တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Monday, November 29, 2010

ကရင်တပ်ဖွဲ့နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် နအဖ ၃၀ဦးကျဆုံး

တိုင်းရင်းသားအသံ
ကရင်တပ်ဖွဲ့နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် နအဖ ၃၀ဦးကျဆုံး


နိုဝင်ဘာလ ၂၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ပိုင်းတွင် ကရင်တပ်ဖွဲ့မှ နအဖနှင့် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တို့ကို ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ (၃၀)ဦး ကျဆုံးခဲ့ပြီး လက်နက် (၃၀)လက် ကရင်တပ်ဖွဲ့မှ သိမ်းဆည်းရမိသည်ဟု သိရ သည်။
ယမန်နေ့ နေ့လည်ပိုင်းတွင် ကော့ကရိတ်အခြေစိုက် နအဖ စကခ(၁၂) လက်အောက်ခံ ခလရ(၂၃၁)တပ်ရင်းနှင့် BGF (၁၀၁၆)တပ်ရင်းတို့ ပူးပေါင်းတပ်ဖွဲ့အား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) ကလိုထူး ဘောဗျူဟာ(၁)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၈)တို့ပူးပေါင်း၍ ခုဒုံနှင့် အောင်လိုင်ကျေးရွာ ကြားတနေရာတွင် ချုံခိုတိုက်ခိုက်ခဲ့သည်ဟု ဒီကေဘီအေ ကလိုထူးဘောဗျူဟာ(၁) စစ်ဆင်ရေးမှူး G2 ဗိုလ်မှူးစောဆန်းအောင်က ယခုလို ပြောသည်။
၎င်းက “မနေ့က နေ့လည် ၁၂း၀၀နာရီအချိန်မှာ ခုဒုံနဲ့ အောင်လိုင်ကြားက တောင်ကြားတနေရာမှာ တက်လာတဲ့ နအဖနဲ့ BGF စစ်ကြောင်းကို ကျနော်တို့တပ်ဖွဲ့က အပိုင်နေရာယူထားပြီးတော့ စောင့်ပစ်တယ်။ အဲဒီမှာ နအဖနဲ့ BGF တွေရဲ့ အလောင်း ၃၀ နဲ့ လက်နက်အလက် (၃၀)ကို ကျနော်တို့ဘက်က ကောက်ရခဲ့တယ်။”ဟု ကေအိုင်စီကို အတည်ပြုပြောကြားသည်။
အဆိုပါ ချုံခိုတိုက်ပွဲတွင် ကရင်တပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရမှု အနည်းငယ် ရှိခဲ့ပြီး နအဖနှင့် BGF တို့ထံမှ 81၊ 82၊ RPG၊ M1၊ M2 စသည့်လက်နက်များ အပါအ၀င် ကျည်ဆံတချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဗိုလ်မှူးစောဆန်းအောင် က ပြောသည်။
(ဝေါ်လေဒေသတွင် စစ်ရေးပြင်ဆင်နေသည့် ကလို့ထူးဘောဗျူဟာ တပ်ဖွဲ့ဝင်များ)
ထို့အပြင် မြ၀တီခရိုင် ဝေါ်လေဒေသ၊ ဖလူးကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်နေ့ည (သောကြာနေ့)မှစ၍ ယနေ့အ ချိန်ထိ နအဖ စစ်တပ်နှင့် ကရင်တပ်ဖွဲ့ဝင်တို့ကြား အပြန်အလှန် ပစ်ခတ်ခဲ့ရာ နအဖဘက်က ၁ဦး သေဆုံးကာ ၂၅ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကရင်တပ်ဖွဲ့မှ ၁ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိုပစ်ခတ်မှုများကြောင့် ဖလူးကြီး၊ ဖလူးငယ်၊ ကျောက်ခက်စသည့်ကျေးရွာမှ ဒေသခံ ကရင်ပြည်သူ ၁,၀၀၀ကျော် ထိုင်းနိုင်ငံ၊ ဖို့ဖရမြို့နယ်အတွင်းရှိ နယ်စပ်နေရာများသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။
အလားတူ ဘုရားသုံးဆူမြို့နယ်ခွဲရှိ တဲသုံးလုံးနှင့် ဇီးပင်ကျေးရွာကြားတွင် နအဖ ခမရ(၄၀၆)နှင့် ဒီကေဘီအေ ဒုဗိုလ်မှူးကြီး စောအေ၀မ်းတပ်ဖွဲ့တို့ ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၂ဦး ပွဲချင်းပြီး ကျဆုံးသွားခဲ့ကြောင်း သိရသည်။
နယ်ခြားစောင့်တပ် အမှတ်(၁၀၁၆)တပ်ရင်းကို ဦးစီးသူမှာ ဗိုလ်မှူးစောမြတ်ခိုင်ဖြစ်ပြီး ယခင် ဒီကေဘီအေ တပ်မဟာ(၉၉၉) လက်အောက်ခံ တပ်ရင်း(၃)၏ တပ်ရင်းမှူးဖြစ်သည်။

သျှမ်းပြည်တလွှား နအဖစစ်အရာရှိကြီးများ စစ်ရဟတ်ယဉ်ဖြင့်လှည့်ပတ်

တိုင်းရင်းသားအသံ

သျှမ်းပြည်တလွှား နအဖစစ်အရာရှိကြီးများ စစ်ရဟတ်ယဉ်ဖြင့်လှည့်ပတ်

Print
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ငြင်းဆန်ထားသော ဝ နှင့် မိုင်းလားနယ်အနီးတ၀ိုက် နအဖအရာရှိကြီးများ စစ်ရဟတ်ယာဉ်ဖြင့် လှည့်ပတ်ပြီး ဒေသတွင်း စကခ၊ ဒကစ နှင့် ဗျူဟာမှူးများနှင့်လိုက်လံခေါ်တွေ့ကြောင်း စုံစမ်းသိရှိ ရပါသည်။

“ကြည်းရေလေညှိုနှိုင်းကွပ်ကဲရေးမှူး ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့အတူ ကာကွယ်ရေးဝန်ကြီးဌါန အမှတ် ၂ စစ်ဆင် ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ်အောင်သန်းထွဋ်၊ စရဖအရာရှိချုပ် ဗိုလ်ချုပ်ကျော်ဆွေတို့အတူ လိုက်ပါလာကြတယ်” ဟု ကျိုင်းတုံဒေသခံတစ်ဦးက ပြောပါသည်။

ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်
ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့်အဖွဲ့  ၂၄ ရက် သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းအနောက်တောင်ဘက်ရှိ မိုင်းလိုက် ကျေးရွာအုပ်စု၊ ၂၅ ရက် ကျိုင်းတုံ-မော်ဖှ-တန့်ယန်း၊ ၂၆ ရက် သိန္နီ-ကွန်လုံသို့ သွားရောက်လှည်ပတ်ခဲ့ပြီး လားရှိုးသို့ ရောက်ရှိလာခဲ့သည်ဟု သိရှိရသည်။

“၂၆ ရက်မှာဘဲ လောက်ကိုင် ဒကစမှူး၊ သိန္နီ စကခ ၁၆ မှူးနဲ့ တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်စောတို့ကိုခေါ်ပြီး အစည်းအဝေးလုပ်တယ်။ အကြောင်းရင်းမသိရပေမဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ပတ်သက်ပြီး ဆွေးနွေးမယ်ထင်တယ်”
ဟု တရုတ်နယ်စပ်သတင်းရပ်ကွက်က ပြောပါသည်။

ရဲချုပ်ဗိုလ်ချုပ်ခင်ရီ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့်နှင့် တွေ့ဆုံသည့် သတင်းထွက်ပေါ်ချိန် ယခုကဲ့သို့ နအဖတပ် တပ်မှူး ကြီးများ လှည့်ပတ်နေကြခြင်းမှာ အပစ်ရပ်များအပေါ် မည်ကဲ့သို့ ဆက်လက်ကိုင်တွယ်ရမည်ကို ဗိုလ်ခင်ညွှန့်ထံမှရ သောအကြံဥာဏ်နှင့် ဆက်စပ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကလည်း ထင်မြင်ချက်ပေးသည်။

“တန့်ယန်းရောက်တုန်း ဗျူဟာမှူး၊ တပ်ရင်းမှူးတွေ ၁၀ ယောက်လောက်နဲ့ အစည်းအဝေးလုပ်တယ်။ ကွန်လံ-လောင်ကိုင်း ဖက်သွားတုန်းက ၀ တပ်ဖွဲ့အခြေအနေကို မေးမြန်းခဲ့တယ်ထင်တယ်။ ဝ တပ်ဖွဲ့ကိုဘဲ နောက်ထပ်ခေါ်တွေ့ဖို့ရှိမယ်လို့ကြား တယ်” ဟု တန့်ယန်းဒေသခံတစ်ဦးက ပြောပါသည်။

“နအဖက အပစ်ရပ်တွေအပေါ် နံပါတ် ၁ က အနုနည်းနဲ့စည်းရုံးဆွဲဆောင်မယ်။ ၂-လူထုအတွင်း အပစ်ရပ်အမာခံ တွေကို ရှင်းလင်းသိမ်းသွင်းမယ်။ သျှမ်းတပ်နဲ့ဆက်စပ်နှီးနွယ်သူတွေကို ခြိမ်းခြောက်နှိပ်ကွပ်တာမျိုးတို့လုပ်မယ်။ ၃ အပစ်ရပ်အပေါ် အနိုင်ပိုင်းလွယ်မဲ့နည်း အပိုင်စား၊ အမှည့်ချွေတဲ့နည်းတွေနဲ့ အပစ်ရပ်တပ်ဖွဲ့တပ်သားတွေ အငိုက်မိတုံး လက်မလွတ်တမ်း လျှပ်တပြက်ဝင်ပစ်မယ်။ ၄-နယ်မြေကျွမ်းကျင်ရေး၊ စိမ့်ဝင်စည်းရုံးရေး၊ အမာခံမွေးထုတ်ရေးတွေ လုပ်ထားပြီး စစ်ဆင်ရေး ကြီးဆင်နွဲဖို့ ပြင်ဆင်ထားမယ်။ ဒီနည်း ၄ နည်းကိုကျင့်သုံးနေတာ” ဟု သျှမ်းပြည်တပ်မတော် မြောက်ပိုင်းမှ အရာရှိတစ်ဦးက ပြောပါသည်။

တဖက်၌လည်း နိုဝင်ဘာ ၂၇ ရက် လားရှိုးမှ စားနပ်ရိက္ခာနှင့်ခဲယမ်းမီကျောက်များတင် ၆ ဘီးစစ်ကားအစီး ၅၀ ကျော် လားရှိုး-ကွန်လုံဖက် တက်သွားကြောင်း သိရှိရပါသည်။

Thursday, November 25, 2010

မြန်မာကျောင်းသားစစ်သည်တော်များအဖွဲ.၏ထုတ်ပြန်ကြေညာချက် (ရုပ်သံ)

တိုင်းရင်းသားအသံ

မြန်မာကျောင်းသားစစ်သည်တော်များအဖွဲ.၏ထုတ်ပြန်ကြေညာချက် (ရုပ်သံ)

Wednesday, November 24, 2010

တော်လှန်ရေးစိတ်ဓါတ်ဖြင့်စစ်ဆင်ရေးစတင်ကြပါစို.

တိုင်းရင်းသားအသံ
လတ်တလောအခြေအနေအရဗမာစစ်အစိုးရတပ်များသည်တိုင်းရင်းသားလက်နက်ကိုင်တပ်များထိန်းချုပ်ထားသည့်နယ်စပ်တစ်လျှောက်မှာစစ်အင်း အားပြလှုပ်ရှားနေသည်ကိုသိရှိရသည်၊အထူးသဖြင့်ကေအိုင်အို၊သျှမ်းပြည်တောင်ပိုင်၊မြောက်ပိုင်နှင့်ကရင်ပြည်နယ်၊မွန်ပြည်နယ်တွေမှာစစ်အင်းအား တိုးချဲ.ထားသည်၊သျှမ်းပြည်နယ်၊ကရင်ပြည်နယ်တွေမှာနေ.တိုင်လိုလိုတိုက်ပွဲဖြစ်ပွားနေပါသည်၊တစ်ချိန်တည်းမှာပင်၊စစ်အစိုးရတပ်သည်အတိုက်အခံ လက်နက်ကိုင်အင်းအားစုများနဲ.ပတ်သက်သည်ဟုစွပ်စွဲပြီးပြည်သူလူထုတွေအပေါ်ရက်စက်ကြမ်းကြုတ်နှိပ်စက်လာသည်ကိုလည်းတစ်နေ.ထက်တစ် နေ.တိုးပွားလာနေသည်၊စစ်အစိုးရတပ်မှအောက်တပ်သားများကလည်းအမိန်.နာခံတာကလွဲ၍ဘာမှမတတ်နိုင်သည့်အနေအထားမှာရှိနေပါသည်၊

ဤကဲ့သို.အခြေအနေအောက်မှာတိုင်းရင်းသားတပ်များအနေဖြင့်တစ်စုံတစ်ရာတုံ.ပြန်ဖို.အချိန်တန်နေပြီဖြစ်သည်၊တိုင်းပြည်မငြိမ်းမသက်ဖြစ်တာတို.၊ နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းဖြင့်မဖြေရှင်းဘဲအကြမ်းဖက်နည်းဖြင့်ဖြေရှင်းတာကြောင့်နိုင်ငံရေးသမားတစ်ချို.ကစိတ်မချမ်းမသာဖြစ်နေသည်ကို နာထောင်ရုံဖြင့်မိမိတို.လူမျိုးဘာသာ၊သာသနာကိုကာကွယ်နိုင်မှာမဟုတ်ပါ၊တစ်ဖက်သာအမြဲအလျော့ပေးနေတာဟာမလိမ်မာမပါးနပ်ရာရောက်သည်၊ ဗမာစစ်အစိုးရဘက်ကရက်စက်လာရင်ရက်စက်သလိုတုံ.ပြန်ရမယ်ဆိုသည့်မူကိုလက်မလွှတ်မိဖို.၊မမေ့ဖို.အရေးကြီးသည်၊စစ်အစိုးရတပ်တွေဟာစစ် သွေးကြွပြီးစစ်တိုက်နေသော်လည်းကျနော်တို.ဘက်ကပြည်သူလူထုကိုကာကွယ်ရန်အတွက်စစ်တိုက်ရမည်၊လောလောဆယ်မှာသူတို.ကိုသူတို.အ ထင်ကြီးလွန်တယ်၊စစ်တပ်အောက်ကကြံ.ဖွတ်ပါလီမာန်ကိုထူထောင်ပြီးနိုင်ငံရေးအာဏာနယ်ပယ်တွေမှာလည်းမဟာဗမာတွေလက်ခံလာအောင်အာရုံ သွင်းလာနေပြီးဖြစ်သည်၊စစ်တပ်ရှိမှဖြစ်မယ်ဆိုသည့်အယုံအကြည်မျိုးကိုမဟာဝါဒီသမားများကဝါဒဖြန်.လာနေပြီးဖြစ်သည်၊တစ်ချို.နိုင်ငံသမားကြီး တွေဟာနိုင်ငံရေးအခန်းကဏ္ဍမှာစစ်တပ်ပါဝင်ရမည်ဆိုတာကိုတောင်လက်ခံသလိုလိုပြောဆိုလာသည်၊ဒါဟာတော်တော်ဆိုးသည့်ရောဂါစွဲကပ်တာပဲ၊

ထို.ကြောင့်၊ကျနော်တို.ဆက်လုပ်ရမှာကစစ်တိုက်ဖို.ပဲ၊ယနေ.အခြေအနေမှာဗမာစစ်အစိုးရအပေါ်လုံးဝအယုံအကြည်ထားလို.မရဘူး၊ကိုယ်လုပ်မှ ကိုယ်ရမည်ဆိုသည့်စိတ်ဓါတ်နဲ.ရင်ဆိုင်ဖြတ်သန်းရမည်၊ဗမာစစ်အစိုးရအပေါ်အယုံအကြည်မရှိသည့်အတွက်ကြောင့်တိုင်းရင်းသားလူမျိုးကြီးလူမျိုး ငယ်မရွေးလူမျိုးတိုင်လူမျိုးတိုင်မှာမိမိကိုယ်ကိုယ်ကာကွယ်နိုင်ရန်အတွက်လက်နက်ကိုင်ထားရသည်၊ကျနော်တို.ပြတ်သားရမည့်အဓိကအချက်တစ် ချက်ကတော့၊ကျနော်တို.တတွေတော်လှန်ရေးသမားဖြစ်ရမည်၊တော်လှန်ရေးအလုပ်လုပ်ရမည်၊နိုင်ငံရေးသမားဖြစ်ဖို.အချိန်မဟုတ်သေးသလိုနိုင်ငံ ရေးလုပ်ဖို.အချိန်လည်းမဟုတ်သေးပါ၊တရားဥပဒေမရှိသည့်တိုင်းပြည်အောက်မှာနိုင်ငံရေးလုပ်ဖို.မလွတ်လပ်ဘူး၊နေရာတိုင်မှာတရားမျှတမှုမရှိဘူး၊ ဒါတွေကိုလုံးဝနာလည်ထားပြီးတော့စစ်တိုက်ရဲ၊အသေခံရဲ၊အောင်ပွဲခံရဲသည့်တော်လှန်ရေးစိတ်ဓါတ်ဖြင့်စစ်ဆင်ရေးစတင်ကြပါစို.လို.တိုင်းရင်းသားအ သံကနေတိုက်တွန်းချင်ပါသည်။

ထိုင်းစီးပွားရေးကျဆင်းရခြင်း၏အကြောင်းရင်းကိုထိုင်းအစိုးရကသိသိကြီးနဲ. ဒီကေဘီအေနှင့်ကေအန်ယူအပေါ်အပြစ်ပုံချ

တိုင်းရင်းသားအသံ
ထိုင်းစီးပွားရေးကျဆင်းရခြင်း၏အကြောင်းရင်းကိုထိုင်းအစိုးရကသိသိကြီးနဲ. ဒီကေဘီအေနှင့်ကေအန်ယူအပေါ်အပြစ်ပုံချ 

ဗမာစစ်အစိုးရကထိုင်းအစိုးရကိုစီးပွားရေးပိတ်ဆို.ထားတာကြာလှပြီဖြစ်သည်၊ထိုင်းကုန်ပစ္စည်း ၁၅ မျိုးလောက်ကိုတင်ပို.ခွင့်ပိတ်ပင်ထားသည်၊အခုဆိုကုန်ပစ္စည်း ၇ မျိုးကိုသာတင်းသွင်းခွင့်ပြန်ပြုလိုက်ပြီးဖြစ်သည်၊ဗမာစစ်အစိုးရ၏လိုအပ်ချက်ကိုထိုင်းအစိုးရကလိုက်လျော်လာစေရန်ရည်ရွယ်ပြီးကုန်ပစ္စည်းတင်သွင်း ခွင့်ကိုပိတ်ပင်လိုက်ခြင်းဖြစ်သည်၊ထို.ကြောင့်၊တာခ့်ခရိုင်အုပ်ချုပ်တော်ဝန်ပြောသလိုဒီကေဘီအေနှင့်ကေအန်ယူကြောင့်ဆိုတာကိုလုံးဝမမှန်ကန်သည့် အပြင်ဗမာစစ်အစိုးရဘက်ကနေထိုင်းအစိုးရကိုတစ်နည်းတစ်ဖုံးဖိအားပေးလာလို.အဲဒီလိုလူသိရှင်ကြားပြောဆိုရသည်ကိုထင်ရှားပါသည်။

Burma lifts ban on 7 Thai products

  • Published: 23/11/2010 at 04:07 PM
  • Online news:
Burma has lifted its ban on seven out of 15 Thai products, Deputy Commerce Minister Alongkorn Ponlaboot said on Tuesday.
Mr Alongkorn said the seven items are apples, Chinese pears, grapes, cherries, monkey apples, oranges and durian.

