တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Saturday, March 24, 2012

တိုင်းရင်းသားအသံ၏စစ်ရေးယုံကြည်ချက်

တိုင်းရင်းသားအသံ
တိုင်းရင်းသားအသံ၏စစ်ရေးယုံကြည်ချက် ရန်သူကိုနိုင်ဖို.ကလက်နက်အင်းအား၊စစ်အင်းအားအပေါ်အများကြီးမူမတည်ဘူး၊ရန်သူကိုနိုင်အောင်သေတဲ့အထိတိုက်ချင်သည့်ဆန္ဒရှိမရှိအပေါ်သာမူတည်တယ်၊ To win the war with the enemy, it does not depend on weaponry and soldiers much. It totally depends on the will to fight until death (တိုင်းရင်းသားအသံ၏စစ်ရေးယုံကြည်ချက်)

Wednesday, March 21, 2012

အထက်နှင့် အောက်ပိုင်းသား တန်းတူရေး ဆိတ်သုဉ်းနေခြင်း။

တိုင်းရင်းသားအသံ
အထက်နှင့် အောက်ပိုင်းသား တန်းတူရေး ဆိတ်သုဉ်းနေခြင်း။ 

အပါးဟောင်းမွန်။ မတ် ၁၅၊ ၂၀၁၂ 
 အောင်နိုင်ရေး၊ တန်တူရေး ရဖို့အတွက် စစ်အုပ်ချုပ်ရေး ဥပဒေကို အင်တိုက်အားတိုက်ဖြင့် ဆန့်ကျင် တိုက်နေမယ့်အစား၊ တပ်ထဲက ရှင်ဘုရင် တိုင်းမှူးအချင်းချင်းကြား သဘောထား မတိုက်ဆိုင်တာတွေ၊ မြန်မာပြည်အောက်ပိုင်းနှင့် အထက်ပိုင်းသား အာဏာခွဲဝေမှု အဆင့်ချင်း မတူညီတာတွေကို လေ့လာသင့်ပြီး ဘယ်သူက မှား/မှန် တယ်ဆိုတာ ထောက်ပြသွားဖို့ အချိန်တန်နေပြီ။ အာဏာခွဲဝေမှုနဲ့ ပတ်သက်ပြီး တပ်မတော်ထဲမှာဆိုရင် မြန်မာပြည်အောက်ပိုင်းသားနဲ့ အထက်ပိုင်းသား အခွင့်အရေး မတူညီတာတွေ ရှိနေနိုင်တယ်ဆိုတာ ငြင်းပယ်လို့ မရပါဘူး။ ဗိုလ်နေဝင်းနဲ့ ဗိုလ်သန်းရွှေတို့လို အာဏာသိမ်း စစ်ခေါင်းဆောင်တွေကတော့ သက်ဦးဆံပိုင်စနစ်လို နိုင်ငံကို အုပ်ချုပ်ခဲ့တယ်။ တပည့်ရင်းကို မြေတောင်မြှောက်ပြီး အနေဝေးနေတဲ့ သူကိုတော့ ထိပ်ပိုင်းနေရာထဲ မရောက်နိုင်အောင် နည်းပရိယာယ် အမျိုးမျိုးနဲ့ နှိပ်ကွပ်ဖုံးကွယ်ခဲ့တယ်။ အဖေက ဘုရင်ဆိုရင် သားက ဘုရင်ပဲ။ ဒီအချက်ကို ကြည့်ချင်းအားဖြင့် ဗိုလ်သန်းရွှေ တပည့်ရင်း ဗိုလ်ချုပ်မင်းအောင်လှိုင် ကာကွယ်ရေး စစ်ဦးစီးချုပ် ဖြစ်လာတာဟာ အဆန်းတော့ မဟုတ်ပါဘူး။ ဗိုလ်ချုပ်မင်းအောင်လှိုင်ထက် အုပ်ချုပ်ရေးပိုင်းမှာ အတွေ့အကြုံ ကြွယ်ဝပြီး အရည်ချင်းရှိတဲ့ စစ်ဗိုလ်ချုပ်တွေကို ကိုယ်ချင်းစာမိတာ အမှန်ပါ။ တန်းတူရေး ဆိတ်သုဉ်းနေတဲ့ အခြေခံ ဥပဒေကြောင့် ပြည်သူလူထုတွေ အခက်ကြုံနေရတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာဟာ ဒေသစွဲ ပြဿနာ၊ ဆရာစွဲ တပည့်စွဲ ပြဿနာပါပဲ။ ဒီအကြောင်းတွေဟာ တပ်မတော်ထဲက ဝန်ထမ်းတွေ ဒေသအကန့်အသတ်ကြောင့် ရာထူး မတက်နိုင်တဲ့ ဝန်ထမ်းကောင်းတိုင်း ပိုနားလည်မှာပါ။ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေဟာ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး သူကိုယ်တိုင် ပြဌာန်းခဲ့တဲ့လမ်းစဉ်နဲ့ ဆန့်ကျင်ဖက် ဖြစ်နေပြီ။ ဆရာစွဲ ဒေသစွဲ ဂိုဏ်းဂနစွဲတဲ့ လူ တစုကြောင့် သူ့ကို လုပ်ကြံခဲ့ရုံမျှမက သူ့ဆွေမျိုး သူ့သမီး နောက်ဆုံး သူ့လမ်းစဉ်ကို ထောက်ခံနေတဲ့ ပြည်သူလူထုတောင် အဆန့်ကျင်ခံ လာရတယ်။ ရာထူးသာရှိ အာဏာမရှိတဲ့ ဗိုလ်ချုပ်တွေ ကြတော့ ပြည်သူလူထုအတွက် ထုတ်ဖေါ်ပြောဆိုခွင့် မရှိခဲ့ပါဘူး။ နိုင်ငံရေး လှုပ်ရှားမှုပိုင်းမှာ (libreralism) ကဲ့သို့ မျှတတဲ့ မူဝါဒကို ခံယူဖေါ်ထုတ်ချင်ပေမဲ့ အခွင့်မသာလို့ လုပ်ခွင့်မရတဲ့ ဗိုလ်ချုပ်တွေ အများကြီး ရှိနေနိုင်ပါတယ်။ မြန်မာပြည်တွင် ဘယ်သမတပဲ တက်တက် ဘယ်လိုဖွဲ့စည်းပုံ အခြေခံဉပဒေပဲ ပြောင်းလဲနေပါစေ တပ်မတော်ရဲ့ ထိပ်တန်းခေါင်းဆောင် အချင်းချင်းကြား ပုဂ္ဂိုလ်ရေးစွဲ၊ ဆရာစွဲ၊ တပည့်စွဲ၊ ဒေသစွဲတဲ့ လမ်းစဉ်ကို ခံယူထားနေသရွေ့တော့ ယုံကြည်စိတ်ချရတဲ့ အခြေခံ ဥပဒေတရပ် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီပြဿနာတွေ ရှိနေသရွေ့တော့ လာဘ်စားမှု (corruption) ပြဿနာဆိုတာ ရှိနေဦးမှာပဲ။ အာဏာသိမ်းမှုတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်။ ဗိုလ်သန်းရွှေရဲ့ လက်ဝဲဖက် လူယုံတော် ဗိုလ်ရွှေမန်း ယခုလွှတ်တော် ဥက္ကဌဟာ တချိန်က ရွှေတြိဂံ နယ်မြေက