တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Saturday, July 31, 2010

စစ်ရာဇာဝတ်မှုမြောက်သောဗမာစစ်အစိုးရကိုစုံစမ်းစစ်ဆေးရန်ကုလသမဂ္ဂအားအမေရိကန်အထက်လွှတ်တော်အမတ်များ တောင်းဆို

တိုင်းရင်းသားအသံ
စစ်ရာဇာဝတ်မှုမြောက်သောဗမာစစ်အစိုးရကိုစုံစမ်းစစ်ဆေးရန်ကုလသမဂ္ဂအားအမေရိကန်အထက်လွှတ်တော်အမတ်များ
တောင်းဆို

US Senators Want UN Investigation of Myanmar,

By Associated Press Writer

WASHINGTON (AP) A group of 32 U.S. senators is urging the Obama administration to support a United Nations investigation into possible war crimes in military-run Myanmar. The Republican and Democratic senators said in a letter Friday to Secretary of State

WASHINGTON (AP) A group of 32 U.S. senators is urging the Obama administration to support a United Nations investigation into possible war crimes in military-run Myanmar.

The Republican and Democratic senators said in a letter Friday to Secretary of State Hillary Rodham Clinton that the creation of such a U.N. commission would help convince Myanmar "that we are serious about our commitment to democracy, human rights and the rule of law" in the country also known as Burma.

Myanmar has been accused of using child soldiers, destroying minority villages and using rape as a weapon of war.

Friday, July 30, 2010

နေပြည်တော်မှာအာဏာသိမ်းဖို.ကြိုးစားနေပြီ၊ ဝိုင်းထောက်ခံကြပါ

တိုင်းရင်းသားအသံ
နေပြည်တော်မှာအာဏာသိမ်းဖို.ကြိုးစားနေပြီ၊ ဝိုင်းထောက်ခံကြပါ

နေပြည်တော်အာဏာသိမ်းပွဲသတင်း( ၁)
နေပြည်တော်အာဏာသိမ်းပွံသတင်း (၂)

ရသမျှယူတတ်တဲ့ ဖားသည်မ နိုင်ငံနှင့်ရှိသမျှဖြုန်းတတ်တဲ့သူတောင်းစားမျိုးခေါင်းဆောင်

တိုင်းရင်းသားအသံ
ရသမျှယူတတ်တဲ့ ဖားသည်မ နိုင်ငံနှင့်ရှိသမျှဖြုန်းတတ်တဲ့သူတောင်းစားမျိုးခေါင်းဆောင်

ထိုင်းနိုင်ငံအနေနဲ.ရတနာနှင့်ရေတံခွန်ဓါတ်ငွေ.တွေကို ပြည်တွင်းအသုံးပြုရန်အကြောင်းပြချက်ဖြင့် ဝယ်နေတာ ၁၉၉၀ ခုနှစ်တုန်းကပါ၊ နောက် အခါလည်း ဟတ်ကြီးရေကာတာကနေရေအားလျှပ်စစ်တွေကိုလည်းထပ်ဝယ်မယ်လို. စီစဉ်နေသတဲ့၊သဘောကတော၊ရှင်းနေတယ်၊ ဖားသည်မအကျင့်က ကိုယ်ရောင်စားပြီးဖောက်သည်ကနေရသမျှတွေကိုယူတတ်ပြီးတော့ ဗမာသူတောင်းစားမျိုးခေါင်းဆောင်တွေက အရှက်မရှိ တောင်းစားပြီးတော့ ရှိသမျှတွေကို တစ်ရက်စားသူဌေးလုပ်တတ်သည်ကို အားလုံးအသိပင်ဖြစ်သည်၊

ဖားသည်မနှင့်သူတောင်းစားပေါင်းတည့်ကြတာကိုဘာမှအံ့သြစရာမရှိပေမဲ့ သူများနယ်မြေအပေါ်မှာ အရောင်အဝယ်ဖောက်ကားပြီးအရှက်မရှိလုပ်နေကိုတော့ လက်ခံနိုင်စရာမရှိပါ၊

More reliance on Burma

* Published: 30/07/2010 at 12:00 AM
* Newspaper section: Business

Thailand expects to buy more gas and electricity from Burma in order to secure supplies as domestic resources become depleted, says Energy Minister Wannarat Channukul.

Thailand has been buying gas from Burma since the late 1990s. The Yadana and Yetagun offshore gas fields have an output of 400 and 565 million cubic feet per day (mmscfd) respectively.

In three years Thailand will begin receiving supplies from the new Sawtika Block or M9. PTT Plc, Thailand's sole natural gas seller, will sign a natural gas purchase contract today with Myanmar Oil and Gas Enterprise (MOGE) in Burma's capital city Naypyidaw.

Under the contract, Thailand will receive gas from M9 at a rate of 240 mmscfd, equal to 2.4 billion litres of oil per day, by the end of 2013. Gas from M9 will mainly be used by the transport sector.

The PTT subsidiary PTT Exploration and Production Plc, the production operator of M9, hopes to gain exploration and production rights for Burma's other new petroleum blocks such as M3, M4, M7 and M11.

