တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, June 18, 2008

ထောင်ဒဏ် နှစ် ၂၀ တန် စာတမ်း ပြန်လည်တွေ့ရှိ

တိုင်းရင်းသားအသံ

ထောင်ဒဏ် နှစ် ၂၀ တန် စာတမ်း ပြန်လည်တွေ့ရှိ

သတင်း - သျှမ်းသံတော်ဆင့်သတင်း
Tuesday, 17 June 2008 22:56

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေမှူး စိုင်းညွန့်လွင် အဖမ်းမခံရမီ တာဝန်ယူ ကူညီရိုက်နှိပ်ပေးသော စာမျက်နှာ ၈ မျက်နှာရှိ UNA စည်းလုံးညီညွတ်သော တိုင်းရင်းသားမဟာမိတ်အဖွဲ့မှ ရေးဆွဲခဲ့သော အနာဂတ်ပြည်ထောင်စု နိုင်ငံတော်ဖွဲ့စည်းပုံစာတမ်း ဇွန်လ ၁၁ ရက်က ပြန်လည်တွေ့ရှိကြောင်း ရန်ကုန်မှလာသော သတင်းများက ဆိုပါသည်။

UNA အစည်းအဝေးတရပ်မှ ရေးဆွဲခဲ့သော အဆိုပါ အနာဂတ်ပြည်ထောင်စု နိုင်ငံတော်ဖွဲ့စည်းပုံစာတမ်းကို SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင် က တာဝန်ယူ စာစီရိုက်ပေးပြီး ( ၂၀၀၅ ဖေဖော်ဝါရီလ ၈-၉ ရက် ခွန်ထွန်းဦး အပါအ၀င် သျှမ်းခေါင်းဆောင် ၃၀ နီးပါး အဖမ်းမခံရမီ ၂ ရက်အလို ) UNA အဖွဲ့ဝင် ပုဂ္ဂိုလ်တယောက်အား စာတမ်းမိတ္တူ ထုတ်ပေးလိုက်သည်။ နောက်တစ်နေ့တွင် စိုင်းညွန့်လွင်တို့အား ဖမ်းဆီးစဉ် ကွန်ပြူတာပါ အသိမ်းခံလိုက်ရပြီး ဤစာတမ်းအတွက် ထောင်ဒဏ် အနှစ် ၂၀ အပါအ၀င် အခြားစွဲချက်များစွာဖြင့် စုစုပေါင်း (အင်းစိန်ထောင်တွင်း တရားရုံး၌) ထောင်ဒဏ် ၈၅ နှစ်ချမှတ်၏။ ပြီးနောက် စစ်ကိုင်းတိုင်း ကလေးထောင်သို့ ပို့ဆောင် ချုပ်နှောင်ထားခြင်း ခံခဲ့ရသည်။

UNA အဖွဲ့ဝင်ပုဂ္ဂိုလ်မှာ အနာဂတ်ပြည်ထောင်စု နိုင်ငံတော်ဖွဲ့စည်းပုံစာတမ်း အသိမ်းလွန်သွားရာ ယခုလ ၁၁ ရက်နေ့ကျမှ ပြန်လည် တွေ့ရှိခဲ့သည်ဟု ဆိုပါသည်။

၂၀၀၅ ဖေဖော်ဝါရီလက အဖမ်းခံရသော သျှမ်းခေါင်းဆောင် ၉ ဦးမှာ-

• ဗိုလ်ချုပ်ဆေထဲန် ထောင်ဒဏ် ၁၀၆ နှစ် ခန္တီးထောင် (အပစ်ရပ် သျှမ်းပြည်မြောက်ပိုင်း SSA ဥက္ကဌ)

• ခွန်ထွန်းဦး ထောင်ဒဏ် ၉၃ နှစ် ပူတာအိုထောင် (၁၉၉၀ ရွေးကောက်ပွဲ၌ သျှမ်းပြည်အတွင်း ပထမ၊ တနိုင်ငံလုံး၌ ဒုတိယ မဲအများဆုံး အနိုင်ရပါတီ SNLD ဥက္ကဌ )