တရားမဝင် မူးယစ်ဆေးဝါ ရောင်းဝယ်မှုနဲ့ ဆက်စပ်နေခဲ့ပါတယ်။ လောစဝ်ဟန်ရဲ့ ဘိန်းနောက်ခံနဲ့ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ရွှေမန်းတို့ကို ဟောင်ကောင် F.W.I.F.T ကတဆင့် တနှစ်ကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် Bank of China (အစိုးရပိုင်) သို့ လွှဲပြောင်းပေးပို့ခဲ့တယ်လို့ စိန်လွင်ရဲ့ ‘သမိုင်းဘီးနစ်ခဲ့သူများ ဆောင်းပါးမှာ ဖေါ်ပြထားတယ်။ ဒီလို အကျင့်ပျက်နေတဲ့ ပုဂ္ဂိုလ်တယောက်ဟာ ယခု လွှတ်တော် ဥက္ကဌနေရာမှာ တာဝန်ရယူပိုင်ခွင့် ရှိနေခဲ့ပါတယ်။ သမတနေရာမှာ ရယူနိုင်ဖို့ အလားအလာ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နိုင်ငံတော် သမတအဖြစ် ဝင်ရောက် မယှဉ်ပြိုင်နိုင်ဖို့ တားမြစ်ထားတဲ့ ဥပဒေပြဌာန်းချက်မှာ ရှိနေပါသေးတယ်ဆိုရင် ဒီနေရာကို စစ်တပ်တွေထက် ပိုထိုက်သန်တဲ့လူ မရှိတော့ဘူးလား မေးခွန်းထုတ်ရတော့မယ်။ တပြည်လုံး အတိုင်းတာဖြင့် လေးစားခြင်း ခံရတဲ့ပုဂ္ဂိုလ် လူထုစိန်ဝင်းတို့လိုကော အရေးမပါတော့ဘူးလား။ မြန်မာပြည်အောက်ပိုင်းသားနဲ့ တိုင်းရင်းသားတွေ လေးစားရတဲ့ ဗိုလ်ချုပ်ဟောင်း ဦးခင်ညွန့်ကိုရော နိုင်ငံရေး အသိုင်းအဝိုင်းထဲ ပြန်မရောက်နိုင်တော့ဘူးလား၊ ဒါတွေကို ထည့်စဉ်းစားပေးဖို့ လိုတယ်။ ဦးခင်ညွန့်က အောက်ပိုင်းသား ဖြစ်နေလို့ သူ့ကို အားပေးထောက်ခံနေတာ မဟုတ်ဘူး။ ဥပဒေရဲ့ ပြဌာန်းချက်အောက်မှာ မြန်မာပြည် အထက်ပိုင်းသားနဲ့ အောက်ပိုင်းသား တသားတည်း ရှိနေသင့်တယ်ဆိုတာ ယုံကြည်ခြင်း ဖြစ်တယ်။ အထက်ပိုင်းသားရဲ့ အပြစ်ကို ခွင့်လွှတ်နိုင်ရင် အပြစ်မရှိတဲ့ အောက်ပိုင်းသားကို အပြစ်ဖြစ်အောင် မကြံဖန်သင့်ဘူးလို့ ထင်တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ရေစီးကြောင်း တပ်မတော် ရေစီးကြောင်းဟာ အထက်မြန်မာပြည်သား အများစုကသာ ကြီးစိုးလွှမ်းမိုးနေခဲ့တယ်။ မြန်မာပြည်ရဲ့ အခြေခံဥပဒေဟာ ဖက်ဒရယ်ပြည်ထောင်စုစနစ်သို့ ရှေ့ရှုတဲ့ နိုင်ငံရေးစနစ်ကို ကျင့်သုံးနိုင်ဖို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ လိုအပ်နေသလို အထက်ပိုင်းသားနဲ့ အောက်ပိုင်းသားကြား တန်းတူတဲ့ အခွင့်ရေး ရရှိဖို့ လိုအပ်နေပါတယ်။ တင်းကျပ်တဲ့ စစ်အာဏာရှင်ပီပီ တိုင်းပြည်ကို အနှစ် (၅၀) ကျော်တိုင်အောင် အထက်ပိုင်း အစိုးရကသာ အုပ်ချုပ်ခဲ့ပါပြီ။ အထက်ပိုင်းအစိုးရသည် ‘စစ်မှန်သော ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး’’ ဟူသည့် မူတရပ်ကို အတိအလင်း ကြေညာထားသော်လည်း ချမှတ်ပြီး ကျင့်သုံးနေသော မူများသည့် တန်းတူရေး ဆိတ်သုဉ်းနေပါတယ်။ ထိုကိစ္စသည် အနာဂတ်တွင် အငြင်းဖွယ်စရာ ကိစ္စဖြစ်နေတယ်။ အချုပ်အခြာအာဏာသည် လူထုထံမှ ဆင်းသက်ရမည်ဟု လက်ခံထားလျှင် အဘယ်ကြောင့် ပြည်သူလူထု ဆန္ဒအစစ်အမှန်နှင့် တန်းတူရေး အစစ်အမှန်ကို ငြင်းပယ်နေရပါသနည်း။ မြန်မာပြည် အထက်ပိုင်းသားနှင့် အောက်ပိုင်းသားကို အဘယ်ကြောင့် သွေးခွဲပြီး အုပ်ချုပ်နေပါသနည်း။ အထက်ပိုင်းသား အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တယား အဓိကနေရာများမှာ အောက်ပိုင်းသား အများစုက နေရာ မရကြပါဘူး။ ဒီကိစ္စရဲ့ အလားအလာ ဘယ်လိုရှိလာမလဲ ဆိုတာ ဘယ်သူမှ အမှန်တကယ် မခန့်မှန်းနိုင်ပါဘူး။ တကယ်တော့ အထက်ပိုင်းသားကသာ မြန်မာနိုင်ငံကို အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ တန်းတူရေး ဖြစ်မလာမချင်း ဒီအတိုင်းပဲ နောက်နောင် ကာလကြာရှည်တဲ့အထိ သူတို့ပဲ ဆက်အုပ်ချုပ်နေမယ်လို့ ယူဆရပါတယ်။ စစ်တပ်အာဏာကို မြန်မာပြည် အထက်ပိုင်းသားတွေ ကြာကြာဆက်ကိုင်ထားလေလေ နိုင်ငံကို ကြီးပွားတိုးတက် ငြိမ်းချမ်းမှု နှောင့်နှေးနေ လေလေပဲ။ တိုင်းရင်းသား လူမျိုးစုတွေအဖို့ (သို့မဟုတ်) အောက်မြန်မာပြည်သားတွေအတွက် တန်းတူရေး ဆိတ်သုဉ်းနေခြင်းဘဝမှာ မွန်းကျပ် ဖိနှိပ်ခံရမှုနဲ့ ကြာရှည်နေဉီးမှာပဲ။ မှတ်ချက်။ ။ (ဤ အမြင်ဆောင်းပါးသည် ရေးသူ၏ အမြင်သက်သက်သာ ဖြစ်ပါသည်။ “ကောင်းဝါ” ၏ သဘောထားအမြင်ကို ကိုယ်စားပြုခြင်း မရှိပါ။)

