တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Thursday, December 6, 2012

ဆန္ဒပြသံဃာတော်များအားအင်းအားအလွန်အကျွံးသုံးဖြိုခွင်းမှုနဲ.ပတ်သက်၍သိန်းစိန်းစိုးရတာဝန်ယူသိမှုရှိမရှိစောင့်ကြည့်ရမည်

တိုင်းရင်းသားအသံ

ဆန္ဒပြသံဃာတော်များအားအင်းအားအလွန်အကျွံးသုံးဖြိုခွင်းမှုနဲ.ပတ်သက်၍သိန်းစိန်းစိုးရတာဝန်ယူသိမှုရှိမရှိစောင့်ကြည့်ရမည်

အောက်တိုဘာလ (၇) ရက်နေ.၊ ၂၀၀၈ ခုနှစ်တွင်းထိုင်းနိုင်ငံအဝါရောင်အင်္ကျီအဖွဲ.ဝင်ဆန္ဒပြသူများအားထိုင်းရဲကတရုတ်လုပ်ဗုံးများ (Made in China) ဖြင့်ဖြိုခွင်းတိုက်ခိုက်ခဲ့ရာသေကြေဒဏ်ရာရှိသူများပြာခဲ့သည်၊ တရုတ်လုပ်ဗုံးများသည်ယခုခေတ်တွင်းဘယ်သူမှအသုံးမပြုတော့သည့်ဗုံးအမျိုးအစားဖြစ်ကြောင်းထိုင်းပညာရှင်များကမှတ်ချက်ချဆုံးဖြတ်ခဲ့သည်၊ဤကဲ့သို.၊ဆန္ဒပြသူများအပေါ်အင်းအားအလွန်အကျွံးဖြိုခွင်းနှိမ်နှင်းခဲ့မူကြောင့်တာဝန်သိတဲ့အနေနဲ. အစိုးရတစ်ဖွဲ.လုံးနှုတ်ထွက်ပေးခဲ့ရသည်၊ ဆန္ဒပြသည့်လူထုကလည်းထိုက်သလောက်ကြေနပ်ခဲ့သည်၊ လက်ရှိ၊ဒို.ဗမာပြည်မှာသိန်းစိန်းအစိုးရကတာဝန်ယူမှုရှိ၊မရှိစောင့်ကြည့်ရမည်ဖြစ်သည်။
လေ့လာချင်ရင်၊ နှိပ်ပါ၊ http://antithaksin.wordpress.com/2008/10/10/blood-on-street-of-bangkok/
 

Wednesday, December 5, 2012

ဦးပိုင်ဆိုတာဘာလဲ၊ဘယ်လဲ?

တိုင်းရင်းသားအသံ

Who are The Union of Myanmar Economic Holding Limited (UMEHL) commonly known as U Paing


