တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, April 30, 2008

တိုင်းရင်းသားအသံ

UNA urges people to vote "No"

Thu 01 May 2008
IMNA

The ethnic opposition parties' alliance, United Nationalities Alliance (UNA) has called on the people to vote against the Burmese junta's draft constitution.

People should not vote "Yes" to approve the draft constitution which was put together by the junta to perpetuate and legitimize military rule, said Nai Ngwe Thein, vice chairman of Mon National Democratic Front (MNDF).

"Not only Mon ethnic people but other ethnic people should vote against the draft constitution for real change to democracy in Burma," added Nai Ngwe Thein.

MNDF is a member of the UNA and the United Nationalities League for Democracy and MNDF are working together with other ethnic opposition parties which were deregistered by the junta.

The UNA is also worried about a rumour that the junta is going to approve the constitution by only counting "Yes" votes and even if it gets less than 50 percent "Yes" votes.

According to the junta's draft constitution, in the charter of the Transition Period, the draft constitution will not be approved if the "Yes" vote is less than 50 per cent of the total votes.

The Burmese military junta drafted the constitution over 14 long years without taking the views of the ethnic nationalities and opposition parties.

Currently both the military regime and activists are stepping up their campaign to get "Yes and No" votes. Local military government authorities have been threatening rural people instead of seeking support honestly.

Many villages in Mon state and Karen state were told, they would be sentenced to jail if they do not vote "Yes". Government employees were ordered to sign a contract saying that they will vote "Yes".

Activists and opposition groups distributed fliers to vote "No" and military government office staff are telling people, if they love democracy, they should vote "Yes".

Burmese military leaders are going around the country and asking people to vote "Yes" while opposition party activists in exile are encouraging people to vote "No".
တိုင်းရင်းသားအသံ
တိုင်းရင်းသားပါတီ ၁၂ ပါတီက ကန့်ကွက်မဲ ထည့်ရန် တိုက်တွန်း Print
မဇ္ဈိမသတင်းဌာန
Wednesday, 30 April 2008 12:57 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လူထုဆန္ဒ ခံယူပွဲတွင် တခဲနက် ကန့်ကွက်မဲပေးကြရန် မြန်မာပြည်တွင်းရှိ တိုင်းရင်းသားပါတီ ၁၂ ပါတီက ပြည်သူများကို ယနေ့ တိုက်တွန်းလိုက်သည်။

ဥပဒေမူကြမ်းကို ပြည်သူ့ ကိုယ်စားလှယ်များက ရေးခြင်းမဟုတ်ဘဲ စစ်တပ်က အာဏာ အရပ်ရပ်ကို ချုပ်ကိုင်မည့် ဗဟိုက ချုပ်ကိုင်သော အစိုးရ ပုံစံသာဖြစ်ပြီး ဒီမိုကရေစီ အနှစ်သာရ ပြည့်ဝသော စစ်မှန်သည့် ပြည်ထောင်စုကို မဖော်ဆောင်နိုင်သဖြင့် နိုင်ငံရေးအသိနှင့် သတိရှိသူတိုင်းက မိမိဆန္ဒ မဲတပြားဖြင့် သမိုင်းမှတ်ကျောက် တင်ရေးအတွက် ကန့်ကွက်မဲပေးရန် သူတို့က တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ ခေါင်းဆောင် ပူးကျင်ရှင်းထန်က “ဒီအစိုးရကို ကန့်ကွက်တဲ့ သူက ကန့်ကွက်၊ ထောက်ခံတဲ့လူက ထောက်ခံ ပြောနေကြပေမယ့် အဲဒီလိုလုပ်ရင် နောက်မှာတခုခု ဖြစ်မလား ဆိုပြီးတော့ စိုးရိမ် ကြောင့်ကြမှုတွေ ရှိနေတော့၊ သွားပြီးတော့ မကန့်ကွက်မိမှာ စိုးလို့ ကျနော်တို့က ထုတ်တာပါ” ဟု ပြောသည်။

“ဒီမိုကရေစီ လိုချင်တဲ့ လူတယောက်မှာ ပေးပိုင်ခွင့်၊ အသည်းကြားက မဲတပြားဆိုတာ ဒီတခါရတယ်။ အဲဒီမှာ ကန့်ကွက်ချင်တယ်ဆိုရင် ရှိတဲ့ အခွင့်အရေးကို ရဲရဲတင်းတင်း ကန့်ကွက်ကြပါလို့ ပြောချင်တာပါ။ နောင်မှာ တခုခု ဖြစ်မယ်ဆိုတာကို ဒီအချိန်မှာ မတွက်ပါနဲ့။ နောင်ခါလာ နောင်ခါဈေး ထားပြီးတော့ လုပ်ပါ၊ တကယ်လို့ ကန့်ကွက်ရဲ့သားနဲ့ ထောက်ခံမဲ ဖြစ်သွားရင် ကျနော်တို့မှာ လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ အဲဒါကြောင့် သွားပြီး ကန့်ကွက်မဲ ထည့်ပါ” ဟု သူက ဆက်ပြောသည်။

ပြည်သူများက စိုးရွံ့မှုကြောင့် ဆန္ဒအမှန်ကို မျိုသိပ်ထားခြင်း၊ မဲရုံသို့ မသွားဘဲနေခြင်း၊ ကြားနေခြင်းတို့ ပြုလုပ်ပါက ရလဒ်ဆိုးများကို သွယ်ဝိုက် ထောက်ခံရာ ရောက်ပြီး ပိုမိုဆိုးဝါးသော အနာဂတ်နှင့် ရင်ဆိုင်ရမည်ကို သတိချပ်ရန် လိုသည်ဟု ၁၂ ပါတီက ဆိုသည်။

စစ်အစိုးရက ထုတ်ပြန်ခဲ့သည့် ဆန္ဒခံယူပွဲ ဥပဒေအရ ပြည်သူများအနေနှင့် မဲရုံဖွင့်ချိန်နှင့် ဆန္ဒမဲ ရေတွက်ချိန်တို့တွင် စောင့်ကြည့်ကြရန်လည်း အလေးအနက် တိုက်တွန်းထားသေးသည်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဦးအုံးတင်က “အခုအခြေခံ မူကြမ်းက နံပါတ် (၁) ဒီမိုကရေစီ အနှစ်သာရ မရှိဘူး၊ (၂) တိုင်းသူပြည်သား တဦးချင်းစီကို ဘယ်လိုမှ အကျိုးကျေးဇူး ပေးနိုင်တဲ့ အနေအထားမရှိဘူး၊ (၃) စစ်အာဏာရှင် စနစ်ကို ဆက်လက် တည်ရှိနေဖို့အတွက် အထောက်အကူ ပေးနေတာ တွေ့ရတယ်။ အဲဒါကြောင့် တနိုင်ငံလုံးမှာ ရှိနေတဲ့ မြန်မာ ပြည်သူပြည်သားများ အားလုံး ဆန့်ကျင်မဲ ထည့်ဖို့ ကျနော် တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

တိုက်တွန်းချက်ကို ၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အမတ်နေရာ ၂၃ နေရာ အနိုင်ရရှိခဲ့သည့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၁၁ နေရာ ရခဲ့သည့် ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် အမတ်နေရာများ ရခဲ့သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသား နိုင်ငံရေးပါတီ UNA က ထုတ်ပြန်ခြင်း ဖြစ်သည်။

UNA တွင် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသား ကွန်ဂရက်၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီကွန်ဂရက်၊ ကယားပြည်နယ် လူမျိုးပေါင်းစုံ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသား ညီညွတ်ရေးနှင့် ဒီမိုကရေစီ အဖွဲ့ချုပ်၊ မရာပြည်သူ့ပါတီ၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီနှင့် ရခိုင်ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစု ပါတီတို့ ပါဝင်သည်။ ယခုအခါ ရှမ်းနှင့် ကိုးကန့်ပါတီမှ လွဲလျှင် ကျန်ပါတီများအား စစ်အစိုးရက ဖျက်သိမ်းပြီး ဖြစ်သည်။