The Thai government had asked Burma to consider lifting the ban on four more items - rambutan, mangosteen, guava and longgong. Burma should lift the ban on longgong since it did not produce them, he said.

The Burmese government said it will continue to ban beverage and instant noodle products because it wanted to protect its consumers. The country will allow Thai beverages to be sold in tourist hotels.

Burma says Thai seasoning products are not allowed to be sold in the country as they are harmful to people's health. Hotels and duty free shops in Burma can import canned products, chocolates, bubble gum, alcoholic drinks, cakes, waffles and crackers from Thailand.

Mr Alongkorn said the ban on the 15 items had not significantly affected trading between the two countries.

"We should promote exports of cement, tiles and construction materials to Burma since the country is in the process of development and the demand for these items is high," the deputy minister said.

http://www.bangkokpost.com/breakingnews/207773/burma-lifts-ban-on-7-thai-products





Monday, November 22, 2010

အချိန်ကိုက်ဗုံးသယ်ဆောင်သူကိုဖမ်းချင်ရင်သန်းရွှေကိုသာဖမ်းပါတော့

တိုင်းရင်းသားအသံ
နိုင်ဝင်ဘာလ(၁၇)ရက်နေ.တုန်းကစီးတီးစတားဟိုတယ်အောက်ရှိအင်တာနက်ဆိုင်မှာတွေ.ရှိသည့်အချိန်ကိုက်ဗုံးလေလုံးသယ်ဆောင်သူကိုဖမ်းမိရင် ဆုငွေဒေါ်လာ(၁၀)သိန်းပေးမည်ဟုဗမာစစ်အစိုးရကြေညာနေသည်၊မသင်္ကာသူလူနှစ်ယောက်ကို CCTV Camara မှာတွေ.တယ်လို.လဲပြောတယ်၊မြို. လယ်မှာဗုံပေါက်ကွဲမှာကိုဗမာစစ်အစိုးရကတော်တော်ကိုစိုးရိမ်းပုံရတယ်၊သူတို.ဘာသာဖန်းတီးလုပ်ထားသည့်အတွက်ကြောင့်ငွေ(၁၀)သိန်းရချင်သူများ သည်မောင်သန်းရွှေကိုသွားဖမ်းတော့၊မောင်းသန်းရွှေကိုဖမ်းမမိရင်ပြည်သူတွေကိုမစုံစမ်းနဲ.တော့၊စစ်အစိုးရကိုယ်တိုင်ကပြည်သူတွေကိုအချိန်ကိုက်ဗုံး များထောင်ပြီးသတ်အုံးမှာလား၊

ရခိုင်ပြည်အတွင်းဗမာစစ်အစိုးရမီးရထားလမ်းဖောက်လုပ်မှုနဲ.ပတ်သက်၍ရခိုင်အမျိုးသားကောင်စီ၏သဘောထားထုတ်ပြန်ချက်

တိုင်းရင်းသားအသံ
ရခိုင်ပြည်အတွင်းဗမာစစ်အစိုးရမီးရထားလမ်းဖောက်လုပ်မှုနဲ.ပတ်သက်၍ရခိုင်အမျိုးသားကောင်စီ၏သဘောထားထုတ်ပြန်ချက်

KIO ဆက်ဆံရေးရုံး ပိတ်ရန် မြန်မာစစ်အစိုးရ သတိပေး

တိုင်းရင်းသားအသံ

KIO ဆက်ဆံရေးရုံး ပိတ်ရန် မြန်မာစစ်အစိုးရ သတိပေး

စစ်အစိုးရမှ မြန်မာ တစ်နိုင်ငံလုံးရှိ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေးရုံးများ ပိတ်ပေးရန် နှုတ်ဖြင့် သတိပေးပြီးနောက် KIOမှ နိုဝင်ဘာလ ၂၅ရက်နေ့ နောက်ဆုံးထားကာ ၎င်း၏ ဆက်ဆံရေးရုံးများ ပိတ်ရန် အမိန့်ထုတ်လိုက်သည်။

ကချင်ပြည်နယ် KIO ဌာနချုပ် လိုင်ဇာအ၀င်ပေါက်တံခါးဝ လဂျားယန်ဂိတ်တွင် မြန်မာစစ်တပ်မှ စစ်ဆေးမှု တင်းကြပ်ထားပါတယ်။ ပုံ-ကချင် သတင်းဌာန
ကချင်ပြည်နယ် KIO ဌာနချုပ် လိုင်ဇာအ၀င်ပေါက်တံခါးဝ လဂျားယန်ဂိတ်တွင် မြန်မာစစ်တပ်မှ စစ်ဆေးမှု တင်းကြပ်ထားပါတယ်။ ပုံ-ကချင် သတင်းဌာန
မြန်မာ စစ်အစိုးရ ထိန်းချုပ်မှုအောက်ရှိ မြစ်ကြီးနား ဆက်ဆံရေးရုံး၊ ဘူးဂါးကုမ္ပဏီရုံး၊ ဘူးဂါးလျှပ်စစ်ရုံး သုံးခုမှလွဲ၍ ကျန်သည့် KIO ဆက်ဆံရေးရုံး အားလုံးရုပ်သိမ်းရန် နိုဝင်ဘာ ၂၀ ရက်နေ့တွင် KIO ဗဟိုကော်မတီမှ အမိန့်ထုတ်ပြန်ခြင်း ဖြစ်သည်။

“နေ့စွဲက သူတို့ မသက်မှတ်ဘူး၊ ကျတော်တို့ကိုယ်တိုင် သတ်မှတ်လိုက်တာ၊ ပြင်ဆင်စရာတွေ အများကြီးရှိသေးတယ်ဆိုတော့ ဒီနိုဝင်ဘာ ၂၅နောက်မကျအောင် ဆိုတာက ကျတော်တို့ သက်မှတ်ယူတာပါ၊” ဟု အမည်အဖော်လိုသူ KIO အရာရှိကြီးတစ်ဦးမှ ပြောသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ ယခုလ နိုဝင်ဘာလဆန်းမှစကာ မြစ်ကြီးနားအခြေစိုက် KIO ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးကြီး (ဒူကဘား) ဂျီးနောင်အား KIO ဆက်ဆံရေးရုံးများအား ချက်ခြင်းရုပ်သိမ်းပေးရန် ဖုန်းဖြင့် အကြောင်းကြားခဲ့သည်ဟု ဗိုလ်မှူးကြီး ဂျီးနောင်မှ ပြောသည်။

“သူတို့ဘက်က အမိန့်လိုမျိုးဟုတ်နေတယ်။ အမိန့်ဟုတ်တယ်၊ အမိန့်ပေးတာ၊ အဲ့….စကားနဲ့ အကြောင်းကြားပြီဆိုတော့ ကျတော်တို့ ငြင်းဆန်နေရင် ပြန်ခံရနိုင်တယ်” ဟု KIO အရာရှိကြီးမှ ဆက်ပြောသည်။

KIO ရုံးများအား ရုပ်သိမ်းခြင်း၊ ပိတ်ပင်ခြင်း မလုပ်ခဲ့လျှင် စစ်အစိုးရဘက်မှ နည်းလမ်းအမျိုးမျိုးနဲ့ ရုပ်သိမ်းအောင် အစီအစဉ်ရှိနေသဖြင့် ဒဲ့မျက်နှာချင်းဆိုင် ဆက်လက်တိုင်ပင်ဆွေးနွေးနေခြင်း မလုပ်တော့ကြောင်း KIO အရာရှိကြီးမှပဲ ပြောသည်။

ရုမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ KIO ဆက်ဆံရေးရုံးကိုလည်း နိုဝင်ဘာလ ၂၀ရက်နေ့တွင် တရားဝင် ပိတ်ပင်လိုက်ပြီဖြစ်သည်။

KIO မှ တစ်စုံတစ်ရာ ပြဿနာဖြစ်လာနိုင်သဖြင့် ပိတ်ပင်လိုက်ရခြင်းဖြစ်ပြီး တင်းမာနေသည့် ဆက်ဆံရေးမှာလည်း ပို၍ တင်းမာသွားခဲ့သည်ဟု KIO အရာရှိကြီးတစ်ဦးမှပင် ဆိုသည်။

လွန်ခဲ့သည့် သြဂုတ်လ ၂၂ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ စစ်အစိုးရနှင့် KIO တွေ့ဆုံစဉ်  စစ်ဖက်ရေးရာလုံခြုံရေးအကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်မှ စက်တင်ဘာလဆန်းမှစ၍ လက်နက်ချရန်နှင့် အကယ်၍ လက်နက်မချပါက ယခင် အပစ်အခတ် မရပ်စဲမီ ၁၉၉၄ ခုနှစ်မတိုင်ခင် အခြေအနေတရပ်တို့ ရောက်ရှိသွားနိုင်သည်ဟု ပြောဆိုခဲ့သည်။

သို့သော် KIO မှ လက်နက်ချရန်ငြင်းဆန်ခဲ့ခြင်းကြောင့် နှစ်ဘက်ကြား ဆက်ဆံရေး တင်းမာလာခဲ့သည်။

အောက်တိုဘာ ၁၅ရက်နေ့ အစိုးရပိုင် သတင်းစာတွင်လည်း KIO လက်အောက်ခံ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) အား “သောင်းကျန်သူများ” ဟု တရားဝင်ခေါ်ဆိုလိုက်ပြီးနောက် KIO မှလည်း “ကျတော်တို့ဘက်က ငြိမ်းချမ်းရေးလည်းရုပ်သိမ်းပြီ။ တိုင်းပင်ဆွေးနွေးတာလည်း မရှိတော့ဘူးလို့ ကျတော်တို့က အဲလို သက်မှတ်ယူလိုက်တယ်” ဟု KIO အရာရှိကြီးမှ ဆက်ပြောသည်။

ယခုလို နှစ်ဘက်ကြားဆက်ဆံရေးတင်းမာမှုရှိသော်လည်း KIA မှ မြန်မာစစ်အစိုးရအား စတင်ပစ်ခက်ရန် အကြောင်းမရှိသေးကြောင်း KIO အရာရှိကြီးတစ်ဦးမှပင် ပြောသည်။

Sunday, November 21, 2010

နအဖစစ်တပ် ကျေးရွာအနီးတ၀ိုက် နှစ်ညဆက်တိုက် လက်နက်ကြီးငယ် ဖြင့် လိုက်လံပစ်ခတ်

တိုင်းရင်းသားအသံ

နအဖစစ်တပ် ကျေးရွာအနီးတ၀ိုက် နှစ်ညဆက်တိုက် လက်နက်ကြီးငယ် ဖြင့် လိုက်လံပစ်ခတ်

နိုဝင်ဘာလ ၂၀ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ဒီကေဘီအေ တပ်ဖွဲ့ဝင်များ လှုပ်ရှားလျှက်ရှိသော ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထီးတပလယ်ကျေးရွာ အနီးတ၀ိုက် တွင် နအဖစစ်တပ်က နိုဝင်ဘာလ ၁၈ရက်နေ့ညကတည်းက နှစ်ညဆက်တိုက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လိုက်လံ ပစ်ခတ်လျှက်ရှိသည်ဟု ဒီကေဘီအေတပ်ဖွဲ့က ပြောသည်။
ဒီကေဘီအေ တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ် စောလားပွယ်က “ဒီလိုလိုက်ပစ်တာ နှစ်ညရှိပြီ။ နအဖစစ်တပ်က အကြောက်လွန် အားကြီးလို့ ပစ်ခတ်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာရှိတဲ့ ကျနော့်လူတွေက ပြန်လည်ပစ်ခတ်တာတို့ ဘာတို့ တခုမှလုပ် တာ မရှိဘူး။”ဟု ပြောသည်။
ထီးတပလယ်ကျေးရွာ တောင်ကုန်းတွင် လှုပ်ရှားနေသော နအဖစစ်တပ် စကခ(၈)လက်အောက်ခံ ခလရ(၉၇)တပ်ရင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈)ရက်နေ့ည ၉နာရီခန့်တွင် ဒီကေဘီအေ လှုပ်ရှားနိုင်သည့် နေရာများသို့ လက်နက်ကြီးငယ်များဖြင့် အချက်ပေါင်း ၄၀ခန့်ပစ်ခတ်ခဲ့သည့်အပြင် ယမန်နေ့ညနေ ၄နာရီခန့်ကလည်း လက်နက်ကြီးငယ်များဖြင့် အချက်ပေါင်း(၂၀)အ ထိ ပစ်ခတ်ခဲ့သည်ဟု သိရသည်။
သို့သော် ထိုပစ်ခတ်မှုကြောင့် မည်သူမျှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ကြောင်း ဗိုလ်မှူးချုပ်စောလားပွယ်က ပြောသည်။
အင်အား (၂၀)ကျော်ရှိ အဆိုပါ နအဖတပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ရက်နေ့က ဒီကေဘီအေနှင့် နအဖစစ်တပ်တို့ကြား နှစ်ဘက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီနောက်ပိုင်း ထီးတပယ်ကျေးရွာအတွင်းသို့ ၀င်ထွက်သွားလာမှုမရှိတော့ဘဲ ယနေ့အချိန်ထိ ၎င်းတို့ အခြေချရာ တပ်စခန်း၌သာ ခိုအောင်းနေကြသည်။
အလားတူပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ရက်နေ့က အံဖကျေးရွာတွင် အခြေချသည့် နယ်ခြားစောင့်တပ် အမှတ်(၁၀၁၅)မှ ဗိုလ် ကြီးအကြည် ဦးဆောင်သည့်အဖွဲ့သည် အံဖကျေးရွာအတွင်းသို့ M-79 ၉လုံးနှင့် ၆၀-မမ ၁လုံးပစ်ခတ်ခဲ့သည့်အပြင် ၎င်းအဖွဲ့ သည် ညနေ ၂နာရီအချိန်တွင် နန်းရွှေမှုံကျေးရွာအတွင်းသို့ ၆၀-မမ ၃လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ အသက်(၇၀)အရွယ်ရှိ ရွာသား ဦးနိုင်ဦးကို ထိမှန်သွားခဲ့သည်ဟု သိရသည်။
ယနေ့မနက် (၆)နာရီတွင်လည်း နအဖ ခမရ(၄၀၉)နှင့် ဒီကေဘီအေ တပ်မဟာ(၅) တပ်ဖွဲ့တို့နှင့် အူးကလေ့ထာတွင် ချုံခို တိုက်ပွဲတကြိမ်ဖြစ်ပွားခဲ့ရာ နအဖဘက်က ၁ဦး ကျဆုံးသွားခဲ့သည်။

 


စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်များ ရန်ကြောင့် နယ်စပ်တလျှောက် တပ်အင်အားဖြည့်ဆည်း

တိုင်းရင်းသားအသံ

စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်များ ရန်ကြောင့် နယ်စပ်တလျှောက် တပ်အင်အားဖြည့်ဆည်း