Mr Wannarat said that if the two countries could agree on a plan, Burmese natural gas would serve demand in Thailand over the next 10 years as petroleum resources in the Gulf of Thailand gradually dwindle. Domestic reserves will last only another 23 years, he estimated.

Pornchai Rujiprapha, the permanent secretary of the Energy Ministry, said Thailand also hoped to buy more hydroelectric power from Burma's Salween River. There is potential to build two hydropower plants on the river: the 1,200-megawatt Hat Gyi Dam and the 7,000-MW Tasang Dam.

In 2006, Sinohydro signed a memorandum of understanding with Burma for the US$1-billion Hat Gyi dam located along the Thai-Burma border. Negotiations over the shareholding structure of the project's developer are expected to conclude in May next year.

Permsak Shevawattananon, PTT's senior executive vice-president for natural gas business, said PTT had to seek more gas reserves due to a projected rise in Thai demand to 4,821 mmscfd in 2014 and 5,542 mmscfd in 2020 from 3,900 at present.

"Demand for gas is rising not only in power and industrial sectors but also in transport so we need to find more resources overseas," said Mr Permsak.

In the future if nuclear- and coal-fired power plants cannot start construction due to community fears over environmental issues, then even more reserves would be needed, he added.

Tuesday, July 27, 2010

ပြန်လည်တိုက်ခိုက်ရန် ဒီကေဘီအေ စစ်ရေးအဆင်သင့် ဖြစ်နေပြီ

တိုင်းရင်းသားအသံ
ပြန်လည်တိုက်ခိုက်ရန် ဒီကေဘီအေ စစ်ရေးအဆင်သင့် ဖြစ်နေပြီ
တနင်္လာနေ့၊ ဂျူလိုင်လ 26 ရက် 2010 ခုနှစ် စောသိန်းမြင့် သတင်း - ကေအိုင်စီ

နအဖစစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေးကို လုံးဝငြင်းဆန်သည့် ဗိုလ်မှူးကြီးစောလားပွယ် (ဗိုလ်နှုတ်ခမ်း မွှေး) ဦးဆောင်သော ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း စစ်ရေးပြင်ဆင်ထားမှုများ အဆင်သင့်ရှိပြီ ဖြစ်ကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။

ဒီကေဘီအေ တပ်မဟာ(၅)မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက “နယ်ခြားစောင့်တပ်ကို ကျနော်တို့ လုံးဝ ငြင်းဆန်တဲ့အပေါ်မှာ နအဖဘက်ကတော့ တစုံတရာလုပ်မှာ သေချာပါတယ်။ အဲဒါကြောင့် ကျနော်တို့ ဘက်ကလည်း လုပ်သင့်လုပ်ထိုက်တာ အား လုံး လုပ်ထားပါတယ်။ အထက်က အမိန့်ပေါ်မှာပဲ မူတည် ပါတယ်။”ဟု ကေအိုင်စီကို ပြောသည်။

လတ်တလောအချိန်တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဒီကေဘီအေ တပ်မဟာ (၅)တပ်ဖွဲ့ဝင်များသည် ရိက္ခာပစ္စည်းနှင့် လက်နက်ပစ္စည်းများကို ခြေကုပ်ရာနေရာများသို့ ပို့ဆောင်နေပြီဖြစ်သလို ကုန်းမြင့်နေ ရာများ၌ ပြောင်းရွှေ့ကာ နေရာယူထားလျှက်ရှိပြီဖြစ်ကြောင်း သိရသည်။

ဒီကေဘီအေ တပ်မဟာ(၅)မှ အောက်ခြေတပ်မှူးတစ်ဦးက “အထက်က ညွှန်ကြားချက်အရ အခု ကျနော်တို့ နေရာယူနေပြီ။ နအဖဘက်လည်း လက်နက်ကြီးတပ်ဆင်မှုတွေ လုပ်နေတယ်လို့ ကျနော်တို့ သိထားတယ်”ဟု ပြောသည်။

နအဖဘက်က တပ်ရင်း ၄ရင်း တိုးချဲ့လာသောကြောင့် ယနေ့ညနေ ၃နာရီခန့်တွင် ကရင်ပြည်နယ် မြ၀တီမြို့နယ်ရှိ ဘလာတို ကျေးရွာအနီးတွင် ဒီကေဘီအေတပ်ဖွဲ့ဝင်များနှင့် နအဖစစ်တပ်တို့ကြား တိုက်ပွဲခေတ္တဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောဆို ကြသော်လည်း ဒီကေဘီအေဘက်က ငြင်းဆိုထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်နေ့တွင် ဗိုလ်မှူးကြီးစောလားပွယ်က ၎င်း၏ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဝေါ်လေဂွင်ရှိ ကျေးရွာ များမှ ဒေသခံ ကရင်လူထုများအား ချပြဆွေးနွေးခဲ့ရာ ဒေသခံများက အပြည့်အ၀ ထောက်ခံခဲ့ကြကြောင်း ရွာသူကြီးတစ်ဦးက ပြောသည်။ ဇူလိုင်လ ၂၂ရက်နေ့က မြိုင်ကြီးငူ၌ နယ်ခြားစောင့်တပ် အရေးကိစ္စ ဆွေးနွေးရန် နအဖဘက်က ကမ်းလှမ်းလာခဲ့ရာ တွင် ဗိုလ်မှူးကြီးစောလားပွယ်က ငြင်းဆန် ခဲ့သောကြောင့် ယခုလို စစ်ရေးအခြေအနေ တင်းမာလာခဲ့ခြင်း ဖြစ်သည်။