Tuesday, April 15, 2008

တိုင်းရင်းသားအသံ

အကျဉ်းထောင်တွင်း မျက်စိဝေဒနာ ခံစားနေရသည့် ကိုမင်းကိုနိုင် ဆေးကုသခွင့်မရသေး

15 April 2008

ဦးကျော်ကျော်သိန်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဦးကျော်ကျော်သိန်း - နားဆင်ရန် (MP3) audio clip

ကိုကိုကြီး (၀ဲမှ ဒုတိယ)၊ ကိုမင်းကိုနိုင် (၀ဲမှ တတိယ) နှင့် ကိုဌေးကြွယ် (၀ဲမှ စတုတ္ထတို့ ရွှေတိဂုံဘုရားသို့ သွားကြစဉ် တွေ့ရပုံ။ (မေ ၂၇၊ ၂၀၀၈)

အင်းစိန်ထောင်မှာ အထိန်းသိမ်းခံထားရတဲ့


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်


ကိုမင်းကိုနိုင်ရဲ့ မျက်စိကျန်းမာရေး ချို့ယွင်း


နေတယ်လို့ မိသားစုဝင်တဦးက ပြောပါ


တယ်။ ဆရာဝန်နဲ့ ပြသစစ်ဆေးခွင့်


တောင်းထားပေမယ့် ခုချိန်ထိ မရသေးဘူး


လို့လည်း ပြောပါတယ်။ ကိုကျော်ကျော်


သိန်းက ကိုမင်းကိုနိုင်ရဲ့ အစ်မဖြစ်သူကို


ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါ


တယ်။

ကိုမင်းကိုနိုင်ရဲ့ မျက်စိကျန်းမာရေးအပါအ၀င် တခြားအခြေအနေတွေကို အစ်မဖြစ်သူ မကြည်ကြည်ညွန့်က ဗွီအိုအေကို ပြောပြခဲ့တာပါ။ ပြီးခဲ့တဲ့သီတင်းပတ် အင်္ဂါနေ့က


ကိုမင်းကိုနိုင်ဆီ ထောင်ဝင်စာသွားတွေ့ချိန်မှာ ကိုမင်းကိုနိုင်က သူ့ရဲ့ မျက်စိအခြေအနေ ပြောပြခဲ့ပါတယ်တဲ့။

“ကျမ ပြီးခဲ့တဲ့ အင်္ဂါနေ့ကလေ၊ အဲဒီနေ့ ကျမသွားတဲ့အချိန်ကျတော့ ၁၅ ရက်ရှိပြီတဲ့၊


မျက်စိစူးပြီး အောင့်နေတယ်တဲ့။ နှစ်ပတ်ပေါ့နော်၊ ကျမ ကြားထဲမှာ တပတ်ခြားသွား


တာပေါ့။ မျက်စိစူးပြီး အောင့်နေတယ်လို့ပြောတော့ ဆရာဝန်လာတယ်တဲ့။ ရိုးရိုး


ဆရာဝန်ပဲလေ၊ အဲဒီရိုးရိုးဆရာဝန်က မျက်စင်းတော့ပေးတယ်တဲ့၊ အဲဒီမျက်စင်းကို


သူခတ်တဲ့အခါကျတော့ သိပ်မသက်သာဘူးတဲ့။ မသက်သာတော့ သူ့ကို Eye Specialist


လွှတ်ပေးဖို့ သူပြောတယ်၊ တောင်းဆိုတယ်ပေါ့နော်၊ နှစ်ခါလောက် တောင်းဆိုတယ်တဲ့။


Eye Specialist က တလကို တကြိမ်ပဲ ထောင်ထဲကို ၀င်တယ်ပေါ့၊ ဧပြီလအတွက်က


မ၀င်သေးဘူးပေါ့၊ သူက မတ်လနောက်ပိုင်းမှာ ဖြစ်တယ်ဆိုတော့လေ။”

ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၁၃ ယောက်ကို


၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။အခု


ဆိုရင် ၈ လနီးပါးရှိလာပြီဖြစ်ပေမယ့် ဥပဒေနဲ့အညီ တရားရုံးတင်စစ်ဆေးတာမျိုး


ခုချိန်ထိ မရှိသေးပါဘူး။ ဒါ့အပြင် သူတို့အပေါ်စွဲတင်တဲ့ ပုဒ်မတွေကိုလည်း အမျိုးမျိုး


ပြောင်းပြီး တပ်နေခဲ့တာပါ။ စ ဖမ်းသွားတဲ့အချိန်တုန်းက ပုဒ်မ ၅ (ည)၊ တခါ အဲဒါက


နေ ပုံနှိပ်အက်ဥပဒေ၊ နောက် ဗွီဒီယိုအက်ဥပဒေ စသည်ဖြင့် အမျိုးမျိုးပြောင်းတပ်ခဲ့


ပါတယ်။ သူတို့ကို တရားရုံးမတင်ဘဲ ဖမ်းဆီးချုပ်နှောင်ထားတာကို ဥပဒေကြောင်း


အရ ဘောင်ဝင်အောင်လုပ်တဲ့အနေနဲ့ ခုလို ပုဒ်မတွေ ပြောင်းတပ်နေတာဖြစ်နိုင်


တယ်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) က ရှေ့နေတဦးဖြစ်သူ ဦးမင်းလွင်ဦး


က ဗွီအိုအေကို ရှင်းပြခဲ့ပါတယ်။ အခုလက်ရှိ တပ်ထားတဲ့ပုဒ်မကို အစ်မဖြစ်သူ ပြောပြ


ခဲ့တာကတော့ ...


“နောက်ဆုံးတပ်ထားတာကတော့ ပုဒ်မ ၄ လို့ ပြောပါတယ်ရှင့်။”

ပုဒ်မ ၄ က ဘာဆိုတာ ရှင်းရှင်းလင်းလင်းမရှိပေမယ့် အမျိုးသားညီလာခံကို ဆန့်ကျင် နှောင့်ယှက်ခြင်းကနေ ကာကွယ်တဲ့ဥပဒေ ၅/၉၆ နဲ့ အကျုံးဝင်တဲ့ပုဒ်မ ဖြစ်နိုင်တယ်လို့ ဦးမင်းလွင်ဦးကပဲ ပြောပြခဲ့ပါတယ်။ အဲဒီပုဒ်မအရ ပြစ်ဒဏ်စီရင်မယ်ဆိုရင် အနည်း


ဆုံး ထောင်ဒဏ် ၅ နှစ်ကနေ အများဆုံး နှစ် ၂၀ ထိ ချနိုင်တဲ့အပြင် ငွေဒဏ်လည်း


ချမှတ်နိုင်ပါတယ်။

အခုအချိန်ဟာ စစ်အစိုးရက အခြေခံဥပဒေမူကြမ်းကို လူထုဆန္ဒခံယူဖို့ ပြင်ဆင်


နေချိန်ဖြစ်ပြီး အကျဉ်းထောင်တွင်းမှာ ရှိနေတဲ့လူတွေကိုလည်း မဲပေးခိုင်းဖို့ ပြင်ဆင် နေတယ်ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ကိုမင်းကိုနိုင်


ရဲ့အစ်မဖြစ်သူကို မေးကြည့်ပါတယ်။

“သူတို့ မဲပေးရမယ်ထင်တယ်တဲ့၊ သူတို့ကို မဲပေးခိုင်းဦးမယ်တဲ့၊ အဲလိုတော့ ပြောပါ


တယ်ရှင့်။ သူပြောတယ်၊ အထဲကနေတဲ့လူတွေလည်း မဲပေးရဦးမယ်တဲ့။”

ကိုမင်းကိုနိုင်ဟာ ပထမတကြိမ်မှာလည်း ၁၉၈၉ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ၁၅


နှစ်ကျော် အကျဉ်းကျခံခဲ့ရသူပါ။ အဲဒီအကျဉ်းစံကာလ သက်တမ်းရှည်အတွင်း ကျန်းမာ


ရေး ချို့ယွင်းခဲ့ရသလို ခုတကြိမ် ပြန်အဖမ်းခံရတဲ့အခါမှာလည်း ထောင်တွင်းနေရတဲ့


အခြေအနေက မကောင်းတာကြောင့် မိသားစုက စိုးရိမ်နေကြတာပါ။

“ကျန်တဲ့ ကျန်းမာရေးကတော့ သူက အာရုံကြော အားနည်းတယ်လေ၊ အာရုံကြော အားနည်းတဲ့ရောဂါရှိတယ်။ အဲဒါကို သူနေရတဲ့အခန်းက တအား စိုစွတ်ထိုင်းမှိုင်း တယ်လို့ပြောတယ်လေ။ စိုစွတ်ထိုင်းမှိုင်းတော့ နေရထိုင်ရ သိပ်တော့ အဆင်မပြေ