Tuesday, March 20, 2012

April Fool Day: ကျော်ဆန်းစကားအရဦးသန်းရွှေစာဖတ်တာများလွန်လို.ဂေါက်သွားပြီ၊

တိုင်းရင်းသားအသံ

April Fool Day: ကျော်ဆန်းစကားအရဦးသန်းရွှေစာဖတ်တာများလွန်လို.ဂေါက်သွားပြီ၊

Friday, March 16, 2012

ကချင်ပြည်သူတွေရဲ.မဟာဓမ္မသေနင်္ဂ(တရားသည့်စစ်ပွဲကြီး)

တိုင်းရင်းသားအသံ
 ကချင်ပြည်သူတွေရဲ.မဟာဓမ္မသေနင်္ဂ(တရားသည့်စစ်ပွဲကြီး) 

ကချင်လူမျိုးတွေတိုက်နေသည့်စစ်ပွဲဟာခုခံစစ်ဖြစ်တာကြောင့်တရားသည့်စစ်ပွဲဖြစ်သည်၊ကချင်ပြည်ကိုဗမာစစ်တပ်ကကျူးကျော်ဝင်ရောက်တိုက်ခိုက်လာပြီးပြည်သူများကိုသတ်ဖြတ်သည့်ဟာကိုခုခံပေးသည့်အတွက်ကြောင့်မဟာဓမ္မသေနင်္ဂ(တရားသည့်စစ်ပွဲကြီး)လို.တိုင်းရင်းသားအသံမြင်တယ်၊

Monday, March 12, 2012

စကားကြီးကျယ်ပြောတတ်သည့်ထိပ်ပြောင်သိန်းစိန်းကိုတိုင်းရင်းသားခေါင်းဆောင်များတုံ.ပြန်ပြီ

တိုင်းရင်းသားအသံ စကားကြီးကျယ်ပြောတတ်သည့်ထိပ်ပြောင်သိန်းစိန်းကိုတိုင်းရင်းသားခေါင်းဆောင်များတုံ.ပြန်ပြီ 

ကြီးကြီးကျယ်ကျယ်လျှောက်ပြောနေတဲ့ သမ္မတကြီး သို့ ... နိုင်ငံတော်သမ္မတ အနေနဲ့ လက်နက်ကိုင်တိုင်းရင်းသား လူငယ်တွေ လက်ဖ်တော့ကိုင်နိုင်ရေး ထက် အစိုးရကျောင်းက ကလေးငယ်တွေ ကွန်ပျူတာကိုင်နိုင်အောင် အရင်လုပ်ပါ ဆိုပြီး ကေအဲန်ပီပီ နိုင်ငံခြားရေး ဒုတာဝန်ခံ ဦးရွှေမျိုးသန့်က ပြောတယ်လို့ ဒီနေ့ထုတ် street view ဂျာနယ် အင်တာဗျူးကဏ္ဍမှာ ဖော်ပြထားပါတယ်။ ဦးရွှေမျိုးသန့်က မြန်မာနိုင်ငံက တက္ကသိုလ် ကျောင်းများမှာရော အခြေခံကျောင်းများမှာပါ ကွန်ပျူတာလည်း လုံလုံလောက်လောက်မရှိ၊ လျှပ်စစ်မီးလည်း အပြည့်အ၀ မရ၊ ကလေးတွေလည်း ကွန်ပျူတာသင်နိုင်ခြင်း မရှိပဲ တိုင်းရင်းသားတွေကို စာနာဟန် ပြောဆိုတာကို ဝေဖန်ထောက်ပြတာ ဖြစ်ပါတယ်။ ဒါတင်မက ဦးရွှေမျိုးသန့်က မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေထက် အများကြီးနောက်ကျနေကြောင်း၊ ထိုင်းနိုင်ငံမှာဆိုရင် ဆင်းကဒ်တစ်ခု ၁၉ ဘတ်ပဲပေးရပြီး လူငယ်တစ်ယောက် ဖုန်းနှစ်လုံးလောက် ကိုင်နိုင်ကြောင်း၊ အင်တာနက်ကို နေရာတကာမှာ သုံးနိုင်ကြောင်း ဒီမိုကရေစီနိုင်ငံကို သွားချင်ရင် အစိုးရအနေနဲ့ ဒါမျိုးတွေ အရင်လုပ်သင့်ကြောင်း အင်တာဗျူးမှာ တိုက်တွန်းထားပါတယ်။ ( DVB TV news )

Saturday, March 10, 2012

၂၀၀၈ စစ်အာဏာအခြေပြု ဖွဲ့စည်းပုံတိုက်ဖျက်ရေးနှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး

တိုင်းရင်းသားအသံ
I F B N C 
INTERNATIONAL FOUNDATION FOR BURMA NATIONAL CONGRESS 
 နိုင်ငံတကာမြန်မာအမျိုးသားကွန်ကရက်ဖောင်ဒေးရှင်း
၂၀၀၈ စစ်အာဏာအခြေပြု ဖွဲ့စည်းပုံတိုက်ဖျက်ရေးနှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲဖိတ်ကြားစာ