ကရင်ရွာသားတစ်ဦးက “ကျနော်တို့ ကရင်တွေ နယ်မြေဆုံးရှုံးရတာဟာ ရန်သူက တိုက်လို့ လက်လွှတ်ဆုံးရှုံးတာ မဟုတ်ဘူး။ ကျနော်တို့ ကရင်အချင်းချင်း ပြန်တိုက်ခိုက်ကြလို့ ဆုံးရှုံးတာ ဖြစ်တယ်။ ဒါကြောင့် အခုချိန်မှာ ကရင် အချင်းချင်း ညီညွှတ်ဖို့ အချိန်တန်ပြီ”ဟု ပြောသည်။

နအဖက ဗိုလ်လားပွယ်ဦးဆောင်သည့် ဒီကေဘီအေတပ်ဖွဲ့သည် တပတ်အတွင်း နယ်ခြားစောင့်တပ် မဖွဲ့ပါက မတရားအ သင်းအဖြစ် ကြေညာသွားမည်ဖြစ်ပြီး နယ်ခြားစောင့်တပ်ကို လက်ခံသည့် ဥက္ကဌ စောသာထူးကျော် အပါအ၀င် ဒီကေဘီအေ တပ်ဖွဲ့ဝင်တချို့ကိုလည်း နယ်ခြားစောင့်တပ်တံဆိပ် တပ်ဆင်တော့မည်ဖြစ်ကြောင်း ဒီကေဘီအေ အသိုင်းအ၀ိုင်းက ပြော သည်။

“ကျနော်တို့ နယ်ခြားစောင့်တပ် ဖြစ်ပြီလေ။ DKBA-BGF လို့ခေါ်တယ်။ ဒီကေဘီအေကတော့ ပျောက်လို့မဖြစ်ဘူး။ ကျနော်တို့ ခေါင်းဆောင်တွေက ကောင်းဖို့အတွက်ပဲ စဉ်းစားကြတာပါ။ ကျနော်တို့ လက်အောက်ငယ်သားတွေက ခေါင်းဆောင်သွားတဲ့ လမ်းအတိုင်း လိုက်ရမှာပေါ့။”ဟု (၉၉၉) တပ်မဟာ ဗျူဟာရုံးမှ အောက်ခြေရဲဘော် တစ်ဦးက ပြောသည်။

တဆက်တည်းတွင် ကေအဲန်အယ်လ်အေဘက်ကလည်း ဗိုလ်လားပွယ်ဦးဆောင်သည့် ဒီကေဘီအေတပ်ဖွဲ့နှင့် နအဖတို့ကြား ပစ်ခတ်မှု တစုံတရာ ဖြစ်ပွားလာပါက ဗိုလ်လားပွယ်တို့အား ကူညီရန်အသင့်ရှိကြောင်း အမည်မဖော်လိုသည့် ကေအဲန်အယ်လ် အေ တပ်မှူးတစ်ဦးက ပြောသည်။

ထိုကဲ့သို့ နှစ်ဘက်စစ်ရေးတင်းမာမှုကြောင့် လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တောင်ဘက် (၁၂၀) ကီလိုမီတာ အကွာရှိ ဖုတ်ဖရမြို့နယ် ဝေါ်လေဂွင်ရှိ ကျေးရွာနှစ်ရွာတွင် ဒေသခံကရင်ပြည်သူ ၅၀၀ဦးနီးပါး ယနေ့ တိမ်းရှောင်လာသည်။

နအဖ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေးကို လက်မခံသည့် ဗိုလ်မှူးကြီးစောလားပွယ် ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ(၅) လက်အောက်တွင် ကလိုထူးဘောဗျူဟာ(၁)နှင့် တပ်ရင်း (၅)ရင်းတို့ရှိပြီး တပ် အင်အား ၁,၂၀၀ကျော်ဖြင့် ကရင် ပြည်နယ် မြ၀တီမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် အခြေစိုက်လျှက် ရှိသည်။

စစ်တပ် စခန်းတခုအား ကရင်နီ တပ်မတော် သိမ်းဆည်း

တိုင်းရင်းသားအသံ
စစ်တပ် စခန်းတခုအား ကရင်နီ တပ်မတော် သိမ်းဆည်း
စနေနေ့၊ ဂျူလိုင်လ 24 ရက် 2010 ခုနှစ် သတင်း - ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည် အလယ်ပိုင်းဒေသတွင် အခြေစိုက်ထားသော စစ်အစိုးရတပ် စခန်းတခုအား ကရင်နီတပ်မှ ၀င်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ် ၃ ဦး သေဆုံးပြီး စခန်းအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကရင်နီတပ်မတော်မှ ယနေ့နံနက်တွင် အတည်ပြုပြောကြားသည်။

