ အာဏာသိမ်းမှုတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်။ ဗိုလ်သန်းရွှေရဲ့ လက်ဝဲဖက် လူယုံတော် ဗိုလ်ရွှေမန်း ယခုလွှတ်တော် ဥက္ကဌဟာ တချိန်က ရွှေတြိဂံ နယ်မြေက တရားမဝင် မူးယစ်ဆေးဝါ ရောင်းဝယ်မှုနဲ့ ဆက်စပ်နေခဲ့ပါတယ်။ လောစဝ်ဟန်ရဲ့ ဘိန်းနောက်ခံနဲ့ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ရွှေမန်းတို့ကို ဟောင်ကောင် F.W.I.F.T ကတဆင့် တနှစ်ကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် Bank of China (အစိုးရပိုင်) သို့ လွှဲပြောင်းပေးပို့ခဲ့တယ်လို့ စိန်လွင်ရဲ့ ‘သမိုင်းဘီးနစ်ခဲ့သူများ ဆောင်းပါးမှာ ဖေါ်ပြထားတယ်။ ဒီလို အကျင့်ပျက်နေတဲ့ ပုဂ္ဂိုလ်တယောက်ဟာ ယခု လွှတ်တော် ဥက္ကဌနေရာမှာ တာဝန်ရယူပိုင်ခွင့် ရှိနေခဲ့ပါတယ်။ သမတနေရာမှာ ရယူနိုင်ဖို့ အလားအလာ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နိုင်ငံတော် သမတအဖြစ် ဝင်ရောက် မယှဉ်ပြိုင်နိုင်ဖို့ တားမြစ်ထားတဲ့ ဥပဒေပြဌာန်းချက်မှာ ရှိနေပါသေးတယ်ဆိုရင် ဒီနေရာကို စစ်တပ်တွေထက် ပိုထိုက်သန်တဲ့လူ မရှိတော့ဘူးလား မေးခွန်းထုတ်ရတော့မယ်။ တပြည်လုံး အတိုင်းတာဖြင့် လေးစားခြင်း ခံရတဲ့ပုဂ္ဂိုလ် လူထုစိန်ဝင်းတို့လိုကော အရေးမပါတော့ဘူးလား။ မြန်မာပြည်အောက်ပိုင်းသားနဲ့ တိုင်းရင်းသားတွေ လေးစားရတဲ့ ဗိုလ်ချုပ်ဟောင်း ဦးခင်ညွန့်ကိုရော နိုင်ငံရေး အသိုင်းအဝိုင်းထဲ ပြန်မရောက်နိုင်တော့ဘူးလား၊ ဒါတွေကို ထည့်စဉ်းစားပေးဖို့ လိုတယ်။ ဦးခင်ညွန့်က အောက်ပိုင်းသား ဖြစ်နေလို့ သူ့ကို အားပေးထောက်ခံနေတာ မဟုတ်ဘူး။ ဥပဒေရဲ့ ပြဌာန်းချက်အောက်မှာ မြန်မာပြည် အထက်ပိုင်းသားနဲ့ အောက်ပိုင်းသား တသားတည်း ရှိနေသင့်တယ်ဆိုတာ ယုံကြည်ခြင်း ဖြစ်တယ်။ အထက်ပိုင်းသားရဲ့ အပြစ်ကို ခွင့်လွှတ်နိုင်ရင် အပြစ်မရှိတဲ့ အောက်ပိုင်းသားကို အပြစ်ဖြစ်အောင် မကြံဖန်သင့်ဘူးလို့ ထင်တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ရေစီးကြောင်း တပ်မတော် ရေစီးကြောင်းဟာ အထက်မြန်မာပြည်သား အများစုကသာ ကြီးစိုးလွှမ်းမိုးနေခဲ့တယ်။ မြန်မာပြည်ရဲ့ အခြေခံဥပဒေဟာ ဖက်ဒရယ်ပြည်ထောင်စုစနစ်သို့ ရှေ့ရှုတဲ့ နိုင်ငံရေးစနစ်ကို ကျင့်သုံးနိုင်ဖို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ လိုအပ်နေသလို အထက်ပိုင်းသားနဲ့ အောက်ပိုင်းသားကြား တန်းတူတဲ့ အခွင့်ရေး ရရှိဖို့ လိုအပ်နေပါတယ်။ တင်းကျပ်တဲ့ စစ်အာဏာရှင်ပီပီ တိုင်းပြည်ကို အနှစ် (၅၀) ကျော်တိုင်အောင် အထက်ပိုင်း အစိုးရကသာ အုပ်ချုပ်ခဲ့ပါပြီ။ အထက်ပိုင်းအစိုးရသည် ‘စစ်မှန်သော ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး’’ ဟူသည့် မူတရပ်ကို အတိအလင်း ကြေညာထားသော်လည်း ချမှတ်ပြီး ကျင့်သုံးနေသော မူများသည့် တန်းတူရေး ဆိတ်သုဉ်းနေပါတယ်။ ထိုကိစ္စသည် အနာဂတ်တွင် အငြင်းဖွယ်စရာ ကိစ္စဖြစ်နေတယ်။ အချုပ်အခြာအာဏာသည် လူထုထံမှ ဆင်းသက်ရမည်ဟု လက်ခံထားလျှင် အဘယ်ကြောင့် ပြည်သူလူထု ဆန္ဒအစစ်အမှန်နှင့် တန်းတူရေး အစစ်အမှန်ကို ငြင်းပယ်နေရပါသနည်း။ မြန်မာပြည် အထက်ပိုင်းသားနှင့် အောက်ပိုင်းသားကို အဘယ်ကြောင့် သွေးခွဲပြီး အုပ်ချုပ်နေပါသနည်း။ အထက်ပိုင်းသား အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တယား အဓိကနေရာများမှာ အောက်ပိုင်းသား အများစုက နေရာ မရကြပါဘူး။ ဒီကိစ္စရဲ့ အလားအလာ ဘယ်လိုရှိလာမလဲ ဆိုတာ ဘယ်သူမှ အမှန်တကယ် မခန့်မှန်းနိုင်ပါဘူး။ တကယ်တော့ အထက်ပိုင်းသားကသာ မြန်မာနိုင်ငံကို အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ တန်းတူရေး ဖြစ်မလာမချင်း ဒီအတိုင်းပဲ နောက်နောင် ကာလကြာရှည်တဲ့အထိ သူတို့ပဲ ဆက်အုပ်ချုပ်နေမယ်လို့ ယူဆရပါတယ်။ စစ်တပ်အာဏာကို မြန်မာပြည် အထက်ပိုင်းသားတွေ ကြာကြာဆက်ကိုင်ထားလေလေ နိုင်ငံကို ကြီးပွားတိုးတက် ငြိမ်းချမ်းမှု နှောင့်နှေးနေ လေလေပဲ။ တိုင်းရင်းသား လူမျိုးစုတွေအဖို့ (သို့မဟုတ်) အောက်မြန်မာပြည်သားတွေအတွက် တန်းတူရေး ဆိတ်သုဉ်းနေခြင်းဘဝမှာ မွန်းကျပ် ဖိနှိပ်ခံရမှုနဲ့ ကြာရှည်နေဉီးမှာပဲ။ မှတ်ချက်။ ။ (ဤ အမြင်ဆောင်းပါးသည် ရေးသူ၏ အမြင်သက်သက်သာ ဖြစ်ပါသည်။ “ကောင်းဝါ” ၏ သဘောထားအမြင်ကို ကိုယ်စားပြုခြင်း မရှိပါ။)

Tuesday, March 20, 2012

April Fool Day: ကျော်ဆန်းစကားအရဦးသန်းရွှေစာဖတ်တာများလွန်လို.ဂေါက်သွားပြီ၊

တိုင်းရင်းသားအသံ

April Fool Day: ကျော်ဆန်းစကားအရဦးသန်းရွှေစာဖတ်တာများလွန်လို.ဂေါက်သွားပြီ၊

Friday, March 16, 2012

ကချင်ပြည်သူတွေရဲ.မဟာဓမ္မသေနင်္ဂ(တရားသည့်စစ်ပွဲကြီး)

တိုင်းရင်းသားအသံ
 ကချင်ပြည်သူတွေရဲ.မဟာဓမ္မသေနင်္ဂ(တရားသည့်စစ်ပွဲကြီး) 

ကချင်လူမျိုးတွေတိုက်နေသည့်စစ်ပွဲဟာခုခံစစ်ဖြစ်တာကြောင့်တရားသည့်စစ်ပွဲဖြစ်သည်၊ကချင်ပြည်ကိုဗမာစစ်တပ်ကကျူးကျော်ဝင်ရောက်တိုက်ခိုက်လာပြီးပြည်သူများကိုသတ်ဖြတ်သည့်ဟာကိုခုခံပေးသည့်အတွက်ကြောင့်မဟာဓမ္မသေနင်္ဂ(တရားသည့်စစ်ပွဲကြီး)လို.တိုင်းရင်းသားအသံမြင်တယ်၊

Monday, March 12, 2012

စကားကြီးကျယ်ပြောတတ်သည့်ထိပ်ပြောင်သိန်းစိန်းကိုတိုင်းရင်းသားခေါင်းဆောင်များတုံ.ပြန်ပြီ

တိုင်းရင်းသားအသံ စကားကြီးကျယ်ပြောတတ်သည့်ထိပ်ပြောင်သိန်းစိန်းကိုတိုင်းရင်းသားခေါင်းဆောင်များတုံ.ပြန်ပြီ 

ကြီးကြီးကျယ်ကျယ်လျှောက်ပြောနေတဲ့ သမ္မတကြီး သို့ ... နိုင်ငံတော်သမ္မတ အနေနဲ့ လက်နက်ကိုင်တိုင်းရင်းသား လူငယ်တွေ လက်ဖ်တော့ကိုင်နိုင်ရေး ထက် အစိုးရကျောင်းက ကလေးငယ်တွေ ကွန်ပျူတာကိုင်နိုင်အောင် အရင်လုပ်ပါ ဆိုပြီး ကေအဲန်ပီပီ နိုင်ငံခြားရေး ဒုတာဝန်ခံ ဦးရွှေမျိုးသန့်က ပြောတယ်လို့ ဒီနေ့ထုတ် street view ဂျာနယ် အင်တာဗျူးကဏ္ဍမှာ ဖော်ပြထားပါတယ်။ ဦးရွှေမျိုးသန့်က မြန်မာနိုင်ငံက တက္ကသိုလ် ကျောင်းများမှာရော အခြေခံကျောင်းများမှာပါ ကွန်ပျူတာလည်း လုံလုံလောက်လောက်မရှိ၊ လျှပ်စစ်မီးလည်း အပြည့်အ၀ မရ၊ ကလေးတွေလည်း ကွန်ပျူတာသင်နိုင်ခြင်း မရှိပဲ တိုင်းရင်းသားတွေကို စာနာဟန် ပြောဆိုတာကို ဝေဖန်ထောက်ပြတာ ဖြစ်ပါတယ်။ ဒါတင်မက ဦးရွှေမျိုးသန့်က မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေထက် အများကြီးနောက်ကျနေကြောင်း၊ ထိုင်းနိုင်ငံမှာဆိုရင် ဆင်းကဒ်တစ်ခု ၁၉ ဘတ်ပဲပေးရပြီး လူငယ်တစ်ယောက် ဖုန်းနှစ်လုံးလောက် ကိုင်နိုင်ကြောင်း၊ အင်တာနက်ကို နေရာတကာမှာ သုံးနိုင်ကြောင်း ဒီမိုကရေစီနိုင်ငံကို သွားချင်ရင် အစိုးရအနေနဲ့ ဒါမျိုးတွေ အရင်လုပ်သင့်ကြောင်း အင်တာဗျူးမှာ တိုက်တွန်းထားပါတယ်။ ( DVB TV news )

Saturday, March 10, 2012

၂၀၀၈ စစ်အာဏာအခြေပြု ဖွဲ့စည်းပုံတိုက်ဖျက်ရေးနှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး

တိုင်းရင်းသားအသံ
I F B N C 
INTERNATIONAL FOUNDATION FOR BURMA NATIONAL CONGRESS 
 နိုင်ငံတကာမြန်မာအမျိုးသားကွန်ကရက်ဖောင်ဒေးရှင်း
၂၀၀၈ စစ်အာဏာအခြေပြု ဖွဲ့စည်းပုံတိုက်ဖျက်ရေးနှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲဖိတ်ကြားစာ

(၂၈)ရက်၊ဖေဖော်ဝါရီလ၊၂၀၁၂ခုနှစ်

 ယနေ့ဖြစ်ပျက်နေသော နိုင်ငံရေးအခင်းအကျင်းများသည် နှစ်ပေါင်း(၂၀)ကျော်ကြာအောင်စစ်တပ် မှမတရားအောက်တန်းကျလှသော နည်းလမ်းများဖြင့်ရယူထားသောလက်သစ်စစ်အာဏာရှင်စနစ်ကိုဆက် လက်တည်ဆောက်ဖို့ ကြိုးစားနေသောအခင်းအကျင်းများဖြစ်သည်။ ထိုအခင်းအကျင်းများကကျွန်ုပ်တို့၏မူ လရည်မှန်းချက်ဖြစ်သောစစ်မှန်သောဒီမိုကရေစီစနစ်ရရှိရေးကိုတားဆီးပိတ်ဆို့နေသည်ဟုယုံကြည်သည်။ ကျွန်ုပ်တို့သည်စစ်အုပ်စုကအတင်းအဓမ္မ၊မတရားဖိနှိပ်ရေးဆွဲထားသော၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုလုံးဝလက်မခံနိုင်သလို၊ထိုဖွဲ့စည်းပုံဘောင်အတွင်းမှဖြစ်ပေါ်လာနေသောကူးပြောင်းမှုအသွင်သဏ္ဍာန်များ၊ ရွေး ကောက်ပွဲများ၊ အစိုးရများအားလုံးကိုဆက်လက်ဆန့်ကျင်တိုက်ပွဲဝင်သွားရန်သံဓိဌာန်ချထားပါသည်။ထိုသို့ တိုက်ပွဲဝင်သွားရာတွင်အမျိုးသားရေးအသွင်သဏ္ဍာန်ဖြင့်ပြည်သူ့အခွင့်အရေးလှုပ်ရှားမှု ပေါ်ပေါက်ရေးနည်း လမ်းကိုသမိုင်းပေးတာဝန်ဟုခံယူကာအစွမ်းကုန်အကောင်အထည်ဖော်ဆောင်ရွက်နေသလို၊နောက်သျိုဝင် နေသော စစ်အုပ်စုအာဏာရှင်များကို၎င်း၊ ရှေ့ထွက်၍ သရုပ်ဆောင်ပြနေသည့်ကြံ့ဖွံ့စစ်အုပ်စုကို၎င်း၊ထိပ် တိုက်ရင်ဆိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍မတရားဖိနှိပ်မှုမှန်သမျှကို တွန်းလှန်ဆန့်ကျင်သွား နိုင်မည့်လူထုလှုပ်ရှားမှုများပေါ်ပေါက်လာစေရေးအတွက်ရည်သန်ကာ အောက်ပါရည်ရွယ်ချက်များနှင့်အစီ အစဉ်များအတိုင်းဆန္ဒပြတောင်းဆိုပွဲများကိုကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့်ပူးပေါင်းပါဝင်ကြပါရန် ဖိတ်ကြား အပ်သလို၊ ပြည်တွင်းပြည်ပ နိုင်ငံတကာ အသီးသီးတွင်လည်း လူထုလှုပ်ရှားမှုများ ပေါ်ပေါက်ရေး အတွက် ကျွန်ုပ်တို့နှင့်အတူပြင်ဆင်လှုပ်ရှားကြပါဟုဖိတ်ကြားနိုးဆော်အပ်ပါသည်။
 (၁) မတရားသော၂၀၀၈ ဖွဲ့စည်းပုံနှင့် ကြပ်ပြေးလွတ်တော်အားဖျက်သိမ်းပေးရန်၊
(၂) တိုင်းရင်းသားဒေသ များတွင် တပ်စွဲထားသောမြန်မာတပ်များအားလုံးချက်ချင်းပြန်ရုပ်သိမ်း ပေးရန်နှင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကိုဖော်ဆောင်ရန်၊
(၃) ဆရာတော်ဦးဂမ္ဘီရ၊ ရွှေည၀ါဆရာတော်၊ဆရာတော်ဦးဃောသိတစသည့်သံဃာတော်များ အပေါ်မတရားအာဏာပြနေမှုများအားချက်ချင်းရပ်ဆိုင်းပေးရန်၊
(၄) ဦးမြင့်အေး၊ မန်းငြိမ်းမောင်(KNU)၊ ကိုသန်းဇော် ၊ ကိုအေးအောင်တို့ အပါအ၀င်နိုင်ငံရေးအ ကျဉ်းသားများအားလုံးလွတ်ပေးရန်၊
(၅)စီပွားရေးပိတ်ဆို့မှုများဆက်လက်ထားရှိရန်နှင့် လက်ရှိကြံ့ဖွံ့စစ်အုပ်စုအပေါ် ဖိအားပေးမှု နည်း စနစ်များ ကိုဆက်လက်ကျင့်သုံးသွားရန်၊
ဆန္ဒပြပွဲကျင်းပမည့်နေရာ(၁)။ ။ အမေရိကန်ကွန်ဂရက်အဆောက်အဦးရှေ့
ကျင်းပမည့်နေ့ရက်။ ။ မတ်လ(၂၄)ရက်၊ ၂၀၁၂ ခုနှစ်(စနေနေ့)
 စုရပ်နှင့်ကျင်းပမည့်အချိန်။ ။ နေလည်(၁၂)နာရီမှ(၂)နာရီအထိ
ဆန္ဒပြပွဲကျင်းပမည့်နေရာ(၂)။ ။ အမေရိကန်သမ္မတအိမ်ဖြူတော်ရှေ့
ကျင်းပမည့်အချိန်။ ။ နေ့လည်(၃)နာရီမှ(၄)နာရီ

မှတ်ချက်။ ။ အိတ်ဖွင့်တောင်းဆိုစာအား အမေရိကန်အောက်လွတ်တော်နှင့် အထက်လွှတ်တော်နိုင်ငံခြား ရေးရာကော်မတီဝင်အမတ်များ၊ လွှတ်တော်(၂)ရပ်၏ ဥက္ကဌများ၊ သမ္မတ ဘားရက်ခ် အိုးဘားမားတို့ထံပေးပို့ တောင်းဆိုသွားမည်ဖြစ်ပါသည်။

ဆက်သွယ်ရန်။ ။ ကိုရဲထွဋ်(၁-၃၄၇-၂၂၆-၀၅၇၂)၊ ကိုခင်စိန်(၁-၉၁၉-၂၃၁-၉၆၁)၊ ကိုမင်းနိုင် (၁-၇၁၆-၅၄၄-၁၁၇၂)၊ ကိုအောင်သန်း(၁-၉၁၉-၂၄၀-၉၃၈၃)၊ ကိုခွန်ထွန်းတောက်(၁-၅၀၃-၃၄၉-၉၉၇)၊ ကိုဇော်ဇော် (ယူတီ ကာ)(၁-၃၁၅-၇၃၁-၇၅၉၂)

Thursday, March 8, 2012

သစ္စာမဲ့သည့်ဗမာစစ်ခေါင်းဆောင်များ၊ဗမာ့တပ်မတော်နဲ.ကချင်အရေး

တိုင်းရင်းသားအသံ
သစ္စာမဲ့သည့်ဗမာစစ်ခေါင်းဆောင်များ၊ဗမာ့တပ်မတော်နဲ.ကချင်အရေး 

( ဗမာစစ်ခေါင်းဆောင်များသည်လူလိမ်ခေါင်းဆောင်များဖြစ်သည်၊ဗမာ့တပ်မတော်ဟာသစ္စာမဲ့သည့်တပ်မတော်ဖြစ်သည်)

