တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Monday, April 25, 2011

မဟာလူမျိုးကြီးဝါဒ၏ မဟာအောင်ပွဲလား

တိုင်းရင်းသားအသံ
မဟာလူမျိုးကြီးဝါဒ၏ မဟာအောင်ပွဲလား


(၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံကို မောင်းနှင်မယ့် အစိုးရသစ်ကတော့ အာဏာကို လွှဲပြောင်းယူလိုက်ပြီ။ ဒီဖွဲ့စည်းပုံဟာ ရှမ်း၊ ရခိုင်၊ မွန်၊ ကရင် စတဲ့ အမျိုးသားတွေရဲ့ နိုင်ငံရေးအရ တန်းတူပြီး စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို ငြင်းဆန် ထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ (၁၉၄၈) ခုနှစ်မှာ လွတ်လပ်ရေး ရလာတဲ့ မြန်မာနိုင်ငံကို ခေတ်သစ်မြန်မာ နိုင်ငံအဖြစ် သုံးချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီ မတိုင်ခင်က မွန်၊ ရခိုင်၊ မြန်မာ (ဗမာ) စတဲ့ အမျိုးသားတွေရဲ့ သီးခြားနိုင်ငံအဖြစ် နေထိုင်ခဲ့ခြင်းတွေနဲ့ ကွဲပြားချင်လို့ ဖြစ်တယ်။ ဆိုတော့ ခေတ်သစ်မြန်မာနိုင်ငံမှာ တည်ရှိခဲ့တဲ့ ပေါ်ပေါက်ခဲ့ဖူးတဲ့ (၁၉၄၇)၊ (၁၉၇၄)၊ (၂၀၀၈) နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတိုင်းဟာ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင်၊ ကချင်စတဲ့ အမျိုးသား တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို လိမ္မာပါးနပ်စွာနဲ့ ရိုက်ချိုးခဲ့သလို တဖက်မှာလည်း မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို အခြေခံခဲ့တယ်။

(၁၉၇၄) ဖွဲ့စည်းပုံရော၊ (၂၀၀၈) ဖွဲ့စည်းပုံပါ တပါတီအာဏာရှင်စနစ်ကို အခြေခံထားတယ် ဆိုတာထက် မဟာလူမျိုးကြီးဝါဒ ကြီးစိုးရေးကို အခြေခံထားတယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်။ တချို့က အဲဒီဖွဲ့စည်းပုံဟာ စစ်အာဏာရှင်စနစ် တည်တံ့ရေး၊ စစ်တပ်လွှမ်းမိုးရေး၊ လူတချို့ ကောင်းစားရေး စသည် အားဖြင့် သုံးနှုန်း ပြောဆိုခြင်းဟာ မှန်သင့်သလောက် မှန်ပါတယ်။ တကယ့် အနစ်သာရက မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးသာ ဖြစ်တယ်။ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရှိသူတွေက တပ်မတော်ကို အသုံးချခြင်းသာ ဖြစ်တယ်ဆိုတာကို ကွဲပြားစွာ မြင်ဖို့လိုတယ်။ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရှိသူတွေဟာ တပ်မတော်ထဲမှာ ရှိသလို အတိုက်အခံတွေ ထဲမှာလည်း ရှိကြတယ် ။ ထို့အတူ ပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေ၊ သာမန်လူထုတွေထဲမှာလည်း ရှိကြတယ်။ ရှမ်း ၊ ရခိုင် ၊ မွန် ၊ ကရင် ၊ မြန်မာ (ဗမာ) အမျိုးသားတွေ အားလုံးဟာ နိုင်ငံရေးအရ တန်းတူတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးကို လက်ခံထားတဲ့ ယုံကြည်ထားတဲ့ မြန်မာ (ဗမာ) အမျိုးသားတွေ ရှိသလို လက်မခံတဲ့ မြန်မာ (ဗမာ) အမျိုးသားတွေလည်း ရှိတယ်ဆိုတာ (၁၉၄၈) လွတ်လပ်ရေးရသည်မှ ယနေ့ကာလအထိ နိုင်ငံရေး အခင်းအကျင်းတွေက သက်သေပြနေတယ်။ ဒါကြောင့် တပ်မတော် လွှမ်းမိုးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဖုံးလွှမ်းထားတဲ့ အင်မတန်နက်ရှိုင်းတဲ့ မြန်မာ (ဗမာ) အမျိုးသားရေးဝါဒ (မဟာလူမျိုးကြီးဝါဒ) လွှမ်းမိုးရေးအယူအဆကို အကောင်အထည် ဖော်နေခြင်းဖြစ်တယ် ဆိုတာကို ပြောလိုတယ်။

ဆိုတော့ မဟာလူမျိုးကြီးဝါဒဆိုတဲ့ဝေါဟာရကို သုံးစွဲခြင်းဟာ မြန်မာ (ဗမာ) အမျိုးသားတွေကို မုန်းတီးလို့ မဟုတ်ဘူးဆိုတာ နားလည်စေ ချင်တယ်။ ထို့အတူ တပ်မတော်ကို မုန်းတီးလို့ မဟုတ်ဘူးဆိုတာကိုလည်း ကွဲပြားစွာ သိဖို့လို ပါတယ်။ ဒီလို ကွဲကွဲပြားပြားသိမှ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်တဲ့နေရာမှာ ရှိနေတဲ့ အဖုအထစ်တွေကို ကျော်လွှားနိုင်မှာ ဖြစ်တယ်။ မြန်မာ (ဗမာ) အမျိုးသား အပါအ၀င် အခြားသော မွန်၊ ကရင်၊ ရှမ်း၊ ရခိုင် စတဲ့ အမျိုးသားတွေ အားလုံးဟာ နိုင်ငံရေးအရ တန်းတူပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးကို ပြောဆို တိုက်ပွဲဝင်ခြင်းဟာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေ ဖြစ်တယ်လို့  ၀ါဒဖြန့် နေသူတွေ ယုံကြည်နေသူတွေဟာ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ယုံကြည်သူတွေ ဖြစ်တယ်ဆိုတာ ရဲရဲကြီး ပြောရဲတယ်။ တနည်းအားဖြင့် ပြောရရင် ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒ ရှိနေတဲ့ မြန်မာ (ဗမာ) အမျိုးသားတွေရဲ့ ပန်းတိုင်ဟာ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးပဲ ဖြစ်တယ်ဆိုတာ သမိုင်းက သက်သေပြခဲ့တယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးထက် မဟာလူမျိုး ကြီးဝါဒ လွှမ်းမိုးရေးဝါဒ အမြစ်ပြတ်ရေးက ပိုလို့ အရေးကြီးပါတယ်။