“စခန်း တက်သိမ်းတဲ့ တိုက်ပွဲ ဖြစ်တယ်။ တပ်အင်အားက (စစ်တပ်ဘက်) တပ်စု တစုပေါ့။ အနည်းဆုံး ဆယ်ဦးလောက် ရှိတာပေါ့။ အဲမှာ အလောင်း ၃ လောင်း ရတယ်။ လက်နက်တွေ လည်း ရတယ်။ စခန်းကို သိမ်းပြီးတော့ တပ်ကို မီးရှို့လိုက်တယ်” ဟု ကရင်နီတပ်မတော် အရာရှိတဦးက ပြောသည်။

ကရင်နီတပ်မတော် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ မှ ဗိုလ်ဖဲဘူးနှင့် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၃ မှ ဗိုလ်ကြီး ဖိုးကလားတို့ ဦးစီးပြီး ဇူလိုင်လ ၁၄ ရက်နေ့ နံနက်တွင် အလယ်ပိုင်းဂွင် ဘောလခဲ ဒေသတွင်းရှိ စောလိုကျေးရွာ အနီးတွင် အခြေစိုက်ထားသော ခမရ ၄၃၀ တပ်အား ၀င်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။

တိုက်ပွဲတွင် ကရင်နီတပ်မတော်ဘက်မှ စစ်တပ်အလောင်း ၃ လောင်း အပါအ၀င် MA-1နှစ်လက်၊ MA-2 တစ်လက်၊ MA-4 တစ်လက်၊ ကျဉ်ဘောက် ၁၆ ချပ်၊ အီကွင်းမင်း ၃ စုံနှင့် ကျောပိုးအိပ် ၃ လုံး သိမ်ဆည်းရမိသည်ဟု ဆိုသည်။

“ကရင်နီတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာ ရတာတွေ ဘာမှ မရှိဘူးလို့ ပြောတယ်။ အခု တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာ အနီးမှာ ရှိတဲ့ ဒေသခံရွာတွေ၊ ရွာသားတွေပေါ့။ သူတို့ရဲ့ အခြေအနေက ဘယ်လိုရှိနေလဲဆိုတာလည်း မသိရသေးပါဘူး” ဟု ကရင်နီလူမှု ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မဌာနမှ သတင်းတာဝန်ခံ တဦးက ပြောပါသည်။

ယခုလဆန်းပိုင်း ၂ ရက်နေ့တွင်လည်း လွိုင်ကော်မြို့နယ် ပါးလောင်းကျေးရွာ အနီးတွင် ကရင်နီတပ်ဖွဲ့ တဖွဲ့၏ ချုံခိုတိုက်ခိုက်မှု ကြောင့် စစ်အစိုးရတပ် ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာမှုလည်း ရှိနေကြောင်း သိရပါသည်။

Monday, July 26, 2010

ဒီကေဘီအေတပ်ဖွဲ.နယ်ခြားစောင့်တပ်ကိစ္စဆွေးနွေးတုန်းက ဗွီဒီအိုများ

တိုင်းရင်းသားအသံ
ဒီကေဘီအေတပ်ဖွဲ.နယ်ခြားစောင့်တပ်ကိစ္စဆွေးနွေးတုန်းက ဗွီဒီအိုများ




















Thursday, July 22, 2010

အားကိုးရာမဲ့သားကောင်နှင့်တောထဲကတက်လာသည့်အမဲများ

တိုင်းရင်းသားအသံ
အားကိုးရာမဲ့သားကောင်နှင့်တောထဲကတက်လာသည့်အမဲများ

အားကိုးရာမဲ့မြန်မာပြည်သူလူထုတွေကို ထိုင်းအစိုးရဘက်က ဖမ်းဆီးငွေညှစ်ပြီးအချုပ်ခန်းထဲထည့်လိုက်၊ပြန်ပို.လိုက်လုပ်နေ ချိန်မှာ ဗမာစစ်အစိုးရဘက်ကလူတွေလည်းထိုလူတွေကို ဖမ်းဆီးရိုက်လိုက်၊ငွေညှစ်လိုက်၊နှင့်အမျိုးသမီးများကို မုဒိန်ကျင်.ပြီး စော်ကားရမ်းကားလုပ်နေပြန်သည်၊

ယင်ကဲ့သို.လူမဆန်းသည့်လုပ်ရပ်ကို မောင်သန်းရွှေ(ဘီလူးလူသား)ခေါင်းဆောင်တွေက မသိသလို၊သိသလိုဟန်ဆောင်ပြီး နယ်ခြားစောင့်ပြည်သူ.စစ်တွေ ကျူးလွန်သလိုလိုဖန်းတီးပြန်ပါသည်၊ပြီးတော့၊ယင်ကိစ္စကို အရာရှိတစ်ဖွဲ.စေလွှတ်ပြီးစုံစမ်းခိုင်း သတဲ့၊ရီးစရာကောင်းလိုက်တဲ့စတောရီတစ်ပုဒ်ဘဲမဟုတ်လား?

