တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Tuesday, November 22, 2011

ဒိုင်လူကြီးမပါသည့်တွေ.ဆုံးဆွေးနွေးပွဲမျိုးကိုရှောင်ရှာသင့်သည်

တိုင်းရင်းသားအသံ
ဒိုင်လူကြီးမပါသည့်တွေ.ဆုံးဆွေးနွေးပွဲမျိုးကိုရှောင်ရှာသင့်သည်

ဗမာစစ်ခေါင်းဆောင်များနဲ.တွေ.ဆုံဆွေးနွေးသည့်အခါဂုဏ်သိက္ခာရှိသောယူအန်တို.၊အာဆီယံခေါင်းဆောင်တို.၊အမေရိကန်တို.လိုဟာမျိုးဒိုင်လူကြီးအဖြစ်မထားရှိဘဲတိုင်းရင်းသားအဖွဲ.များအနေဖြင့်ဗဘယ်လိုနိုင်ငံရေးဆွေးနွေးပွဲမျိုးမှမလုပ်သင့်ကြောင်းအကြံပြုအပ်ပါသည်၊တိုင်းရင်းသားအဖွဲ.များအနေဖြင့်လူလိမ်များစစ်ခေါင်းဆောင်များနဲ.နိုင်ငံရေးဆွေးနွေးသည့်အခါအင်ဒိုနီရှားလိုအာဆီယံခေါင်းဆောင်များ၊ကုလသမဂလိုအဖွဲ.အစည်းမှလူကြီးမင်းများ၊အမေရိကန်လိုအင်းအားကြီးနိုင်ငံမှလူကြီးမင်းများပါရှိရန်အရင်တောင်းဆိုသင့်ပြီး၊ယင်ပုဂိုလ်များပါရှိမှသာလျှင်လူလိမ်လူလဲဗမာစစ်ခေါင်းဆောင်တွေနဲ.တွေ.ဆုံဆွေးနွေးရင်ပိုပြီးစိတ်ချရသည့်သဘောရှိလိမ်.မည်လို.တိုင်းရင်းသားအသံမှယုံကြည်ထားပါသည်။

Sunday, November 20, 2011

ခြင်္သေ့မှန်ရင်မြက်မစားဘူး၊သူရဲကောင်မှန်ရင်ဒူးမထောက်ဘူး၊

တိုင်းရင်းသားအသံ
ခြင်္သေ့မှန်ရင်မြက်မစားဘူး၊သူရဲကောင်မှန်ရင်ဒူးမထောက်ဘူး၊

မြက်စားသည့်ခြင်္သေ့ဟာခြင်္သေ့အရေခြုံထားသည့်မြက်စားသတ္တဝါသာဖြစ်သည်၊ဒေါ်အောင်ဆန်းစုကြည်ဟာကျနော်တို.ခေါင်းဆောင်၊ကျနော်တို.သူရဲကောင်မဟုတ်တော့ဘူး၊အမျိုးသားခေါင်းဆောင်၊ပြည်သူ.ခေါင်းဆောင်လည်းမဟုတ်တော့ဘူး၊အန်အဲလ်ဒီပါတီ၏ခေါင်းဆောင်တစ်ဦးသာဖြစ်ပါကြောင်းဒီကနေ.ကစပြီးကြေညာလိုက်ရပါသည်၊

Friday, November 18, 2011

ကျောင်းသားတပ်မတော် သတင်း

တိုင်းရင်းသားအသံ
ကျောင်းသားတပ်မတော် သတင်း
ကျောင်းသားတပ်မတော်
မိုးသီးဇွန်ဘလော့မှရယူသည်၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရန် နှင့် ရွေးကောက်ပွဲဝင်ရောက်ရန် ဆုံးဖြတ်ချက်ချမှတ်ခြင်း အပေါ် အမြင်သဘောထား

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လက်ရှိ တိုင်း ပြည်နှင့် ပြည်သူလူထု အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဖြစ်စဉ်တခုအနေဖြင့် မှတ်ယူသည်။

သို့သော် ယနေ့ကာလ အခြေအနေအရပ်ရပ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်း တွင် အတိုက်အခံ အင်အားစုများအားလုံး ပူးပေါင်းပါဝင်လာ စေရေးအတွက် ကြံ့ဖွံ့အစိုးရ၏ သိမ်းသွင်း စည်းရုံးနေမှု နည်းပရိယာယ်များသာဖြစ်နေသေးသည်။

ဤအခြေအနေအောက်တွင် -

- နိုင်ငံရေးအကျဉ်သားများကို ဆက်လက် ထိမ်းသိမ်းထားခြင်း၊ နိုင်ငံရေး အကျဉ်းသားများ တည်ရှိ နေမှုကို ဆက်လက် ငြင်းပယ်နေဆဲဖြစ်ခြင်း၊
- တိုင်းရင်းသားဒေသအသီးသီးသို့ ပြင်းထန်သောထိုးစစ်များဆင်နွှဲနေခြင်း၊ တပြည်လုံး အတိုင်း အတာဆောင်သော အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် လက်မခံ ခြင်း၊
- လူ့အခွင့်အရေး ချိုးဖေါက်မှုများ အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် ဆက်လက် ကျူးလွန် နေခြင်း၊
- လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်၊ စုဝေးခွင့်များအပါအ၀င် အခြေခံ ဒီမိုကရေစီအခွင့် အရေးများ ပိတ်ပင်ထားဆဲဖြစ်ခြင်း၊
- နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးပွဲအဆင့်သို့ မရောက်သေးခြင်း၊ ကျယ်ပြန့်သော နိုင်ငံရေး သဘော ထားအမြင်များကို စုစည်းပြီး ဖြစ်ပေါ်လာသော ဖြစ်စဉ်မဟုတ်သေးခြင်း၊
- ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုအသီးသီးတို့ ၏ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေမှုများကို နိုင်ငံရေး အရ အသိအမှတ်ပြုမှု မရှိသေးခြင်း၊
- လွတ်လပ်ပြီး တရားမျှတသော ရွှေးကောက်ပွဲများကို ကျင်းပနိုင်သော နိုင်ငံရေး အခင်းအကျင်း မရှိသေးခြင်း - စသည့် အခြေအနေအရပ်ရပ်ကြောင့်

ယနေ့ကာလ ဖြစ်ထွန်းနေမှုများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု နိုင်ငံရေးဖြစ်စဉ်များ ဖြစ်ထွန်းရေး အတွက် ယုံကြည် စိတ်ချနိုင်သော အခင်းအကျင်းများ မဟုတ်သေးဟု မှတ်ယူသည်။ ထို့ကြောင့် အဓိပ္ပါယ် ပြည့်ဝသော နိုင်ငံရေးဖြစ်ထွန်းမှုများ ဖြစ်မဖြစ်ကို အလေးထား စောင့်ကြည့်သွားရန် လိုအပ်သည်ဟု ရှုမြင် သည်။

ဤအခြေအနေအောက်တွင် နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ တပြည်လုံး အတိုင်း အတာဆောင်သော အပစ်အခတ်ရပ်စဲမှုများ ဖြစ်ထွန်းလာစေရေးနှင့် နိုင်ငံရေးအရ တန်းတူရည်တူရှိသော တွေ့ဆုံ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေးတို့အတွက် ဘက်ပေါင်းစုံမှ ဆက်လက်တိုက်ပွဲဝင်သွားရန် ဆောင်ရွက်သွား ရမည်ဟု ခံယူသည်။

ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)။
ရက်စွဲ။ ။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ လ ( ၁၈ ) ရက်။

Thursday, November 17, 2011

အန်အေဲလ်ဒီပါတီ၏ပါတီမှတ်ပုံတင်ခြင်း၊မတင်ခြင်း၊ရွေးကောက်ပွဲဝင်ခြင်း၊မဝင်ခြင်းသည်တိုင်းရင်းသားအရေးကိုအဆုံးအဖြတ်ပေးသည့်ပွဲမဟုတ်သေး