ခိုနူမ်းထုန်သတင်း၊ ၂၀ နိုဝင်ဘာ ၂၀၁၀
ယခုရက်ပိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့သတင်းကြောင့် အမှတ် ၂ အိန္ဒိယ မြန်မာ
ကုန်သွယ်ရေးလမ်း ကြောင်းနှင့်နယ်စပ်ဒေသများတွင် နိုဝင်ဘာ ၁၂ ရက်နေ့မှစ၍ စစ်တပ်အင်အားများ တိုးချဲ့ လာကြောင်း မျက်မြင်တဦး ပြောကြားချက်အရ သိရသည်။
” တခြားနယ်စပ်တွေမှာ တိုက်ပွဲတွေဖြစ်နေပြီ၊ အနောက်ဖက်မှာလည်း လက်နက်ကိုင်တွေ မ၀င်ဘူးလို့ပြောလို့မရဘူးလို့ စစ်သားတွေက ပြောကြတယ်” ဟု စစ်သားနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းသတင်းကြောင့် ချင်းပြည်နယ်ရှိ ခလရ ၂၆၆၊ ၂၆၈၊၂၆၉ နှင့် ကလေးမြို့အခြေစိုက် ခလရ ၈၉ တို့ကို နယ်စပ် ဒေသ များသို့ အင်အားဖြည့်
ထားကြောင်း သိရသည်။
၎င်းကိစ္စနဲ့ပတ်သက်ပြီး ” Darkhai နှင့် Bukphir ကျေးရွာတွေမှာ အချို့က စခန်းချတယ်၊ စခန်းတခုမှာ စစ်သား ၃၀ ခန့်ရှိ တယ်၊ ယခင်ကတော့ ၁၀ ဦးကျော်ကျော်ပဲ ရှိတယ်၊ စစ်သားတွေ နယ်စပ်ဒေသများတွင် နေရာတကာ တွေ့နေရတယ်” ဟု နယ်စပ်၌ နေထိုင်သူ U TK Chhuma က ပြောသည်။
ယခုကဲ့သို့ ကျေးရွာတိုင်းတွင် စစ်သားတွေ လှုပ်ရှားနေရသောကြောင့် ပြည်သူတွေ သွားလာရေး ကျဉ်းကျပ်နေရ သော် လည်း စစ်တပ်မှ တစုံတရာ နှောင့်ယှက်တာမျိုးမရှိကြောင်း ဒေသခံတွေက ပြောကြသည်။
” အမှတ် (၂) နယ်စပ်လမ်းပေါ်ရှိ အိန္ဒိယနယ်စပ် Tiau ကျေးရွာမှာတော့ အနားတ၀ိုက်မှာတော့ စစ်သားတွေ အချိန်ပြည့် ကင်းလှဲ့နေကြတယ် ” ဟု Tiau ဒေသခံတဦးဖြစ်သူ U Sungvum က ပြောပြသည်။
အနောက်ဖက်ဒေသခတွင် လှုပ်ရှားနေသော ချင်းအမျိုးသားတပ်ဦး အပါအ၀င် တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ယခုနှစ်အတွင်း စစ်ရေး နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြ သည်။ – Khonumthung News.
Junta increases forces in border areas

20 November 2010: The Burmese military junta has reinforced the armed forces on the Indo-Myanmar border area trade no. 2 from 12 November following the alliance by ethnic armed group’s to take on the Burmese Army if it launches offensives against rebels.

“Fighting is going on in other states. Military personnel said that they are not sure that the ethnic armed group the Chin National Front will not attack them in western Burma,” said a source closed to the army.

Following information of rebel movement the border forces have been reinforced from LIB 266, 268, 269 in Chins State and LIB 89 based in Kalemyo.


“Military camps have been located now in Darkhai and Bukphir villages in Chin state. There are about 30 soldiers in each camp, when normally there are only 10 soldiers in each camp. We can see soldiers everywhere in border areas,” said U T K Chhuma, a resident of the border area.

Although military presence has been increased in most of the villages in Chin state, there is no restriction or hardship to the people till date.

“Military personnel are patrolling and are on duty all the time in the Indo-Myanmar border trade no. 2 area,” said U Sungvum from Tiau village.

The Chin National Front in western Burma is part of the alliance with other ethnic armed groups. – Khonumthung News.

 

 

Saturday, November 20, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့်ညီညွတ်သောတိုင်းရင်းသားလူမျိုးများအဖွဲ.ချုပ်တွေ.ဆုံစဉ်

တိုင်းရင်းသားအသံ
ဒေါ်အောင်ဆန်းစုကြည်နှင့်ညီညွတ်သောတိုင်းရင်းသားလူမျိုးများအဖွဲ.ချုပ်တွေ.ဆုံစဉ်



 

Friday, November 19, 2010

A Place to Call Home (A Song for Shan People and Shanland)

တိုင်းရင်းသားအသံ
A Place to Call Home (A Song for Shan People and Shanland)



နိုင်ငံရေးအကျဉ်းသားများထောင်ထဲမှာတိုက်ပွဲဝင်နေဆဲ

တိုင်းရင်းသားအသံ
နိုင်ငံရေးအကျဉ်းသားများထောင်ထဲမှာတိုက်ပွဲဝင်နေဆဲ



ဒေါ်အောင်ဆန်းစုကြည်ကလွတ်မြောက်လာပါပြီ၊သို.သော်၊ကျနော်တို.ကျောင်းသားခေါင်းဆောင်တွေ၊တိုင်းရင်းသားခေါင်းဆောင်တွေ၊လူ.အခွင့်အရေးခေါင်းဆောင်တွေထောင်ထဲမှာကျန်ရှိဆဲ၊စိတ်မွန်းကြပ်နေဆဲ၊တိုက်ပွဲဝင်နေဆဲပါ၊မင်းကိုနိုင်၊ကိုကိုကြီး၊မင်းဇေယျာ၊စသည့်ကျောင်း သားခေါင်းဆောင်များနှင့်ဦးခွန်ထွန်းဦးစသည့်တိုင်းရင်းသားခေါင်းဆောင်များ၊မစုစုနွယ်စသည့်လူ.အခွင့်အရေးခေါင်းဆောင်တွေ၊အရှင်ဂမ္ဘီ ရစသည့်ရဟန်းပျိုခေါင်းဆောင်တွေဟာထောင်ထဲမှာတိုက်ပွဲဝင်နေဆဲပါ၊သူတို.ကိုစစ်အစိုးရကဘယ်တော့လွှတ်ပေးမလဲ၊ဘာကြောင့်ဖမ်းဆီး ထားသလဲဆိုတာကိုအန်အေလ်ဒီပါတီ၏ရှေ.နေအဖွဲ.ကအားရပါးရလုပ်ဆောင်ပေးမည့်ပုံနည်းပါးနေတယ်လို.ခံစားမိတယ်၊ဒေါ်အောင်ဆန်းစု ကြည်လွတ်မြောက်လာတာဟာလူတိုင်ကပျော်ရွှင်နေကြပေမဲ့ထောင်ထဲမှာကျန်းရှိနေသည့်နိုင်ငံရေးအကျဉ်းသား၂၂၀၀ကျော်မလွတ်မြောက်လာသေးတာကြောင့်မျိုးဆက်သစ်များအတွက်စိတ်မပျော်ရွှင်နိုင်ပါ၊
ထို.ကြောင့်၊တိုင်းရင်းသားအသံကနေပြီးအောက်ပါအချက်များကိုမေးခွန်းထုတ်မေးပါရစေ၊

(၁)(၈၈)ကာလကတည်းကယနေ.အချိန်အထိတိုက်ပွဲဝင်နေသည့်ကျောင်းသားခေါင်းဆောင်များအပေါ်ဘယ်လိုသဘောထားရှိသလဲ?အန်အဲလ်ဒီပါတီဝင်တွေမဟုတ်လို.ပါတီဝင်တစ်ယောက်လိုလုပ်ပေးလို.မရဘူးလား?
(၂)၂၀၀၇ခုနှစ်ရွှေဝါရောင်တော်လှန်ရေးအကြောင်းတစ်ပိုဒ်တစ်ပါဒမှမပြောဖြစ်တာဘာကြောင့်လဲ?ရွှေဝါရောင်တော်လှန်ရေးအပေါ်ဒေါ်အောင်ဆန်းစုကြည်ဘယ်လိုသဘောထားရှိသလဲ?

မေးချင်တာကဒါပါပဲ၊ဗမာပြည်တော်လှန်ရေးအနှစ်(၁၀၀)မကဆက်လက်ကြာရှည်မည်ကိုစိုးရိမ်းတယ်၊ဂိုဏ်းခွဲ၊အုပ်စုခွဲပြီးနိုင်ငံရေးသမားများလျောက်ခဲ့သည့်လမ်းအတိုင်ယနေ.ခေတ်နိုင်ငံပါတီများနှင့်နိုင်ငံရေးသမားများဆက်လျောက်မည်ကိုလည်းပိုပြီးစိုးရိမ်းပါတယ်။

http://www.amnesty.org/en/news-and-updates/myanmar-political-prisoners-still-fighting-their-rights-behind-bars-2010-11-19

ကေအန်ယူနဲ.လာရောက်ပေါင်းစည်းသည့်ဒီကေဘီအေတပ်ရင်း(၉၀၉)အားကြိုဆိုနေပုံ(ရုပ်သံမှတ်တမ်း)နေ.သစ်ဆိုက်မှရယူသည်

တိုင်းရင်းသားအသံ
ကေအန်ယူနဲ.လာရောက်ပေါင်းစည်းသည့်ဒီကေဘီအေတပ်ရင်း(၉၀၉)အားကြိုဆိုနေပုံ(ရုပ်သံမှတ်တမ်း)နေ.သစ်ဆိုက်မှရယူသည်


Thursday, November 18, 2010

ညံ့လိုက်တဲ့ဘောလုံးပွဲ..ရှုံးမှာပေါ့ဗျာ



တိုင်းရင်းသားအသံ
အဲလီဗင်းဂျာနယ်(Eleven Journal)မှရယူဖော်ပြသည်

Wednesday, November 17, 2010

ရန်ကုန်မြို.တော်ခန်းမ၏အနောက်ဘက်မှာရှိတဲ့စီးတီးစတားဟိုတယ်အနားအမိုက်ပစ်သည့်နေရာမှာဗုံးတစ်လုံးတွေ.

တိုင်းရင်းသားအသံ
ရန်ကုန်မြို.တော်ခန်းမ၏အနောက်ဘက်မှာရှိတဲ့စီးတီးစတားဟိုတယ်အနားအမိုက်ပစ်သည့်နေရာမှာဗုံးတစ်လုံးတွေ.

မြို.တော်ခန်းမနဲ.နီးတယ်၊ရန်ကုန်တိုင်းတရားရုံချုပ်၊လူအသွားအလာစည်းကားသည့်နေရာ၊ဝန်ထမ်းတွေအများဆုံးနေထိုင်သည့်နေရာနှင့်ဈေးဆိုင်အများအ ပြားရှိသည့်နေရာဖြစ်တာကြောင့်လုံးခြုံးရေးတာဝန်ရှိသူများကအလုပ်ရှုပ်နေကြပါသည်၊မပေါက်ကွဲဘဲတွေ.ရှိတာဟာသာဓုခေါ်ထိုက်ပါဘိ။

ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာစစ်အစိုးရတပ် တိုက်ပွဲ ဆက်ဖြစ်

တိုင်းရင်းသားအသံ

ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာစစ်အစိုးရတပ် တိုက်ပွဲ ဆက်ဖြစ်

သတင်းနှင့်မီဒီယာကွန်ယက်။ အားမီ။
နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၀ ခုနှစ်။

ကရင်ပြည်နယ်အတွင်း မြန်မာစစ်အစိုးရတပ်များနှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တိုက်ပွဲဆက် တိုက်ဖြစ်ပွား လျှက်ရှိသည်။

ကရင်ပြည်နယ်အတွင်း မြန်မာစစ်အစိုးရဘက်မှ တပ်အင်အားများ ထပ်မံတိုးချဲ့ကာ ထိုးစစ်ဆင်လျှက် ရှိကြောင်း တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ) ဗိုလ်မှူး အေဝမ်းက ယခုလို ပြောသည်။

“လောလောဆယ် အခြေအနေက သူတို့ ဗျူဟာတွေတက်လာတယ်။ သူတို့ တပ်ရင်း သုံး လေး ရင်း လောက်ပါလာတယ်။ ကျနော်တို့ကို စစ်ဆင်ရေးထိုးဖို့ပေါ့။ အဲဒါတော့ရှိတယ်။ ဒါပေမယ့် ဒီလောက် အင်အားနဲ့ ဘာမှမဖြစ်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တပ်ရင်း တစ်ရင်းမှာ တပ်အင်အား ၁၀၀ နဲ့ ၁၂၀ လောက်ပဲလေ အဲ့လောက်ပဲပါတယ်လေ။”

ယမန်နေ့ညက တိုက်ပွဲများ ထပ်မံဖြစ်ပွားနေသည်ဟု ဗိုလ်မှူးအေဝမ်းက ယခုလို ဆက်ပြောသည်။

“ သူတို့စစ်ဆင်ရေးထိုးလာတယ်။ အဲ့ဒါ ဗျူဟာ တစ် ဗျူဟာတက်လာတယ်။ သူတို့ အဲ့ဒါ တိုက်ပွဲလည်း တစ်လမ်းလုံးဖြစ်လာတယ်။ ကျနော်တို့ကတော့ အခု တစ်နေရာ ရွှေ့လိုက်တယ်လေ။ မွန်နယ်ဖက် အ ခြမ်း နယ်စပ်အနီးပေါ့ ကျနော်တို့ လောလောဆယ်ဆယ်တော့ အဲ့လိုပဲ နေရာရွှေ့ထားတယ်ပေါ့။ တောက်လျှောက် တိုက်ပွဲတွေ ဖြစ်နေတယ်လေ။ မနေ့ညနေ ၅ နာရီ မိနစ် ၄၀ ကျော်ကျော်လောက်က ချောင်းဆုံအောက်မှာ ချောင်းဆုံနဲ့ ဘုရားတော်ကြားမှာ ဖြစ်တာ။”

အလားတူ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တပ်များကလည်း ပျောက်ကြားနည်းစနစ်များ သုံးပြီး စစ် အစိုးရတပ်များကို တိုက်ခိုက်နေသည်ဟု ဗိုလ်မှူးအေဝမ်းက ဆက်ပြောသည်။

“ကေအဲန်ယူနဲ့ဖြစ်နေတာက ဟိုး ဟောကလား ကနေစဖြစ်တယ်။ ပြီးတော့ လေးဖိုး၊ အော်ပလိုတို့ တာ တေတို့ တောက်လျှောက်ဖြစ်နေတာပဲ။ သူတို့ကလည်း ဒီကျနော်တို့ ကေအဲန်ယူကလည်း ပျောက်ကြား ပဲသုံးတယ်လေ။ အဲ့ဒါ ထိခိုက်တာတို့က တော်ရုံတန်ရုံတော့ မရဘူး။ နအဖ ဖက်ကတော့ ဒဏ်ရာရတာ ထိခိုက်တာကတော့ တောက်လျှောက် ရနေတာပဲ။ လာတဲ့အဖွဲ့နဲ့ စောင့်တဲ့အဖွဲ့ စောင့်တဲ့အဖွဲ့က ပစ် မယ်။ လာတဲ့အဖွဲ့ကတော့ ထိမှာပဲလေ နော်။ ကေအဲန်ယူ တပ်ရင်း ၁၆ နဲ့ ဖြစ်တာ။”

ယခုအခါ နယ်ခြားစောင့်တပ် အသွင်ပြောင်းသွားသော ဒီကေဘီအေ တပ်ရင်း ၉၀၇၊ ၉၉၉ တပ်များမှ တပ်သား များသည်လည်း ဒီကေဘီအေနှင့် လာရောက်ပူးပေါင်းလျှက်ရှိကြောင်း သိရသည်။

စစ်အစိုးရတပ်များသည် ကရင်ပြည်နယ်အတွင်း တွင်သာမက ရှမ်းပြည်နယ်အတွင်း ပြည်သူ့စစ် အသွင် ပြောင်း ရန်ငြင်းဆိုထားသော အပစ်ရပ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ ထဲကိုလည်း ရွေးကောက်ပွဲ လုံခြုံရေး အကြောင်းပြကာ တပ်အင်အားများ တိုးချဲ့ နေရာယူထားသည်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်း၊ မြောက်ပိုင်းများနှင့်ပါ ပြီးခဲ့သည့် အပတ်တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ သည်။

တိုက်ပွဲဆက်လက်ဖြစ်ပွားနေမည့်အကြောင်းကိုဦးသိန်းစိန်းအတည်ပြုပြောကြား

တိုင်းရင်းသားအသံ
တိုက်ပွဲဆက်လက်ဖြစ်ပွားနေမည့်အကြောင်းကိုဦးသိန်းစိန်းအတည်ပြုပြောကြား