တိုင်းရင်းသားဟစ်အော်ချင်တာက၊ ၁။မောင်သန်းရွှေတို.အုပ်စုအနေနဲ. မသိချင်ယောင်ဆောင်မနေနဲ.၊၂။မောင်သန်းရွှေအနေ နဲ. စုံစမ်းအဖွဲ.လွှတ်မည့်အစား၊စုံစမ်းခိုင်းသည့်သူတွေကိုသာအရင်မေးပြီးဖမ်းဆီးပေးပါ၊ ၃။အစားသောက်ငတ်ပြတ်နေတဲ့ ဘီ လူးအသေးစားများ(အောက်စစ်သားများ) ကို ထမင်းအဝကြွေးပေးပါ၊ ၄၊နယ်ခြားစောင်.တပ်အသွင်းပြောင်းသလို၊မပြောင်းသ လိုလုပ်နေသည့် ဒီကေဘီအေ စသည့် လက်နက်ကိုင်းလုပ်စားသူများက မောင်သန်းရွှေတို. ဗမာစစ်အစိုးရနှင့်ကင်းကွာစွာနေ ပြီး ဒုက္ခရောက်နေသည့်ပြည်သူလူထုကို ကူညီပါ၊ ဒါပါပဲ၊


Justify FullBurma junta accused of extortion, rape

By South East Asia correspondent Zoe Daniel

Updated 1 hour 37 minutes ago

Burma's junta has sent a team of officials to investigate allegations that militia border guards are committing extortion, rape and assault against Burmese people being deported from Thailand.

The Thai government is under heavy criticism over the allegations, which come amid a new crackdown on illegal Burmese workers who are being sent home.

Some deportees say they have faced beatings and even conscription into a Burmese militia army.

At an immigration detention centre on the Thai-Burma border, there is a depressing daily ritual.

"Before we only had one to 200 people per day [being sent home]," immigration police colonel Montree Manjit said.

"But now we have about six or 700 people per day."

Fifteen thousand illegal migrants from Burma went through the centre last month. They were then trucked to the border and deported.

Burmese are the biggest migrant group in Thailand. About 900,000 have legitimate work permits but even they are being sent back.

They are now required to apply for passports and they have to go back home to get them.

Passport brokers help them with the process but they are only accessible to those with money.

Those with letters from bona fide employers who are seeking passports cross at the official border gate.

But labour rights activist Moe Swe says paperless illegal workers with few means are facing extortion and worse when they get to the other side of the river.

"I must say 95 per cent of people are facing that problem. Everybody is extorted at the checkpoint," he said.

The informal checkpoints are run by the Burmese junta's proxy militia, the Democratic Karen Buddhist Army.

They impose a fee of just over $40 on the deportees before they enter Burma and most do not have it.

One young woman who was working illegally in Thailand was recently released after being caught and deported by Thai authorities.

"I was sleeping in the afternoon when I heard a boy shouting 'police are arresting, police are arresting' and I ran away," she said.

"It was the border police and I got caught by them. They took us away."

After she crossed the border, she says she was held in a cell by the militia until a friend came to pay the fee.

She left others behind who were told they would be conscripted into the militia force if they did not find the money.

Mr Swe says it is a common story.

The crackdown is being criticised by human rights groups after some deportees have reported being beaten and raped.

Despite the risks, the border remains a revolving door for impoverished Burmese who take great risks crossing back and forth to work.

Thai authorities expect to deport 300,000 people in the next three months.

Tuesday, July 20, 2010

ထိုင်းဝန်ကြီးချုပ်၏ဗမာပြည်ခရီးစဉ်ရွှေ.ဆိုင်း

တိုင်းရင်းသားအသံ
ထိုင်းဝန်ကြီးချုပ်၏ဗမာပြည်ခရီးစဉ်ရွှေ.ဆိုင်း

နယ်စပ်ဂိတ်များပိတ်ပင်မှုကြောင့်နှင့်မဆိုင်ပဲ နှစ်နိုင်ငံခေါင်းဆောင်နှစ်ယောက်၏အချိန်ဇယာ ညှိလို.မရသေးကြောင့် နှင့်ဆိုင်သည်ဟုထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ပနိထန်ဝတ်တနာယာကွန် ကပြောပါသည်။

Thai PM's planned August visit to Myanmar postponed

BANGKOK, July 20 - Thai Prime Minister Abhisit Vejjajiva postponed his planned visit to neighbouring Myanmar due to demanding schedules on the part between the leaders of the two countries, the acting Thai government spokesman said on Tuesday.

Panitan Wattanayagorn said the postponement has nothing to do with the continued closure of the Thai-Myanmar border in Tak province.

The border trade and transport at the Mae Sot-Myawaddy border was suspended after Myanmar officials shut the border at the Thai-Myanmar Friendship Bridge crossing the Moei River and at over 20 cross-border trading ports along the river since July 12.

It is believed that the Myanmar authorities were unhappy with Thailand's building river bank protection on the Thai side because the construction caused soil and rocks to fall into the river.

Dr Panitan brushed aside the issue, stating that the postponement of the Thai leader's visit was not about the dissatisfaction of Myanmar leader over current
border closure as both leaders have met several times at international forums.

The Thai spokesman said the visit is untimely as both leaders are not available at the period of time.

Mr Abhisit earlier said he would visit the neighbouring country early August, ahead of its first general election in two decades, scheduled to be held within this year.

The Thai premier's trip to Myanmar was first scheduled last July but then was postponed as it coincided with the incident in which an American man swam
across the lake into the home of pro-democracy leader Aung San Suu Kyi, who is confined under house arrest.