လူထုတိုက်ပွဲနဲ.လက်နက်ကိုင်တိုက်ပွဲပေါင်းစပ်ပြီးတိုက်မှသာလျှင်ဗမာပြည်မှာစစ်မှန်သောဒီမိုကရေစီစနစ်ပေါ်လာနိုင်မည်၊ရွေးကောက်ပွဲနည်းလမ်းဖြင့်ဗမာပြည်ဒီမိုကရေစီမရနိုင်၊ ချင်၊မွန်၊ကရင်၊ကရင်နီ၊သျှမ်း၊တပ်မတော်တွေငြိမ်းချမ်းရေးယူထားပြီးနောက်ဗမာစစ်တပ်ကကချင်ပြည်နယ်မှာ
တပ်ရင်းပေါင်းများစွာတိုးချဲ.ပို.လိုက်သည်၊ဒါတွေကို၊မဟာမိတ်တပ်များကဆက်လက်လက်ပိုက်ကြည့်နေကြမည်
ဆိုရင်သမိုင်းကရိုင်းလွန်ပါလိမ့်မည်၊ကချင်ကိုဖိပြားသွားအောင်ထိုးပြီးလျှင်သျှမ်းစသည့်အခြားတစ်ဖွဲ.ဖွဲ.သို.အ
လှည့်ရောက်ပါလိမ့်မည်၊ဗမာစစ်တပ်ဟာသစ္စာမဲ့သည့်တပ်မတော်၊ဗမာစစ်ခေါင်းဆောင်ဆိုတာသစ္စာဖောက်
သည့်လူလိမ်ခေါင်းဆောင်များဖြစ်တယ်ဆိုတာမမေ့ကြပါနဲ.၊

အင်္ဂလိပ်နဲ.ပေါင်းပြီးဂျပန်ကိုတိုက်ထုတ်ခဲ့သလို
ဂျပန်နဲ.ပေါင်းပြီးအင်္ဂလိပ်ကိုတိုက်ထုတ်ခဲ့ပြန်သည်၊တိုင်းရင်းသားလူမျိုးစုများနဲ.ပေါင်းပြီးလွတ်လပ်ရေးကို
အရယူခဲ့သည်၊လွတ်လပ်ရေးရပြီးနောက်တန်းတူရည်တူအခွင့်အရေးအတွက်တောင်းဆိုခဲ့သည့်လူမျိုးစုများကို
ထိုးစစ်ဆင်တိုက်ခိုက်ပြန်သည်၊ဤကဲ့သို.၊ရိုင်းစိုင်းသည့်သစ္စာမဲ့သည့်စစ်ခေါင်းဆောင်များနဲ.တပ်မတော်ဟာကမ္ဘာ
မှာမရှိသလောက်ဖြစ်သည်၊ဒါကြောင့်၊ဗမာစစ်ခေါင်းဆောင်များသည်လူလိမ်ခေါင်းဆောင်များဖြစ်သည်၊ဗမာ့တပ်
မတော်ဟာသစ္စာမဲ့သည့်တပ်မတော်ဖြစ်သည်၊
လောလောဆယ်အခြေအနေအရ၊ထိပ်ပြောသိန်းစိန်းစကားကို
နာယောင်ပြီးယုံကြည်နေသူများရှိနေကြသည်၊သိန်းစိန်းဟာစစ်အုပ်ချုပ်မှုစနစ်ကိုရေရှည်အကာအကွယ်ပေးဖို.
အကောင်းဆုံးသရုပ်ဆောင်ဇာတ်လိုက်မင်းသားတစ်ယောက်ဖြစ်တယ်ဆိုတာမုချမှန်ကန်သည်၊သူ.အပြောနဲ.
သူ.အလုပ်မညီသည့်အချက်ပေါင်းများစွာကိုတစ်ခုပြီးတစ်ခုပေါ်လာနေပြီဖြစ်သည်၊မရိုသားသည့်နည်းလမ်း
များဖြင့်လုပ်ဆောင်နေတာတွေကိုလည်းပေါ်လာပါလိမ့်မည်။ထို.ကြောင့်၊လူထုတိုက်ပွဲနဲ.လက်နက်ကိုင်တိုက်ပွဲပေါင်းစပ်ပြီးတိုက်မှသာလျှင်ဗမာပြည်မှာစစ်မှန်သောဒီမိုကရေစီစနစ်ပေါ်လာနိုင်မည်၊ရွေးကောက်ပွဲနည်းလမ်းဖြင့်ဗမာပြည်ဒီမိုကရေစီမရနိုင်

Thursday, March 1, 2012

ပ်ပြောင်သိန်းစိန်း၏စကားကိုဆန်စစ်ကြည့်ခြင်း

တိုင်းရင်းသားအသံ

ထိပ်ပြောင်သိန်းစိန်း၏စကားကိုဆန်စစ်ကြည့်ခြင်း 
Laptop မပေးနဲ.၊လွတ်လပ်ရေးဘဲပေးပါ၊ Laptop မယူဘူးလွတ်လပ်ရေးဘဲယူမည်၊ကျုပ်တို. Laptop မလိုဘူး၊ပြည်သူများထမင်းဝအောင်သာလိုတယ်၊ 

၂၀၀၈ အခြေခံဥပဒေကိုစွဲမြဲစွာဆုပ်ကိုင်ထားပြီးပြောဆိုသည့်မိန်.ခွန်းဖြစ်သည်၊မဖြစ်နိုင်သည့်ဟာအများကြီးပါဝင်သည့်မိန်.ခွန်းလည်းဖြစ်သည်၊ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲသို.ဝင်မှသာလျှင်အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်တယ်လို.ပြောနေတယ်၊သူ.မိန်.ခွန်းကဗမာမဟုတ်သည့်လူမျိုးစုများအရေးနဲ.ပတ်သက်၍ကျုပ်တို.ဆန်စစ်ကြည့်ရင် ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်းဝင်မှာသာလျှင်ဖြေရှင်းပေးမည့်သဘောပါ၊လူမျိုးစုများလက်နက်ကိုင်ရသည့်အကြောင်းရင်းကိုဈေးနှိမ်းပြီးပြောဆိုသည်၊လက်နက်ကိုင်လူမျိုးစုလူ ငယ်များကိုကွန်ပြူတာ(စီးပွားရေးအခွင့်အလမ်းနှင့်ဗိုက်ပြဿနာ)ပေးလိုက်ရင်ပြီရောဆိုသည့်သဘောနဲ.ပြောသွားသည်၊တည့်တည့်စွာအဓိပ္ပါယ်ဖော်ကြည့်ရင်လည်းမြန်မာပြည်သူပြည်သားများကကွန်ပျူတာကိုင်နိုင်ဖို.တောင်မပြောနဲ.အုံး၊ထမင်းပုံမှန်စားနိုင်အောင်အရင်းလုပ်ရမည်၊မိုဘိုင်းဖုန်းနဲ.ဈေးချိုသည့်ဖုန်းကဒ်များတောင်ဖန်တီးမပေးနိုင်ဘဲနဲ.ကွန်ပျူတာတို.ဘာတို.လျှောက်ပြောနေတာဟာသိန်းစိန်းရူးနေလို.ဘဲသတ်မှတ်တယ်၊လက်တွေ.မကျဘူး၊လူမျိုးစုများက ၂၀၀၈ ဘောင်အရလက်နက်စွန်.လွှတ်ပြီးရင်လွှတ်တော်ထဲဝင်ပြီးမှစာချုပ်ချုပ်ဆိုတာတို.ဘာတို.ပြောတာကိုလည်းမဖြစ်နိုင်သည့်ဟာတွေဘဲ၊သူများတပ်အားလုံး(လူသားတပ်မတော်များ)ဖြုတ်ပြီးတော့ဗမာစစ်တပ်(ဘီးလူးစစ်တပ်)ကိုကျန်စေသည်၊လူမျိုးစုများ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်အကြောင်း၊ဖက်ဒရယ်ပြည်ထောင်စုကြီးအကြောင်းပြောမသွားဘူး၊ပင်လုံးစာချုပ်ကိုလိုရာစွဲပြီးပြောဆိုသည်၊ခွဲထွက်မူတို.၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို.ကိုဖျောက်ထားပြီးတော့မှပြောတယ်၊ဒါလဲ၊မရိုသားဘူး၊တိုက်ပွဲရပ်ဖို.အမိန်.ထုတ်ထားသည်ကိုလည်းကေအိုင်အိုကြောင့်တိုက်ပွဲဆက်ဖြစ်နေသလိုလိုဘာလိုလိုနဲ.ပြောသွားသည်၊ကချင်ပြည်နယ်ထဲဗမာစစ်တပ်ကသွားပြီးထိုးစစ်ဆင်နေတာကိုမပြောဘူး၊အပစ်ခတ်ရပ်ဆဲရေးကိုဗမာဘက်စချိုးဖောက်ဖျက်ဆီးတာကိုမပြောဘူး၊တပ်ဆုပ်သည့်အကြောင်းမပြောဘူး၊နှစ်ဘက်စလုံးတာဝန်ရှိတယ်လို.ပြောဆိုတာလည်းမမှန်ကန်ဘူး၊ကချင်ပြည်နယ်ထဲဗမာစစ်တပ်ရုပ်ပေးရင်ပြီးနေသည့်ပြဿနာကိုနှစ်ဘက်စလုံးချေးနဲ.ပျံ.အောင်ပြောသွားသည်၊သူတို.အချင်းချင်းဂိုဏ်ကွဲအကြောင်းခုခံပြောဆိုသွားတာကိုလည်းတစ်ယောက်နဲ.တစ်ယောက်ရာဇာဝတ်မှုကိုဖုံးကွယ်ဖို.ကြိုးစားသည့်စကားပါ၊ငါတို.အချင်းချင်းမညီညွတ်ရင်ကျူးလွန်ခဲ့သည့်အပြစ်များကိုပြစ်ဒဏ်စုပေါင်းခံရမည်ဆိုတာကိုအချင်းချင်းသတိပေးသည့်စကားတွေပါ၊Rule of Law ဆိုသည့်စကားလုံးတွေကလည်းကြားကောင်းအောင်သာပြောဆိုသွားသည်၊လက်တွေ.မှာတော့၊အဲဒီလိုမဟုတ်ဘူး၊ကောင်းကင်နဲ.မြေကြီးပမာကွာခြားနေဆဲပါ၊အားလုံးခြုံကြည့်ရင်ထိပ်ပြောင်ပြောသည့်စကားဟာအများအားဖြင့်အလုပ်နဲ.စကားမကိုက်ညီဘူးကြားဖြတ်၊ရွေးကောက်ပွဲအကြိုပြည်သူတွေကိုမဲဆွယ်ပြောဆိုသည့်မိန်.ခွန်းသာဖြစ်သည်ဟုမှတ်ယူပါ၊သူတော်ကြောင်ကသူတော်ကောင်းဆောင်သည့်မိန်.ခွန်းသားဖြစ်ပါကြောင်းသုံးသပ်လိုက်ရပါသည်၊