(၂၈)ရက်၊ဖေဖော်ဝါရီလ၊၂၀၁၂ခုနှစ်

 ယနေ့ဖြစ်ပျက်နေသော နိုင်ငံရေးအခင်းအကျင်းများသည် နှစ်ပေါင်း(၂၀)ကျော်ကြာအောင်စစ်တပ် မှမတရားအောက်တန်းကျလှသော နည်းလမ်းများဖြင့်ရယူထားသောလက်သစ်စစ်အာဏာရှင်စနစ်ကိုဆက် လက်တည်ဆောက်ဖို့ ကြိုးစားနေသောအခင်းအကျင်းများဖြစ်သည်။ ထိုအခင်းအကျင်းများကကျွန်ုပ်တို့၏မူ လရည်မှန်းချက်ဖြစ်သောစစ်မှန်သောဒီမိုကရေစီစနစ်ရရှိရေးကိုတားဆီးပိတ်ဆို့နေသည်ဟုယုံကြည်သည်။ ကျွန်ုပ်တို့သည်စစ်အုပ်စုကအတင်းအဓမ္မ၊မတရားဖိနှိပ်ရေးဆွဲထားသော၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုလုံးဝလက်မခံနိုင်သလို၊ထိုဖွဲ့စည်းပုံဘောင်အတွင်းမှဖြစ်ပေါ်လာနေသောကူးပြောင်းမှုအသွင်သဏ္ဍာန်များ၊ ရွေး ကောက်ပွဲများ၊ အစိုးရများအားလုံးကိုဆက်လက်ဆန့်ကျင်တိုက်ပွဲဝင်သွားရန်သံဓိဌာန်ချထားပါသည်။ထိုသို့ တိုက်ပွဲဝင်သွားရာတွင်အမျိုးသားရေးအသွင်သဏ္ဍာန်ဖြင့်ပြည်သူ့အခွင့်အရေးလှုပ်ရှားမှု ပေါ်ပေါက်ရေးနည်း လမ်းကိုသမိုင်းပေးတာဝန်ဟုခံယူကာအစွမ်းကုန်အကောင်အထည်ဖော်ဆောင်ရွက်နေသလို၊နောက်သျိုဝင် နေသော စစ်အုပ်စုအာဏာရှင်များကို၎င်း၊ ရှေ့ထွက်၍ သရုပ်ဆောင်ပြနေသည့်ကြံ့ဖွံ့စစ်အုပ်စုကို၎င်း၊ထိပ် တိုက်ရင်ဆိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍မတရားဖိနှိပ်မှုမှန်သမျှကို တွန်းလှန်ဆန့်ကျင်သွား နိုင်မည့်လူထုလှုပ်ရှားမှုများပေါ်ပေါက်လာစေရေးအတွက်ရည်သန်ကာ အောက်ပါရည်ရွယ်ချက်များနှင့်အစီ အစဉ်များအတိုင်းဆန္ဒပြတောင်းဆိုပွဲများကိုကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့်ပူးပေါင်းပါဝင်ကြပါရန် ဖိတ်ကြား အပ်သလို၊ ပြည်တွင်းပြည်ပ နိုင်ငံတကာ အသီးသီးတွင်လည်း လူထုလှုပ်ရှားမှုများ ပေါ်ပေါက်ရေး အတွက် ကျွန်ုပ်တို့နှင့်အတူပြင်ဆင်လှုပ်ရှားကြပါဟုဖိတ်ကြားနိုးဆော်အပ်ပါသည်။
 (၁) မတရားသော၂၀၀၈ ဖွဲ့စည်းပုံနှင့် ကြပ်ပြေးလွတ်တော်အားဖျက်သိမ်းပေးရန်၊
(၂) တိုင်းရင်းသားဒေသ များတွင် တပ်စွဲထားသောမြန်မာတပ်များအားလုံးချက်ချင်းပြန်ရုပ်သိမ်း ပေးရန်နှင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကိုဖော်ဆောင်ရန်၊
(၃) ဆရာတော်ဦးဂမ္ဘီရ၊ ရွှေည၀ါဆရာတော်၊ဆရာတော်ဦးဃောသိတစသည့်သံဃာတော်များ အပေါ်မတရားအာဏာပြနေမှုများအားချက်ချင်းရပ်ဆိုင်းပေးရန်၊
(၄) ဦးမြင့်အေး၊ မန်းငြိမ်းမောင်(KNU)၊ ကိုသန်းဇော် ၊ ကိုအေးအောင်တို့ အပါအ၀င်နိုင်ငံရေးအ ကျဉ်းသားများအားလုံးလွတ်ပေးရန်၊
(၅)စီပွားရေးပိတ်ဆို့မှုများဆက်လက်ထားရှိရန်နှင့် လက်ရှိကြံ့ဖွံ့စစ်အုပ်စုအပေါ် ဖိအားပေးမှု နည်း စနစ်များ ကိုဆက်လက်ကျင့်သုံးသွားရန်၊
ဆန္ဒပြပွဲကျင်းပမည့်နေရာ(၁)။ ။ အမေရိကန်ကွန်ဂရက်အဆောက်အဦးရှေ့
ကျင်းပမည့်နေ့ရက်။ ။ မတ်လ(၂၄)ရက်၊ ၂၀၁၂ ခုနှစ်(စနေနေ့)
 စုရပ်နှင့်ကျင်းပမည့်အချိန်။ ။ နေလည်(၁၂)နာရီမှ(၂)နာရီအထိ
ဆန္ဒပြပွဲကျင်းပမည့်နေရာ(၂)။ ။ အမေရိကန်သမ္မတအိမ်ဖြူတော်ရှေ့
ကျင်းပမည့်အချိန်။ ။ နေ့လည်(၃)နာရီမှ(၄)နာရီ

မှတ်ချက်။ ။ အိတ်ဖွင့်တောင်းဆိုစာအား အမေရိကန်အောက်လွတ်တော်နှင့် အထက်လွှတ်တော်နိုင်ငံခြား ရေးရာကော်မတီဝင်အမတ်များ၊ လွှတ်တော်(၂)ရပ်၏ ဥက္ကဌများ၊ သမ္မတ ဘားရက်ခ် အိုးဘားမားတို့ထံပေးပို့ တောင်းဆိုသွားမည်ဖြစ်ပါသည်။

ဆက်သွယ်ရန်။ ။ ကိုရဲထွဋ်(၁-၃၄၇-၂၂၆-၀၅၇၂)၊ ကိုခင်စိန်(၁-၉၁၉-၂၃၁-၉၆၁)၊ ကိုမင်းနိုင် (၁-၇၁၆-၅၄၄-၁၁၇၂)၊ ကိုအောင်သန်း(၁-၉၁၉-၂၄၀-၉၃၈၃)၊ ကိုခွန်ထွန်းတောက်(၁-၅၀၃-၃၄၉-၉၉၇)၊ ကိုဇော်ဇော် (ယူတီ ကာ)(၁-၃၁၅-၇၃၁-၇၅၉၂)

Thursday, March 8, 2012

သစ္စာမဲ့သည့်ဗမာစစ်ခေါင်းဆောင်များ၊ဗမာ့တပ်မတော်နဲ.ကချင်အရေး

တိုင်းရင်းသားအသံ
သစ္စာမဲ့သည့်ဗမာစစ်ခေါင်းဆောင်များ၊ဗမာ့တပ်မတော်နဲ.ကချင်အရေး 

( ဗမာစစ်ခေါင်းဆောင်များသည်လူလိမ်ခေါင်းဆောင်များဖြစ်သည်၊ဗမာ့တပ်မတော်ဟာသစ္စာမဲ့သည့်တပ်မတော်ဖြစ်သည်)

လူထုတိုက်ပွဲနဲ.လက်နက်ကိုင်တိုက်ပွဲပေါင်းစပ်ပြီးတိုက်မှသာလျှင်ဗမာပြည်မှာစစ်မှန်သောဒီမိုကရေစီစနစ်ပေါ်လာနိုင်မည်၊ရွေးကောက်ပွဲနည်းလမ်းဖြင့်ဗမာပြည်ဒီမိုကရေစီမရနိုင်၊ ချင်၊မွန်၊ကရင်၊ကရင်နီ၊သျှမ်း၊တပ်မတော်တွေငြိမ်းချမ်းရေးယူထားပြီးနောက်ဗမာစစ်တပ်ကကချင်ပြည်နယ်မှာ
တပ်ရင်းပေါင်းများစွာတိုးချဲ.ပို.လိုက်သည်၊ဒါတွေကို၊မဟာမိတ်တပ်များကဆက်လက်လက်ပိုက်ကြည့်နေကြမည်
ဆိုရင်သမိုင်းကရိုင်းလွန်ပါလိမ့်မည်၊ကချင်ကိုဖိပြားသွားအောင်ထိုးပြီးလျှင်သျှမ်းစသည့်အခြားတစ်ဖွဲ.ဖွဲ.သို.အ
လှည့်ရောက်ပါလိမ့်မည်၊ဗမာစစ်တပ်ဟာသစ္စာမဲ့သည့်တပ်မတော်၊ဗမာစစ်ခေါင်းဆောင်ဆိုတာသစ္စာဖောက်
သည့်လူလိမ်ခေါင်းဆောင်များဖြစ်တယ်ဆိုတာမမေ့ကြပါနဲ.၊