ဒီလို ဘာကြောင့် ပြောရသလဲဆိုတော့ (၁၉၄၇) ခု ပင်လုံညီလာခံရဲ့ သဘောတူညီမှုတွေကို ခေတ်သစ် မြန်မာနိုင်ငံမှာ ပေါ်ပေါက်ဖူးတဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတိုင်းက ငြင်းပယ်ထားလို့ ဖြစ်တယ်။ ပင်လုံ ညီလာခံရဲ့ သဘောတူညီချက်တွေဟာ သီးခြားတည်ရှိခဲ့တဲ့ သမိုင်း ဖြစ်စဉ်တွေ အရ ပေါ်ပေါက်လာသလို အနာဂတ်ရဲ့ ခေတ်တိုင်း ခေတ်တိုင်းမှာလည်း သီးခြား တည်ရှိခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေကို ချန်လှပ်ထားလို့ မရဘူး။ အနာဂတ် နိုင်ငံတော်ဟာ ငြိမ်းချမ်း တည်ငြိမ်စွာနဲ့ ဖွံ့ဖြိုး စေချင်တယ်ဆိုရင် မြန်မာ (ဗမာ) အပါအ၀င် တိုင်းရင်းသား ပေါင်းစုံဟာ နိုင်ငံရေးအရ တန်းတူဖို့လိုသလို ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ပြည်နယ်တွေနဲ့ ပြည်ထောင်စုကို တည်ဆောက်ရမှာ ဖြစ်တယ်။ ဒီလိုတည် ဆောက်ဖို့ ဘာကြောင့် လိုအပ်သလဲဆိုတော့ (၁၉၄၈) လွတ်လပ်ရေး မတိုင်ခင်က သီးခြားဖြစ်တည်ခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေကြောင့် ဖြစ်တယ်ဆိုတာကို မျိုးဆက်သစ်တွေကို ချပြရသလို ထုံပေပေ နေနိုင်လွန်းတဲ့ မျိုးဆက်အိုကြီးတွေကိုလည်း ချပြရတယ်။ ဒီနေရာမှာ အလျဉ်းသင့် ပြောချင်တာ တခုရှိတယ်။ ကျနော့် ဆောင်းပါးတွေမှာ အနာဂတ်အကြောင်းတွေ ပြောရင်း အတိတ်က အခြေအနေတွေကို ချပြတော့ အဖွဲ့အစည်းတခုက ခေါင်းဆောင်ဟောင်းက သူ့ဆောင်းပါးမှာ ယဉ်ကျေးမှု ရှေးကျခြင်း ဘာညာတွေ ပြောနေခြင်းဟာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးမှာ အရေးမပါကြောင်း တုန့်ပြန်ပြီး ရေးတာ ဖတ်လိုက်ရပါတယ်။ ကျနော့်နာမည်ကို ဖော်ပြခြင်းမရှိပေမယ့် ကျနော့် ဆောင်းပါးကို တုန့်ပြန်တယ်ဆိုတာ ကျနော် သဘောပေါက်တယ်။ ဆိုတော့ အထက်က ကျနော်ပြောသလိုပဲ ထုံပေပေ နေနိုင်လွန်းတဲ့ မျိုးဆက်အိုကြီးတွေကို ချပြရသလို မသိသေးတဲ့ မျိုးဆက်သစ်တွေကိုလည်း ချပြရတယ်။ တဖက်မှာလည်း အတိုက်အခံလို့ ပြောပေမယ့် တိုင်းရင်းသားပေါင်းစုံ နိုင်ငံရေးအရ တန်းတူပြီး ကိုယ်ပိုင်ပြဌာန်း ခွင့်ရှိတဲ့ ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ပုံစံမျိုးကို မလိုလားတဲ့ လူတွေ ရှိတယ်ဆိုတာ ကျနော် ပြောဖူးတယ်။ အဲဒီလို လူတွေကိုလည်း နားလည် အောင်ပြောရပြန်တယ် ။

မြန်မာ (ဗမာ) အမျိုးသားတွေထဲမှာ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရှိသူတွေနဲ့ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ငြင်းပယ် ထားတဲ့သူတွေ ဆိုပြီး ရှိပါတယ်။ ဒါကြောင့် နိုင်ငံရေးအရ တန်းတူရေး၊ မြန်မာ (ဗမာ) အမျိုးသားတွေဟာလည်း ပြည်နယ်တခု ဖွဲ့စည်းရေး၊ အဲဒီပြည်နယ်တွေနဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေး၊ တနည်း အားဖြင့် ပင်လုံမူတွေကို အခြေခံရေး စသည်ဖြင့် ပြောကြ ဆိုကြ တိုက်ပွဲဝင်ကြရင် ဒါတွေဟာ ဗမာ မုန်းတီးရေးကို ရှေ့ရှုတယ်။ ဗမာမုန်းတီးရေးကို လှုံ့ ဆော်တယ်။ ဗမာမုန်းတီးရေးဝါဒီတွေ ဖြစ်တယ်လို့  အမြဲ အပြောခံရတယ်။ အမှန်က မဟုတ်ဘူး။ အဲဒီလို မြင်တဲ့လူတွေ ကိုယ်၌က ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေ ဖြစ်ပြီး မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို လိုလားတဲ့သူတွေ ဖြစ်တယ်ဆိုတာ နားလည်ဖို့ လိုတယ်။ တဖက်မှာလည်း မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို လုံးဝလက်မခံဘဲ နိုင်ငံရေးအရ တန်းတူပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်ပေါင်းစု ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို လက်ခံထားတဲ့ မြန်မာ (ဗမာ) အမျိုးသားတွေကလည်း ရှိပြန်တယ်။ ဒါကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အာဏာရရှိရေး သက်သက် မဟုတ်ဘဲ မတူညီတဲ့ အမျိုးသားတွေ ပေါင်းစည်းရေး၊ ညီညွတ်ရေးနဲ့ နိုင်ငံရေးအရ တန်းတူတဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးကို တစိုက်မတ်မတ် လုပ်လာခဲ့ခြင်း၊ လုပ်နေခြင်းဟာ သမိုင်းအစဉ်အလာ တန်ဖိုးတွေကို နားလည်လို့ ဖြစ်တယ်။ သမိုင်းအစဉ်အလာ တန်ဖိုးတွေကို လက်ခံနိုင်မှ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက် သင့်တယ်၊ တည်ဆောက် ရမယ်လို့ မြင်မယ်၊ ယုံကြည်ကြမယ်။

(၂၀၀၈) ဖွဲ့စည်းပုံဟာ ရခိုင်၊ ရှမ်း၊ မွန်၊ ကရင်၊ ကချင် စတဲ့ အမျိုးသားတွေရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို ချိုးနှိမ်ထားတာ ဖြစ်တယ်။ ထို့အတူ နိုင်ငံရေးအရ တန်းတူမှုကင်းမဲ့ပြီး မြန်မာ (ဗမာ) အမျိုးသားဝါဒ လွှမ်းမိုးရေး (သို့မဟုတ်) မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ရေးဆွဲထားတာ ဖြစ်တယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည် ဖြစ်စေရေး၊ ဒီဖွဲ့စည်းပုံ အတိုင်း တက်လာတဲ့ အစိုးရက တိုင်းပြည်ကို အုပ်ချုပ်ရေး စတဲ့ လုပ်ဆောင်ချက်တွေ အဆင်ပြေ ချောမွေ့ဖို့အတွက် စစ်တပ်ကို အသုံးချရခြင်း ဖြစ်တယ်။ ဒီလို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တာက ဘယ်သူတွေလည်း ဆိုတော့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒကို လက်ကိုင်ထားတဲ့ မြန်မာ (ဗမာ) တွေဖြစ်တယ်။ ဆိုတော့ ရှမ်း၊ ကရင်၊ မွန်၊ ရခိုင် စတဲ့ အမျိုးသားတွေဟာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေ ဖြစ်တယ် လို့ပြောကြ ဆိုကြခြင်းဟာ ဘယ်အချက် အလက်တွေအပေါ်မှာ အခြေခံပြီး ခေါ်သလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေဟာ အငြင်းပွားစရာတွေ၊ မသေချာမှုတွေနဲ့ အလှမ်းဝေးနေမယ် ထင်တယ်။ အဲဒီအမျိုးသားတွေဟာ နိုင်ငံရေးအရ တန်းတူရေး ရှိပြီး ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးကို ကြိုးပမ်းကြခြင်း၊ တိုက်ပွဲဝင်နေကြခြင်းဟာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီ မဟုတ်ဘူးဆိုတာ ထင်ရှားတယ်။ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီ စစ်စစ်ဟာ ဘယ်သူတွေလည်း ဆိုတော့ မြန်မာနိုင်ငံမှာ မြန်မာ (ဗမာ) လူမျိုးကြီး ၀ါဒ လွှမ်းမိုးရေး အယူအဆ ရှိသူတွေသာ ဖြစ်တယ်။ ဒီနိုင်ငံမှာ မြန်မာ (ဗမာ) တွေသာ လွှမ်းမိုးရမယ်ဆိုတဲ့ အခြေခံပေါ်မှာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီ အဖြစ် ညွန်းဆို ချက်တွေဟာ ပြောင်းလဲသွားရခြင်း ဖြစ်တယ်။