ဘူး။ နောက်ပြီးတော့ လောလောဆယ်က လမ်းလျှောက်ခွင့်ပိတ်လိုက်တော့ ပိုဆိုး


သွားတာပေါ့။ ကျမ လောလောဆယ်စိတ်ပူနေတာ အဲဒီမျက်စိကို အရမ်းစိုးရိမ်တယ်


လေ။ အရှေ့မှာ (ကို) လှမျိုးနောင်တုန်းကလည်း ဖြစ်သွားတော့လေ။ အဲဒါကို စိတ်ပူ


နေတာပေါ့။”

သူပြောသွားတဲ့ထဲမှာပါတဲ့ ကိုလှမျိုးနောင်ဟာလည်း ၈၈ မျိုးဆက်ကျောင်းသား


ခေါင်းဆောင်တဦးဖြစ်ပြီး မျက်စိဆေးကုသခန်းမှာ ဆေးကုသနေချိန် သူ့ကို ဖမ်းဆီး


သွားခဲ့တာပါ။ ဖမ်းဆီးပြီးနောက်ပိုင်း စနစ်တကျ ကုသမှု မခံယူရတာကြောင့် မျက်စိ


တလုံး ကွယ်သွားခဲ့ရပြီးပါပြီ။

မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးမှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ကို ဘယ်သူမှ တိတိကျကျ မပြောနိုင်ပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ခန့်မှန်းချက်တွေအရ ၁၃၀၀ ကျော်ရှိပါတယ်။ ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားတွေ


အပေါ် ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတာ၊ ဆိုးရွားညံ့ဖျင်းတဲ့ အစားအစာတွေ


ကျွေးမွေးတာ၊ စိတ်ပိုင်း ရုပ်ပိုင်း နှိပ်စက်ညှဉ်းပန်းတာ စသည်အားဖြင့် မြန်မာနိုင်ငံ


က အကျဉ်းထောင်တွေဟာ ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားလှပါတယ်။

စစ်အစိုးရကတော့ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုလာခဲ့ပြီး


ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက မပြတ်တောင်းဆိုနေသလို ထိန်းသိမ်းထားသူ


တွေကို လွှတ်ပေးဖို့လည်း အခုချိန်ထိ လိုက်လျောခြင်း မရှိသေးကြောင်းပါ။

Monday, April 14, 2008

တိုင်းရင်းသားအသံ

လူထုဆန္ဒခံယူပွဲအတွက် နိုင်ငံတကာလေ့လာစောင့်ကြည့်သူများ လိုအပ်ဟု ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူပြောကြား၊

ဘရပ်ဆဲလ်ယ ဘဲလ်ဂျီယံ။ မြန်မာစစ်အစိုးရ စီစဉ်ကျင်းပမည့် လူထုဆန္ဒခံယူပွဲတွင် မဲကွပ်ကဲဖို့ နိုင်ငံတကာလေ့လာစောင့်ကြည့်သူများအား အကယ်၍ဝင်ရောက်လေ့လာခွင့်မပြုဘူး ဆိုရင် ၎င်းပွဲကို အခမ်းအနားလုပ်ပြတဲ့ ပွဲသဘင်တစ်ခုသက်သက်သာဖြစ်လိမ်မယ် လို့ ကုလသမဂ္ဂလူ့အခွင့်အရေးစုံစမ်းသူက တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်၊

မြန်မာစစ်အစိုးရအနေနဲ့ (နိုင်ငံတကာ၏) အယုံအကြည်တစ်စုံတရာရရှိရန် မေလ လူထုဆန္ဒခံယူပွဲအတွက် လွတ်လပ်သောစည်းရုံးပြောဆိုခွင့်ပေးဖို့ လိုတယ် လို့ ပေါလို ဆာဂျီယို ပင်းဟဲရိုး ကပြောကြားလိုက်သည်၊

" အခြေခံလွတ်လပ်ခွင့်မရှိဘဲ လူထုဆန္ဒခံယူပွဲကို ဘယ်လိုလုပ်လို့ရမှာလဲ "လို့ မေးမြန်သူကို မေးခွန်းထုတ်မေးလိုက်သည်၊ " လူထုဆန္ဒခံယူပွဲကို တရားဝင်ဖြစ်ရန် နိုင်ငံတကာစောင့်ကြည့်သူများ ရှိဖို့အရေကြီးပါသည်၊ သို့မဟုတ်ရင် စစ်မှန်သောအခြေအနေမရှိဘဲ ဟန်ပြတဲ့ပွဲသဘင်တစ်ခုသာဖြစ်လိမ်မယ် လို့ ပြောကြားသွားပါသည်၊

မြန်မာအတိုက်အခံအဖွဲ့တွေကလဲ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ဟာ စစ်အုပ်ချုပ်မှုစနစ်ကို ထာဝရတည်မြဲစေသည့် ဖွဲ့စည်းပုံဖြစ်တယ် လို့ ပြောကြပါသည်၊

NLD အဖွဲ့ကလဲ နိုင်ငံတကာစောင့်ကြည့်သူများဝင်ရောက်ခွင့်ပြုဖို့တောင်းဆိုထားပြီး ဆန္ဒခံယူပွဲဟာ အတိုက်အခံတွေကို ဥပဒေ နဲ့ပိတ်ဆို့ထားသဖြင့် လွတ်လပ်ပြီးတရားမျှတမှုမဖြစ်နိုင်ဘူး လို့ ပြောကြားသည်၊

ပင်းဟဲရိုး အနေနဲ့ ကန့်ကွက်မဲ ထည့်ဖို့ထောက်ခံ လှုံ.ဆော်သူများအား ဖမ်းဆီးထိန်းသိမ်းသည့် အစီရင်ခံစာသတင်းများကို သူလက်ခံရရှိခဲ့တယ် လို့ပြောသည်၊

" ဤဆန္ဒခံယူပွဲကို ခင်ဗျား ဘယ်လိုယုံကြည်မှာလဲ? " " လွတ်လပ်တဲ့လက္ခဏာတစ်စုံတရာ ငါမတွေ့ဘူး " လို့ ဥရောပ ပါလီမာန်ခရီးစဉ်မှာ အေပီသတင်းဌာနကို သူပြောပြခဲ့သည်၊

လွန်ခဲ့တဲ့ လတုန်က ကုလအထူးကိုယ်စားလှယ် ဂမ်ဘာရီ အဆိုပြုတောင်းဆိုထားတဲ့ နိုင်ငံတကာလေ့လာစောင့်ကြည့်သူများ ဝင်ရောက်ခွင့်ပြုရေးကို စစ်အစိုးရ ကပယ်ချထားပြီး အရင်တုန်က ပြုလုပ်ခဲ့သော ဆန္ဒခံယူပွဲမှာလဲ(နိုင်ငံတကာစောင့်ကြည့်သူများကို) ဝင်ခွင့်ပြုတဲ့အစဉ်အလာမရှိခဲ့ပြီး ၎င်းကို တိုင်းပြည်၏အချုပ်အခြာအာဏာအတွက် ဘောင်ကျော်တယ် လို့ စစ်အစိုးရ သတင်းမီဒီယာတွေကပြောဆိုသည်၊

ကုလလူ့အခွင့်အရေးစုံစမ်းသူတာဝန်ကို ၇ နှစ်လုံးလုံးထမ်းဆောင်ခဲ့ပြီး သူအပေါ် ပိတ်ပင်ထားတဲ့မြန်မာနိုင်ငံဝင်ရောက်စစ်ဆေးခွင့်ကို ဒီလအကုန် သူမနှုတ်ထွက်ခင် စစ်အစိုးရကခွင့်ပြုမည့်အရိပ်လက္ခဏာ အနည်းငယ်သာတွေ့တယ် လို့ ပြောကြားသည်၊

