တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Special Article

စစ်မှန်သောပြည်ထောင်စု ပေါ်ထွန်းရေး - ဗမာလူမျိုးစု ဘာတွေလုပ်သင့်

ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက် ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေနဲ့ ထပ်တူထပ်မျှ အရေးကြီးတဲ့ ပြဿနာ တရပ်ဟာ တိုင်းရင်းသားလူမျိုးစုများ ပြဿနာဖြစ်ပါတယ်။ ဒီပြဿနာရဲ့  အခြေခံဟာ ဖဒရယ် လို့ခေါ်တဲ့ စစ်မှန်တဲ့ ပြည်ထောင်စု ဖွဲ့စည်းရေး၊ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့် self-determination ရရှိရေးကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စ ဘာကြောင့် မပြေမလည် ဖြစ်နေရတာလဲ၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာတွေကို မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ Josef Silverstein နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးတင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေက ဖဒရယ် (federal) ဖွဲ့စည်းပုံ လိုချင်ကြတယ်။ ဖဒရယ်ပြည်ထောင်စု ဖွဲ့စည်းချင် ကြတယ်။ ဒါပေမဲ့ စစ်အစိုးရက - စစ်အစိုးရတင်မကပါဘူး - ဗမာတချို့ ကလည်း ဖဒရယ်ပြည်ထောင်စုကို မလိုချင်ကြပါဘူး။ သူတို့အမြင်မှာ ဖဒရယ်စံနစ်ဆိုသည်မှာ ပြည်ထောင်စုကို ပြိုကွဲပျက်စီးစေမယ့် စံနစ်လို့ မြင်နေကြပါတယ်။ သူတို့အမြင် မှန်ပါသလား။
Prof. Josef Silverstein ။ ။ မှန်တယ်လို့ ကျနော် လုံးဝမထင်ပါဘူး။ ဒါပေမဲ့ ဗမာစစ်တပ်သာမက၊ ဗမာလူမျိုးတချို့ ကပါ ဒီလို ယူဆနေကြ တယ် ဆိုတာကတော့ မှန်ပါတယ်။ တိုင်းရင်းသားတွေကတော့ အဲဒီလို မမြင်ကြပါဘူး။ သူတို့ဟာ ၁၉၄၇ ပင်လုံညီလာခံကို ပြန်ကြည့်ကြ ပါတယ်။ အဲဒီတုန်းက တိုင်းရင်းသားလူမျိုးတွေ သူတို့အကျိုးစီးပွားကို သူတို့ ဆက်လက်ဖော်ဆောင်နိုင်တဲ့ ပြည်ထောင်စုမျိုး၊ ဖွဲ့စည်းပုံမျိုး လိုချင်ကြတယ့် အယူအဆကို ဗိုလ်ချုပ်အောင်ဆန်းက လက်ခံပြီး ပုံဖော်ဖို့ ရည်ရွယ်ခဲ့တာပါ။
ဦးကျော်ဇံသာ ။ ။ ဒီလို ဖဒရယ် ဒါမှမဟုတ် ပြည်ထောင်စုစစ်စစ် အယူအဆကို လက်မခံနိုင်တဲ့လူတွေဟာ ဒီတိုင်းရင်းသားတွေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ဆိုတာဟာ ပြည်ထောင်စုပြိုကွဲရေး မူဖြစ်တယ်လို့ မြင်ကြတာ ဘာကြောင့်လို့ ထင်ပါသလဲ။ သူတို့ သင်ခဲ့ရတဲ့ သမိုင်းက ဒီလိုအမြင်ကို ဦးတည်စေသလား၊ ဒီလို ဖဒရယ် ဆန့်ကျင်ရေး အယူအဆကို ဘယ်နည်းနဲ့ တိုက်ဖျက်ကြမလဲ။ ပညာရေးနဲ့ ပြုပြင်လို့ ရနိုင်ပါမလား။
Prof. Josef Silverstein ။ ။ ဒါက သိပ်ရှုပ်ထွေးတဲ့ မေးခွန်းဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ဖဒရယ်ပြည်ထောင်စု အယူအဆဟာ ဗမာတွေနဲ့အတူ ပြည်ထောင်စုအတွင်း ငြိမ်းချမ်းစွာ ပါဝင်နေထိုင်နိုင်ရေးအတွက် တိုင်းရင်းသားတွေဘက်က လိုလားတဲ့ အယူအဆ ဖြစ်ပါတယ်။ ပြီးတော့ ဖဒရယ်ပြည်ထောင်စုအားဖြင့် သူတို့ရဲ့  ယဉ်ကျေးမှု စရိုက်လက္ခဏာတွေကို ထိန်းသိမ်းနိုင်ကြမယ်လို့ ခံယူကြပါတယ်။ ဒါကြောင့် ဖဒရယ်ပြည်ထောင်စု ဆိုတာဟာ ပြည်ထောင်စုအတွင်းမှာ တိုင်းရင်းသားအားလုံး ပါဝင်လာနိုင်ဖို့အတွက် တံခါးဖွင့်လှစ်ထားတဲ့ စံနစ်ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီအယူအဆကို ဗမာလူမျိုးတချို့ နဲ့ စစ်တပ်ကပါ လက်မခံခဲ့ပါဘူး။ ဆိုတော့ ဒီအယူအဆကို သူတို့လက်ခံ နားလည် သဘောပေါက် လက်ခံလာအောင် ဘယ်လိုလုပ်ရင် သင့်တော်မယ်ထင်ပါသလဲ။ ပြည်ထောင်စုသမိုင်းသစ်ကိုပဲ ပြန်ရေးပြီး သင်ပေးရမလား။ ပညာရေးကတဆင့် ပြုပြင်လို့ ရနိုင်မယ် ထင်ပါသလား။