တိုင်းရင်းသားအသံ
အန်အေဲလ်ဒီပါတီ၏ပါတီမှတ်ပုံတင်ခြင်း၊မတင်ခြင်း၊ရွေးကောက်ပွဲဝင်ခြင်း၊မဝင်ခြင်းသည်တိုင်းရင်းသားအရေးကိုအဆုံးအဖြတ်ပေးသည့်ပွဲမဟုတ်သေး



အန်အေဲလ်ဒီပါတီတင်ခြင်းမတင်ခြင်း၊ရွေးကောက်ပွဲဝင်ခြင်းမဝင်ခြင်းဟာတိုင်းရင်းသားများအတွက်အကျိုးသက်ရောက်မှုတစုံတရာရှိသော်လည်းတိုင်းရင်းသားအရေးကိုအဆုံးအဖြတ်ပေးနိုင်သည့်ပွဲမဟုတ်သေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်အရေးအတွက်အကောင်အထည်ဖော်နိုင်မဖော်နိုင်သည်သာအဓိကဖြစ်သည်၊အကယ်၍တိုင်းရင်းသားလူမျိုးများ၏တောင်းဆိုချက်များကိုအကောင်အထည်မဖော်နိုင်ဘဲဗမာအစိုးရအဆက်ဆက်ကျင့်သုံးလာခဲ့သည့်၊ကျင့်သုံးနေဆဲဖြစ်သည့်ဖိနှိပ်ချုပ်ချယ်မှု၊လွတ်လပ်မှုမတူညီမှု၊တန်တူရည်တူမရှိမှု၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိတ်ပင်မှုများကိုဆက်လက်ကျင့်သုံးမည်ဆိုရင် စစ်သူရဲကောင်နယ်နိမိတ်(warrior territory) သတ်မှတ်ပြီးဆက်လက်တိုက်ပွဲဝင်သွားဖို.ဘဲရှိသည်၊ကျုပ်တို.အသက်သွေးချွေးပေါင်းများစွာကိုစတေးခဲ့ပြီးပြီ၊မျိုးဆက်ပေါင်းများစွားကိုလည်းဆုံးရှုံးခဲ့ပြီးပြီ၊ကျုပ်တို.အခွင့်အရေးအတွက်ဘယ်သူဘယ်ဝါမှလာပြီးခြိမ်းခြောက်တာမျိုး၊မလိမ်တပတ်လှည့်ဖြားတာမျိုး၊ဖိနှိပ်ချုပ်ချယ်တာမျိုးတို.ကိုလုံးဝလက်ခံမည်မဟုတ်ပါကြောင်းအသိပေးအပ်ပါသည်။

အင်သပ်ဘွမ်တိုက်ပွဲတွင်ဗမာစစ်သား ၂၀၀ နီးပါးသေဆုံး၊၂၀၀ နီးပါးဒဏ်ရာရရှိ၊ကေအိုင်အို ၂၀ ခန်.ဒဏ်ရာရ

တိုင်းရင်းသားအသံ
အင်သပ်ဘွမ်တိုက်ပွဲတွင်ဗမာစစ်သား ၂၀၀ နီးပါးသေဆုံး၊၂၀၀ နီးပါးဒဏ်ရာရရှိ၊ကေအိုင်အို ၂၀ ခန်.ဒဏ်ရာရ

အင်သပ်ဘွမ်းဟာ မြစ်ကြီးနား ဗန်းမော်လမ်း ဒေါ့ဖုန်းယန်မြို့နယ်တွင်တည်ရှိပြီးကေအိုင်အေနဲ.ဗမာစစ်တပ်တို.ကဆက်တိုက် ၄ ရက်ကြာတိုက်ပွဲဖြစ်ပွားသည့်နေရာဖြစ်ပြီးကေအိုင်အိုဌာနချုပ်လိုင်ဇာနဲ.လည်းနီးစပ်သည်၊အင်သပ်ဘွမ်ကိုဗျူဟာကျသည့်တောင်တန်းစခန်းဖြစ်တာကြောင့်၎င်းကိုသိမ်းပိုက်နိုင်ရန်ဗမာစစ်တပ်ကအကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်းမအောင်မြင်ခဲ့ပါ၊ဒီကနေ.နောက်ဆုံသတင်းအရအင်သပ်ဘွမ်ကိုသိမ်းပိုက်ရန်ကြိုးစားနေသည့်ဗမာစစ်သားအင်းအားတစ်ထောင်လောက်ကိုကေအိုင်အေကဝိုင်းရံပိတ်ဆို.တိုက်ခိုက်တာကြောင့်အင်သပ်ဘွမ်တောင်မှကစဥ့်ကလျားထွက်ပြေးကြပြီးလက်နက်ခဲယမ်းမြောက်များစွာကိုစွန်.ပစ်ထားခဲ့ပြီးကေအိုင်အေတပ်လိုက်လံသိမ်းဆသည်နေသည်ဟုသိရှိရပါသည်၊

Burma Army faced heavy casualties in recent days
The Kachin Post / Nov 17, 2011

Hundreds of Burma Army soldiers were gunned down by Kachin Independence Army (KIA) during the last few days of battle in two different locations in Kachin State of northern Burma, frontline source said.

No less than two hundred Burmese troops encountered a deadly tragedy and other couple hundreds were wounded at N’tap Bum location, closed to KIA headquartered Laiza, and the other location at KIA’s stronghold Lahpai post on Waimaw-Kampaiti road. About twenty KIA soldiers were wounded and no casualty at N’tap Bum battle ground, the source said.

At least a thousand Burmese troops involved in fighting with KIA in two different offensive locations. Since early of November, Burma Army intensified its military operation against KIA, sending most of its combat force from nation-wide and tons of ammunitions & rations, as well as using poison-gas embedded mortar shells against KIA.

Recently, KIA drove out Burma Army from N’tap Bum, where Burmese troops faced at least a couple of failed attempts with heavy lost. Meanwhile, the wounded Burmese troops from troops from light infantry division 88, which intruding along the Waimaw-Kampaiti road, were sent back to public hospitals. However, private hospital and clinic forced to allow giving medical treatment as public hospitals in Myitkyina and Waimaw have no more rooms and shortage of medical practitioners.

သန်းရွှေကသူ.အိမ်မှာဘဲရှိနေပြီးအမြဲတမ်းစာတွေဘဲဖတ်နေတယ်လို.ပြန်ဖြေတဲ့မျောက်ကလေးကျော်ဆန်း

တိုင်းရင်းသားအသံ
သန်းရွှေကသူ.အိမ်မှာဘဲရှိနေပြီးအမြဲတမ်းစာတွေဘဲဖတ်နေတယ်လို.ပြန်ဖြေတဲ့မျောက်ကလေးကျော်ဆန်း

သန်းရွှေကဘယ်အခန်းကဏ္ဍမှာပါနေသလဲလို. wall street journal မေးတော့၊သန်းရွှေကသူ.အိမ်မှာဘဲရှိနေပြီးအမြဲတမ်းစာတွေဘဲဖတ်နေတယ်လို.ပြန်ဖြေတယ်၊ကဲ. ပရိသတ်တို.ရေ..မျောက်ကလေးဖြေသည့်အဖြေကဘယ်လိုသဘောရလဲ၊ဖြေသည့်အခါမှာလည်းမျာက်နှာကိုဟိုဘက်စောင်းပြီးတော့မှာဖြေလိုက်တယ်ဆိုတော့၊ပေါက်ကရဖြေလိုက်တယ်မဖြစ်နိုင်ဘူးလား၊

Wednesday, November 16, 2011

စိတ်ပျက်စရာကောင်းသည့်ထောင်ပြောင်းခံရသူစာရင်း၊ပြည်သူတွေကိုအရူးလုပ်နေသည့်သိန်းစိန်းနှင့်စစ်ခေါင်းဆောင်များ