Mr Abhisit said last month that he will visit Myanmar for one or two days as part of his overseas missions to create better understanding on Thailand's recent political crisis and violent street protests. (MCOT online news)


အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏အစည်းအဝေးမှာ ဗမာရွေးကောက်ပွဲအပေါ် ဝေဖန်

တိုင်းရင်းသားအသံ
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏အစည်းအဝေးမှာ ဗမာရွေးကောက်ပွဲအပေါ် ဝေဖန်



ဗီယက်နမ်နိုင်ငံ၊ဟန်နွုင်မြို.မှာကျင်းပတဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏အစည်းအဝေးမှာဗမာပြည်ရွေးကောက်ပွဲနှင့်ပတ်
သက်၍အင်ဒိုနီရှား နိုင်ငံခြားရေးဝန်ကြီးက ဒီနှစ်ရွေးကောက်ပွဲတွင် အပြင်လူတွေ တက်ရောက်နိုင်ရန် တိုက်တွန်းထားပါသည်၊

ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုရှိ၊မရှိကိုတော့ ကျနော်တို.တွေ.သည့်အခါကျမှ သိလိ.မ္မည် ဟုပြောကြားသွားပါ သည်၊ `“ရွေးကောက်ပွဲဟာ ကမ္ဘာ.စံနှုန်းနှင့်ကိုက်ညီပြီး လက်ခံနိုင်မည့်အနေအထားလို.မထင်ဘူး၊ဒါပေမဲ့၊တွေ.သည့်အခါကျမှ သိမယ်” သူကဆက်ပြောသည်၊ `“အခြားသူများထက် မြန်မာပြည်သူလူထုက ဘယ်လိုခံစားသလဲဆိုတာအဓိကပဲ၊မြန်မာလူ ထုကိုယ်တိုင်ကလွဲရင်ဘယ်သူမှအဆုံးအဖြတ်မပေးနိုင်ဘူး ” ဟုဆက်ပြောပါသည်၊

အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်ကတော. `“ မနေ.ညက မြန်မာ(မြန်မာကိုယ်စားလှယ်) နာပြည့်သွားပြီး ” ဟု အင်ဒိုနီရှား နိုင်ငံခြားရေးဝန်ကြီး၏ညစာမတိုင်ခင်အစည်းအဝေးမှာဝေဖန်သွားတာကို ရည်ညွန်းပြီး ပြောသွားပါသည်။



ASEAN meet calls for 'free and fair' election in Burma

Posted 9 hours 21 minutes ago

Indonesia's foreign minister Marty Natalegawa has called on Burma to allow outside parties to attend this year's promised elections.

Burma is high on the agenda at the Association of South-East Asian Nations (ASEAN) foreign ministers meeting in Hanoi this week.

Mr Natalegawa says he is not concerned that there is no date for the election yet and says he does not want to prejudge the process.

"Free and fair elections I think we'll know it when we see it," he said.

"I don't think there's ever any universally accepted standard, but I think we know it when we see it.

"And above all I think it's how do Myanmar people themselves feel. It's not for anyone else to pronounce judgement apart from Myanmar people themselves."

South-East Asian politicians have reportedly told Burma they are greatly concerned about whether the election will be free and fair.

The detained pro-democracy leader Aung San Suu Kyi is banned from taking part.

ASEAN secretary-general Surin Pitsawan says foreign ministers have criticised Burma sharply at a dinner on the eve of their meeting in Hanoi.

"Myanmar, I think, got an earful last night," he said.

"ASEAN is very much concerned and ASEAN is very much interested in the peaceful national reconciliation in Myanmar, and that whatever happens there will have implication on ASEAN, positive or negative."

Critics say the Burmese election - the first in 20 years - is a sham designed to reinforce military rule.

Wednesday, July 14, 2010

သိန်းစိန် ၏ တိုင်းရင်းသားသွေးခွဲမှုပေါ် ပြည်ပရောက် နိုင်ငံရေးသမားများ ပြစ်တင်ရှုတ်ချ

တိုင်းရင်းသားအသံ
သိန်းစိန် ၏ တိုင်းရင်းသားသွေးခွဲမှုပေါ် ပြည်ပရောက် နိုင်ငံရေးသမားများ ပြစ်တင်ရှုတ်ချ

Wednesday, 14 July 2010 16:01 KNG

မြန်မာစစ်စိုးရ ၀န်ကြီးချုပ် ဗိုလ်ချူပ်ကြီး သိန်းစိန် သည် ကချင်တိုင်းရင်းသားများအချင်းချင်း ရန်လို တိုက်ခိုက်ကြရန် သွေးထိုးမှုအပေါ် ပြည်ပရှိနိုင်ငံရေးသမားများ ပြစ်တင်ရှုတ်ချကြောင်းသိရသည်။

manau-junta

ကချင်ပြည်နယ်နေ့ ကချင်ရိုးရာမနောပွဲတော် ကို စောင့်ကြပ်နေတဲ့ မြန်မာစစ်သားတစ်ဦး။ ဓါတ်ပုံ - ကချင်သတင်းဌာန