ဗမာတွေ သိကြပါစေ

တိုင်းရင်းသားအသံ

ဗမာတွေ သိကြပါစေ 

ဗမာအပါအ၀င် ကျန်တဲ့ ကချင်၊ကရင်၊ရခိုင်၊ရှမ်း၊မွန်၊ချင်း၊ကယား ဒီလူမျိုးတွေက ဘာကြောင့် အင်္ဂလိပ်လက်အောက် ဂျပန်လက်အောက်ကို ရောက်နေစဉ်တုန်းက ဘာကြောင့် လက်နက်စွဲကိုင်တော်လှန်ခဲ့ကြသလဲ။အဖြေက ရှင်းပါတယ်။သူတို့တွေရဲ့ ကံကြမ္မာကို သူတို့လူမျိုးတွေကိုယ်တိုင် သူတို့ဘိုးဘွားတွေပိုင်တဲ့ နယ်မြေဒေသတွေကို စီမံကွပ်ကဲ အုပ်ချုပ်ချင်လို့ပဲ။သူများစီမံ အုပ်ချုပ်တာကို မလိုချင်လို့ မခံနိုင်လို့ အင်မတန်အင်အားကြီးတဲ့ နယ်ချဲ့ကျူးကျော်သူတွေကိုတောင် သူတို့ပိုင်တဲ့ မြေပေါ်မှ ခိုင်မာသောစိတ်ဓာတ်၊သူ့ကျွန်မခံနိုင်သော မျိုးချစ်စိတ်ဓာတ်အပြည့်ဖြင့် တော်လှန်မောင်းထုတ်ခဲ့ကြတာပဲ မဟုတ်လား။အဲလို ကိုယ့်ယုံကြည်ချက်တွေနဲ့ ခိုင်မာသောယုံကြည်ချက် ကတိက၀ပ်တွေနဲ့ နားလည်မှုအပြည့်နဲ့ အတူတကွ လက်တွဲပြီး ကျူးကျော်လာသူ နယ်ချဲ့တွေကို မောင်းထုတ်ခဲ့လို့ လွှတ်လပ်ရေးဆိုတဲ့ စကားလုးံကို ပိုင်ဆိုင်လာခဲ့ကြတယ်။ရှေးအတိတ်သမိုင်းက ဘာတွေ ဖြစ်ခဲ့ ဖြစ်ခဲ့ နားလည်မှုယုံကြည်မှုတွေဆောက်တည်ပြီး အတိတ်အာဃာတတွေကို ဘေးချိတ်ပြီးတော့ လွှတ်လပ်ရေးဆိုတာကြီးကို အရယူခဲ့ကြတယ်။အင်း..အဲဒီလွှတ်လပ်ရေးဆိုတဲ့ ရလာကတည်းက တိုင်းပြည်ကို အုပ်ချုပ်လာခဲ့ကြတာ အခုချိန်ထိ ဗမာလူမျိုးမှ တစ်ပါး တစ်ခြားမရှိခဲ့ပါ။အဲလို အုပ်ချုပ်လာတဲ့တစ်လျှောက်မှာလည်း သူတို့နဲ့အတူတကွ လက်တွဲပြီး နယ်ချဲ့တွေကို တော်လှန်မောင်းထုတ်ခဲ့တဲ့ ဗမာမဟုတ်သော လူမျိုးတွေကို မတရားနှိပ်စက်၊တိုက်ခိုက်၊ရွာတွေကို မီးရှို့ဖျက်စီး၊သမီးပျိုများသာမဟုတ် အိမ်ထောင်ရှိအမျိုးသမီးများပါမကျန် ခြေတော်တင် မုဒိန်းကျင့်၊Genocide (လူမျိုးပြုန်းသတ်ဖြတ်မှု)များ ပြုလုပ်၊မတရား အခွန်တွေကောက်၊၄င်းဒေသတွေမှ ထွက်တဲ့ သစ်သီးဝလံမှ အစ သံယံဇာတ အဆုးံ မတရားသိမ်း အဲလိုမျိုးတွေ လုပ်လာခဲ့တာနှုစ်ပေါင်း ၆၉ နှစ်ကျော် ကြာလှပြီပေါ့။ဗမာမဟုတ်တဲ့ လူမျိုးတွေက ဗမာကို ခါးသီးမုန်းတီးစိတ်ဖြစ်ပေါ်နေတာဟာ ဗမာတွေရဲ့ လူမဆန်တဲ့လုပ်ရပ်နဲ့ ကတိမတည် သစ္စာဖောက်မှုတွေကြောင့်ပဲ ဆိုတာ အထင်အရှားပါ။ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးလို့ တီဗွီ သတင်းစာတွေမှာ ဘယ်လောက်ပဲ ပြပြ ဗွီဒီယိုကားတွေ ဘယ်လောက်ပဲ ရိုက်ပြ ရိုက်ပြ ရာထူးရာခံ အဆင့်အတန်းတွေကို ကြည့်လိုက်တာနဲ့ သိသာလွန်းနေပါတယ်။ဌါနဆိုင်ရာတစ်ခု၏ အကြီးအကဲ တစ်ယောက်ကို ဗမာမဟုတ်သော လူမျိုး တိုင်းရင်းသား တစ်ယောက်ဖြစ်နေမလားဆိုပြီး လေ့လာကြည့်မိတဲ့အခါတိုင်း ရင်မောရပေါ့။ဌါနတိုင်းလိုလို ဗမာတွေကပဲ နေရာယူ အမိန့်ပေး စေခိုင်းနေတာတွေပဲတွေ့နေရတော့ ပြည်ထောင်စုဆိုတဲ့ အာဘောင်ရင်းသန်သန် လူကြားကောင်းအောင် ပြောနေတာတွေဟာ အဖိနှိပ်ခံလူမျိုးတွေအဖို့ ပျက်လုးံတစ်ခုကို ကြားနေရသလိုပင်။အဆိုးဆုးံက ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် တောင်းဆိုနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းကိုတောင် သူတို့အရိုးနဲ့ သူတို့ကို ပြန်ထိုးခိုင်းပြီး နည်းအမျိုးမျိုးနဲ့ ချော့ခါတစ်လှည့် ခြောက်ခါတစ်လှည့် ချေမှုန်းနေခြင်းပင် ဖြစ်သည်။ဂျပန်တို့ အင်္ဂလိပ်တို့ထက် ရက်စက်ကောက်ကျစ်သော နည်းဗျူဟာပင် ဖြစ်သည်။အချင်းချင်း ရန်တိုက်ပေး၊မတွေ့အောင် လုပ်၊အချင်းချင်း ရန်စောင်နေတဲ့ အချိန် ကြားက ၀င်ဖြိုခွဲ ဒီလိုမျိုး သတ်လျှိုလုပ်နေတာဟာ ဗမာအာဏာပိုင်တို့၏ ကောက်ကျစ်စဉ်းလဲတဲ့ နည်းတွေထဲက အကြံအစည်တစ်ခုပင်ဖြစ်သည်။ပြည်ထောင်စုဆိုတဲ့စကားလှလှလေးတွေအောက်မှာ ဗမာမဟုတ်တဲ့လူမျိုးတွေ ခါးစည်းခံနေရတာ ဗမာအာဏာပိုင်တွေ ကျူးကျော်စော်ကားသမျှ ရေနှုံငုတ်ပိတ်နေနေရတာတွေဟာ ဗမာနဲ့ ပူးပေါင်းပြီး ယုံကြည်နားလည်မှုတည်ဆောင်ခဲ့တဲ့ ပင်လုံစာချုပ်၏ အကျိုးရလဒ်ပင် ဖြစ်သည်ဟု ဆိုပါက မှားမည်မထင်ပါ။သူတို့ကိုယ်တိုင်ပဲ ပင်လုံကို ဦးတည် သူတို့ကိုယ်တိုင်ပဲ ဖျက်စီးပြီး လက်ဝါးကြီးအုပ် လက်နက်အားကိုးဖြင့် ဗိုလ်ကျစိုးမိုးနေခြင်းပင်ဖြစ်သည်။တနည်းအားဖြင့် ဗမာက တိုင်းရင်းသားတွေကို ကျွန်ပုန်းကိုလိုနီ(hidden colony)ပြုလုပ်လိုက်ခြင်းပင် ဖြစ်သည်။ပြည်ထောင်စုလို့အမည်တပ်ထားတဲ့ မြန်မာနိုင်ငံက အစိုးရ စာသင်ကျောင်းတွေမှာ ကျောင်းတက်ခေါင်းလောင်းထိုးတာနဲ့ နိုင်ငံတော်သီချင်းဆိုရတယ်။”ကမ္ဘာမကျေ ဗမာပြည် တို့ဘိုးဘွားအမွေစစ်မို့ တို့ချစ်မြတ်နိုးပေ”ဆိုတဲ့ စာသားတွေပါဝင်တဲ့ နိုင်ငံတော်သီချင်းကြီးက ပြည်ထောင်စုတစ်ခုလုးံရဲ့ နိုင်ငံတော်သီချင်းကြီးတဲ့လေ။ကချင်၊ကရင်၊ရခိုင်၊ချင်း၊ကယား၊မွန်၊ရှမ်း အဲဒီလူမျိုးအားလုးံကို ဗမာအဖြစ်ပြောင်းပလိုက်ပြီး ဗမာလူမျိုးမဟုတ်တဲ့လူမျိုးတွေကို ပြည်ထောင်စုသီချင်းပါဆိုပြီး ဆိုခိုင်းနေတာဟာ မောင်ဖြူ ကိုမောင်မည်းလို့ အတင်းလုပ်ပလိုက်တာနဲ့ အတူတူပဲ။။မြန်မာရိုးရာ ယဉ်ကျေးမှုလို့အမည်တပ်ထားပြီး ဗမာတွေက ကချင်အ၀တ်အစားတွေဝတ် ရှမ်းအ၀တ်အစားတွေဝတ် ရခိုင်အ၀တ်အစားတွေဝတ် ဗမာသီချင်းဆိုပြီး ကပြနေတာတွေက မြန်မာ့ရိုးရားယဉ်ကျေးမှုတဲ့လားဗျာ။ဗမာဆိုတဲ့ နာမည်ကို မြန်မာဆိုပြီး ပြောင်းပလိုက်ရုံနဲ့ ဗမာပြည်ကကနေ မြန်မာနိုင်ငံလို့ ပြောင်းခေါ်လိုက်ရုံနဲ့ ပြည်ထောင်စုအစစ် ဖြစ်မသွားပါဘူး။ပြည်ထောင်စုကို ဦးတည်နေလား။တစ်ပြည်ထောင်စနစ်ကို ဦးတည်နေလားဆိုတာက အသိသာကြီးပါ။ ဘယ်လူမျိုးမဆို ကိုယ့်စာပေ ယဉ်ကျေးမှုကို တန်ဖိုးထားတတ်ကြပါတယ်။ကိုယ်ဒေသကို ချစ်မြတ်နိုးတတ်ကြပါတယ်။လူသားတိုင်း အတူပဲ။ဗမာလည်း ကိုယ်ပြည်ကို ကိုယ်ချစ်လို့ သူများလက်အောက်သူများအုပ်ချုပ်မှုအောက် မှာ မနေချင်လို့တော်လှန် တိုက်ထုတ်ခဲ့ကြတာပဲ မဟုတ်လား။ဗမာလူမျိုးနည်းတူ ကျန်တဲ့လူမျိုးတွေရဲ့စိတ်ထဲမှာလည်း ဒီလိုမျိုး စိတ်ဓာတ်မျိုးရှိမယ်ဆိုတာကို တွေးကြည့်စရာတောင် မလိုပဲ သိနိုင်ပါတယ်။ဗမာစာ ဗမာသမိုင်းကို တစ်ခြားတိုင်းရင်းသားလူမျိုးတွေကပဲ သင်ယူရမယ်။သူတို့စာပေ သမိုင်းကို သင်ခွင့်မပေးဘူး။သူတို့စာပေ သမိုင်းကို သူတို့သိလို့ မျိုးချစ်စိတ်တွေ ၀င်လာရင် ဗမာကို တော်လှန်လာမယ်ဆိုပြီး အတွေးမှားနေလို့ကတော့ အစစ်အမှန် ပြည်ထောင်စုဆိုတာကြီးတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။တစ်လောက သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။ပြည်သူလွှတ်တော်တွင် ကြံ့ခိုင်ဖွံဖြိုးရေးပါတီအမတ်တစ်ယောက်က ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ အမတ်တွေကို တစ်ယောက်တင်ပြလာလည်း ရခိုင်ကထွက်တဲ့ဂစ်ဖြင့် ရခိုင်ပြည်ကို မီးလင်းအောင်လုပ်ပေးပါ နောက်တစ်ယောက်လာလည်း မီးလင်းအောင် လုပ်ပေးပါလို့ တောင်းနေကြတာပဲတဲ့လေ။အဲလို ပြစ်ပြစ်ခါခါ မိုက်ရိုင်းစွာ ပြောဆိုခဲ့တယ်။သူ့ဘက်ကိုယ့်ဘက် မကြည့်ပဲ စဉ်းစားကြည့်စမ်းပါဗျာ။ရခိုင်က ထွက်တဲ့ဂစ်နဲ့ ရခိုင်ကို မီးလင်းလာအောင်လုပ်ပေးပါလို့ တောင်းဆိုတာကို အပြစ်လို့မြင်နေရင် ဗမာပြည်ကထွက်တဲ့ဆန်စပါးတွေနဲ့ ရခိုင်ဂီရီ ဒုက္ခသည်တွေကို ကူညီပါလို့ တောင်းဆိုခဲ့မယ်ဆိုရင် ထတောင် သတ်မလားမသိဘူး။ရခိုင်လူမျိုးတို့ပိုင်တဲ့ဒေသက ထွက်တဲ့သံယံဇာတကို အထိုက်အလျောက်လုပ်ပေးဖို့တောင်းဆိုနေတာကိုတောင် လူမျိုးစွဲရှိတယ်။ဒေသစွဲရှိတယ် ဆိုပြီး ရသမျှသံယံဇာတ အကုန် ဗမာပြည်သို့ယူဆောင်နေတာဟာ တော်တော်ကိုအရုပ်ဆိုးလွန်းပါတယ်။အင်္ဂလိပ်တွေ အုပ်ချုပ်တုန်းက ဆီပေးရင် ဆန်ရတယ်လို့ ကြားဖူးတယ်။ဗမာ့အုပ်ချုပ်မှုလက်အောက်မှာ ဆီပေးလည်း ဆန်မရသေးတဲ့အပြင် အရိုက်တောင် ခံရသေးတယ်။မိအေး နှစ်ခါနာ ဆိုသလို မျိုးပေါ့။ပြည်ထောင်စုဆိုတဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီးမှာ နိုင်ငံတော်သမ္မတ၊လွှတ်တော်ဥက္ကဌ၊စစ်ဦးစီးချုပ် ကအစ အဓိက ပင်မအရေးကြီးတဲ့နေရာတွေ၊ရာထူးကြီးကြီးတွေမှာ အားလုးံ ဗမာလူမျိုးတွေချည်းပဲ။ဗမာမဟုတ်တဲ့ ကချင်၊ကရင်၊ရခိုင်၊ရှမ်း၊ကယား၊ချင်း၊မွန် တွေက ဘာဖြစ်လို့ ကိုယ်ပိုင်အုပ်ချုပ်ရေးပဲ တွင်တွင်ခါ တောင်းနေကြလဲဆိုတော့ သူတို့ပြည်ကို သူတို့အုပ်ချုပ်ချင်နေကြလို့ပဲ။သူတို့ကံကြမ္မာကိုသူတို့ဖန်တီးချင်ကြလို့ပဲ။ ဗမာလူမျိုးတစ်မျိုးတည်းကသာပြည်ထောင်စု ပြိုကွဲမှာကို စိုးလို့ ပြည်ထောင်စုထဲက ခွဲထွက်ခွင့်မပြုနိုင်ဘူးဆိုပြီး ကန့်လန့် ကန့်လန့် လုပ်နေကြတာ ဘာကြောင့်ပါလဲ။ဗမာလူမျိုးတစ်ခုတည်းကသာ ပြည်ထောင်စုကို ချစ်တတ်တယ်ထင်တယ်။ကျန်တဲ့ လူမျိုးတွေက မချစ်တတ်ဘူးလား။တကယ်တော့ ဗမာတွေက ကိုယ်စီကိုယ်စီ လွတ်လပ်ခွင့်ပေးလိုက်ရင် သူတို့လုပ်သမျှ ဖိနှိပ်လိုသမျှ မရတော့မှာကို စိုးလို့နဲ့တူတယ်။ဗမာတွေတွေးကြည့်ပါ။ဗမာပြည်လို့ခေါ်တဲ့ တိုင်း(၇)တိုင်းကို ဗမာမဟုတ်ပဲ တစ်ခြားလူမျိုးတွေက လာအုပ်ချုပ်နေရင် နှိပ်ကွပ်နေရင် လက်နက်အားကိုးဖြင့် အနိုင်ကျင့်အုပ်ချုပ်နေရင် ကြိုက်ကြမလားဗျာ။ဘယ်သူမဆို ဘယ်လူမျိုးမဆို ဘယ်ကြိုက်ကြပါ့မလဲ။ကိုယ်စားချင်ကြည့်စမ်းကြပါဗျာ။သူတို့လည်း သူတို့ပြည်မှာ သူတို့အစိုးရနဲ့ ဖြစ်ချင်ကြမှာပဲ မြင်ချင်ကြမှာပဲ။အဲဒါကြောင့်လည်း တိုက်ပွဲတွေ ဖြစ်နေတာပေါ့။ခင်ဗျားတို့ အင်္ဂလိပ်၊ဂျပန်ကို မုန်းခဲ့သလိုမျိုး ကျန်တဲ့လူမျိုးတွေလည်း မုန်းတီးနေတယ်ဆိုတာ မမေ့ပါနဲ့။ဗုဒ္ဓဘာသာသဘောအရ ပြောရရင် ၀ဋ်ဆိုတာ လည်တတ်ပါတယ်။ဒါကြောင့် ကိုယ်ချင်းစာ စိတ်ကလေးနဲ့ နားလည်မှုအပြည့်နဲ့ ကိုယ်ထမ်းထားရတာမဟုတ်တဲ့ တာဝန်မယူခိုင်းတဲ့အရာတစ်ခုကို ဘာကြောင့် အမုန်းခံ အသက်တွေအသေခံပြီး ထမ်းထားမှာလဲ။ပေးလိုက်ကြစမ်းပါဗျာ သူတို့တွေ လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊သူတို့တွေ ကံကြမ္မာကို သူတို့တွေ ဖန်တီးကြစမ်းပါစေလား။

(ရွှေမြောက်ဦး)

Wednesday, February 29, 2012

၂၀၀၈ အခြေခံဥပဒေအောက်ကရွေးကောက်ပွဲများနဲ.ငြိမ်းချမ်းရေးပွဲများသည်တိုင်းပြည်နဲ.လူမျိုးစုများအတွက်အဖြေမဟုတ်

တိုင်းရင်းသားအသံ ၂၀၀၈ အခြေခံဥပဒေအောက်ကရွေးကောက်ပွဲများနဲ.ငြိမ်းချမ်းရေးပွဲများသည်တိုင်းပြည်နဲ.လူမျိုးစုများအတွက်အဖြေမဟုတ် 

(၂၀၀၈)ဥပဒေအောက်မှာရွေးကောက်ပွဲနှင့်ငြိမ်းချမ်းရေးပွဲများကတိုင်းပြည်နဲ.လူမျိုးစုများအတွက်အဖြေမဟုတ်
သည့်အပြင်ပြည်တွင်းစစ်မီးကြီးအတွက်အချိန်ယူပြင်ဆင်မှုတစ်ခုသာဖြစ်သည်၊အတုအပများဖြင့်ဖန်းတီးထားတဲ့
အတွက်ကြောင့်ဖြစ်သည်။

Sunday, February 26, 2012

ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ

တိုင်းရင်းသားအသံ  
 ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ 
by Yangon Press International on Saturday, February 25, 2012 at 11:25am မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၂ (YPI) (ဆိုင်းဆွတ်)
ညစာစားပွဲတွင် ဒေါ်အင်ဖန်ဂျာရာနှင့် စကားပြောဆိုလျှက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ-YPI
 ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ည ၈နာရီ မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမမှာ ကချင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်သား ခေါင်းဆောင်းများ၊ ဘာသာရေး ခေါင်းဆောင်များနဲ့ ညစာအတူစားခဲ့ကြပါတယ်။ ထိုစဉ်က ကချင်အတိုင်ပင်ခံအဖွဲ့ နာယက ဒေါ်အင်ဖန်ဂျာရာ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောဆိုကြတဲ့အကြောင်းကို YPI သတင်းထောက်က ဒေါ်အင်ဖန်ဂျာရာကို မေးမြန်းထားပါတယ်။ ဒေါ်အင်ဖန်ဂျာရာ။ ။ ည ၈နာရီ ကနေ စပြီး ၁၀ နာရီ လောက်အထိ စကားပြောဖြစ်ခဲ့ပါတယ် သူက အဖွားကို မေးခွန်း နှစ်ခုပဲမေးပါတယ်။ အဲဒါတွေက ၁- KIA က ဘာလို့ဖြစ်လာတာလဲ ၂ - ဒီနေ့အထိ ဘာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးလို့ မရသေးတာလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က မေးခဲ့ပါတယ်။ အရမ်းအရေးကြီးတဲ့ မေးခွန်တွေကို သူမေးခဲ့ပါတယ်။ ကျွန်မ ပြန်ပြောပြလိုက်ပါတယ်၊ အရင်ကတည်းက ကချင်နိုင်ငံဆိုပြီးရှိခဲ့တာပါ ဘယ်ဘုရင်ကမှ ဒီနေရာက ကချင်တွေအတွက်ဆိုပြီး ပေးထားတာမဟုတ်ပါဘူး၊ ကချင်တွေက ကိုယ်နေရာ ကိုယ့်နိုင်ငံ ကိုယ့်ဒေသနဲ့ ကိုယ် နေထိုင်ခဲ့ကြတဲ့သူတွေဖြစ်တယ်၊ ကိုယ့်နိုင်ငံ ကိုယ့်နေရာနဲ့ကိုယ်အုပ်ချုပ်ပြီး ငြိမ်ငြိမ်းချမ်းချမ်း နေထိုင်ခဲ့ ကြတာဖြစ်တယ်၊ ကျွန်မတို့ ကချင်လူမျိုးတွေဟ မြန်မာပြည်ဘက်ကိုလည်း မသွားဘူး မြန်မာလူမျိုးတွေကလည်း ကချင်လူမျိုးတွေကို တောသား လူရိုင်းတွေဆို ပြီး အရမ်းကြောက်ခဲ့တာ။ ဗြိတိသျှ အုပ်ချူပ်တုန်းက ကျွန်မတို့ ကချင်လူမျိုးတွေဟာ စစ်ရေးစစ်ရာ တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ လူမျိုးတွေဖြစ်တယ်၊ ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ် ဂျပန်ခေတ် တွေမှာ ကချင်လူမျိုးတွေ တော်တော်များများ ပါဝင် တိုက်ခိုက်ပါဝင်ခဲ့ကြတယ်၊ ဒီလိုနဲ့ ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချူပ်အောင်ဆန်း ကချင်ပြည်နယ်ကိုတက်လာတာဖြစ်တယ်၊ ကျွန်မ က အဲဒီအချိန် ၁၅ ၊ ၁၆ နှစ်ဘဲရှိသေးတယ်၊ အဲဒီတုန်းက ကျွန်မ ကြိုဆိုဧည့်ခံရေး အဖွဲ့မှာပါဝင်ခဲ့တယ်၊ အခုကျွန်မ အသက် ၈၀ ကျော်ပြီလေ၊ ဗိုလ်ချူပ်အောင်ဆန်းက ဗြိတိသျှ တွေဆီက လွတ်လပ်ရေးရအောင်ဆိုပြီး တခြားလူမျိုးတွေဆီ မသွားပဲ ကချင်ပြည်နယ်ကို အရင်လာတာဖြစ်တယ်။ ကချင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်၊ အစကတော့ လွတ်လပ်ရေးမှာ မပါဝင်ချင်ဘူး၊ ဒါပေမဲ့ အောင်ဆန်းက ကချင်တစ်ကျပ် ဆို မြန်မာတစ်ကျပ်ဆိုတဲ့ အခွင့်အရေးပေးမယ်ဆိုပြီး ပြည်ထောင်စုမူ အရ ကျွန်တော်တို့ယူကြမှပါ ခင်ဗျားတို့ မကြိုက်ရင်လည်း နောက် ၁၀နှစ်လောက်ဆို ပြန်ခွဲထွက်လို့ ရတယ်ဆိုလို့ ကချင်တွေ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ကချင်တွေ ပင်လုံစာချုပ်ချုပ်ဖို့ သဘောတူလို့ ရှမ်းပြည်ကိုရောက်တယ် ရှမ်းတွေလည်း လွတ်လပ်ရေးကို မလိုချင်ကြဘူး ဒါပေမဲ့ ကချင်နောင်တော်ကြီးတွေတောင် သဘောတူတယ်ဆိုတော့ ဆိုပြီး ရှမ်းတွေလည်းသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ပြီးတော့ ချင်းတွေ ပြန်ရောက်လာတယ် ချင်းတွေရော ဒီအတိုင်းဘဲ သဘောမတူဘူး လွတ်လပ်ရေးကို မလိုချင်ကြဘူး၊ ဒါပေမဲ့ ကချင်နဲ့ ရှမ်းတောင် လက်မှတ်ရေးထိုးတယ်ဆိုပြီးသူလည်း သဘောတူခဲ့တယ်၊ ပင်လုံမှာလက်မှတ်ရေးထိုးတာက ဗမာ ကိုယ်စား အောင်ဆန်း (ဖဆပလ) ခေါင်းဆောင် လက်မှတ်ထိုးတယ် ကချင်၊ ရှမ်း၊ ချင်း လေးဦး သဘောတူပြီး ပင်လုံမှာ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်၊ ၁၉၄၈ ဇန်န၀ါရီ ၄ မှာ လွတ်လပ်ရေး ရတာဖြစ်တယ်၊ ဒါပေမဲ့ ရှင့်အဖေ ပေးထားတဲ့ ကတိစကားကို ကျွန်မတို့ အရမ်းအားကိုးနားထောင်ပြီး လက်ခံထားတာကို အောင်ဆန်းမရှိတော့လို့ ကျွန်မတို့ အရမ်းဝမ်းနည်းပြီး စိတ်ပျက်သွားတယ်၊ အဲဒီအချိန်က စပြီး ကျွန်မတို့ ကချင်တွေက ဘာ အခွင့်အရေးမှ မရတော့တာပါ၊ ဦးနုက ဖဆပလ (ဥက္ကဋ္ဌ) တက်လာတော့ ကချင်တွေကို ဘာမှ မဟုတ်သလို ဆက်ဆံခဲ့တာပါ၊ ဒီလိုနဲ့ ကျွန်မတို့ ကချင်ပြည်နယ် တရုတ်ပြည်နယ်စပ်က ဖီမော်၊ လံကိုင် နယ်မြေကို ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ တရုတ်တွေကို ရောင်းစားလိုက်တာဟုတ်တယ်။ ဒါကြောင့် အရမ်းဝမ်းနည်းတယ် အခုထိလည်း ၀မ်းနည်းနေတုန်းပါဘဲ။ ၁၉၆၂ မှာ ကျွန်မတို့ ကချင်တွေ သူပုန်ထလာတာဖြစ်တယ်၊ ဒါဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ဘာသာ ဆိုတာကို ဘယ်သူ့ကိုမှ တိုင်ပင်တာမရှိပဲ ဦးနု သူ့ဟာသူ စီစဉ်လုပ်ခဲ့တယ် နိုင်ငံတော်ဘာသာမှာ ဆိုရင် (တစ်နိုင်ငံလုံး ဗုဒ္ဓဘာသာ ဖြစ်ရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့သွားရမယ်) ကျန်တဲ့ ခရစ်ယာန် ၊နတ်စား ၊ စတဲ့ ဘာသာတွေကို နှိမ်သလိုဖြစ်လာပြီး ဒါကြောင့် KIO တော်လှန်ရေးစလာတာပါ၊ ကချင်တော်လှန်ရေးကိုစခဲ့တာ နော်ဆိုင်းဟုတ်ပါတယ် နော်ဆိုင်းက ရှမ်းပြည်ကနေ ကချင်ဖက်ကိုတက်လာတော့ သူ့ကို ဘယ်သူမှ ကြိုဆိုထောက်ခံမဲ့သူ မရှိလို့ နော်ဆိုင်းက တရုတ်ကွန်မြူနစ်တွေနဲ့ ပေါင်းသွားတာဖြစ်တယ်။ ကျွန်မတို့ ကချင်တွေက မြန်မာတွေကို သတ်မယ်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်လုံးဝ မရှိပါဘူး ဗမာကို မုန်းရအောင်နော်ဆိုတဲ့ စိတ်လည်းမရှိပါဘူး၊ ဒါပေမယ့် ကိုယ့်နိုင်ငံကိုယ့်ပြည်ကို ကိုယ်ပိုင်ဆိုင်ခွင့် အရင်က ပိုင်ဆိုင်သလို ပိုင်ဆိုင်ခွင့် ကိုယ့်နိုင်ငံကြီးပွားတိုးတက်ဖို့ ကိုယ့်ခြေထောက်ကိုယ် ရပ်တည်သွားမယ် ဆိုပြီး ပြောကြည့်ရင်လည်း မဖြစ်လို့ တော်လှန်ရေး KIO ဆိုတာ ဖြစ်လာတာဟုတ်တယ်၊ ဒီနေ့ အထိလည်း ဒါပါပဲ တခြားတော့ ဘာမှမဟုတ်ဘူး အပစ်ခေတ်ရပ်စဲရေးကို ၁၇ နှစ်ကြာအောင် ပြန်လုပ်ခဲ့ပြီးပြီး ကျွန်မတို့ အရမ်းပျော်ရွင်ခဲ့ပါတယ်၊ ဒီအပစ်ခတ်ရပ်စဲရေး လုပ်ပြီး တော့ နောက်တစ်ဆင့်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ဖို့ လိုအပ်လာတယ်၊ အပစ်အခတ်ရပ်စဲရေးက ငြိမ်းချမ်းရေးမဟုတ်ဘူး..ငြိမ်းချမ်းရေး ဆိုတာ နိုင်ငံရေးအရ စားပွဲပေါ်မှာ ပြုလုပ်ဖို့ဖြစ်တာ ဒါကို လုပ်ခွင့်မပေးဘူး KIO အနေနဲ့ ခဏခဏတောင်းဆိုတယ် မလုပ်ပေးခဲ့ဘူး “ပြည်သူ့အစိုးရပေါ်လာတော့မယ် မင်းတို့ သိပ်မလောကြနဲ့ ဆိုပြီးပြန်ပြောတယ်” ပြည်သူ့အစိုးရ ပေါ်လာပြီး အစည်းအဝေးတောင် မလုပ်သေးဘူး သူတို့ အရင်ပစ်တယ် ၂၀၁၁ ဇွန် ၉ မှာ စစ်စဖြစ်တယ်။ အခု ကချင်ပြည်နယ်မှ မြန်မာစစ်သား ၁သိန်းကျော်ပြီး သိလား.. ဒုံးကျည် ၂သောင်း ရောက်နေတယ်.. အမြောက်တွေလည်း အများကြီးရောက်နေတယ် ကချင်နဲ့ခရစ်ယာန်တွေကို အမြစ်ပြတ်သွားအောင် လုပ်သွားမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အပြင်က လောဘ စိတ်ကြောင့်ဟုတ်တယ် ကျွန်မတို့ကချင်ပြည်နယ်မှာ သံယဇာတပေါများတယ် ဒါကြောင့်နယ်မြေကို လုယူပိုင်ဆိုင်ချင်လို့ဖြစ်တယ် လို့ ကျွန်မတို့ ကတော့ ဒီလိုပဲ ထင်ကြပါတယ် ကချင်လွတ်လပ်ရေးအဖွဲ့ ကတောင်းဆိုထားတာကက (၁) ပင်လုံစာချုပ် ပင်လုံစိတ်ဓာတ် နိုင်ငံရေးကို နိုင်ငံရေးလို စားပွဲပေါ်မှာ ပင်လုံ အခြေခံပြီး ဆွေးနွေးမယ် (၂ ) ကချင်ပြည်နယ် ရောက်နေတဲ့ တပ်မတော်သားတွေ ကို ကိုယ့်နေရာကိုယ်ပြန်ဆုတ်ခိုင်း ဒါဆိုရင် အပစ်အခတ်ရပ်မယ် စာချုပ်ချုပ်မယ်ဆိုရင်နိုင်ငံတကာက လူတွေကိုခေါ်ပြီး စာချုပ်ချုပ်မယ်ဆိုပြီးတောင်းဆိုထားတာ အခုထိတော့ဘာမှ အကြောင်းပြန်လာတာ မရှိသေးဘူး၊ ဒေါ်စုက အံသြစွာနဲ့ လည်ပင်းတောင် စောင်းတယ် ကျွန်မပြောတာကို နားထောင်နေတာ သူက ဘာမှမသိတဲ့ပုံပဲ မင်းကအဲဒီတုန်းက ငယ်သေးတယ်လေ ပြီးတော့ မင်းအမေနောက်လိုက်သွားရတော့ ငါတို့ဒီက သမိုင်းကြောင်းကို ဘာမှ မသိလိုက်ဘူးပေါ့ လို့ကျွန်မပြောခဲ့တယ်။ အထက်က ပြောဆိုခဲ့သည်များမှာ ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်အင်ဖန်ဂျာရာက ပြောဆိုခဲ့သည့် စကားများကို ၎င်းကိုယ်တိုင် ပြန်လည်ပြောပြတာ ဖြစ်ပါတယ်။ ထိုနေ့ညက ရှင်းပြအပြီး ဒေါ်အောင်ဆန်းစုကြည်အား သူပြောချင်တဲ့ စကားတစ်ခွန်းဖြစ်သည့် “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် အခုလည်း မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ မလုပ်ရင်ကောင်းတယ်” ဆိုတာကို မီးပျက်သွားတာကြောင့် မပြောလိုက်ရဘူးလို့ ဒေါ်အင်ဖန်ဂျာရာ က YPI ကိုပြန်ပြောပြပါတယ်။ အဲဒီ့နောက် YPI သတင်းထောက်က ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ကချင်ပြည်နယ်သို့ လာသည်ထင်သလဲ ဟုမေးရာ “ ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ထွက်လာတယ် ထင်တာပဲ” လို့ဖြေဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် လာတဲ့အပေါ် ဘာမျှော်လင့်ထားလဲ ဆိုတဲ့ မေးခွန်းကိုတော့ “ ဘာမှ ထူးထူးခြားခြား မမျှော်လင့်ပါဘူး၊ ပါတီစည်းရုံးရေး သက်သက်ပဲ ထွက်လာတယ်၊ တကယ်လို့ သူရွေးကောက်ပွဲမှာ နိုင်လို့ လွှတ်တော်မှာ ၀င်ထိုင်ဖြစ်ရင်တော့ ကချင်ပြည်နယ်အတွက် မျှော်လင့်ချက် အတော်များများ ရှိတယ် ” လို့ဖြေသွားပါတယ်။ YPI