ယနေ့ မြန်မာနိုင်ငံမှာ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ သုံးခု ရှိခဲ့ဖူးတယ်။ အဲဒီ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတိုင်းဟာ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကိုသာ ရှေ့ ရှုရေးဆွဲထားတာ ဖြစ်တယ်။ ရခိုင်၊ ရှမ်း၊ မွန်၊ ကရင်စတဲ့ အမျိုးသားတွေရဲ့  ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ဆိတ်သုဉ်းခဲ့မှု အပေါ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့ ထပ်တူ ပြည်တွင်းစစ်ကို မွေးဖွားခဲ့တယ်။ ဒီပြည်တွင်းစစ်ကို အလွန် ကျဉ်းမြောင်းတဲ့ မြန်မာ (ဗမာ) အမျိုးသားရေးဝါဒီတွေက မျိုးဆက် အဆက်ဆက် ကိုလိုနီဆိုးမွေလို့ ကမ္ပည်း ထိုးခဲ့ကြတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိတ်သုဉ်းမှု အပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာတဲ့ တော်လှန် စစ်ပွဲတွေကို ချိုးနှိမ် လိုက်တာဖြစ်တယ်။ ဆိုတော့ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆ ရှိသူတွေက (၁၉၈၈) ကို အခြေခံပြီး သုံးသပ်ကြ၊ ပြောဆိုကြပါတယ်။ ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်၊ မွန်စတဲ့ အမျိုးသားတွေ ကတော့ (၁၉၄၈) ကို အခြေခံပြီး သုံးသပ်ကြ၊ ပြောဆို ကြပါတယ်။ ဒီနိုင်ငံရဲ့ နိုင်ငံနောက်ခံ၊ နိုင်ငံရေး အခင်းအကျင်းတွေ အရ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရှိတဲ့ မြန်မာ (ဗမာ) တွေမှ အပ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ငြင်းပယ်ထားတဲ့ မြန်မာ (ဗမာ)၊ မွန်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေ အတွက်ကတော့ တော်လှန်ရေးဟာ မပြီးဆုံး သေးပါဘူး။ စစ်တပ် လွှမ်းမိုးရေးကို အရေခြုံထားတဲ့ မဟာဗမာ လွှမ်းမိုးရေးအယူအဆဟာ နက်ရှိုင်းစွာ တည်ရှိနေတယ် ဆိုတာ သဲကွဲစွာ မြင်ဖို့ လိုမယ် ထင်ပါတယ်။

မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို အခြေခံ ရေးဆွဲထားတဲ့ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ ချင်း စတဲ့ အမျိုးသားတွေရဲ့ နိုင်ငံရေးအရ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် မရှိတဲ့ (၂၀၀၈) ဖွဲ့စည်းပုံအရ အုပ်ချုပ်တော့မယ့် အစိုးရသစ်လည်း ပေါ်ထွက်လာပြီ ဆိုတော့ ဒီအောင်ပွဲဟာ တတိယအောင်ပွဲ (သို့မဟုတ်) မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး၏ မဟာအောင်ပွဲလားဆိုတာ မေးစရာ ဖြစ်လာပါတယ်။ အဲဒီအမေးရဲ့ အဖြေဟာ အချိန်ကာလတခုကို ဖြတ်သန်း ပြီးတဲ့အခါ အဖြေဟာ ထင်ထင်ရှားရှားကြီး ပေါ်ထွက်လာမှာပါ။ ပြီးတော့ မွန်၊ ကရင်၊ ကချင်၊ ချင်း၊ ကရင်နီ၊ ရခိုင်၊ ရှမ်း၊ စတဲ့ အမျိုးသားတွေနဲ့ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးအယူအဆကို ငြင်းပယ်ထားတဲ့ မြန်မာ (ဗမာ) တွေကတော့ ဆက်လက် တိုက်ပွဲဝင်လျက် ရှိနေ ကြမှာပါ။ ။

ခိုင်လင်း (မေဃ၀တီ)
ကွာလာလမ်ပူ
(၄ ၊ ၄ ၊ ၂၀၁၁)

ကျိုက်ဒုံမြို့နယ်တွင် ဒီကေဘီအေ နှင့် အစိုးရစစ်တပ်ကြား တိုက်ပွဲ ပြင်းထန် အစိုးရတပ်ဘက် ၃၆ဦး ထိခိုက် သေဆုံး

တိုင်းရင်းသားအသံ
ကျိုက်ဒုံမြို့နယ်တွင် ဒီကေဘီအေ နှင့် အစိုးရစစ်တပ်ကြား တိုက်ပွဲ ပြင်းထန် အစိုးရတပ်ဘက် ၃၆ဦး ထိခိုက် သေဆုံး

ဧပြီ ၂၅။ စောသိန်းမြင့်(ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့နယ်တွင် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီ အေ)နှင့် မြန်မာအစိုးရတပ်ဖွဲ့အကြား ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်က ၁၉ဦး သေဆုံး ပြီး ၁၇ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။

ဒီကေဘီအေ တပ်မဟာ (၅)မှူး ဗိုလ်မှူးချုပ် စောလားပွယ် ကိုယ်တိုင် ဦးဆောင်၍ ကျိုက်ဒုံမြို့၏ တောင် ဘက်မနီးမဝေးရှိ မိတန်ကျေးရွာနှင့် မိနန်းအပ်ကျေးရွာကြားတွင် လှုပ်ရှားနေသော စစ်ကွပ်ကဲရေးဌာန ချုပ် စကခ(၅)၊ နည်းဗျူဟာ (၁)လက်အောက်ခံ ခမရ (၅၄၃) တပ်ရင်းကို ၁၂နာရီကြာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့သည်ဟု ဒီကေဘီအေနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက“မနေ့က ဒီကေဘီအေ တပ်ရင်း ၉၀၈၊ ၉၀၂၊ ၉၀၁အဖွဲ့တွေ ပူးပေါင်းပြီးတော့ စကခ (၅)လက် အောက်ခံ နည်းဗျူဟာ (၁) ခမရ ၅၄၃က စစ်ကြောင်း (၂)လှုပ်ရှားတပ်ဖွဲ့ကို ၀င်တိုက်တယ်။ နအဖဘက် က ၁၉သေ၊ ၁၇ဦး ဒဏ်ရာရတယ်။ တိုက်ပွဲဖြစ်ပွားချိန်ကတော့ မနက် ၆နာရီမှ ညနေ ၆နာရီအထိ။”ဟု ကေအိုင်စီကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် အစိုးရစစ်တပ်ဘက်က သေဆုံးသူများထဲတွင် စစ်ကြောင်း ၂မှူးအပါအ၀င် ဒုဗိုလ် တစ်ဦး၊ အရာခံဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် ဒုတပ်ကြပ် ၂ဦးပါဝင်ခဲ့သလို ဒဏ်ရာရသည့် (၁၇)ဦး အနက်မှ ဗိုလ်တစ်ဦး၊ အရာခံဗိုလ်တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦးပါရှိခဲ့သည်ဟု ဒီကေဘီအေ သတင်းရပ် ကွက်အရ သိရသည်။