 
အားလုံး ကိုချုပ်ကိုင်ထားတဲ့-ဦးပိုင်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း
ဦးပိုင်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့၏ မြန်မာနိုင်ငံစီးပွားရေးအပေါ် ချုပ်ကိုင်ထားမှု
By သုတေသီ မောင်တင့်တယ်
● ဦးပိုင်အစ
၁။ ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထိုအချိန်က န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့) အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမီတက် (The Union of Myanmar Economic Holdings Limited) ကို ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေ…
အရ ဖွဲ့စည်းကြောင်း အမိန့် ကြော်ငြာစာ အမှတ် ၇/၉၀ ဖြင့် ကြေညာခဲ့သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့၊ အာဏာသိမ်းပြီး နောက်ပိုင်း တပ်မတော်ကတည်ထောင်ခဲ့သည့် ပထမဆုံးစီးပွားရေးလုပ်ငန်းဖြစ်သည်။
● ဦးပိုင်စနစ်
၂။ “ဦးပိုင်” စနစ်ဆိုသည်မှာ မိမိအရင်းထက် အဆပေါင်းများစွာပိုသော လုပ်ငန်းကိုင်ငန်းများကို ဖြန့်ခွဲချုပ်ကိုင် သည့် လက်ဝါးကြီးအုပ်စနစ်ဖြစ် သည်။ စစ်တပ်ဦးပိုင်လီမိတက်သည် အထူးကုမ္ပဏီတခုအနေဖြင့် ၎င်းမှ အပြည့်အ၀ပိုင် ဆိုင်သော ကုမ္ပဏီများနှင့်ကုမ္ပဏီခွဲများသည် အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေးကို ရရှိခံစားရမည်ဖြစ်သည်။ သို့သော် တွဲဖက်လုပ်ကိုင်သောကုမ္ပဏီများမှာမူ ဤအခွင့်ထူးကို မခံစားရချေ။
ဦးပိုင်လီမိတက်သည် သေးသေးမွှားမွှားလုပ်ငန်းနှင့် အရှုံးအမြတ်မသေချာသော လုပ်ငန်းမျိုးတွင် မပါဝင်ကြချေ။ဦးပိုင် သည် ဖရစ်ဝါနာ၊ ဒေ၀ူးတို့နှင့် ဖက်စပ်လုပ်ခြင်းဖြင့် ပွဲဦးထွက်ခဲ့သည်။ ယခု စစ်တပ်ဦးပိုင်လီမိတက်တွင် အစုရှယ် ယာဝင်များက ဒါရိုက်တာရွေးချယ်ခွင့်မည်သို့ရှိကြောင်း ရှင်းအောင် မကြေညာခဲ့ကြောင်း တွေ့ရှိရသည်။
● ရည်ရွယ်ချက်
၃။ တရားဝင်ဖော်ပြထားသော ရည်ရွယ်ချက် (၄) ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) တပ်မတော်သားများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီးသားသမီးများ သက်သာချောင်ချိရေး။
(ခ) စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီးသားသမီးများ သက်သာချောင်ချိရေး။
(ဂ) ပြည်သူလူထု သက်သာချောင်ချိရေးအား အထောက်အကူဖြစ်စေရေး။
(ဃ) နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရေး။
အမှန်တွင်မူ ဦးပိုင်လီမိတက်ကို န၀တ/နအဖ စစ်အုပ်စုက တည်ထောင်လိုက်သည့် ရည်ရွယ်ချက်ထဲတွင် စစ်တပ် အရာရှိကြီးများကသာ ထိပ်ပိုင်းမှ ချယ်လှယ်အကျိုးခံစားရရေး၊ တပ်သားများ၏လခကိုဖြတ်ပြီး အရင်းပြုကာ သွေးစုတ် ရေး စသည်တို့ အလိုလိုပါဝင်ပြီးဖြစ်နေသည်။ အောက်ခြေတပ်မှူးတပ်သားများ၏ဘ၀ကို အသေခံပဲစားဘ၀မှ မြှင့်တင် မည့်ရည်ရွယ်ချက် လုံးဝမပါဝင်ချေ။
ချုပ်ပြောရလျှင် စစ်အာဏာရှင်သက်ဆိုးရှည်ရေးနှင့် စစ်ဗိုလ်ချုပ် မိသားစုများ၏ ရာသက်ပန်အကျိုးစီးပွားအတွက် တိုင်းပြည်၏စီးပွားရေးအသက်သွေးကြောတခုလုံးအား အာဏာဖြင့် လက်ဝါးကြီးအုပ်ရန် ပြင်ဆင်လုပ်ကိုင်ခြင်းပင် ဖြစ် သည်။
● ဦးပိုင်ဖွဲ့စည်းပုံ
၎။ ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လိမိတက်တွင် ဥေဿျှာင်အဖွဲ့ ဖွဲ့စည်းပုံနှင့် ဥက္ကဋ္ဌရုံး (ဒါရိုက်တာ အဖွဲ့) ဖွဲ့စည်းပုံဟူ၍ ဖွဲ့စည်းပုံနှစ်ခုရှိသည်။ ဥေဿျှာင်အဖွဲ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (တပ်မတော် ကာကွယ်ရေး ဦး စီးချုပ်)၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး (ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်)၊ ဒုတိယဗိုလ်ချုပ်ကြီးမင်း အောင်လှိုင် (ကြည်း/ရေ/လေ ညှိနှိုင်းကွပ်ကဲရေးမှူး)၊ ဒုတိယဗိုလ်ချုပ်ကြီးဉာဏ်ထွန်း (ဦးစီးချုပ်-ရေ)၊ ဒုတိယဗိုလ် ချုပ်ကြီးမြတ်ဟိန်း (ဦးစီးချုပ်-လေ)၊ ဒုတိယဗိုလ်ချုပ်ကြီးသိန်းထိုက် (တပ်မတော်စစ်ဆေးရေးအရာရှိချုပ်)၊ ဗိုလ်ချုပ်လှ ရွှေ (တွဲဖက်စစ်ရေးချုပ်) တို့ ပါဝင်သည်။ ဥက္ကဌရုံး ဒါရိုက်တာအဖွဲ့တွင် ယခင်က ဒုတိယဗိုလ်ချုပ်ကြီးတင်အေး (ကက ထုတ်) ဖြစ်ပြီး ယခု ဗိုလ်ချုပ်ခင်ဇော်ဦး (စစ်ရေးချုပ်)၊ ဗိုလ်ချုပ်ဝင်းသန်း (ကက၀ယ်)၊ ကာကွယ်ရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးရုံးများမှ ညွှန်ကြားရေးမှူးများ၊ အရာရှိချုပ်များ၊ ဒုတိယဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်မှူးကြီးများ ပါဝင်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လိမိတက် လက်အောက်ရှိ လုပ်ငန်းများအား ဥက္ကဋ္ဌရုံး (ဒါရိုက်တာ)အဖွဲ့ဝင် ပါ ၀င်သော ဗိုလ်မှူးကြီးများ၊ ဒုတိယဗိုလ်မှူးကြီးများမှ မန်နေဂျင်းဒါရိုက်တာများ၊ ဒါရိုက်တာများအဖြစ် တာဝန်ယူဆောင် ရွက်သည်။
စီးပွားရေးဦးပိုင်တွင် တာဝန်ထမ်းဆောင်ကြသော ၀န်ထမ်း (အရာထမ်း/အမှုထမ်း) များ၏ လစာနှုန်းထားများမှာ-
စဉ် ရာထူး လစာ (၁) ရက်ခံစားခွင့်
၁။ အငယ်တန်းစာရေး ၄၇၀၀၀ ၁၈၀၀
၂။ အကြီးတန်းစာရေး ၅၃၀၀၀ ၁၉၀၀
၃။ ဌာနခွဲစာရေး ၆၀၀၀၀ ၁၉၀၀၀
၎။ ရုံးအုပ် ၇၀၀၀၀ ၁၉၀၀
၅။ လက်ထောက်မန်နေဂျာ ၁၂၀၀၀၀ ၂၅၀၀
၆။ မန်နေဂျာ ၁၃၀၀၀၀ ၂၅၀၀
၇။ လက်ထောက်အထွေထွေမန်နေဂျာ ၁၇၀၀၀၀ ၂၇၅၀
၈။ အထွေထွေမန်နေဂျာ ၁၈၀၀၀၀ ၂၇၅၀
၉။ ဒါရိုက်တာ ၁၉၀၀၀၀ ၂၇၅၀
၁၀။ မန်နေဂျင်းဒါရိုက်တာ ၂၁၀၀၀၀ ၂၇၅၀
အငယ်တန်းစာရေးမှ ရုံးအုပ်အထိ ရာထူးများသည် အမှုထမ်းများဖြစ်ပြီး လက်ထောက်မန်နေဂျာနှင့်အထက် ရာထူး များသည် အရာထမ်းများဖြစ်သည်။ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် လက်အောက်တွင် တာဝန်ထမ်းဆောင်သော အငယ်တန်းစာရေး၏ လစာမှာ (၄၇၀၀၀) ကျပ်နှင့် တလစားစရိတ်ငွေမှာ (၃၆၀၀၀) ကျပ် (ရုံးပိတ်ရက် ၈ ရက်မပါ) စုစုပေါင်း ၈၃၀၀၀ ကျပ်ရရှိသဖြင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသော တပ်ကြပ်ကြီးများထက်ပင် လစာပိုများ နေပါသည်။
မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လိမိတက်၏ ဥက္ကဌမှာ ဗိုလ်ချုပ်ခင်ဇော်ဦး၊ စီးပွားရေးဦးပိုင်လိမိတက်၏ မန်နေဂျင်းဒါရိုက် တာမှာ ဗိုလ်ချုပ်ဝင်းသန်းဖြစ်သည်။ စီးပွားရေးဦးပိုင်လိမိတက်၏ ဥက္ကဌရာထူးအား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးတို့၏ စိတ်ချရသောလူယုံများကိုသာ ထားလေ့ရှိသည်။ ဗိုလ်ချုပ်ဝင်းသန်းမှာလည်း ကက ၀ယ်မှဖြစ်သောကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မီးဖိုချောင်ကို ဖြည့်တင်းပေးနေရသော စပါးကျီနှင့် စတိုးဆိုင်ကြီး၏ မန်နေဂျာသဖွယ် ဖြစ်ပေသည်။
ဒုတိယ မန်နေဂျင်းဒါရိုက်တာမှာ ဒုတိယဗိုလ်မှူးကြီးသန်းထွန်း (DSA 17)၊ ယခင် ဒုတိယဗိုလ်မှူးကြီးမောင်မောင် (DSA 15)၏ နေရာဖြစ်သည်။ ၎င်း၏နေရာသည်လည်း ၀င်ငွေအလွန်ကောင်း၏။ ပစ္စည်းလျှောက်လွှာများအား ၎င်းမှ တဆင့် စီးပွားရေးဦးပိုင်ဥက္ကဌသို့ တင်ပြရသည်။ ဒုတိယဗိုလ်မှူးကြီးသန်းထွန်းသည် စီးပွားရေးဦးပိုင်၏ အုပ်ချုပ်ရေး ဌာန အကြီးအကဲလည်းဖြစ်သည်။ ၎င်းသည် အုပ်ချုပ်ရေး၊ စီမံရေး၊ ၀န်ထမ်းခန့်ထားရေးနှင့် ပစ္စည်းလျှောက်လွှာများ အား ကိုင်တွယ်ထားသည်။
● ရင်းနှီးမြုပ်နှံမှု ပမာဏ
၅။ အစကနဦး အရင်းအနှီးပမဏမှာ ၁၉၉၀ ခုနှစ်ခန့်က ကျပ်ကုဋေတထောင် (သန်း ၁၀၀၀၀) ရှိသည်။ ဗမာပြည် သမိုင်းတွင် စတင်တည်ထောင်စလုပ်ငန်းတခုအဖို့ အကြီးမားဆုံးအရင်းအနှီးအဖြစ် စံချိန်သစ်တင်လိုက်သည်။
ကုန်သွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၇/၉၀၊ အပိုဒ် ၄၊၅၊၆ အရ အရင်းအနှီး၏ ၄၀% ကို ကာကွယ်ရေး ၀န်ကြီးဌာန ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံးက ထည့်ဝင်ပြီး ကျန် ၆၀% ကို စစ်တပ်အသိုင်းအ၀ိုင်းများက ထည့်ဝင် သည်။
ကာကွယ်ရေးဝန်ကြီးဌာန ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံး (ကကဝယ်) က ထည့်ဝင်သည့် ၄၀%၊ တနည်း ကျပ် ကုဋေ ၄၀၀ မှာ ပြည်သူ့ဘဏ္ဍာများဖြစ်သည်။အချုပ်ဆိုရသော် စစ်တပ်အ၀န်းအ၀ိုင်းက (တကယ်စင်စစ်အားဖြင့် စစ် တပ်ထိပ်သီးများက) ပိုင်ဆိုင်ခံစားကြမည့် ရင်းနှီးမြှုပ်နှံမှုကြီးအတွက် ပြည်သူလူထု၏ငွေ ကျပ်ကုဋေ ၄၀၀ ကို အတိုး မရှိ ဆွဲသုံးလိုက်ခြင်းဖြစ်သည်။