ဗမာစစ်အစိုးရတပ်နှင့်တိုင်းရင်းသားတပ်တွေအကြားနယ်စပ်တစ်လျှောက်မှာတိုက်ပွဲဆက်လက်ဖြစ်နေအုံးမည်လို.ကြံ.ဖွတ်ဝန်ကြီးချုပ်ဦးသိန်းစိန်းကထိုင်း အစိုးရဝန်ကြီးချုပ်အဘိဆစ်အားဖနွန်းဖင်မှာတွေ.ဆုံစဉ်ပြောကြားခဲ့တယ်လို.ထိုင်းသတင်းဌာနတစ်ခုမှာဖော်ပြခဲ့ပါသည်၊ကြံ.ဖွတ်ဝန်ကြီးချုပ်ဦးသိန်းစိန်းက စစ်ပြေးဒုက္ခသည်တွေကိုချစ်သယောင်ဆောင်ပြီးကူညီပေးပါ၊ကာကွယ်စောင့်ရှောက်ပေးပါလို.ထိုင်းအစိုးရအဘိဆစ်အားတောင်းဆိုသွားတယ်သတဲ့၊

ဤပြောကြားချက်ကို အေရာဝတီ၊ချောဖရယား၊မဲခေါင်စီပွားရေးပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးကျင်းပနေသည့်ကမမ္ဘောဒီယာနိုင်ငံ၊ဖနွန်ဖင်မှာဖြစ်သ ည်၊မြဝတီနှင့်ဘုရားသုံးဆူနယ်စပ်တစ်လျှောက်မှာဖြစ်ပွားနေသည့်တိုက်ပွဲဟာဒီကေဘီအေနှင့်ဗမာစစ်အစိုးရတပ်အကြားဖြစ်သည်ကိုလည်းအဘီဆစ်ကဦး သိန်းစိန်းကိုပြောပြသေးတယ်၊ကေအန်ယူကြားတပ်နှင့်ဗမာစစ်အစိုးရတပ်အကြားမဟုတ်သည့်အကြောင်းတွေပေါ့၊စစ်ပြေးဒုက္ခသည်တွေကိုကောင်းကောင်း မွန်မွန်စောင့်ရှောက်ပေးထားပါတယ်လို.အဘိဆစ်ကပြောပြသည့်အခါမောင်သိန်းစိန်းမျက်နှာမလှဘူးလို.သတင်းထွက်နေပါတယ်သတဲ့၊

ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးလိုက်တာဟာဥပဒေအရဆက်ချုပ်နှောင်မှုသက်တမ်းကုန်ဆုံးသောကြောင့်လို.ဦးသိန်းစိန်းကရှင်းပြသည့်အခါဗမာပြည် မှာဥပဒေရှိသယောင်ယောင်ပြောသွားသေးတာကိုအဘီဆစ်က ခီ...ခီး...ဟီ.. လို.ရီးပြီးကောင်းပါတယ်လို.ပြန်ပြောသတဲ့၊ဒါပေမဲ့၊မောင်သိန်းစိန်းစကားကို မယုံသည့်သူများနေတော့၊နိုင်ငံတကာရဲ.ဖိအားပေးမှုကြောင့်ခင်ဗျားတို.လွှတ်ပေးလိုက်တာမဟုတ်ဘူးလားလို.မေးတော့၊မောင်းသိန်းစိန်းက`“နိုင်ငံတ ကာကိုငါတို.ကြောက်စရာလာကွ..လို.ပြန်အော်လိုက်သတဲ့။

Sporadic fighting likely to continue in Myanmar: Thai PM

PHNOM PENH, Nov 17 - Thai Prime Minister Abhisit Vejjajiva said on Wednesday Myanmar Prime Minister Thein Sein has informed him that sporadic fighting between government troops and ethnic armed forces is likely to continue in border areas, while urging Thailand to help take care of the Myanmar people who flee into Thailand to escape the clashes into the neighbouring territory.

The Thai premier made the remarks as he met his Myanmar counterpart on the sidelines of the 4th Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS) Summit in the Cambodian capital of Phnom Penh.

Mr Abhisit said he has discussed with Mr Thein Sein over the clashes between the Democratic Karen Buddhist Army (DKBA) splinter faction and the Myanmar army along the Thai-Myanmar border which erupted immediately after the country's first election in 20 years on Nov 7 and had an impact on Thailand.

The Myanmar premier said that minor clashes between the government troops and the ethnic armed forces are likely to continue in some areas for a certain period and has sought cooperation from Thailand to help take care of the Myanmar people who escaped the fights, according to Mr Abhisit.

Some 20,000 Myanmar people fled fighting in Myawaddy into Mae Sot district in Thailand's Tak province, while several thousands crossed the border to Kanchanaburi's Sangkhla Buri district as the DKBA faction clashed with Myanmar troops in the Myanmar border town of Phaya Tong Su.

The Thai authorities have provided them temporary shelters and initial humanitarian aid, while pledging that they will not force the mainly ethnic Karen back to their homes if the situation there remained unsafe.

Most of the Myanmar people however returned to their countries as the clashes ended, with some of them returning into Thai territory when renewed gunfire is heard.

Regarding the release of pro-democracy leader Aung San Suu Kyi, the Thai premier said he has been informed that the release was done according to the law as the detention period expired.

When asked whether Suu Kyi's release will ease pressure from the international community on Myanmar, Mr Abhisit said it depends on the stance of western countries, which is now still unclear.

Mr Abhisit however said initially Myanmar has responded to the reaction of the world community as it had earlier promised. (MCOT online news)

Tuesday, November 16, 2010

တိုင်းရင်းသားအရေးနှင့်ဒီမိုကရေစီအရေးကိုတစ်ပြိုင်တည်တိုက်ပွဲဝင်မှသာလျှင်အောင်မြင်မည်

တိုင်းရင်းသားအသံ
တိုင်းရင်းသားအရေးနှင့်ဒီမိုကရေစီအရေးကိုတစ်ပြိုင်တည်တိုက်ပွဲဝင်မှသာလျှင်အောင်မြင်မည်

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးဒီမိုကရေစီအင်းအားစုများအတွက်အသက်ကယ်ဆေး၊သို.မဟုတ်အားဆေးတစ်မျိုးဖြစ်နေပါသည်၊ဗမာပြည်ပြ ဿနာကိုကျနော်တို.အားလုံးသိထားသည့်အတိုင်ဘဲ ဒီမိုကရေစီစနစ်တစ်ခုထဲသို.ပြောင်းလဲလိုက်ရုံဖြင့်မလုံလောက်ပါဘူး၊ဦးနုလက်ထက်တုန်းကလည်းပါ လီမာန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့တာဘဲ၊အဲဒီအချိန်ကတည်းကပြည်တွင်းစစ်မီးလောင်ကျွမ်းခဲ့သည်၊ပြဿနာကတော့၊တိုင်းရင်းသားများ၏တန်တူအခွင့် အရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးဆုံးရှုံးခဲ့မှုကြောင့်ဖြစ်သည်၊တိုင်းရင်းသားလက်နက်ကိုင်တပ်များပေါ်ပေါက်ခဲ့ပြီးယနေ.တိုင်အောင်ဆက်လက်တိုက် ပွဲဝင်နေတုန်းပါပဲ။
တိုင်းရင်းသားလက်နက်ကိုင်တပ်များကဗမာစစ်အစိုးရကိုလောလောဆယ်စစ်နိုင်အောင်မတိုက်နိုင်ပေမဲ့စစ်မရှူံးအောင်ခုခံနိုင်ခဲ့တယ်၊ကာကွယ်နိုင်ခဲ့တယ်၊ဗ မာစစ်အစိုးရဘက်ကလည်းနည်းမျိုးစုံသုံးပြီးဖိနှိပ်ခဲ့တယ်၊အမြစ်ပြုတ်အောင်တိုက်ခဲ့တယ်၊လိမ်ညာခဲ့တယ်၊မက်လုံးပေးစည်းရုံးခဲ့တယ်၊သွေးခွဲရန်တိုက်ခဲ့တ ယ်၊သို.သော်၊မအောင်မြင်နိုင်ဘူး၊စစ်အစိုးရဘက်ကအင်းအားကြီးစစ်တပ်တို.ချဲ.လာသလိုတိုင်းရင်းသားလက်နက်ကိုင်အင်းအားစုတွေကလည်းအင်းအားဖြ ည့်ဆည်းမှုတွေလုပ်ဆာင်ခဲ့သည်ခေတ်မှီစစ်ရေးနည်းပညာတွေကိုလေ့လာဆည်းပူးခဲ့သည်၊မြေပေါ်မြေအောက်စစ်ရေးလှုပ်ရှားမှုတွေပြင်ဆင်လာသည်၊ရှင်း ရှင်းပြောရရင်၊တစ်နိုင်ငံလုံနေရာအနှံ.မှာစစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်နိုင်သည့်အနေအထားမှာရှိသည်၊ဒါတွေကိုကြည့်ရင်၊ဗမာပြည်၏ပြည်တွင်းစစ်ပြ ဿနာဟာထင်ထားတာထက်ကြီးမားနေသည်ကိုတွေ.ရှိရသည်၊

ဒီပြဿနာကိုဖြေရှင်းနိုင်ဖို.ကဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်နေသည့်အချိန်ခိုက်အချိန်မီလုပ်ဆောင်နိုင်ရန်အရေးကြီးသည်၊ဒီမိုကရေစီအင်းအားစု များကဒေါ်အောင်ဆန်းစုကြည်ကိုဘန်ပြပြီးဒီမိုကရေစီအရေးတစ်ခုတည်းကိုပဲဦးစားပေးလုပ်ဆောင်မယ်ဆိုပါကကြီးမားသောဆုံးရှူံးမှုတစ်ရပ်ဖြစ်သွားနိုင် သည်၊ဒေါ်အောင်ဆန်းစုကြည်အနေနဲ.ဒီမိုကရေစီအရေးတစ်ခုတည်းကိုသာဦးစားပေးလုပ်ဆောင်ပြီးတိုင်းရင်းသားများ၏တန်တူအခွင့်အရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်
အခွင်.အရေး၊နှင့်စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွေကိုလျစ်လျူရှူးမည်ဆိုရင်တိုင်းရင်းသားများ၏ဆက်လက်ထောက်ခံအားပေး မှုကိုနိဂုံချုပ်အဆုံးသတ်သွားနိုင်သည်၊ထို.ကြောင့်၊ယနေ.အချိန်အခါမှာဒီမိုကရေစီအင်းအားစုများနှင့်တိုင်းရင်းသားအင်းအားစုများကတိုင်းရင်းသားအရေး နှင့်ဒီမိုကရေစီအရေးကိုတစ်ပြိုင်တည်းတိုက်ပွဲဝင်နိုင်မှသာလျှင်အာဏာရှင်စစ်အစိုးရကိုဖယ်ရှားနိုင်မှာဖြစ်ပြီးစစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ထောင်နိုင်မှာဖြစ်ကြောင်းတင်ပြအပ်ပါသည်။

Friday, November 12, 2010

Wordpress မှာတိုင်းရင်းသားအသံ

တိုင်းရင်းသားအသံ
တိုင်းရင်းသားအသံ၏တိုက်ပွဲသတင်းအထူးစာမျက်နှာ Wordpress မှာလည်းဖတ်ရှူနိုင်ပြီ
http://wp.me/P1bUgK-rd
http://tineyintharvoice.wordpress.com/battle-news-တိုက်ပွဲသတင်းအထူးစာ

http://tineyintharvoice.wordpress.com/

Thursday, November 11, 2010

ဒီကေဘီအေနှင့်ကေအန်ယူပူးပေါင်းတပ်(ဗွီဒီယိုသတင်း)

တိုင်းရင်းသားအသံ
ဒီကေဘီအေနှင့်ကေအန်ယူပူးပေါင်းတပ်(ဗွီဒီယိုသတင်း)


မိုင်းရှူးဖက်ရှိ နအဖတပ် SSA တပ်မဟာ ၁ ကိုစတိုက်ပြီ Burma Troop begin Attack SSA

တိုင်းရင်းသားအသံ

မိုင်းရှူးဖက်ရှိ နအဖတပ် SSA တပ်မဟာ ၁ ကိုစတိုက်ပြီ Burma Troop begin Attack SSA

ယနေ့ ညနေ ၅ နာရီ တပ်မဟာ ၁ ၀မ့်ဟိုင်းဌာနချုပ်တောင်ဘက် ကျေးသီး- မိုင်းရှူး ကားလမ်းရှိ ၀မ့်ဆော့မှာ အခြေစိုက်တဲ့ တပ်မ ၃၃ လက်အောက်ခံ အင်အား ၆၀ လောက်ရှိတဲ့ နအဖတပ်က ကားလမ်းအနောက်ဘက်မှာရှိတဲ့ အပစ်ရပ် သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း အမှတ် ၂၄ ကို ဦးစွာဝင်ရောက် တိုက် ခိုက်ခဲ့ပါတယ်။

ည ၇ နာရီအထိတိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွါးတဲ့ ကွန်ကျိုင်းရွာ ကတော့ ကျေးသီး-မိုင်းနောင်-မိုင်းရှူးလမ်းခွဲရဲ့တောင်ဘက် ၀မ့်ဆော့ရွာ အနောက်ဘက် ၃ မိုင်လောက်အကွာမှာ ဖြစ်ပါတယ်။

ပြည်သူ့စစ်အသွင်ပြောင်းရေးငြင်းဆန်တဲ့ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း အမှတ် ၂၄ ကို ဗိုလ်ကြီး လောဝ်တိုင်းက ဦးဆောင်နေပြီးခုခံတိုက်ခိုက်တာပါ။ အခုချိန်မှာ သျှမ်းတပ်ကို နအဖ တပ်က၀ိုင်းရံ ပစ်ခတ်နေပြီး အဲ့ဒီတ၀ိုက်မှာရှိတဲ့ သျှမ်းတပ်ဖွဲ့ကလည်း နအဖတပ် အပြင် ဘက်ကနေ ထပ်မံဝိုင်းရံနေတယ်လို့ဆိုပါတယ်။ နအဖဘက်ကလည်း မိုင်းရှူး ဘက်က စစ်အင်အားတွေ ပို့ဆောင်နေဆဲဖြစ်တယ်။ နှစ်ဘက်စလုံးတပ်ကူတွေ ပို့နေကြလို့ ဒီတိုက်ပွဲဟာ ကြာမြင့်နိုင်တယ်လို့ တပ်မဟာ ၁ က အရာရှိတဦးက သျှမ်းသံတော်ဆင့်ကိုသတင်းပေးပို့ပါတယ်။

ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်မှာစိုးလို့ သျှမ်းတပ်ဘက်က တရှောင်ရှောင် ဝေ့ပတ်နေ တဲ့ကြားက နအဖတပ်က အရင်သွားပစ် ဖြစ်တယ်လို့ SSA-N တပ်မှူးတယောက်က မကျေမချမ်းပြောပြပါတယ်။

Shan State Army (SSA) North’s Battalion 24 stationed at Kunkieng- Wan Lwe, 3 miles west of Wan Hsaw, a village between Wanhai, the main base of the SSA North, and Monghsu, was attacked by a unit from Light Infantry Division 33, at 17:00 local time, according to SSA sources.

“At first, the 33rd was encircling us,” said an SSA officer, “but now reinforcements from Wanhai are encircling the 33rd. “The fighting is still raging at the time of this reporting,” he added.

19:00.