Prof. Josef Silverstein ။ ။ ပထမဦးဆုံးကတော့ စစ်တပ်ဟာ ၁၉၆၂ ခုနှစ်ကစပြီး ဗမာကြီးစိုးသောနိုင်ငံ ဖြစ်မြောက်ရေးကို စိုက်လိုက် မတ်တပ် လုပ်ဆောင်ခဲ့ပါတယ်။ ဗမာအယူအဆ၊ ဗမာစကား၊ ဗမာလူမျိုး ဆိုတာကိုသာ အနာဂတ်မြန်မာနိုင်ငံရဲ့  အခြေခံဖြစ်ရမယ်ဆိုပြီး လုပ်ခဲ့တာပါ။ ဒါပေမဲ့ ဒီအယူကို အပြန်အလှန် ဆွေးနွေးတာမျိုး မရှိခဲ့ပါဘူး။ ဒီလို လုပ်လို့ သင့်တော်ပါမလားဆိုတာကိုလည်း အလေးအနက် ဆင်ခြင်စဉ်းစားခဲ့ကြတာ မရှိပါဘူး။ ၁၉၄၇ ခုနှစ်တုန်းက သူတို့ ဆန္ဒအရ ပြည်ထောင်စုအတွင်း ပါဝင်လာကြတဲ့ တိုင်းရင်းသားတွေက သူတို့ကိစ္စကို ဖော်ဆောင်ဖို့ အခွင့်အလမ်း မရခဲ့ကြပါဘူး။ အစကတည်းကိုက စစ်တပ်ကပဲ ဗမာကြီးစိုးရေး အယူအဆနဲ့ ဝင်ရောက်ပြီး ဗမာအမြင်၊ ဗမာယဉ်ကျေးမှု၊ ဗမာလူမျိုး ဖြစ်မြောက်ရေးတွေကို တနိုင်ငံလုံးမှာ သွပ်သွင်းပြုလုပ်ပါတော့တယ်။ ဒါကြောင့် ဒီကနေ ဖြစ်ပေါ်နေတဲ့ အငြင်းပွားမှုနဲ့ ပြဿနာတွေက အဲဒီကနေ စတင်ခဲ့တာပါ။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ၁၉၆၂ ခုနှစ်မတိုင်ခင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက် လွတ်လပ်ရေးအစပိုင်းကတည်းက တိုင်းရင်းသားကိုယ်ပိုင်ပြဌာန်းခွင့် အယူအဆ ဆုံးရှုံးခဲ့ရတာ မဟုတ်ဘူးလား။
Prof. Josef Silverstein ။ ။ ဟုတ်ပါတယ် အစကတည်းက အဲဒီလို ဖြစ်ခဲ့တာပါ။ တိုင်းရင်းသားကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံနိုင်တဲ့ ဗမာခေါင်းဆောင်တွေ၊ သာမန်ဗမာပြည်သူတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ရှိတုန်းကတော့ သူကို မလွန်ဆန်နိုင်ကြပါဘူး။ မြန်မာပြည်မှာ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ကြွယ်ဝချမ်းသာရေး စတာတွေကို လိုချင်တဲ့လူတိုင်းဟာ ကိုယ့်အယူအဆ၊ ကိုယ်လူမျိုး လက္ခဏာ အသွင်အပြင်တွေကို စွန့်လွှတ်စရာမလိုဘဲ ပူးပေါင်းနိုင်မှ၊ မျှဝေနိုင်မှ ဖြစ်မယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့  သဘောတရားပါပဲ။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးတာနဲ့အတူ သူရဲ့  သဘောတရားလည်း ကျဆုံးသွားခဲ့တာ အဲဒီကတည်းက ကန့်ကွက်လိုသူတွေ၊ လက်မခံချင်သူတွေလည်း ရှိခဲ့ဆိုတော့ စစ်တပ်ကသာ မကဘူး၊ ကျန်ဗမာတချို့ ရဲ့  အမြင်ကိုပါ ပြောင်းယူကြရမှာ လွယ်ပါ့မလား။ ဒီ ဗမာကြီးစိုးရေး အယူအဆ ပပျောက်ဖို့ဆိုတာ စစ်တပ်ကြီးစိုးမှု ပပေါက်သွားသည့်တိုင်အောင် ဒီအယူအဆ ဆက်လက် ရှင်သန်နေအုံးမယ်ဆိုတဲ့ သဘောပေါ့။ ဒါကို ပပျောက်အောင် ဘယ်လိုလုပ်သင့်တယ်လို့ ဆရာကြီး ထင်ပါသလဲ။
Prof. Josef Silverstein ။ ။ တိုင်းရင်းသားတွေနဲ့ ဗမာတွေကြား အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှု မရှိသေးသမျှ ကာလပတ်လုံး ဒီအယူအဆကို ပယ်ဖျက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြီးတော့ ဗမာတွေဘက်ကလည်း အပေးအယူလုပ်ဖို့ အဆင်သင့် ရှိရပါလိမ့်မယ်။ တိုင်းရင်းသားတွေပဲ အလျှော့ပေး၊ ဗမာဘက်က မလျှော့ဘူးဆိုရင်တော့ လုံးဝ မဖြစ်နိုင်ပါဘူး။ Dialogue က အဲဒီလို မဖြစ်ရပါဘူး။ စည်းလုံးညီညွတ်မှုကို အဲဒီလို တည်ဆောက်လို့ မရနိုင်ပါဘူး။ စည်းလုံးမှု၊ ညီညွတ်မှုဆိုတာ လူတွေအချင်းချင်း ပြောဆိုဆွေးနွေးကြရမယ်၊ အပြန်အလှန် အခြေအတင် ပြောဆိုပြီး အခြေခံတူညီမှုကို ရှာကြရမှာ ဖြစ်ပါတယ်။ ဒီလို တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းလို့ တိုင်းရင်းသား ဖြစ်တည်မှုကို ဆက်လက်ခွင့်ပြုလို့ ဗမာလူမျိုး၊ ဗမာအယူအဆ ပျောက်ကွယ်သွားဖို့လည်း မရှိပါဘူး။
ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။ ဒါပေမဲ့ ဗမာလူမျိုးတချို့ က တိုင်းရင်းသားလူမျိုးတွေရဲ့  အယူအဆတွေကို ဖွင့်ပေးလိုက်မယ်ဆိုရင် ဗမာကြီးစိုးမှု ပပျောက်သွားလိမ့်မယ်လို့ စိုရိမ်နေကြတယ်လို့ တချို့ က တွက်ကြပါတယ်။
Prof. Josef Silverstein ။ ။ ကျနော် အယူအဆကို ပြောရရင်တော့ ဗမာမှု ကြီးစိုးရေးဟာ ဆက်ပြီးတော့ အဓွန့်ရှည်တည်မြဲမှာပါ။ အဲဒီလို ဗမာမှု၊ ဗမာလူမျိုး အဓွန်ရှည်တည်တံ့ ထွန်းကားချင်တယ်ဆိုရင် တိုင်းရင်းသားလူမျိုးစုတွေရဲ့  ယဉ်ကျေးမှု အယူအဆတွေနဲ့ ဖြစ်တည်မှုတွေကို အားပေးကြပါ။ ဒါကြောင့် ဗမာကြီးစိုးရေးကို ကိုင်စွဲတဲ့ စစ်တပ်နဲ့ အာဏာရှင်တွေ ကြီးစိုးနေတဲ့ ကာလပတ်လုံး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး မရနိုင်ပါဘူး။ တိုင်းပြည်မှာ ပြဿတွေ ကြုံနေရမှာပါ။ ဒီ တိုင်းရင်းသားပြဿနာကို လက်နက်အင်အားနဲ့ ဖြေရှင်းလို့ ဘယ်တော့မှ ရနိုင်မှာ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပြီး ကဲ ခင်များတို့ အယူအဆကိုလည်း ကျနော်တို့ လက်ခံဆွေးနွေးကြတာပေါ့ဗျား ဆိုတဲ့ ခေါင်းဆောင်မျိုး ရှိမှ ဖြစ်မှာပါ။ ငါတို့ဟာ အကြီးအကျယ်ဆုံးဖြစ်လို့ ငါတို့ ဆန္ဒအတိုင်း ဖြစ်ရမယ်ဆိုရင်တော့ မြန်မာပြည်နဲ့ သမိုင်းဟာ နောက်ထပ်နှစ်ပေါင်း (၅၀) ဒီအတိုင်းပဲ ရှိနေပါလိမ့်မယ်။ အရင် နှစ်ပေါင်း (၅၀) လည်း ဒီအတိုင်းပဲ ဖြစ်လာခဲ့တာပါ။ ဒါဟာ ဝမ်းနည်းစရာ ကောင်းတဲ့အချက်ပါ။ တဘက်နဲ့တဘက် ညှိနှိုင်းပြီး အကျိုးရှိအောင် လုပ်နိုင်ရဲ့ နဲ့ မလုပ်ကြတာ တွေ့နေရပါတယ်။