Monday, February 20, 2012

ယနေ.အချိန်အခါမှာစကားလေးတိုးတိုးရှင်းရှင်းနဲ.ပဲပြောချင်တယ်၊

တိုင်းရင်းသားအသံ ယနေ.အချိန်အခါမှာစကားလေးတိုးတိုးရှင်းရှင်းနဲ.ပဲပြောချင်တယ်၊ (၁)ဗမာပြည်ရှိသံဃာနာယကအဖွဲ.အစည်းကိုသုသေသနလုပ်ပြီးဘာလဲဘယ်လဲဆိုသည့်မေးခွန်းတွေနဲ.စာတမ်းတစ်ခုထုတ်သင့်သည်၊ (၂)ဇာတ်တိုက်ထားသည့်သိန်းစိန်းတို.စစ်အုပ်စုကိုလုံးဝမယုံနဲ.၊လူထုအင်းအားဖြည့်ထားပါ၊( (၃)ငြိမ်းချမ်းရေးလက်မှတ်တစ်ပိုင်တစ်စဖြင့်အပစ်ခတ်ရပ်စဲရေးယူထားသည့်တိုင်းရင်းသားလက်နက်ကိုင်တပ်များအချင်းချင်းအကြားသွေးထိုးသည့်စကားနဲ.လုပ်ရပ်များကိုဗမာစစ်မဟာဝါဒီသမားများလုပ်ဆောင်လျက်ရှိသည်၊သတိထားကြပါ၊မိမိတို.ရန်သူအစစ်ကိုမမေ့ကြနဲ.၊အားလုံးပြန်တိုက်ကြ၊

အတွေးအခေါ်တစ်ပိုင်တစ်စ (က)ငြိမ်းချမ်းရေးစကားကြောင့်ကေအန်ယူခေါင်းဆောင်အချင်းချင်းအကြားအကွဲအပြဲဖြစ်နေတဲ့သတင်းမှန်ကန်ရင်သိန်းစိန်းတို.အုပ်စုမရိုသားဟုသတ်မှတ်ပါ၊ (ခ)ငြိမ်းချမ်းရေးကြောင့်ဒီကေဘီအေနဲ.ကရင်နယ်ခြားစောင့်တပ်အချင်းချင်းအကြားပစ်ခတ်တဲ့သတင်းမှန်ကန်ရင်သိန်းစိန်း၏ငြိမ်းချမ်းရေးသည်သွေးခွဲရေးဟုသတ်မှတ်ပါ၊ (ဂ)ငြိမ်းချမ်းရေးလက်မှတ်တစ်ပိုင်တစ်ကြောင့်သျှမ်းပြည်နယ်မှာသျှမ်းပြည်တပ်မတော်(တောင်ပိုင်)နဲ.စစ်အုပ်စုပေါင်းပြီးအင်းအားငယ်သည့်ပလောင်၊ပအို.စသည့်တိုင်းရင်းသားလက်နက်ကိုင်များအပေါ်မူယစ်ဆေးဝါနာမည်အမျိုးမျိုးတပ်ပြီးအနိုင်ကျင့်နေတယ်ဆိုတဲ့သတင်းမှန်ကန်ရင်သိန်းစိန်း၏ငြိမ်းချမ်းရေးကမ်းလှမ်းချက်နဲ.ငြိမ်းချမ်းရေးလက်ခံသူတို.သည်နှစ်ဘက်စလုံးမရိုသားဟုသတ်မှတ်ကြပါ၊ (ဃ)သိန်းစိန်းအစိုးရ၏ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ်ကြောင့်မွန်ပြည်သစ်ပါတီခေါင်းဆောင်အချင်းချင်းအကြားမှာအရေးပေါ်အစည်းအဝေးခေါ်ပြီးတစ်ဦးနဲ.တစ်ဦးချွေးထွက်အောင်အချေအတင်ဆွေးနွေးနေကြတယ်ဆိုသည့်သတင်းမှန်ကန်ရင်သိန်းစိန်းစစ်အစိုးရအုပ်စု၏ဇာတ်တိုက်ကွက်ထဲမှာကိုယ်ပါသွားပြီဟုသတ်မှတ်ပါ၊ (စ)ကချင်းပြည်နယ်မှာကေအိုင်အိုနဲ.သိန်းစိန်းကိုယ်စားလှယ်များအတွက်ငြိမ်းချမ်းစကားပြောဖို.နေရာရွေး၊ဂွင်ရွေးနေကြခြင်းသည်သိန်းစိန်းတို.အုပ်စုကစစ်ဆင်ရေးလုပ်ဖို.အချိန်းဆွဲထားသည်ဟုသတ်မှတ်ပါ၊ (ဆ)လက်နက်အင်းအားမတောင်းတင်းဘဲငြိမ်းချမ်းရေးအခွင့်အရေးအတွက်တိုင်းရင်းသားဖက်ဒရယ်ကောင်စီမူကိုလျစ်လျူရှူးပြီးငြိမ်းချမ်းရေးလက်မှတ်ထိုးခဲ့သည့်ချင်ပြည်သူ.တပ်ဦးကိုဆက်ဆံရေးရုံတို.၊စီးပွားရေးဂွင်တို.အခွင့်အရေးပေးလိုက်တာဟာလူအင်းအားနဲ.မမျှတဲ့အလေချိန်ကိုပခုံးပေါ်တင်လိုက်သလိုထမ်းဆောင်ရသည့်လူရောသေသွားနိုင်တာကြောင့်သိန်းစိန်းတို.စစ်အုပ်စုကအနုနည်းဖြင့်သတ်ဖြတ်နေသည်ဟုမရိုသားဟုသတ်မှတ်ကြပါ၊

Saturday, February 11, 2012

ကျုပ်တို.လိုချင်တာကလုံးဝလွတ်လပ်ရေးနှင့်ပင်လုံစာချုပ်အပေါ်အခြေခံသည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေပါ

တိုင်းရင်းသားအသံ ကျုပ်တို.လိုချင်တာကလုံးဝလွတ်လပ်ရေးနှင့်ပင်လုံစာချုပ်အပေါ်အခြေခံသည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေပါ ယနေ.တွေ.မြင်နေရသည့်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကိုမြန်မာမီဒီယာအများစုကအလေပေးရေးသားဖော်ပြနေကြပေမဲ့ကျုပ်တို.တိုင်းရင်းသားများအတွက်လုံးဝစိတ်ဝင်စားမှာမဟုတ်ပါ၊ရွေးကောက်ပွဲဆိုတာစစ်အစိုးရအုပ်စုချမှတ်ထားသည့်လမ်းစဉ်ဖြစ်သည်၊၎င်းလမ်းစဉ်ပေါ်တို.လျှောက်နေကြလို.ပါ၊ပြည်သူလူထုများလုံးဝလွတ်မြောက်ရေးနှင့်တိုင်းရင်းသားများကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုဖော်ဆောင်ပေးနိုင်မှာမဟုတ်သောကြောင့်ဖြစ်သည်၊ကျုပ်တို.အားလုံးလိုချင်တာကလုံးဝလွတ်လပ်ရေးပါ၊ဒါကြောင့်၊ေ၇ွးကောက်ပွဲဟာတရားမျှတမှုလည်းမရှိပါ၊စိတ်လှုပ်ရှားစရာလည်းမဟုတ်သလိုအမှန်တရားချစ်မြတ်နိုးသူများအတွက်ထောက်ခံစရာလည်းမဟုတ်ပါ၊

Sunday, February 5, 2012

သိန်းစိန်းအစိုးရကိုယ်စားလှယ်နဲ.ချုပ်ဆိုခဲ့သည့်ပဏာမသဘောတူညီချက်တွေကိုပြန်စဉ်းစားပေးပါရန်

တိုင်းရင်းသားအသံ
သိန်းစိန်းအစိုးရကိုယ်စားလှယ်နဲ.ချုပ်ဆိုခဲ့သည့်ပဏာမသဘောတူညီချက်တွေကိုပြန်စဉ်းစားပေးပါရန်

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ.များနဲ.သိန်းစိန်းအစိုးရအကြာချုပ်ဆိုခဲ့သည့်ပဏာမသဘောတူစာချုပ်များကိုပြန်
လည်သုံးသပ်ပြီးပြန်လည်စဉ်းစားပေးပါရန်တိုင်းရင်းသားအသံမှအနုအညွံ.တောင်းဆိုလိုက်ပါသည်၊

ဘာကြောင့်တောင်းဆိုလိုက်သလဲဆိုတာအောက်ပါအချက်များကြောင့်ဖြစ်သည်၊
၁၊တိုင်းရင်းသားအဖွဲ.များနဲ.သိန်းစိန်းအစိုးရအကြာချုပ်ဆိုခဲ့သည့်ပဏာမသဘောတူစာချုပ်များသည်တနိုင်ငံလုံး
အပစ်ခတ်ရပ်စဲရေးကိုတရားဝင်မကြေညာသေးသည့်အတွက်တရားနည်းလမ်းမကျသည့်အပြင်ရိုသားမှုမရှိသော
ကြောင့်မြန်မာပြည်သူပြည်သားများအတွက်အကျိုးနဲလှလွန်သည်၊
၂၊တိုင်းရင်းသားအဖွဲ.များကိုတစ်ဖွဲ.ချင်းစီးပဲ့ထုတ်ပြီးညီအစ်ကိုမောင်နှမချင်းဖြစ်ပါလျက်မတူညီသည့်အခွင့်အရေ
များပေးထားသည်၊မတူညီသည့်သဘောစာချုပ်များဖြင့်ချုပ်ဆိုထားသည်၊
၃၊တိုင်းရင်းသားအဖွဲ.များကိုမျှော်လင့်ချက်ပေးထားပြီးအချိန်တိကျသည့်နိုင်ငံရေးဆွေးနွေးပွဲများမရှိ၊
၎၊တစ်ချို.ဒေသတွေမှာအထူးသဖြင့်ကချင်ဒေသမှာဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီးပါစပ်ကငြိမ်းချမ်းစ
ကားပြောဆိုနေပေမဲ့တိုင်းရင်းသားဒေသများမှဗမာစစ်တပ်များရုပ်သိမ်းခြင်းလုံးဝမရှိသည့်အပြင်အင်းအားထပ်မံ
ဖြည့်ဆည်းပြီးနေရာတိုးချဲ.လျက်ရှိသည်၊
၅၊တိုင်းရင်းသားများနဲ.ဗမာအစိုးရအဆက်ဆက်အကြာဖြစ်နေသည့်ပဋိပက္ခတွေကိုနိုင်ငံရေးကြောင့်ဟုမမြင်သည့်
အပြင်အသိအမှတ်လည်းမပြုထားပါ၊လက်နက်ကိုင်တိုင်းရင်းသားများကသူတို.ချမ်းသာလာရင်ဘယ်သူမှလက်န
က်ကိုင်မှာမဟုတ်ဘူးလို.ငြိမ်းချမ်းခေါင်းဆောင်ဖြစ်သည့်စိန်းအောင်းမင်း(ဦးအောင်မင်း)ကိုယ်တိုင်ပြောဆိုခဲ့သည်၊
၆၊လက်နက်ကိုင်တိုင်းရင်းသားများကလည်းအစိုးရနဲ.သဘောတူလိုက်ဖျက်လိုက်လုပ်နေခြင်းသည်မိမိတို.အင်း
အားမိမိတို.ကိုယ်တိုင်ဖြိုခွဲလိုက်သလိုဖြစ်ပြီးပြည်သူလူထု၏အယုံအကြည်ကိုလည်းကျဆင်းစေသည်၊
 ၇၊ဒီငြိမ်းချမ်းရေးကစားပွဲဟာသိန်းစိန်းအစိုးရတို.ကိုယ်တိုင်လမ်းခင်းပေးထားပြီးနှစ်ဖက်ကစားနိုင်သည့်ကစားပွဲ
မျိုးမဟုတ်သည့်အတွက်ကြောင့်တိုင်းရင်းသားများအတွက်အရှုံးနဲ.သရေသာကစားခွင့်ရှိပြီးအနိုင်ရအောင်လုံးဝ
ကစားလို.မရသည့်ကစားပွဲမျိုးဖြစ်နေသည်၊(ငြိမ်းချမ်းကိုသူတို.ယူရင်ရမည်၊သူတို.ဖျက်ရင်ပျက်မည့်သဘောရှိသ
သည်၊)
၈၊၂၀၀၈ အခြေခံဥပဒေကိုသိန်းစိန်းတို.ပြင်ပေးမည့်အရိပ်အယောင်လုံးဝမရှိသည့်အတွက်တပ်မတော်တစ်ခု သာရှိရမည်ဆိုသည့်မူဟာမိမိကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက်လက်နက်ကိုင်သည့်တိုင်းရင်းသားများကိုတ
စ်နည်းမဟုတ်တစ်နည်းအနှေးနဲ.အမြန်ဖျက်သိမ်းဖို.စီစဉ်ထားသည်၊
၉၊စစ်အစိုးရနဲ.သဘောတူချုပ်ဆိုခဲ့သည့်စာချုပ်အားလုံးဟာယူအန်စသည့်အဖွဲ.များအဓိကဒိုင်လူကြီး အဖြစ် မရှိသည့်အတွက်ပြဿနာထပ်တက်ရင်ဘယ်သူမှားတယ်၊မှန်တယ်ဆိုတာကိုဆုံးဖြတ်ပေးမည့်လူမရှိပါ၊မီဒီယာ
အင်းအားကြီးမာသည့်သူကသာအနိုင်ရမည်၊