ကျန် ၆၀% ကို စစ်မှုထမ်းဆဲ နှင့် အငြိမ်းစားတပ်မတော်အရာရှိများ၊ စစ်မှုထမ်းဟောင်းအုပ်စုများ အပါအ၀င် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းနှင့် မိတ်ဆွေအဖွဲ့များက ပိုင်ဆိုင်မည်ဖြစ်သည်။
● တိုးပွားလာသည့်အရင်းအနှီးများ
၆။ ၂၀၀၇ ခုနှစ်တွင် ဦးပိုင်၌ authorized capital (တရားဝင်သတ်မှတ်သည့်ငွေရင်း-ကုမ္ပဏီက ထုတ်ပေးမည့် အစု ရှယ်ယာများ၏တန်ဖိုး)မှာ ကျပ်သန်းပေါင်း (၄၀,၀၀၀) နှင့် allotted capital (ခွဲဝေသတ်မှတ်ပေးအပ်ပြီးသောအရင်း) ကျပ်သန်းပေါင်း (၃၉,၀၀၀) ရှိသည်။ ဤအထဲတွင် (ကကန) က ကျပ်သန်း ၈၀၀ ကျော် နှင့် ကကဝယ်က ကျပ်သန်း ၃၃၀၊ လက်ရှိစစ်မှုထမ်း ၃ သောင်းခွဲက ကျပ်သန်း ၁၉၀၀ ကျော်၊ တပ်ရင်းတပ်ဖွဲ့ ၁၅၀၀ ခန့်က ကျပ်သန်း ၃ သောင်း ၃ ထောင်ကျော်၊ အငြိမ်းစားစစ်မှုထမ်း ၆၀၀၀ ကျော်က ကျပ်သန်း ၁၂၀၀၊ စစ်မှုထမ်းဟောင်းအဖွဲ့များက ကျပ်သန်း ၄၀၀ ကျော် ပါဝင်သည်။
ဦးပိုင်သို့ထည့်ဝင်ရမည့် ငွေကြေးအချိုးအစားအရ တပ်ကြီးဆိုရင် သိန်း (၁၀၀၀)၊ တပ်ရင်း/ တပ်ဖွဲ့အဆင့် တပ်လတ် ဆိုရင် သိန်း(၃၀၀) မှ (၅၀၀)၊ တပ်ငယ်ဆိုရင် သိန်း (၂၀၀) မဖြစ်မနေ ရည်မှန်းချက်ထား၍ သတ်မှတ်ကာလတခု အတွင်း စုဆောင်းထည့်ဝင်ရမည်ဟု ညွှန်ကြားချက်ရှိခဲ့သည်။ ဤငွေများကို တပ်ရင်းတပ်ဖွဲ့များက ကိုယ့်အစီအစဉ်နှင့် ကိုယ့်နည်းလမ်းအမျိုးမျိုးဖြင့် ရှာကြရသည်။
● အမြတ်အစွန်းများ
၇။ ၂၀၀၆-၀၇ ဘဏ္ဍာရေးနှစ်တနှစ်အတွင်း ဦးပိုင်လီမိတက်သည် အမြတ်ငွေ ကျပ်သန်းပေါင်း ၅ သောင်းခန့် ရှာဖွေ နိုင်ခဲ့သည်။ ဦးပိုင်လီမိတက် ကုမ္ပဏီအားလုံးပေါင်းလိုက်လျှင် ဒီ့ထက်များသည်။ ၁၉၉၅-၉၆ ဘဏ္ဍာရေးနှစ်ကမူ ၃၀% အမြတ်ငွေပြန်ရခဲ့သည်။
သို့သော် သိန်း ၁၀၀၀ အောက်ရှယ်ယာဝင်ထားသည့် တပ်ဖွဲ့များအတွက် တနှစ်လျှင် (၁၂%) အမြတ်ငွေခွဲပေးသည်။ သိန်း ၁၀၀၀ နှင့်အထက် ရှယ်ယာဝင်ထားလျှင်မူ ၂.၅% သာ အမြတ်ခွဲပေးသည်။ ဤအမြတ်ငွေကို သက်ဆိုင်ရာ တပ်မှူးက မိမိ၏တပ်ရင်းတပ်ဖွဲ့အတွက် လိုအပ်သလိုသုံးစွဲနိုင်သည်။ ဥပမာ ယူနီဖောင်း၊ မူကြိုကျောင်း၊ စစ်ဖိနပ် စသဖြင့်။ သို့သော် လွန်ခဲ့သည့် ၅ နှစ်ကတည်းက တပ်ရင်းတပ်ဖွဲ့များသို့ ပေးရမည့်အမြတ်ငွေများအား မပေးတော့ဘဲ ပြန်လည်ရင်းနှီးမြှုပ်နှံရန်အတွက် ထားရှိကြောင်း သိရသည်။
အချို့တပ်ရင်းတပ်ဖွဲ့များမှာ စီးပွားရေးကြပ်တည်းမှုကြောင့် အချိန်မှီပေးသွင်းရန်ခက်ခဲနေရာမှ တပ်မတော်သားတို့၏ ဘဏ်စုငွေများကို လက်လှည့်ယူငင် ပေးသွင်းမှုများ လုပ်ခဲ့ကြသည်။ တပ်မတော်သားတို့ကလည်း စီးပွားရေးအခက် အခဲကြောင့် ဘဏ်စုငွေများ ပြန်ထုတ်လိုသည့်အခါ မပေးနိုင်ဖြစ်ပြီး တပ်တွင်းအမိန့်ဖီဆန်မှုများ ပေါ်ခဲ့သည်။ ဥပမာ-တပ်မ ၁၁။ ဘဏ်စုငွေများကို ဦးပိုင်အတွက် ခေါင်းစဉ်ပြောင်းသုံးမှုအပြင် တပ်မှူးနှင့်တပ်ထောက်တို့က အလွဲသုံးစားမှု များကြောင့်လည်း တပ်တွင်းမကျေနပ်မှု ဖီဆန်မှုများ ပေါ်ခဲ့သည်။ ဦးပိုင်မှရသည့်အမြတ်ငွေများကို အလွဲသုံးစားမှုများ လည်း ရှိလာသည်။
● ဦးပိုင်လုပ်ငန်းများ
၈။ ဦးပိုင်၏လုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်သည် (၂၀၀၇ စာရင်း)-
- ဦးပိုင်က အပြည့်အ၀ပိုင်သည့်လုပ်ငန်း။ ၃၅ ခု
- ဦးပိုင်နှင့်ဖက်စပ်ပိုင်လုပ်ငန်း။ } ၇ ခု
- ဦးပိုင်နှင့်တွဲဖက်လုပ်ကိုင်နေသည့်လုပ်ငန်း။}
- ဦးပိုင်၏လုပ်ငန်းခွဲများ။ ၉ ခု
- ဦးပိုင်နှင့်ချိတ်ဆက် (သို့မဟုတ်) ဦးပိုင်မှ ဘဏ္ဍာငွေထောက်ပံ့ထားသည့် စီမံကိန်းများ ဟူ၍ ခွဲခြားနိုင်သည်။
အချုပ်ဆိုရသော် ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လိမိတက်တွင် ရာနှုန်းပြည့်ထောက်ပံ့ထားသော ကုမ္ပဏီလုပ် ငန်းများ နှင့် အကျိုးတူဖက်စပ်ကုမ္ပဏီလုပ်ငန်းများ ဟူ၍ နှစ်မျိုးရှိသည်။
လုပ်ငန်းအမျိုးအစားများမှာ ကျောက်မျက်ရတနာတူးဖော်ရေး၊ရွှေသတ္ထုတူးဖော်ရေး၊ ခဲသတ္တုတူးဖော်ရေး၊ အထည်ချုပ် စက်ရုံ၊ သစ်နှင့်သစ်အခြေပြုလုပ်ငန်း၊ စားသောက်ကုန်နှင့်အဖျော်ယမကာလုပ်ငန်း၊ ကုန်သွယ်ရေး၊ ကုန်တိုက်ကြီး များ၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေး၊ ကြေးနန်းဆက်သွယ်ရေးနှင့် လျှပ်စစ် ပစ္စည်း၊ ကွန်ပျူတာ၊ ဆောက်လုပ်ရေး၊ ခြံမြေအရောင်းအ၀ယ်၊ သံမဏိစက်ရုံ၊ ဘိလပ်မြေထုတ်လုပ်ရေး၊ ဆီအုန်း စိုက်ပျိုးရေး၊ သကြားစက်၊ ရေထွက်ပစ္စည်းလုပ်ငန်း၊ မော်တော်ကားစက်ရုံ၊ အလှကုန်နှင့် စာရေးကိရိယာဆိုင်များ စသည်တို့ ပါဝင်သည်။
● ကုမ္ပဏီအမည်
ထပ်ဆင့်ကန်ထရိုက်/တွဲဖက်
လုပ်ငန်းအမျိုးအစား
မြန်မာ့ပတ္တမြားလုပ်ငန်း
World Precious Gem Co. Ltd.၊ နီလာရိုးမကုမ္ပဏီ၊ အာရှအဖိုးတန်ကျောက်မျက် ကုမ္ပဏီလီမိတက်၊ မြန်မာစည်သူရတနာကုမ္ပဏီ၊
ဇော်ဇော်ကုမ္ပဏီ၊ ရှမ်းရိုးမ ကုမ္ပဏီ
ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်း (မိုးကုတ်-မိုင်းရှူး-နန်းယား)၊ သပိတ်ကျင်း ရွှေသတ္ထုတူးဖော်ခြင်းလုပ်ငန်း၊ မော်ချီး ခဲသတ္တုတူးဖော်ခြင်း လုပ်ငန်း။
မြန်မာ အင်ပီရီယယ်ဂျိတ် ကုမ္ပဏီ လိမိတက်
ရှယ်ယာမိသားစုကုမ္ပဏီ လီမိတက်၊ Gold Gade Gems Co.၊ နီလာရိုးမ ကုမ္ပဏီလီမိတက်
ဆားမှော်ကျောက်စိမ်းတူးလုပ်ငန်း၊ ကျောက်စိမ်း ကျောက်မျက်ရတနာ အချောထုတ်လုပ်ခြင်းလုပ်ငန်း။
Myanmar Jade International
ကျောက်စိမ်းရောင်း (ဟောင်ကောင်)
ပျဉ်းမပင်စက်မှုဇုံ
အထည်ချုပ်စက်ရုံများ
Myanmar Segye International Ltd.
အထည်ချုပ်လုပ်ငန်း
Myanmar Daewoo International Ltd.
အထည်ချုပ်လုပ်ငန်း
Myanmar Unimix International Ltd
အထည်ချုပ်လုပ်ငန်း
Hwa Fhu International Ltd.
အထည်ချုပ်လုပ်ငန်း
မြန်မာ့မြေယာနှင့်ဖွံ့ဖြိုးရေးလီမိတက်
စက်မှုလုပ်ငန်းဆိုင်ရာ အိမ်ခြံမြေဆောက်လုပ်ရေး လုပ်ငန်း
Rothmans of Pall Mall Myanmar Pte. Ltd.
Red Ruby စီးကရက်စက်ရုံ၊ ဒူးယားစီးကရက်စက်ရုံ (ပခုက္ကူ)၊
စီးကရက်လုပ်ငန်း
မြ၀တီကုန်သွယ်ရေးကုမ္ပဏီ
စီးကရက်ဖြန့်ဖြူးရေးလုပ်ငန်း၊ ဘီယာဖြန့်ဖြူးရေး လုပ်ငန်း၊ စားသုံးဆီ၊ ဓာတ်ဆီ၊ ဒီဇယ်၊ မော်တော်ကား၊ သံမဏိ တို့တင်သွင်းခြင်းလုပ်ငန်း၊ ပဲနှင့်ပဲမျိုးစုံ၊ အဝတ်အထည်၊ ကျောက်မျက်ရတနာ၊ စီးကရက်နှင့် ဘီယာဗူးများ တင်ပို့ခြင်း လုပ်ငန်း၊ နိုင်ငံခြားငွေလဲလှယ်မှုလုပ်ငန်း
မြဝတီဘဏ်
ဘဏ်လုပ်ငန်း
ဗန္ဓုလသယ်ယူပို့ဆောင်ရေးလုပ်ငန်း
ပါရမီပို့ဆောင်ရေး၊ ရှမ်းမလေး၊ ရွှေမန်းသူ၊ ပုသိမ်သူ
ဘတ်စ်ကားလိုင်းလုပ်ငန်း၊ အဝေးပြေးခရီးသည် လုပ်ငန်း၊ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း
မြ၀တီခရီးသွားလုပ်ငန်း
ခရီးသွားဝန်ဆောင်မှုလုပ်ငန်း
န၀ဒေးဟိုတယ်နှင့် ခရီးသွား လီမိတက်
Central Hotel, Ngwe Saung Beach Hotel, Mogok Motel, န၀ဒေး ဟိုတယ်နှင့်ခရီးသွား အေဂျင်စီ
ဟော်တယ်နှင့် ခရီးသွားလုပ်ငန်း
မြန်မာဘရူဝါရီလီမိတက်
Singapore – Fraser & Neave ကုမ္ပဏီ
ဘီယာနှင့် အရက်ချက်လုပ်ငန်း(မြန်မာဘီယာ၊ အေဘီစီစတောက်ဘီယာ၊ တိုက်ဂါးဘီယာ)
Myanmar Posco Steel Co. Ltd.
တောင်ကိုရီးယား ပိုဟွန်နှင့်သံမဏိ ကုမ္ပဏီ
အမိုးသွပ်ပြားနှင့် ဗြောင်သွပ်ပြား
Myanmar Nouveau Steel Co. Ltd.
သွပ်ပြားလုပ်ငန်း
Myanmar Nouveau Co Ltd
ကျောက်မျက်အချောထည်ပစ္စည်းများ ထုတ်လုပ်ရေး
Myanmar Cement Co.
Indonesia – P.T. Semen Cibninong & P.T. Prima Comexindo
ဘိလပ်မြေထုတ်လုပ်ရေး(ဆင်မင်းဘိလပ်မြေစက်ရုံ၊ ကျေက်ဆည်)
ဟံသာဝတီ ဂေါက်ကွင်းနှင့် မြို့တော်ကလပ်
ပဲခူးဒေသ ဟော်တယ်နှင့် ဂေါက်ကွင်းလုပ်ငန်း
Mercury Manufacturing Co. Ltd.
ပလပ်စတစ်ပစ္စည်းများ ထုတ်လုပ်ခြင်း
Myanmar Samgong Industrial Co. Ltd.
South Korea – Samgong Industrial Co.
ရာဘာလှေထုတ်လုပ်ရေး
Korean Gas Company with Daewoo
ဓာတ်ငွေ့
Mamee Double Decker Ltd.
မလေးရှား-မာမီးကုမ္ပဏီ
အော်တိုခေါက်ဆွဲထုပ်လုပ်ငန်း
Myanmar Tokiwa Corporation
ခဲတန်နှင့်အလှကုန် ပစ္စည်းများ ထုတ်လုပ်ရေး
Myanmar Kurosawa Trust Co. Ltd.
လက်ဝတ်ရတနာလုပ်ငန်း
Diamond Dragon Co. Ltd.
Berger Paints Manufacturing Ltd
Singapore – Berger International
အိမ်သုတ်ဆေးထုတ်လုပ်ရေး
The First Automotive Co. Ltd.
Isuzu, Mitsugi
မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း