" ကျနော် ဝင်ရောက်ခွင့်ရရှိဖို့ အမြဲကြိုးစားပါသည်၊ လာမည့်နှစ်ပတ်အတွင် စစ်အစိုးရ ဗီဇာထုတ်ပေးမည် လို့ ကျနော်မမျှော်လင့်ပါဘူး "

ဒီမိုကရေစီလိုလာဆန္ဒပြသူများအား စစ်အစိုးရက သတ်ဖြတ်နှိမ်နှင်းတဲ့ကိစ္စကို ဝေဖန်ပြောဆိုတဲ့နောက်ပိုင်းမှာ ပင်းဟဲရိုးမြန်မာပြည်ပြန်လည် ဝင်ရောက်ခွင့်ကို နိုဝင်ဘာလ ကတည်က စစ်အာဏာပိုင်တွေက ငြင်းပယ်ထားပါသည်၊

ဒီမိုကရေစီအင်းအားစုများပါဝင်မှုမရှိဘဲ စစ်အစိုးရ တစ်ဖက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို ဆန့်ကျင်ရန် NLD အဖွဲ့ ကဆော်သြထားပါသည်၊ အခြေခံဥပဒေမူကြမ်းကို မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်ထောက်ခံရင် အတည်ပြုမည်၊

ဆန္ဒခံယူပွဲပြီးရင် လာမည့် ၂၀၁၀ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲကျင်းပ ဖို့စီစဉ်ထားပါသည်၊ ဒါပေမဲ့၊ စစ်တပ်က အာဏာအကြီးအကျယ်ဆက်လက်ဆုပ်ကိုင်ခြင်းကို ဥပဒေက ခွင့်ပြုထားပြီး ဒေါ်စုကြည် ကို အာဏာရခြင်းမှ စနစ်တကျတားဆီးထားပါသည်၊

ဒေါ်စုကြည်ပါတီသည် ၁၉၉၀ ခုနှစ်တွင် ရွေးကောက်ပွဲအနိုင်ရရှိခဲ့ပေမဲ့ စစ်တပ်ကအာဏာလွှဲပြောင်းပေးဖို့ပယ်ချခဲ့ပြီး သဘောထားကွဲလွဲသူများကို နှိပ်ကွပ်ခဲ့ပါသည်၊ ဒေါ်စုကြည်ကို အမှုတစ်စုံတရာစွဲဆိုထားခြင်းမရှိဘဲ ၁၈နှစ်အတွင်း အကျယ်ချုပ်ဘဝနဲ့ ၁၂ နှစ်ကျော်ကျော်နေခဲ့ရပါသည်၊

စစ်အစိုးရအနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲဖို့ နိုင်ငံတကာ ဖိအားပေးမှုကို ခုခံခဲ့ပြီး လွန်ခဲ့သော စက်တင်ဘာလက ဒီမိုကရေစီလူထုဆန္ဒပြပွဲကို ဖျက်သိမ်းခဲ့ပါသည်၊ စစ်အစိုးရ နှိမ်နှင်းပွဲမှာ လူ ၃၁ ယောက်အသတ်ခံခဲ့ပြီး ထောင်ဂဏန်းကျော်အဖမ်းခံခဲ့ရတယ် လို့ ကုလသမ၈္ဂက ခန့်မှန်းထားပါသည်။

(မှတ်ချက်) ကို ကီကီနိက ဘာသာပြန်ဆိုထားပါသည်၊


International Herald Tribun
AP Interview: Myanmar vote needs international observers, says UN investigator

The Associated Press
Monday, April 14, 2008

BRUSSELS, Belgium: Myanmar's planned referendum on a new constitution will be reduced to a mere "ritual" unless international observers are allowed to monitor the vote, a U.N. human rights investigator said Monday.

The military regime in Myanmar will need to allow the opposition to organize and allow more free speech rights for the May 10 referendum to have any credibility, said Paulo Sergio Pinheiro.

"How can you have a referendum without any of the basic freedoms?" he asked in an interview. "It would be important to have international observers to validate the referendum, because if not it would be just a ritual without real content."

Opponents of Myanmar's junta say the new constitution is designed to perpetuate military rule.

Nobel laureate Aung San Suu Kyi's National League for Democracy party has also called for international observers and says the referendum "cannot be free and fair" because the rules are stacked against the opposition.

Pinheiro said he had received reports of supporters of a "no" vote in the referendum being detained.

"How can you believe in this referendum?" Pinheiro told The Associated Press on the sidelines of a visit to the European Parliament. "I haven't seen any sign of liberalization," he complained.

Junta officials rejected the idea of international observers when it was proposed to them by U.N. special envoy Ibrahim Gambari in a meeting last month. State media said it was decided there was no precedent for it and it infringed on Myanmar's sovereignty.

Pinheiro said there was little sign the regime would lift its ban on him visiting the country before he steps down at the end of this month after seven years as the U.N. human rights investigator. "Hope, always I try to

have, but I'm not expecting that the government will give me a visa in the next two weeks."

The Myanmar authorities have refused to allow Pinheiro back into the country since November following his criticism of the government's deadly crackdown on pro-democracy demonstrators.

Suu Kyi's NLD has urged voters to reject the proposed constitution because it was drafted under the junta's direct control, without any input from the country's pro-democracy movement. The draft constitution will be adopted if more than half of eligible voters approve it in the referendum.

The constitutional referendum is supposed to be followed by a general election in 2010, but the charter allows the military to keep wide powers and effectively prevent Suu Kyi from holding public office.

Her party won the last general elections in 1990, but the military refused to hand over power, instead stepping up its repression of dissidents. Suu Kyi, who is currently under house arrest, has been in detention without trial for more than 12 of the past 18 years.

The junta has resisted international pressure to make democratic reforms and quashed pro-democracy protests last September. The U.N. estimates at least 31 people were killed in the crackdown and thousands more were detained.

တိုင်းရင်းသားအသံ
ခွေးတွေတောင် ဆွေမျိုးမဖြစ်ချင်တော့


Sunday, April 13, 2008

တိုင်းရင်းသားအသံ

အခြေခံဥပဒေမူကြမ်းကို ကန့်ကွက်ရန် အပစ်ရပ် ငြိမ်းချမ်းရေး အဖွဲ့များအား တိုက်တွန်း

13 April 2008

ဒေါ်နန္ဒါချမ်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဒေါ်နန္ဒါချမ်း - နားဆင်ရန် (MP3) audio clip

Red Cross members help a disabled voter in casting her vote during a demonstration for the upcoming referendum on the constitution in Rangoon, 10 Apr 2008
ပြည်သူ့ဆန္ဒခံယူပွဲအတွက် မဲပေးရမည့် ပုံစံကို သရုပ်ပြရာတွင် ကြက်ခြေနီအဖွဲ့ဝင်များက မသန်စွန်းသူတစ်ဦးကို ကူညီပေးနေပုံ
(၁၀ ဧပြီ ၂၀၀၈၊ ရန်ကုန်)

မြန်မာစစ်အစိုးရက အခြေခံဥပဒေ မူကြမ်းတရပ်ကို အတည်ပြုနိုင်ရေး လူထုဆန္ဒခံယူပွဲတွေ ကျင်းပဖို့အချိန် နီးကပ်လာတာနဲ့အမျှ ဒီပြည်သူ့ဆန္ဒခံယူပွဲအပေါ် ကန့်ကွက်ဝေဖန်သံတွေလည်း တနေ့တခြား ထွက်ပေါ်လာနေပါတယ်။ အခုနောက်ဆုံး ပြည်ပရောက် နိုင်ငံရေး အင်အားစုတွေကနေ မြန်မာနိုင်ငံထဲမှာရှိကြတဲ့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့တွေအနေနဲ့ လူထုနဲ့အတူ ကန့်ကွက်မဲပေးကြဖို့ တိုက်တွန်းလိုက်ကြပါတယ်။ ပြည်ပရောက် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေရဲ့ တိုက်တွန်းချက်တွေနဲ့ ပတ်သက်လို့ ဒေါ်နန္ဒါချမ်းက အစီရင်ခံထားပါတယ်။