ထိုကဲ့သို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားမှုကြောင့် ကျိုက်ဒုံမှ ပိုင်ခလန်ကားလမ်းကိုလည်း အစိုးရစစ်တပ် ဘက်မှ ပိတ်ပစ်လိုက်သလို ကားနှင့်ဆိုင်ကယ်အစီးများစွာကိုလည်း ဖမ်းဆီးထိန်းသိမ်းထားသည်ဟု အ မည် မဖော်လိုသည့် မိတန်ရွာသားတဦးက ပြောသည်။

၎င်းက “တိုက်ပွဲဖြစ်တာ ၂ရက်ရှိပြီး မနေ့က ဖြစ်တဲ့တိုက်ပွဲမှာ ပိုင်ခလန်ဘက်ကို သွားမယ့် လမ်းဖားရွာ သားတဦး ထိမှန်သေဆုံးသွားတယ်။ အခု ဗမာစစ်တပ်က လမ်းပိတ်ပစ်လိုက်တယ်။ ဘယ်သူမှ သွားလာ လို့မရဘူး။ ကားတွေ၊ ဆိုင်ကယ်တွေလည်း ဖမ်းထားတယ်။ ရွာသားတွေဟာ ကြောက်လန့်ပြီးတော့ ဘယ် မှ မသွားရဲကြတော့ဘူး။ ”ဟု ပြောသည်။

ထို့အပြင် ဒီကေဘီအေတပ်များသည် မိတန်ကျေးရွာအတွင်း ၀င်ရောက်တပ် စွဲထားပြီး အမြောက်လက် နက်ကြီးများ ထောင်ထားသောကြောင့် ရှေ့ဆက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်သည့် အခြေအနေ တွင်ရှိသည်ဟု မိတန်ရွာသားများက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၂၂ရက် (သောကြာနေ့)တွင်လည်း တပ်အင်အား ၂၀ဦးပါ ဗိုလ်ချစ်သဲ ဦးစီး သည့် ဒီကေဘီအေတပ်ဖွဲ့သည် အဆိုပါ အစိုးရ စစ်ကြောင်းအား မိတန်ချောင်းဝကျေးရွာထဲတွင် သွား ရောက်ပစ်ခတ်ခဲ့ရာ နှစ်ဘက်ထိခိုက်မှုမရှိကြောင်း သိရသည်။

ဒီကေဘီအေတပ်မဟာ(၅)တပ်ဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၀ခုနှစ် နိုဝင်ဘာလက စစ်အစိုးရ ကျင်းပပြုလုပ် သည့် ရွေးကောက်ပွဲကို ဆန့်ကျင့်သည့်အနေဖြင့် အစိုးရစစ်တပ်ကို တော်လှန်တိုက်ခိုက်ခဲ့သည်။

Saturday, April 23, 2011

ယီမင်ဆန္ဒပြပွဲတွင်စစ်တပ်ပူးပေါင်းပါဝင်မှုများပြားလာပြီးနောက်သမ္မတရာထူးကနေဆင်းပေးဖို.သဘောတူ

တိုင်းရင်းသားအသံ
ယီမင်ဆန္ဒပြပွဲတွင်စစ်တပ်ပူးပေါင်းပါဝင်မှုများပြားလာပြီးနောက်သမ္မတရာထူးကနေဆင်းပေးဖို.သဘောတူ



ယီမင်သမ္မတကကင်းလွတ်ခွင့်ကမ်းလှမ်းချက်နဲ.ရာထူးကနေဆင်းပေးမယ်လို.ပြောပါတယ်၊သူ.နဲ.သူ.မိသားစုကိုတရားစွဲဆိုမှုကင်းလွတ်ခွင့်ပေးမှဆင်းပေးမယ်လို.သောကတကြီးနဲ.ကြောက်နေပါတယ်၊ဒီကမ်းလှမ်းချက်ကိုအမေရိကန်နိုင်ငံကလည်းကြိုဆိုလိုက်ပါတယ်၊ယီမင်သမ္မတအလီအဒူလာ စလယ်ဟာယီမင်ကို ၃၂ နှစ်လုံးလုံးအုပ်ချုပ်လာသည့်အာဏာရှင်တစ်ဦးဖြစ်သည်၊ရက် ၃၀ အတွင်းအာဏာလွှဲပြောင်းရေးကိုအပြီးသတ်လုပ်ဆောင်ပေးမယ်လို.ပြောပါတယ်၊ဒါဟာအနောက်နိုင်ငံတွေဖိအားပေးမှုမရှိသည့်အာရပ်နိုင်ငံအချင်းချင်းစေ့စပ်ပေးသည့်အပြောင်းအလဲတစ်ခုဖြစ်ကြောင်းသိရှိရပါသည်။
April 23, 2011
President of Yemen Offers to Leave, With Conditions
By ROBERT F. WORTH

CAIRO — Yemen’s embattled president, Ali Abdullah Saleh, said Saturday that he accepted a proposal by Arab mediators that would shift power to his deputy 30 days from the signing of a formal agreement and grant him and his family, who occupy key positions in Yemen’s security apparatus, immunity from prosecution.

Mr. Saleh is a wily political survivor, and it was unclear whether his offer to step down was a real attempt to calm the political turmoil and growing demonstrations that have rocked his country for months or a way to shift blame for a stalemate to the opposition. His offer follows days of unrelenting pressure to step aside from Saudi Arabia and other neighboring states fearful of more instability in the region.

The president’s announcement set off a flurry of political maneuvering and meetings, but by the end of the night, it was far from clear that it would end the deadlock and ease him from power after 32 years of autocratic rule.

The agreement would require the opposition to halt the street protests and to take part in a coalition with Mr. Saleh’s ruling party. The opposition’s leader, Yassin Saeed Noman, said his coalition accepted the agreement in principle, but rejected those conditions, preferring to allow Mr. Saleh’s party to govern until he resigns and then join a power-sharing government. Mr. Noman also said the opposition lacked the power to force protesters from the streets.

The opposition continued to meet into the night, past a midnight deadline that had been set for an agreement.

Government officials derided the opposition’s counterproposal, saying that the deal was crafted by the Saudi-led Gulf Cooperation Council and had the backing of the United States and the European Union. “This will be good for the president, because now it’s clear that the opposition has refused everything,” said one presidential adviser, who spoke on the condition of anonymity. “The opposition has shown that they fear going into a coalition, and they are not ready to deal with international initiatives. They are divided and weak.”

A standoff leaves open the possibility of more clashes in Yemen, where tens of thousands of street protesters — who have occupied central areas in Yemen’s largest cities and clashed repeatedly with government forces — made clear that they were deeply unhappy with the terms of the deal.

Still, it is not clear how long Mr. Saleh can hold on, and Saturday’s announcement marked the first time that he has suggested he was open to leaving office relatively quickly. He had earlier agreed to step down in 2013, when his current terms ends. When that failed to mollify protesters, he said he would leave at the end of this year, but after demonstrators rejected that plan, he quickly backtracked.

Popular anger at Mr. Saleh, who is widely perceived as corrupt, has only grown in recent weeks. United States officials have become increasingly alarmed about the breakdown of order in Yemen, which is host to one of the most active and deadly branches of Al Qaeda. Yemeni counterterrorism units, financed and trained by the United States, have been largely grounded during the recent unrest, and jihadists appear to be moving more freely in some areas.

The State Department reacted somewhat cautiously to Mr. Saleh’s announcement Saturday. Its acting deputy spokesman, Mark Toner, said officials had seen news reports about his acceptance of an agreement with the opposition, which he said would be welcome. But, Mr. Toner added, “The participation of all sides in this dialogue is urgently needed to reach a solution supported by the Yemeni people.” He specified that the nation’s youth, who have formed the core of the protests, should be brought into the process.