Suzuki
မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေးလုပ်ငန်း
Myanmar Forward Support Co.
စင်္ကာပူ– SKS Marketing Pte.
ကုန်သွယ်ရေးနှင့်ကုန်ပစ္စည်းတင်ပို့ လွှဲပြောင်းရေး
NTCY Fair Price Cooperative Ltd
ကုန်တိုက်ကြီးများနှင့်ကုန်ပစ္စည်းများ တင်သွင်းရေး
မြန်မာရာဘာဝုဒ် ကုမ္ပဏီလိမိတက်
သစ်အချောထည်လုပ်ငန်း(မော်လမြိုင်)
တော်ဝင် ပလပ်စတစ် ရက်ထည်အိပ် စက်ရုံ၊
တော်ဝင်ပလပ်စတစ် လူသုံးကုန်စက်ရုံ
ပီနံအိတ်လုပ်ငန်း၊ ပလပ်စတစ်ပစ္စည်းလုပ်ငန်း (ကျောက်ဆည်)
ဂရင်းနိုက် ကျောက်ပြား စက်ရုံ
ကျောက်ပြားလုပ်ငန်း(ကျောက်ဆည်)
ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်း ကုမ္ပဏီ
ကြက် ငါး ပုဇွန်မွေးမြူရေးနှင့် ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ငှက်သိုက် ထုတ်ယူခြင်း လုပ်ငန်း၊ ရေထွက်ပစ္စည်းပို့ကုန်လုပ်ငန်း၊
မြန်မာ နာနတ်ရည်လုပ်ငန်း
(ပဲခူး)
ဆာလဖြူရစ် အက်စစ်စက်ရုံ
(မုံရွာ)
သကြားစက်ရုံ
(ဥက္ကံ)၊ (အင်းငါးခွ)
ပဒုမ္မာဆပ်ပြာစက်ရုံ
(ပေါင်)
မြ၀တီ သောက်ရေသန့်လုပ်ငန်း၊
● မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း
၉။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (မစက)သည် စစ်တပ်မှ စီမံခန့်ခွဲလုပ်ကိုင်သည့် စီးပွားရေးအဖွဲ့အစည်း နောက်တခု ဖြစ်သည်။ ၎င်းသည် တပ်မတော်၏အလျှို့ဝှက်ဆုံး စီးပွားရေးအဖွဲ့အစည်းတခု ဖြစ်ကောင်းဖြစ်မည်။ ၁၉၈၉ ခု မတ်လတွင် န၀တ အစိုးရသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဥပဒေကို ပြဋ္ဌာန်းခဲ့ရာ ဤဥပဒေအရ စီးပွားရေး လုပ်ငန်း ၁၂ ခုကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ရန် အစိုးရ၌သာ အခွင့်အရေးရှိသည်၊ သို့သော် တခြား လူပုဂ္ဂိုလ် သို့မဟုတ် တခြားအဖွဲ့အစည်းတခုခုနှင့် ဖက်စပ်လုပ်ကိုင်နိုင်သည်ဟု ဖော်ပြပါရှိသည်။
၁၉၉၇ ခု မတ်လတွင် နိုင်ငံတော်မှ ငွေကြေးမထည့်ဝင်ဘဲ ဝန်ထမ်းအဖွဲ့အစည်းတခုခုက အဆိုပါလုပ်ငန်းများကို လုပ် နိုင်သည်ဟု ဥပဒေကိုပြင်ဆင်ပြီးနောက် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို ထူထောင်ခဲ့သည်။ တရားဝင်ထုတ်ပြန် သည့် ရည်ရွယ်ချက်မှာ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးရန်အလို့ငှာ တပ်မတော်၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြင့် ကာကွယ်ရေးအသုံးစရိတ် လျှော့ချရန်၊ တပ်မတော်စစ်မှုထမ်းများ၏ သက်သာချောင်ချိရေးကို လုပ်ဆောင်ရန်နှင့် တပ် မတော်အတွက် အခြားလိုအပ်သော ကိစ္စရပ်များအကောင်အထည်ဖော်ရန် ဟူ၍ဖြစ်သည်။ (မစက) ကို စစ်ထောက် ချုပ် ဗိုလ်ချုပ်ဝေလွင် ရုံးအောက်တွင်ထားရှိသည်။ (မစက) ၏ ကနဦးရင်းနှီးမြှုပ်နှံမှုမှာ ကျပ်ငွေ (၁၀) ဘီလျံရှိသည်။
စက်ရုံများ
ဖက်စပ်ကုမ္ပဏီများ
လုပ်ငန်းအမျိုးအစား
သံမဏိစက်ရုံ (အောင်လံ) (မြောင်းဒကာ) (အင်းစိန်ရွာမ) (မြင်းခြံ)၊
ဘိလပ်မြေစက်ရုံ (မြိုင်ကလေး) (ကျောက် ဆည်)၊
စကျင်ကျောက်ပြားစက်ရုံ (မန္တလေး)၊
ဂရင်းနိုက်ကျောက်ပြားစက်ရုံ (လွိုင်ကော်)၊
အောက်ဆီဂျင်စက်ရုံ (ရန်ကုန်)၊
သကြားစက်ရုံ (ကန့်ဘလူ) (တောင်စဉ်အေး) (အောင်လံ) ၊
မက်သနောစက်ရုံ (ကန့်ဘလူ)၊
အမိုးပြားစက်ရုံ (အင်းတကော်)၊
ရန်ကုန်ဆေးဝါးစက်ရုံ (မှော်ဘီ)၊
ဒဂုံဘီယာချက်စက်ရုံ (ရွှေပြည်သာ)၊
SIGMA ဝါယာစက်ရုံ (လှိုင်သာယာ)၊
ကျောက်မီးသွေးစက်ရုံ (မောတောင်)၊
ဂေါဒန်မိုင်း (သီပေါ) (ထုံးဘို)၊
သစ်အချောကိုင်စက်ရုံ (စစ်ကိုင်း)၊
အင်းဝဘဏ်၊ အင်းဝထရေးဒင်း၊
မြန်မာ အပြည်ပြည်ဆိုင်ရာအာမခံ ကော်ပိုရေးရှင်း၊
ရတနာချင်းတွင်းသတ္တုတွင်းကုမ္ပဏီ၊
Northern Star Minerals Production & Trading Co., Ltd.၊
သင်္ဘောဖျက်စက်ရုံ (သီလဝါ)၊
ကုန်စည်ခန့်ခွဲခြင်းလုပ်ငန်း (ရန်ကုန်)၊
Tyazhpromexport Co., Ltd.
Daniele Corp.
Italian-Thai Corp.
Daewoo International Corp.
Myanmar Hyosing Corp. (SK Network Corp.)
Hyosung Singapore Pte. Ltd.
Kawasaki Plant Systems Ltd.
Sinaran Corp.
Grade Nine Co., Ltd.
Myanmar Tractors Ltd.
YMCC Yunnan
K-Y Kyaw Kyaw Co., Ltd.
Zuri Co., Ltd.
Moon Ray Co., Ltd.
VSV Asia Co., Ltd.
Superium Enterprise Co., Ltd.
JFE Co., Ltd.
Marubeni Co., Ltd.
Sojit Co., Ltd.
Polyice Co., Ltd.
GMT Co., Ltd.
Golden Star Co., Ltd.
PEG Co., Ltd.
Diethelm Co., Ltd.
MCM
Chem Tech Co.
IE Petroleum Products Co., Ltd.
Flying Sun Moon Co.
Tractors World Co.
KSS
ဒဂုံဝင်းဝင်း၊ သံလွင်၊ မြန်မာကိုင်ဒို၊ ငွေဆင်
သံမှို တံတားဘောင် သံဆူးကြိုး သံရိုင်း ထုတ်လုပ်ရေး၊ ကုန်သွယ်ရေးနှင့်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းကုန်သွယ်ရေးလုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ စက်မှုထုတ်ကုန်ထုတ်လုပ်ရေးလုပ်ငန်းနှင့်ဆောက်လုပ်ရေးလုပ်ငန်း၊ သတ္တုတူးဖော်ထုတ် လုပ်ရေး၊ ဟော်တယ်လုပ်ငန်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ သွင်းကုန်-ထုတ်ကုန်လုပ်ငန်း၊
● အခြားစီးပွားရေးလုပ်ငန်းများ
၁၀။ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူး ရုံး၊ ထောက်ပံ့နှင့်ပို့ဆော င်ရေး ညွှန်ကြားရေးမှူးရုံး၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး တို့ကလည်း တရားဝင်စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြသည်။
ကကနက်
ကကပံ့
ကကပြည်
တပ်မတော် ချည်မျှင်စက်ရုံ (မိတ္ထီလာ)၊
တပ်မတော် အထည်ချုပ်စက်ရုံ (မင်္ဂလာဒုံ)၊
တပ်မတော် မိုးရေကာဖျင်စက်ရုံ (သမိုင်း)၊
တပ်မတော် ရှူးဖိနပ်စက်ရုံ (သမိုင်း)၊ တပ်မတော်ချည်မျှင်စက်ရုံ (သမိုင်း)၊တပ်မတော်ဘောလုံးစက်ရုံ (မှော်ဘီ)၊ တပ်မတော်သတ္ထုပစ္စည်းစက်ရုံ(အုတ်ကျင်း)၊ တပ်မတော် သားရေစက်ရုံ (မန္တလေး)၊ တပ်မတော် ဆေးဝါးစက်ရုံ (မှော်ဘီ) ၊
တပ်မတော် လ္ဘက်စက်ရုံ (နမ့်ဆန်) (သံတောင်) (ရန်ကုန်)၊
တပ်မတော်စည်သွပ်စက်ရုံ (မန္တလေး)(သံတွဲ)၊
တပ်မတော် ပုဇွန်ငါးပိနှင့်ငါးချဉ်စက်ရုံ (မှော်ဘီ)၊ တပ်မတော်ဘီစကွတ်နှင့်ခေါက်ဆွဲစက်ရုံ(မှော်ဘီ)၊
တပ်မတော်ရမ်စက်ရုံ (ရွှေပြည်သာ)၊ တပ်မတော်ဂျုံမှုန့်စက်ရုံ (သြဘာ)၊
ပျဉ်းမပင် နို့ထွက်ပစ္စည်းစက်ရုံ၊
မြဝတီပုံနှိပ်တိုက်၊
မြဝတီရုပ်သံ
၁၁။ အဆင့်အသီးသီးရှိ တပ်ရင်းတပ်ဖွဲ့များသည် စီးပွားရေးလုပ်ငန်းများတွင် ဆက်လက်ပါဝင် လုပ်ကိုင်နေကြ သည်သာမက တိုးချဲ့၍ပင် လုပ်ကိုင်နေကြသည်။ အောက်ခြေအဆင့်တပ်ဖွဲ့များ၌ စားသောက်ဆိုင်လုပ်ငန်းနှင့် အခြား အိမ်တွင်းမှုလုပ်ငန်း စသည့် သာမန်စီးပွားရေးလုပ်ငန်းများအပြင်၊ အချို့တပ်ရင်းများသည် ရေခဲစက် သို့မဟုတ် ကုန်း လမ်းသယ်ယူပို့ဆောင်ရေး စသည့် အငယ်စားလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေကြသည်။ တပ်ပိုင်အဆောက်အဦး၊ လျှပ်စစ်ဓာတ်အားသာမက ကုန်တင်ကားများကိုပင် စီးပွားရေးလုပ်ငန်းအတွက် ငှားရမ်းသည့်ကိစ္စ အများအပြား ရှိ သည်။
၁၂။ သို့သော် အကျိုးခံစားခွင့်ရရှိသည့် တပ်ရင်းတပ်ဖွဲ့များအကြား နေရာအတော်များများ၌ ကွာဟမှုရှိပုံပေါ်သည်။ ထောက်ပံ့မှုများတွင် အဆမတန်ကွာဟမှုရှိသည်။ တချို့တပ်ရင်းတပ်ဖွဲ့များသည် လစဉ်ထောက်ပံ့ငွေ အတော်အတန် ကောင်းမွန်စွာပေးနိုင်ပြီး အထူးသဖြင့် ဝေးလံခေါင်ဖျားဒေသများရှိ တပ်ရင်းတပ်ဖွဲ့များမှာမူ ငွေသားထောက်ပံ့မှုမှာ အနိမ့်ဆုံးလိုအပ်ချက် ဖြည့်ဆီးနိုင်ရန်ပင်ခက်ခဲလှသည်။ ၂၀၀၀ ခုနှစ်တွင် ၁၅၀၀ ကျပ်မျှသာ ထောက်ပံ့နိုင်ပြီး ၂၀၀၃ ခုနှစ်တွင် ကျပ် (၃၀၀၀) သာ ထောက်ပံ့နိုင်သည်။
ဤဖြစ်ရပ်များမှာ အဖွဲ့အစည်း စည်းလုံးညီညွတ်မှုကို စတင်ခြိမ်းခြောက်နေပြီး၊ တပ်ရင်းဘားတိုက်များတွင် လိုင်စင်မဲ့ ကားများထားပေးခြင်း သို့မဟုတ် စစ်ထရပ်ကားများဖြင့် မှောင်ခိုကုန်များသယ်ယူပေးခြင်း စသည့် ဥပဒေပြင်ပစီး ပွားရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ရန် တပ်ရင်းတပ်ဖွဲ့များကို အားပေးနေခြင်းလည်း ဖြစ်သောကြောင့်၊ တပ် မတော်ခေါင်းဆောင်ပိုင်းများက တသီးပုဂ္ဂလစီးပွားရေးလုပ်ငန်းများ ရပ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။