တိုင်းရင်းသားအသံ
စိတ်ပျက်စရာကောင်းသည့်ထောင်ပြောင်းခံရသူစာရင်း၊ပြည်သူတွေကိုအရူးလုပ်နေသည့်သိန်းစိန်းနှင့်စစ်ခေါင်းဆောင်များ

ဒီနေ့ပဲ အောက်ပါအတိုင်း ထောင်တွေပြောင်းလိုက်ပါတယ်ဗျာ။
၁။ ဦးခွန်ထွန်းဦး (ပူတာအိုမှ တောင်ငူသို့)
၂။ မင်းကိုနိုင် (ကျိုင်းတုံမှ သရက်သို့)
၃။ သူရိန်အောင် (ကျောက်ဖြူမှ ဘားအံသို့)
၎။ ဦးညီပု (ကလေးမှ မအူပင်သို့)
၅။ ဦးစန္ဒောဘာသ (ကလေးမှ မြောင်းမြသို့)
၆။ စည်သူဇေယျ (အင်းစိန်မှ ဟင်္သာတသို့)
၇။ နီလာသိန်း (သရက်မှ သာယာဝတီသို့) ဖြစ်ပါတယ်ဗျာ။
(စိတ်ပျက်စရာပါ။)
(FB-Maung Thura)

Tuesday, November 15, 2011

မန္တလေးသံဃာတော်များနှင့်အမှန်တရားချစ်မြတ်နိုးသူများ၏လူထုအရေးတော်ပုံစတင်ပွဲကိုထောက်ခံပါသည်

တိုင်းရင်းသားအသံ
မန္တလေးသံဃာတော်များနှင့်အမှန်တရားချစ်မြတ်နိုးသူများ၏လူထုအရေးတော်ပုံစတင်ပွဲကိုထောက်ခံပါသည်

မန္တလေးသံဃာတော်များဦးဆောင်ပြီးတိုင်းပြည်ငြိမ်းချမ်းရေး၊ပြည်တွင်းစစ်ရပ်စဲရေး၊လွတ်လပ်ရေးတိုက်ပွဲအတွက်လူထုတိုက်ပွဲဖော်ဆောင်နေတာကိုတိုင်းရင်းသားအသံမှ ၁၀၀%ပြည့်ထောက်ခံကြောင်းအသိပေးအပ်ပါသည်၊အကြောင်းမူးကား၊အာဏာရှင်အမြစ်အတွယ်မှန်သမျှဟာလူထုအင်းအားဖြင့်သာဆွဲနှုတ်နိုင်မှာဖြစ်သည့်အတွက်ကြောင့်ဖြစ်သည်၊ကလိမ်ကကျစ်လုပ်နေသည့်သိန်းစိန်းအစိုးရကိုတော်လှန်မှရမည်၊တိုင်းရင်းသားပြည်သူလူထုများအနေနဲ.လည်းပူးပေါင်းပါဝင်ကြပါရန်တိုင်းရင်းသားအသံမှနှိုးဆော်ပန်းကြားအပ်ပါသည်။

ငြိမ်းချမ်းရေးနှင့်ချုပ်ငြိမ်းရေး

တိုင်းရင်းသားအသံ
ငြိမ်းချမ်းရေးနှင့်ချုပ်ငြိမ်းရေး

သိန်းစိန်းအစိုးရဟာစစ်ရေးမဟာဗျူဟာကိုနိုင်ငံရေးမဟာဗျူဟာအဖြစ်ပြောင်းလဲအသုံးပြုနေသဖြင့်ချုပ်ငြိမ်းရေး(ရန်သူချုပ်ငြိမ်းရေး)ကိုငြိမ်းချမ်းရေးအဖြစ်ဝါဒဖြန်.စည်းရုံးနသည်၊သိန်းစိန်းစစ်အုပ်စုဟာအတိုက်အခံအင်းအားစုများချုပ်ငြိမ်းရေးအတွက်ကြိုးစားဆောင်ရွက်သည့်နေရာမှာနှစ်ပိုင်းခွဲပြီးလုပ်ဆောင်နေပါသည်၊ရန်သူကိုအနုနည်းဖြင့်ချုပ်ငြိမ်းရေးနှင့်အကြမ်းနည်းဖြင့်ချုပ်ငြိမ်းရေးဆိုပြီးနှစ်ပိုင်ခွဲစစ်ဆင်ရေးလုပ်နေပါသည်၊သိန်းစိန်းနှင့်အာဏာရှင်ခေါင်းဆောင်များ၏ဖြစ်ချင်သည့်ဟာဒူးထောက်ပြီးလျှောက်လာသည့်သူတွေကိုငြိမ်းချမ်းရေးဟုသမုတ်ခေါ်ပြီးဒူးမထောက်ဘဲမတ်တတ်ရပ်ပြီးလျှောက်လာသည့်သူတွေကိုချုပ်ငြိမ်းရေးဟုသမုတ်ထားသည်၊ပြောမရဆိုမရသည့်သူတွေကိုတုတ်ဖြင့်ဝိုင်းရိုက်ပြီးပြောရဆိုရသည့်သူတွေကိုချော့ပေါ့မုန်.ကြွေးပေးသည်၊သိန်းစိန်းဦးဆောင်သည့်အာဏာရှင်သန်းရွှေရဲ.ညွန်.ကြားချက်အောက်မှာငြိမ်းချမ်းရေးနှင့်ချုပ်ငြိမ်းရေးဟာအဓိပ္ပါယ်ချင်းသဘောတရားတူသည်၊နိုင်ငံရေးသီလ၊သမာဓိ၊ပညာဖြင့်ဆင်ခြင်သုံးသပ်ကြပြီးသိန်းစိန်းနဲ.အာဏာရှင်အပေါင်းအပါးတို.ရဲ.လုပ်ဆောင်ချက်ကိုကြိုတင်သိမြင်နိုင်ကြပါစေ။

Tuesday, November 8, 2011

မောင်သိန်းစိန်းဆင်ထားသည့်အကွက်ဟာအန်အဲလ်ဒီအတွက်မှတ်ပုံတင်လည်းကွဲ၊မတင်လည်းကွဲ၊ရွေးကောက်ပွဲဝင်လည်းကွဲ၊မဝင်လည်းကွဲမည့်အခြေအနေတစ်ခုသို.ရောက်လာ

တိုင်းရင်းသားအသံ
မောင်သိန်းစိန်းဆင်ထားသည့်အကွက်ဟာအန်အဲလ်ဒီအတွက်မှတ်ပုံတင်လည်းကွဲ၊မတင်လည်းကွဲ၊ရွေးကောက်ပွဲဝင်လည်းကွဲ၊မဝင်လည်းကွဲမည့်အခြေအနေတစ်ခုသို.ရောက်လာ

သိန်းစိန်းအစိုရဟာယခင်ကသန်းရွှေအာဏာရှင်တို.အသုံးပြုခဲ့သည့်နည်းဗျူဟာအတိုင်းဘဲဆက်သွားနေပြီးသူတို.စကားတစ်ခွန်ခွန်၊အလုပ်တစ်ခုခုလုပ်လိုက်ရင်အတိုက်အခံအင်းအားစုများကအနည်းဆုံးအကွဲအပြဲဖြစ်လေ့ရှိသည်၊ဘာကြောင့်လဲဆိုတော့၊သူတို.ဆင်ထားသည့်ကြိုးသတ်ဂွင်ထဲတွင်းကျနော်တို.ခုန်းချလေ့ရှိလို.ပါ။ဒီတစ်ခါးကလည်း၊အန်အေဲလ်ဒီပါတီအတွက်မှတ်ပုံတင်ခြင်း၊မတင်ခြင်း၊ရွေးကောက်ပွဲဝင်ခြင်း၊မဝင်ခြင်းကိုဆွေးနွေးလိုက်တာနဲ.အကွဲအပြဲစတင်ဖြစ်လာနေပြီလို.တိုင်းရင်းသားမဟာမိတ်အဖွဲ.နဲ.နီစပ်သည့်သတင်းအရသိရှိရပါသည်၊ဒါကြောင့်အကောင်းဆုံးက၊မောင်သိန်းစိန်းသို.ဆင်ထားသည်ကြိုးသတ်ဂွင်ထဲတွင်းမခုန်ချမိဖို.သာအရေးကြီးကြောင်း၊သူတို.ဘာပဲပြောပြောမိမိဘက်ကဖြစ်စေချင်သည့်အပြောင်းအလဲနဲ.ကိုက်ညီမှုမရှိဘူးဆိုရင်လက်ခံမစဉ်းစားသင့်ကြောင်းတင်ပြလိုက်ရပါသည်။