ဦးကျော်ဇံသာ ။ ။ ရှင်းရှင်းပြောရရင် ဗမာနိုင်ငံရေး ခေါင်းဆောင်တချို့ တောင် တိုင်းရင်းသားအခွင့်အရေးကိစ္စကို ပြောတဲ့နေရာမှာ ဖဒရယ်မူ ဆိုတဲ့ အသုံးအနှုန်းကို ရှောင်ကြပါတယ်။ ဒါဟာ ဗမာလူထု ထောက်ခံမှု ကျဆင်းသွားမှာကို စိုးလို့များလားဆိုပြီး တွက်ကြသူတွေ ရှိကြပါတယ်။ ဆရာကြီး ဘယ်လိုသဘောရပါသလဲ။
Prof. Josef Silverstein ။ ။ ဒါကိုတော့ ကျနော် လက်မခံပါဘူး။
ဦးကျော်ဇံသာ ။ ။ နောက်တချက်ကတော့ စစ်အစိုးရရဲ့  အကြောင်းပြချက်ပါ။ ပြည်ထောင်စု ဖြိုခွဲရေးအတွက် ပြည်ပအင်အားစုတွေက ကြံစည်းနေကြတယ်၊ ပြည်တွင်းက နောက်လိုက်တွေလည်း ရှိနေကြတယ်။ ဒါကြောင့် သူတို့က ကာကွယ်ထိန်းသိမ်းထားရတာ ဖြစ်တယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်။
Prof. Josef Silverstein ။ ။ ဒါဟာ အဓိပ္ပါယ်မရှိဘူးလို့ဘဲ မြင်ပါတယ်။ ဒီ အကြောင်းပြချက်က နှစ်ပေါင်းများစွာ ရှိလာခဲ့ပေမဲ့ ဘယ်တော့မှ အဖြေ မပေါ်ခဲ့ပါဘူး။ တကယ် စိုရိမ်စရာက ဗမာတွေနဲ့ တိုင်းရင်းသားတွေကြား သဘောတူညီမှု မရနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ အခု တိုင်းရင်းသားတွေရဲ့  တောင်းဆိုမှုကို ကြည့်ကြရအောင်ပါ။ သူတို့ဟာ သုံးပွင့်ဆိုင် တွေ့ဆုံရေးကို တောင်းဆိုနေကြတာပါ။ စစ်တပ်ရယ်၊ ဗမာလူမျိုးကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအင်အားစု နဲ့ သူတို့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးဖို့သာ တောင်းဆိုကြတာပါ။ ဒီ သုံးဖွဲ့တွေ့ဆုံပြီး ပူးပေါင်းမျှဝေနိုင်မယ့် နည်းလမ်းတခုကို ရှာရင် တွေ့ကိုတွေ့မှာပါ။ အဲဒီလို ဆွေးနွေးမှု ရှိရင်တော့ ဘယ်တော့မှ တွေ့မှာ မဟုတ်ပါဘူး။ အဖြေမတွေ့ရင်တော့ ၁၉၄၇ ခုနှစ်က ကြုံလာရတဲ့ ကြမ်းတမ်းခက်ထန်တဲ့ ရေစီးကတော့ ဆက်ပြီးစီးမျောနေပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ ဆရာကြီးအနေနဲ့ ဗမာပြည်မှာလည်း နေဘူးတယ်၊ နောက်ပြီးတော့ ဗမာပြည်နဲ့ ထိတွေ့ဆက်ဆံလာခဲ့တာ ဘယ်အချိန်တွေကလဲ ဆိုတာကို နောက်ဆုံးအနေနဲ့ နည်းနည်းပြောပြပါ။
Prof. Josef Silverstein ။ ။ ကျနော် မြန်မာပြည်ကို အကြိမ်ကြိမ် ရောက်ခဲ့ပါတယ်။ ပထမဦးဆုံး Fulbright ပညာရှင်အနေနဲ့ ရောက်ခဲ့ ပြီးတော့ ရန်ကုန်မြို့ က ရန်ကုန်တက္ကသိုလ်မှာ စာပို့ချရပါတယ်။ နောက် ၁၉၆၁ ခုနှစ်မှာ အမေရိကန် ဧည့်ပါမောက္ခအဖြစ် ရန်ကုန်တက္ကသိုလ်မှာ စာပို့ချရပါတယ်။ ၁၉၆၂ စစ်တပ်က အာဏာသိမ်းတော့ ကျနော် ဗမာပြည်မှာ ရှိနေပါတယ်။ ၁၉၇၀-၁၉၇၂ ခုနှစ် မှာလည်း ကျနော်မြန်မာပြည်ကို ထပ်ရောက်ပါတယ်။ သင်ကြားပို့ချရင် စာအုပ်တွေ ရေးခဲ့ပါတယ်။ မြန်မာပြည်နဲ့ ထိတွေ့မှုက အဲဒီတုန်းက မပြတ်ခဲ့ပါဘူး။ မကြာသေးမီကာလမှာတော့ ကျနော် ဗမာပြည်ကို သွားလို့ မရတော့ပါဘူး။ စစ်အစိုးရက ကျနော်ကို အလိုမရှိဘူးလို့ ဆိုပါတယ်။ ဗီဇာမပေးပါဘူး။ ကျနော်ကတော့ အဆင်သင့်ပါပဲ။ မြန်မာပြည်ကို သွားချင်ပါတယ်။ စကားတွေ ပြောချင်ပါတယ်။ စာအုပ်တွေ ဆက်ရေးချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဆရာကြီး ဆန္ဒပြည့်ဝပါစေလို့ ဆုတောင်းပါတယ်။ ဒီတင်ပြဆွေးနွေးချက်ကတော့ စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မြန်မာအရေးကျွမ်းကျင်သူ အမေရိကန် ပါမောက္ခ Josef Silverstein ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဒီ ဆွေးနွေးခန်းမှာ ဗမာတွေဘက်က အဓိက လိုအပ်ချက်ကို ဇောင်းပေးသွားသလို ဖြစ်နေပါတယ်။ နောက်အပတ်မှာ တိုင်းရင်းသားတွေ ဘက်ကရော စစ်မှန်တဲ့ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ဘာတွေများ လိုက်လျောဆောင်ရွက်ဖို့ လိုသလဲဆိုတာကို ဇောင်းပေး ဆွေးနွေး တင်ပြသွားပါမယ်။


တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ၊ဖြုတ်ချရေး၊ဒို.အရေး၊

တိုင်းရင်းသားအသံ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ၊ဖြုတ်ချရေး၊ဒို.အရေး၊

ကရင်နှစ်သစ်ကူးမှာဗုံပေါက်ကွဲသဖြင့်လူခုနှစ်ယောက်သေဆုံးပြီးတစ်ဒါဇင်ဒဏ်ရာရခဲ့တဲ့သတင်းကိုဖေါ်ပြခဲ့ပြီးဖြစ်သည်၊မ
နှစ် တုန်းက ကရင်နှစ်သစ်ကူးနေ.မှာလည်းနအဖတပ်ခမရ (၃၅၀)စစ်သားတစ်ယောက်ကကရင်အမျိုးသမီးတစ်ယောက်ကိုမုဒိမ်းကျင့်ပြီးသေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်း၊ကျွဲနွားများကိုပစ်သ တ်ပြီးအရက်နဲ.ပျော်ပါးစားသောက်ခဲ့ခြင်းတွေကိုစော်ကားခဲ့လေသည်၊ဒီနှစ်မှာကျတော့၊ဗုံဖောက်ဖျက်စီးခဲ့ပြန်သည်၊

ကချင်အမျိုးသားတို.၏ရိုးရာပွဲတော်တစ်ခုဖြစ်သောမနောပွဲတော်ကိုလည်းအကြောင်းအမျိုးမျိုးပြပြီးပိတ်ပင်ခြင်း၊အမျိုးသားလက္ခ ဏာမှတ်တိုင်များဖြုတ်ခိုင်းခြင်း၊လူထုတွေကြောက်လန်.အောင်လုံခြုံရေးတင်းကျပ်ထားခြင်း၊ကချင်အမျိုးသားစိတ်ဓါတ်ရှင်သန်
လာခြင်းကိုကြောက်ရွံ.ပြီးစစ်ဝတ်စုံများဖြင့်ပါဝင်ဆင်နွှဲခြင်းကိုတားဆီးခြင်းစသောစော်ကားချက်များကိုလည်းလုပ်ခဲ့သည်၊