အင်္ဂလိပ်နဲ.ပေါင်းပြီးဂျပန်ကိုတိုက်ထုတ်ခဲ့သလို
ဂျပန်နဲ.ပေါင်းပြီးအင်္ဂလိပ်ကိုတိုက်ထုတ်ခဲ့ပြန်သည်၊တိုင်းရင်းသားလူမျိုးစုများနဲ.ပေါင်းပြီးလွတ်လပ်ရေးကို
အရယူခဲ့သည်၊လွတ်လပ်ရေးရပြီးနောက်တန်းတူရည်တူအခွင့်အရေးအတွက်တောင်းဆိုခဲ့သည့်လူမျိုးစုများကို
ထိုးစစ်ဆင်တိုက်ခိုက်ပြန်သည်၊ဤကဲ့သို.၊ရိုင်းစိုင်းသည့်သစ္စာမဲ့သည့်စစ်ခေါင်းဆောင်များနဲ.တပ်မတော်ဟာကမ္ဘာ
မှာမရှိသလောက်ဖြစ်သည်၊ဒါကြောင့်၊ဗမာစစ်ခေါင်းဆောင်များသည်လူလိမ်ခေါင်းဆောင်များဖြစ်သည်၊ဗမာ့တပ်
မတော်ဟာသစ္စာမဲ့သည့်တပ်မတော်ဖြစ်သည်၊
လောလောဆယ်အခြေအနေအရ၊ထိပ်ပြောသိန်းစိန်းစကားကို
နာယောင်ပြီးယုံကြည်နေသူများရှိနေကြသည်၊သိန်းစိန်းဟာစစ်အုပ်ချုပ်မှုစနစ်ကိုရေရှည်အကာအကွယ်ပေးဖို.
အကောင်းဆုံးသရုပ်ဆောင်ဇာတ်လိုက်မင်းသားတစ်ယောက်ဖြစ်တယ်ဆိုတာမုချမှန်ကန်သည်၊သူ.အပြောနဲ.
သူ.အလုပ်မညီသည့်အချက်ပေါင်းများစွာကိုတစ်ခုပြီးတစ်ခုပေါ်လာနေပြီဖြစ်သည်၊မရိုသားသည့်နည်းလမ်း
များဖြင့်လုပ်ဆောင်နေတာတွေကိုလည်းပေါ်လာပါလိမ့်မည်။ထို.ကြောင့်၊လူထုတိုက်ပွဲနဲ.လက်နက်ကိုင်တိုက်ပွဲပေါင်းစပ်ပြီးတိုက်မှသာလျှင်ဗမာပြည်မှာစစ်မှန်သောဒီမိုကရေစီစနစ်ပေါ်လာနိုင်မည်၊ရွေးကောက်ပွဲနည်းလမ်းဖြင့်ဗမာပြည်ဒီမိုကရေစီမရနိုင်

Thursday, March 1, 2012

ပ်ပြောင်သိန်းစိန်း၏စကားကိုဆန်စစ်ကြည့်ခြင်း

တိုင်းရင်းသားအသံ

ထိပ်ပြောင်သိန်းစိန်း၏စကားကိုဆန်စစ်ကြည့်ခြင်း 
Laptop မပေးနဲ.၊လွတ်လပ်ရေးဘဲပေးပါ၊ Laptop မယူဘူးလွတ်လပ်ရေးဘဲယူမည်၊ကျုပ်တို. Laptop မလိုဘူး၊ပြည်သူများထမင်းဝအောင်သာလိုတယ်၊ 

၂၀၀၈ အခြေခံဥပဒေကိုစွဲမြဲစွာဆုပ်ကိုင်ထားပြီးပြောဆိုသည့်မိန်.ခွန်းဖြစ်သည်၊မဖြစ်နိုင်သည့်ဟာအများကြီးပါဝင်သည့်မိန်.ခွန်းလည်းဖြစ်သည်၊ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲသို.ဝင်မှသာလျှင်အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်တယ်လို.ပြောနေတယ်၊သူ.မိန်.ခွန်းကဗမာမဟုတ်သည့်လူမျိုးစုများအရေးနဲ.ပတ်သက်၍ကျုပ်တို.ဆန်စစ်ကြည့်ရင် ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်းဝင်မှာသာလျှင်ဖြေရှင်းပေးမည့်သဘောပါ၊လူမျိုးစုများလက်နက်ကိုင်ရသည့်အကြောင်းရင်းကိုဈေးနှိမ်းပြီးပြောဆိုသည်၊လက်နက်ကိုင်လူမျိုးစုလူ ငယ်များကိုကွန်ပြူတာ(စီးပွားရေးအခွင့်အလမ်းနှင့်ဗိုက်ပြဿနာ)ပေးလိုက်ရင်ပြီရောဆိုသည့်သဘောနဲ.ပြောသွားသည်၊တည့်တည့်စွာအဓိပ္ပါယ်ဖော်ကြည့်ရင်လည်းမြန်မာပြည်သူပြည်သားများကကွန်ပျူတာကိုင်နိုင်ဖို.တောင်မပြောနဲ.အုံး၊ထမင်းပုံမှန်စားနိုင်အောင်အရင်းလုပ်ရမည်၊မိုဘိုင်းဖုန်းနဲ.ဈေးချိုသည့်ဖုန်းကဒ်များတောင်ဖန်တီးမပေးနိုင်ဘဲနဲ.ကွန်ပျူတာတို.ဘာတို.လျှောက်ပြောနေတာဟာသိန်းစိန်းရူးနေလို.ဘဲသတ်မှတ်တယ်၊လက်တွေ.မကျဘူး၊လူမျိုးစုများက ၂၀၀၈ ဘောင်အရလက်နက်စွန်.လွှတ်ပြီးရင်လွှတ်တော်ထဲဝင်ပြီးမှစာချုပ်ချုပ်ဆိုတာတို.ဘာတို.ပြောတာကိုလည်းမဖြစ်နိုင်သည့်ဟာတွေဘဲ၊သူများတပ်အားလုံး(လူသားတပ်မတော်များ)ဖြုတ်ပြီးတော့ဗမာစစ်တပ်(ဘီးလူးစစ်တပ်)ကိုကျန်စေသည်၊လူမျိုးစုများ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်အကြောင်း၊ဖက်ဒရယ်ပြည်ထောင်စုကြီးအကြောင်းပြောမသွားဘူး၊ပင်လုံးစာချုပ်ကိုလိုရာစွဲပြီးပြောဆိုသည်၊ခွဲထွက်မူတို.၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို.ကိုဖျောက်ထားပြီးတော့မှပြောတယ်၊ဒါလဲ၊မရိုသားဘူး၊တိုက်ပွဲရပ်ဖို.အမိန်.ထုတ်ထားသည်ကိုလည်းကေအိုင်အိုကြောင့်တိုက်ပွဲဆက်ဖြစ်နေသလိုလိုဘာလိုလိုနဲ.ပြောသွားသည်၊ကချင်ပြည်နယ်ထဲဗမာစစ်တပ်ကသွားပြီးထိုးစစ်ဆင်နေတာကိုမပြောဘူး၊အပစ်ခတ်ရပ်ဆဲရေးကိုဗမာဘက်စချိုးဖောက်ဖျက်ဆီးတာကိုမပြောဘူး၊တပ်ဆုပ်သည့်အကြောင်းမပြောဘူး၊နှစ်ဘက်စလုံးတာဝန်ရှိတယ်လို.ပြောဆိုတာလည်းမမှန်ကန်ဘူး၊ကချင်ပြည်နယ်ထဲဗမာစစ်တပ်ရုပ်ပေးရင်ပြီးနေသည့်ပြဿနာကိုနှစ်ဘက်စလုံးချေးနဲ.ပျံ.အောင်ပြောသွားသည်၊သူတို.အချင်းချင်းဂိုဏ်ကွဲအကြောင်းခုခံပြောဆိုသွားတာကိုလည်းတစ်ယောက်နဲ.တစ်ယောက်ရာဇာဝတ်မှုကိုဖုံးကွယ်ဖို.ကြိုးစားသည့်စကားပါ၊ငါတို.အချင်းချင်းမညီညွတ်ရင်ကျူးလွန်ခဲ့သည့်အပြစ်များကိုပြစ်ဒဏ်စုပေါင်းခံရမည်ဆိုတာကိုအချင်းချင်းသတိပေးသည့်စကားတွေပါ၊Rule of Law ဆိုသည့်စကားလုံးတွေကလည်းကြားကောင်းအောင်သာပြောဆိုသွားသည်၊လက်တွေ.မှာတော့၊အဲဒီလိုမဟုတ်ဘူး၊ကောင်းကင်နဲ.မြေကြီးပမာကွာခြားနေဆဲပါ၊အားလုံးခြုံကြည့်ရင်ထိပ်ပြောင်ပြောသည့်စကားဟာအများအားဖြင့်အလုပ်နဲ.စကားမကိုက်ညီဘူးကြားဖြတ်၊ရွေးကောက်ပွဲအကြိုပြည်သူတွေကိုမဲဆွယ်ပြောဆိုသည့်မိန်.ခွန်းသာဖြစ်သည်ဟုမှတ်ယူပါ၊သူတော်ကြောင်ကသူတော်ကောင်းဆောင်သည့်မိန်.ခွန်းသားဖြစ်ပါကြောင်းသုံးသပ်လိုက်ရပါသည်၊