Tuesday, November 1, 2011

KIA မှာ အသုံးပြုခဲ့တယ် ဆိုတဲ့ စစ်တပ်ရဲ့ ဓာတုလက်နက်အကြောင်း

တိုင်းရင်းသားအသံ
KIA မှာ အသုံးပြုခဲ့တယ် ဆိုတဲ့ စစ်တပ်ရဲ့ ဓာတုလက်နက်အကြောင်း


KIA ကို အစိုးရ စစ်တပ်က ဓာတုလက်နက်အသုံးပြုပြီး တိုက်ခိုက်နေကြောင်း KIA နှင့် နီးစပ်သူများက သတင်းတင်ပြခဲ့ပြီးဖြစ်ရာ ယခုအခါ စစ်ဘက်နီးစပ်သူများက အဲဒီဓာတုလက်နက်တွေအား အသုံးပြုဖို့ ဘယ်သူက ညွှန်ကြားနိုင်သည်ကို ဤ၀က်ဘ်ဆိုဒ်သို့ သုံးသပ်တင်ပြလာပါတယ်။ ဓါတုလက်နက်များကို ထုတ်လုပ်တဲ့ စက်ရုံဟာ ကာကွယ်ရေးပစ္စည်းစက်ရုံတွေသာ ဖြစ်ပြီး ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုအရာရှိချုပ် (ကကထုတ်) လက်အောက်ခံ ဖြစ်ပါတယ်။ ကကထုတ်ဟာ ကကကြည်းရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိပြီး အထူးလျှို့ဝှက်၊ ထိပ်တန်းလျှို့ဝှက်အဆင့် သတ်မှတ်ထားကာ တော်ရုံတန်ရုံ ညွှန်ကြားရေးမှူးရုံးများကပင် ၀င်ရောက်စွက်ဖက် သိရှိပိုင်ခွင့် မရှိကြပေ။ ဒါနဲ့ ပတ်သက်ပြီး တပ်မတော်အရာရှိ အငြိမ်းစားတစ်ဦးက အောက်ပါအတိုင်း ပြောပါတယ်။


“နအဖ ခေတ်က ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျနေတုန်း အင်လျားကန်စောင်း နံဘေးမှာ ရှိတဲ့ ယခင် DI-4 ကပစ(၄) ၀င်းအတွင်းသို့ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ခင်ညွှန့်တပည့်တွေ ထောက်လှမ်းရေးက ၀င်ရောက်တဲ့ ကိစ္စအပေါ် ကကကြည်းနဲ့ ကကထုတ်က ကန့်ကွက်ခဲ့တယ်ဗျ၊ နောက်ပြန်ဆုတ်သွားရတယ်။ ”


KIA ကို ဓါတုလက်နက် အသုံးပြုခွင့်နှင့် ပတ်သက်ပြီး ကကကြည်းမှ ညွှန်ကြားခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ အဲဒီသတင်းနဲ့ စပ်လျဉ်းပြီး စစ်ဘက်နီးစပ်သူများက သုံးသပ်ရာမှာ ကကထုတ်ဟာ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းရဲ့ အမိန့်ကွပ်ကဲမှု အောက်မှာ ရှိပြီး သူ့ရဲ့ ခွင့်ပြုချက်မပါဘဲ ဓါတုလက်နက်များကို အသုံးပြုဖို့ မဖြစ်နိုင်ကြောင်း၊ အနိမ့်ဆုံးကတော့ ညှိနှိုင်းကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း(ညှိ/ကွပ်) ဆီမှ အမိန့်စီးဆင်းရမှာဖြစ်ကြောင်း KIA ကို ဓါတုလက်နက်သုံးခွင့်ပြုဖို့ဟာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (တပ်ချုပ်) နှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း (ဒုတပ်ချုပ်)၊ ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း (ညှိ/ကွပ်) ခွင့်ပြုမှသာ ဖြစ်နိုင်ကြောင်း၊ အသုံးပြုခွင့်ပေးရင်တောင်မှ ခြေလျင်တပ်ရင်းတပ်ဖွဲ့များမှာ အသုံးပြုတဲ့ စိန်ပြောင်းများတွင် မဟုတ်ဘဲ လက်နက်ကြီးနဲ့ အမြောက်ကြီးများရှိတဲ့ အမြောက်တပ်ရင်းများက ပစ်ခတ်မှာ ဖြစ်ကြောင်း၊ အသုံးပြုခွင့်ပေးခဲ့ရင် ပေးတဲ့သူအပေါ် တန်ပြန်အကျိုးသက်ရောက်မှု ရှိနိုင်တာကြောင့် မှန်/မမှန်ကိုတော့ အချိန်ယူ စုံစမ်းစစ်ဆေး ဖော်ထုတ်ဖို့လိုနေကြောင်း စစ်ဘက်နီးစပ်သူများက သုံးသပ်ကြပါတယ်။ ဒီသတင်းကို အတည်ပြုဖို့ဆိုတာဟာ လုံခြုံရေးတင်းကြပ်တဲ့ ကကကြည်းသို့ အချိန်ယူ လှည့်ပတ်မေးမြန်းမှသာ ဖြစ်နိုင်ကြောင်း ဆိုပါတယ်။ ဓါတုလက်နက်များ ထုတ်လုပ်နိုင်တဲ့ ကပစ ကတော့ စိန်ပြောင်းကျည်များ ထုတ်လုပ်နေတဲ့ ကပစ(၁၂) ဖြစ်ပြီး ဤ၀က်ဘ်ဆိုဒ်မှာ တင်ပြခဲ့တဲ့ စာဖတ်ပရိတ်သတ်များ စိတ်အ၀င်စားဆုံး ဆောင်းပါးအဖြစ် စံချိန်တင်ခဲ့တဲ့ ဘယ်သူသေသေ ငတေမာဖို့ ဒီလို စီမံကိန်းတွေ ရှိတယ်ဗျို့ ဆောင်းပါးပါ အချက်အလက်များမှ ကပစ(၁၂) အကြောင်း စစ်ရေးလေ့လာသူများ သုံးသပ်နိုင်ရန် ပြန်လည်ကောက်နှုတ် တင်ပြပေးလိုက်ရပါတယ်။