ထို.ကြောင့်သိန်းစိန်းအစိုးရနဲ.ပဏာမသဘောတူစာချုပ်လက်မှတ်ထိုးခဲ့သည့်တိုင်းရင်းသားများအနေနဲ.မိမိတို.
လုပ်ရပ်အပေါ်ပြန်လည်စဉ်းစားသင့်ပြီးအချိန်မနှောင်းခင်မိမိတို.နဂိုမူလရည်းမှန်းချက်အတိုင်ဆက်လက်လျှောက်
ကြပါရန်တိုင်းရင်းသားအသံမှတောင်းဆိုလိုက်ပါသည်။

Tuesday, January 31, 2012

မွန်ပြည်သစ်ပါတီငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ.ပတ်သက်၍ BURMA VJ Media သတင်းအသုံးအနှုန်းကြောင့်ငြင်းခုံနေကြ

တိုင်းရင်းသားအသံ
မွန်ပြည်သစ်ပါတီငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ.ပတ်သက်၍ BURMA VJ Media
သတင်းအသုံးအနှုန်းကြောင့်ငြင်းခုံနေကြ

 အဓိကငြင်းခုံနေသည့်အသုံးအနှုန်းကိုမှင်နီဖြင့်ဟိုင်လိုက်ပေးထားသည်။

သအောက်ပါဘာမာဗီဂျေသတင်းကသုံးနှုန်းထားသည့်အသုံးအနှုန်းကိုမရှင်းမလင်းဖြစ်နေကြသည်၊ အစိုးရ နှင့် မွန်ပြည်သစ် ပါတီ ငြိမ်းချမ်းရေး ဆွေးနွေး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ရောစ ဦးဆောင်သည့်အဖွဲ့သည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မော်လမြိုင်မြို့ Strand Hotel ၌ နံနက် ၉း၀၀ နာရီတွင် စတင် တွေ့ဆုံခဲ့ပါသည်။ အဲ့ဒီ အစည်းအဝေးအတွင်း အပစ်အခတ် ရပ်စဲရေးကို သဘောတူဆွေးနွေး လက်မှတ်ရေးထိုးခဲ့ကြပြီး အခု ဆွေးနွေးပွဲမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပါသည်။ ပထမအကြိမ်မှာတော့ ထိုင်းနိုင်ငံတွင်း ဆခရဘူရီမြို့၌ အထက်ပါ နှစ်ဖွဲ့မှာ ဆွေးနွေးပြီး ဖြစ်ပါသည်။ 
By: Burma VJ Media Network 

အောက်ပါငြင်းခုံနေကြအသံများ၊ 

Aow Kou Rot မီဒီယာကို စတုတ္ထမဏ္ဍိုင်လို မျှတချင်တယ် ဆိုရင်တော့ အပြုသဘောနဲ့ ထောက်ပြသင့်ပါတယ်။ Process တွေကို ရှင်းရှင်းလင်းလင်း နားလည် ရပါတယ်။ သတင်းတွေရဲ့ details တွေကိုလဲ သိနိုင်သလောက် နှိုက် ထုတ်ရပါတယ်။ "နံနက် ၉း ၀၀ နာရီတွင အပစ်အခတ်ရပ်စဲရေးကို သဘောတူ ဆွေးနွေး လက်မှတ်ရေးထိုးခဲ့ကြပါသည်" ဆိုတာ အရမ်းကို မှားနေတဲ့ အရေးအသားပါ။ ကိုယ်စားလှယ်တွေကို အဲလောက်ထိ လုပ်ဆောင်ခွင့် မပေးထားတာ သဘောပေါက် ထားစေလိုပါတယ်။ ကေအန်ယူ ပွဲတုန်းကလဲ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီး အဲဒီလို သုံးနှုန်းရေးသားတာတွေကို တွေ့ရပါတယ်။ နိုင်ငံကို ကောင်းအောင် ငြိမ်းချမ်းအောင် လူတိုင်း ဆန္ဒရှိကြပါတယ်။ မိမိဆန္ဒစွဲနှင့် မရေးသင့်ပါ။ သတင်းကို သတင်းလို ရေးစေချင်ပါတယ်။ လိုရာကို တွန်းပြီးရေးတာမျိုးဟာ ဝါဒဖြန့်ချီတဲ့ ပုံစံဖြစ်နေလို့ မိမိကိုယ်ကို လွပ်လပ်မျှတတဲ့ မီဒီယာအနေနဲ့ ရပ်တည်မယ်ဆိုရင် အသုံးအနှုန်းတွေ အချက်အလက်တွေကအစ တိကျ သေချာဖို့ လိုပါတယ်လို့ အကြုံ ပြုပါရစေ။ မီဒီယာကို အစဉ်လေးစားလျက် 

Thandar Phyu အရမ်းမှန်တာဘဲ။ အရးအသားတွေက ကိုယ်လိုရာ ဆွဲပြီးရေးနေသလိုဘဲ။ 

Nyan Lin Oo ဘာလို့လဲ? ဆွေနွေးပြီး လက်မှတ်ထိုးတာ တကယ်မဟုတ်ဘူးလား? KNU လဲလက်မှတ်ထိုးပြီးပြီလေ။ ဘာတွေကိုဆိုလိုချင်တာလဲ? 

Nyan Lin Oo ဒါဆို KNU က အတု လက်မှတ်ထိုးတာပေါ့။ ဗညာ ဃံင်သာင်ဇေတ်ဍာံ ဟာ ရှုပ်ကုန်ပီကွာ ၊ မြန်မာစစ်အစိုးရရဲ့လှည့်ကွက်အောက်မှာ တော်တော်ကြောက်ဖို့ကောင်းတယ်နော်၊ တိုင်ရင်သားလက်နက်ကိုင်းအဖွဲ့တွေ သတိထားပြီး လက်မှတ်ထိုးပါလို့ အကြံပြုချင်တယ်။ 

ow Kou Rot ကိုဥာဏ်လင်းဦး ဒီအချက်အပေါ်ကို စိတ်ဝင်းစားမယ်ထင်လို့ ပြန်ဖြေလိုက်ပါတယ်။ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ထိုးခဲ့တဲ့လက်မှတ်ဟာ အပစ်အခတ် ရပ်စဲရေး အတွက်မဟုတ်ပါ။ နောက်တစ်ကြိမ် အပစ်အခတ် ရပ်စဲရေး ဆက်လက်ဆွေးနွေးဖို့ သဘောတူတဲ့လက်မှတ် ရေးထိုးခြင်းပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကေအန်ယူနဲ့ ကိုယ်စားလှယ်အဖွဲ့တွေရဲ့ ဘောင်ကျော်လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်လို့ ပြသနာ တက်နေဆဲပါ။ ဘယ်လိုပြန်လည် ဖြေရှင်းရမလဲဆိုတာ ကေအန်ယူဗဟိုမှာ အရေးပေါ် ဒုတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေး ခေါ်ပြီး ဆွေးနွေး ခဲ့ကြ တယ်။ နောက်တစ်သုတ် အတွက် ကိုယ်စားလှယ်လည်း ရွေးခဲ့တယ်။ လုပ်ပိုင်ခွင့်တွေကိုလည်း သတ်မှတ် ချထားခဲ့တယ်။ ဆိုတော့ အရင် ပြည်တွင်း မီဒီယာတွေရဲ့ အရေးအသားကို ပြန်ကြည့်မယ်ဆိုရင် "အပစ်အခတ်ရပ်စဲဖို့ သဘောတူ လက်မှတ်ရေးထိုးတယ်" ဆိုတဲ့ အရေးအသားဟာ အစိုးရဘက်က ဝါဒဖြန့်ချီဖို့ ရေးတာလား၊ ဒါမှမဟုတ် သတင်းထောက်တွေ ကိုယ်တိုင်က ဒီအချက်အပေါ် မရှင်းလို့ ရေးကြတာလားတော့ ကျွန်တော် မသိပါ။ အရေးကြီး မှတ်သားစရာ တစ်ချက်က " ကိုယ်စားလှယ်တွေကို အာဏာကုန်အပ်ပြီး အပစ်အခတ် ရပ်စဲရေးအတွက် ကြိုက်သလို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်" လို့ ဘယ်နိုင်ငံရေး ပါတီကမှ ချမှတ်ထားခြင်း မရှိဘူး ဆိုတဲ့အချက်ပဲ။ ဆွေးနွေးချက်တွေကို သူ့ဘက်ကိုယ့်ဘက် ညှိုပြီး ရရှိတဲ့သဘောတူညီချက်ကို အထက်ကို တင်ပြဖို့ပဲ ရှိပါတယ်။ အဲဒါကို နားလည် စေချင်ပါတယ်။ 

Tineyintharvoice Ethnicnationalitiesvoice မီဒီယာတိုက်ပွဲအောက်မှာနာမည်ပျက်နိုင်တယ်ဆိုတာသက်သေအထောက်အထားရှိခဲ့သည့်အတွက်ကြောင့်ဆွေးနွေးပွဲများနဲ.ပတ်သက်၍အမှန်အတိုင်းဖော်ပြရန်ကေအိုင်အိုရော၊ကေအန်ယူပါတောင်းဆိုခဲ့သည်၊ဒါကြောင့်၊တိုင်းရင်းသားမီဒီယာများအနေနဲ.ပိုမိုလုပ်ဆောင်ဖို.လုပ်အပ်ပါသည်၊ဘာပဲဖြစ်ဖြစ်မကြာခင်မှာမွန်ပြည်သစ်ပါတီကတရားဝင်ထုတ်ပြန်လိမ့်မည်လို.မျှော်လင့်ပါလျက်

ပဏာမငြိမ်းချမ်းရေးကာလ တိုက်ပွဲများကြောင့် အစိုးရမရိုးသား ဟု ကေအန်ယူ ပြော

တိုင်းရင်းသားအသံ  
ပဏာမငြိမ်းချမ်းရေးကာလ တိုက်ပွဲများကြောင့် အစိုးရမရိုးသား ဟု ကေအန်ယူ ပြော 
  by သစ်ထူးလွင်

အပစ်အခတ် ရပ်စဲရေးအတွက် ပဏာမသဘောတူညီမှု ရပြီးသော်လည်း ကရင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းသည် မြန်မာအစိုးရ၏ မရိုးသားခြင်းကို ဖော်ပြနေကြောင်း ကရင် အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ပြောကြားလိုက်သည်။ “အခုဟာ လက်မှတ်ရေးထိုးတုန်းက အားလုံးအဆင်ပြေခဲ့ပေမယ့် ခုလို အောက်က လူတွေ လုပ်ချင်ရာ လုပ်နေတာတော့ မကောင်းဘူး။ မရိုးသားတဲ့ သဘောတွေ တွေ့ နေရတော့ ဘယ်အပိုင်း မရိုးသားတာလည်းဆိုတာကို ကျွန်တော်တို့ လေ့လာ နေပါ တယ်။”ဟု ဒုဥက္ကဋ္ဌ ဦးစောဒေးဗစ်သာကပေါ် က YPI သို့ပြောသည်။ မြန်မာအစိုးရနှင့် ကေအန်ယူတို့သည် ယခုလ ၁၂ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး ပဏာမသဘောတူညီမှု အတွက် ဘားအံမြို့၌ လက်မှတ်ရေးထိုးခဲ့သည်။ ယင်းနောက် ရက်ပိုင်းအတွင်းမှာပင် ကရင်ပြည်နယ် တောင်ငူ နှင့် ညောင် လေးပင် အရှေ့ ဘက် တောင်ပေါ် ကရင်ရွာများတွင် အစိုးရတပ်နှင့် ကေအန်ယူ တို့ တိုက် ပွဲငယ် ၅ကြိမ် ထက် မနည်း ဖြစ်ပွားခဲ့သည် ။ ထို့အပြင် ကရင်ပြည်နယ်ရှိ ၄င်းတို့ ၏ နယ်မြေများသို့ အစိုးရ စစ်တပ်များ ထပ်မံစေလွှတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် စစ်ရေးလမ်းကြောင်း များ ထပ်မံဖောက်လုပ်ခြင်း မပြုသင့်တော့ကြောင်းလည်း ဦးစောဒေးဗစ်သာကပေါ် က ပြောသည်။ အစိုးရတပ်များ ရိက္ခာပို့သည်ကို ကေအန်ယူမှ မတိုက်ပါဟု ပြောခဲ့သော်လည်း အစိုးရဘက်မှ လက်နက်ကြီးနှင့် ပစ်ခဲ့သည့်အတွက် စိတ်မကောင်း ဖြစ်ရကြောင်း၊ “သေနတ်နဲ့ခေါင်းကို တည်ပြီး အပစ်အခတ်ရပ်ဆဲရေး ဆွေးနွေးတာ မျိုးတော့ မဖြစ်စေချင်”ကြောင်း ဆက်ပြောသည်။ ထိုကြောင့် ပဏာမသဘောတူညီမှုအပြီး ၄၅ရက်အတွင်း ပြုလုပ်မည်ဟု ကတိက၀တ် ရှိထားသည့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အပစ်အခတ်လုံးဝ ရပ်စဲ ရေးကိုသာ ဆက်လက် ဆွေးနွေးသွားမည်ဟု ၄င်းကဆိုသည်။ “ စာချုပ်ချုပ်ပြီးနောက်ပိုင်းမှာကို တိုက်ပွဲတွေ ဆက်ဖြစ်နေတော့ အစိုးရနဲ့ယုံကြည်မှုကို ထိခိုက်တာတော့ အမှန်ပဲ။ အပစ်အခတ်ရပ်စဲရေးဆိုတာ ခိုင်မာဖို့လိုတဲ့အတွက် အဲဒါ ကိုပဲ ဆွေးနွေးရေးတွေ ဆက်လုပ်သွားမှာပါ ”ဟု ၎င်းက ဆက်ပြောသည်။ ထို့အပြင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များသည် အချိန်မရွေး ပြန်လည် ရုပ်သိမ်းနိုင်သည့် အတွက် အစိုးရ၏ သဘောတူညီချက်အပေါ် များစွားစဉ်းစားရမည် ဟု လည်းဆိုသည်။ ယခင် စစ်အစိုးရလက်ထက်က ကရင်နီ(ကယား)လက်နက်ကိုင်တပ်များနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီပြီး တစ်လအတွင်း ပျက်ပြယ်သွားခဲ့သလို ကချင်လက်နက်ကိုင်တပ် များ နှင့် ၁၇နှစ်တိုင်အောင် တည်တံ့ခဲ့သော အပစ်အခတ်ရပ်စဲရေးမှာ မကြာခင်က ပျက်ပြားခဲ့ရသည် ဥပမာများလည်း ရှိခဲ့သည်။ လက်ရှိအချိန်တွင် ကရင်ပြည်နယ်အတွင်း၌ တိုက်ပွဲငယ်များအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများအဖြစ် အစိုးရတပ်များမှ အဓမ္မ စေခိုင်းမှုများလည်း ရှိနေသည်ဟု ၄င်းက စွပ်စွဲပြောကြားသည်။ ကေအန်ယူသည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရန် ၁၉၄၉မှစ၍ မြန်မာအစိုးရ အဆက်ဆက်ကို နိုင်ငံရေးအရတော်လှန်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ဇန်န၀ါရီ ၃၀၊ ၂၀၁၂ (YPI)

Monday, January 23, 2012

ထိုင်းပြည်သူ.ရုပ်မြင်သံကြားကထုတ်လွှင့်သည့်မွန်အမျိုးသားရေးရာနှီးနှောဖလှယ်ပွဲနဲ.ဗမာပြည်ဆိုင်ရာသုံးသပ်

တိုင်းရင်းသားအသံ
ထိုင်းပြည်သူ.ရုပ်မြင်သံကြားကထုတ်လွှင့်သည့်မွန်အမျိုးသားရေးရာနှီးနှောဖလှယ်ပွဲနဲ.ဗမာပြည်ဆိုင်ရာသုံးသပ်ချက်

ကောဝေါသတင်းဌာနမှရယူသည်၊

Friday, January 20, 2012

ကရင့်အမျိုးသား ခေါင်းဆောင်ကြီး အဖူး စောဘဦးကြီးနှင့် တွေ့ဆုံ မေးမြန်းချက် (အင်တာဗျူး) ပထမပိုင်း

တိုင်းရင်းသားအသံ
ကရင့်အမျိုးသား ခေါင်းဆောင်ကြီး အဖူး စောဘဦးကြီးနှင့် တွေ့ဆုံ မေးမြန်းချက် (အင်တာဗျူး) ပထမပိုင်း


အဲခေါင်သောင့်ဘလော့မှ ပြန်လည်ကူးယူဖေါ်ပြခြင်းဖြစ်သည်။ http://ehkhaungthaunt.blogspot.com/2012/01/blog-post_19.html



စောသစ္စာထူး။ ။KNU ခေါင်းဆောင်တချို့ အပစ်ခတ် ရပ်စဲတာကို အဖူး စောဘဦးကြီး အားရ ကျေနပ်မှု ရပါသလား။

စောဘဦီးကြီး။ ။ အားရ ကျေနပ်မှု ရလား၊ မရလား မပြောခင် KNU ခေါင်းဆောင်တွေကို အရင်ဦးဆုံး ပြောချင်တာကတော့ အဖူးဟာ မိသားစုနဲ့တကွ စည်းစိမ် ချမ်းသာတွေကို စွန့်လွတ်ပြီးတော့ ကရင့် တော်လှန်ရေး လုပ်ခဲ့တာပါ။ အဖူး မိသားစု ချမ်းသာဖို့ သူဌေးဖြစ်ဖို့ အတွက် တော်လှန်ရေး လုပ်ခဲ့တာ မဟုတ်ဘူး။ ချမ်းသာဖို့ အတွက် တော်လှန်ရေး လုပ်ရင်တော့ ရှင်းရှင်းပဲ ပြောလိုက်မယ် လမ်းမှားနေပြီး။ အခု စစချင်း လှမ်းတဲ့ ခြေတလှမ်းဟာ မမှားဖို့ အရေးကြီးတယ်။ “ခြေလှမ်းမှားခြင်း အားလုံးထဲမှာ နိုင်ငံရေး ခြေလှမ်းမှားခြင်းဟာ အဆိုးဆုံးပဲ။” အဖူးလည်း ခြေလှမ်း မှားခဲ့သလို ဖြစ်ခဲ့ရတယ်။ ဒါကို အမျှော်အမြင် ကောင်းတဲ့ မန်းဘဇန်နဲ့ ကရင်ခေါင်းဆောင် တချို့ ပြင်လို့သာပေါ့။ သူတို့သာ မပြင်ခဲ့ဘူးဆိုရင် အဲဒီအချိန်တုန်းကပဲ ကရင့် တော်လှန်ရေးဟာ အသက်ထွက်သွားပြီး။ အခု အပစ်အခတ် ရပ်စဲတဲ့ လုပ်ရပ်ဟာ လမ်းမှားဘက် ရောက်ဖို့ ပိုများ နေတဲ့အတွက် အားရ ကျေနပ်မှု မရှိပါဘူး။

