တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, June 18, 2008

ရွာငယ်များ ရွာကြီးသို့ ပြောင်းရွှေ့ခိုင်း ၃ ရက်သာ အချိန်ပေး

တိုင်းရင်းသားအသံ

ရွာငယ်များ ရွာကြီးသို့ ပြောင်းရွှေ့ခိုင်း ၃ ရက်သာ အချိန်ပေး

သတင်း - သျှမ်းသံတော်ဆင့်သတင်း
Tuesday, 17 June 2008 11:02

သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုမှ ရွာ ၃ ရွာအား တရွာတည်းအဖြစ် ပြောင်းရွှေ့ခိုင်းသဖြင့် ရွာသားများ အခက် တွေ့နေကြောင်း နယ်စပ်ရောက် နမ့်ဇန်ဒေသခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် တန်ခူးလက လဲချားအခြေစိုက် နအဖစစ်တပ်သည် နမ့်ဇန်မြို့နယ် ကျေးလက်မှ ရွာသုံးရွာ ရွာသူကြီးအား ဆင့်ခေါ်၍ စစ်တပ် ထိန်းချုပ်နယ်မြေ၊ မျက်ခြေမပြတ်သော နေရာသို့ ပြောင်းရွှေ့ စုပေါင်းနေခိုင်းသည်ဟု ဆို၏။

“ နမ့်ဇန်မြို့နယ် နောင်ဟီးအုပ်စု က ၀မ့်ပန်ခမ်၊ ၀မ့်နမ့်ပါလမ်၊ ၀မ့်ဆီကောင် ရွာ ၃ ရွာကို ၀မ့်လုံနောင်ဝိုမှာ စုခိုင်းတာ။ ၃ ရက်ဘဲ အချိန်ပေးတယ်။ အပြီးရွှေ့ခိုင်းတယ်။ တချို့ဆိုရင် လယ်ထဲယာထဲ အသီးအနှံတွေယူဖို့ အချိန်တောင် မရဘူး။ ရွာသားတွေ တော်တော်လေး အခက်အခဲ ဖြစ်တာပေါ့။ အဲဒါ ကဆုန်လဆန်း ၁၃ ရက်က အမိန့် ကျတယ်။ ကဆုန်လပြည့် အပြီး ပြောင်းရတယ်လေ ” ဟု နယ်စပ်ရောက် နမ့်ဇန်ဒေသခံ က ပြော၏။

နအဖစစ်တပ်မှ ယခုပြောင်းခိုင်းသော နောင်ဟီးအုပ်စု ၀မ့်ပန်ခမ်ရွာ၊ ၀မ့်ဆီကောင်ရွာတို့သည် အပစ်ရပ် ပအိုဝ်းဖြူ ဦးအောင်ခမ်းထီ ထိန်းချုပ်သော နယ်မြေမှ ရွာများဖြစ်သည်။


No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.