အခုမွန်အမျိုးသားနေ.မှာလည်းကြော်ညာစာသားများကိုဖြတ်တောက်ခိုင်းခြင်း၊နည်းမျိုးစုံဖြင့်လိုက်လံခြိမ်းခြောက်နေခြင်း၊အမျိုး သားနေ.အဆင်ပြေချောမောမဖြစ်အောင်နှောင့်ယှက်ခြင်း၊အမျိုးသားနေ.င်္ကျီရောင်ချတဲ့မွန်လူငယ်များနှင့်ကျောင်းသားများကို အနီးကပ်စောင့်ကြည့်နေခြင်းစတဲ့စော်ကားချက်များကိုလုပ်ဆောင်လျက်ရှိသည်၊

ဗမာစစ်အစိုးရသည်တိုင်းရင်းသားတို.၏အမျိုသားလက္ခဏာများပပျောက်အောင်စနစ်တကျလုပ်ဆောင်နေပြီးတိုင်းပြည်၏
တည်ငြိမ်အေးချမ်းမှုကိုခြိမ်းခြောက်နေကြောင်းထင်ရှားသည်၊ပြည်သူလူထုတွေနဲ.လည်းစစ်မျက်နှာဖွင့်ထားသည်၊အမျိုးသား စည်းလုံးညီညွတ်ရေးကိုတည်ဆောက်လိုတဲ့ဆန္ဒမရှိ၊တိုင်းပြည်ကိုစာနာထောက်ထားခြင်းမရှိတဲ့အပြင်စစ်တပ်တိုင်းပြည်အဖြစ် ထူထောင်ရန်ကြိုးပမ်းနေသည်၊

တိုင်းရင်းသားများစည်းလုံးညီညွတ်ရေးကိုမလိုလာတဲ့သဖြင့်အမြဲသွေးထိုးရန်တိုက်ပေးနေသည်၊ကရင်အမျိုးသားအချင်းချင်း ရန်တိုက်ပေးခြင်း၊ကချင်နှစ်ဖွဲ.၊ရှမ်းနှစ်ဖွဲ.၊မွန်သုံးဖွဲ.၊စသည့်အမွှားမွှားအပြားပြားဖြစ်အောင်ဖန်းတီးထားပါသည်၊သူတို.၏စစ်ဗျု ဟာအခေါ်အဝေါ်အရ ဘေဒဥပါယ်လို.ခေါ်သည်၊ဒါပေမဲ့၊ပညာရှင်တို.၏အခေါ်အဝေါ်အရ ညစ်ပတ်တဲ့အကျင့်ဗျူဟာဖြစ်သည်၊ အကြောင်းကတော့၊တိုင်းရင်းသားလူမျိုးများနှင့်ဗမာလူမျိုးများသည် သူများမဟုတ်ပါ၊တစ်ပြည်ထဲနေ၊တစ်ပြည်ထဲမွေး၊တစ်ပြ ည်ထဲသေရမည့်သူများသာဖြစ်သောကြောင့် ညီအစ်ကိုမောင်နှမများဖြစ်နေသည်၊ထို.ကြောင့်၊ယင်းကဲ့သို.ဗျူဟာမျိုးကိုကိုယ့် ညီအစ်ကိုမောင်နှမများအကြားသုံးစွဲလိုက်ခြင်းသည် အင်မတန်မှအောက်တန်းကျယုတ်မာတဲ့ဒေဝဒတ်မင်း၏အကျင့်ကိုကျင့် သုံးသူများဖြစ်သောကြောင့်ညစ်ပတ်တဲ့ဗျူဟာလို.ပညာရှင်တို.ခေါ်ဝေါ်သုံးစွဲခဲ့သည်၊ကိုယ်.ညီအစ်ကိုမောင်နှမအချင်းချင်းသွေး
ထိုးရန်တိုက်ပေးနေခြင်းဟာ တိုင်းပြည်ကိုဖြိုကွဲနေခြင်းပင်ဖြစ်သည်၊တစ်ပြည်ထဲမွေးတိုင်းသူပြည်သားများကိုစော်ကားနေခြင်း ပင်ဖြစ်ပေသည်၊

သို.သော်၊ဒို.တာဝန်းအရေးသုံးပါးမှာတိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ဒို.အရေးလို.အော်ထားသည်၊သဘောကတော့ ရှင်းရှင်းလေးပါ၊ဗမာစစ်အစိုးရအနေနဲ. တိုင်းရင်းသားတို.၏တန်ပြန်စစ်ပွဲကိုယာယီတားဆီးနိုင်ရန်သုံးနှုန်းထားခြင်းဖြစ်သည်၊ တစ်ဖက်မှာမူ၊တိုင်းရင်းသားတို.၏အမျိုးသားရေးလက္ခဏာများကိုပပျောက်အောင်စနစ်တကျလုပ်ဆောင်နေသည်၊တိုင်းရင်း သားတို.၏အမျိုးသားလက္ခဏာနှင့်အမျိုးသားအင်းအားလျော.ပါးလာတဲ့နေ.တစ်နေ.မှာ ယင်ဒို.တာဝန်းအရေးသုံးပါး၏ကြွေးကြော်သံနှင့်ဆိုင်ဘုတ်များဟာ ဗမာပြည်မပြိုကွဲရေး၊ဒို.အရေး၊ဗမာလူမျိုးများစည်းလုံးညီညွတ်ရေး၊ဒို.အရေးနှင့်ဗမာအာဏာ စက်များရာသက်ပန်းတည်တံ့ခိုင်မြဲရေး၊ဒို.အရေးကြွေးကြော်သံများသို.ပြောင်းအော်မည်ဆိုတာကိုသေချာပေါက်ဖြစ်ပေသည်၊