ရှမ်းပြည်မှ စစ်အစိုးရတပ်ရင်းများ ကရင်နီပြည်တွင်းသို့ စစ်ဆင်ရေးထိုးပြီ

တိုင်းရင်းသားအသံ
ရှမ်းပြည်မှ စစ်အစိုးရတပ်ရင်းများ ကရင်နီပြည်တွင်းသို့ စစ်ဆင်ရေးထိုးပြီ
ကန္တာရဝတီသတင်းဌာနမှ

ရှမ်းပြည်နယ် ကလောဌာနချုပ်မှ တပ်မ ၅၅ လက်အောက်ခံ စစ်အစိုးရတပ်ရင်း သုံးရင်း ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းသို့ ယခုလ ပထမအပတ်ကစပြီး စစ်ဆင်ရေးထိုးကာ စစ်ရေးလုပ်ရှားမှုပြုလုပ်နေကြောင်း ကရင်နီပြည်ထဲရေးဌာနမှ တဆင့်ကြားသိရသည်။

အဆိုပါစစ်ကြောင်းများမှာ တပ်မ ၅၅ လက်အောက်ခံ ခမရ ၅၁၂၊ ခမရ ၅၁၁နှင့် ခမရ ၅၁၇တို့ဖြစ်ကြပြီး ယခုအခါလွိုင်ကော်မြို့နယ်နှင့် ရှားတောမြို့နယ်အတွင်း ကရင်နီတပ်မတော်များ လှုပ်ရှားနေသည့် ဒေသများ၌ နယ်မြေရှင်းလင်းရေး ပြုလုပ်နေသည်ဟု ဆိုသည်။

“အခုစစ်ကြောင်းထိုးလာတဲ့ အကြောင်းအရင်းက ပွန်ချောင်းမှာဖြစ်ပျက်ခဲ့တဲ့ စစ်ပွဲနဲ့ဆက်စပ်မှုရှိတယ်လို့ ယူဆထားတယ်။ ဘာဖြစ်လဲဆိုတော့ အခုလာတဲ့စစ်အကြာင်း ၃ ကြောင်းထဲက ၅၁၂ နဲ့ ၅၁၁ ဟာ ပွန်ချောင်းဒေသတ၀ိုက်မှာ ကရင်နီတပ်မတော်တွေကိုလိုက်လံရှာဖွေနေတယ်။ စစ်ဆေးမှုတွေလုပ်နေတယ်” ဟု ကရင်နီ ပြည်ထဲရေးဌာနမှ ဒု-၀န်ကြီး ခူးညေးရယ်က ပြောပါသည်။

ပွန်ချောင်းတံတားတိုက်ခိုက်စဉ်က တပ်စခန်းအား မီးရှို့ဖျက်ဆီးခဲ့ပုံ (ဓါတ်ပုံ-ဗိုလ်ကြီးညားရယ်-G1)
ပွန်ချောင်းတံတားတိုက်ခိုက်စဉ်က တပ်စခန်းအား မီးရှို့ဖျက်ဆီးခဲ့ပုံ (ဓါတ်ပုံ-ဗိုလ်ကြီးညားရယ်-G1)

ခမရ ၅၁၇ မှာမူ ကရင်နီပြည်နယ် မောချီးနှင့်ကရင်ပြည်နယ် တော်ငူကားလမ်းမကြီး ဖြစ်မြောက်ရန်အတွက် နယ်မြေရှင်းလင်းရေးကိစ္စအား အကြောင်းပြပြီး ကရင်နီပြည်အမှတ် ၂ ခရိုင်မော်ချီးဒေသဘက်သို့ ချီတက်သွားသည်ဟု ဆိုသည်။

ကရင်နီ ပြည်နယ်၊ လွိုင်ကော်နှင့် ရှားတောမြို့နယ် အကြားရှိ ပွန်ချောင်းတံတား အနီးတွင် တပ်စွဲထားသော စစ်အစိုးရတပ် ခလရ ၇၂ တပ်ဖွဲ့အား ကရင်နီတပ်ရင်း ၃ နှင့် ABSDF တပ်ရင်း(၄)တို့ ပူးပေါင်းပြီး အောက်တိုဘာလ ၂၆ ရက်နေ့က သိမ်းပိုက်ခဲ့သည်။ သိမ်းပိုက်စခန်းအား မီးတင်ရှို့ပြီး တံတားအားဖောက်ခွဲကာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။

၎င်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄ ဦး ကျဆုံးကာ ၄ ဦးဖမ်းဆီးရမိပြီး လက်နက်ကြီးငယ်မျိုးစုံ ၉ လက်နှင့် ခဲယမ်းမီးကျောက်များကို ကရင်နီနှင့် ABSDF တပ်တို့မှ သိမ်းဆည်းရမိသည်။ ဖမ်းဆီးရမိသော စစ်တပ်များကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ကရင်နီတပ်မတော်တို့က ဆိုသည်။

ABSDF ကျောင်းသားတပ်မတော်သည် စစ်အစိုးရ ရွေးဆွဲခဲ့သည့် ၂၀၀၈ ခုအခြေခံဥပဒေကို လက်မခံခဲ့သလို ပြုလုပ်ကျင်းပသွားပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း လက်မခံဘဲရှုတ်ချထားပြီး စစ်အစိုးရကို စစ်ရေးအရလက်နက်ကိုင်သည့် နည်းလမ်းဖြင့် တခြားတိုင်းရင်းသား မဟာမိတ်များနှင့်အတူ လက်တွဲပြီး ဆက်လက် တိုက်ခိုက်သွားမည်ဟု ဆိုပါသည်။

ကရင်နီနယ်မြေတွင် ကရင်နီတပ်မတော်နှင့် စစ်ရေးအရပူးပေါင်းလုပ်ရှားမှုနှင့် ပတ်သက်ပြီး ABSDF ကျောင်းသားတပ်မတော်တပ်ရင်း(၄)မှ ဒု တပ်ရင်းမှူး ကိုတင်မောင်ထွန်းက ယခုလိုပြောပါသည်။

“ကျနော်တို့ တပ်အနေနဲ့ ပုံမှန်လှုပ်ရှားနေတာရှိပါတယ်။ နိုင်ရင်နိုင်သလောက်ပေါ့နော်။ ကျနော်တို့ တပ်ဖွဲ့တွေ ကရင်နီတပ်တွေနဲ့တွဲပြီး လှုပ်ရှားနေတာရှိပါတယ်။ အခုလဲ ရှေ့တန်းနယ်မြေမှာ လုပ်ရှားနေကြပါတယ်။”

ကရင်နီပြည်တွင် ၂၀၁၀ ခုနှစ်အတွင်း ပုံမှန်လုပ်ရှားနေသည့် ဒကစ လက်အောက်ခံတပ်ရင်း ၁၄ ရင်းရှိပြီး ၎င်းတို့မှာ ကလရ ၅၄၊ ၇၂၊ ၅၃၁၊ ၄၂၈၊ ၄၂၉၊ ၄၃၀၊ ၁၃၄၊ ၁၃၅၊၂၅၀၊၂၆၁၊ ၁၀၂၊ ၅၃၀၊ နှင့် ခမရ ၃၃၇၊ ၄၂၇ တို့ ဖြစ်သည်

သျှမ်းပြည်အလယ်ပိုင်းဒေသမှာဖြစ်ပွားခဲ့သောဗမာစစ်တပ်၏မုဒိန်းကျင့်မှုကိုရှမ်းအမျိုးသမီးအဖွဲ.ရှုတ်ချ

တိုင်းရင်းသားအသံ
သျှမ်းပြည်အလယ်ပိုင်းဒေသမှာဖြစ်ပွားခဲ့သောဗမာစစ်တပ်၏မုဒိန်းကျင့်မှုကိုရှမ်းအမျိုးသမီးအဖွဲ.ရှုတ်ချ

SWAN denounces Burma Army build-up and rape in central Shan State

ကမ္ဘာ.မီဒီယာများ၏မျက်မြင်ကိုယ့်တွေ.ဖြစ်သောဒီကေဘီအေနှင့်ဗမာစစ်အစိုးရတပ်အကြားတိုက်ပွဲကိုစစ်အစိုးရမီဒီယာများ၏ပြောင်းကျကျလိမ် လည်ဖော်ပြ၊လိမ်တယ်၊ညာတယ်၊ဘာလူလ

တိုင်းရင်းသားအသံ
ကမ္ဘာ.မီဒီယာများ၏မျက်မြင်ကိုယ့်တွေ.ဖြစ်သောဒီကေဘီအေနှင့်ဗမာစစ်အစိုးရတပ်အကြားတိုက်ပွဲကိုစစ်အစိုးရမီဒီယာများ၏ပြောင်းကျကျလိမ် လည်ဖော်ပြ၊လိမ်တယ်၊ညာတယ်၊ဘာလူလဲ?

ဒီကေဘီအေနှင့်ဗမာစစ်အစိုးရတပ်အကြားဖြစ်ပွားနေသည့်တိုက်ပွဲကိုစစ်အစိုးရထိန်းချုပ်ထားသည့်သတင်းစာနှင့်ရုပ်မြင်သံကြားတွေကကေအန်ယူကြား ဖြတ်တပ်ဟုဟောပြောထုတ်လွှင့်တာဟာလယ်ကွင်းအလယ်မှာဆင်ဖြတ်သွားတာကိုဆိတ်ဖြတ်သွားသည်ဟုပြောင်းကျကျလိမ်လည်ခြင်းဖြစ်သည်၊ဒီလူ ဘာကြောင့်ပြောင်းကျကျလိမ်လည်နေသလဲဆိုတာဆန်းစစ်ကြည့်ရမည်၊
ပထမအချက်၊အများ၏ထင်မြင်ချက်အရဒီကေဘီအေသည်သူတို.၏လက်အောက်ရောက်သွားသည့်အဖွဲ.ဖြစ်သဖြင့်သူတို.လက်အောက်မှာရှိသည့်အဖွဲ.တွေစစ်အစိုးရအားပုန်ကန်နေကြောင်းကိုဖုံကွယ်ထားချင်တယ်၊
ဒုတိယအချက်က၊ကရင်အချင်းချင်းအကြားသွေးခွဲရန်တိုက်သည့်ဆန္ဒဖြင့်လုပ်ဆောင်သည်၊
တတိယအချက်၊ကေအန်ယူကိုအပြစ်ပုံချတာဟာနိုင်ငံရေးအရအပုပ်ချချင်သည့်ဆန္ဒဖြစ်သည်၊
စတုတ္ထအချက်၊ကေအန်ယူအဖွဲ.ကနဂိုကတည်းအပစ်ခတ်ရပ်စဲထားသည့်အဖွဲ.မဟုတ်သဖြင့်ဖြစ်နေကျပုံမှန်တိုက်ပွဲတစ်ခုဟုပြည်သူလူထုအကြားထင်ယောင်မြင်ယောင်ဖြစ်အောက်ဖန်းတီးထားချင်သည်၊ဘာပဲပြောပြော၊ ကျန်းရှိသည့်အပစ်ရပ်ထားသည့်အဖွဲ.အစည်းကရော၊ရွေးကောက်ပွဲဝင်သည့်နိုင်ငံရေးအဖွဲ.အစည်းတွေကပါတစ်နေ.ကျရင်စစ်အစိုးရ၏အတွင်းရန်သူ၊သို. မဟုတ်အနီးကပ်ရန်သူဖြစ်နေကြောင်းကိုသက်သေပြလိုက်ပြီဖြစ်သည်။ဗမာစစ်အစိုးရမီဒီယာ၏ပြောင်းကျကျလိမ်ညာဖော်ပြသည့်အကျင့်ကိုကမ္ဘာကသိ ခွင့်ရသွားတာဟာအတိုကအခံအင်းအားစုများအတွက်တန်ဘိုးမဖြတ်နိုင်သည့်အကျိုးအမြတ်တစ်ခုဖြစ်ကြောင်းတင်ပြအပ်ပါသည်။





Wednesday, November 10, 2010

တိုက်ပွဲသတင်းဆက်လက်တင်ဆက်နေသည့်တိုက်ပွဲစာမျက်နှာ

တိုင်းရင်းသားအသံ
တိုက်ပွဲသတင်းဆက်လက်တင်ဆက်နေသည့်တိုက်ပွဲစာမျက်နှာ

http://tineyintharvoice.blogspot.com/p/today-slogan.html

စစ်အစိုးရနှင့်ဒီကေဘီအေတပ်အကြားဖြစ်ပွားနေသည့်တိုက်ပွဲအပေါ်သျှမ်းပြည်တပ်မတော်(တောင်ပိုင်)၏ထုတ်ပြန်ကြေညာချက်

တိုင်းရင်းသားအသံ
စစ်အစိုးရနှင့်ဒီကေဘီအေတပ်အကြားဖြစ်ပွားနေသည့်တိုက်ပွဲအပေါ်သျှမ်းပြည်တပ်မတော်(တောင်ပိုင်)၏ထုတ်ပြန်ကြေညာချက်

SSA-S_statement on Battle Between Dkba and Spdc_091110

Tuesday, November 9, 2010

တိုက်ပွဲနှင့်ပတ်သက်၍ထုတ်ပြန်ကြေညာချက်များနှင့်ဗမာစစ်တပ်စစ်ရေးလှုပ်ရှားမှုဆက်သွယ်မှုများ

တိုင်းရင်းသားအသံ
တိုက်ပွဲနှင့်ပတ်သက်၍ထုတ်ပြန်ကြေညာချက်များနှင့်ဗမာစစ်တပ်စစ်ရေးလှုပ်ရှားမှုဆက်သွယ်မှုများ



November 9, 2010

ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းနေပြည်တော်သို.ပြန်ပို.ခံရပြီးထိန်းသိမ်းထားခြင်းနှင့်တိုက်ပွဲနှင့်စပ်
လျဉ်း၍ဗမာစစ်တပ်စစ်ရေးလှုပ်ရှားမှုများ


ThanShwe Orders MajGen Kyaw Kyaw Tun Arrested and Sent Back to NPT Artillary Ready on Phayagone








တိုက်ပွဲအပေါ်အေဘီအက်စ်ဒီအက်ဖ်၏ထုတ်ပြန်ကြေညာချက်
ABSDF Statement+on+Attack+Between+DKBA+and+SPDC








တိုက်ပွဲအပေါ်အန်ဒီအက်ဖ်၏ထုတ်ပြည်ကြေညာချက်
NDF+St+on+Current+Battle+at+TBB







တိုက်ပွဲအပေါ်ဒီအေဘီ၏ထုတ်ပြန်ကြေညာချက်
DAB Statement on Current Attack 9-11-10






ဒီကေဘီအေတပ်၏အောင်မြင်မှုများ

တိုင်းရင်းသားအသံ

ဒီကေဘီအေတပ်၏အောင်မြင်မှုများ


(၁)ဗမာစစ်အစိုးရတပ်ကိုအချိန်မရွေးခြိမ်းခြောက်နိုင်ကြောင်းပြသည်၊

(၂)မတရားသည့်ရွေးကောက်ပွဲကိုပြည်သူလူထုတိုင်းရင်းသားလက်နက်ကိုင်အင်းအားစုများမလိုလာအသိအမှတ်မပြုဘုးဆိုတာပြသခဲ့သည်၊

(၃)အတိုက်အခံအင်းအားစုများနှင့်တိုင်းရင်းသားလက်နက်ကိုင်အင်းအားစုများအကြောင်းလှို.ဝှက်ထောက်လှမ်းထားသောအထောက်အထားများနှင့်

ဗျူဟာချမှတ်ချက်၊အမိန်.ချက်နှင့်နိုင်ငံတော်လှို.ဝှက်ချက်များကိုဖျက်ဆီးနိုင်ခဲ့သည်၊

(၄)ဒီမိုကရေစီအင်းအားစုများနှင့်အခြားသောမဟာမိတ်များအားစစ်အစိုးရကိုဘယ်လိုတိုက်မှရမယ်ဆိုတာကိုလမ်းပြခဲ့သည်၊

(၅)ဗမာစစ်တပ်၏အဓိကစစ်ရေးဗျူဟာများကိုတားဆီနိုင်ခဲ့သည်၊

(၆)ဗမာစစ်တပ်ဆက်လက်ရမ်းကားလာပါကအချိန်မရွေးပြန်ချဖို.လမ်းဖွင့်သွားပြီးဖြစ်သည်၊

(၇)ဗမာစစ်တပ်တို.၏သတ္တိနှင့်အင်းအားကိုစမ်းသပ်နိုင်ခဲ့သည်၊

(၈)ဗမာစစ်တပ်တပ်သားများ၏စိတ်ဓါတ်နှင့်စစ်အစိုးရလက်ကိုင်တုတ်များကိုစိတ်ဓါတ်စစ်ဆင်ရေးအရရိုက်ချိုးနိုင်ခဲ့သည်၊ရှင်းလင်းနိုင်ခဲ့သည်၊

(၉)တိုင်းရင်းသားတပ်ဖွဲ.များအင်းအားရှိနေကြောင်းနှင့်ဗမာပြည်နိုင်ငံရေးမှာအဓိကဖြစ်နေကြောင်းကိုကမ္ဘာကသိသွားသည်၊

(၁၀)ဗမာစစ်တပ်၏နောက်ကွယ်ကနေစစ်ရေးပြင်ဆင်မှုကိုလက်ဦးရယူပြီးဗမာစစ်တပ်၏ကျန်ရှိဗျူဟာများကိုခြိမ်းခြောက်ရာရောက်သည်။

(၁၁)အရေးကြီးလျှင်သွေးနီရမည်ကိုကရင်အချင်းချင်းသွေးစည်းသင့်ကြောင်းသတိပေးခဲ့သည်၊

(၁၂)တိုက်ပွဲအပြီးစစ်အစိုးရမှတိတ်တဆိတ်ဖိနှိပ်လာမည်ဆိုရင်ဘာလုပ်သင့်သလဲဆိုတာကိုအဆင်သင့်ဖြစ်အောင်တပ်လှံ.ခဲ့သည်။

Monday, November 8, 2010

Sunday, November 7, 2010

တိုက်ပွဲကြောင့်ဗမာစစ်တပ်ပေါ်တာဆွဲပြီးလူထုကိုအသုံးချခြင်း၊ဖမ်းဆီးခြင်း၊နှိပ်စက်ခြင်းလုပ်ဆောင်နေသည်၊

တိုင်းရင်းသားအသံ
တိုက်ပွဲကြောင့်ဗမာစစ်တပ်ပေါ်တာဆွဲပြီးလူထုကိုအသုံးချခြင်း၊ဖမ်းဆီးခြင်း၊နှိပ်စက်ခြင်းလုပ်ဆောင်နေသည်၊

ဒီကေဘီအေနှင့်ဗမာစစ်တပ်တို.အကြားဖြစ်ပွားနေသည့်တိုက်ပွဲကြောင့်ပြည်သူလူထုများကိုစစ်အစိုးရတပ်ကပေါ်တာဆွဲလူတွေဖမ်းဆီးနေပြီးရှေ.တန်မှာအ သုံးချဖို.ဖြစ်တယ်လို.သိရှိရပါသည်၊ဒီညကျရင်ဗမာစစ်တပ်ကအကြီးအကျယ်တုံ.ပြန်ဖို.ရှိသည်ဟုဆိုသည်၊ဖက်ဒရယ်ပြည်ထောင်စုတပ်ကလည်းပြည်သူလူ ထုကိုစစ်အစိုးရတပ်တွေမတရားဖမ်းဆီးဖိနှိပ်နေတာကြောင့်ဝင်ရောက်တားဆီးဖို.ပြင်ဆင်နေသည်ဟုသိရှိရပါသည်၊လူထုတွေကိုကာကွယ်ဖြစ်သည်ဟုသိရှိ ရပါသည်၊စစ်အစိုးရတပ်ရက်စက်လာပါကနိုင်ငံအနှံ.တိုက်ပွဲဖြစ်မယ်ဟုသိရှိရပါသည်။