Although United States officials have long held up Mr. Saleh as a crucial partner on counterterrorism, they signaled earlier this month that they would like to see him go. Saudi Arabia and other Arab states have quietly made similar gestures. The foreign minister of the United Arab Emirates, Sheikh Abdullah bin Zayed al Nahyan, met with his Yemeni counterpart on Saturday and urged him to accept the Gulf Cooperation Council’s proposal for Mr. Saleh’s departure.

The protest movement has drawn strength from high-level defections, including diplomats, ministers and the country’s top military officer. As in other protests across the Arab world, bloody clashes with street protesters have fueled popular anger. In Yemen, at least 130 people have been killed in confrontations with the police, soldiers and irregular forces.

Leaders of the street protest movement issued a statement on Saturday making clear that they would hold fast to their demands, including Mr. Saleh’s unconditional and immediate resignation. There is a gulf between the grass-roots protest movement and Yemen’s formal political opposition, an unwieldy coalition of Islamists, Socialists and other smaller groups who are widely viewed as compromised because of earlier deals many of them have made with Mr. Saleh.

“This is a show,” said Khaled Alansi, a member of the 20-member organizing committee of the street protests in Sana, the capital. “Everyone believes that Saleh is just buying time for more attacks against the protesters. No one trusts him.”

Other opposition figures said they believed Mr. Saleh might defer formalizing the proposal, which calls for him to step down 30 days after it is signed. He might then use terrorist attacks or other pretexts for staying on, the opposition members say.

One advantage of the proposed deal for Mr. Saleh is the immunity clause. He has insisted on such protection from prosecution for him and his relatives, apparently fearing the anger generated by recent shootings in Yemen and the precedent set in Egypt, where former president Hosni Mubarak and his two sons have been detained.

Mr. Saleh has outlasted numerous crises in Yemen’s treacherous political landscape, where the central government has long struggled to assert its authority against powerful tribes and insurgent movements. In recent years, the challenges to his government have grown. Yemen, on the arid southern corner of the Arabian peninsula, is the Arab world’s poorest country, rapidly running out of oil and water. The government has faced an intermittent uprising by rebels in the north, who have taken advantage of the political crisis in recent months and now appear to control large swaths of the country. In the south, a secessionist movement has fostered chaos, allowing jihadists to find sanctuary.

Yemen’s branch of Al Qaeda has become an increasingly global concern, especially after it launched two terrorist attacks at the United States: a plot against a Detroit-bound jetliner in late 2009 and a plot to explode parcels bound for Chicago last year. Anwar al Awlaki, an American-born jihadist who has been linked to several recent attacks, has become a concern for American counterterrorism authorities and is hiding with his powerful tribe in southern Yemen.

Mr. Saleh’s skill at duping and dividing his enemies may account for the opposition’s deep concern about the terms of any deal to remove him from power. On Saturday, even as he agreed to the proposal for his exit, he delivered a speech at a military academy in which he accused the Yemeni opposition of “dragging the country into civil war.” That added to the impression among his critics that Mr. Saleh never expected or intended for the transition offer to be accepted.

Reporting was contributed by Michael Slackman from Krakow, Poland; Nasser Arrabyee from Sana, Yemen; Thom Shanker from Washington; and Mona El-Naggar from Cairo.

Friday, April 22, 2011

စစ်တကောင်းတောင်တန်းရှိဗုဒ္ဓဘာသာယုံကြည်သူများမရမာလူမျိုးနွယ်အပေါ်မတရားမှုတွေပြုလုပ်နေသည့်ဘင်္ဂလီလူမျိုး

တိုင်းရင်းသားအသံ
စစ်တကောင်းတောင်တန်းရှိဗုဒ္ဓဘာသာယုံကြည်သူများမရမာလူမျိုးနွယ်အပေါ်မတရားမှုတွေပြုလုပ်နေသည့်ဘင်္ဂလီလူမျိုး

စစ်တကောင်းတောင်တန်းမှာမတရားမှုတွေဖြစ်နေပေါ်နေတယ်၊လူနည်းစုမရာမာလူမျိုးများ(၇)ယောက်ထက်မနည်းသေဆုံးပြီးတစ်ရာကျော်ပျောက်ဆုံးနေတယ်၊ရွာ(၄)ရွာလောက်ကိုလည်းမီးရှို.ခံရတယ်၊မရာမာလူမျိုးဟာစစ်တကောင်းတောင်တန်းမှာနှစ်ပေါင်းများစွာကတည်ကပင်အခြေချနေထိုင်လာခဲ့ပြီးဗုဒ္ဓဘာသာကိုကိုးကွယ်ယုံကြည်သည့်လူနည်းစုဖြစ်တယ်၊ယခုအချိန်မှာဘင်္ဂလာဒေ့်ျတိုင်းရင်းသားအဖြစ်သွင်းခံရသည်၊မရာမာလူမျိုးနေထိုင်ရာဒေသတွေထဲမှာဘင်္ဂလီလူမျိုးများနေရာယူနိုင်ရေး၊ခြံမြေလုယူအခြေချနေထိုင်ရေးအတွက်ဘင်္ဂလာဒေ့်ျအစိုးရကစနစ်တကျလုပ်ဆောင်နေသည်ဟုယုံကြည်ရသည်၊မရာမာလူမျိုးတွေအပေါ်ဘင်္ဂလီကုလားတွေကခဏခဏတိုက်ခိုက်နေပြီးအကြမ်းဖက်မှုဖြစ်ပေါ်တိုင်မှာအသတ်ခံရမှု၊ရွာမီးရှို.ခံမှု၊ဖမ်းဆီးချုပ်နှောင်မှုတွေအမြဲတမ်းလိုလိုလုပ်ဆောင်ခဲ့သည်၊ဒါတွေဟာမတရားတဲ့လုပ်ရပ်တွေဖြစ်နေသည့်အတွက်ကြောင့်ကျုပ်တို.ဝိုင်းဝန်ကန်.ကွက်ရမည်၊ဘင်္ဂလာအစိုးရကျင့်သုံးနေသည့်ဘာသာရေးနှိပ်ကွပ်မှု၊တိုင်းရင်းသားနယ်မြေတွင်လုယူဝင်ရောက်နေထိုင်မှု၊သွေးနှောမုဒိန်ကျင့်မှုတွေကိုဖော်ထုတ်ရမည်၊

မတရားမှုတားမြစ်ရေးဟာလူတိုင်းမှာတာဝန်ရှိတယ်။

အကြမ်းဖက်မှုဓါတ်ပုံများကြည့်ချင်ရင် ဒီမှာနှိပ်ပါ

နိုင်ငံတကာရခိုင်းအမျိုးသားအသင်းမှဘင်္ဂလာဒေ့်ျဝန်ကြီးချုပ်ဆီတရားမျှတမှုရှိ၇န်တောင်းဆိုချက်ကိုဖတ်ချင် ဒီမှာနှိပ်ပါ

Wednesday, April 20, 2011

သိန်းစိန်းအုပ်စုအနေနဲ.သန်းရွှေအုပ်စုကိုလက်ဦးဖမ်းဆီးထိန်းသိမ်းနိုင်မှသာစိတ်အေးလက်အေးဖြင့်အသက်ရှင်နိုင်

တိုင်းရင်းသားအသံ
သိန်းစိန်းအုပ်စုအနေနဲ.သန်းရွှေအုပ်စုကိုလက်ဦးဖမ်းဆီးထိန်းသိမ်းနိုင်မှသာစိတ်အေးလက်အေးဖြင့်အသက်ရှင်နိုင်