ဗမာတွေ သိကြပါစေ

တိုင်းရင်းသားအသံ

ဗမာတွေ သိကြပါစေ 

ဗမာအပါအ၀င် ကျန်တဲ့ ကချင်၊ကရင်၊ရခိုင်၊ရှမ်း၊မွန်၊ချင်း၊ကယား ဒီလူမျိုးတွေက ဘာကြောင့် အင်္ဂလိပ်လက်အောက် ဂျပန်လက်အောက်ကို ရောက်နေစဉ်တုန်းက ဘာကြောင့် လက်နက်စွဲကိုင်တော်လှန်ခဲ့ကြသလဲ။အဖြေက ရှင်းပါတယ်။သူတို့တွေရဲ့ ကံကြမ္မာကို သူတို့လူမျိုးတွေကိုယ်တိုင် သူတို့ဘိုးဘွားတွေပိုင်တဲ့ နယ်မြေဒေသတွေကို စီမံကွပ်ကဲ အုပ်ချုပ်ချင်လို့ပဲ။သူများစီမံ အုပ်ချုပ်တာကို မလိုချင်လို့ မခံနိုင်လို့ အင်မတန်အင်အားကြီးတဲ့ နယ်ချဲ့ကျူးကျော်သူတွေကိုတောင် သူတို့ပိုင်တဲ့ မြေပေါ်မှ ခိုင်မာသောစိတ်ဓာတ်၊သူ့ကျွန်မခံနိုင်သော မျိုးချစ်စိတ်ဓာတ်အပြည့်ဖြင့် တော်လှန်မောင်းထုတ်ခဲ့ကြတာပဲ မဟုတ်လား။အဲလို ကိုယ့်ယုံကြည်ချက်တွေနဲ့ ခိုင်မာသောယုံကြည်ချက် ကတိက၀ပ်တွေနဲ့ နားလည်မှုအပြည့်နဲ့ အတူတကွ လက်တွဲပြီး ကျူးကျော်လာသူ နယ်ချဲ့တွေကို မောင်းထုတ်ခဲ့လို့ လွှတ်လပ်ရေးဆိုတဲ့ စကားလုးံကို ပိုင်ဆိုင်လာခဲ့ကြတယ်။ရှေးအတိတ်သမိုင်းက ဘာတွေ ဖြစ်ခဲ့ ဖြစ်ခဲ့ နားလည်မှုယုံကြည်မှုတွေဆောက်တည်ပြီး အတိတ်အာဃာတတွေကို ဘေးချိတ်ပြီးတော့ လွှတ်လပ်ရေးဆိုတာကြီးကို အရယူခဲ့ကြတယ်။အင်း..အဲဒီလွှတ်လပ်ရေးဆိုတဲ့ ရလာကတည်းက တိုင်းပြည်ကို အုပ်ချုပ်လာခဲ့ကြတာ အခုချိန်ထိ ဗမာလူမျိုးမှ တစ်ပါး တစ်ခြားမရှိခဲ့ပါ။အဲလို အုပ်ချုပ်လာတဲ့တစ်လျှောက်မှာလည်း သူတို့နဲ့အတူတကွ လက်တွဲပြီး နယ်ချဲ့တွေကို တော်လှန်မောင်းထုတ်ခဲ့တဲ့ ဗမာမဟုတ်သော လူမျိုးတွေကို မတရားနှိပ်စက်၊တိုက်ခိုက်၊ရွာတွေကို မီးရှို့ဖျက်စီး၊သမီးပျိုများသာမဟုတ် အိမ်ထောင်ရှိအမျိုးသမီးများပါမကျန် ခြေတော်တင် မုဒိန်းကျင့်၊Genocide (လူမျိုးပြုန်းသတ်ဖြတ်မှု)များ ပြုလုပ်၊မတရား အခွန်တွေကောက်၊၄င်းဒေသတွေမှ ထွက်တဲ့ သစ်သီးဝလံမှ အစ သံယံဇာတ အဆုးံ မတရားသိမ်း အဲလိုမျိုးတွေ လုပ်လာခဲ့တာနှုစ်ပေါင်း ၆၉ နှစ်ကျော် ကြာလှပြီပေါ့။ဗမာမဟုတ်တဲ့ လူမျိုးတွေက ဗမာကို ခါးသီးမုန်းတီးစိတ်ဖြစ်ပေါ်နေတာဟာ ဗမာတွေရဲ့ လူမဆန်တဲ့လုပ်ရပ်နဲ့ ကတိမတည် သစ္စာဖောက်မှုတွေကြောင့်ပဲ ဆိုတာ အထင်အရှားပါ။ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးလို့ တီဗွီ သတင်းစာတွေမှာ ဘယ်လောက်ပဲ ပြပြ ဗွီဒီယိုကားတွေ ဘယ်လောက်ပဲ ရိုက်ပြ ရိုက်ပြ ရာထူးရာခံ အဆင့်အတန်းတွေကို ကြည့်လိုက်တာနဲ့ သိသာလွန်းနေပါတယ်။ဌါနဆိုင်ရာတစ်ခု၏ အကြီးအကဲ တစ်ယောက်ကို ဗမာမဟုတ်သော လူမျိုး တိုင်းရင်းသား တစ်ယောက်ဖြစ်နေမလားဆိုပြီး လေ့လာကြည့်မိတဲ့အခါတိုင်း ရင်မောရပေါ့။ဌါနတိုင်းလိုလို ဗမာတွေကပဲ နေရာယူ အမိန့်ပေး စေခိုင်းနေတာတွေပဲတွေ့နေရတော့ ပြည်ထောင်စုဆိုတဲ့ အာဘောင်ရင်းသန်သန် လူကြားကောင်းအောင် ပြောနေတာတွေဟာ အဖိနှိပ်ခံလူမျိုးတွေအဖို့ ပျက်လုးံတစ်ခုကို ကြားနေရသလိုပင်။အဆိုးဆုးံက ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် တောင်းဆိုနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းကိုတောင် သူတို့အရိုးနဲ့ သူတို့ကို ပြန်ထိုးခိုင်းပြီး နည်းအမျိုးမျိုးနဲ့ ချော့ခါတစ်လှည့် ခြောက်ခါတစ်လှည့် ချေမှုန်းနေခြင်းပင် ဖြစ်သည်။ဂျပန်တို့ အင်္ဂလိပ်တို့ထက် ရက်စက်ကောက်ကျစ်သော နည်းဗျူဟာပင် ဖြစ်သည်။အချင်းချင်း ရန်တိုက်ပေး၊မတွေ့အောင် လုပ်၊အချင်းချင်း ရန်စောင်နေတဲ့ အချိန် ကြားက ၀င်ဖြိုခွဲ ဒီလိုမျိုး သတ်လျှိုလုပ်နေတာဟာ ဗမာအာဏာပိုင်တို့၏ ကောက်ကျစ်စဉ်းလဲတဲ့ နည်းတွေထဲက အကြံအစည်တစ်ခုပင်ဖြစ်သည်။ပြည်ထောင်စုဆိုတဲ့စကားလှလှလေးတွေအောက်မှာ ဗမာမဟုတ်တဲ့လူမျိုးတွေ ခါးစည်းခံနေရတာ ဗမာအာဏာပိုင်တွေ ကျူးကျော်စော်ကားသမျှ ရေနှုံငုတ်ပိတ်နေနေရတာတွေဟာ ဗမာနဲ့ ပူးပေါင်းပြီး ယုံကြည်နားလည်မှုတည်ဆောင်ခဲ့တဲ့ ပင်လုံစာချုပ်၏ အကျိုးရလဒ်ပင် ဖြစ်သည်ဟု ဆိုပါက မှားမည်မထင်ပါ။သူတို့ကိုယ်တိုင်ပဲ ပင်လုံကို ဦးတည် သူတို့ကိုယ်တိုင်ပဲ ဖျက်စီးပြီး လက်ဝါးကြီးအုပ် လက်နက်အားကိုးဖြင့် ဗိုလ်ကျစိုးမိုးနေခြင်းပင်ဖြစ်သည်။တနည်းအားဖြင့် ဗမာက တိုင်းရင်းသားတွေကို ကျွန်ပုန်းကိုလိုနီ(hidden colony)ပြုလုပ်လိုက်ခြင်းပင် ဖြစ်သည်။ပြည်ထောင်စုလို့အမည်တပ်ထားတဲ့ မြန်မာနိုင်ငံက အစိုးရ စာသင်ကျောင်းတွေမှာ ကျောင်းတက်ခေါင်းလောင်းထိုးတာနဲ့ နိုင်ငံတော်သီချင်းဆိုရတယ်။”ကမ္ဘာမကျေ ဗမာပြည် တို့ဘိုးဘွားအမွေစစ်မို့ တို့ချစ်မြတ်နိုးပေ”ဆိုတဲ့ စာသားတွေပါဝင်တဲ့ နိုင်ငံတော်သီချင်းကြီးက ပြည်ထောင်စုတစ်ခုလုးံရဲ့ နိုင်ငံတော်သီချင်းကြီးတဲ့လေ။ကချင်၊ကရင်၊ရခိုင်၊ချင်း၊ကယား၊မွန်၊ရှမ်း အဲဒီလူမျိုးအားလုးံကို ဗမာအဖြစ်ပြောင်းပလိုက်ပြီး ဗမာလူမျိုးမဟုတ်တဲ့လူမျိုးတွေကို ပြည်ထောင်စုသီချင်းပါဆိုပြီး ဆိုခိုင်းနေတာဟာ မောင်ဖြူ ကိုမောင်မည်းလို့ အတင်းလုပ်ပလိုက်တာနဲ့ အတူတူပဲ။။မြန်မာရိုးရာ ယဉ်ကျေးမှုလို့အမည်တပ်ထားပြီး ဗမာတွေက ကချင်အ၀တ်အစားတွေဝတ် ရှမ်းအ၀တ်အစားတွေဝတ် ရခိုင်အ၀တ်အစားတွေဝတ် ဗမာသီချင်းဆိုပြီး ကပြနေတာတွေက မြန်မာ့ရိုးရားယဉ်ကျေးမှုတဲ့လားဗျာ။ဗမာဆိုတဲ့ နာမည်ကို မြန်မာဆိုပြီး ပြောင်းပလိုက်ရုံနဲ့ ဗမာပြည်ကကနေ မြန်မာနိုင်ငံလို့ ပြောင်းခေါ်လိုက်ရုံနဲ့ ပြည်ထောင်စုအစစ် ဖြစ်မသွားပါဘူး။ပြည်ထောင်စုကို ဦးတည်နေလား။တစ်ပြည်ထောင်စနစ်ကို ဦးတည်နေလားဆိုတာက အသိသာကြီးပါ။ ဘယ်လူမျိုးမဆို ကိုယ့်စာပေ ယဉ်ကျေးမှုကို တန်ဖိုးထားတတ်ကြပါတယ်။ကိုယ်ဒေသကို ချစ်မြတ်နိုးတတ်ကြပါတယ်။လူသားတိုင်း အတူပဲ။ဗမာလည်း ကိုယ်ပြည်ကို ကိုယ်ချစ်လို့ သူများလက်အောက်သူများအုပ်ချုပ်မှုအောက် မှာ မနေချင်လို့တော်လှန် တိုက်ထုတ်ခဲ့ကြတာပဲ မဟုတ်လား။ဗမာလူမျိုးနည်းတူ ကျန်တဲ့လူမျိုးတွေရဲ့စိတ်ထဲမှာလည်း ဒီလိုမျိုး စိတ်ဓာတ်မျိုးရှိမယ်ဆိုတာကို တွေးကြည့်စရာတောင် မလိုပဲ သိနိုင်ပါတယ်။ဗမာစာ ဗမာသမိုင်းကို တစ်ခြားတိုင်းရင်းသားလူမျိုးတွေကပဲ သင်ယူရမယ်။သူတို့စာပေ သမိုင်းကို သင်ခွင့်မပေးဘူး။သူတို့စာပေ သမိုင်းကို သူတို့သိလို့ မျိုးချစ်စိတ်တွေ ၀င်လာရင် ဗမာကို တော်လှန်လာမယ်ဆိုပြီး အတွေးမှားနေလို့ကတော့ အစစ်အမှန် ပြည်ထောင်စုဆိုတာကြီးတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။တစ်လောက သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။ပြည်သူလွှတ်တော်တွင် ကြံ့ခိုင်ဖွံဖြိုးရေးပါတီအမတ်တစ်ယောက်က ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ အမတ်တွေကို တစ်ယောက်တင်ပြလာလည်း ရခိုင်ကထွက်တဲ့ဂစ်ဖြင့် ရခိုင်ပြည်ကို မီးလင်းအောင်လုပ်ပေးပါ နောက်တစ်ယောက်လာလည်း မီးလင်းအောင် လုပ်ပေးပါလို့ တောင်းနေကြတာပဲတဲ့လေ။အဲလို ပြစ်ပြစ်ခါခါ မိုက်ရိုင်းစွာ ပြောဆိုခဲ့တယ်။သူ့ဘက်ကိုယ့်ဘက် မကြည့်ပဲ စဉ်းစားကြည့်စမ်းပါဗျာ။ရခိုင်က ထွက်တဲ့ဂစ်နဲ့ ရခိုင်ကို မီးလင်းလာအောင်လုပ်ပေးပါလို့ တောင်းဆိုတာကို အပြစ်လို့မြင်နေရင် ဗမာပြည်ကထွက်တဲ့ဆန်စပါးတွေနဲ့ ရခိုင်ဂီရီ ဒုက္ခသည်တွေကို ကူညီပါလို့ တောင်းဆိုခဲ့မယ်ဆိုရင် ထတောင် သတ်မလားမသိဘူး။ရခိုင်လူမျိုးတို့ပိုင်တဲ့ဒေသက ထွက်တဲ့သံယံဇာတကို အထိုက်အလျောက်လုပ်ပေးဖို့တောင်းဆိုနေတာကိုတောင် လူမျိုးစွဲရှိတယ်။ဒေသစွဲရှိတယ် ဆိုပြီး ရသမျှသံယံဇာတ အကုန် ဗမာပြည်သို့ယူဆောင်နေတာဟာ တော်တော်ကိုအရုပ်ဆိုးလွန်းပါတယ်။အင်္ဂလိပ်တွေ အုပ်ချုပ်တုန်းက ဆီပေးရင် ဆန်ရတယ်လို့ ကြားဖူးတယ်။ဗမာ့အုပ်ချုပ်မှုလက်အောက်မှာ ဆီပေးလည်း ဆန်မရသေးတဲ့အပြင် အရိုက်တောင် ခံရသေးတယ်။မိအေး နှစ်ခါနာ ဆိုသလို မျိုးပေါ့။ပြည်ထောင်စုဆိုတဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီးမှာ နိုင်ငံတော်သမ္မတ၊လွှတ်တော်ဥက္ကဌ၊စစ်ဦးစီးချုပ် ကအစ အဓိက ပင်မအရေးကြီးတဲ့နေရာတွေ၊ရာထူးကြီးကြီးတွေမှာ အားလုးံ ဗမာလူမျိုးတွေချည်းပဲ။ဗမာမဟုတ်တဲ့ ကချင်၊ကရင်၊ရခိုင်၊ရှမ်း၊ကယား၊ချင်း၊မွန် တွေက ဘာဖြစ်လို့ ကိုယ်ပိုင်အုပ်ချုပ်ရေးပဲ တွင်တွင်ခါ တောင်းနေကြလဲဆိုတော့ သူတို့ပြည်ကို သူတို့အုပ်ချုပ်ချင်နေကြလို့ပဲ။သူတို့ကံကြမ္မာကိုသူတို့ဖန်တီးချင်ကြလို့ပဲ။ ဗမာလူမျိုးတစ်မျိုးတည်းကသာပြည်ထောင်စု ပြိုကွဲမှာကို စိုးလို့ ပြည်ထောင်စုထဲက ခွဲထွက်ခွင့်မပြုနိုင်ဘူးဆိုပြီး ကန့်လန့် ကန့်လန့် လုပ်နေကြတာ ဘာကြောင့်ပါလဲ။ဗမာလူမျိုးတစ်ခုတည်းကသာ ပြည်ထောင်စုကို ချစ်တတ်တယ်ထင်တယ်။ကျန်တဲ့ လူမျိုးတွေက မချစ်တတ်ဘူးလား။တကယ်တော့ ဗမာတွေက ကိုယ်စီကိုယ်စီ လွတ်လပ်ခွင့်ပေးလိုက်ရင် သူတို့လုပ်သမျှ ဖိနှိပ်လိုသမျှ မရတော့မှာကို စိုးလို့နဲ့တူတယ်။ဗမာတွေတွေးကြည့်ပါ။ဗမာပြည်လို့ခေါ်တဲ့ တိုင်း(၇)တိုင်းကို ဗမာမဟုတ်ပဲ တစ်ခြားလူမျိုးတွေက လာအုပ်ချုပ်နေရင် နှိပ်ကွပ်နေရင် လက်နက်အားကိုးဖြင့် အနိုင်ကျင့်အုပ်ချုပ်နေရင် ကြိုက်ကြမလားဗျာ။ဘယ်သူမဆို ဘယ်လူမျိုးမဆို ဘယ်ကြိုက်ကြပါ့မလဲ။ကိုယ်စားချင်ကြည့်စမ်းကြပါဗျာ။သူတို့လည်း သူတို့ပြည်မှာ သူတို့အစိုးရနဲ့ ဖြစ်ချင်ကြမှာပဲ မြင်ချင်ကြမှာပဲ။အဲဒါကြောင့်လည်း တိုက်ပွဲတွေ ဖြစ်နေတာပေါ့။ခင်ဗျားတို့ အင်္ဂလိပ်၊ဂျပန်ကို မုန်းခဲ့သလိုမျိုး ကျန်တဲ့လူမျိုးတွေလည်း မုန်းတီးနေတယ်ဆိုတာ မမေ့ပါနဲ့။ဗုဒ္ဓဘာသာသဘောအရ ပြောရရင် ၀ဋ်ဆိုတာ လည်တတ်ပါတယ်။ဒါကြောင့် ကိုယ်ချင်းစာ စိတ်ကလေးနဲ့ နားလည်မှုအပြည့်နဲ့ ကိုယ်ထမ်းထားရတာမဟုတ်တဲ့ တာဝန်မယူခိုင်းတဲ့အရာတစ်ခုကို ဘာကြောင့် အမုန်းခံ အသက်တွေအသေခံပြီး ထမ်းထားမှာလဲ။ပေးလိုက်ကြစမ်းပါဗျာ သူတို့တွေ လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊သူတို့တွေ ကံကြမ္မာကို သူတို့တွေ ဖန်တီးကြစမ်းပါစေလား။

(ရွှေမြောက်ဦး)
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.