ဒီကေဘီအေနှင့်ပတ်သက်၍အရေးပေါ်ပန်းကြားချက်

တိုင်းရင်းသားအသံ
ဒီကေဘီအေနှင့်ပတ်သက်၍အရေးပေါ်ပန်းကြားချက်

ဒီကေဘီအေနှင့်ဗမာစစ်တပ်အကြားဆက်တိုက်ပစ်ခတ်မှုဖြစ်ပွားနေပြီးဗမာစစ်တပ်ဘက်ကအနည်းဆုံး ၄ ယောက်နှင့်ထိုင်းဘက်ကိုကျလာသောဗမာစစ်တပ်အမြောက်ကြောင့်ထိုင်းအမျိုးသားတစ်ဦးလည်ဒဏ်ရာရနေသည်၊နယ်စပ်တံတားလုံးဝပိတ်ထားပြီး ထိုင်းစစ်တပ် အမှတ် ၁၅ နှင့်ထိုင်းဒေသတပ်မအမှတ် ၃တို.နေစပ်ကိုတင်းကျပ်ထားပြီးထိုင်းဘက်ကိုကျဉ်းဆံနှင့်အမြောက်တစ်ချို.ကျလာသော်လည်း တုံ.ပြန်ပစ်ခတ်မှုမလုပ်ဖို.နှင့်အခြေအနေကိုအနီးကပ်စောင့်ကြည့်ဖို.ညွန်.ကြားထားသည်၊
ဤအခြေအနေနှင့်ပတ်သက်၍ဒီကေဘီအေတပ်ကညှပ်သွားနိုင်သဖြင့်ကေအန်ယူတပ်စစ်ကူးသက်သက်လည်းမလုံလောက်ပါ၊ထို.ကြောင့်၊တပ်ပေါင်းစု အနေနဲ.တပ်ဖြည့်အင်းအားဖြည့်လုပ်ပေးပါရန်ပန်းကြားသည်၊ထို.အပြင်၊အခြားသောနယ်မြေဒေသတွေမှာလည်းထိုးစစ်လုပ်ဖို.အထူးပန်းကြားအပ်ပါသ ည်၊တပ်စွဲပြီးသာဒေသကိုပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်ထားပြီးပြည်သူ.စနစ်ဖြင့်တပ်အင်းအားတိုးချဲ့.နေရာယူရန်ပန်းကြားပါသည်။
နယ်ခြားစောင့်တပ်အသွင်းပြောင်းသွားသည့်ဒီကေဘီအေတပ်ကိုစစ်အစိုးရဘက်ရှေ.တန်အဖြစ်သုံးရန်ဖိအားပေးနေပြီးကရင်အချင်းချင်းတိုက်ပွဲပုံစံသို. အပြောင်း၇န်ကြိုးစားနေသည်ဟုသိရသည်၊ထို.အပြင်၊ဗမာစစ်တပ်တွေကိုယ်တိုင်နယ်ခြားစောင့်တပ်အသွင်းပြောင်းသွားသည့်ဒီကေဘီအေတပ်၏ယူနီ ဖောက်ကိုဝတ်ပြီးစိတ်ဓါတ်စစ်ဆင်ရေးတိုက်ပွဲပုံစံဖြင့်ဒီကေဘီအေအချင်းချင်းချနေတယ်လို.ဝါဒဖြန်.လုပ်ဆောင်ရန်လည်းကြိုးစားနေသည်ဟုသိရှိရပါ သည်၊ဒီညကျရင်အထူးသတိထားကြပါရန်ပန်းကြားသည်။

ဒီကေဘီအေကိုအားပေးပါ၊အနောက်တိုင်းမီးဒီယာတွေကိုပြောပြပါ၊ရွေးကောက်ပွဲရလဒ်၏မဲမသမာမှုကိုမိမိရောက်ရှိသောနိုင်ငံမှာဆန္ဒပြကြွေးကြော်ပါ၊ ညီညွတ်ကြပါ၊စစ်အာဏာရှင်အစိုးရဖြုတ်ကျရမည်၊ဒီမိုကရေစီတိုက်ပွဲ၊ဖက်ဒရယ်ပြည်ထောင်စုတိုက်ပွဲနှင့်တန်တူ၇ည်တူတိုက်ပွဲအောင်ရမည်၊


ဖက်ဒရယ်ပြည်ထောင်စုပြည်သူ.လွှတ်တော်ဖွဲ.စည့်းခြင်းအပေါ်ဂျပန်ရောက်ညီညွတ်သောတိုင်းရင်းသားအဖွဲ.အစည်းထောက်ခံကြိုဆို

တိုင်းရင်းသားအသံ
ဖက်ဒရယ်ပြည်ထောင်စုပြည်သူ.လွှတ်တော်ဖွဲ.စည့်းခြင်းအပေါ်ဂျပန်ရောက်ညီညွတ်သောတိုင်းရင်းသားအဖွဲ.အစည်းထောက်ခံကြိုဆို

ပလောင်းအမျိုးသားဂျပန်ဝက်ဆိုက်မှကူးယူသည် http://www.pnsjapan.org/2010/11/blog-post_07.html
aun_statement_2010.11.05

ဒီကေဘီအေမြဝတီသိမ်းတာမှန်ကန်ကြောင်းအတည်ပြု


တိုင်းရင်းသားအသံ
ဒီကေဘီအေမြဝတီသိမ်းတာမှန်ကန်ကြောင်းအတည်ပြု

ဒီကေဘီအေမြဝတီဝင်သိမ်းတာကိုအခြားသောတိုင်းရင်းသာတပ်များကလည်းလက်မနှေးသင့်ဘူး၊ကိုယ့်နယ်မြေဒေသတွေမှာဝင်သိမ်းဖို.ပြင်ဆင်ကြပါ၊
စစ်အစိုးရ၏ကလိမ်ကကျစ်ကိုအမြဲသတိထားပါ၊တန်ပြန်စစ်ထိုးလာပါကဒီကေဘီအေကိုကာကွယ်ပါ၊ဝိုင်းဝန်ကူညီပါ၊အရေးကြီးတယ်၊

http://burmese.dvb.no/news.php?id=12746

မြ၀တီမြို့အား သိမ်းပိုက်ရန် ကြိုးပမ်းနေဟု ဒီကေဘီအေ ပြော


တိုင်းရင်းသားအသံ
မြ၀တီမြို့အား သိမ်းပိုက်ရန် ကြိုးပမ်းနေဟု ဒီကေဘီအေ ပြော
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ)က တပ်မဟာ ၅ တပ်ဖွဲ့များက နယ်စပ် မြ၀တီမြို့အတွင်းသို့ ၀င်ရောက်ပြီး အစိုးရရုံးများကို သိမ်းပိုက်ထားပြီး မြို့ကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်း နေသည်ဟု နိုင်ငံတကာမြန်မာသတင်းမှာဖော်ပြ။

ရွေးကောက်ပွဲဥပဒေကိုချိုးဖောက်ပြီးနိုင်ငံအနှံ.ကြိုတင်မဲကောက်ခံနေသည့်ကြံ့ဖွတ်ပါတီ

တိုင်းရင်းသားအသံ
သတ်မှတ်ချက်များနှင့် လျှော်ညီခြင်းမရှိသော ကြိုတင်မဲကောက်ခံ မှုများ မြန်မာပြည်အနှံ့ ဖြစ်ပေါ်နေ၊ ကြိုတင်ဆန္ဒမဲ ပေးရာတွင် သတ် မှတ်ထားသော နည်းဥပဒေများနှင့် ညီညွတ်မှုမရှိခြင်း၊ စနစ်မကျ ခြင်းတို့ ဖြစ်ပေါ်ပါက ပယ်မဲဖြစ်နိုင်

သတ်မှတ်ချက်များနှင့် လျှော်ညီခြင်းမရှိသော ကြိုတင်မဲကောက်ခံမှုများ မြန်မာပြည်အနှံ့ ဖြစ်ပေါ်နေကြောင်း ဒေသသတင်းများအရ သိရသည်။

ရွေးကောက်ပွဲဥပဒေများအရ နိုဝင်ဘာလ(၇)ရက်နေ့တွင် လာရောက်မဲပေးနိုင်ခြင်းမရှိသူများအား ကြိုတင်ဆန္ဒမဲပေးခွင့်ပြုထားသော်လည်း အဆိုပါကြိုတင်ဆန္ဒမဲပေးခွင့်အား အသုံးချပြီး အတင်းအကြပ်ဆန္ဒမဲကောက်ခံမှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

''ကြိုတင်မဲ အရေအတွက်က ထက်ဝက်လောက်ဖြစ်နေတော့ လွိုင်ကော်၊ ဒီမော်ဆိုတို့မှာ မနိုင်လောက်ဘူး။ ဖယ်ခုံ ဘက်ကိုပဲ မျော်မှန်းရတော့မှာပေါ့။ ထက်ဝက်လောက်က ကြိုတင်မဲတွေဖြစ်နေတော့ ဒါနဲ့ပတ်သတ်ပြီး ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားပါတယ်။ ရွာတွေမှာဆို ထက်ဝက်ကျော်နေတယ်။ ငွေကုန် လူပန်းဖြစ်ရတာပေါ့။ ဒေသခံလူမျိုးတွေက ကျွန်တော်တို့ကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် ကြိုတင်မဲကြောင့် မြို့ပေါ်မှာအနိုင်ရဖို့ မလွယ်ဘူး။ ဖယ်ခုံနဲ့နယ်ဘက်တွေ ကိုပဲ မျော်မှန်းနေရတယ်ပေါ့''ဟု ကယန်းအမျိုးသားပါတီဒုဥက္ကဋ္ဌဦး ပေါလူချန်းက နိုဝင်ဘာလ(၆) ရက် နေ့တွင်လွိုင်ကော်မြို့၌ ပြောကြားခဲ့ သည်။

''အခုတောင်ဥက္ကလာပမြို့ နယ်မှာ ကြိုတင်မဲကောက်တာ နှစ် ရက်အတွင်းမှာ ၁၅ ရာခိုင်နှုန်း ကျော်သွားပြီ။ ဒါကြောင့် သက် ဆိုင်ရာ ကော်မရှင်ကို ဒီကိစ္စနဲ့ပတ် သက်လို့ပြောကြားဖို့ ဆောင်ရွက် နေပါတယ်''ဟု တောင်ဥက္ကလာပ မြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ စောနိုင်က ပြောကြားခဲ့သည်။

''ကျွန်တော်က နိုဝင်ဘာလ ၅ ရက်နေ့က ကွမ်းခြံကုန်းမြို့နယ်အတွင်းမှာရှိတဲ့ မြို့ပေါ်ရပ်ကွက် အချို့တွေနဲ့ မရမ်းကျေးရွာနဲ့ ဆိပ်ကြီးကျေးရွာကို သွားရောက်လေ့လာခဲ့ပါတယ်။ အဓိကအားဖြင့်တော့ ပါတီတွေရဲ့ မဲဆွယ်စည်းရုံးတဲ့ အခြေအနေတွေနဲ့ ကျေးရွာရပ်ကွက် ရွာသူရွာသားတွေက ဘယ်သူတွေကို မဲထည့်မလဲဆိုတာရယ် ကြိုတင်မဲကိစ္စတွေကို သွားရောက်လေ့လာခဲ့တာပါ။ လေ့လာချက်အရ ဒေသခံတွေအများစုက စာမတတ်ကြဘူး။ နိုင်ငံရေးလေ့လာမှု လုံးဝမရှိကြဘူး။ မဲဆွယ်အား ကောင်းတဲ့ ပါတီတွေအားလုံးနီးပါးက ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွေပဲ ဖြစ်တယ်လို့သိရှိရတယ်။ အဲဒီပါတီက လူကြီးတစ်ယောက်ဟာဆိုရင် သူမဲအနိုင်ရရှိရေးအတွက် ကွမ်းခြံကုန်းမြို့နယ်အတွင်းမှာ မဲနှိုက်တဲ့စနစ်နဲ့ လုံးချင်းအိမ်ပုံစံတွေကို ဆောက်ပေးနေတာတွေ့ရတယ်။ အိမ်အများစုဆိုရင် ပြီးစီးနေပြီး အခြေချနေထိုင်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် တချို့လူကြီးတွေကလည်း ကိုယ့်ပါတီအနိုင်ရရှိရေးအတွက် ရွာသူရွာသားတွေရဲ့ လိုအပ်ချက်တွေကို အခွင့်ကောင်းယူပြီး ဖြည့်ဆည်းပေးပြီးတော့ မဲဆွယ်နေတာတွေ့ရတယ်။ ဒီလိုငွေအင်အား၊ လူအင်အားတွေနဲ့ မဲဆွယ်တဲ့အပြင် အခြားပြိုင်ဘက် ပါတီတွေကို ပုတ်ခတ်ပြီးပြောဆို မဲဆွယ်တဲ့အတွက် အခြားပါတီတွေက တိုင်ကြားနေတာကိုလည်း တွေ့ရှိရပါတယ်။ ဒါ့အပြင် မဲဆွယ်တဲ့အခါမှာ အဓိကအားဖြင့် ရွာသူရွာသားအားလုံးနီးပါးက အခုလာမယ့် ရွေးကောက်ပွဲနေ့မှာ ဘယ်သူတွေက ဘယ်ပါတီကလဲဆိုတာ ဘယ်သူကဘာလဲဆိုတာကို မသိကြဘူး။ သိဖို့လည်း မလေ့လာကြဘူး။ အဓိကအားဖြင့် သူတို့တွေအကုန် လုံးနီးပါးက တစ်နေ့တာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြတဲ့ လူတွေဖြစ်နေတာကို တွေ့ရှိရတယ်။ ဒီလိုနေရာတွေမှာ ငွေအင်အား၊လူအင်အားတွေနဲ့ မဲဆွယ်စည်းရုံးနိုင်တဲ့ပါတီတွေကတော့ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီတစ်ခုတည်းပဲလို့ လေ့ လာတွေ့ရှိရပါတယ်''ဟုအဆိုပါဒေသ သို့သွားရောက်သတင်းရယူခဲ့သော Eleven Media Group ၏သတင်းထောက် ကိုဝင်းမြင့်ကျော်ကပြောပါသည်။

ကျိုင်းတုံမြို့နယ်တွင် မဲရုံပေါင်း ၄၀ ၀န်းကျင်ရှိပြီး တစ်မြို့နယ်လုံးရှိ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ တစ်သိန်းသုံးသောင်းဝန်းကျင်ရှိသည့်အနက် ၃.၅ ရာခိုင်နှုန်းဝန်းကျင်မှာ ကြိုတင်မဲပေးသူများဖြစ်ကြောင်း ကျိုင်းတုံမြို့နယ်ရှိ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၆ ရက်နေ့က ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ကြိုတင်မဲကောက်ခံမှုမှာ ၁၀ ရာခိုင်နှုန်းထက် မပိုကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်အချို့၏ ကောက်ခံမှုပုံစံမကျသောကြောင့် မြို့နယ်ကော်မရှင် ထံသို့ တိုင်ကြားမှုအချို့ရှိကြောင်း သိရှိရသည်။

''လပွတ္တာမြို့နယ်အတွင်းက သပြုကုန်းကျေးရွာမှာဆိုရင် မဲပေးနိုင်တဲ့သူအရေအတွက်က ၅၀၀၀ ကျော်လောက် ရှိပါတယ်။ ကြိုတင် ဆန္ဒမဲလက်မှတ်ထုတ်ယူတာ ၁၀ ရာခိုင်နှုန်းတောင် မရှိပါဘူး။ လက်မှတ် ၄၅၀ ထုတ်တာ ၂၀၀ နဲ့ ၃၀၀ အကြားမှာပဲ မဲပေးကြပါတယ်။ ကြိုတင်မဲကောက်ခံမှုနဲ့ ပတ်သက်ပြီး မြို့နယ်ကော်မရှင်ကလည်း နည်းဥပဒေအတိုင်းပဲ ကောက်ခံကြဖို့ ညွှန်ကြားထားပါတယ်။ ဥပဒေပြင်ပကနေ ကောက်ခံခဲ့မယ်ဆိုရင်ကောက်ခံ သူရဲ့တာဝန်ပဲဖြစ်မယ်လို့ သတိပေး ထားတယ်လို့သိရပါတယ်''ဟု လပွတ္တာမြို့နယ်အတွင်း ရောက်ရှိနေသော သတင်းထောက်တစ်ဦးက နိုဝင်ဘာလ ၆ ရက်နေ့က ပြောကြားခဲ့သည်။

လပွတ္တာမြို့နယ်အတွင်းရှိ သပြုကုန်းကျေးရွာအုပ်စု၊ သင်္ဃန်းကြီးကျေးရွာအုပ်စု၊ ဇင်ရွဲကျေးရွာအုပ်စုများတွင် ကြိုတင်ဆန္ဒမဲပေးသူ အများစုမှာ ၄င်းတို့ မဲပေးရမည့် ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို သေချာစွာသိရှိကြခြင်း မရှိကြောင်း သိရသည်။

''ဒီမှာ ရွေးကောက်ပွဲကော်မ ရှင်က အရင်ကတည်းက ကြိုတင် မဲနဲ့ ပတ်သက်လို့ သိပ်ပြီး တင်း ကျပ်မထားဘူး။ ဒါကြောင့် စိတ် ပူမိတယ်။ နောက်ပြီး ကိုယ်စား လှယ်လွှတ်ပြီး သွားကြည့်ခိုင်းတဲ့ အခါမှာ ကြိုတင်ဆန္ဒမဲ လက်မှတ် စာအိတ်တွေကို ချိတ်နဲ့ မပိတ် တာတွေ့ရတယ်။ ဒါကြောင့် စိုး ရိမ်မိတယ်။ ဒီကြားထဲမှာ အဖြေ က ပြောင်းသွားနိုင်တာကိုး''ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရက် တစ်ပါတီမှ ကျိုင်းတုံမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းဝင်းက ပြောကြားခဲ့သည်။