စောသစ္စာထူး။ ။အားရကျေနပ်မှု ရနိုင်တဲ့ အပစ်အခတ်ရပ်စဲမှုကို အဖူးစောဘဦးကြီး ဘယ်လိုမြင်ပါသလဲ။

စောဘဦီးကြီး။ ။အားရ ကျေနပ်မှု ရနိုင်တဲ့ အပစ်အခတ်ရပ်စဲမှုဆိုတာ တစ်ဦးနဲ့ တစ်ဦး စိတ်ထဲမှာတောင် မတိုက်ရဘူး။ ဗမာနယ်မြေမှာ ကရင် လက်နက်ကိုင် မရှိရသလို ကရင် နယ်မြေမှာလည်း ဗမာ လက်နက်ကိုင် မရှိရပါဘူး။ ဒီလို အာမခံ ချက်မျိုးတွေ ရှိရမယ်။ အပစ်အခတ် ရပ်စဲတဲ့ အချိန်မှာ KNUထိမ်းချုပ် ထားတဲ့ နယ်မြေ အတွင်း လက်နက် ရိက္ခာတွေကို မဟားတရား ဖြည့်တင်းလာတာကို ကြည့်ခြင်းအားဖြင့် အခု အပစ်အခတ် ရပ်စဲတဲ့ လုပ်ရပ်ဟာ ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားနိုင်တယ်လို့ အဖူးမြင်တယ်။

စောသစ္စာထူး။ အခု အပစ်အခတ် ရပ်စဲလိုက်တာကို အဖူးစောဘဦးကြီး ထောက်ခံပါသလား။

စောဘဦီးကြီး။ ။အခုလက်ရှိအခြေအနေကို ပြောမယ်ဆိုရင် ၁၀၀ မှာ ၂၀ရာခိုင်နှုန်းပဲ ထောက်ခံပါတယ်။

စောသစ္စာထူး။ ။ဘာကြောင့် ၁၀၀ရာခိုင်နှုန်း အပြည့်အ၀ မထောက်ခံတာလဲ

စောဘဦီးကြီး။ ။အခု ကရင့် တော်လှန်ရေးကို စက်မှုဇုန်နဲ့ လဲရမယ့် အခြေအနေမျိုး ဖြစ်နေတယ်။ ဘယ်လိုမှ အပြည့်အ၀ ထောက်ခံလို့ မရဘူး။

စောသစ္စာထူး။ ။ကရင် ဒေသတွေမှာ စက်မှုဇုန်တွေ ဖြစ်လာမယ်ဆိုရင် ကရင် လူမျိုးတွေရဲ့ လူနေမှု ဘ၀ တိုးတက်လာမယ် မဟုတ်ဘူးလား။

စောဘဦီးကြီး။ ။အပေါ်ယံ ကြည့်ရင်တော့ ဟုတ်ပါတယ်။ တကယ် အတွင်း ကျကျကို ၀င်ကြည့်မယ်ဆိုရင် ဒီမိုကရေစီလည်း မရသေး၊ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုလည်း ဖြစ်မလာသေးဘူး။ ဘာနိုင်ငံရေး အာမခံချက်မှ မရှိသေးပဲနဲ့ စက်မှုဇုံတွေ တည်ထောင်မယ်ဆိုရင် တရုတ်၊ ကုလား၊ ဗမာတွေကပဲ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားကြမယ်။ အဖူးတို့ ကရင် လူမျိုးတွေကတော့ အလုပ်သမား ဘ၀ကနေ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ နယ်မြေတွေလည်း အများကြီး ပျက်စီး ဆုံးရှုံးနိုင်တယ်။ ဗမာပြည် အထက်ပိုင်းမှာ ရှိတဲ့ ဗမာလူမျိုးတွေကို တရုတ်တို့ ၀ါးမြိုထားသလို အဖူးတို့ ကရင်တွေလည်း အခြားလူမျိုး ပေါင်းစုံတို့ရဲ့ ၀ါးမြိုမှုကို ခံရမယ်။ ကရင်ဒေသမှာ ထွက်တဲ့ တွင်းထွက် သဘာဝ သယံဇာတ ပစ္စည်းတွေလည်း အမျိုးပြုတ် သွားနိုင်တယ်။ ကချင်ဒေသက ထွက်တဲ့ ကျောက်စိမ်းတွင်းတွေ တိမ်ကောသလို ဖြစ်သွားနိုင်တယ်။ ပိုပြီး ရင်နာစရာ ကောင်းတာကတော့ အဖူးရဲ့ မျိုးဆက်သစ် မြေးနဲ့ မြစ်လေးတွေဟာ မူးယစ် သမားတွေနဲ့ ပြည့်တန်ဆာတွေ ဖြစ်ဖို့ ရှိတယ်။ ဒါဟာ ကရင်လူမျိုးတွေရဲ့ လူနေမှုဘ၀ တိုးတက်မှု အစစ်အမှန် မဖြစ်နိုင်တော့ဘူး။

စောသစ္စာထူး။ ။ယခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တော်တော်များများ အပစ်အခတ် ရပ်စဲတာကိုရော အဖူး ဘယ်လိုမြင်သလဲ။

စောဘဦီးကြီး။ ။ယခုချိန်မှာ ၀၊ မိုင်းလား၊ ရှမ်း၊ ချင်း၊ ကရင် အစရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ စစ်အာဏာရှင်တွေ အပစ်အခတ် ရပ်စဲလိုက်တာဟာ KIAကို သွယ်ဝိုက်တဲ့နည်းနဲ့ တိုက်ခိုက် လိုက်တယ်လို့ အဖူးမြင်တယ်။ ဒါကို ပြန်လည် သုံးသပ်ကြပါ။ KIAသာ အမြစ်ပြတ်ထွက် သွားရင် အပစ် ရပ်စဲထားတဲ့ အဖွဲ့တွေလည်း အမြစ်ပြုတ် ထွက်ဖို့သာ ပြင်ထားပါ။ KIAရဲ့ နိုင်ငံရေး ရပ်တည်ချက်ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးထဲမှာ စံပြအဖွဲ့ပဲ။ ဘာနိုင်ငံရေး အာမခံချက်မှ မပေးနိုင်ဘူးဆိုရင် ဘာမှ မလုပ်သေးတာ အကောင်းဆုံးပဲ။ မွန်ပြည် သစ်ပါတီလည်း KIAရဲ့ လမ်းစဉ်ကို လိုက်မယ်လို့ပဲ အဖူး မျှော်လင့်တယ်။ ဒီလမ်းစဉ်ဟာ ဖြောင့်မတ်မှန်ကန်တဲ့ လမ်းစဉ်ပဲလို့ အဖူးမြင်တယ်။

စောသစ္စာထူး။ ။ ဒါဆိုရင် KNUအနေနဲ့ ဘာဆက်လုပ် သင့်တယ်လို့ ထင်ပါသလဲ။

စောဘဦီးကြီး။ ။အခုအချိန်မှာ KNUဘာလုပ်သင့်သလဲ မပြောခင် ဒေါ်အောင်ဆန်းစုကြည် အခုဘာလုပ် နေသလဲဆိုတာ အရင်ဦးဆုံး ပြောမယ်။ အကျဉ်းထောင်က ထွက်လာပြီး ဒုတိယပင်လုံ ညီလာခံ လုပ်မယ်လို့ ပြောတယ်။ ဒီလုပ်ရပ်ကို အတိုက်အခံနဲ့ တိုင်းရင်းသားတွေက ထောက်ခံတယ်။ အာဏာရှင်တွေက မထောက်ခံဘူး။ ဒီလုပ်ရပ်ကို ဆက်လုပ်မယ်ဆိုရင် ဖမ်းဆီး ထောင်ချ လုပ်ကြံသတ်ဖြတ် ခံရဖို့ပဲ ရှိတယ်။ ဧရာဝတီတိုင်း စည်းရုံးရေးမှာ တကြိမ် ဒီပဲယင်းမှာ တကြိမ် လုပ်ကြံ သတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါဟာ ဘယ်လိုမှ မေ့ပျောက်လို့ မရနိုင်တဲ့ စစ်အာဏာရှင်တွေရဲ့ ကောက်ကျစ်တဲ့ လုပ်ရပ်တွေပဲ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာပြည်သူတွေနဲ့ တိုင်းရင်းသား အားလုံး ပြန်လည်စည်းလုံးဖို့ အတွက်ဆိုရင် အသက်ကိုပင် စွန့်လွတ်ဝံ့သူလို့ အဖူး မြင်တယ်။ အခုချိန်မှာတော့ စည်းလုံးမှု ပြိုကွဲပြီး ရန်သူတွေ ဖြစ်နေကြတဲ့ ဗမာ အချင်းချင်းကို ပြန်ပြီး စည်းလုံးအောင် လုပ်နေတယ်။ အခုချိန်မှာ တိုင်းရင်းသား ကိစ္စတွေကို ဦးစား မပေးဘဲနဲ့ ဗမာ အချင်းချင်း ပြန်လည်ရင်ကြားစေ့ရေး၊ ဗမာလူထု တရပ်လုံးနဲ့ ကမ္ဘာက အသိအမှတ်မပြုတဲ့ ဦးသိန်းစိန်တို့ အဖွဲ့ကို အသိအမှတ်ပြုအောင် လုပ်ပေးနေတယ်။ ဘယ်သူမှ မျှော်လင့် မထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် လက်အောက် ငယ်သားတွေကို ပြန်လွတ်ပေးတာကို ကြည့်ခြင်းအားဖြင့် သင်ပုန်ချေရေးကို လုပ်နေတယ်။ ဒီလိုပဲ ဖြစ်ရမယ်။ အဖူးတို့ ကရင်တွေလို ဗမာအချင်းချင်း ပြန်တိုက်ကြတာကို အဖူး မမြင်ချင်ပါဘူး။ ကဲ--ဒါဆိုရင် KNUက အခုချိန်မှာ သူတို့ ဘာလုပ် သင့်သလဲဆိုတာ သိလောက်ပါပြီး။ ဆက်ပြောဖို့ မလိုတော့ဘူးလို့ ထင်တယ်။

စောသစ္စာထူး။ ။နိုင်ငံရေးအမြင် အားကောင်းတဲ့ လူတွေက သိပေမယ့် နိုင်ငံရေး အမြင် အားနည်းတဲ့ လူတွေက အဖူးရဲ့ ဆိုလိုချက်ကို ကောင်းကောင်း မသိဘူး။ ကေအဲန်ယူ ဘာလုပ်သင့်လဲ ဆိုတာကို ကျေးဇူးပြုပြီး အသေးစိတ် ဖြေကြားပေးပါ။

စောဘဦီးကြီး။ ။နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် နိုင်ငံရေး အမြင် အားကောင်းတဲ့ လူမျိုးတွေက သခင်ဖြစ်မယ်၊ နိုင်ငံရေး အမြင် အားနည်းတဲ့ လူမျိုးတွေက ကျွန်ဖြစ်မယ်။ ဒါကို အရင်ဦးဆုံး သိစေချင်တယ်။ အခုချိန်မှာ ကေအဲန်ယူ လုပ်ရမှာက နှဖူးတွေ့ ဒူးတွေ့ စေ့စေ့စပ်စပ် သေသေချာချာနဲ့ အချိန်ပေးပြီး အချင်းချင်း သဘောထား ကွဲလွဲမှုတွေကို ဆွေးနွေးရမယ်။ တချို့ အတွေးအခေါ် အယူအဆ တွေဟာ မှားနေတဲ့အတွက် နားလည် ခွင့်လွတ်ပေးပြီး ဆွေးနွေး တင်ပြကြပါ။ ကရင့် တော်လှန်ရေးအတွက် ဆုံးဖြတ်ချက် ချမယ်ဆိုရင်လည်း ကရင်ပြည်သူ တရပ်လုံးရဲ့ ထောက်ခံ အားပေးမှု အများဆုံး ရမှပဲ ဆုံးဖြတ်ပါ။ နောက်ထပ် အရေးကြီးဆုံး လုပ်ရမယ့် အလုပ်ကတော့ ကရင် လက်နက်ကိုင် တပ်ဖွဲ့အားလုံး အပြုသဘော ဆောင်တဲ့ ဆွေးနွေးပွဲ ကြီးတခု အမြန်လုပ်ပါ။ KNUကို ထောက်ခံတဲ့ ကရင်ပြည်သူတွေ ရှိတယ်။ DKBAကို ထောက်ခံတဲ့ ကရင် ပြည်သူတွေ ရှိတယ်။ KPC ကရင် ငြိမ်းချမ်းရေး ကောင်စီကို ထောက်ခံတဲ့ ကရင်ပြည် သူတွေ ရှိတယ်။ ဒါကို KNU ခေါင်းဆောင်တွေ သိထားဖို့ လိုလာပြီး။ အခုအချိန်မှာ ကရင် တော်လှန်ရေးဟာ လမ်းဆုံ လမ်းခွကို ရောက်နေပြီး။ နည်းနည်းလေးမှ အမှားခံလို့ မရဘူး။ အခုအချိန်မှာ ကရင် လက်နက်ကိုင် တပ်ဖွဲ့ အားလုံးကို
၁။ ပူးပေါင်းမှုရအောင်
၂။ ညီညွတ်မှုရအောင်
၃။ တန်းတူ အခွင့်အရေး ရအောင် လုပ်ဆောင်နိုင်တဲ့ အဖွဲ့ကတော့ ကရင် သမိုင်းမှာ ရာဇ၀င် တင်ခံရမှာပဲ။ ပူးပေါင်းမှု မလုပ်နိုင်တဲ့ အဖွဲ့ကတော့ ကရင်ပြည်သူတွေရဲ့ ပစ်ပယ်ခြင်းကို ခံရမှာပဲ။ ဒါကို ၂၀၁၂ ဇန်န၀ါရီလ အတွင်းမှာပဲ လုပ်ပါ။ ဖေဖော်ဝါရီလ ၅ရက် ကရင်အမျိုးသား အစည်းအရုံးနေ့မှာ အားလုံး သဘောတူ လက်မှတ် ရေးထိုးနိုင်အောင် အပြီးသတ် လုပ်ဆောင်ဖို့ လိုတယ်။ ဗမာစစ်တပ်နဲ့ ပူးပေါင်းထားတဲ့ ကရင် နယ်ခြားစောင့် တပ်ဖွဲ့တွေလည်း ရှိတယ်။ သူတို့လည်း ကရင်တွေပဲ။ ဒီဆွေးနွေး ပွဲကြီးမှာ သူတို့ကို လေ့လာ သူများအဖြစ် ဖိတ်ကြားရမယ်။ အခုချိန်မှာ ကရင် နယ်ခြားစောင့် တပ်ဖွဲ့တွေလည်း လမ်းဆုံလမ်းခွ ရောက်သွားပြီး။ သူတို့သမိုင်း သူတို့ ဘယ်လို ရေးမလဲဆိုတာ အဆုံးအဖြတ် ပေးရမယ့် အချိန်ရောက်လာပြီး။ ပါဝင် ပူးပေါင်းမှု မလုပ်နိုင်ဘူး ဆိုရင်တော့ ကရင်ပြည်သူတွေရဲ့ ဆန့်ကျင်မှုကို ပိုပြီး ထပ်ခံရဖို့ပဲ ရှိတယ်။ ဒီဆွေးနွေးပွဲကြီးဟာ ကရင် လူမျိုးတွေရဲ့ အနာဂတ် ကံကြမ္မာကို ဖန်တီးမယ့် ဆွေးနွေးပွဲပဲ။

စောသစ္စာထူး။ ။ ကရင် လက်နက်ကိုင်တပ်ဖွဲ့ အားလုံးမှာ ဘယ်သူတွေ တွေ့ကြရင် အကျိုးများ နိုင်မလဲ။

စောဘဦီးကြီး။ ။တချို့ နိုင်ငံရေး စစ်ရေး ခေါင်းဆောင်တွေဟာ အသက်ကြီးလာ လေလေ အာဏာမာန် ကြီးလာ လေလေပဲ။ ဥပမာ-KNU, DKBA, KPC ဒီခေါင်းဆောင်ကြီးတွေ တွေ့ကြရင် KNU ခေါင်းဆောင် တချို့က KPCခေါင်းဆောင် ဗိုလ်ချုပ်ထိန်မောင်ကို သစ္စာဖောက်လို့ ပြောနိုင်တယ်။ ဗိုလ်ချုပ် ထိန်မောင်ကလည်း KNU ခေါင်းဆောင် တချို့ကို KNUကို ခုတုံးလုပ်ပြီး ကိုယ်ကျိုး အတ္တသမားလို့ ပြန်ပြောနိုင်တယ်။ သူ့ကို ကိုယ်အပြစ်မြင် ကိုယ့်ကို သူအပြစ်မြင်နဲ့ ဘယ်လိုမှ အကျိုးမရနိုင်တော့ဘူး။ ကရင့် တော်လှန်ရေးမှာ ငယ်ရွယ်တုန်းက ဆက်ဆံရေးတွေ အဆင်ပြေခဲ့ပေမယ့်လည်း အသက်ကြီးလာတော့ အာဏာ မာန်မာနတွေကြောင့် ကွဲသွားကြတဲ့အထိပဲ မဟုတ်လား။ ဘယ်လောက် ရင်နာဖို့ကောင်းလဲ။ ဒါကြောင့် ဆွေးနွေးပွဲ မဖြစ်ပဲ လက်ဝှေ့ပွဲဖြစ်သွားရင် DKBAဗိုလ်ချုပ် စောလားပွယ် ဖြန်ဖြေရမယ့် အခြေအနေ မျိုး ဖြစ်သွားနိုင်တယ်။ ဒါကြောင့် လူကြီးတွေ တွေ့တာထက် လူငယ် ခေါင်းဆောင်တွေ တွေ့တာက ပိုအကျိုးများပါတယ်။ ဥပမာ-KNUမှာဆိုရင် ဗိုလ်မှူးစောလှငွေတို့လို DKBAမှာဆိုရင် ဗိုလ်မှူး စောဆန်းအောင်တို့လို KPCမှာဆိုရင် ဗိုလ်မှူးစောဝင်းတင်တို့လို လူငယ် ခေါင်းဆောင် တပ်မှူးတွေ ဆွေးနွေးရမယ်။ နောက်ထပ် ပါဝင်ရမယ့် သူတွေကတော့ ကရင့်တော်လှန်ရေးအပေါ် သစ္စာရှိတဲ့ ကရင်ပညာတတ် လူငယ်တွေပဲ။ ဥပမာ-နန့်ဇိုယာဖန်းတို့လို လူငယ်တွေ ပါဝင်ဆုံးဖြတ်ရမယ်။ ကရင့်တော်လှန်ရေးရဲ့ အနာဂတ်ဟာ ဒီလူငယ်တွေရဲ့ လက်ထဲမှာ ရှိတယ်။ လူကြီးတွေကတော့ ၀န်းရံပေးဖို့ပဲ။ ဒီဆွေးနွေးပွဲမှာ ကရင် တပ်မတော်ကို တခုတည်း ဖြစ်အောင် ပြန်လုပ်ရမယ်။ ဥပမာ KULA(Karen Unity and liberation Army) ကရင် ညီညွတ်ရေး နှင့် လွတ်မြောက်ရေး တပ်မတော်ကို ဖွဲ့စည်းရမယ်။ ဒီတပ်မတော်မှာ မူဝါဒ ၃ခု ချမှတ်ရမယ်။
၁။ ဒီမိုကရေစီ တပ်မတော် ဖြစ်ရမည်။
၂။ ခေတ်မှီလက်နက်ကိုင် တပ်မတော် ဖြစ်ရမည်။
၃။ ကရင်လူထုအပေါ် သစ္စာရှိရမည်။
အခုချိန်မှာ ဒီဆွေးနွေးပွဲကို မဖြစ်ဖြစ်အောင် လုပ်ရတော့မယ်။ ဒီဆွေးနွေးပွဲ မဖြစ်အောင် စစ် အာဏာရှင်တွေက နည်းမျိုးစုံနဲ့ ဖျက်စီးလိမ့်မယ်။ ဘယ်လိုပဲ ဖျက်ဖျက် မဖြစ်ဖြစ်အောင် ဒီဆွေးနွေးပွဲကို လုပ်ရမယ်။ ဒါဟာ ကရင်လူမျိုးတွေရဲ့ အနာဂတ် ကံကြမ္မာပဲ။ ခုချိန်မှာ အိပ်လို့ မအားအောင် ဆွေးနွေးရမယ့် အချိန်၊ အသက်ရှူလို့ မအားအောင် ဆွေးနွေးရမယ့် အချိန်ပဲ။ “ ညီညွတ်မှု တစ်လမ်း နောက်ကျသွားရင် တစ်သက်လုံး ကျွန်ဖြစ်သွားနိုင်တယ်။”