သန်းရွှေတို.အုပ်စုသည်လက်လဲပခုံပြောင်းအာဏာလွှဲပေးတယ်ဆိုပေမဲ့အခုအချိန်အထိစစ်တပ်ကိုပိုင်ပိုင်နိုင်နိုင်ချုပ်ကိုင်ထားဆဲပါ၊သန်းရွှေတို.ဗျူဟာသည်သားသုံးသားစစ်ဆင်ရေးလုပ်ဆောင်ရာတွင်စစ်သားအလှည့်သို.ရောက်ရှိလာပြီစနစ်တကျအနုနည်းအကြမ်းနည်းဖြင့်လုပ်ဆောင်နေသည်၊ဗိုလ်ချုပ်အဆင့်ရာထူးရှိသူများကိုအနုနည်းဖြင့်နိုင်ငံရေးစင်မြင့်ပေါ်တင်ပေးလိုက်သည်၊ဒါဟာယာယီအားဖြင့်နေရာချထားပေးသည့်သဘောဖြစ်သည်၊အခြားစီမံချက်တွေပြီးစီးသည့်အခါ၎င်းယူနိဖောင်ချွတ်ဗိုလ်ချုပ်အားလုံးတို.သည်ဗိုလ်ချုပ်ရွှေဘ၊ထွန်းကြည်၊ခင်ညွန်.တို.လိုဘဲဘဝနိဂုံအဆုံးသတ်ပါတော့မှာသေချာတယ်၊လက်ရှိကကကြည်ဗိုလ်ချုပ်နဲ.သက်တမ်းငယ်တဲ့ဗိုလ်ချုပ်အသစ်တွေကိုမက်လုံးရာထူးတွေပေးပြီးသက်တော်စောင့်အဖြစ်မွေးထားပါသည်၊ပါလီမာန်တက်နေသည့်စစ်ယူနီဖောင်ဝတ်ဗိုလ်များကိုသိန်းစိန်းတို.နေရာအစားထိုးဖို.ပြင်ဆင်ထားသည်၊အခြားသောဗိုလ်ချုပ်အများအပြာကိုလည်နေပြည်တော်ထဲမှာပင်ပြောင်းရွှေ.နေထိုင်ခိုင်းသည်၊အကျယ်ချုပ်ထားသည့်သဘောဖြစ်သည်၊ဗိုလ်ချုပ်များ၏မိသားစုဝင်များကိုဓားစာခံအဖြစ်ဖမ်းဆီးထိန်းသိမ်းထားသည်၊ဒါတွေအားလုံးဟာသတိမူရင်သိသာနိုင်ပါသည်၊သန်းရွှေဟာဘယ်တော့မှရိုသားတဲ့ကောင်မဟုတ်ဘူးဆိုတာမမေ့ကြဖို.လိုတယ်၊အစည်းအဝေးတက်မျက်နှာပြတဲ့အခါကျန်းမာရေးမကောင်းသယောင်၊အသည်းအသန်းဖြစ်နေသလိုအမြဲဟန်ဆောင်တတ်တယ်၊ဒါဟာ၊သူသေဖို.စောင့်နေတဲ့ဗိုလ်ချုပ်များအတွက် ”မကြာခင်သန်းရွှေသေတော့မည်”ဆိုပြီးဘာမှမလုပ်ဘဲစောင့်နေအောင်မူယာမာယာဖြင့်စိတ်ဓါတ်စစ်ဆင်ရေးတစ်ခုလုပ်ဆောင်နေခြင်းပင်ဖြစ်သည်၊သန်းရွှေကဒီအခွင့်အရေးကိုအသုံးချပြီးဖြုတ်လိုက်တင်လိုက်ဖမ်းလိုက်ဆီးလိုက်လုပ်ဆောင်နိုင်ခဲ့သည်၊

တပ်တွင်းပုန်ကန်နိုင်ခြေရှိသူများကိုအရင်ရှင်းနေတယ်၊တပ်တွင်းပုန်ကန်လှုပ်ရှားမှုကိုအားရုံလွှဲပြောင်းသည့်အနေနဲ.တိုင်းရင်းသားတပ်တွေနဲ.စစ်မျက်နှာတွေလိုက်ဖွင့်နေတယ်၊တပ်နဲ.ပြည်သူအဆက်အသွယ်မလုပ်နိုင်အောင်တင်းကျပ်ထားသည်၊တပ်တွင်းညအချိန်အပြင်မထွက်ရအမိန်.တွေထုတ်ထားတယ်၊မိသားစုကိစ္စခွင့်ယူအိမ်ပြန်သူများကိုအနီးကပ်စောင့်ကြည့်မှုတွေလုပ်ဆောင်နေတယ်၊ဒါတွေအားလုံးဟာစစ်သားရှင်းလင်းပွဲဖြစ်သည်၊စစ်သားရှင်းလင်းပွဲစစ်ဆင်ရေးကိုဆင်နွှဲရာတွင်ဘုရားသား၊ကျောင်းသားစစ်ဆင်ရေးတွေလိုလုပ်ဆောင်လို.မရဘူးဆိုတာသန်းရွှေတို.အုပ်စုကကောင်းကောင်းသိထားတယ်၊စစ်သားဆိုတာစိတ်ဓါတ်အရရော၊အရာဝတ္ထုအရပါပိုင်ဆိုင်ထားသည့်သူတွေပါ၊သန်းမာသည့်စိတ်ဓါတ်ရှိတဲ့သူတွေကိုပျော့ပျောင်းသည့်နည်းဖြင့်သာရှင်းလင်းလို.ရသည်၊ဖယောင်တိုင်မီးနဲ.ရေနွေးချက်ခြင်းနဲ.ကျောက်မီးသွေးမီးနဲ.ရေနွေးချက်ခြင်းသည်ရေနွေးကျက်ချင်းအတူတူပဲ။ဖယောင်တိုင်နဲ.ချက်ယင်အချိန်နည်းနည်းကြာရုံပင်ရှိတယ်၊သားသုံးသားရှင်းလင်းရေးစစ်ဆင်ရေးလုပ်ဆောင်ရန်နည်းနာများကိုကြံ.ခတ်ဝိုင်းဆရာတော်(ပျံလွန်)ကသန်းရွှေထံ ၂၀၀၅ ခုနှစ်တွင်းစာရေသားပေးပို.ခဲ့သည်၊သန်းရွှေကအဲဒီကြံခတ်ဝိုင်းဘုန်းကြီးအကြံပေးချက်အတိုင်းယနေ.အထိလိုက်လုပ်ဆောင်နေဆဲဖြစ်ကြောင်းတင်ပြလိုက်ရပါသည်။

Friday, April 15, 2011

မဟာသင်္ကြန်လက်ဆောင်အဖြစ်ပြည်သူဘက်ရပ်တည်တဲ့တပ်မတော်နဲ.တွေ.သမျှပစ်တဲ့ပြည်သူ.ရန်သူတပ်မတော် (အသံဖိုင်၊ရုပ်သံများ)

တိုင်းရင်းသားအသံ
မဟာသင်္ကြန်လက်ဆောင်အဖြစ်ပြည်သူဘက်ရပ်တည်တဲ့တပ်မတော်နဲ.တွေ.သမျှပစ်တဲ့ပြည်သူ.ရန်သူတပ်မတော် (အသံဖိုင်၊ရုပ်သံများ)

မှော်ဘီအခြေစိုက်ခလရ ၇၀၉ နဲ. ၇၁၀ ပူးပေါင်းတပ်ဒုတိယအကြိမ်အပစ်ခံရ၊ ၃ ဦးဒဏ်ရာပြင်း၊ပြည်သူဘက်ရပ်တည်တဲ့တပ်မတော်ကိုပြည်သူများ၏ထောက်ခံမှုလိုအပ်နေ၊

LIB 709 get shot 41411 by Ethnic Voice of Burma

တွေ.သမျှပစ်တဲ့ပြည်သူ.ရန်သူတပ်မတော်

Monday, April 11, 2011

Burmese Dreaming (ရုပ်သံမှတ်တမ်း)

တိုင်းရင်းသားအသံ
Burmese Dreaming (ရုပ်သံမှတ်တမ်း)

April 11th 4:00 PM at Buffalo-Niagara, the Market Arcade, NY, USA မှာပြသသွားသည့် Burmese Dreaming Film visit့ htpp://www.burmesedreaming.org.