၁၃။ “၀န်ကြီးဌာနများနှင့်ဦးစီးဌာနများသည် ၀န်ထမ်းသက်သာချောင်ချိရေးအကြောင်းပြပြီး ရံပုံငွေရှာဖွေရန် အတွက် စီးပွားရေးလုပ်ငန်းများ ဖွဲ့စည်းရတော့မည်မဟုတ်။ ၂၀၀၃ ခုနှစ်ဒီဇင်ဘာလမှစ၍ ၀န်ထမ်းအားလုံးအတွက် အစိုးရက တဦးလျှင် ကျပ် ၅၀၀၀ လစဉ်အပိုဆောင်းငွေပေးထားပြီးဖြစ်သည့်အတွက် ဤနှစ်ကုန်တွင် စီးပွားရေး လုပ်ငန်းအားလုံး ရပ်ဆိုင်းကြရန်” ဟု ၂၀၀၄ ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့၊ ကက်ဘိနက်အစည်းအဝေး၌၊ ဗိုလ် ချုပ်မှူးကြီးသန်းရွှေက လမ်းညွှန်ချက်ပေးခဲ့သည်။ စိုက်ပျိုးရေးလုပ်ငန်းများမှလွဲ၍ စီးပွားရေးလုပ်ငန်းအားလုံးနှင့် တပ်ရင်းရံပုံငွေနှင့်ဆက်စပ်သည့် တရားဝင်ပိတ်ပင်ထားသည့်လုပ်ငန်းများကို ၂၀၀၄ ခုနှစ် မတ်လ (၃၁)ရက်နေ့တွင် အဆုံးသတ်ရန် ဒီဇင်ဘာလတွင် ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်တပ်ရင်းတပ်ဖွဲ့အားလုံးသို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ ဤအမိန့်သည် စီးပွားရေးလုပ်ငန်းအချို့အား ၀န်ကြီးဌာနများ သို့မဟုတ် အဖွဲ့အစည်းအသီးသီးသို့ လွှဲပြောင်းပေးရန်နှင့် မလွှဲပြောင်းသည့်လုပ်ငန်းများအားလုံး ဖျက်သိမ်းပစ်ရန် ဖြစ်သည်။
● မြန်မာ့စီပွါးရေးဦးပိုင်လီမိတက်နှင့်နိုင်ငံတော်ဘဏ္ဍာ
၁၄။ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး (နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီအဖွဲ့ဝင် နှင့်ကာကွယ်ရေးပစ္စည်း ထုတ် လုပ်ရေးအရာရှိချုပ်) မြန်မာ့စီပွားရေးဦးပိုင်လီမိတက်၏ဥက္ကဋ္ဌ တာဝန်ယူပြီးနောက် ၂၀၀၂ ခုနှစ်ကစ၍ သဘာဝ ဓာတ်ငွေ့မှ အမေရိကန်ဒေါ်လာငွေ ၅ ဘီလီယံခန့် (သန်း ၅၀၀၀) ထိုင်းနိုင်ငံအစိုးရထံမှ အတိုးရောအရင်းပါရရှိခဲ့သည်။ နောက်ပိုင်းလည်း နှစ်စဉ်ပုံမှန်ရရှိခဲ့ပါသည်။ ရရှိသောငွေများကို ထိုင်းနှင့်စင်္ကာပူရှိ မြန်မာသံရုံးများ၏ သံတမန် အခွင့် အရေးအောက်တွင် သီးခြားဘဏ်ငွေစာရင်းများဖွင့်၍ သဘာဝဓာတ်ငွေ့မှရသောငွေများကိုသွင်းရသည်။ အဆိုပါသီး သန့်ဘဏ်ငွေစာရင်းများကို ထိပ်တန်းလျှို့ဝှက်အဆင့်သတ်မှတ်ကာ မြန်မာ့စီပွားရေးဦးပိုင်လီမိတက်၏ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးတင်အေးမှ တာဝန်ယူရသည်။
အဆိုပါဘဏ်ငွေစာရင်းများမှ စစ်တပ်နှင့်ပတ်သက်၍ လေယာဉ်များအပါဝင်အဆင့်မြင့်လက်နက်ကြီးငယ်များ၊ အနုမြူ နှင့်ဒုံးလက်နက်ကိစ္စများကို မြန်မာ့စီပွားရေးဦးပိုင်လီမိတက်က စစ်တပ်အတွက် ဝယ်ယူပေးရသည်။ သုံးစွဲခွင့်အမိန့် အာဏာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှပေးကာ ချက်လက်မှတ်ကို ဒုတိယဗိုလ်ချုပ်ကြီးတင်အေးက ထိုးပေးရပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အဆိုပါဘဏ်ငွေစာရင်းများမှ လွှဲပြောင်းပေးသည်။ ထို့ကြောင့် နိုင်ငံတော်ဘဏ္ဍာကို မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်က ထိမ်းထားသည့်သဘောဆောင်သည်။ တနည်းဆိုရသော် မြန်မာ့စီပွားရေးဦးပိုင်လီမိတက် သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထင်သလို ငွေကိုသုံးနိုင်ရန် စာရင်းစစ်၍မရသော အဖွဲ့စည်းတခုဖြစ်နေပြီး စစ်တပ်ကို ကျောထောက်နောက်ခံပြုထားသော စီးပွားရေးလက်ကိုင်ဒုတ် တခုလည်း ဖြစ်သည်။
● စစ်တပ်ဦးပိုင်လီမိတက်အပေါ် သုံးသပ်ချက်
၁၅။ နိုင်ငံတော်အာဏာကို စစ်တပ်ဖြင့် သိမ်းယူထားချိန်တွင်စစ်ဗျူရိုကရက်များ၏ စီးပွားရေးအတွက် အစစအရာ ရာ အာမခံချက်ရှိနေသည်။ ပြည်တွင်းပြည်ပ ကြိုက်သလို ရင်းနှီးမြှုပ်နှံကြသည်။ ကြိုက်ရာနိုင်ငံနှင့် ဆက်သွယ်နိုင် သည်။ ဖုံးချင်သလောက်ဖုံး၊ ထုတ်ပြောချင်သလောက် ထုတ်ပြောနိုင်သည်။ စေတလုံးပိုင်နေကြသည်။ ထို့ပြင် နိုင်ငံရေးပင်စင်ဥပဒေဆိုသည်မျိုး အပါအ၀င် ၎င်းတို့ထင်သလို ဥပဒေများထုတ်ပြန်ပြီး ကြိုက်သလိုခံစားနိုင်ကြသေး သည်။
၁၆။ သို့သော် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလပြီးပါက အရပ်သားတချို့ပါဝင်သော အစိုးရသစ်လက်သို့ အာ ဏာကို လွှဲရမည်လိုလို ဖြစ်လာသောအခါတွင်မူ ယခင်အခွင့်အရေးမျိုးများအတွက် အာမခံချက်များနည်းလာနိုင် သည်။ ထို့ကြောင့် စစ်တပ်အ၀န်းအ၀ိုင်းတခုလုံးအတွက် (အထူးသဖြင့် စစ်ဗိုလ်ချုပ်ကြီးများ၏ မိသားစုအတွက်သာ) စီးပွားရေးအရ လဒတသောင်းနားနိုင်သော သစ်ပင်ကြီးတပင် ရှိဖို့လိုလာသည်။ အနည်းဆုံး ခြေမမြဲတောင် လက်တော့ မြဲစေရမည်။ ဤသို့သောဟာကွက်ကို ဖြည့်ဆည်းရန်မှာ ကိုယ့်လက်ထဲအာဏာရှိတုန်း စီစဉ်ဖန်တီးရလျှင် အလွယ်ဆုံး အကောင်းဆုံးပင် မဟုတ်ပါလော။
၁၇။ ထို့ပြင် ဤဦးပိုင်လီမိတက်ကို လက်ညှိုးထိုးပြီး စစ်ဗိုလ်ချုပ်များအနေဖြင့် ၎င်းတို့နည်းမျိုးစုံဖြင့် ရရှိထားသော ငွေမည်းများကို တရားဝင်အောင် ပွဲထုတ်နိုင်ပေတော့မည်။ ထိုင်း၊ ဖိလစ်ပိုင်စသည့် နိုင်ငံများမှ စစ်အုပ်စုများ လုပ် လေ့ရှိသလို အောက်ခြေကို စားကြွင်းစားကျန်လေးများနှင့် ချွေးသိပ်ရန်စီစဉ်ခြင်းပင်။
၁၈။ နောက်ပြီး မူလက ကြေးစားဆန်ဆန် လစာဆိုသည့်အနှောင်အတဲ တခုထဲနှင့်ဖွဲ့စည်းထားသည့် စစ်တပ်အား စည်းလုံးစေရန် နောက်ထပ်သံယောဇဉ်အနှောင်အတဲတခု ထပ်ဖြည့်လိုက်ခြင်းဟုလည်း ဆိုနိုင်သည်။ တပါတည်းတွင် တပ်ထဲမှာပဲ ဆက်ရှိရှိ၊ တပ်အပြင်မှာပဲရှိရှိ အားလုံးတလှေထဲစီး၊ တခရီးထဲသွားချည်းဘဲ၊ ထို့ကြောင့် စစ်အုပ်စုထိပ်သီး ပိုင်း၏ တသွေး၊ တသံ၊ တမိန့်ကို နာခံရန် အမြဲအသင့်ရှိရေးဆိုသော စိတ်ဓါတ်ကို ခံစားခွင့်ပြပြီး ရိုက်သွင်းပေးနေခြင်း လည်း ဖြစ်သည်။ အရေးကြီးသည့် နောက်အကြောင်းတကြောင်းမှာ နောင်မှာပေါ်ပေါက်လာနိုင်သည့် အရပ်သားအစိုး ရအပေါ်တွင် စစ်အုပ်စုနှင့်စစ်တပ်က ဘက်စုံ၌ မားမားကြီးမိုးနေနိုင်အောင် ပြင်ဆင်နေသည့် အစီအစဉ်များထဲမှ တခုဖြစ်သည် ဆိုသည့်အချက်ဖြစ်သည်။ နောင် မည်သည့်အစိုးရတက်လာလာ စစ်အုပ်စုနှင့် စစ်ဗျူရိုကရေစီယန္တယား မှာ စစ်ရေးအရ (ထို့ကြောင့် နိုင်ငံရေးအရပါ) မလွှဲမရှောင်သာ အသိအမှတ်ပြုရသော အင်အားတရပ်သာမကတော့ဘဲ စီးပွားရေးအရပါ အသိအမှတ်ပြုနေရာပေးရသည့်အဖြစ်မျိုး ဆိုက်လာပေရော့မည်။
၁၉။ ဤစစ်တပ်ဦးပိုင်လီမိတက်သည် လက်တွေ့တွင် နဂိုကမှ အဆင့်အတန်း အင်မတန်ကွာခြားနေသော စစ်တပ် ထိပ်ပိုင်းနှင့် အောက်ခြေတို့အား ပိုမိုကွာခြားစေမည်သာဖြစ်ရာ ရေရှည်တွင် အောက်ခြေက ထိပ်ပိုင်းကို မကျေနပ်မှုများ ပေါ်ပေါက်စရာ အကြောင်းတကြောင်းလည်း ဖြစ်လာမည်မှာ သေချာသည်။ အချို့တပ်ရင်း/တပ်ဖွဲ့မှူးများအနေဖြင့် မိမိတို့၏ရှယ်ယာထည့်ဝင်ရေးရည်မှန်းချက် ကျပ်သိန်း(၅၀၀) သိန်း (၃၀၀) စသည်များပြည့်မှီရေးအတွက် အောက်ခြေ စစ်သည်များ၏ စားဝတ်နေရေး၊ သက်သာချောင်ချိရေးတို့အား ဖြေရှင်းမှုမပြုနိုင်တော့ဘဲ (၁၂)ရာခိုင်နှုန်းရရှိသည့် ဦးပိုင်အမြတ်ငွေများဖြင့် အစုရှယ်ယာများ။
၁၉။ ဤစစ်တပ်ဦးပိုင်လီမိတက်သည် လက်တွေ့တွင် နဂိုကမှ အဆင့်အတန်း အင်မတန်ကွာခြားနေသော စစ်တပ် ထိပ်ပိုင်းနှင့် အောက်ခြေတို့အား ပိုမိုကွာခြားစေမည်သာဖြစ်ရာ ရေရှည်တွင် အောက်ခြေက ထိပ်ပိုင်းကို မကျေနပ်မှုများ ပေါ်ပေါက်စရာ အကြောင်းတကြောင်းလည်း ဖြစ်လာမည်မှာ သေချာသည်။ အချို့တပ်ရင်း/တပ်ဖွဲ့မှူးများအနေဖြင့် မိမိတို့၏ရှယ်ယာထည့်ဝင်ရေးရည်မှန်းချက် ကျပ်သိန်း(၅၀၀) သိန်း (၃၀၀) စသည်များပြည့်မှီရေးအတွက် အောက်ခြေ စစ်သည်များ၏ စားဝတ်နေရေး၊ သက်သာချောင်ချိရေးတို့အား ဖြေရှင်းမှုမပြုနိုင်တော့ဘဲ (၁၂)ရာခိုင်နှုန်းရရှိသည့် ဦးပိုင်အမြတ်ငွေများဖြင့် အစုရှယ်ယာများ ထပ်မံဝယ်ယူပေးခဲ့ရပါသည်။ တပ်ရင်းမှူးများအနေဖြင့် မိမိ၏ရာထူးတက် လမ်းအတွက် အစုရှယ်ယာသတ်မှတ်ချက်များပြည့်မှီရေး အသဲအသန်ရှာဖွေခဲ့ရပါသည်။ ဆိုးရွားသည့်အကျိုးရလဒ်မှာ တပ်မ ၁၁ ရှိ ခမရ (၂၁၄/၂၁၅) တပ်ရင်းမှူးတချို့က စစ်သည်များ၏ ဘဏ်စုဆောင်းငွေများကို ကာယကံရှင်များ မသိ လိုက်ရဘဲ ဦးပိုင်ရှယ်ယာများဝယ်ယူရေးအတွက် တပ်ရေးဗိုလ်ကြီးများကို လျှို့ဝှက်ထုတ်ယူစီစဉ်ခိုင်းလိုက်သဖြင့် ပေါက်ကြားသွားပြီးပြဿနာများ ဖြစ်ခဲ့ရပါသည်။
မြန်မာစီးပွားရေးဦးပိုင်လိမိတက်အောက်ရှိ စက်ရုံများတွင်လည်း ဒုတိယဗိုလ်မှူးကြီးများ၊ ဗိုလ်မှူးကြီးများ စက်ရုံမှူး အဖြစ် တာဝန်ယ
See more