ထို.ကြောင့်၊တစ်ပြည်ထဲမွေးတစ်မြေထဲနေတစ်ရေထဲသောက်ပြည်သူလူထုများအနေနဲ.ဗမာစစ်အစိုးရကိုဖြုတ်ချဖို.အချိန်တန် နေပြီဖြစ်သည်၊တိုင်းရင်းသားများအနေနဲ.လည်းစစ်အစိုးရ၏အကြိမ်ပေါင်းထောင်နဲ.ချီပလီပလာအလိမ်ဥာဏ်များ၏ဒဏ်ကနေ ရုန်ထွက်ဖို.အချိန်ရောက်နေပြီးဖြစ်သည်၊လက်ရှိဗမာစစ်ခေါင်းဆောင်များဦးဆောင်သောဗမာစစ်တပ်သည်တိုက်ရည်ခိုက်ရည် ကောင်းလို.ကောင်းလို.အောင်မြင်နေတာမဟုတ်ဘဲ အလိမ်ဥာဏ်သုံးပြီးကောက်ကျစ်စဉ်းလဲယုတ်ကန်လို.အောင်မြင်နေတာ ဖြစ်ပေသည်၊

သမိုင်းတွေကိုပြန်သုံးသပ်ကြပါ၊လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ အခြေခံဥပဒေဖြင့်လိမ်ညာခဲ့လို.ဗမာပြည်မတ ည်ဆောက်ခဲ့သည်၊ပထမဦးဆုံးကျင်းပခဲ့တဲ့ ၁၉၅၆ ခုနှစ်ရွေးကောက်ပွဲသည် ညီညွတ်သောဖဆပလပါတီက (၅၃.၂)၊မဲဆန္ဒနယ်(၁၃၅)နေရာအနိုင်ရရှိခဲ့သည်၊သို.သော်၊ရွေးကောက်ပွဲ၏ရလာဒ်ဟာကံမကောင်းစွာဖြင့်သက်တမ်း(၂)နှစ် လောက်သာရှည်ခဲ့ပြီး ၁၉၅၈ ခုနှစ်မှာတိုင်းပြည်မငြိမ်မသက်မှုအကြောင်းပြချက်နဲ.ဦးနုကဦးနေဝင်အားအိမ်စောင့်အစိုးရတာဝန်လွှဲအပ်ပေးခဲ့သည်၊

ဗိုလ်နေဝင်ဦးဆောင်သောအိမ်စောင့်အစိုးရကနေ(၁၉၆၀)ခုနှစ်ရွေးကောက်ပွဲကိုကျင်းပပေးခဲ့ပြန်ပေသည်၊ဤရွေးကောက်ပွဲသည်မဲပုံတွေကိုဖောက်ပြီးမဲခိုးဝှက်ခဲ့သည်၊ ၁၉၅၆ တုန်းကရွေးကောက်ပွဲသည်မဲပေးနိုင်သူပေါင်း (၃၃၄၀၂၀၀)ရှိရာကနေ(၁၉၆၀)ခုနှစ်ရွေးကောက်ပွဲတွင်မဲပေးနိုင်သူပေါင်း (၅၅၁၃၈၉၅)ဖြစ်သွားတာဟာကမ္ဘာကအံ့သြခဲ့လေသည်၊ပြောချင်တာကတော့၊(၄)နှစ်အတွင်မှာမဲပေးနိုင်သူ(၆၅)ရာခိုင်နှုန်း
ခုန်တက်သွားတာဟာဘယ်လိုမှမဖြစ်နိုင်တဲ့ဖြစ်ရပ်တစ်ရပ်ပါ၊သဘောကတော့၊မဲအပိုတွေအဆင်သင့်ပြင်ဆင်ထားတဲ့သဘော
ဖြစ်ပါသည်၊ဤကဲ့သို.လိမ်လည်လှည့်ပတ်လာပြီးဦးနုကဝန်ကြီးချုပ်ဖြစ်လာပြန်သည်၊တိုင်းရင်းသားတွေအနေနဲ.လည်းဥပဒေ ဘောင်အတွင်းအမျိုးသားအခွင့်အရေးတောင်းဆိုချက်များလုပ်လာပြန်သည်၊ပေးသလိုလို၊မပေးသလိုလိုလုပ်ပြီးတော့(၄)နှစ် ကြာလာသော် (၁၉၆၂)ခုနှစ်တွင် ပြည်ထောင်စုပြိုကွဲရေးဘေးအန္တရာယ်မှကာကွယ်ရခြင်းဆိုပြီးအာဏာသိမ်းခဲ့သည်၊

ဤအာဏာသိမ်းပွဲသည်ရက်စက်ပြီး အစီစဉ်ရှိရှိလုပ်ဆောင်ခဲ့တဲ့အာဏာသိမ်းပွဲဖြစ်သည်၊ တိုင်းရင်းသားခေါင်းဆောင်များကို
ထောင်ထဲသို.ပို.လိုက်သည်၊ထောင်ထဲတွင်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်၊အလာတူပင်၊၁၉၉၀ခုနှစ်ရွေးကောက်ပွဲဟာလည်း အားလုံးသိတဲ့အတိုင်းပါပဲ၊အနိုင်ရသူများကိုထောင်ထဲသို.ပို.ထားတာဟာယခုအချိန်အထိပါ၊