''မိသားစုတစ်စုမှာ ငါး ယောက်ရှိရင် နှစ်ယောက်သုံး ယောက်က ကြိုတင်မဲပေးရမယ်ဆို ပြီး ခြိမ်းခြောက်မှုတွေရှိပါတယ်။ နောက်ပြီးကြိုတင်မဲနဲ့ပတ်သက်လို့ ကျေးရွာ ရပ်ကွက်ကော်မရှင်တွေ မှာ ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးတွေ ကဖိအားပေးမှုတွေရှိတယ်'' ဟုအမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှ မြစ်ကြီးနားမြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမာခါးက နိုဝင်ဘာလ၆ရက်နေ့ တွင် မြစ်ကြီးနားမြို့တွင် ပြော ကြားခဲ့သည်။

''မက္ကာသွားမယ့်သူတွေကို လည်း ကြိုတင်မဲထည့်ပေးပြီးမှ သွားခွင့်ပြုပါတယ်။ အဲဒီလိုကြို တင်မဲထည့်တဲ့နေရာမှာလည်း ပြည်ခိုင်ဖြိုးကိုထည့်ခိုင်းပါတယ်'' ဟု မြစ်ကြီးနားမြို့မှ အစ္စလာမ် ဘာသာဝင်တစ်ဦးကပြောကြားခဲ့ သည်။

အဆိုပါသတင်းများနှင့် ပတ်သက်ပြီး သတင်းစာဆရာကြီး လူထုစိန်ဝင်းက ''ကြိုတင်မဲတွေနဲ့ပတ်သက်ပြီး တော်တော်လေးကို ဥပဒေလက်လွတ်လုပ်နေတာတွေ ဆရာအနေနဲ့ ကြားနေရတယ်။ တစ်ချို့ဆိုရင် တော်တော်ကိုခိုင်ခိုင်မာမာကို ကြားရတာ တွေရှိတယ်။ ဒါမျိုးတွေမှာ မီဒီယာတွေရဲ့ တာဝန်ကသက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်သိအောင် သက်သေအထောက်အထား အခိုင်အမာနဲ့ တင်ပြပေးရမယ့် တာဝန်ရှိတယ်။ ဒါဟာ ဘယ်သူဘယ်ဝါကို ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒလည်း မဟုတ်ဘူး။ ဘယ်သူဘယ်ဝါအပေါ်မှာ အကြည်အညိုပျက်ပါစေ ဆိုတဲ့သဘောလည်း မရှိဘူး။ မဖြစ်သင့်မဖြစ် ထိုက်တာတွေ၊ မလုပ်သင့်မလုပ်ထိုက်တာတွေ အောက်ခြေအနှံ့အပြားမှာ ဖြစ်နေကြတယ်။ ဒီလိုဖြစ်နေကြတဲ့ အကြောင်းအရင်း တွေကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေ သိအောင်ပြောမယ့်၊ ဆိုမယ့်၊ တင်ပြမယ့်သူ တစ်ဦးတစ်ယောက်မှ မရှိတဲ့အတွက် ဖြစ်တယ်။ ဒါကြောင့်မို့ ဒီတာဝန်တွေကို မီဒီယာတွေက ယူရမယ်။ ဒါကို တိုင်းပြည်က တာဝန်ရှိသူတွေ သိအောင် အတိအကျ အခိုင်အမာဖော်ထုတ်ရေးသားမှ မီဒီယာရဲ့ တာဝန်ကျေလိမ့်မယ်လို့ ဆရာ့အနေနဲ့ ထင်မြင်ယူဆပါတယ်။ ရွေးကောက်ပွဲဥပဒေမှာ ဆိုထားတာက မလွဲမရှောင်သာလို့ ခရီးသွားရမယ့်သူတွေ၊ တာဝန်ကျနေတဲ့ဝန်ထမ်းတွေ၊ ကျန်း မာရေးအခြေအနေအရ မသွားနိုင် မလာနိုင်တဲ့သူတွေမှအပ အခြားသူတွေကို ကြိုတင်မဲ မကောက်ခံဘူးလို့ ဆိုထားတယ်။ မလွဲမရှောင်သာလို့ ခရီးသွားရမယ့်သူတွေ၊ တာဝန်ကျနေတဲ့ ၀န်ထမ်းတွေ၊ ကျန်းမာရေးအခြေအနေအရ မသွားနိုင်မလာနိုင်တဲ့ သူတွေဟာ သက်ဆိုင်ရာမဲပေးခွင့်ရှိသူရဲ့ (၁၀)ရာခိုင်နှုန်းတောင် မရှိနိုင်ပါဘူး။ အလွန်ဆုံး (၂)ရာခိုင်နှုန်း (၃)ရာခိုင်နှုန်းလောက်ပဲရှိတယ်။ (၁၀) ရာခိုင်နှုန်းဆိုတာတောင်မှ သဘာဝမကျတဲ့ ဖော်ပြမှုလို့ဆရာ့ အနေနဲ့ယူဆတယ်။ဒီလိုသဘာဝမကျတဲ့ဟာတွေကိုလည်း ရွေးကောက်ပွဲကော်မရှင်က စိစစ်သင့်တယ်။ စစ်ဆေးတွေရှိရင် ဒါတွေကိုအရေးယူသင့်ပါတယ်''ဟု ပြောကြားခဲ့သည်။

''ကျွန်တော်တို့ Eleven Media Group က သတင်းထောက် ၄၀ နီးပါးလောက် နယ်မြို့တွေကို ရောက်နေပါ ပြီ။ အခုလောလောဆယ်မှာ ကြိုတင်မဲနဲ့ပတ်သက်ပြီး သူတို့သိရသလောက်တွေကို သတင်းပြန်ပို့နေပါတယ်။ ဒီနေရာမှာ တစ်နေရာနဲ့ တစ်နေရာမတူ တာတွေအများကြီး တွေ့နေရပါတယ်။ တကယ်တော့ ကြိုတင်မဲဆိုတာ နာမကျန်းဖြစ်နေတဲ့သူတွေ၊ ခရီးသွားမယ့်သူတွေစတဲ့ သတ်မှတ်ဥပဒေပါ အတိုင်းပဲ ကောက်ခံရမှာဖြစ်သလို ကြိုတင်မဲဟာ သက်ဆိုင်ရာမဲရုံအလိုက်၊ ဒါမှမဟုတ်ရင် မဲဆန္ဒနယ်အလိုက်ဆိုရင် ၁၀ ရာခိုင်နှုန်းထက်ကျော် နေမယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ဒါတွေကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်က လိုအပ်သလို စီစစ်ပြီးပယ်ဖျက်တာ၊ အရေးယူတာတွေ လုပ်သင့်ပါတယ်။ ဒေသအချို့မှတော့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်က ဥပဒေပါအတိုင်းပဲလုပ်ဖို့ ညွှန်ကြားတာတွေ ကြားနေရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင်လည်း ကြိုတင်မဲနဲ့ပတ်သက်ပြီး ဥပဒေအတိုင်း အတိအကျလုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဒါတွေကို ကြိုဆိုပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကြိုတင်မဲနဲ့ ပတ်သက်ရင် အောက်ခြေအချို့နေရာတွေမှာ တစ်ကျောင်း၊ တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို လုပ်နေတာတွေလို့ ထင်ပါတယ်။ တချို့နေ ရာတွေမှာ Voter Education အား နည်းမှုအပေါ် အခွင့်ကောင်းယူ လုပ်ဆောင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေဟာအစိုးရ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ထင်ပါတယ်။ ဒေသအချို့က မသမာတဲ့ ကိုယ်စားလှယ်လောင်း အချို့က မိမိတို့အနိုင်ရရေးတစ်ခုအတွက် သက်ဆိုင်ရာရပ်ကွက်ကျေးရွာက တာဝန်ရှိသူတွေကို ရင်းနှီးမှုနဲ့ ပူးပေါင်းလုပ်ဆောင်နေကြတာလို့  ထင်ပါတယ်။ ဒါတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှန်မမှန် စုံစမ်းစစ်ဆေးပြီး ထိထိရောက်ရောက် အရေးယူလိမ့်မယ်လို့ ထင်ပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုရင် အားလုံးပူးပေါင်းဆောင်ရွက်မှဖြစ်မှာပါ။ မီဒီယာတွေမှာလည်း တာဝန်ရှိပါတယ်။ နိုင်ငံတကာက မီဒီယာတွေ လာရောက်နိုင်ခြင်းမရှိတဲ့အတွက် ပြည်တွင်းမီဒီယာတွေ တာဝန်ပိုရှိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း တစ်ချို့သတင်းအချက်အလက်တွေကို အထောက်အထားအပြည့်အစုံနဲ့ စုဆောင်းမှတ်တမ်းတင်ထားမှာပါ။ ဒီနေ့(၆-၁၁-၂၀၁၀)အထိတော့ ဒေသအသီးသီးက ကြိုတင်မဲနဲ့ ပတ်သက်တာတွေကို စောင့်ကြည့်နေပါ တယ်'' ဟု Weekly Eleven News Journal မှ တာဝန်ခံအယ်ဒီတာ ကိုဝေဖြိုးက ပြောပါသည်။

ကြိုတင်ဆန္ဒမဲပေးရာတွင် သတ်မှတ်ထားသော နည်းဥပဒေများနှင့် ညီညွတ်မှုမရှိခြင်း၊ စနစ်မကျခြင်းတို့ဖြစ်ပေါ်ပါက ပယ်မဲဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများနှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည်။

''ကော်မရှင်က အတည်ပြုထားတဲ့ အမှတ်အသားမပါတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်၊ ကော်မရှင်အဖွဲ့ခွဲရဲ့တံဆိပ်မပါတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်၊ တာဝန်ခံထုတ်ပေးသူရဲ့ လက်မှတ်မပါတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်၊လွှတ်တော်ကိုယ်စားလှယ် တစ်ဦးထက် ပိုပြီးဆန္ဒပြုထားတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်၊ ဆန္ဒပြုထားခြင်းမရှိတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်၊ ဆန္ဒပြုထားတာက မသေချာမထင်ရှားတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်မျိုး ပြီးတော့ ကြိုတင်ဆန္ဒမဲလက်မှတ်အတုလို့ ကော်မရှင် ဒါမှမဟုတ် ကော် မရှင်အဖွဲ့ခွဲနဲ့ မဲရုံးမှူးက ဆုံးဖြတ်တဲ့ ကြိုတင်ဆန္ဒမဲလက်မှတ် ဆန္ဒမဲပေးသူကို သိရှိနိုင်ဖို့ အမှတ်အသားပြုထားတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်၊ ဆုတ်ဖြဲထားတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ် အဲဒီလိုကြိုတင်ဆန္ဒမဲလက်မှတ်တွေဟာ ပယ်မဲတွေပါပဲ။ ဒါ့အပြင် ကြိုတင်ဆန္ဒမဲကို မသာမာတဲ့နည်း တစ်ခုခုနဲ့ပြုလုပ်ထားတာ ထင်ရှားရင်လည်း ပယ်မဲဖြစ်နိုင်တာပါပဲ။ ဒါကြောင့် ကြိုတင်ဆန္ဒမဲပေးမယ့် သူတွေက မိမိတို့ပေးမယ့် ကြိုတင်ဆန္ဒမဲတွေကို ပယ်မဲမဖြစ်ဖို့ သတိပြုသင့်တယ်''ဟု ကြိုတင်ဆန္ဒမဲနှင့်ပတ် သက်၍ အထက်တန်းရှေ့နေတစ်ဦးက ရှင်းပြခဲ့သည်။


မြ၀တီမြို့အား သိမ်းပိုက်ရန် ကြိုးပမ်းနေဟု ဒီကေဘီအေ ပြော

တိုင်းရင်းသားအသံ
မြ၀တီမြို့အား သိမ်းပိုက်ရန် ကြိုးပမ်းနေဟု ဒီကေဘီအေ ပြော
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ)က တပ်မဟာ ၅ တပ်ဖွဲ့များက နယ်စပ် မြ၀တီမြို့အတွင်းသို့ ၀င်ရောက်ပြီး အစိုးရရုံးများကို သိမ်းပိုက်ထားပြီး မြို့ကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်း နေသည်ဟု နိုင်ငံတကာမြန်မာသတင်းမှာဖော်ပြ။


မဲပုံတွေဖောက်အုံးမှာလား၊

တိုင်းရင်းသားအသံ
မဲပုံတွေဖောက်အုံးမှာလား၊



လွန်ခဲ့သော(၅၄ နှင့်အနှစ် ၅၀)ရှိသွားပြီးဖြစ်သော၁၉၅၆ နှင့်၁၉၆၀ ရွေးကောက်ပွဲတုန်းကဆိုဖဆပလအစိုးရကတိုင်းရင်းသားနယ်မြေဒေသတွေမှာခြိမ်း ခြောက်ဖမ်းဆီးမဲခိုးမဲဝှက်မှုဖြင့်ရွေးကောက်ပွဲကျင်းပခဲ့သည်၊ဦးနုနှင့်ဦးဘဆွေ၊ဦးကျော်ငြိမ်းတို.အကြားမှာအာဏာလုပွဲဖြစ်ခဲ့သည်၊မဲပုံအဖြူရောင်နှင့်အမဲ ရောင်ထောင်ထားပြီးတော့မဲပုံအမဲရောင်ထဲသို.မဲထည့်ခဲ့လည်းမိုးလင်းရောက်တော့မဲပုံအဖြူရောင်အထဲသို.ရောက်သွားခဲ့တာပဲ၊တိုင်းရင်းသားဒေသတွေ မှာမဲပုံအဖြူထဲပဲထည့်ထည့်၊အမဲပုံထဲပဲထည့်ထည့်ညအချိန်ရောက်ရင်မဲပုံဖောက်ပြီးမဲခိုးခြင်း၊မဲပုံလဲခြင်းလုပ်ဆောင်ခဲ့တာပဲ၊
၁၉၇၄ ရွေးကောက်ပွဲတုန်းကလည်းရွေးစရာမရှိတစ်ပါတီစနစ်ကိုကျင့်သုံးပြီးလူထုအတည်ပြုပေးရုံဖြင့်ရွေးချယ်ခဲ့သည့်မဆလကိုယ်စားလှယ်ရွေးချယ်ပွဲ
ဖြစ်ခဲ့သည်၊၂၀၁၀ရွေးကောက်ပွဲမှာလည်းဘာထူးလို.လဲ၊သန်းရွှေပါတီဖြစ်သောကြံ့ဖွတ်ပါတီကကြိုတင်မဲတို.၊မသမားမဲတို.၊ခြိမ်းခြောက်မဲတို.နှင့်လုပ်နေပြီး
ညအချိန်ကျရင်လိုအပ်သောမဲအရေအတွက်ပြည့်ရင်ပြည့်၊မပြည့်ရင်တော့မဲပုံတွေဖောက်ပြီးမဲခိုး၊မဲလုယက်၊မဲဖျက်၊မဲလိမ်လည်မှာသေချာတယ်ဆိုတာကို
မကြာမီမျှော်အနေဖြင့်ကြိုတင်အသိပေးအပ်ပါသည်၊
လွှတ်တော်ကိုယ်စားလှယ်များ၏စိုးရိမ်ကြောက်ကြံ့မှုကဒီလိုပါ၊ “''ဒါပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့ အသည်းကြားက မဲတစ်ပြားပါ။ မလေလွင့်ဖို့ အဆုံးရှုံး မခံဖို့ကို ပေးတဲ့ မဲက ကိုယ်ပေးတဲ့သူအတွက် မဟုတ်ဘဲ၊ တစ်ခြားတစ်ဘက်ကို ပြောင်းမသွားဖို့ မဲရုံတွေကိုသွားပြီး မဲရေတွက်တာ ပြည်သူတွေ စောင့်ကြည့်ပေးပါလို့ မေတ္တာရပ်ခံလိုပါတယ်။ ပြည်သူတွေအနေနဲ့ မဲပေးရုံနဲ့ တာဝန်ပြီးဆုံးပြီလို့ မယူဆစေချင်ပါဘူး။ တန်ဖိုးရှိတဲ့ မဲတွေ မဆုံးရှုံးဖို့ပါ။ မဲရုံတွေကို ပြည်သူတွေ လွတ်လွတ်လပ်လပ် သွားလို့ရပါတယ်။ ရေတွက်တာကို စောင့်ကြည့်ဖို့ (၁၀)ဦး လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ အဲဒီတာဝန်ကို ပြည်သူတွေ ထမ်းဆောင်ပေးကြပါလို့ မေတ္တာ ရပ်ခံချင်ပါတယ်''ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောပြခဲ့သည်။”