ဗိုလ်ချူပ်ကြီး သိန်းစိန် သည် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပူတာအိုမြို့တွင် ပြုလုပ်သည့်အစည်းဝေးတွင် ဌာနေ ရ၀မ် နှင့် လီဆူးမျိုးနွယ်စုများကို ယခင်က ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကြား ဖြစ်ပျက်ခဲ့သည့် ပဋိက္ခများကိုပြန်လည်ရှင်းပြစေပြီး ကေအိုင်အို (သူ့အခေါ် ဂျိန်းဖော့) အား ပြန်တိုက်မည်ဆိုလျင် လက်နက်ထုတ်ပေးမည်ဟုဆိုသည်။

ယခုကဲ့သို့ ပြောဆိုလိုက်သည့်အပေါ် ထိုင်းနိုင်ငံ ဘန်ကောက် ရှိ ကေအိုင်အို နိုင်ငံခြားဆက်ဆံရေး လက်ထောက်တာဝန်ခံ ဂျိမ်း(စ်) လွမ်းဒေါင်က “စစ်အစိုးရက မြန်မာနိုင်ငံ ကိုသူတစ်ယောက်တည်း တိုက်ခိုက် သိန်းပိုက်ယူလို့ မရဘူး။ တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်မယ်ဆိုရင် သူ့ကို ကူညီသလိုဖြစ်သွားပြီး သူ့ရဲ့ လက်ကိုင်တုတ်ဖြစ်သွားလိမ့်မယ်” ဟုပြောသည်။

၁၉၆၂ ခုနှစ် ဗိုလ်ချူပ်နေ၀င်း အာဏာသိမ်းပြီးအချိန်ကစပြီး ယခုချိန်အထိ မြန်မာတိုင်းရင်းသားတွေ အချင်းချင်းကြားမှာ သွေးခွဲအောင်လုပ်ခဲ့ကြောင်း ထပ်မံပြောသည်။

ဗိုလ်ချူပ်ကြီးသိန်းစိန်ပြောကြားခဲ့သည့် ကေအိုင်အို အား တိုက်ခိုက်မည်ဆိုလျင် လက်နက်ထုတ်ပေးကိစ္စအား ရ၀မ်ဖက်မှ တန်ကူးတန် (ခ) အတန် မှ လက်ခံထားကြောင်း သိရသည်။

တန်ကူးတန်သည် ခေါင်လန်ဖူး အခြေစိုက် ရ၀မ်သီးသန့် ပြည်သူ့စစ်အဖွဲ့ (ယခင် သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့) ခေါင်းဆောင်ဖြစ်၍ စီးပွါးရေးသမားလည်းဖြစ်သည်။

ယင်းလက်ခံမှုအပေါ် ကချင်နိုင်ငံရေးလေ့လာသူတစ်ဦးက “အခု အတန် က (KIO) ကို တိုက်မယ်ဆိုရင် ငါတို့ အချင်းချင်းတိုက်ခိုက်ပြီး ရန်သူက ဘာမှမတိုက်ရဘဲနဲ့ ထိုင်ပြီး လက်ခုပ်တီးနေမှာပေါ့” ဟုပြောသည်။

စစ်အစိုးရသည် တိုင်းရင်းသားများကြားထဲတွင် ဘယ်လောက်အတိုင်းအတာထိ သွေးခွဲစေချင်ကြောင်းကို “သူအပြောပေါ်မှာကြည့်ပြီး တိုင်းရင်းသားအတွက် စဉ်စားရမဲ့ အနေအထားဖြစ်တယ်” ဟု တိုင်းရင်းသားလူမျိုးစုကောင်စီ အတွင်းရေးမှု စောဒေးဗစ်ထောက ဆိုသည်။

မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဗိုလ်ဗိုလ်ကျော်ငြိမ်းကလည်း မြန်မာစစ်အစိုးရလိုလားသည့် နယ်ခြားစောင့်တပ်ဖွဲ့လက်မခံသည့်အပေါ်အခြေခံကြောင်း သုံးသပ်ပြောဆိုသည်။

“ကာကွယ်ရေးတပ်ထဲကို ၀င်ဖို့ ကေအိုင်အေ လက်မခံလို့ ကချင်တွေ အင်အားနည်းလာအောင်လုပ်ဖို့ အကြံအစည်ဆိုတာရှိမှာပဲ ဒါကတော့ မြေကြီးလက်ခတ်မလွဲဘဲ။ တိုင်ရင်းသားတွေကို လက်နက်နဲ့ အနိုင်ယူလို့ရရင်ရ မရရင် သွေးခွဲပြီး သူတို့အနိုင်ယူမှာဘဲ။”

မကြာမီ မြန်မာစစ်အစိုးရပြုလုပ်တော့မည့် ၂၀၁၀ ရွေးကောက်ပွဲသည် တိုင်းရင်းသားမျိုးနွယ်စုများအတွက် အရေးပါသည့်အရာဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုများအနေဖြင့် မည်သည့်အရာတွင်မဆို ညီညွတ်စွာလက်တွဲ၍ ဆုံးဖြတ်ချက်ချလုပ်ဆောင်သွားရန်မျှော်လင့်ထားကြသည်။