Saturday, April 9, 2011

လာမည့် တနင်္လာနေ.၊ဧပြီလ (၁၁)ရက်နေ.၊၂၀၁၁ ခုနှစ်တွင်ဝါရှင်တန်မှာအခွံလဲအစိုးအတုထောက်ခံပွဲနှင့်စီးပွားပိတ်ဆို.ရုပ်သိမ်းပွဲကျင်းပတော့မလား၊

တိုင်းရင်းသားအသံ
လာမည့် တနင်္လာနေ.၊ဧပြီလ (၁၁)ရက်နေ.၊၂၀၁၁ ခုနှစ်တွင်ဝါရှင်တန်မှာအခွံလဲအစိုးအတုထောက်ခံပွဲနှင့်စီးပွားပိတ်ဆို.ရုပ်သိမ်းပွဲကျင်းပတော့မလား၊

အစည်းအဝေး၏ခေါင်းစဉ်ကတော့ Myanmar and The Two Koreas: Dangers and Opportunities ဗမာလိုပြန်ရင်- မြန်မာနှင့်ကိုးရီးယားနှစ်နိုင်ငံ၏အန္တရာယ်များနှင့်အခွင့်အလမ်းများ-လို.ပြန်ရမှာပါ၊ဒေါက်တာစတိုင်းဘာစ်ကဦးဆောင်ပြီးစစ်အစိုးရထောက် ခံရေးအတွက်အစဉ်တစိုက်ဆောင်ပါးတွေရေးသားခဲ့တဲ့ စင်္ကာပူကတင်းမောင်မောင်သန်းနှင့်ခင်းဇော်ဝင်တို.ပါဝင်မည်၊တင်းမောင်မောင်သန်းဟာ State Dominance in Myanmar, Myanmar 2010' elections, Continuity and Change, Tatmadaw in Transition: Dealing with Internal Conflict စသည့် ရွေးကောက်ပွဲဟာအပြောင်းအလဲဖြစ်သည်၊တပ်မတော်အသွင်းကူးပြောင်းရေး၊ပြည်တွင်းပဋိပက္ခနဲ.ရုန်းကန်နေခြင်း(ရှင်းရှင်းပြောရရင်ပြည်တွင်းပြဿနာကိုဝင်မစွက်ဖက်နဲ.လို.ရေးသားတဲ့ပုံစံဘဲ)၊တို.သည်စစ်အစိုးရထောက်ခံချက်များပါဝင်သည်၊ ဦးခင်ဇော်ဝင်ကတော့ ကျန်းမာရေးဌာနမှာထမ်းဆောင်နေတယ်၊ ၁၉၉၄မှ၂၀၀၅အထိနိုင်ငံရေးနဲ.ပတ်သက်သည့်ဆောင်ပါးတွေရေးသားမှုကြောင့်ထောင်ကျဘူးသူဖြစ်သည်၊ စစ်အာဏာရှင်တွေကသူတို.ကိုနိုင်ငံတကာကအသိအမှတ်ပြုလက်ခံလာအောင်မရပ်မနာကြိုးပမ်းနေသည့်အချိန်ဖြစ်ပြီးပညာရှင်အမည်ခံသူများ၊နိုင်ငံတကာအလယ်မှာနာမည်ရှိသူများကိုအသုံးပြုပြီးကြိုးပမ်းနေပါတယ်၊ဝက်ဆီးဝက်သားပြန်ကျော်သည့်နည်းကိုထိုးဖောက်အသုံးပြုလာသည်ကိုတွေ.ရသည်၊ဒီအစည်းအဝေးဟာအစိုးရသစ်ကိုအသိအမှတ်ပြုရေး၊စီးပွားရေးပိတ်ဆို.မှုရုပ်သိမ်းသင့်ကြောင်း၊မြန်မာနဲ.မြောက်ကိုးရီးယားပူးပေါင်းပြီးနျူကလီးယားထုတ်လုပ်နေမှုကိုမမှန်ကန်ကြောင်း၊မြန်မာပြည်အပြောင်းအလဲလုပ်နေပြီဖြစ်ကြောင်း၊အမေရိကန်အစိုးရပေါ်လစီပြောင်ူလဲသင့်ကြောင်း၊မြောက်ကိုးရီးယားနဲ.မြန်မာဟာနိုင်ငံတကာကိုခြိမ်းခြောက်နိုင်စွမ်းမရှိကြောင်းစသည်တို.ကိုရီဆိုလူရှင်း အစည်းအဝေး၏ရလာဒ်အဖြစ်ပေါ်ထွက်လာမည်ဖြစ်ကြောင်းကြိုတင်အသိပေးလိုက်ရပါသည်၊

မြန်မာအတိုက်အခံများအတွက်၊အာဏာရှင်အခွံလဲမြန်မာအစိုးရအတုနှင့်မြောက်ကိုးရီးယားအာဏာရှင်၏လက်နက်ရောင်းဝယ်မှုတို.ကိုအရှိကိုအရှိအတိုင်းဆွေးနွေးကြပါရန်စာရေးသားတိုက်တွန်းသင့်ပါသည်၊ဖြစ်နိုင်ရင်လေ့လာတက်ရောက်ခွင့်ပြုရန်တောင်းဆိုသင့်ပါသည်

Myanmar and the Two Koreas Program Agenda FINAL

Wednesday, April 6, 2011

အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းအောက်မှာပြည်သူ.အောင်ပွဲပျောက်နေရှာပုံ၊

တိုင်းရင်းသားအသံ
အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းအောက်မှာပြည်သူ.အောင်ပွဲပျောက်နေရှာပုံ၊