အချုပ်အားဖြင့် ပြန်သုံးသပ်သော်၊ ၁၉၄၈လွတ်လပ်ရေးရပြီးနောက် ဗမာတစ်ကျပ်၊တိုင်းရင်းသားများတစ်မတ်(သို.)တန်တူရည်တူအခွင့်အရေးမရရှိခဲ့လို.ပြည်တွင်းစစ်မီးတောက်လောင်ခဲ့ပြီးတိုင်းရင်းသားတပ်အင်းအားများတောင့်တင်းခဲ့သည်၊ကရင်တပ်ကအင်စိန်ကိုသိမ်းပိုက်နိုင်တဲ့အနေအထားနှင့်မွန်တပ်ကမော်လမြိုင်ကို သိမ်းပိုက်နိုင်တဲ့အနေအထားသို.ရောက်ရှိခဲ့သည်၊ဗမာစစ်အစိုးရကြောက်ရွံ.လာကနေအသိအမှတ်ပြုလာတဲ့အခြေအနေသို. ရောက်ရှိခဲ့လေသည်၊ဤအချက်သည်တိုင်းရင်းသားတပ်တို.၏တိုက်ရည်ခိုက်ရည်ကြောင့်ဖြစ်သည်၊ဒါကြောင့်၊ဒီမိုကရေစီနှင့်ငြိ မ်ချမ်းရေးလဲလှယ်ပွဲဆိုပြီးဗမာလူလိမ်ခေါင်းဆောင်တွေက ကြွေးကြော်သံလုပ်ပြီးတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်ေ တွေကိုလိမ်လည်စည်းရုံးခဲ့သည်၊၁၉၆၀ မှာရွေးကောက်ပွဲပြုလုပ်ပေးသည်၊သို.သော်၊မဲပုံဖောက်ပြီးခိုးဝှက်ရာကနေ
အနိုင်ယူခဲ့သည်၊အနိုင်ရတဲ့ဦးနုခေါင်းဆောင်သောသန်.ရှင်းဖဆပလကိုအိမ်စောင့်အစိုးရဦးနေဝင်ကအာဏာလွှဲပြောင်းပေးလို က်သည်၊သိုသော်၊များမကြာခင်မှာပင်၊ ၁၉၆၂ မှာအာဏာသိမ်းခဲ့ပြန်သည်၊တိုင်းရင်းသားခေါင်းဆောင်တွေကလက်နက်လည်း ကုန်၊ကိုယ့်နိုင်ငံရေးပါတီလည်းရှုံး၊ကိုယ့်လူတွေကလည်းထောင်မှာထမင်းနီ၊ဟင်းပူးတွေနဲ.ဘဝများသို.ရောက်ရှိခဲ့ရလေသည်၊

တဖန်၊၁၉၉၀ ရွေးကောက်ပွဲဟာဦးနေဝင်၏တစ်ပါတီစနစ်ကိုကျင့်သုံးသောမဆလပါတီကြောင့်တိုင်းပြည်၏ဆင်းရဲနွမ်းပါးမှုဒ ဏ်ကိုမခံနိုင်လို.ပြည်သူလူထု၏အုံကြွမှုကြောင့်ပေါ်ပေါက်လာခဲ့တဲ့ရွေးကောက်ပွဲလို.ပြောရသည်၊ဤရွေးကောက်ပွဲလည်းအနိုင် ရတဲ့ပါတီများကိုနိုင်ငံတော်အာဏာလွှဲမပေးခဲ့အပြင် ထောင်ထဲသို.ပို.ခံလိုက်ရပြန်သည်၊တိုင်းရင်းသားနိုင်ငံရေးပါတီများဖျက် သိမ်းခံခဲ့ရလေသည်၊သို.သော်၊လက်နက်များဆုံးရှုံးမှုမရှိခဲ့ပါ၊

တစ်ဖက်မှာမူ တိုင်းရင်းသားလက်နက်ကိုင်အင်းအားစုများသည် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုဖြင့်အင်းအားတောင့်တင်း
လာပြန်သည်၊စစ်တပ်အာဏာသိမ်းပွဲကြောင့်တိုင်းရင်းသားလက်နက်ကိုင်နယ်မြေဒေသသို.ရောက်ရှိလာသောကျောင်းသား အင်းအားလည်းထပ်တိုးလာပြန်သည်၊ဒီတစ်ခါကျတော့၊ဗမာစစ်အစိုးရအတွက်တိုင်းရင်းသားများကိုစစ်ရေးအရအနိုင်ယူချင် သည် အန္တရာယ်ကြီးလှသည်၊ထိုကြောင့်၊ငြိမ်ချမ်းရေးစကားနှင့်သွေးထိုးဖြိုခွဲရေးတိုက်ပွဲဗျူဟာကိုအသုံးပြုသည်၊ငြိမ်ချမ်းရေး ဆွေးနွေးပွဲ၊ဥပဒေဘောင်အတွင်းသို.ဝင်ရောက်ခြင်း၊လက်နက်နဲ.ငြိမ်ချမ်းရေးလဲလှယ်ခြင်းစတဲ့စကားလုံးများကိုသုံးပြီးစည်းရုံး ခဲ့ပြန်သည်၊တစ်ချို.ကတကယ်ယုံကြည်လို.ငြိမ်ချမ်းရေးသဘောတူလက်မှတ်ထိုးတဲ့တပ်ဖွဲ.များရှိသလိုအဖက်အဖက်အရပ်ရပ်
်ကနေဖိအားပေးမှုကြောင့်ငြိမ်ချမ်းရေးယူထားရတဲ့အဖွဲ.လည်းရှိသည်၊ဒီလိုနဲပဲ၊မနာပလောလည်ကျဆုံး၊အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုလည်းပြိုကွဲခဲ့ရလေသည်၊ငြိမ်ချမ်းရေးယူပြီးနောက်အမျိုးသားညီလာခံတက်ကြသည်၊အခြေခံဥပဒေရေဆွဲကြသည်
ကိုယ့်လူမျိုးအခွင့်အရေးအတွက်မဟာမိတ်တပ်ဖွဲ(၁၃)ဖြင့်စုပေါင်း၍တင်ပြကြသည်၊ပယ်ချခံရသည်၊ဤနည်းနဲ.ပင်၊နိုင်ငံရေး စကားဆွေးနွေးရန်ငြိမ်ချမ်းရေးယူထားသော်လည်းအခြေခံဥပဒေရေဆွဲရေးထောက်ခံသူများဖြစ်သွားသူများဖြစ်၊၊အခြေခံဥပ
ဒေအတည်ပြုထောက်ခံသူများဖြစ်သွားသူများဖြစ်၊၊ရွေးကောက်ပွဲဝင်ပြိုင်သူများဖြစ်နေသူများဖြစ်၊နယ်ခြားစောင့်တပ်ဖွဲများ
ဖြစ်နေသူများဖြစ်သွားတဲ့အခြေအနေအမျိုးမျိုးသို.ရောက်ရှိသွားသည်၊