ကပစ (၁၂) က မကွေးတိုင်း၊ သရက်မြို့နယ်၊ စခန်းကြီးကျေးရွာ၊ ပိတောက်ပင်ကျေးရွာတို့၏ တောင်ဘက် ၃ မိုင်ကျော်တွင် ရှိပါတယ်။ ဒီစက်ရုံကို ၁၉၉၆ ခုနှစ် ဖွဲ့စည်းပုံအမှတ် ကဖ-၂၆-က-၉၇ ဖြင့် ဖွဲ့စည်းပုံ အင်အား (၁၄၄၅) ဦး လျာထားရာ လက်ရှိအင်အား (၄၀၀) ကျော် ရှိပါတယ်။ ထုတ်လုပ်မှု လုပ်ငန်းများမှာ 120mm, 60mm, 105mm, 81mm ကျည်များ ထုတ်လုပ်နေပါတယ်။ မြေဧက (၁၆၀၀၀) ကျော်ရှိပြီး အပိုင်း ၂ ပိုင်းခွဲ၍ နိုင်ငံ ၂ နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက် တပ်ဆင် ထုတ်လုပ်လျက်ရှိပါတယ်။ ပထမပိုင်းကို တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီမှ ကျည်ဆန်ကိုယ်ထည်၊ နောက်မြီး ဒလက်များကို တပ်ဆင် ထုတ်လုပ်ပြီး၊ ဒုတိယအပိုင်းကို ၄င်းကျည်ဆန်များ၏ အတွင်းပိုင်း အစပျိုးယမ်းနှင့် ခွင်းယမ်းများကို ချက်ကိုစလို ဗေးကီးယားနိုင်ငံမှ စက်များဝယ်ယူပြီး ၄င်းနိုင်ငံမှ ပညာရှင်များဖြင့် တည်ဆောက်ခဲ့ပါတယ်။ (မှတ်ချက်- ချက်ကိုစလို ဗေးကီးယားနိုင်ငံမှ လက်နက်၊ ကျည်ဆန်လုပ် ဆက်စပ် ပစ္စည်းများ တင်ပို့နေမှုမှာ နေတိုး အဖွဲ့ဝင်နိုင်ငံအဖြစ် မသတ်မှတ်မီကာလက ပေးပို့ထားခြင်း ဖြစ်ပါသည်။ နေတိုး အဖွဲ့ဝင်အဖြစ် သတ်မှတ်သည့် ကာလမှ ယနေ့ အထိ ၄င်းဆက်စပ်ပစ္စည်းများ ပေးပို့နိုင်ခြင်း မရှိတော့ပါ)။ ၄င်းကျည်ထုတ်လုပ်သည့် စက်များမှာ ခေတ်မှီ အီလက်ထရွန်နစ်ထိန်း ကိရိယာများ တပ်ဆင် အသုံးပြုထားသဖြင့် ကပစ (၃) ထက် အဆပေါင်းများစွာ ထုတ်လုပ်နိုင်ပါတယ်။


ကပစ (၃) ကတော့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲစခန်းမှာ ရှိပါတယ်။ မြေဧရိယာ အကျယ်အ၀န်းက ဧက (၃၀၀၀) ကျော်ရှိပြီး စစ်သည်အင်အားက (၉၀၀) ကျော်ရှိပါတယ်။ ထုတ်လုပ်မှုကတော့ 120mm, 60mm, 105mm, 81mm, အစရှိတဲ့ ကျည်များဖြစ်ပါတယ်။ လက်ရှိထုတ်လုပ်မှုနှုန်းက လစဉ်ပုံမှန် ကျည်တမျိုးစီကို (၄သောင်း) ပတ်ဝန်းကျင်လောက် ထုတ်ပါတယ်။

News Source: http://photayokeking.org/hot-news/791-dadoleknet

ကချင်တပ်မတော်နဲ.တိုက်ပွဲတွင်ဗမာစစ်သား ၁၄၀၀ ကျော်ကျဆုံး၊ကချင်တပ်မတော်ကိုတိုက်ခိုက်ရာတွင်ပိုမိုပြင်းထန်သည့်ဓါတုလက်နက်ထုတ်လုပ်ရန်ဗိုလ်ချုပ်မင်းအောင်လှိုင်းညွန်.ကြားထား

တိုင်းရင်းသားအသံ
ကချင်တပ်မတော်နဲ.တိုက်ပွဲတွင်ဗမာစစ်သား ၁၄၀၀ ကျော်ကျဆုံး၊ကချင်တပ်မတော်ကိုတိုက်ခိုက်ရာတွင်ပိုမိုပြင်းထန်သည့်ဓါတုလက်နက်ထုတ်လုပ်ရန်ဗိုလ်ချုပ်မင်းအောင်လှိုင်းညွန်.ကြားထား

ကချင်ပြည်နယ် ကေအိုင်အေ အစိုးရနှင့် ဗမာစစ်အစိုးရတို့ လွန်ခဲ့တဲ့ ဇွန်လ (၉) ရက်ကနေ စတင်ဖြစ်ပွားလာတဲ့ တိုက်ပွဲအတွင်း ဗမာစစ်အစိုးရဘက်မှ စစ်သား (၁၄၀၀) ကျော်ကျဆုံး (သေဆုံး) ပြီဖြစ်ကြောင်းနှင့် ဤစာရင်းတွင် စစ်ပွဲ၌ ဒဏ်ရာရရှိပြီး စစ်မြေပြင်သို့ပြန်လည်းမသွားရောက်နိုင်တော့ သောစစ်သားများမပါရှိကြောင်း ဗမာစစ်ဗိုလ်များ အထက်သို့ပေးပို့သော ကြေးနန်းမှ ဖမ်းယူရရှိသော သတင်းဖြစ်ကြောင်း သိရှိရပါသည်။

ဗမာစစ်အစိုးရဟာ ကချင်ပြည်နယ် ကေအိုင်အေ အစိုးရနှင့် တိုက်ပွဲဖြစ်ပွားရာ ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်လာရသောကြောင့် နိုင်ငံတကာက ပိတ်ပင်တားမြစ်ထားတဲ့ ဓါတုလက်နက်ကို အသုံးပြုပြီး ကေအိုင်အေ ကိုတိုက်ခိုက်မှုတွေလုပ်လာခဲ့ကြောင်း သိရှိရပါသည်။ ဗိုလ်ချုပ်မင်းအောင်လှိုင် ဟာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ခိုက်ရာတွင် အသုံးပြုရန်အတွက် အမှတ် (၁၂) လက်နက်ပစ္စည်းထုတ်စက်ရုံတာဝန်ရှိသူများကို ပိုမိုပြင်းထန်သော ဓါတုလက်နက်များကို ထုတ်လုပ်သွားရန် ညွန်ကြားထားကြောင်းလည်း စစ်တပ်နှင့်နီးစပ်သည့် အတိုင်းအ၀ိုင်းများမှ သိရှိရပါသည်။ ညစ်ပတ် ကောက်ကျစ်၍ စိတ်ဓါတ်ညံ့ဖျင်းသော၊ အပြစ်မဲ့ပြည်သူများကို ညင်းပန်း နှိပ်စက် သတ်ဖြတ်သော ဗမာစစ်အစိုးရကို တိုင်းရင်းသားများ အားလုံး လက်တွဲညီညီ တော်လှန်တိုက်ခိုက်သွားကြပါစို့လို့အားလုံးကို ဖိတ်ခေါ်လိုက်ရပါသည်။

BURMESE NO (12) CHEMICAL WEAPON FACTORY

Burmese military is unable to defeat mighty Kachin Independence Army(KIA) with current strategy and weapons, thus Burmese army commander "Thura Min Aung Hlaing" has instructed Burmese CHEMICAL WEAPON factory (12) to produce higher grade Chemical bombs and weapons to use in battle against Kachin Independence Army(KIA).

Although the location of this Chemical Weapon factory is still unknown, it's very clear that current Chemical Weapon and bombs used in battle against Kachin Independence Army(KIA) is products of this factory. Therefore people from all Ethnics groups must find out together the location of Burmese army's Chemical Weapon Factory Location with all efforts and support.

This is to show your care and support for your own people as well as KIA, if you have any information or location of this factory please do share with us or email us. We should let the whole world know about Burmese army's Chemical Weapon factory No in order to stop production and stop using this Chemical Weapon against Kachin Independence Army(KIA) or Kachin people.