လူသားတွေအပေါ်ကျူးလွန်ထားသည့်ရာဇာဝတ်မှုကိုနဲ.ပတ်သက်၍တိုင်းရင်းသားအသံမှသဘောထားပြောချင်တယ်၊အမှုတစ်ခုတွင်နှစ်မျိုးရှိတယ်၊ဘာလဲဆိုတော့၊ကျူးလွန်သူ (Perpetrator) ကျူးလွန်ခံရသူ (Victims)ဖြစ်သည်၊ကျုးလွန်သည့်သူဘက်ကပြစ်မှုမထင်ရှားအောင်ကာကွယ်မယ်၊ကျူးလွန်ခံရသူဘက်ကကျူးလွန်ခံရကြောင်းအပြစ်ထင်ရှားအောင်သက်သေအထောက်အထားထွက်ဆိုရမယ်၊ကျူးလွန်သည့်သူအားကျူးလွန်ခံရသူကခွင့်မလွတ်နိုင်ဘူးဆိုရင်အမှုစွဲရမှာပဲ၊အမှုစွဲသင့်မစွဲသင့်ကိုတော့ကာယကံရှင်တို.နဲ.သာဆိုင်ပြီးအမှန်တရားချစ်မြတ်နိုသူများကတတ်နိုင်သလောက်ကူညီရမည်၊ဒီလိုအမှုစွဲချင်အားဖြင့် လူသားတွေအပေါ်ရာဇာဝတ်မှုကျူးလွန်များကိုခွင့်လွှတ်ရမယ်တဲ့၊ထိပ်တိုက်ရင်ဆိုင်မှုကိုရှောင်ရမယ်တဲ့၊ပြည်လည်သင့်မြတ်ရေးထိခိုက်မှာစိုးလို.ဟိုမလုပ်ရဒီမလုပ်ရဘူးတဲ့၊ရွာတွေကိုမီးရှိ.၊ဘုန်းကြီးတွေကိုသတ်ဖြတ်၊ဒါကိုလည်းခွင့်လွှတ်ရမယ်တဲ့၊အပြစ်မဲ့သူများဗလိုင်ထောင်ကျတာကိုလည်းသည်ခံရမယ်တဲ့၊ပြည်သူ.ရှေ.မှာလူရိုက်သတ်ဖြတ်တာကိုလည်းမျက်စိမှိတ်ထားရမယ်တဲ့၊ကျူးလွန်သူကိုနိုင်ငံတကာစစ်ခုံရုံတင်လိုက်ရင်တိုင်းပြည်နာမည်လည်းမကောင်းဘူးတဲ့၊သမိုင်းအမည်စက်ဖြစ်မှာကိုစိုးတယ်တဲ့၊ကျူးလွန်သူရဲဂုဏ်သိက္ခာကိုထိခိုက်မှာကိုလည်းစိုးရိမ်းတယ်တဲ့၊အဟီ..အဟီ တယ်ကြောက်စရာကောင်းတဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးပါလား?

သျှမ်းပြည်နယ်တွင်ဗမာစစ်တပ်များရိုင်းစိုင်းသည့်ဇာတိရုပ်ပြ၊

တိုင်းရင်းသားအသံ
သျှမ်းပြည်နယ်တွင်ဗမာစစ်တပ်များရိုင်းစိုင်းသည့်ဇာတိရုပ်ပြ၊ဘုန်းကြီးကျောင်းနဲ.ရွာများမီးရှို.၊ဘုရားဖျက်၊ကလေးနဲ.အမျိုးသမီးများအားပြန်ပေးဆွဲ၊ ပေါ်တာဆွဲလုပ်ရပ်၊ပြည်သူ.ပစ္စည်းများလုယက်ဖျက်ဆီး၊

သျှမ်းပြည်သူများ၏ပေးစာကိုဒီမှာဖတ်ပါ၊

Tuesday, April 5, 2011

မဒတ ဥက္ကဌစောဒေဗစ်တာကပေါနဲ.တွေ.ဆုံမေးမြန်ခန်း (ရုပ်သံ)

တိုင်းရင်းသားအသံ
မဒတ ဥက္ကဌစောဒေဗစ်တာကပေါနဲ.တွေ.ဆုံမေးမြန်ခန်း (ရုပ်သံ)

တိုင်းရင်းသားအဖွဲ.အစည်းများနှင့်ဒီမိုကရေစီအင်းအားစုများစုပေါင်းရမည်၊အရှေ.အလယ်ပိုင်းနဲ.အလာတူလူထုအုံကြွမှုလိုက်လာမည်၊ဗမာ့တပ်မတော်အတွင်းပုန်ကန်မှုဖြစ်ပေါ်လာမည်၊အတိုက်အခံအားလုံးညီညွတ်စွာအင်းအားရှိသည့်ယှဉ်ပြိုင်အစိုးရဖွဲ.စည်းရမည်၊တစ် ပြည်လုံးအတိုင်းအတာဖြင့်ပြည်တွင်းစစ်လာမည်၊လူသားချင်းဆိုင်ရာစွပ်ဖက်မှုအဖြစ်နိုင်ငံတကာတပ်များလာမည်၊အစိုးရအယောင်ဆောင်ထားသည့်စစ်အာဏာရှင်တိုအုပ်စုဇာတ်သိမ်းခန်းရောက်မည်၊လူထုများအောင်ပွဲခံမည်၊



Friday, April 1, 2011

ကင်းယားနိုင်ငံမှတင်ပို.လာသည့်ထိုင်းဘတ် သန်း ၁၀၀ တန်းဘိုရှိဆင်စွယ် ၂၄၇ ချောင်းကိုထိုင်းနိုင်ငံတွင်ဖမ်းဆီရ

တိုင်းရင်းသားအသံ
ကင်းယားနိုင်ငံမှတင်ပို.လာသည့်ထိုင်းဘတ် သန်း ၁၀၀ တန်းဘိုရှိဆင်စွယ် ၂၄၇ ချောင်းကိုထိုင်းနိုင်ငံတွင်ဖမ်းဆီရ


ဤကဲ့သို.ဆင်စွယ် ၂၄၇ ချောင်းကိုသယ်ဆောင်လာရာမှာငါးအကောင်တွေဖြစ်သည်ဟုလိမ်လည်ခဲ့သည်၊ဆင်စွယ် ၂၄၇ ချောင်းအတွက်အနည်းဆုံးအသက် ၅၀ ထက်မလျော့ဆင်အကောင် ၁၂၀ လောက်ကိုရက်ရက်စက်စက်သတ်ပစ်လိုက်ပြီးမှအစွယ်ဖြတ်လာတယ်လို.သုံးသပ်ထားပါသည်၊ဆင်စွယ်အထဲမှာအသားတွေကျန်ရှိနေဆဲဖြစ်နေလို.ဘဲဖြစ်သည်၊ဆင်ပေါင်းများစွာကိုသတ်ဖြတ်ခဲ့ပြီးမှအစွယ်တွေအရောင်းအဝယ်လုပ်တဲ့ကုမ္ပဏီပိုင်ရှင်ကကုမ္ပဏီကိုပိတ်ပစ်ပြီးထွက်ပြေးနေသည်ဟုဆိုသည်၊

Customs seize ivory Africa 247 branches were sent from Kenya, worth over 100 million by falsely declared as fish Mc Carel freezer containers to enter. But when X-ray showed that the center is all ivory. Reveal all the ivory came. African elephants have killed up to 120 built.

Today (April 1) at 11.30 am in front of the central Department of Customs, Klongtoey, Mr. Poon Thanet request the Director-General Department of Customs, Mr. Seri Thai Rak Chong, Director, Bureau of Investigation Neu suppression. Announced the arrest of the ivory from the African branch of 247 Weight 20 kg worth over 100 million Baht

Prasong said that at 16.00 on March 30, customs officers investigation Department investigation suppression 4, together with a suppression of customs officers BKP. Inspection of the company. P. J. Four signature. This show is a fish product Mechanic rail or frozen mackerel guest Weight 12,000 kg imported from Kenya. However, when examined by x-ray machines were in the middle container with African ivory hidden in a plastic bag in black, gray, and many The ivory, such as the need to restrict the import ban. The Preservation and Protection of Wildlife Act 2535 and the Convention on International Trade which wildlife species and endangered wild plants (CITES).

Prasong said. The African ivory imports originate from Kenya. The importer has to declare types of fish products Mac Carel Beonghngr frozen for transport to Thailand on a destination at Mahachai. However, the actual destination may be exported to European and American bands or they may be made Mon fetish And decorations. Exported to Thailand. The ivory of the elephant were a total of 120 and not less than 50 years, as well as cut ivory in this manner does not wiggle But the killing elephants and ivory cut out because I still have the meat of the elephant carcass stuck. Constitute acts of terror, and be reduced to a very

"For the company. From the initial examination revealed that the company has closed and then fled. However, unable to contact the Customs Department to investigate the import and export various goods to strict anti-smuggling prohibited goods must be limited. Central part of the inspection confiscated ivory must be submitted to the Department to the park, "said Mr purpose.
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.