အခုဆိုရင် မေလ ၁၀ ရက်နေ့မှာ ကျင်းပတော့မယ့် ပြည်သူ့ဆန္ဒခံယူပွဲကြီးဟာလည်း တဖြည်းဖြည်းနဲ့ နီးကပ်လာနေပါပြီ။ ဒီလို နီးကပ်လာတာနဲ့အမျှ စစ်အစိုးရကလည်း ဒီပြည်သူ့ဆန္ဒခံယူပွဲမှာ သူတို့ ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းကို ပြည်သူတွေအနေနဲ့ တခဲနက် ထောက်ခံမဲပေးကြဖို့ ပုံစံအမျိုးမျိုးနဲ့ စည်းရုံး လှုံ့ဆော်မှုတွေကို လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် အခုဆိုရင် မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲတဲ့ အမျိုးသားညီလာခံကို တက်ရောက်ခဲ့ကြတဲ့ အပစ်အခတ် ရပ်စဲရေး တိုင်းရင်းသားအဖွဲ့တွေကို ဒီပြည်သူ့ဆန္ဒခံယူပွဲမှာ ထောက်ခံမဲတွေ ပေးကြဖို့ စည်းရုံးနေတဲ့အပြင် တချို့အဖွဲ့တွေကို ကြားနေဖို့ တိုက်တွန်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒီလိုအခြေအနေမှာ - ပြည်ပက အတိုက်အခံအဖွဲ့အစည်းတွေကလည်း အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေအနေနဲ့ ကန့်ကွက်မဲပေးဖို့ လိုအပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ၊ NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ၊ တိုင်းရင်းသား လူမျိုးများကောင်စီ၊ WLB အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုနဲ့ ကျောင်းသားလူငယ် အဖွဲ့တွေကနေ ကြေညာချက်တစောင် ပူးတွဲ ထုတ်ပြန်ခဲ့ပြီးတော့ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ NCUB အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်းကို ဗွီအိုအေ က မေးကြည့်ခဲ့ပါတယ်။

“ကျနော်တို့ တိုင်းရင်းသားလူမျိုးတမျိုးချင်းစီအတွက် အာမခံချက်တွေ မရဘူးဆိုရင် ကျနော်တို့ ဘာလုပ်ကြမလဲ။ အဲဒါတွေကို တိုင်းရင်းသား အပစ်ရပ် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေက တာဝန်ခံ ဖြေဆိုရမယ့် အခြေအနေကို ကျနော်တို့ ရောက်လာနေပြီ ဖြစ်တယ်လို့ ကျနော်တို့ကတော့ အဲဒီလို သုံးသပ်တယ်။ သူတို့ ဘာမှ လုပ်နိုင်မှာမဟုတ်ဘူးလို့ ကျနော်တို့ အလေးအနက် သိထားတယ်။ ဒါကြောင့် ဒီနေ့ ကျနော်တို့ထုတ်တဲ့ ထုတ်ပြန်ချက်က ကျနော်တို့ မေတ္တာရပ်ခံတာ။ မဲရုံတွေကိုသွား ကန့်ကွက်မဲထည့်။ အားလုံး ကန့်ကွက်တယ်ဆိုတဲ့ အခြေအနေမျိုးဖြစ်အောင်၊ မကြိုက်တဲ့ကိစ္စတွေကို မကြိုက်ဘူးဖြစ်အောင် ရှင်းရှင်းလင်းလင်း ပြဖို့လိုတယ်ဆိုတာကို ကျနော်တို့ ပြောချင်တာဖြစ်တယ်။”

အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေအနေနဲ့ အပစ်အခတ် ရပ်စဲထားတဲ့အချိန် တလျှောက်လုံးမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် လုပ်ဆောင်နိုင်တာတွေ မရှိခဲ့တာကြောင့် အနာဂတ် တိုင်းရင်းသားအခွင့်အရေး သေချာ စဉ်းစားဆုံးဖြတ်ဖို့ အချိန်ရောက်ပြီလို့လည်း အခုလို သတိပေးခဲ့ပါတယ်။

“တိုင်းရင်းသားခေါင်းဆောင်တွေကနေပြီးတော့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ အချိန်က သူတို့ ဒီလို အပစ်အခတ်တွေကို ရပ်စဲပြီးတော့ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် ဒီနေ့ အဲဒီ စစ်တပ်အဖွဲ့အစည်းတွေက တကယ်တမ်း နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနဲ့ ဖြေရှင်းခဲ့တာမျိုး မရှိဘူးဆိုတာကို သမိုင်း အထောက်အထားတွေမှာ ကျနော်တို့ အတိအကျ ရှိတယ်။ တကယ်တမ်းကျတော့ လက်တွေ့မှာ စစ်အုပ်စုကနေပြီးတော့ သူတို့ လုပ်ချင်ရာလုပ်တဲ့ ပုံစံအောက်မှာ အပစ်ရပ် အဖွဲ့အစည်းတွေပဲဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် ဘာမှလုပ်လို့မရတဲ့ အခြေအနေတွေ ရှိခဲ့တဲ့အခါကျတော့ အပစ်ရပ်အဖွဲ့အစည်းတွေကို ကျနော်တို့က မေတ္တာရပ်ခံတယ်။ တိုင်းရင်းသားလူမျိုး အားလုံးရဲ့ လူမျိုးတခုချင်းစီ အခွင့်အရေးတွေကို အာမံတဲ့အထိကို ခင်ဗျားတို့ လုပ်ပေးနိုင်မှာလား၊ အကောင်းဆုံး ဖြစ်အောင် ဘယ်လို လုပ်ကြမလဲ ဆိုတဲ့ မေးခွန်းကို ဒီနေ့ ကျနော်တို့ ဖြေကြရမယ့် အချိန်ရောက်လာပြီ။”

ဒါကတော့ NCUB အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်း ဖြစ်ပါတယ်။ အလားတူ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - လွတ်မြောက် နယ်မြေ (နိုင်ငံတကာဌာနခွဲ) တွေကလည်း မနေ့က သဘောထားကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီးတော့ ပြည်သူတွေအနေနဲ့ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံဥပဒေမူကြမ်းကို လုံးဝ ကန့်ကွက်မဲ ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

“ဒီလက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အားနည်းချက်တွေ ရှိနေတယ်။ တိုင်းပြည်ရဲ့ တကယ့် ဒီမိုကရေစီအရ တိုင်းရင်းသားလူမျိုး အားလုံးရဲ့ တန်းတူညီမျှမှုကို ကိုယ်စားမပြုတဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံလို့မရဘူးဆိုတဲ့ အသိကို ပြည်သူလူထုက ရဲရဲဝံ့ဝံ့ လူထုဆန္ဒခံယူပွဲ ကနေပြီးတော့ ဖော်ထုတ်ကြဖို့ ဒီဖော်ထုတ်ခြင်းအားဖြင့်လည်း စစ်အစိုးရအနေနဲ့ တစုံတရာ မတရားမှုတွေ လုပ်လာရင်တောင်မှ အလွယ်တကူ ကျော်ဖြတ်သွားနိုင်မှာ မဟုတ်ဘူး၊ လူထုအားကို နအဖ ဟာ လွန်ဆန်နိုင်မှာမဟုတ်ဘူး ဆိုတဲ့ ယုံကြည်ချက်နဲ့ လူထုက ညီညီညွတ်ညွတ်နဲ့ ကန့်ကွက်မဲများ ထည့်သွားကြဖို့ကို ဒီနေရာကနေ အလေးအနက် တိုက်တွန်းချင်ပါတယ်။”

ဒါကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - လွတ်မြောက်နယ်မြေရဲ့ တွဲဖက်အတွင်းရေးမှူး (၁) ကိုဝင်းလှိုင် ပြောသွားခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဧပြီလ ၂ ရက်နေ့တုန်းက ပန်ကြားချက် တစောင် ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒီပန်ကြားချက်ထဲမှာ အခုလိုပဲ ပြည်သူတွေ အနေနဲ့ ကန့်ကွက်မဲတွေ ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အခုလိုမျိုး ပြည်တွင်း ပြည်ပမှာရှိတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေကနေ ကန့်ကွက်မဲပေးကြဖို့ လှုံ့ဆော်နေသလို အစိုးရအာဏာပိုင်တွေကလည်း ကန့်ကွက်သူတွေကို ဖမ်းဆီးအရေးယူမှုတွေ ရှိနေပါတယ်။