Credit to: http://bdcburma.wordpress.com/2012/12/04/who-are-the-union-of-myanmar-economic-holding-limited-umehl-commonly-known-as-u-paing/

လက်ပန်းတောင်းတောင်အကြမ်းဖက်မှုတရားခံတွေကိုအရေးယူလို.ရပါ့မလား?

တိုင်းရင်းသားအသံ

လက်ပန်းတောင်းတောင်အကြမ်းဖက်မှုတရားခံတွေကိုအရေးယူလို.ရပါ့မလား?


အကယ်၍လက်ပန်းတောင်းတောင်အကြမ်းဖက်မှုနဲ.ပတ်သက်ပြီးသန်းရွှေရဲ.တပည့်များစီစဉ်ခဲ့တယ်လို.ကော်မရှင်ကစုံစမ်းတွေ.ရှိရင်ဘယ်လိုအရေးယူမလဲ? သန်းရွှေကိုသိန်းစိန်းကမထိရဲဘူး၊လွှတ်တော်ကလည်းမလှုပ်ရဲဘူးဆိုရင်ဘာလုပ်လို.ရမလဲဆိုတာဖြေပေးပါတစ်ခါတည်း၊ရွှေဝါရောင်တော်လှန်ရေးလူသတ်ပွဲကြီးကိုလည်းစုံစမ်းပေးပါ၊ဒီပဲယင်းကိုလည်းစုံစမ်းပေးပါ၊လာဘ်စားသည့်ဝန်ကြီးဌာနများပေးသွင်းရမည့်နိုင်ငံတော်ဘဏ္ဍာများငွေများကိုလည်းအခုအချိန်အထိမပေးသွင်းသေးပါ၊ဘာအရေးယူမှမှုမရှိသေးဘူး၊အဲဒါကိုလည်း၊ဘယ်လိုလုပ်မလဲ? စုံစမ်းပြီးရင်ပြီရောဆိုသည့်သဘောနဲ.ဆိုရင် လူထုရဲ.တိုက်ပွဲအရှိန်လျော့သွားအောင်အရင်လုပ်ပြီးလူထုကိုစိတ်ငြိမ်းဆေးတိုက်ပေးသလိုဖြစ်မနေဘူးလား?ဒါဟာ၊စစ်ဆင်ရေးတစ်ခုလုပ်ရာတွင်းရန်သူလှုပ်ရှားမှုရပ်တန်.အောင်လုပ်သည့်သဘောပဲ၊စိန်းအောင်မင်းလိုက်လုပ်နေသလိုပေါ့၊ငြိမ်းချမ်းရေးစကားနဲ.မျှော်လင့်ချက်ပေးထားပြီးအနောက်ကနေဗမာစစ်တပ်ကအင်းအားဖြည့်လို.ရအောင်အချိန်ယူလိုက်တာပါ၊အာရုံပြောင်းလိုက်တာပါ၊

နောက်အခါမှာလည်း စစ်အာဏာရှင်ကဒီလိုနဲ.ဘဲပြည်သူလူထုကိုထပ်ပြီးသတ်နေဦးမှာဘဲ၊မယ...
ုံရင်စောင့်ကြည့်ပါ၊ မတရားလုပ်သည့်လူတွေကိုအရေးယူမှုမရှိ၊အကာအကွယ်ပေးနေသမျှကာလပတ်လုံး ဒီတိုင်းပြည်ကမတရားမှုသင်ပေးသည့်တက္ကသိုလ်ကြီးတစ်ခုလိုဖြစ်နေပြီ၊ဗမာပြည်မှာမတရားလုပ်လာခဲ့သည့်စစ်အစိုးရအဆက်ဆက်ကအရာရှိစစ်ဗိုလ်တွေကိုတစ်ခါမှအရေးယူခံရမှုမရှိခဲ့သည့်သမိုင်းဟာထူးဆန်တယ်၊သူတို.အချင်းချင်းအာဏာလု၊အာဏာပြိုင်တာကလွဲရင်ပေါ့၊ နေဝင်ကသန်းရွှေနှိပ်စက်လို.၊သန်းရွှေကဒီအတိုင်ဘဲကျန်နေတုန်း၊ခင်ညွန်.ကလည်းသန်းရွှေနှိပ်စက်လို.ခံရတာပါ၊ပြည်သူအပေါ်ရာဇာဝတ်မှုကျူးလွန်ခဲ့သည့်ဟာတွေ၊တိုင်းရင်းသားပြည်သူအပေါ်ကျူးလွန်ခဲ့သည့်လူသားမဆန်သည့်ရာဇာဝတ်မှုကိုအခုအချိန်အထိအရေးယူမှုမရှိသေးပါ။

လူသားအချင်းချင်းအရေးယူလို.မရရင်၊ဥပဒေကိုယ်ကမတရားဖြစ်နေတော့ဥပဒေအရအေ၇းယူလို.မဖြစ်သည့်အခြေအနေမှာမတရားမှုကျူးလွန်သည့်အကြမ်းသမားဂိုဏ်းကြီးအုပ်စုတွေကိုငလျင်လှုပ်၍ပင်အားလုံးသေစေလို.ဘဲဆုတောင်းရမှာပါ။ မတရားမှုအားလုံးမှကင်းလွတ်ကြပါစေ။

Tuesday, December 4, 2012

လက်ပန်းတောင်းတောင်မှာအာဏာရှင်အင်းအားနှင့်ဒီမိုကရေစီအင်းအားအကြားပြိုင်ပွဲတစ်ခုလား?