• စိုင်းညွန့်လွင် ထောင်ဒဏ် ၈၅ နှစ် ကလေးထောင် (SNLD အတွင်းရေးမှူး)

• စိုင်းလှအောင် ထောင်ဒဏ် ၇၉ နှစ် ကျောက်ဖြူထောင် (SNLD ဗဟိုအလုပ်အမှုဆောင်)

• ဆရာ သင်္ချာမြင့်သန်း ထောင်ဒဏ် ၇၉ နှစ် သံတွဲထောင် (မျိုးဆက်သစ်သျှမ်းပြည် ခေါင်းဆောင် ( ၂၀၀၆ မေလ က ထောင်တွင်း၌ ကွယ်လွန်))

• ဦးထွန်းညို ထောင်ဒဏ် ၇၉ နှစ် ဘူးသီးတောင်ထောင်

• ဦးညီညီမိုး ထောင်ဒဏ် ၇၉ နှစ် ပခုက္ကူထောင်

• စိုင်းမျိုးဝင်းထွန်း ထောင်ဒဏ် ၇၉ နှစ် မြင်းခြံထောင်

• စ၀်သာဦး ထောင်ဒဏ် ၁၂ နှစ် (ပြန်လွတ်မြောက်ပြီး)

UNA စည်းလုံးညီညွတ်သော တိုင်းရင်းသားမဟာမိတ်အဖွဲ့ကို ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားခေါင်းဆောင်များ စုစည်းပူပေါင်း၍ ၂၀၀၂ ဂျူလိုင် လ ၃၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ အနာဂတ်ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံစာတမ်းတွင် “စစ်အာဏာရှင် အစိုးရ အုပ်စိုးနေသမျှ ကာလပတ်လုံး နအဖတို့ နေ့စဉ်နေ့တိုင်း အော်ဟစ်နေသော “ ခေတ်မီ၍ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ ဖြစ်ဖို့ လမ်းမရှိ” ဟု အလေးထား ဖော်ပြထားသည်။

၁၉၆၁ ဇွန်လ သျှမ်းပြည်မြို့တော် တောင်ကြီး၌ တိုင်းရင်းသားခေါင်းဆောင်များက ပြည်နယ်ပေါင်းစုံ ညီလာခံကြီး ခေါ်ယူကျင်းပပြီး ၁၉၄၇ အခြေခံဥပဒေကို မျှတတန်းတူ လွတ်လပ်သော ပြည်ထောင်စုစစ်စစ်အဖြစ် ပြင်ဆင်ဖြည့်စွက်ရန် တောင်းဆိုထားသော ဖက်ဒရယ်သျှမ်းမူပါ -

• ဖက်ဒရယ် ပြည်ထောင်စုတွင် တိုင်းရင်းသားများပြည်နယ်နှင့် အမျိုးသားပြည်နယ်များ အဖြစ် ဖွဲ့စည်းပေးရေး

• အထက်နှင့်အောက် တရားစီရင်ရေးလွတ်တော်ကို တန်းတူညီမျှသော အာဏာပေးရေး

• အထက်လွှတ်တော်တွင် ပြည်နယ်ကိုယ်စားလှယ် သာတူညီမျှ ထားရှိရေး

• ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များတွင် သီးသန့်ဥပဒေပြု အာဏာနှင့် ကိုယ်ပိုင်သီးသန့် တရားစီရင်ခွင့်အာဏာ ဖန်တီးပေးရေး

စသည့် အချက်အလက်များအပေါ် အခြေခံ၍ အဝေးရောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရက ဖက်ဒရယ် ဖွဲ့စည်းပုံ မူကြမ်း တစ်စောင် ရေးဆွဲပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီသို့ ၁၉၉၆ မတ်လ က တင်ပြခဲ့ဖူးသည်။ ထိုအချိန်ကတည်းက အတိုက်အခံအဖွဲ့အစည်းများက ဖက်ဒရယ်ပြည်ထောင်စု အခြေခံ ဥပဒေမူကြမ်းတစ်စောင် ရေးဆွဲနှင့်ပြီး ဖြစ်သည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.