News Source: http://jinghpawkasa.blogspot.com/

Monday, October 31, 2011

လက်ရှိဖြစ်ပေါ်နေသည့်ဗမာပြည်နိုင်ငံရေးနှင့်တိုင်းရင်းသားအရေးအပေါ်တိုင်းရင်းသားအသံ၏အမြင်

တိုင်းရင်းသားအသံ
လက်ရှိဖြစ်ပေါ်နေသည့်ဗမာပြည်နိုင်ငံရေးနှင့်တိုင်းရင်းသားအရေးအပေါ်တိုင်းရင်းသားအသံ၏အမြင်

လက်ရှိဗမာပြည်နိုင်ငံရေးအခြေအနေဟာပြောင်းလဲနေတာမဟုတ်ဘဲဗြောင်ကြီးလဲနေကြတာပင်ဖြစ်သည်၊အန်းအေလ်ဒီပါတီအနေနဲ.ရွေးကောက်ပွဲဝင်မည်ဆိုရင်မဲလိမ်မဲခိုးမှတက်လာသည့်ပုံစံအသစ်စစ်အစိုးရကိုအလိုအလျှောက်အသိအမှတ်ပြုရာရောက်ပြီး ၁၉၉၀ ခုနှစ်တွင်မိမိအနိုင်ရရှိခဲ့သည့်ရွေးကောက်ပွဲကိုမိမိကိုယ်တိုင်ဖျက်သိမ်းသည့်သဘောသက်ရောက်သည်၊စစ်အစိုးရအဆက်ဆက်၏သမိုင်းဆိုးများကိုသမိုင်းကောင်းဖြစ်အောင်ဖန်တီးနေသည့်သဘောလဲဖြစ်တယ်၊မိမိတို.သမိုင်းကောင်းများကိုသမိုင်းဆိုးဖြစ်အောင်မိမိတို.ကိုယ်တိုင်ဖန်တီးနေခြင်းပင်ဖြစ်သည်၊မိမိကိုယ်ကိုသတ်သေသွားသည့်သဘောနဲ.သူရဲကောင်းများ၏တန်ဘိုးကိုလျော့ချလိုက်သည့်သဘောဖြစ်နေမှာကိုလည်းစဉ်းစားစရာပဲ၊ဒါကြောင့်၊အောက်ပါအတိုင်းအကြံပေးချင်ပါသည်၊

၁။သိန်းစိန်းတို.စစ်အစိုးရဆီကိုသွားရင်ဒူးထောက်ပြီးလမ်းလျှောက်မသွားဖို.၊မတ်တပ်ရပ်ပြီးလမ်းလျှောက်သွားဖို.၊
(မိမိတို.ပြည်သူများလိုအပ်ချက်ကိုရဲရင့်စွာပြောပြီးမရရင်ပြည်သူများကိုအသိပေးပါ၊ဥပမာ၊အခြေခံဥပဒေပြင်ပေးပါ၊နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးပါမလွှတ်ပေးရင်ပါတီမှတ်ပုံတင်လည်းမတင်နိုင်ဘူး၊ရွေးကော်ပွဲလည်းမဝင်နိုင်ဘူးလို.ပြတ်ပြတ်သားသားပြောပြီးစောင့်ကြည့်ပါဦး၊)၊
၂။အကယ်၍စစ်အစိုးရကလိုက်လျောမှုမရှိဘူးဆိုရင်ပြည်သူများလုပ်သင့်လုပ်ထိုက်တာများကိုလွတ်လပ်စွာလမ်းဖွင့်ပေးပြီးဗဟိုချုပ်ကိုင်မှုမရှိသည့်နိုင်ငံရေးလမ်းစဉ်ကိုကျင့်သုံးစေချင်သည်၊ဒီအချိန်ဟာပြည်သူလူထုကအရင်ကလိုမဟုတ်တော့ဘူးဆိုတာကိုသေချာပေါက်ပြောနိုင်သည်၊
၃။အချိန်အကန်.အသတ်မရှိသည့်စစ်အစိုးရနဲ.ပူးပေါင်းဆောင်ရွက်မှုများကိုရှောင်ရှာသင့်ပြီးအချိန်အကန်.အသတ်တစ်ခုခုသတ်မှတ်သင့်သည်၊
၎။၂၁ ရာစုပင်လုံညီလာခံဟာအန်အေလ်ဒီပါတီအပါအဝင်အခြားသောတိုင်းရင်းသားနိုင်ငံပါတီများအတွက်အကောင်းဆုံးလက်နက်ဖြစ်အောင်ဆုပ်ကိုင်ထားပါ၊ပြည်တွင်းပြည်ပရှိလက်နက်ကိုင်၊လက်နက်မကိုင်တိုင်းရင်းသားမြန်မာပြည်သူများကအမြဲတမ်းထောက်ခံနေတယ်ဆိုတာကိုမမေ့သင့်ပါ၊

တိုင်းရင်းသားအရေးအပေါ်

စစ်ပွဲမှန်သမျှဟာလိမ်ညာလှည့်စားမှုပါဆိုသည့်တရုတ်စစ်ပညာရှင်ဆန်းဘင်(ဝါ)ဆန်းစုဝှားပြောခဲ့သည့်အတိုင်းဘဲ၊ဒါကြောင့်၊မယုံနဲ.၊မယုံနဲ.၊မယုံနဲ၊အကြိမ်ပေါင်းတစ်သိန်းလာဆွေးနွေးရင်လည်းအကြိမ်ပေါင်းတစ်သိန်းမယုံနဲ.။ဗမာစစ်အစိုးရကိုယုံမည့်အစားမိမိအင်းအားကြီးမားဖို.အရေးကိုသာဦးစားပေးလုပ်ဆောင်နိုင်ရင်ဆွေးနွေးပွဲမလိုသည့်နိုင်ငံရေးပြဿနာအတွက်ထွက်ပေါက်တစ်ခုအလိုလိုပေါ်လာလိမ့်မည်ဆိုတာမှတ်ထားကြကုန်လော့

လက်ရှိအရေပြောင်းစစ်အစိုးရသစ်ဟာမြေခွေးအောင်သောင်းနှင့်ခေါင်းမပြည့်သိန်းဇော်တို.ကိုလွှတ်ပြီးတစ်ဖွဲ.ချင်းစီးတွေ.ဆုံခိုင်းနေတာဟာမရိုသားဘူးဆိုတာသိကြမှာပါ၊ကေအိုင်အိုနဲ.တွေ.ဆုံဆွေးနွေးတုန်းကကေအိုင်အိုကပင်လုံစာချုပ်အတိုင်းတန်တူရည်တူအခွင့်အရေးနဲ.စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကိုတောင်းဆိုသည့်အခါသိန်းဇော်က အေ့အေ့...အ.အ..နဲ.ပြောမတတ်ဆိုမတတ်ဖြစ်သွားတာကိုလည်းအားလုံးအသိပါ၊ဒီကေဘီအေနဲ.ကေအန်ယူကိုအပြင်းအထန်းထိုးစစ်ဆင်သည့်အချိန်မှာမွန်၊ကချင်၊သျှမ်း၊ဝတပ်တို.ကိုမျက်နှာချိုမျက်နှာသားပေးခဲ့သည်၊တစ်ဖန်၊သျှမ်းတပ်မတော်ကိုဖိတိုက်ထိုးစစ်ဆင်သည့်အချိန်မှာကချင်နဲ.တွေခဲ့သည်၊.ဝမိုင်လာတို.နဲ.အရေးပေါ်ခေါ်ယူတွေ.ဆုံခဲ့ပြီးပေးစရာလေးများရှိတာကိုလွယ်လွယ်ကူကူနဲ.ပေးခဲ့တယ်၊ယခုလက်ရှိက၊ကချင်တပ်မတော်ကိုဖိတိုက်နေသည့်အချိန်မှာသျှမ်းတပ်၊ကရင်ဒီကေဘီအေနဲ.ကေအန်ယူတို.ကိုထိုးစစ်ရပ်ထားပြီးဆွေးနွေးပွဲခေါ်တွေ.နေကြပြန်သတဲ့၊ဒီလောက်ရှင်းနေသည့်ကစားကွက်ကြီးကိုဘာမှအထူးပြောစရာလိုမည်မထင်ဘူး၊လုံးဝရိုသားမှုမရှိဘူးဆိုတာကိုဘဲထပ်ပြီးပြောချင်တယ်၊