စောသစ္စာထူး။ ။ခုချိန်မှာ ကရင့်တော်လှန်ရေးကို ကရင်ပြည်သူတွေက ဘယ်လို မြင်ချင်သလဲ။

စောဘဦီးကြီး။ ။ ပြည်တွင်း ပြည်ပ ကရင်ပြည်သူတွေက ကရင့်တော်လှန်ရေးမှာ ကရင်အချင်းချင်း ပြန်တိုက်ကြတာကို မမြင်ချင်ဆုံးအရာပဲ။ စစ်အာဏာရှင်တွေက KNUကို တိုက်လို့ အမြစ်ပြတ်သွားရင် DKBAနဲ့ KPCတို့လည်း အမြစ်ပြုတ် ထွက်သွားမယ်။ DKBAကို တိုက်လို့ အမြစ်ပြတ်သွားရင် KNUနဲ့ KPCတို့လည်း အမြစ် ပြုတ်ထွက်သွားမယ်။ KPCကို တိုက်လို့ အမြစ်ပြတ် ထွက်သွားရင် KNUနဲ့ DKBAတို့လည်း အမြစ်ပြုတ် ထွက်သွားမယ်။ ဒါကို ကရင်ပြည်သူတွေ ကောင်းကောင်း သဘောပေါက်တယ်။ ဒါကြောင့် ကရင့်တော်လှန်ရေးမှာ ကရင် လက်နက်ကိုင် တပ်ဖွဲ့အားလုံး ပြန်လည် ပေါင်းစည်းပြီး တခုတည်းသော ကရင့် တပ်မတော်ကို ဖွဲ့စည်းနိုင်ဖို့ဟာ ကရင်ပြည်သူတွေ အမြင်ချင်ဆုံး အရာပဲ။

စောသစ္စာထူး။ ။ KNUခေါင်းဆောင်တွေကို အဖူး စောဘဦးကြီး အပြောချင်ဆုံး စကားက ဘာလဲ။

စောဘဦီးကြီး။ ။ဗမာပြည်မှာ လွတ်လပ်ရေး မရခင်တုန်းက ဗမာတွေနဲ့ နိုင်ငံရေး စကားပြောမယ် ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပြောရတယ်။ လွတ်လပ်ရေးရပြီး ယခုလက်ရှိ အချိန်မှာ ဗမာတွေနဲ့ နိုင်ငံရေး စကား ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောရတယ်။ ဗမာ စစ်အာဏာရှင်တွေနဲ့ နိုင်ငံရေး စကား ပြောမရလို့ ပြည်တွင်း စစ်ကြီး နှစ်ပေါင်း ၆၀ကျော်က သက်သေပြ သွားခဲ့ပြီး။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀)ကျော်က ကရင့် တော်လှန်ရေးဟာ သွေးပူ လေ့ကျင့်ခန်းပါ။ အခုချိန်မှာ KNU ခေါင်းဆောင်တွေကို အဖူး အပြောချင်ဆုံး စကားက”ကရင့် တော်လှန်ရေးဟာ အခုမှ အစပဲ ရှိသေးတယ်။” လို့ ပြောချင်တယ်။

စောသစ္စာထူး။ ။ တချို့KNU ခေါင်းဆောင်နဲ့ တချို့ ကရင်လူငယ်တွေက အဖူးစောဘဦးကြီးရဲ့ မူ (၄)ချက်ဟာ ခေတ်မမှီ တော့ဘူးလို့ ပြောကြတယ်။ ဒါကို အဖူးဘယ်လို ပြောမလဲ။

စောဘဦးကြီး။ ။ သိပ်ကောင်းတဲ့ မေးခွန်းပဲကွာ။ ဒီလိုကောင်းတဲ့ မေးခွန်းတွေကို မေးနိုင်တဲ့အတွက် စောသစ္စာထူးကို အဖူးအရမ်း လေးစားသွားပြီး။ ကျေးဇူးလည်း အထူးတင်တယ်။ အဖူး ချမှတ်ခဲ့တဲ့ မူ (၄)ချက်ကို ပြန်ကြည့်လိုက် -- လောလောဆယ် ၂ချက်ပဲ အရင် ထောက်ပြမယ်။ ကရင့်လက်နက် ကရင့် လက်ထဲ မရှိရင်၊ ကရင့်ကံကြမ္မာ ကရင် ဖန်တီးခွင့် မရှိရင် ကရင်ကျွန် ဖြစ်တာက လွဲပြီး တခြား ဖြစ်စရာ မရှိဘူး။ သခင်ဆိုတာ ထည့်တောင် စဉ်းစားလို့ မရတော့ဘူး။ အဖူးရဲ့ မူ (၄)ချက်ကို ခေတ်မမှီတော့ဘူးလို့ ပြောတဲ့ သူတွေဟာ -----

၁။ အကြမ်းဖက် စစ်အာဏာရှင်တွေ
၂။ စိတ်ဓါတ်ပျော့ညံ့တဲ့ ကရင့်တော်လှန်ရေးသမားတွေ
၃။ နိုင်ငံရေး အမြင်အားနည်းသေးတဲ့ ကရင်လူငယ်တွေ
၎။ ကျွန်စိတ်ရှိနေသေးတဲ့ ကရင်တွေ
၅။ အကြမ်းဖက် စစ်အာဏာရှင်တွေရဲ့ မှိုင်းတိုက်မှုကို ခံလိုက်ရတဲ့ ကရင်တွေပဲ။

ဒါကြောင့် တချို့ KNUခေါင်းဆောင်တွေနဲ့ ကရင် လူငယ်တွေကို အဖူး ပြောချင်တာက ကိုယ့်ကိုယ်ကို ပြန်စစ်ကြပါ။ ငါဟာ ဘယ်အချက်ထဲမှာ ပါနေလဲ။ ပါနေရင် ဆွဲနှုတ်ပစ်လိုက်ပါ။ ဒီမူ (၄)ချက် မရှိခဲ့လို့ အဖူးတို့ ကရင်လူမျိုးတွေ တရုတ်နိုင်ငံ တိဘက်မြေကို အပြီးအပိုင် စွန့်လွတ်ခဲ့ရတယ် မဟုတ်လား။ အဲဒီ အချိန်တုန်းက ဒီမူ (၄)ချက်သာ ရှိခဲ့မယ်ဆိုရင် တိဘက် လူမျိုးတွေနဲ့ ပေါင်းပြီး တရုတ်တွေကို ပြန်တော်လှန်မှာ အသေအချာပဲ။ ဒီသမိုင်းကြောင့်ပဲ ဒီမူ (၄)ချက်ကို အဖူး ချမှတ်ခဲ့တာပါ။ ဒီမူ (၄)ချက်ကို မချမှတ်ခဲ့ဘူးဆိုရင် ဗမာတွေ တိုက်ထုတ်လို့ ဗမာပြည်မှာ ကရင် လူမျိုးတောင် ရှိတော့မှာ မဟုတ်ဘူး။ နောင်ဆိုရင် "ကရင် လူမျိုးတွေကို ပြတိုက်မှာပဲ တွေ့ရမယ်"လို့ ဗမာစစ် အာဏာရှင်တွေ ပြောခဲ့တယ် မဟုတ်လား။ ဒီစကားကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြပတိုင်ကျေးရွာ ကရင် လူထုတွေကို ဗိုလ်ချုပ်မောင်လှ ကိုယ်တိုင် ထုတ်ဖော် ကြေညာခဲ့တယ်။ မြပတိုင်ကျေးရွာမှ ကရင်ပြည်သူတွေနဲ့ စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့က အခိုင်အမာဆုံးသော သက်သေတွေပါပဲ။ အခုလည်း ကြည့်လေ ကရင်လူမျိုးတွေ ဗမာပြည်ကနေ အများကြီး ထွက်ပြေးကြပြီ မဟုတ်လား။ ဒီမူ (၄)ချက်ကို ကရင့် အာဇာနည် တော်လှန်ရေး သမားတွေ ဆုပ်ကိုင်ထားလို့ အခုချိန်ထိ ဗမာပြည်မှာ ကရင်လူမျိုးတွေ ရှိနေတုန်းပဲပေါ့။ ဒါကြောင့် အဖူးရဲ့ မူဝါဒကို ခေတ် မမှီတော့ ဘူးလို့ ပြောကြတဲ့ တချို့ KNU ခေါင်းဆောင်တွေနဲ့ တချို့ ကရင် လူငယ်တွေကို အဖူးက မေးခွန်းတခု မေးချင်တယ်။
“တရုတ်နိုင်ငံ တိဘက်မြေမှာ ကရင်လူမျိုးတွေ ရှိသေးလား”
အတိတ်သမိုင်းကို ထင်ထင်ရှားရှား ပြန်မြင်သွားရင် အဖူးရဲ့ မူ (၄)ချက်ဟာ ခေတ်မှီတုန်းပဲလို့ ပြန်ပြီး လက်ခံသွားမယ်။

စောသစ္စာထူး။ ။ KNUနဲ့ ဦးသိန်းစိန်တို့ အဖွဲ့ ထပ်တွေ့ဖို့ ရှိသေးတယ်။ KNUကို အဖူး ဘာမှာချင်သလဲ။

စောဘဦီးကြီး။ ။ နောက်ထပ်တွေ့မယ့် ပွဲမှာ KNUကို ဗမာ ပြည်ထောင်စုကနေ ခွဲမထွက်ဖို့ လက်မှတ် ထိုးခိုင်းမယ်။ ကရင်တွေ ဗမာပြည်ထောင်စုကနေ ခွဲထွက် မခွဲထွက်ဆိုတာ KNU,DKBA, KPCတို့ ဆုံးဖြတ်ရမယ့် အလုပ်မဟုတ်ဘူး။ ပြည်တွင်း ပြည်ပမှာ ရှိကြတဲ့ ကရင်ပြည်သူ တရပ်လုံး ဆုံးဖြတ်ရမယ့် အလုပ်ပါ။ အနာဂတ် ဗမာ့နိုင်ငံရေးကို အဆုံးအဖြတ် ပေးနိုင်တဲ့ သူဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရရင် ပြန်မလာနဲ့လို့ပဲ မှာချင်တယ်။

စောသစ္စာထူး (USK, United States of Karen) မှ တွေ့ဆုံ မေးမြန်းထားခြင်း ဖြစ်သည်။

ကရင်လူထုအားလုံးထံသို့ ကျမရဲ့ ဒုတိယပို့စာ


(KNU နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုင်
ရာ ၂၀၁၁-၂၀၁၂)
နော်ဝါးဝါးဖိုး
ဇန်န၀ါရီလ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်

အခုအချိန်မှာ ကရင်လူထု တော်တော်များများရဲ့ကြားမှာ KNU နဲ့ အစိုးရကြား ပဏာမချုပ်ဆိုခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်အပေါ် စိုးရိမ်မူတွေ အများအပြား ဖြစ်နေကြတာကို တနေ့တခြား ပိုပြီး ကြားသိလာရပါတယ်။ ကိုယ့်ကရင်လူထုတွေရဲ့ သောကကိုကြည့်ပြီး ကျမလည်း စိတ်မကောင်း ဖြစ်ရပါတယ်။ သူတို့နည်းတူပဲ ကျမလည်းထပ်တူ ခံစားရပါတယ်။

ကျမ မှတ်သားမိသလောက်တော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ သွားခဲ့တဲ့ အဖွဲ့တွေထဲက တချို့ဟာဆိုရင် ဆွေးနွေးပွဲက ပြန်လာပြီး နောက်ပိုင်းမှာ ကိုယ့်မိခင် KNU အဖွဲ့ကနေ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းသွားတာမျိုးတွေ ရှိခဲ့ပါတယ်။ ဒီလို ဘာကြောင့်ဖြစ်ရသလဲဆိုတာ ကျမတို့အားလုံး သင်ခန်းစာယူပြီး အတူတကွ စဉ်းစားအဖြေရှာကြရအောင်။

ကျမရဲ့ စဉ်းစားချက်တချို့ကို ဒီနေရာမှာ တင်ပြသွားမှာပါ။ စာဖတ်သူတွေ အနေနဲ့လည်း ကျမရဲ့ တင်ပြချက်အပေါ် သဘောတူတာမျိုး ရှိနိုင်သလို သဘောထား ကွဲလွဲတာမျိုးလည်း ရှိနိုင်ပါတယ်။ ဘယ်လို အမြင်သဘောထား ရှိသူကိုမဆို ၀င်ရောက်ဆွေးနွေးဖို့ ကျမအနေနဲ့ ၀မ်းမြောက်ဝမ်းသာ ဖိတ်ခေါ်ပါတယ်။ ကရင်တွေ ငြိမ်းချမ်းရေးရဖို့က ကရင်အားလုံးမှာ တာဝန်ရှိတာပါ။ ကျမက သာမန် ကရင်ပြည်သူ တစ်ဦးပါဘဲ။ KNU, DKBA ပြီးတော့ ဘယ်ကရင်ပါတီဝင်တွေနဲ့မှ ဆွေမျိုးတော်စပ်ခြင်း၊ အဖွဲ့ဝင် ဖြစ်ခဲ့ခြင်းမျိုးလည်း မရှိပါဘူး။ ဒါပေမဲ့ သူတို့အားလုံးနဲ့ တူတာကတော့ ကရင်သွေးပါပဲ။ ဒါကြောင့် ကရင်လူမျိုး တယောက်အနေနဲ့ ဒီစာကို အစွဲကင်းကင်းနဲ့ ဘက်မလိုက်မိစေဖို့ အတတ်နိုင်ဆုံး ကြိုးစား ရေးသားထားပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးဖို့သွားတဲ့ အဖွဲ့တိုင်းဟာ ကိုယ့်လူမျိုးအတွက် မျော်လင့်ချက်တကြီးနဲ့ သူတို့တွေအတွက်ဆို ရန်သူလို့ သတ်မှတ်လို့ရတဲ့ အစိုးရရဲ့ နယ်မြေထဲကိုဝင်ပြီး အခြေအတင် ဆွေးနွေးခဲ့ ကြတာပါ။ ကိုယ်ကျိုးအတွက်ရည်ရွယ်ပြီး ကိုယ့်တိုင်းရင်းသားကို ခုတုံးလုပ်ကာ သွားဆွေးနွေးခဲ့တဲ့သူတွေတော့ ပါနိုင်မယ်မထင်ပါဘူး။ သူတို့ကိုယ်ကျိုးအတွက်သာ ဖြစ်မယ်ဆိုရင် အစိုးရနဲ့ လျို့ဝှက်ဆွေးနွေးပြီးတော့ ခွဲထွက်သွားကြမှာပါပဲ။ မြန်မာအစိုးရရဲ့ သိမ်းသွင်းတဲ့နည်း
ဗျူဟာတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း အများကြီးရှိတာ တွေ့ရပါတယ်။ ခေါင်းဆောင် တစ်ယောက်ချင်းဆီကို ဗမာစစ်တပ်က စီးပွားရေးနဲ့လာဆွယ်တယ်၊ ဆွယ်မရရင် ခြိမ်းချောက်တယ်။ အမျိုးမျိုးပါပဲ။ အပျော့ အမာသုံးတာပေါ့။ ဒါပေမဲ့ ကျမတို့ ခေါင်းဆောင်တွေ စိတ်ယိုင်မူက ရာခိုင်နှုန်းအရ ပြောရရင် တော်တော်လေးကို နည်းတယ်လို့ ကျမတဦးအနေနဲ့ မြင်မိပါတယ်။

ဒါပေမဲ့လည်း လူမျိုးအတွက် မျော်လင့်ချက်တကြီးနဲ့ သွားဆွေးနွေးခဲ့ကြတဲ့ သူတွေရဲ့အပြန်ခရီးလမ်းကတော့ မသာယာပါဘူး။ လူထုအတွင်းမှာဖြစ်စေ အဖွဲ့အစည်း အချင်းချင်းကြားမှာဖြစ်စေ ဖြစ်ပေါ်လာတဲ့ ကဲ့ရဲ့ဝေဖန်မူ၊ ပြစ်တင်ရှုပ်ချမူတွေက သူတို့တွေရဲ့ မျော်လင့်ချက်ကို ဘယ်လောက်ထိ ရိုက်ချိုးခဲ့သလည်းဆိုတာ ကိုယ်တိုင် ခံစားရမှသိမှာပါ။
ကိုယ့်လူမျိုးတွေရဲ့ ပူပန်မူ၊ လွန်ကဲမူတွေ၊ အဆိုးမြင်ရှုပ်ချမူတွေကို မခံနိုင်တော့တဲ့အဆုံး
သူတို့နဲ့အတူတူ ပုခုံးဖက်ကြီးပြင်းလာခဲ့၊ သွားအတူစားအတူရှိခဲ့ဖူးတဲ့ သွေးသောက်ညီအကိုတွေကို ကျောခိုင်းပြီး မြန်မာစစ်အစိုးရ အုပ်ချုပ်မှုအောက်ဝင်ခဲ့ကြတဲ့ သဘောမျိုးတွေ တွေ့ခဲ့ရပါတယ်။ ဒါတွေက ကျမတို့ကြားမှာ နားလည်မူတွေလွဲခဲ့ကြလို့၊ ခွင့်လွတ်တတ်တဲ့ စိတ်ထားမရှိခဲလို့၊ တစ်ယောက်အပေါ်တစ်ယောက် မလေးစားပဲ ဆိုးရွားစွာ ပြစ်တင်ရှုပ်ချတတ်မူ၊ သူတစ်ပါး လုပ်ဆောင်ပေးခဲ့တဲ့အပေါ် အကောင်းမြင်ပြီး ကျေးဇူးပဲဆိုတဲ့စကားလုံးကို မထုတ်သုံးတတ်ခဲ့ကြတဲ့ အတွက် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေလို့ဘဲ ကျမမြင်ပါတယ်။ အဖွဲ့ အတွင်းမှာလည်း ပုဂိုလ်ရေးကိုရှေ့တန်းထားပြီး အချင်းချင်း ပုတ်ခတ်ပြောဆိုမူတွေလည်း ရှိခဲ့ကြတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲရလဒ်ကတော့ အဖွဲ့အစည်းကြားမှာ အချင်းချင်းပြိုကွဲခဲ့ရသလို ကရင်လူထုက သူတို့ရဲံမိခင် KNU အဖွဲ့အစည်းကိုပဲဖြစ်စေ၊ ခေါင်းဆောင်တစ်ဦးချင်းကိုဖြစ်စေ အထင်ကြီးမူ လျှော့နည်းသွားကြပြီးနောက်ပိုင်း ထောက်ခံအားပေးမူတွေလည်း မရှိတော့တာ တွေ့မြင်နေရပါတယ်။ ဒါတွေကို ကြည့်ပြီး အခုလက်ရှိဖြစ်နေတဲ့ကိစ္စကို ဖြေရှင်းတဲ့အခါ ခေါင်းဆောင်ပိုင်းအတွင်းမှာ ပုဂိုလ်ရေးကိုမကြည့်ပဲ လူမျိုးအတွက်ကိုသာ ရှေးတန်းထားပြီး လုပ်ဆောင်ကြစေချင်ပါတယ်။