''ပြည်သူတွေ အနေနဲ့ ကိုယ်ပေးခဲ့တဲ့ မဲတန်ဖိုးကို သိရဖို့ မဲရုံတွေမှာ ရေတွက်ပြီးချိန်အထိ စောင့်ကြည့်စေချင်ပါတယ်။ ဒါမှ ရေတွက်ပြီးချိန်မှာ ကိုယ်ပေးခဲ့တဲ့မဲ ဘယ်လောက် အရာရောက်သလဲဆိုတာ သိရမှာပါ။ အခု ရန်ကင်း ၁၂ နဲ့ ၁၁ ရပ်ကွက်မှာ ပြည်သူတွေ အများအပြား မဲလာပေးတာ ပေးတဲ့သူ များလွန်းလို့ တန်းစီကြရပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင် မဲပေးဖို့ မသွားသေးပါဘူး။ ပြည်သူတွေကို ဦးစားပေးချင်လို့ပါ။ ပြည်သူတွေ တော်တော်များများ မဲပေးပြီး နေ့ခင်းလောက်မှ မဲသွားပေးပါ မယ်။ ကျွန်တော်ပြောချင်တာက No Vote အစီအစဉ် မအောင်မြင်ဘူး ဆိုတာပါ''ဟု ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးသန့်က ပြောကြားခဲ့ပါသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသုဝေကလည်း ''ကျွန်တော်ကတော့ မဲရုံကိုယ်စားလှယ် အပြည့်အ၀ မထားနိုင်ပါဘူး။ ထားနိုင်တဲ့ နေရာမှာလည်း မဲရုံမှူးတွေက ပြောပါတယ်။ မဲရေတွက်မှုကို ကြည့်လို့ရပါတယ်။ ဒါပေမယ့်လို့ ရေတွက်လို့ ရတဲ့ အဖြေတွေကို တယ်လီဖုန်းနဲ့ ပြန်ပြီး သတင်းမပေးပို့ရဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် ပြည်သူတွေ အနေနဲ့မဲရုံမှာ မဲရေတွက်မှုကို စောင့်ကြည့်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်''ဟု ပြောကြားခဲ့ပါသည်။

ရွေးကောက်ပွဲကျင်းပနေသည့်အချိန်မှာပင်လွှတ်တော်ကိုယ်စားလှယ်များကကြိုတင်သိပါလျက်မဲပုံမဖောက်ရဲဘူးလို.ခင်ဗျားထင်သလား၊

Saturday, November 6, 2010

တိုင်းရင်းသား မဟာမိတ်အဖွဲ့ `ပြည်ထောင်စုတပ်မတော်´ ဖွဲ့စည်းရေး ရှေးရှု

တိုင်းရင်းသားအသံ
တိုင်းရင်းသား မဟာမိတ်အဖွဲ့ `ပြည်ထောင်စုတပ်မတော်´ ဖွဲ့စည်းရေး ရှေးရှု
စနေနေ့၊ နိုဝင်ဘာလ 06 ရက် 2010 ခုနှစ် စိုင်းဝမ်မိုင်း သတင်း - မဇ္ဈိမသတင်းဌာန

ရွေးကောက်ပွဲအပြီးလာမည့် စစ်အစိုးရထိုးစစ်ကို ရင်ဆိုင်ရန် ယခုအပတ်အတွင်း မဟာမိတ်ဖွဲ့လိုက်သည့် လက်နက်ကိုင် တိုင်းရင်းသား ၆ ဖွဲ့က`ပြည်ထောင်စု တပ်မတော်´ ဖွဲ့စည်းရေး ဦးစားပေးသည်ဟု လွတ်လပ်သော အာရှအသံနှင့် သတင်းရပ်ကွက်များက ဆိုသည်။

ဤအဓိကရည်မှန်းချက်ကို အစည်းအဝေးများအပြီး မနေ့က ထိုင်းမြောက်ပိုင်း ချင်းမိုင်တွင် ချမှတ်လိုက်ကြသည်။ ပူးတွဲတပ်ဖွဲ့၏ စစ်ရေးနိုင်ငံရေး မဟာဗျူဟာများ ချမှတ်နိုင်ရေး အလုပ်အဖွဲ့တခု ဖွဲ့စည်းရန်လည်း မဟာမိတ်အဖွဲ့က ဆုံးဖြတ်ခဲ့သည်။

မဟာမိတ်အဖွဲ့တွင် အပစ်ရပ်အဖွဲ့များဖြစ်ကြသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSA-N)၊ နှင့် အပစ်ရပ်အဖွဲ့မဟုတ်သော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသား တပ်ဦး (CNF) တို့ပါဝင်သည်။

ဤအဖွဲ့က ကေအိုင်အေ အကြီးအကဲ ဗိုလ်ချုပ်အင်ဘန်လ ကို ဥက္ကဋ္ဌ တာဝန်ပေးလိုက်ပြီး ကေအန်ယူ ဗိုလ်ချုပ် မူတူးဆေးပိုး က ဒုဥက္ကဋ္ဌ၊ မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ဟံသာ က အထွေထွေအတွင်းရေးမှူး၊ ကေအန်ပီပီမှ ရွှေမျိုးသန့်က တွဲဘက်အတွင်းရေးမှူး တာဝန်ယူမည်ဖြစ်သည်။ ဗိုလ်ချုပ်အင်ဘန်လ သည် ကေအိုင်အေ၏ နိုင်ငံရေး အဖွဲ့အစည်းဖြစ်သော ကေအိုင်အို ဒုတိယအကြီးအကဲ လည်း ဖြစ်သည်။

နှစ် ၂ဝ အတွင်း ပထမဆုံးကျင်းပမည့် တနင်္ဂနွေ ရွေးကောက်ပွဲအပြီး သူတို့ထဲက တဖွဲ့ဖွဲ့ကို မြန်မာစစ်တပ်က စတိုက်လိမ့်မည်ဟု မဟာမိတ်အဖွဲ့က မျှော်လင့်ထားသည်။

ကေအိုင်အို၊ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) အမှတ် ၁ တပ်မဟာ၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် ရှမ်းပြည်အရှေ့ပိုင်း (NDAA-ESS)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့က စစ်အစိုးရ ကမ်းလှမ်းချက် ဖြစ်သော စစ်တပ် ကွပ်ကဲမှုအောက်တွင်ထားမည့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ကို ငြင်းပယ် လိုက်အပြီးတွင် စစ်အစိုးရနှင့် ၎င်းတို့ကြား တင်းမာမှု တိုးပွားလာသည်။

စက်တင်ဘာလက မြန်မာစစ်တပ်က ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တပ်မဟာ ၁ ကို ၃ ကြိမ်တိုက်ခဲ့သည်။ တချိန်တည်းတွင် စစ်အစိုးရ အာဘော် မြန်မာ့အလင်း သတင်းစာကလည်း ကေအိုင်အိုကို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရအပြီး ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် `သောင်းကျန်းသူ´ ဟု သုံးနှုန်း ရေးသားခဲ့သည်။

ထိုအတောအတွင်း (အပစ်ရပ်အဖွဲ့ မဟုတ်သော) ရှမ်းပြည်တပ်မတော် တောင်ပိုင်းနှင့်လည်း မြန်မာစစ်တပ် ရှမ်းပြည်နယ် အရှေ့ ပိုင်းတွင် အောက်တိုဘာ လလယ်အတွင်းက တိုက်ပွဲ ၄ ကြိမ်ဖြစ်ခဲ့သည်။ တိုက်ပွဲများအတွင်း မြန်မာစစ်သား ၁၁ ဦး သေဆုံးပြီး တဒါဇင်ကျော် ဒဏ်ရာရခဲ့သည် ဟု ရှမ်းပြည်နယ် အတွင်းက သတင်းများ ထွက်လာသည်။ ရှမ်းပြည်တပ်မတော် တောင်ပိုင်းသည် ရန်သူ့ထံမှ လက်နက်အချို့လည်း သိမ်းဆည်းရမိခဲ့ သည်။

ထိုတိုက်ပွဲများအတွင်း ရှမ်းတပ်ဘက်မှလည်း အချို့ဒဏ်ရာရခဲ့သည် ဟု ရှမ်းသံတော်ဆင့်သတင်းက ရေးသား ဖော်ပြသည်။

`ကျနော်တို့တပ်သားတွေက မြန်မာစစ်သားတွေ ရွာသားတွေကို အနိုင်ကျင့်တာကို မကြည့်နိုင်တော့လို့ သေချာရွေးတိုက်ခဲ့တာပါ။ မြန်မာစစ်သားတွေရဲ့ လုပ်ရပ်တွေအပေါ် ကျနော်တို့တပ်သားတွေက လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာ သာဖြစ်ပါတယ်´ ဟု ရှမ်းပြည် တပ်မတော် တောင်ပိုင်း၏ ပြောရေးဆိုခွင့်ရှိသူ စဝ်လော်ဆိုင်းက ပြောသည်။

မကြာသေးမီက မြန်မာတပ်ဖွဲ့များက ရွာသားများကို အနိုင်အထက် ပြုကျင့်ခဲ့ကြပြီး ထိုအကြောင်းကို ဒေသတွင်း လှုပ်ရှားနေသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့များထံ တိုင်ကြားခဲ့ကြသည် ဟု သူက ပြောသည်။ ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၅၁ဝ သည် မိုင်းကိုင်မြို့နယ် မိုင်းယောင်းဒေသသို့ ဝင်လာတိုင်း ရွာသားများကို ရိုက်နှက်ညှဉ်းပန်းပြီး ပစ္စည်းများလည်း ယူသွားသည်ဟု သူက ပြောသည်။

`ကျနော်တို့လူထုကို အကာအကွယ်ပေးဘို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ကျနော်တို့လူထုကို နှိပ်စက်စော်ကားတဲ့ မြန်မာတပ် တွေကို လက်တုံ့ပြန် တိုက်ခိုက်သွားမှာဘဲ´ ဟု ပြောရေးဆိုခွင့်ရှိသူက သတိပေးခဲ့သည်။

မြန်မာစစ်တပ်ကို တောက်လျှောက် ခုခံတိုက်ခိုက်နေသည့် တခုတည်းသော ရှမ်းလက်နက်ကိုင်အဖွဲ့မှာ စဝ်ရွက်ဆစ် ခေါင်းဆောင် သည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းဖြစ်သည်။ ခွန်ဆာ ဦးဆောင်သည့် မုန်တိုင်းတပ်မတော် ၁၉၉၅ ခုနှစ်တွင် လက်နက်ချ ပြီးနောက် ဤအဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

အဖွဲ့ဌာနချုပ်မှာ ထိုင်းနိုင်ငံ မဲဟောင်ဆောင်ပြည်နယ်နှင့် မျက်နှာချင်းဆိုင် လွယ်တိုင်းလုံတွင်ရှိပြီး ထိုင်းမြန်မာနယ်စပ်တလျှောက် အင်အား တောင့်တင်းသည့် အခြေခံစခန်းများရှိသည်။ ဤအဖွဲ့သည် အပစ်အခတ် ရပ်စဲမထားသော အဖွဲ့များအနက် အင်အား အကြီးဆုံး ဟု ယုံကြည်ရသည်။

ယခုကော်မတီသည် ရှမ်းပြည်တပ်မတော်တောင်ပိုင်းနှင့် ဝပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော်တို့သို့လည်း သွားရောက် ချဉ်းကပ် ဆွေးနွေးခဲ့သည်ဟု ဝါရင့် မြန်မာ့အရေးလေ့လာသူတဦးက မဇ္ဈိမ ကိုပြောသည်။ ယင်းနှစ်ဖွဲ့က အင်အားတောင့်တင်းသော အဖွဲ့များ ဖြစ်နေခြင်းကြောင့်ပင်။ ရှမ်းတပ်မတော် တောင်ပိုင်းက အဆိုပြုချက်ကို လက်ခံ စဉ်းစားနေသည်။

`ဒါပေမဲ့ ရှမ်းတပ်မတော် တောင်ပိုင်းက တကယ်အလုပ်လုပ်မဲ့ အဖွဲ့ဘဲ ဖြစ်စေချင်တယ်။ နိုင်ငံရေးအရ စကားများရန်ဖြစ်နေမယ့် အဖွဲ့မျိုးမဖြစ်စေချင်ဘူး´ ဟု သူကပြောသည်။ `ရှမ်းတောင်ပိုင်းတပ်နဲ့ ဝ မပါရင်တော့ ကေအိုင်အို က အင်အားအတောင့်ဆုံးအဖွဲ့ပါ´ ဟု လည်း သူကဆက်ပြောသည်။

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအတွင်း ဝ' တပ်မတော်သည် အပြောင်မြောက်ဆုံးအဖွဲ့ဟု မြန်မာ့အရေးလေ့လာသူက ယုံကြည်သည်။ `နိုင်ငံရေးဆို သူတို့က စိတ်မဝင်စားသလို နားမလည်သလိုနေမယ်။ ဒါပေမဲ့ သူတို့ နယ်မြေ မဆုံးရှုံးသေးဘူး။ သူတို့နယ်မြေနဲ့ သူတို့စစ်တပ်ကိုတောင် တိုးချဲ့လာနိုင်သေးတယ်´ ဟု သူက ပြောသည်။

အန်ဒီအေအေနှင့် မိုင်းလားအဖွဲ့များကိုမူ သူက မှုလောက်စရာမရှိသည့် `ကစားစရာအရုပ်ကလေးများ´ ဟု နှိမ့်ချပြောဆိုသည်။

`ဒီနှစ်ဖွဲ့က ဝတပ်ဖွဲ့ရဲ့ရုပ်သေးလေးတွေပါ။ အန်ဒီအေအေ ဒေသထဲမှာ ဝ တပ်တွေ အများကြီးရှိတယ်။ ဒီတော့ ဝတပ်ဖွဲ့ရဲ့ ရှေ့တန်း စခန်းဆိုတာ ပန်ဆန်း မဟုတ်ဘူး၊ အန်ဒီအေအေ နယ်မြေထဲမှာ´ ဟု သူကပြောသည်။

အချို့က သူတို့ကို ဘိန်းဘုရင်များအဖြစ် တံဆိပ်တပ် စွပ်စွဲကြမည်ဖြစ်သော်လည်း အင်အားကြီး အဖွဲ့များဖြစ်သည်ဟု သူက ပြောသည်။ သူတို့ဒေသအတွင်း ကုလသမဂ္ဂကလည်း စီမံကိန်းများ လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်ဟု အဆိုပါ လေ့လာသူက ဆက်လက်ပြော ဆိုသည်။

`မဟာမိတ်ဆိုတာနဲ့ ပတ်သက်လို့ ရီစရာကောင်းတာက ပြည်ပရောက်တွေနဲ့ လက်နက်ကိုင် အတိုက်အခံ အဖွဲ့တွေထဲမှာ မဟာမိတ် အဖွဲ့တွေ အများကြီးဘဲ။ ဒါပေမဲ့ ထူးထူးခြားခြား လုပ်တာရယ်လို့ မရှိဘူး´ ဟု သူကပြောသည်။

တိုက်ပွဲဖြစ်စဉ်အကျဉ်း

အောက်တိုဘာ ၁၉ - ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့တဖွဲ့ ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းခတ်ကျေးရွာအုပ်စု ဝမ်မော်ရွာ အနီးတွင် ခမရ ၅၁၉ နှင့် ၂၇၇ တို့ကို ခြုံခိုတိုက်ခိုက်သည်။ တိုက်ပွဲ ၁၇ မိနစ်ကြာမြင့်ပြီး မြန်မာစစ်တပ်ဘက်မှ ၂ ယောက် သေ၊ ၁ဝ ဦးဒဏ်ရာရခဲ့သည် ဟု ရှမ်းပြည် တပ်မတော်တောင်ပိုင်း ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

အောက်တိုဘာ ၃၁ - မိုင်းကောင်မြို့နယ် မိုင်းယောင်းကျေးရွာအုပ်စု တောင်ဘက် (၅ ကီလိုမီတာ သို့မဟုတ် ၃ မိုင်အကွာ) တွင် ခမရ ၅၁ဝ တပ်ဖွဲ့ တခုကို ရှမ်းပြည်တပ်တော်တောင်ပိုင်း တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ခဲ့ သည်။ မြန်မာစစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး ၇ ဦးပြင်းထန်စွာ ဒဏ်ရာရသွား သည်။ တိုက်ပွဲ တနာရီခွဲကြာမြင့်ပြီး ရန်သူ့ထံမှ လက်နက်များကို ရှမ်း ပြည်တပ်မတော်က သိမ်းဆည်း ရမိခဲ့သည်။

နိုဝင်ဘာ ၁ ရက် (နောက်တရက်) - စစ်ကူလာသော ရန်သူ့တပ် ခမရ ၂၉၂ ကို မိုင်းကောင်မြို့နယ် နောင်ဝိုးနှင့် မိုင်းယောင်းကြား တနေရာတွင် ရှမ်းပြည်တပ်မတော်တောင်ပိုင်း တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်သည်။ တိုက်ပွဲ ၂၈ မိနစ်ကြာမြင့်ပြီး မြန်မာစစ်သား တဦး ဒဏ်ရာရရှိသွားသည် ဟု အက်စ်အက်စ်အေ တောင်ပိုင်း ဝက်ဆိုက်တွင် သတင်းတင်ထားသည်။

နိုဝင်ဘာ ၂ ရက် - ရှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် မိုက်ဟိုင် ကျေးရွာအုပ်စု နောင်ခမ်းရွာအနီးတွင် ခမရ ၅၁၈ နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း တပ်ဖွဲ့ဝင်များကြား တိုက်ပွဲဖြစ်သည်။ မြန်မာစစ်တပ်မှ ၂ ယောက်ကျဆုံး၍ တယောက်ဒဏ်ရာရသည်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.