ယူအန်အဖ်စီနဲ.တွေးဆုံဖို.စာရေသားအကြောင်းကြားထားတာကိုလည်ကနေ.အထိဘာမှအကြောင်းပြန်ကြားတာမရှိသေးပါဘူး၊သဘောကတော့၊စစ်ပွဲမှန်သမျှဟာလိမ်ညာလှည့်စားမှုပါဆိုသည့်တရုတ်စစ်ပညာရှင်ဆန်းဘင်(ဝါ)ဆန်းစုဝှားပြောခဲ့သည့်အတိုင်းဘဲ၊ဒါကြောင့်၊မယုံနဲ.၊မယုံနဲ.၊မယုံနဲ၊အကြိမ်ပေါင်းတစ်သိန်းလာဆွေးနွေးရင်လည်းအကြိမ်ပေါင်းတစ်သိန်းမယုံနဲ.။ဗမာစစ်အစိုးရကိုယုံမည့်အစားမိမိအင်းအားကြီးမားဖို.အရေးကိုသာဦးစားပေးလုပ်ဆောင်နိုင်ရင်ဆွေးနွေးပွဲမလိုသည့်နိုင်ငံရေးပြဿနာအတွက်ထွက်ပေါက်တစ်ခုအလိုလိုပေါ်လာလိမ့်မည်ဆိုတာမှတ်ထားကြကုန်လော့၊ဝတပ်မတော်ကိုကြည့်ကြပါလား၊ဘာမှစကားများများပြောဖို.မလိုဘဲကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတာကြာလှပါပြီ၊ဗမာစစ်ကျွန်းဘဝမှ(၉၉%)လောက်လွတ်မြောက်နေပါပြီဖြစ်ကြောင်းတင်ပြလိုက်ရပါသည်၊

Sunday, October 30, 2011

၁၉၈၄ ခုနှစ်တွင်းဗမာစစ်တပ်နဲ.ကချင်တပ်မတော်တိုက်ပွဲ၊(ရုပ်သံမှတ်တမ်း)

တိုင်းရင်းသားအသံ
၁၉၈၄ ခုနှစ်တွင်းဗမာစစ်တပ်နဲ.ကချင်တပ်မတော်တိုက်ပွဲ၊(ရုပ်သံမှတ်တမ်း)

BURMA: Burmese Army Uses CHEMICAL WEAPONS AGAINST KACHIN INDEPENDENT ARMY.ကေအိုင်အေကိုတိုက်ခိုက်ရာတွင်ဗမာစစ်တပ်ကဓါတုလက်နက်အသုံးပြုနေ

တိုင်းရင်းသားအသံ

BURMA: Burmese Army Uses CHEMICAL WEAPONS AGAINST KACHIN INDEPENDENT ARMY
ကအိုင်အေကိုတိုက်ခိုက်ရာတွင်ဗမာစစ်တပ်ကဓါတုလက်နက်အသုံးပြုနေ

The Kachin Independence Army has been defending against the offensive Burmese military in the areas of Ga Ra Yang and Shwi Nyawngpin Lung Zep village for 6 days now. During the six days of fighting, casualties and death tolls of the Burmese military arose as now they ended up using Chemical weapon against the KIA soldiers. 10 of the KIA soldiers had incapacitated as being exposed to the chemical weapon by inhaling the lethal airborne agent which caused them dizziness, vomiting continuously and weakened.
Again, yesterday on Oct.29, Saturday, many Burmese soldiers were killed in the battle zone at the Ntap Bum village (a strategic location of KIA) not very far from the KIA head quarter in Laiza. 4 KIA militias were gassed and incapacitated by the lethal chemical weapon of the offensive Burmese military.
Although what kind of chemical weapon exactly used is not yet known, but the lethal agent of chemical weapon affects the KIA soldiers severely. It is a crystal clear-cut indication that the Burmese military really possesses the Weapons of Mass Destruction and showing off these weapons of massive destructive power to the whole world in this renewed civil war. Burma is the signatory of the Chemical Weapon Convention but has not ratified the treaty yet as of today. The United Nations, The Organisation for the Prohibition of Chemical Weapons (OPCW), and the International Communities must condemn and ban the uses of the chemical weapon by the offensive Burmese military against the KIA.

News Source: http://jinghpawkasa.blogspot.com/

မြန်မာအစိုးရတပ်က နိုင်ငံမြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် ဖြစ်နေသော ပြည်တွင်းစစ်တွင် ဓါတုလက်နက်များ စတင်အသုံးပြုလာသည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူများပြောသည်။


ဝိုင်းမော်မြို့နယ် KIA နှင့် မြန်မာအစိုးရစစ်တပ်တို့တိုက်ပွဲဖြစ်ရာ မြစ်ကြီးနား-ဗန်းမော်ပေါ်မှ ရွှေညောင်ပင်၊ ဂါးရာယန်ဒေသမှ ဆုတောင်းတောင်(Akyu Hpyi Bum)နှင့် လုံဇက်ပ်ကောင် (Lung Zep Kawng) တိုက်ပွဲများတွင် မြန်မာအစိုးရတပ်က ဓါတုအဆိပ်ငွေ့ အသုံးပြုနေသည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၉ ရက် စနေနေ့ ဆုတောင်းတောင်တိုက်ပွဲတွင် မြန်မာအစိုးရတပ်က ဓါတုလက်နက်ပါ အမြောက်ကျည် ၂ ခု ပစ်ခတ်လာသည်ဟု ၎င်းတိုက်ပွဲမှ KIA ပြည်သူ့စစ်သားများပြောသည်။

KIA ပြည်သူ့စစ်သား လာဂွမ်းက “ဘယ်လိုဖြစ်တာလဲလို့ သွားစစ်ကြည့်တော့။ မီးခိုးအနက်ရောင်တွေပျံ့လာတယ်။ မီးခိုးတွေတအားများတယ်။ များတထက်များလာတာနဲ့ ခေါင်းမူးလာတယ်။ အာခေါင်ခြောက်လာတယ်။ ရေ တအား ဆာလာတယ်။ အန်ချင်လာတယ်။ အန်တော့ မအန်နိုင်ဘဲ ပျို့တက်လာပြီးတော့ ရင်ကြပ်လာပြီး စပ်ဖျင်းဖျင်း နာလာတယ်။ မျက်နှာထူလာတယ် အချိန်တို အတွင်းပဲ။” ဟု ပြောသည်။

ထိုနေ့တွင်ပင် လိုင်ဇာအနီး အင်တပ်ဘွမ်(Ntap Bum) ဒေသတွင်လည်း မြန်မာအစိုးရတပ်၏ အမြောက်ကျည်ကြောင့် KIA စစ်သားများ အချိန်အတော်ကြာ မူးဝေ အော့အန်ကြသည်ဟုဆိုသည်။

အလားတူလက်နက်မျိုး တစ်ပတ်ကျော်ကြာ လုံဇက်ပ်ကောင် (Lung Zep Kawng) တိုက်ပွဲတွင်လည်း မြန်မာအစိုးရတပ်ဘက်မှ အသုံးပြုသည်ကို တွေ့ရသည်ဟု ဆက်ပြောသည်။

ဂျနီဗာသဘောတူညီချက်အရ ပြည်တွင်း ပြည်ပစစ်ပွဲများတွင် ဓါတုနှင့် ဇီဝ လက်နက်များ အသုံးပြုရန် ပိတ်ပင်ထားသည်။

News Source: http://www.kachinnews.com/news/2122-burmese-army-resorts-to-chemical-weapons-warfare-against-kachin-rebels.html

Friday, October 28, 2011

ကမ္ဘာကြီးပျက်ခါနီးပီဟုနိမိတ်ဖတ်ခဲ့သည့်ဖရစုမ်းချိုင်းစကားမှန်ကန်ပြီလော၊ End of the World?

တိုင်းရင်းသားအသံ
ကမ္ဘာကြီးပျက်ခါနီးပီဟုနိမိတ်ဖတ်ခဲ့သည့်ဖရစုမ်းချိုင်းစကားမှန်ကန်ပြီလော၊ End of the World?