တိုင်းရင်းသားအသံ

လက်ပန်းတောင်းတောင်မှာအာဏာရှင်အင်းအားနှင့်ဒီမိုကရေစီအင်းအားအကြားပြိုင်ပွဲတစ်ခုလား?


လက်ရှိဖြစ်ပေါ်နေသည့်နိုင်ငံရေးအရှုပ်အထွေးဟာသိမ်းမွေ.ပြီးနက်နဲလှသည်၊ Invincible Hand လက်မမြင်သည့်နောက်ကျောရိုက်ချိုးနေသူများရှိနိုင်သလိုလက်မြင်ပြီးပါးရိုက်နေသူများလည်းရှိသည်၊ဤအင်းအားနှစ်ရပ်ကပေါင်းစပ်ပြီးနိုင်ငံတော်အာဏာကိုအင်းအားအသစ်တစ်ရပ်လက်ထဲမှာအပ်ဖို.လုပ်နေသလားလို.စဉ်းစားစရာဖြစ်သည်၊

သိန်းစိန်းအစိုးရကလည်းတွန်.ဆုတ်တွန်.ဆုတ်လုပ်နေသလိုလိုဟန်ဆောင်နေသလား၊တကယ်အတိအကျလားဆိုတာပြောနိုင်ဖို.ခက်တယ်၊နောက်ပြီးတော့၊ဒီမိုကရေစီဘက်တော်သားများကမျိုးဆက်သစ်လူငယ်များအင်းအားတောင့်တင်းလာသည်နဲ.အမျှအရင်အာဏာရှင်ဟောင်ရဲ.မျှော်မှန်းခဲ့သည့်သူတို.ဘက်ကမျိုးဆက်သစ်တွေမွေးထုတ်ထားတာကိုစင်မြင့်ပေါ်တင်ပြီးကပြဖို.ပြင်ဆင်သည့်ခြေလှမ်းများဖြစ်နေမလားလို.လည်းတွေးစရာဖြစ်နေတယ်၊သမိုင်းအရပြန်လေ့လာကြည့်ရင်၊ဦးနေဝင်ကအာဏာရှင်စနစ်ရဲ.တပည့်များကိုမွေးထုတ်ခဲ့ပြီးသန်းရွေ၊စောမောင်၊ခင်ညွန်.၊မောင်အေး၊သိန်းစိန်း၊စသည့်တပည့်ကောင်းများပေါ်လာတယ်၊သို.သော်၊သူ.အပေါ်သစ္စာဖောက်သွားသည့်တပည့်တွေများသာဖြစ်သွားသည်၊

တစ်ဖန်၊၁၉၆၂ ခုနှစ် ဦးနေဝင်အာဏာသိမ်းပွဲနောက်ပိုင်း ကျောင်းသားတွေဘက်ကဒီမိုကရေစီတပည့်ကောင်းများပေါ်လာခဲ့သည်၊အာဏာရှင်စနစ်ဆန်.ကျင်ရေးစိတ်ဓါတ်မြင့်မာသည့်ကျောင်းသားခေါင်းဆောင်များပေါ်လာသည်၊ဒီလိုတဖြည်းဖြည်းနဲ.အင်းအားတစ်ဘက်နဲ.တစ်ဘက်အင်းအားတည်ဆောက်လာခဲ့ပြီး (၁၂)နှစ်လောက်ကြာလာသော်(၁၉၇၄)ခုနှစ်တွင်းဦးသန်.အရေးအခင်းပေါ်လာတယ်၊ကျောင်းသားတွေဘက်ကခေါင်းဆောင်များပေါ်လာခဲ့သလိုအာဏာရှင်တွေဘက်ကလည်းအကြမ်းဖက်သမားခေါင်းဆောင်များထပ်ပေါ်လာပြန်သည်၊ဤစစ်ပွဲကဒီမိုကရေစီစနစ်ဘက်တော်သားကရှုံးနိမ့်ခဲ့သည်၊

ဒီလိုနဲ.ဘဲ၊ နောက် (၁၄)နှစ်ကြာလာသော် (၁၉၈၈)ခုနှစ်တွင်းဒီမိုကရေဘက်တော်သားများကကျောင်းသားများဦးဆောင်ပြီးလူထုအရေးတော်ပုံကြီးပေါ်ပေါက်လာတယ်၊အာဏာရှင်တွေဘက်ကလည်းဦးနေဝင်နှုတ်ထွက်ပေးသွားခဲ့ပေမည့်သူရဲ.လက်မနှေးသည့်တပ်ည့်များကဆက်လက်တာဝန်ယူခဲ့သည်၊ဒီမိုကရေစီဘက်ကကျောင်းသားသူ၇ဲကောင်များပေါ်လာသလိုအာဏာရှင်ဘက်မှလည်းအာဏာရှင်သူရဲကောင်းများပေါ်လာပြန်တယ်၊ဒါပေမဲ့၊ဒီမိုကရေစီစနစ်ကဘက်တော်သားများထပ်ပြီးရှုံးနိမ်းခဲ့သည်၊

ဦးနေဝင်အာဏာရှင်ရဲ.အမွေးအနှစ်ကိုသေသေချာချာဆက်ခံသွားသည့်တပည့်ကဦးသန်းရွှေဘဲပြောရမှာပါ၊ဦးသန်းရွှေကအာဏာရှင်စိတ်ဓါတ်မြင့်မာသည့်စစ်ဗိုလ်စစ်သားများကိုအများကြီးမွေထုတ်လိုက်သလိုအရပ်သားများကိုလည်းမွေးထုတ်ထားသည်၊ကြံ.ဖွတ်တို.၊စွမ်းအားရှင်တို.၊အမျိုးသမီးများအဖွဲ.တို.၊ဝန်ထမ်းအာဏာရှင်များအဖွဲတို.အပါအဝင်ဘက်ပေါင်းစုံကနေမွေထားတယ်၊ဒီမိုကရေစီဘက်တော်သားတွေကလည်းအင်းအားတဖြည်းဖြည်းတိုးတက်လာပြီး ၂၀၀၇ ခုနှစ်တွင်းအာဏာရှင်သန်းကိုပြန်ပြီးတော်လှန်ခဲ့သည်၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့်ရဟန်းသံဃာတော်များကဦးဆောင်တိုက်ပွဲဝင်ခဲ့သည်၊ဒီတိုက်ပွဲကလည်းဒီမိုကရေစီဘက်တော်သားများဘက်ကရှုံးနိမ်းသွားခဲ့ပြန်သည်၊

ယခုတစ်ဖန်ဖြစ်ပေါ်ပြောင်းလဲနေသည့်အခြေအနေကလည်းဒီမိုကရေစီဘက်တော်သားများဘက်ကလူထုအခြေပြုအဖွဲ.အစည်းများ၊နိုင်ငံရေးအဖွဲ.အစည်းများ၊အလွှာအသီးသီးကအဖွဲ.အစည်းများအင်းအားတော်တော်ကောင်းလာသည့်အချိန်ဖြစ်သည်၊နိုင်ငံတကာနဲ.လည်းအသိအမှတ်ပြုပြီးဆက်ဆံရေးလမ်းကြောင်းကောင်းမွန်လာနေတယ်၊ဤကဲ့သို.၊အင်းအားတောင်းတင်းလာနေသည့်ဒီမိုကဘက်တော်သားများကိုအာဏာရှင်ဟောင်သန်းရွှေနဲ.သူ.အလိုတော်ရိတပည့်များကသွေးတိုးစမ်းနေသလားလို.သံသယဖြစ်နေပါသည်၊

ဤကဲ့သို.၊အကြောင်းအကြောင့်ပင်၊လက်ပန်းတောင်းတောင်စီမံကိန်းဆန္ဒပြသူများအပေါ်အကြမ်းဖက်ဖြိုခွင်းမှုလုပ်ရပ်ကိုသိန်းစိန်းအစိုးရကနေလိမ်မာပါးနပ်စွာနဲ.စုံစမ်းရေးကော်မရှင်ထဲတွင်းဒီမိုကရေစီဘက်တော်သားများကိုအဓိကဇာတ်လိုက်အဖြစ်ထားပြီးဖွဲ.စည်းပေးလိုက်သည်၊ဒီကော်မရှင်ကသန်းရွှေအာဏာရှင်ရဲ.သွေးတိုးစမ်းမှုကိုရင်ဆိုင်ရမည်ဖြစ်သည်၊သိန်းစိန်းတို.ကခေါင်းရှောင်တဲ့အနေနဲ.ဝေဝေနေပြီးလက်ပိုက်ကြည့်နေကြမည်ဖြစ်သည်၊ဦးနေဝင်အပေါ်ဦးသန်းရွှေကဗြောင်တင်သစ္စာဖောက်ခဲ့သည့်ဖြစ်ရပ်မျိုးလိုဦးသိန်းစိန်းကမလုပ်ချင်ဘူး၊မသိမသာလည်ပင်ညှစ်သတ်မည့်နည်းကိုသာသုံးချင်သည့်သဘောတွေ.ရသည်၊

ဒါကြောင့်၊လက်ရှိပြဿနာဟာအာဏာရှင်ဘက်တော်သားများနဲ.သိန်းစိန်းအစိုးရတို.အင်းအားပြိုင်သည့်စစ်ပွဲမဟုတ်ဘဲအာဏာရှင်အင်းအားနဲ.ဒီမိုကရေစီဘက်တော်သားများအင်းအားပြိုင်ဆိုင်သည့်ပွဲသာဖြစ်ကြောင်းကိုသိန်းစိန်းအစိုးရကသိစေချင်လို.ကော်မရှင်ထဲမှာဒီမိုကရေစီဘက်တော်သားများကိုအဓိကထားပြီးထည့်လိုက်တာဖြစ်ပါကြောင်းတင်ပြလိုက်ရပါသည်။

ဝ နှင့် မိုင်းလားနယ်မြေသို့ ဦးအောင်မင်းရောက်ရှိလည်ပတ်

တိုင်းရင်းသားအသံ

 ဝ နှင့် မိုင်းလားနယ်မြေသို့ ဦးအောင်မင်းရောက်ရှိလည်ပတ်


December 03, 2012 Posted by သျှမ်းသံတော်ဆင့်

မြန်မာအစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလု
ပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်သော အဖွဲ့ အထူးဒေသ ၂ ဌာနချုပ် ပန်ဆန်း နှင့် အထူးဒေသ ၄ မိုင်းလားမြို့သို့ လည်ပတ်ရန် ယနေ့နေ့ခင်းပိုင်း၌ ရဟတ်ယာဉ်နှစ်စီးဖြင့် ရောက်ရှိလာကြောင်း တရုတ်နယ်စပ်သတင်းရပ်ကွက် ကပြောပါသည်။