ဒီလို ဖမ်းဆီးအရေးယူမှုတွေကို ကန့်ကွက်ရှုံ့ချတဲ့အကြောင်း၊ ဒီလုပ်ရပ်တွေကို ချက်ချင်း ရပ်တန့်သွားအောင်လို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်အပါအ၀င် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကနေ အမြန်ဆုံး တားဆီးပေး ဖို့ကိုလည်း NLD လွတ်မြောက် နယ်မြေ (နိုင်ငံတကာဌာနခွဲ) တွေကနေ တောင်းဆိုခဲ့ကြပါတယ်

Friday, April 11, 2008

တိုင်းရင်းသားအသံမန်မာနိုင်ငံမှ မိဘမဲ့ကလေးတစ်ယောက်၏ဘဝပုံရိပ်၊ အမှိုက်ပုံတွေအကြာမှာ ကြီးပြင်းလာသူ၊
တိုင်းရင်းသားအသံ

ဒီဗွီဒီအိုကို ကြည့်ပါ၊ သေဆုံသွားသော လူ(၅၄)ယောက်အကြောင်း

တိုင်းရင်းသားအသ
တိုင်းရင်းသားဒေသတွေမှာ ဒီလိုအကြပ်ကိုင်ပြီးထောက်ခံခိုင်းနေပြီ၊

စစ်အစိုးရ၏လူထုဆန္ဒခံယူပွဲကို ထောက်ခံရမည်၊မထောက်ခံဘူးဆိုရင် အဖမ်းခံရမယ်ဆိုတဲ့ခြိမ်းခြောက်မှုအသံများသည် ရှမ်းပြည်နယ် နေရာအနှံ့မှာ ကြားနေရ၊ မွန်ပြည်နယ်မှာလဲ ကန့်ကွက်မဲပေးရင် ရွေးကောက်ပွဲအတွက် နောက်ဆယ်စုနှစ်ထပ်ကြာအုံမယ်၊ကန့်ကွက်မဲပေးသည့်လူကို စစ်ဆေးခံရမယ် လို့ လူထုတွေကို ခြိမ်ခြောက်ပြောကြား၊ ကချင်ပြည်နယ်၊မြိတ်ကြီးနားမှာလဲ လူထုအစည်းအဝေးတစ်ခု အတင်းခေါ်ခိုင်းပြီး ထောက်ခံမဲ(-)ဘယ်လိုပေးရမည်ဆိုတာကိုသာရှင်းပြပြီး ကန့်ကွက်မဲ(x) ဘယ်လိုပေးရမည်ဆိုတာကိုတော့ မရှင်းပြသွားခဲ့ပါဘူး၊ရခိုင်ပြည်နယ်၊မောင်တော်မြို့မှာလဲ ကန့်ကွက်မဲမထည့်ဖို့၊ကန့်ကွက်မဲထည့်ရင် နောက်ထပ်ပြီး တိုင်းပြည်၏အကြပ်အတည်းနဲ့ရင်ဆိုင်ရအုံမည်လို့ လူထုတွေကို လိမ်ညာလှည့်ဖြားနေပြန်၊ ဒီလိုခြိမ်ခြောက်မှုအသံများ နှင့်ကောက်ကျစ်တဲ့အကျင့်စရိုက်များကို ကြားသိရတဲ့အခါ မြန်မာပြည်မှာ ဘာဘဲလုပ်လုပ် အကယ်၍တရားမျှတမှုမရှိရင် တိုင်းပြည်၏ပြဿနာကို အချိန်ဘယ်လောက်ဘဲကြာကြာ၊ ကမ္ဘာတစ်သိန်းအထိကြာပါစေ၊ ငါတို့တိုင်းရင်းသားတွေအနေနဲ့ လုံးဝလက်မခံကြဖို့ ဆော်သြပါသည်၊
တိုင်းရင်းသားအသံ
ဒီလိုသတင်းများထပ်ကြားချင်တယ်

နအဖ၏လူထုဆန္ဒခံယူပွဲ ကို ထောက်ခံပေးပါရန် မဲဆွယ်စည်းရုံးနေသော မူဆယ်ခရိုင်၊ပန်းဆိုင်းမြို.နယ်ဥက္ကဌ ဦးဝင်မောင် ပစ်သတ်ခံရ၊

Border town chieftain shot dead

(သျှမ်းသံတော်ဆင့် သတင်းမှ)

A notorious township chairman was assassinated by two unidentified hit-men last night at Panghsai, opposite China’s Wanding, according to a report from northern Shan State.

U Win Maung, 50, Chairman of Panghsai Township Peace and Development Council, was shot by two men who made a surprise visit at 22:00 local time. His teenage son, wounded, managed to get away. No other details are available at the time of this writing.

The motive for the killing was not immediately established, although Win Maung had been in the township for several years since he was serving as deputy to U Tin Oo, whom he replaced last year.

He was well known for riding roughshod over everybody including the ceasefire and pro-junta groups operating in the area. His last brush with the public was during last month when he organized a mocked referendum vote casting for local headmen ordering them and their villagers to put ticks in their ballot papers to show their support for the military drafted charter.

His killing last night coincided with the announcement by Burma’s military rulers that the referendum will be held on 10 May barely a month away. Copies of the draft constitution have also been made available to the public starting yesterday at K1,000 ($1) per copy.

Thursday, April 10, 2008

တိုင်းရင်းသားအသံ
မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားဘာသာစကားနှင့်ယဉ်ကျေးမှုအခွင့်တွေကိုထည့်သွင်းရေးသားထားပေမဲ့ လက်တွေ့မှာတော့ စနစ်တကျပိတ်ပင်တားမြစ်၊ဖျက်စီးနေတယ်၊


Difficult for ethnics to teach their languages: MNDF

Thu 10 Apr 2008
IMNA (လွတ်လပ်သောမွန်သတင်းအေဂျင်စီ)

Ethnics are finding it extremely difficult to teach their languages despite the Burmese regime's draft constitution providing for rights of ethnics in its charter, a Mon National Democratic Front (MNDF) member said at the 16th closing ceremony of Summery Mon Literature and Culture school.<>
Today over 6,000 Mon people joined the closing ceremony of Mon Summery School for more than 9,000 students in Mudon Township in Kalawthut village. Literature leader, Ajar Parlita and other senior abbots joined the ceremony.

Dr Min Kyi Winn, joint-secretary of the MNDF and also chairman of the Mon Literature and Culture Committee in Mudon Township, said that there are no schools and no rights to teach ethnic languages in Burma and that's why they must have the opportunity.

"We face problems if we implement teaching of ethnic languages because it is disallowed by the Burmese government," said Dr Min Kyi Winn.

According to the Burmese draft constitution, people are free to speak, practice literature, culture, language, religion, and tradition without affecting each other.

Due to lack of freedom, ethnics teach their languages in the Buddhist monasteries as summer schools.

Dr Min Kyi Winn said at the closing ceremony of the Mon summer school in Mudon Township Mon State that it depends on ethnics to teach ethnic languages in the long run.





တိုင်းရင်းသားအသံ
ရက်စက်ကြမ်းကြုတ်ယုတ်မာတဲ့စစ်အစိုးရအုပ်ချုပ်မှုကြောင့် ထမင်းတစ်နပ်အတွက် သူများနိုင်ငံမှာ ကျွန်ဘဝသွားခံဖို့ လမ်းတဝက်ကြားမှာ ဒီလိုသေခြင်း ဒုက္ခများနဲ့ ကြုံခဲ့ရ၊ သူတို့များအားလုံး၏မိသားစုဝင်များနှင့် ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပါကြောင်း၊ သူတို့တတွေအားလုံး တမလွန်ဘဝမှာ စစ်အာဏာရှင် စနစ်အောက်နှင့် ကျွန်ဘဝမှ လွတ်မြောက်စေပြီး ကောင်းရာ သုဂတိလာပါစေ လို့တိုင်းရင်းသားအသံမှ ဆုတောင်းပါသည်၊

Sunday, April 6, 2008



အဓိကတရာခံများစာရင်း Perpetrators' List


Saturday, April 5, 2008

တိုင်းရင်းသားအသံ
From Monsters and Critics.com

Asia-Pacific News
Myanmar warns of terrorist acts during Water Festival


By DPA
Apr 5, 2008, 5:49 GMT

Yangon - Myanmar's junta warned of increased terrorist acts during the upcoming Water Festival and the national referendum, claiming two 'terrorists' had been arrested last month, state media reports said Saturday.