အောက်ပါဗွီဒီအိုဖိုင်ကတော့၊ကမ္ဘာပျက်နိမိတ်ကိုဖတ်ခဲ့သည့်ဖရာစုမ်းချိုင်းကိုအာဏာပိုင်အဖွဲ.များမှသွားရောက်စစ်ဆေးသည့်အခါသူကအခုလိုမိန်.ကြားခဲ့သည်၊ဘုန်းကြီးကတရားထိုင်ပြီတော့မှပြောခဲ့သည့်စကားကိုမိမိယုံတာ၊မယုံတာဟာမိမိ၏ဆုံးဖြတ်ဥာဏ်ဖြင့်သာဆင်ခြင်သင့်သည်ဟုပြည်လည်ဖြေကြားခဲ့သည်၊ကြည့်ရန်
http://77.nationchannel.com/playvideo.php?id=142975

ဒီနှစ်မာတ်ခ်ျလပိုင်းတုန်းကထိုင်းမီဒီယာများနဲ.ကမ္ဘာမီဒီယာတစ်ချို.အကြားတွင်နေရာယူကျော်ကြားခဲ့သည့်ထိုင်းဘုန်းကြီးဖရစုမ်းချိုင်း၏နိမိတ်ဖတ်ခဲ့သည့်ကမ္ဘာကြီးပျက်ခါနီးပြီဆိုသည့်သူ.ရဲ.စကားကိုယနေ.ထိုင်းနိုင်ငံအခြေအနေအရမှန်ကန်သလိုဖြစ်သွားပါပြီ၊သူနိမိတ်ဖတ်ခဲ့သည့်အချိန်တွင်အဓိကထိုင်းမီဒီယာသတင်းများအကြားတွင်အငြင်းပွားရာတစ်ခုဖြစ်ခဲ့သည်၊သူ.ကိုစုံစမ်းစစ်ဆေးဖို.တောင်ထိုင်းသံဃာ့နာယကအဖွဲ.ကြီးကစီစဉ်ခဲ့သည်၊ဖရစုမ်းချိုင်းဟာတစ်ကြိမ်မကသည့်နိမိတ်ဖတ်စကားဟာဆူနာမီအချိန်ကာလတုန်းကလည်းမှန်ကန်ခဲ့သည်၊ဖရစုမ်ချိုးဟာထိုင်းနိုင်ငံနောင်းဟင်းခရိုင်၊လေပြည်နယ်၊ဗောဓိဓမ္မကျောင်းမှာသီတင်သုံးနေထိုင်တော်မူသည်၊

ကမ္ဘာကြီးဘာကြောင့်ပျက်စီးခါနီးလဲဆိုတာကိုအောက်ပါအတိုင်းနိမိတ်ဖတ်ခဲ့သည်၊In his preachings last month, Phra Somchai said that the world had breached Buddhist teachings and in March all continents would collapse and be wiped out by giant waves.ကမ္ဘာကြီးကဗုဒ္ဓရဲ.အဆုံးအမတရားတော်များကိုချိုးဖောက်ပျက်စီးခဲ့သည့်အတွက်ကြောင့်တိုက်ကြီးများကရေလှိုင်းကြီးများဖြင့်ဖြိုလဲပျက်စီးလိမ္မည်.လို.မိန်.ကြားတော်မူခဲ့သည်၊ဘယ်နေရာမှာပျက်စီးမလဲဆိုတာကိုလည်းသူကဆက်လက်မိန်.ကြားခဲ့သည်၊ He warned that Vietnam would be completely destroyed while small areas of Burma would remain intact. Bangkok would disappear but much of the Northeast would be spared the catastrophe due to its large concentration of Buddhist sites.ဗီယက်နမ်နိုင်ငံကလုံးဝပျက်စီးလိမ္မည်၊ဗမာပြည်ကနေရာအနည်းငယ်ထိခိုက်မှုရှိနိုင်ပြီးထိုင်းနိုင်ငံဘန်ကောက်မြို.ကြီးကပျောက်ကွယ်သွားလိမ္မည်၊ထိုင်းနိုင်ငံအရှေ.မြောက်ဒေသကတော့ဗုဒ္ဓအဆောက်အအုံးတွေများတာကြောင့်ပျက်စီးမှုမရှိနိုင်ဟုမိန်.ကြားခဲ့သည်၊

မာတ်ခ်ျလ၊၂၀၁၁ ခုနှစ်တုန်းကဖရာစုမ်းချိုင်းနဲ.ပတ်သက်သည့်သတင်းများကိုလေ့လာဖတ်ရှူချင်ရင်၊အောက်ပါလင့်များကိုနှိပ်ပြီးဖတ်ရှူနိုင်သည်၊မြန်မာ့မီဒီယာများအနေနဲ.ဒီသတင်းအပေါ်ကအခြေခံပြီးဝေဖန်သုံးသပ်စေချင်တယ်၊

http://www.ethailand.com/news/end-of-the-world-monk-investigated-107891.html

http://www.bangkokpost.com/learning/easier-stuff/228375/end-of-the-world-monk-investigated

http://www.bangkokpost.com/news/local/228293/council-to-probedoomsayer-monk

http://notthenation.com/2011/03/council-investigates-doomsayer-monk-for-using-non-approved-bullshit/

Tuesday, October 25, 2011

Now You Know That Money Cannot Eat

တိုင်းရင်းသားအသံ
Now You Know That Money Cannot Eat

Money! Money! Everybody Needs It.
Dams for Money, They Built It.
Trees for Money, They Cut It.
Factories for Money, They Created It.
Natural Gases for Money, They Dug It Out.


After The Water Were Poisoned,
After The Trees Were Cut Down,
After The Rain forests Were Cleared Out,
After The Natural Gases Were Sold Out,
Now You Know That Money Cannot Eat.

Ethnic Voice of Burma Blog

Monday, October 24, 2011

နောက်ဆုံးရကချင်ပြည်နယ်သတင်းများ

တိုင်းရင်းသားအသံ
နောက်ဆုံးရကချင်ပြည်နယ်သတင်းများ

http://jinghpawkasa.blogspot.com/

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗမာစစ်တပ်မှ တစ်ရပ်ကွက်လျင် အထမ်းသမား (ပေါ်တာ) အယောက် (၂၀) စီပေးရန် ရပ်ကွက်လူကြီးများကိုပြောဆိုလာကြောင်း သတင်းရရှိပါသည်။ ယခုအခါ ဗန်းမော်မြို့ပေါ်တွင် ပြည်သူလူထု အိမ်ပြင်မထွက်ရဲကြသောကြောင့် တိတ်ဆိတ်ငြိမ်သက်လျက်ရှိကြောင်း မြို့ခံပြည်သူများမှ သတင်းပေးပို့လာပါသည်။

ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော် လမ်းပေါ် နမ့်ဆန်ယန်ရွာနှင့် ဂန်ဒေါင်ယန်ရွားကြား အင်ပေါန်ရွာတွင် မနေ့က အောက်တိုဘာ (၂၂) တွင် ဗမာစစ်တပ်မှ အမြောက်ကျည်ဆံ အထည့်မှားသောကြောင့် အမြောက်ပေါက်ကွဲ သွားပြီး ဗမာစစ်သား အမြားအပြားသေဆုံးသွားကြောင်း သတင်ရရှိပါသည်။

REPORT: "Discrimination, Conflict, and Corruption in the Ethnic States of Burma”-ENC

Saturday, October 22, 2011

Documented Photos of the Fascist Burmese Army LIB No.121 Destroyed Nam Sam Yang Village in Kachin State Between October 16-20, 2011

တိုင်းရင်းသားအသံ
Documented Photos of the Fascist Burmese Army LIB No.121 Destroyed Nam Sam Yang Village in Kachin State Between October 16-20, 2011
Jinghpawkasa.blogspot.com
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.