“ ရယတ်ယာဉ် ၂ စီးလာတယ်။ ဝေဟင်က အင်အားနဲ့ မြေပြင်ကလာတဲ့အင်အား စုစုပေါင်း ၅၀ လောက်ရှိမယ်။ မိုင်းလားကို မွန်းတည့်မှာ ရောက်တယ်။ ၃ နာရီမှာ ဆီလူးကိုသွားတယ်။ ဒီည ကျိုင်းတုံကို သွားအိပ်မယ်။ နက်ဖြန် ဝ ပြည်နယ်ကို သွားမယ်” ဟု မိုင်းလားတပ်ဖွဲ့နှင့်နီးစပ်သူတဦးက ဆိုပါသည်။

ဦးအောင်မင်းနှင့်အတူ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ တတိယ ဥက္ကဌ ဦးသိန်းဇော်၊ ပြည်ထောင်စု နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး ၊ သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ ပြည်နယ် နယ်စပ်ရေးရာဝန်ကြီးဦးအောင်သူ အပြင် လားရှိုးအခြေစိုက် ရမခ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး တို့ ဟက်စကီးဖြင့် ရောက်ရှိကြောင်း၊ ကားဖြင့်လည်း လုံခြုံရေးအင်အား ၃၀ ကျော် ရောက်ရှိကြောင်း စုစုပေါင်းအင်အား ၅၀ ကျော် ရှိကြောင်း ၎င်းကပြောသည်။

“ မွန်းတည့်မှာ မိုင်းလားကိုရောက်လာကြတယ်။ ၁ နာရီခွဲအထိ စကားပြောတယ်။ ပြီးရင်နေ့လည်စာစားကြတယ်။ နေ့ခင်း ၂ နာရီခွဲ မိုင်းလားမြို့မှာလည်ကြပတ်ကြတယ်။ ၃ နာရီမှ တပ်မဟာ ၃၆၉ ဆီလူးကိုသွားကြတယ်။ ဒီည ကျိုင်းတုံကိုပြန်သွား အိပ်မယ်။ နက်ဖြန်မှ ဝ ပြည်ကိုသွားမယ်” ဟု မိုင်းလားအရာရှိများနှင့်နီးစပ်သည့် အခြားပုဂ္ဂိုလ်တဦးကလည်းပြောသည်။

မိုင်းလားတပ်ဖွဲ့ဘက်က ဥက္ကဌကြီး ဦးစိုင်းလင်းမှအစ အကြီးအကဲများအားလုံး ပါဝင် တွေ့ဆုံခဲ့ကြကြောင်း၊ မိုင်းလားမြို့ ဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရေး တင်ပြချက်မှလွဲ၍ တခြားသောတောင်းဆိုမှု မရှိခဲ့ကြောင်း ဆိုပါသည်။

တွေ့ဆုံစကားပြောကြရာ၌ ဦးအောင်မင်းက မိုင်းလားခရီးစဉ်မှာ မိမိ၏ ပထမဆုံးသောခရီးစဉ်ဖြစ်ပြီး ရင်းနှီးမှုတည်ဆောက် ရေးအတွက် ခရီးစဉ်ဖြစ်ကြောင်း၊ သဘောတူညီမှုများကို လက်တွေ့အကောင်အထည်ဖော်ဖို့ သာပြောသွားကြောင်း တရုတ်နယ်စပ်မှ ပုဂ္ဂိုလ်က ဆက်ပြောသည်။

သိန်းဇော်ကမူ - ဆွေးနွေးကြစဉ်က တင်ပြသော မိုင်းလား၏ တောင်းဆိုချက်များကို ဖြစ်မြောက်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးသွားမယ် ဖြစ်ကြောင်း၊ မိုင်းလားမှ တင်ပြထားသော သစ်လုပ်ခွင့် တန်ချိန် ၁ သောင်းအတွက် လောလောဆယ် တန်ချိန် ၁ ထောင် လုပ်ရန် ပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် သတ္တုတွင်း၊ လျှပ်စစ်မီးထုတ်လုပ်ရေးစီမံကိန်းစသည် တို့ကိုလည်း လုပ်ခွင့်ပေးကြောင်း ပြောဆိုသည်။

စစ်ရေးနှင့်ပတ်သက်၍ မိုင်းလားတပ်ဖွဲ့အား ၂၀၀၈ ဖွဲ့စည်းပုံ အတိုင်းလုပ်သွားရန် ဦးသိန်းဇော်က တိုက်တွန်းခဲ့သည်ဟု ဆို၏။ လာမည့် လွှတ်တော်အစည်းအဝေး သို့လည်း မိုင်းလားဘက်မှ ကိုယ်စားလှယ်များအား လေ့လာ နိုင်ရန် ပို့ပေးစေ လိုကြောင်း ပြောဆိုခဲ့သည်ဟုဆို၏ ။

“ ငွေက ကျပ်သိန်း ၆၀၀ ကျော် ပေးသွားတယ်။ ကျပ်သိန်း ၄၀၀ က လစာငွေ ၂ လစာ ပေါ့။ တလ ၂၀၀ သိန်းပေးမယ်လို့ ဆွေးနွေးပွဲမှာသဘောတူထားတာကိုး။ ကျန်တဲ့သိန်း ၂၀၀ က ဆန်ဖိုး ၂ လစာ ။ မြန်မာအစိုးရက ပေးသွားပါတယ်” ဟု ဆိုပါသည်။

သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ ဦးအောင်မင်းသည် ၀ တပ်ဖွဲ့ဒေသဖွံ့ဖြိုးရေး (ပန်ဆန်း -မန်းဆိုင်လမ်း တည်ဆောက်ရန်) လုပ်ငန်းအတွက် ကျပ်ငွေ သန်း ၄၀၀ ထောက်ပံ့ပေးရန်ရှိကြောင်း နီးစပ်သူတဦးက ပြောပြပါသည်။

“ ပန်ဆန်းကသက်ဆိုင်ရာအရာရှိတွေရဲ့ အဆိုအရတော့ တစ်ကီလိုမီတာကို တရုတ်ငွေ ၂ သန်း (မြန်မာငွေ ကျပ် သန်း ၂၇၀ ) ကုန်ကျတယ်လို့သိရပါတယ်” ဟု ၎င်းကဆိုပါသည်။

ဦးအောင်မင်းနှင့်အဖွဲ့သည် နက်ဖြန်မနက်ပိုင်း ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် အထူးဒေသ ၂ ၏ မြို့တော် ပန်ဆန်းသို့ သွားရောက်လည်ပတ်ဦးမည်ဖြစ်ကြောင်းသိရသည်။

ဝ တပ်ဖွဲ့သည် ယမန်နှစ်အတွင်း စက်တင်ဘာလ ၆ ရက် တွင် ပဏာမအပစ်ရပ်ရေးဆင့်၊ အောက် တိုဘာလ ၁ ရက်နေ့တွင် ပြည်ထောင်စုမှ မခွဲထွက်ရေးအပါအဝင် မူးယစ်ဆေးဝါးတိုက်ဖျက် ရေးအစရှိပါ သည့် ပြည်ထောင်စုအဆင့် ပထမ အကြိမ် မြန်မာအစိုးရနှင့် တွေ့ဆုံခဲ့ကြ၏။ ဒီဇင်ဘာလ ၂၆ ရက် ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်တွေ့ဆုံမှုမှာမူ လွှတ်တော် ၃ ရပ်၌ ဝ ကိုယ်စားပြုလွှတ်တော်အမတ် ထားရှိရေး စသဖြင့် ဆွေးနွေးထားခဲ့ဖူးပါသည်။ မိုင်းလားတပ်ဖွဲ့မှာမူ ယမန်နှစ် စက်တင်ဘာလ ၇ ရက် တွင် ပဏာမအဆင့်၊ အောက်တိုဘာလ ၉ ရက်တွင် ပြည်ထောင်စုအဆင့် ပထမအကြိမ် နှင့် ဒီဇင်ဘာလ ၂၇ ရက်တွင် ဒုတိယအကြိမ် မြန်မာအစိုးရနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

စုံစမ်းရေးကော်မရှင်မှစဉ်းစားရမည့်အချက်များ

တိုင်းရင်းသားအသံ

 

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းဆန္ဒပြသူများကိုလူမဆန်စွာဖြိုခွင်းခဲ့မှုနဲ.ပတ်သက်၍စုံစမ်းစစ်ဆေးရေးမလုပ်ခင်အောက်ပါအချက်များကိုသေသေချာချာအရင်လေ့လာဖို.လိုတယ်၊


(၁)စစ်အာဏာရှင်၏အကြွင်းအကျန်များအားလုံးပူးပေါင်းလုပ်ဆောင်ချက်လား?
(၂)စစ်အာဏာရှင်တစ်ချို.နဲ.ခရိုနီများပူးပေါင်းလုပ်ဆောင်ချက်လား?
(၃)အာဏာရှင်စနစ်ယုံကြည်သူများ၏အင်းအားနဲ.ဒီမိုကရေစီစနစ်ယုံကြည်သူများ၏အင်းအားအကြားအားပြိုင်မှုတစ်ခုလား?
(၄)အငြိမ်းစားစစ်ဗိုလ်အာဏာရှင်ဟောင်များ၏အပေါင်းအပါးနဲ.ခရိုနီများပူးပေါင်းလုပ်ဆောင်ချက်လား?
(၅)အခြားသောရည်ရွယ်ချက်တစ်ခုရှိရှိနဲ.လုပ်ဆောင်ချက်လား?ဆိုတာလေ့လာဖို.လိုတယ်၊

လုပ်ဆောင်သင့်သည့်တုံ.ပြန်ချက်များ
(၁)နံပါတ်သစ်ဖြစ်ရင်အပြောင်းအလဲလုပ်နေပါတယ်ဆိုတာလိမ်လည်ရာကျသဖြင့်လူထုအင်းအားဖြင့်စစ်အာဏာရှင်စနစ်ကိုအပြီးသတ်တိုက်ပွဲဝင်ရမည်
(၂)နံပါတ်နှစ်ဖြစ်ရင်စစ်အာဏာရှင်တစ်ချို.ရဲ.နာမည်နှင့်ခရိုနီများနာမည်ကိုထုတ်ပြန်ပြီးပြည်သူလူထုများအားကြေညာပေးရမည်၊လွှတ်တော်ကနေဥပဒေအရအရေးယူရမည်၊
(၃)နံပါတ်သုံးဖြစ်ရင်ဒီမိုကရေစီစနစ်ယုံကြည်သူများ၏အင်းအားကြီးထွားလာအောင်တိုက်ပွဲဝင်ရမည်၊
(၄)နံပါတ်လေဖြစ်ရင်အငြိမ်းစားစစ်ဗိုလ်အဟောင်များကိုအပြီးအပိုင်ရှင်းထုတ်ရမည်၊
(၅)နံပါတ်ငါဖြစ်ရင်ပြဿနာဖြစ်အောင်လှုံ.ဆော်လုပ်ဆောင်သည့်လူကိုအရေးယူရမည်၊အစိုးရကအရေးယူမပေးရင်အစိုးရအဖွဲ.အားလုံးနှုတ်ထွက်ဖို.တောင်းဆိုရမည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.