ဘယ်သူမှ ပြည့်ဝတယ်ဆိုတာ မရှိပါဘူး၊ သို့ပေမဲ့လည်း သူတို့တွေ ကိုယ့်အဖွဲ့အစည်း ဆက်လက် ရပ်တည်မူအပေါ် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားကြတာပါပဲ။ ဒီလုပ်ဆောင်ချက် အပေါ်မှာလည်း ကရင်လူထုတွေက ဝိုင်းဝန်း ထောက်ခံအားပေးရင် သူတို့လည်းအားတက်လာမှာပဲ။ ရှေ့ဆက် ဘာတွေ ဆက်လုပ်ရမလဲဆိုတဲ့ အကြံကောင်းဥာဏ်ကောင်းတွေ ပေါ်လာမှာပဲ။ စိတ်ဓါတ်ကျနေရင်တော့ ဘယ်လိုမှ အကြံကောင်းတွေ ထွက်လာမှာ မဟုတ်ပါဘူး၊။ အခုချုပ်ဆိုခဲ့တဲ့ စာချုပ်အပေါ်မှာ ကရင်လူထုအားလုံးက တောင်းဆိုစေချင်တဲ့အချက်တွေကို သူတို့ဗဟိုကနေတဆင့် သွားရောက်ပြီး ဆွေးနွေးချူပ်ဆိုခဲ့ကြတာပါပဲ။ ချုပ်ဆိုခဲ့တာကလည်းသူတို့က လူထုတွေ
ထောက်ခံနိုင်လောက်ပြီဆိုတဲ့အတိုင်းအတာနဲ့၊ မြန်မာအစိုးရရဲ့ နိုင်ငံရေးအပေါ် အကောင်းဘက် ပြောင်းလာနိုင်မူရှိတဲ့အခြေအနေ၊ ကမ္ဘာကလည်း ကရင်တွေနဲ့တခြားတိုင်းရင်းသား လူနည်းစုတွေ အုပ်စိုးသူအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတာပိုပြီးတော့ သိမြင်လာတဲ့အခြေအနေအရပ်ရပ်အကြားမှာ တိုင်းရင်းသားတွေ ဘယ်လောက် ငြိမ်းချမ်းရေး လိုလားတယ်ဆိုတဲ့အကြောင်း ပေါ်လွင်နိုင်မယ့် အချိန်ကောင်းမျိုးမှာ စာချုပ်ကိုစောစောချုပ်ဆိုခဲ့ကြတာလို့ဘဲ ကျမတော့ မြင်မိပါတယ်။

ဒီစာချုပ်ကလည်း အတည်ပြုရသေးတာတော့ မဟုတ်သေးပါဘူး။ မူအရပဲရှိပါသေးတယ်။ ဒီမူကို အစိုးရဘက်က အသုံးချတတ်ရင် ကိုယ့်ဘက်ကလည်း ပြန်ပြီး အသုံးချတတ်ရမှာပါ။ ဒီစာချုပ်က အလကားချုပ်ထားတဲ့ဟာမဟုတ်ဘဲ လုံးဝကိုအသုံးဝင်တဲ့စာချုပ်ပါ။ ဒီစာချုပ်မှာ ကရင်တွေ အတွက်ပဲမဟုတ်ပါဘူး။ တိုင်းရင်းသားအားလုံးကို ရည်ရွယ်ပြီးတော့ တောင်းဆိုခဲ့တဲ့ စာချုပ်ဖြစ်တဲ့ အတွက်ကြောင့် တိုင်းရင်းသားအားလုံး အသုံးချနိုင်တယ်လို့ ကျမမြင်ပါတယ်။
ဥပမာပြောရရင် အခု ဗမာစစ်တပ်တွေ ရိက္ခာတင်ပို့မူနဲ့ပတ်သက်ပြီး ဒီစာချုပ်ကို ကျမတို့အသုံးချနိုင်ရမယ်။ ဒီစာချုပ်ချုပ်ဆိုတဲ့ ရည်ရွယ်ချက်က ငြိမ်းချမ်းရေးယူဖို့၊ ရိက္ခာစုဆောင်းပြီး စစ်တပ်အင်အား တိုးချဲ့ဖို့ မဟုတ်ဘူး။ အဲဒီလိုမျိုးတွေကို အစိုးရဘက်က လုပ်လာရင်လည်း KNU ဘက်က စာချုပ်ရဲ့ ပထမအချက်နဲ့ ဒုတိယအချက်ကို ထောက်ပြပြီး ပြင်းပြင်းထန်ထန် ကန့်ကွက် သွားသင့်တယ်လို့ မြင်ပါတယ်။ နောက်တချက်ကတော့ တိုင်းရင်းသားဒေသမှာ တိုင်းရင်းသားတွေသဘောမတူဘဲ သယံဇာတထုတ်သုံးနေတာကို စာချုပ်ရဲ့ ၄ ချက်မြောက်အချက်ထဲ
မှာပါရှိတဲ့ 'ဒေသခံပြည်သူများ ပါဝင်ပတ်သက်သော စီမံကိန်းမှအပ ပြည်ပရင်းနှီးမြုပ်နှံသူများနှင့် ပူးပေါင်း၍ အတိုင်းအတာ ပမာဏကြီးမားပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအား နှစ်ဖက်စလုံးမှ စတင်မူမပြုရ' ဆိုတဲ့အချက်ကို ကျမတို့လုံးဝ ထောက်ပြလို့ရပါတယ်။ ကျမတို့ဘက်မှာ လုပ်ပိုင်ခွင့်တွေ အများကြီးပါပဲ။ ဒီလုပ်ပိုင်ခွင့်တွေကိုအသုံးချပြီး KNU ဘက်က အမြန်ဆုံး ထိထိရောက်ရောက်နဲ့ လုပ်ဆောင်ပေးပါလို့ ကျမတောင်းဆိုချင်ပါတယ်။

ကျမတို့ကရင်တွေကိုလည်း အစိုးရိမ်မကြီးကြပါနဲ့ သတိရှိရှိနဲ့သာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်အပေါ် လုပ်ဆောင်ကြပါ။ ကမ္ဘာကသိအောင် ချုပ်ဆိုခဲ့တဲ့စာချုပ်အပေါ်မှာ အစိုးရဖက်ကနေ ချိုးဖျက်လာရင်တော့ ကျမတို့ကရင်တွေ နှစ် ၆၀ ကျော်ကိုင်လာတဲ့လက်နက်ကို ဆက်ကိုင်မလား၊
ဒါမှမဟုတ် အေးအေးဆေးဆေးနဲ့ ကမ္ဘာကသိအောင် ခွဲထွက်ခွင့်စပြီး တောင်းဆိုကြမလားဆိုတာသာ စဉ်းစားထားကြပါ။ ကျမတို့အားလုံးအတူတကွဝိုင်းပြီးအဖြေရှာကြရတာပေါ့။

နောက် လာမည့်တတိယစာထဲမှာတော့ ဟိုယခင်တုန်းက ကရင်ခေါင်းဆောင်တွေလုပ်ခဲ့ဖူးတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေနေ ဘာတွေအောင်မြင်မှုရခဲ့၊ ဆုံးရှုံးမှုတွေရှိခဲ့လဲ၊ ကျမတို့တွေအားလုံးအတွက်ကော အကျိုးဖြစ်ထွန်းမှုတကယ်ရှိခဲ့၊ မရှိခဲ့ဆိုတာနဲ့ ပတ်သက်ပြီး တင်ပြရေးသားချင်ပါသေးတယ်။


နော်ဝါးဝါးဖိုး

New York Time ပြောပြသည့ှ်ဗမာစစ်တပ်နဲ.တိုင်းရင်းသားများစစ်ပွဲ (ဗွီဒီအိုရုပ်သံ)

တိုင်းရင်းသားအသံ
New York Time ပြောပြသည့ှ်ဗမာစစ်တပ်နဲ.တိုင်းရင်းသားများစစ်ပွဲ (ဗွီဒီအိုရုပ်သံ)

http://video.nytimes.com/video/2012/01/19/world/asia/100000001296874/ethnic-war-rekindled-in-myanmar.html

An Ethnic War Is Rekindled in Myanmar
By EDWARD WONG
January 19, 2012

MAIJA YANG, Myanmar — Even as the Burmese government initiates political reforms in much of the country, it has intensified an ethnic civil war here in the resource-rich hills of northern Myanmar, a conflict that at once threatens its warming trend with the United States and could alienate Chinese officials concerned about stability on the border.

This month hundreds of mortar rounds fired by the Burmese military landed within miles of this town near the mountainous Chinese border. International human rights groups and soldiers and officials of the Kachin ethnic group say that Burmese soldiers have burned and looted homes, planted mines, forcibly recruited villagers as porters and guides, and raped, tortured and executed civilians. Several thousand villagers have fled to China. Tens of thousands more who have been displaced could follow if the Burmese Army continues its offensive, local relief workers say.

Lazum Bulu will not be going farther. Exhausted by the flight from her village, she died on Jan. 10 in a bare concrete room in a camp here for the displaced. People said she was 107. Her body lay on blankets on the floor. “I regret that my mother can’t be buried with my father,” said her daughter, Hkang Je Mayun. “The Burmese Army was coming, and we didn’t want to live in the village anymore. We were afraid they would kill all the Kachin people.”

The fighting has raised questions about the limits of the reform agenda pushed by President Thein Sein, Myanmar’s first civilian president in nearly 50 years, who has led the opening to the West. Some analysts in Myanmar say Mr. Thein Sein has been unable or unwilling to control the generals pressing the war.

Myanmar, formerly Burma, is riddled with ethnic civil conflicts, but this is the largest, with the greatest at stake. Right on the Chinese border, Kachin State is rich in jade, gold and timber, and has rivers that are being exploited by Chinese hydropower projects. Part of the state has long been controlled by the Kachin Independence Army and its political wing, which levies taxes on all commerce. The army allowed a reporter and a photographer recently to visit an area rarely seen by Western reporters for one week.

Both the United States and China would like to see the war resolved: the Chinese to ensure stability on the border and access to resources and important power projects; the United States to forestall the kinds of abuses by the Burmese military that present one of the biggest obstacles as President Obama considers lifting economic sanctions. At the same time, some Chinese officials and executives might welcome Burmese military control of the resource-rich areas, preferring to cut deals with the Burmese rather than the Kachin, foreign analysts say.

Some Kachin commanders say one factor that rekindled the war last June after a 17-year cease-fire may have been a desire by the Burmese military to widen its control of the areas with Chinese energy projects.

Such projects are a source of tension. After protests last year by Kachin civilians, Mr. Thein Sein suspended the planned Myitsone Dam, which was being built by a Chinese company in a part of the state controlled by the Burmese. That angered Chinese officials and executives, some of whom suspect Mr. Thein Sein of trying to wean Myanmar off its overreliance on China and to encourage investment from the West.

Despite the war against the Kachin, Mr. Thein Sein, a former general, has tried to quell other ethnic conflicts and push reforms, like his release of 651 political prisoners last week. After the release, the Obama administration upgraded relations by agreeing to exchange ambassadors.

American officials have told Myanmar, which reached a cease-fire agreement on Jan. 12 with a major ethnic Karen army, that it must prove its commitment to reforms by resolving its many other ethnic conflicts, including the Kachin war. Daw Aung San Suu Kyi, the main opposition leader, has said the same. On Dec. 10, Mr. Thein Sein ordered a halt to attacks against the Kachin, but Burmese commanders have carried on.

Kachin officials said they held inconclusive negotiations this week with the Burmese in a Chinese border town; talks held last fall failed.

Chinese officials are anxious about the refugees. Since June, about 7,000 have fled to China, and 50,000 or so are displaced on this side of the border, said Lahkang May Li Awng, director of a local aid organization.

The Chinese government has made no formal statement about the war, but analysts in Beijing say officials want a settlement.

“With the military conflict, Chinese companies operating in the area are definitely affected,” said Xu Liping, a scholar of Southeast Asia at the Chinese Academy of Social Sciences. “China obviously hopes the Myanmar government and the local Kachin regime can seek reconciliation together and treat regional development as a priority.”

At the conflict’s resumption in early June, the Burmese military attacked a Kachin post at Bum Sen, near a hydropower project operated by the China Datang Corporation that sends 90 percent of its electricity to China. Chinese workers fled, but the project resumed operations last month.

A major cause of the fighting was a government push in 2009 to get all the ethnic militias to disarm and join the Border Guard Force. A few groups agreed, but most balked. The Kachin intensified their military training. Their leaders now say they will not enter into another cease-fire unless Mr. Thein Sein can guarantee real political dialogue. Their aim is to maintain autonomy. Independent Kachin candidates were barred from taking part in the parliamentary elections of November 2010.

“We want our autonomous area,” said Brig. Gen. Sumlut Gun Maw, 49, as he sat in the Kachin army’s command center in a hotel in Laiza, a Christmas tree and a portrait of Jesus against one wall. (Most Kachin are Christians, while most Burmese are Buddhists.) “But they couldn’t address this problem by means of politics, so they decided to do it by means of arms.”

The general said at least 140 Kachin soldiers had been killed out of a force of more than 10,000, and he estimated that there had been 1,000 battles or skirmishes since June. There are no accurate numbers for civilians killed or wounded.

The Kachin army has lost significant territory in recent months, and it and the civilians are now pressed up against the Chinese border. Its bases are mostly huts strung along ridges or at roadsides. Soldiers carry old automatic rifles, and some have slingshots tucked into their belts. Much of the recent fighting has been near Maija Yang, the second-largest town under Kachin control and a place that once drew Chinese gamblers with its Chinese-run casinos.

This month, residents heard heavy mortar fire from dawn until late night. The barrages lessened after two Kachin posts on a strategic road were taken. Now residents fear Maija Yang could soon fall. The commanders of the Third Brigade of the Kachin army have abandoned their headquarters here and retreated to an old base in the mountains. They are also evacuating amputee soldiers.

“I think it’s impossible for us to defend our territory because of the unequal strengths of the two armies,” said Cpl. Waje Naw Ja, 32, as he lay in a hospital bed stained with dried blood, his right leg amputated below the knee because of a landmine wound. Both sides are rampantly planting mines.

The Kachin government is struggling to support the displaced civilians. Camps here and in China lack adequate food, health care and education facilities. Outside Laiza, a camp of 5,000 people has sprung up, with three families squeezed into each bamboo hut and the air smoky with cooking fires. The Burmese government has allowed United Nations agencies to enter the Kachin areas only once.

“We’re so scared now; we think it’s a curse to be Kachin,” Hpakum Kaw, 50, said the day after arriving in the camp outside Laiza with her husband and daughter.

She said the family fled their village after it came under mortar fire and was occupied by Burmese soldiers. On Jan. 6, the soldiers arrested a village representative and began circulating a list of names of wanted men that included her husband, she said. About 200 Kachin households have fled, and only 20 or so remain, she said.

At least 10,000 displaced people live in camps in areas controlled by the Burmese government. In one of them, run by a Baptist church in the town of Bhamo, a father of three said he was one of five men from his village pressed into service as porters and guides by Burmese soldiers in October. The Burmese fired mortars right before entering. One boy was killed, and many of the villagers fled, said the father, Tumai Nhkum, 29. The soldiers ransacked shops and homes, burning down one, and shot farm animals. They stayed three days, then marched onward with the porters.

Tumai Nhkum said he had to carry radio batteries, rice and a typewriter captured from the Kachin army. The porters were beaten, then let go after 20 days.

“I cried when I was finally released because I was so worried about my children,” he said. “I went straight back to my family and brought them here, where it’s safer. I don’t know when I’ll be able to return.”

Adam Dean contributed reporting from Bhamo, Myanmar, and Li Bibo contributed research from Beijing.

Thursday, January 19, 2012

ဒို.လွတ်လပ်ရေးအမြန်ပေး၊ကိုလိုနီစနစ်အလိုမရှိ၊ We fight for Independent

တိုင်းရင်းသားအသံ
ဒို.လွတ်လပ်ရေးအမြန်ပေး၊ကိုလိုနီစနစ်အလိုမရှိ၊ We fight for Independent,

ကချင်နဲ.အခြားသောတိုင်းရင်းသားများကိုတိုက်ခိုက်နေတာဟာအန်အဲလ်ဒီခေါင်းဆောင်ဒေါ်စုကြည်လည်းရပ်အောင်မလုပ်နိုင်ဘူး၊သိန်းစိန်း(အရင်လူသတ်သမားတာဝန်ခံ)ကြံ့ဖွတ်ခေါင်းကြီးကလည်းမတားနိုင်ဘူး၊အောင်သောင်း(အရင်လူသတ်သမားဂုဏ်ဆရာကြီး)တို.အုပ်စုလည်းမရပ်ပေးနိုင်ဘူးဆိုရင်ကချင်ပြည်သူတွေကိုလွတ်လပ်ရေးပေးလိုက်ပါ၊အလာတူအခြားသောတိုင်းရင်းသားများကိုလည်းလွတ်လပ်ရေးပေးလိုက်ပါ၊ဒို.လွတ်လပ်ရေးအမြန်ပေး၊ကိုလိုစနစ်အလိုမရှိ၊

ကချင်နှင့်ဗမာကိုယ်စားလှယ်များဆွေးနွေကြသော်လည်းအဖြေမရဖြစ်နေ၊

တိုင်းရင်းသားအသံ
ကချင်နှင့်ဗမာကိုယ်စားလှယ်များဆွေးနွေကြသော်လည်းအဖြေမရဖြစ်နေ၊

ကချင်းကိုယ်စားလှယ်တွေကနိုင်ငံရေးအရဆွေးနွေးစကားပြောကြရန်တင်ပြသော်လည်းအောင်သောင်းတို.အုပ်စုကမလိမ်တပတ်လုပ်ပြီးတော့နိုင်ငံရေးစကားမပြောချင်ဘဲဟိုရှောင်ဒီရှောင်ဟိုကွေ.ဒီကွေ.လုပ်နေတာကြောင့်ဆွေးနွေးပွဲအဆင်မပြေခြင်းဖြစ်ကြောင်းသိရှိရပါသည်၊သို.သော်လည်း၊ကေအိုင်အိုကိုယ်စားလှယ်များကစေတနာဖြင့်စိတ်ရှည်ရှည်ထားပြီးဆက်လက်ဆွေးနွေးနိုင်ရေးအတွက်ကြိုးစားမယ်ဟုပြောကြားခဲ့သည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.