နောက် ၂၀၁၀ ခုနှစ်၊အောက်တိုဘာလမှာပြုလုပ်မဲ့ရွေးကောက်ပွဲဟာ ရတဲ့နည်းဖြင့်စစ်တပ်အနိုင်ယူမည့်ရွေးကောက်ပွဲဖြစ်သည်၊ပြိုင်တူမဲ့စစ်တပ်ပိုင်နိုင်ငံရေးပါတီတစ်ရပ်ပေါ်လာလိမ္မယ်.၊မဲဆန္ဒနယ် မြေအနဲငယ်မှာအနိုင်ရမည်.နိုင်ငံရေးပါတီတွေကိုအတိုက်အခံလုပ်နိုင်စွမ်းမရှိအောင်(သို.)လုပ်လို.မရအောင်စစ်တပ်အင်းအား ဖြင့်ဖိနှိပ်ထားမည်၊မဖိနိုင်ရင်နောက်တစ်ဖန်အာဏာသိမ်းပွဲထပ်ပေါ်ပေါက်မည်၊တိုင်းရင်းသားနိုင်ငံရေးပါတီများအတွက်တော့၊ ရုပ်သေးရုပ်ဖြစ်မည်၊ပါတီစုံရွေးကောက်ပွဲဖြစ်သည်ဟု ဝါဒဖြန်.လို.ရအောင်၊နိုင်ငံတကာ၏အသိအမှတ်မပြုခြင်းအနေအထား ကနေတားဆီးလို.ရအောင်အဖြစ်သာရှိနေရမည်၊အင်းအားနဲတဲ့တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတစ်ချို.လက်နက်အင်းအား ဆုံးရှုံးမည်၊ခေါင်းဆောင်ပိုင်များကျတော့အမှုကွက်ဆင်ခံရပြီးထောင်ဒဏ်ချမှတ်ခံရနိုင်သည်၊လုပ်ကြံသတ်ဖြတ်မှုခံရနိုင်သည်၊ ရွေးကောက်ပွဲမဝင်၊အရောင်မပြောင်း၊အသွင်းမပြောင်းတဲ့တိုင်းရင်းသားလက်နက်ကိုင်အင်းအားစုများအတွက်တော့၊ထိုးစစ်ခံရ နိုင်သည်၊ထိုးစစ်ဆင်မည့်တပ်အင်းအားဟာရွေးကောက်ပွဲဝင်(သို.)နယ်ခြားစောင့်တပ်အသွင်းပြောင်းသွားသောတိုင်းရင်းသား
လက်နက်ကိုင်တပ်အင်းအားများကိုရှေ.တန်တင်သုံးမည်၊တိုင်းရင်းသားတပ်အချင်းချင်းရန်တိုက်ပေးတဲ့သဘောဖြစ်သည်၊တိုင်း ရင်းသားခေါင်းဆောင်များသည် လုပ်ကြံသတ်ဖြတ်မှုများနှင့်အချင်းချင်းကွဲပြဲမှုများ ဒဏ်နဲ.အကြီးအကျယ်ရင်ဆိုင်ရမည်၊ဒါပေမဲ့၊ထိုးစစ်ပွဲများပြင်းထန်လာတဲ့အခါ ပြည်တွင်းမှာရပ်တည်နေသောတိုင်းရင်းသား နိုင်ငံရေးပါတီများနှင့်အခြားသောအမျိုးသားနိုင်ငံရေးပါတီများကဖိနှိပ်မှုဒဏ်များမှသက်သာခွင့်ရမည်၊အနေချောင်လာမည်၊ပြ ည်သူလူထုနှင့်တိုင်းချစ်ပြည်ချစ်စစ်သားများအားကိုးရာအင်းအားစုတစ်ရပ်ပေါ်လာမည်၊တဖန်တင်းမာမှုများဖြစ်လာနိုင်ပြီးစစ် တပ်အာဏာသိမ်းပွဲတစ်ရပ်ပေါ်ပေါက်လာနိုင်မလား၊ပြည်သူလူထုနှင့်တိုင်းချစ်ပြည်ချစ်စစ်သားခေါင်းဆောင်များပူးပေါင်းပြီး အောင်ပွဲခံမလားဆိုတာကိုအချိန်ကသာအဆုံးအဖြတ်ပေးနိုင်လိမ္မည်၊

ထို.သို.မတိုင်ခင်မှာလက်ရှိအခြေအနေအပေါ်အခြေခံ၍လိမ္မာပါးနပ်စွားလုပ်ဆောင်ရမည်၊ပူးပေါင်းဆောင်ရွက်မှုများရှိရမည်၊
ရန်သူဘေးအန္တရာယ်မှန်သမျှကနေကင်းလွန်နိုင်ရန်အတွက်တိုင်းရင်းသားအင်းအားစုများနှင့်တစ်မြေထဲမွေးပြည်သူပြည်သား များအနေနဲ. တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရဖြုတ်ချရေး၊ဒို.အ ရေးဆိုတဲ့ကြွေးကြော်သံများကို တကယ့်ရင်ထဲကနေအော်ဟစ်ပြီးလက်တွေ.လုပ်ဆောင်နိုင်မှသလျှင်ကင်းလွတ်နိုင်မှာဖြစ်ပါ ကြောင်းတင်ပြလိုက်ပါသည်။

မှတ်ချက်။ ဗမာစစ်အစိုးရ၊ဗမာစစ်ခေါင်းဆောင်ဆိုတဲ့အသုံးအနှုန်းများသည် မဟာလူမျိုးကြီးဝါဒီသမားများကိုရည်စူပါသည်၊ဗမာလူမျိုးအားလုံးကိုဆိုလိုခြင်းမဟုတ်ပါ၊အကြောင်းကတော့၊ထို.
လူတွေဟာ ဗမာပြည်သူလူထုကိုတရားဝင်ကိုယ်စားပြုအရွေးခံထားတဲ့သူများမဟုတ်သောကြောင့်ဖြစ်သည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.