In an article in The New Light of Myanmar, the government mouthpiece, it was revealed that authorities had in March arrested a member of the National League for Democracy (NLD) opposition party who had attended 'explosives courses in a neighbouring country.'

It added that another alleged saboteur, sent into the country by Myanmar student activities living abroad, had also been seized carrying explosives last month, and had been linked to past terrorist acts perpetrated in Yangon in 2004 and 2005.

The newspaper did not disclose the saboteurs' identities.

'It has been learned that terrorists will target busy places and strategic places to create public panic,' the article warned. 'It can be deduced that those terrorists, if they had escaped arrest, would surely commit terrorist acts during the Thingyan (Water Festival) and in the places where public polls for the referendum will be held.'

Myanmar, like Thailand, Cambodia and Laos, celebrates its traditional new year on April 13 to 15, marking the advent of the rainy season.

The country will hold a referendum some time in May to vote on a new constitution that will legitimize the military's dominant role in the country's future political set up and will exclude NLD leader Aung San Suu Kyi, who has been under house arrest since May, 2003, from running.

The NLD, which won the 1990 general election but has been blocked from assuming power by the military for the past 18 years, recently issued a proclamation urging the Burmese people to vote 'no' in the referendum, in order to reject the military-drafted charter.



© Copyright 2007 by monstersandcritics.com.
This notice cannot be removed without permission.
သင်္ကြန်ပွဲတော်မှာ နအဖစစ်အစိုးရကိုယ်တိုင် ဗုံဖေါက်ဖွယ်ရာရှိ

လာမည့်သင်္ကြန်ပွဲတော်နှင့်လူထုဆန္ဒခံယူပွဲတွေမှာ အကြမ်းဖက်သမားတွေ တိုးမြှင့်အကြမ်းဖက်လာမည်လို့ စနေနေ့ထုတ်နအဖစစ်အစိုးရပိုင်မီဒီယာမှာရေးသားထားသဖြင့် လူထုတွေအကြာမှာ နအဖကိုယ်တိုင် ဗုံဖေါက်ပြီး ပြည်ပအတိုက်အခံတွေကို အပြစ်တင်စွပ်စွဲမည်လို့ သုံးသပ်ရပါသည်၊ လွန်ခဲ့သောလကလဲ အကြမ်းဖက်သမားနှစ်ယောက်ဖမ်းမိခဲ့သည် ဟုလည် လိမ်ညာရေးသားထားပါသည်၊ အန်အေလ်ဒီ အဖွဲ့ဝင်တွေဟာ အိမ်နီးချင်နိုင်ငံမှာ ဖေါက်ခွဲမှုသင်တန်းသွာတက်ခဲ့သည် ဟုလည်ဗြောင်ကျကျလိမ်ညာရေးသားထားပါသည်၊

စသဖြင့်စသဖြင့် လူထုဆန္ဒခံယူပွဲနီးကပ်လာသည်နှင့်အမျှ နအဖစစ်ခေါင်းဆောင်တွေ နေမထိထိုင်မသာဖြစ်နေပြီး ကောက်ကျစ်စဉ်လဲဥာဏ်များကိုအားကိုးဖို့စီစဉ်လျက်ရှိပါသည်၊အခုအချိန်အထိ လူထုဆန္ဒခံယူပွဲကျင်းပမည့် ရက်အတိအကျကို ကြေညာဖို့ကြောက်နေတာဟာ မရိုသားတဲ့ကောက်ကျစ်အကြံအစည်များမပြီးမြောက်သေးလို့ဖြစ်ပါသည်၊


နအဖစစ်ခေါင်းဆောင်တွေ စီစဉ်ထားတဲ့ယုတ်မာတဲ့အကြံအစည်များဟာအောက်ပါအတိုင်းဖြစ်နိုင်ချေရှိသည်၊

၁။အကြမ်းနည်း၊အနုနည်းနှစ်ခုစလုံးသုံးပြီး လူထုတွေ ထောက်ခံမဲထည့်အောင်စည်းရုံးလှုပ်ရှားသွားရန်၊
၂။ကိုယ်နိုင်မည့်အရိပ်လက္ခဏာများမတွေ့သရွေ.ကာလပတ်လုံး ဆန္ဒခံယူပွဲကို အချိန်ရွှေ.ပြီးကျင်းပသွားရန်၊
၃။လူထုတွေ ကန့်ကွက်မဲထည့်ဖို့ စည်းရုံးနေသော စည်းရုံးရေးအရည်အသွေးကောင်းတဲ့ တက်ကြွအတိုက်အခံခေါင်းဆောင်များကို အပြစ်မရှိအပြစ်ရှာ၊ပိုဒ်မမရှိပိုဒ်မတွေတပ်ပြီး အရေးယူဖမ်းးဆီးထိန်းသိမ်းသွားရန်၊ နှင့် ခြုံခိုတိုက်ခိုက်ရန်၊ဝိုင်းရိုက်သတ်ဖြတ်ရန်၊
၎။စစ်တပ်ကသာလျှင် တိုင်းပြည်ကို ကိုင်တွယ်အုပ်ချုပ်နိုင်မည်ဆိုသည့် အကြောင်းပြချက် ကို ခိုင်လုံစေရန် လူစုလူဝေးများနေရာတွေမှာ ဗုံဖေါက်ခြင်း၊ လူမိုက်တွေငှားပြီး အကြမ်းဖက်သမားအယောင်ဆောင်ခိုင်းခြင်း၊ ထို့လူတွေကို ဖမ်းဆီးပေးပြီး အတိုက်အခံတွေကို တံဆိပ်တပ်စွပ်စွဲခြင်း၊စသည့်ယုတ်မာတဲ့လုပ်ရပ်များကို လုပ်ပြီး မီဒီယာကနေအမြတ်ထုတ်သွားရန်၊သို့မဟုတ် လူထုတွေ နာယောင်သွားစေရန်၊

စသည့်အဓိကအချက်များပါဝင်နိုင်သည်။

Friday, April 4, 2008

နအဖဦးစီးကျင်းပမည့် လူထုဆန္ဒခံယူပွဲအပေါ် တိုင်းရင်းသားလူမျိုးများကောင်စီ၏ သဘောထားထုတ်ပြန်ကြေညာချက်



Thursday, April 3, 2008

ကန့်ကွက်မဲထည့်ဖို့ ကာတွန်းများ နဲ့ဆော်သြ၊ Cartoon for Vote "No" to Junta's Referendum



(မှတ်ချက်) ဤကာတွန်းများသည် email မှတစ်ဆင့် ဝင်လာသဖြင့် မည်သူမည်ဝါ ရေးဆွဲထားသည်ကို မသိရှိရသေးကြောင်း၊ ဤကာတွန်း၏ပိုင်ရှင်ကို သိလျှင် နာမည်နဲ့တကွ ကျေးဇူတင်ဖော်ပြပေးမည်ဖြစ်ပါကြောင်း၊

Wednesday, April 2, 2008

ဗိုလ်ချုပ်အောင်နိုင်စစ်အစိုးရနှင့်ပူးပေါင်းသည့်သတင်းမွန်ပြည်သစ်အတည်မပြုသေး

(ခေတ်ပြိုင်သတင်းမှ)

ကျော်ထင်/ ၁ ဧပြီ ၂၀၀၈

စစ်အစိုးရအပေါ် သဘောထားပြတ်သားသော အပစ်ခတ်ရပ်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) မှ ဆေးခွင့်ဖြင့် အနားယူနေသည့် စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင် စစ်အစိုးရ
နှင့် ပူးပေါင်းသွားသည်ဟု သတင်းများ ထွက်နေမှုအပေါ် NMSP က အတည်မပြုနိုင်သေးဟု ပြောသည်။

NMSP ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက လက်နက်ချလိုက်သည်ဟု ကောလာဟလများ ထွက်နေမှုအပေါ် ဗိုလ်ချုပ်အောင်နိုင်နှင့် အဆက်သွယ်မရရှိသေးသဖြင့် အတည်မပြုနိုင်ကြောင်း၊ သူသည် မွန်ပြည်သစ် လွတ်မြောက်ရေးတပ်မတော်နှင့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တဦး ဖြစ်သည့်အတွက် လက်နက်ချမည်ဟု မယုံကြည်ကြောင်း ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ အစီအစဉ်ဖြင့် ရန်ကုန်သို့ ဆေးကုရန် သွားရောက်ခဲ့သော ဗိုလ်ချုပ်အောင်နိုင်သည် လက်ရှိအချိန်အထိ NMSP နှင့် အဆက်သွယ်ပြုလုပ်ခြင်း မရှိသေးပေ။

နိုင်အောင်မငေးက “ကျနော်တို့ လှမ်းပြီး စုံစမ်းတယ်။ လွန်ခဲ့တဲ့ သုံးလေးရက်လောက်က ဘားအံမြို့နယ်၊ ခယားကျေးရွာဘက်ခြမ်းမှာ သူရောက်နေတယ်လို့ မြေပြင်သတင်းကြားရ တယ်။ ကျနော်တို့သွားပြီးစုံစမ်းတော့ သူမရှိတော့ပြန်ဘူး ဖြစ်နေတယ်လေ” ဟု ပြောသည်။

ပြီးခဲ့သည့် လလယ်ပိုင်းက ဗိုလ်ချုပ်အောင်နိုင်သည် စစ်အစိုးရထံမှ လက်နက်အကူအညီအပြင် မွန်ပြည်သစ်ပါတီခေါင်းဆောင်ဟောင်းတချို့ အကူအညီဖြင့် မွန်နယ်မြေတွင် ပြန်လည်အခြေချ မည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

အဆိုပါကိစ္စအပေါ် နိုင်အောင်မငေးက “ကျနော်တို့ ဗဟိုကော်မတီဝင်ဟောင်းတွေဖြစ်ကြတဲ့ နိုင်တင်အောင်ရော၊ ကိုစိုးမြင့်ကိုရော တိုက်ရိုက်ဆက်သွယ်တယ်။ သူတို့က ဒီကိစ္စမှာ လုံးဝ
ပါဝင်ပတ်သက်မှု မရှိဘူး၊ လုံးဝလက်ခံမှာမဟုတ်ဘူး။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အမျိုးသား သစ္စာဖောက်တယောက် ဖြစ်နေမှာမို့လို့ ဒီကိစ္စမှာ ပါဝင်ကူညီမှုမရှိဘူးလို့ သူတို့ကပြောတယ်”
ဟု ပြောသည်။

စစ်အစိုးရသည် ၎င်းတို့အပေါ် ဆန့်ကျင်သော အဖွဲ့အစည်းမှန်သမျှကို ဖဲ့ထုတ်စည်းရုံးခြင်း
အပါအ၀င် နည်းမျိုးစုံနှင့် သတ်လျှိုဖြိုခွဲမှုများ ပြုလုပ်လေ့ရှိကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု သုတေသနဌာနမှ ဦးဌေးအောင်က ပြောသည်။

၎င်းက “ဥပမာအားဖြင့် ကေအန်ယူမှာဆိုလို့ရှိရင်လည်း ဗိုလ်ချုပ်ထိန်မောင်တို့ဖြစ်ခဲ့တဲ့ သာဓ ကတွေ၊ တခြားလူတွေမှာလည်း ဖြစ်ခဲ့တဲ့သာဓကတွေ အများကြီးရှိတယ်။ မွန်ပြည်သစ်ပါတီ မှာလည်း အလားတူ သူတို့ထိုးဖောက်ပြီးတော့ သဘောထားကွဲလာအောင်၊ အချင်းချင်းကြား ထဲမှာ မညီမညွတ်ဖြစ်လာအောင်၊ လုပ်နိုင်တဲ့အလားအလာတွေ ရှိတယ်လို့ ကျနော်ထင်တယ်”
ဟု ပြောသည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ကန့်ကွက် သည့် တခုတည်းသော အပစ်ခတ်ရပ်အဖွဲ့ဖြစ်သည်။

Tuesday, April 1, 2008

အောက်ပါဖော်ပြထားသောသတင်းကို မှန်ကန်မှုရှိမရှိ ကေအိုင်အိုအဖွဲ့အနေနဲ့ တရားဝင်တုံ့ပြန်သင့်ပါကြောင်း တိုင်းရင်းသားအသံမှအသိပေးအပ်ပါသည်၊ အကယ်၍ ဤသတင်းကိုမှန်ကန်မှုရှိခဲ့သော် ကေအိုင်အိုအဖွဲ့ အနေနဲ့ တရုတ်အစိုးရအပေါ်ထားရှိသော ဆက်ဆံရေးမဟာဗျူဟာကိုပြန်လည်သုံးသပ်သင့်ပါကြောင်းနှင့် တိဗက်အရေးနဲ့ပတ်သက်ပြီးတော့ လွတ်လပ်ရေးနှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အတွက်အသက်စွန့်ပြီး တိုက်ပွဲဝင်နေကြသော တိဗက်ရဲဘော်ရဲဘက်များကို အကာအကွယ်မပေးနိုင်တာတောင်မှ အန္တရာယ်မပြုရန် တိုင်းရင်းသားအသံမှ တောင်းဆိုပါသည်။
.

တိဘက်နိုင်ငံရေးလှုပ်ရှားသူ ၂ ဦးကို ကေအိုင်အိုက တရုတ်လက်အပ်
ဧရာဝတီ | ဧပြီ ၁၊ ၂၀၀၈

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ နယ်မြေအတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် တိဘက်လူမျိုး နိုင်ငံရေးလှုပ်ရှားသူ ၂ ဦးကို ယခုလ ၃၀ ရက်နေ့တွင် ကေအိုင်အိုအဖွဲ့က တရုတ်အစိုးရထံ ပြန်အပ်ခဲ့ကြောင်း ကချင်သတင်းအဖွဲ့ (Kachin News Group) က ဆိုသည်။

အဆိုပါ တိဘက်အမျိုးသား ၂ ဦးကို ကေအိုင်အိုအဖွဲ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ဆက်စပ်နေသည့် ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ကေအိုင်အိုအဖွဲ့သည် ၁၉၉၃ ခုနှစ် အောက်တိုဘာလတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။

တိဘက်အမျိုးသား ၂ ဦးသည် တရုတ်အစိုးရ၏ လိုက်လံဖမ်းဆီးခြင်းကြောင့် ကေအိုင်အို ဌာနချုပ်ဖြစ်သည့် လိုင်ဇာဒေသသို့ ရှောင်တိမ်းလာခြင်းဖြစ်ပြီး ၎င်းတို့နှင့်ပတ်သက်သည့် ကိုယ်ရေးအချက်အလက်များကို တရုတ်က ကေအိုင်အိုထံ ပေးထားပြီးဖြစ်ကြောင်းလည်း ကချင်သတင်းအဖွဲ့က ဆိုသည်။

ယမန်နေ့က တရုတ်နှင့် မြန်မာစစ်တပ်အရာရှိများ လိုင်ဇာတွင် ၂ နာရီကြာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟုလည်း ကချင်သတင်းအဖွဲ့၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ယခုလအစောပိုင်းက တိဘက်ဒေသ လာဆာမြို့တွင် တရုတ် အစိုးရအုပ်ချုပ်ရေးကိုဆန့်ကျင်သည့် ဆန္ဒပြလှုပ်ရှားမှုများအား တိဘက်ဘုန်းတော်ကြီးများက ဦးဆောင်ပြုလုပ်ရာ တရုတ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့သည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.