တိုင်းရင်းသား လူမျိုးစုများကောင်စီအတွင်းရေးမှုး စောဒေးဗစ်ထောကလည်း စစ်အစိုးရသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဆိုသည့်အပေါ် “နိုင်ငံတကာ နဲ့ လူကြီးတွေကြားထဲမှာ ကြွေးကြော်သံတစ်ခုဖြစ်ပြီး ဒီအချက်ကို မလိုလားလို့ တိုင်းရင်းသားတွေ သွေးခွဲစကားကို သာဓက ပြတယ်လို့ဘဲထင်ပါတယ်” ဟု သူအမြင်ကိုပြောသည်။

အခုလိုမျိုးလုပ်ဆောင်နေခြင်းသည် တိုင်းရင်းသားမျိုးနွယ်စုတွေကြား စိတ်သွေးဝမ်းကွဲအောင် စစ်အစိုးရလုပ်သည်မှာ ပိုပြီးသက်သေဖြစ်သည်ဟု ထပ်မံပြောဆိုသည်။

Wednesday, July 7, 2010

အိုးဘာမားလစားနှင့်မောင်သန်းရွှေ အဝစား

တိုင်းရင်းသားအသံ
အိုးဘာမားလစားနှင့်မောင်သန်းရွှေ အဝစား

အမေရိကန်သမ္မတအိုးဘာမား၏ လစားမတိုး၊သမ္မတအိမ်ဖြူတော်မှာလစားကို ဘယ်သူဘယ်လောက်ရသလဲဆိုတာပြည်သူ လူထုတွေအားလုံးသိပိုင်ခွင့်ရှိပြီး အလုပ်သမားဘယ်နှယောက်ခန်.ထားသလဲဆိုတာကိုလည်းပြောပြသေးတယ်၊သို.သော်၊
မောင်သန်းရွှေတို. ဓားပြအုပ်စုကတော့ တိုင်းပြည်း၏ဘဏ္ဍာငွေတွေကို ကြိုက်သလိုသုံးစွဲပြီး စာရင်းရှင်းတမ်းမရှိသည့်အပြင် မေးမြန်သည့်သူတွေကိုလည်း သေတမ်းအတွက်သာပြင်ဆင်ပါတော့၊အမေရိကန်သမ္မတအိုးဘာမားဟာ လစားကိုသာရရှိ နေသည့်အချိန်မှာ မောင်သန်းရွှေအတွက် အဝစားဖြစ်နေပါကြောင်းတင်ပြအပ်ပါသည်။

Who gets paid what in the Obama White House

President Obama didn’t get a raise last year — nor did most of his senior staff.

That’s according to the White House’s latest salary list, which reports a nearly $39 million annual payroll. This year, the White House has made the report, which it files with Congress every year, available online for the first time. The list itemizes the salary and title of every employee of the White House, except for the vice president’s office, which is technically an arm of the Senate. The pay sheet also doesn’t include Obama, whose $400,000 annual salary is regulated by Congress. According to the latest study, the White House currently employs 469 people — down 17 positions from 2009.

There are few changes in the report from last year, in part because Obama capped the salaries of any employee making more than $100,000 a year. According to the White House, employee salaries range from $21,000 to nearly $180,000 a year.

Twenty-three top aides, including chief of staff Rahm Emanuel, press secretary Robert Gibbs, speechwriter Jon Favreau, White House counsel Bob Bauer and senior advisers David Axelrod and Valerie Jarrett, make the top full-time staff salary of $172,200. (Two health-care policy “detailees” — Michael Hash and Timothy Love — make $179,700.) By comparison, Vice President Joe Biden makes roughly $230,000 a year, according to Senate records.

White House social director Juliana Smoot makes $150,000. That’s $37,000 more than her predecessor, Desiree Rogers, who left the administration not long after a scandal involving party-crashers at a state dinner in December. Former Duke basketball star Reggie Love still makes just over $100,000 as President Obama’s body man. Not on the list: actor Kal Penn, who left his job in the White House’s Office of Public Engagement on June 1 to film the third sequel in the "Harold & Kumar" film series.

Most so-called rank-and-file members of the White House staff pull in an average income between $40,000 and $60,000 — including dozens of “staff assistants,” press aides, analysts and researchers. Three people are listed as working for free.

Tuesday, July 6, 2010

( ၇) ဂျူလိုင်မမေ့နိုင်၊သွေးဆာနေသောဘီလူးစစ်တပ်ကိုမွေးထုတ်သည့်နေ.တစ်နေ.၊

တိုင်းရင်းသားအသံ
( ၇) ဂျူလိုင်မမေ့နိုင်၊သွေးဆာနေသောဘီလူးစစ်တပ်ကိုမွေးထုတ်သည့်နေ.တစ်နေ.၊



Monday, July 5, 2010

မြန်မာတိုင်းရင်းသား အတိုက်အခံ အဖွဲ့များ၏ အားနည်းချက်

တိုင်းရင်းသားအသံ
မြန်မာတိုင်းရင်းသား အတိုက်အခံ အဖွဲ့များ၏ အားနည်းချက်
By LT-GENERAL YAWD SERK | တနင်္လာနေ့၊ ဂျူလိုင်လ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၉

နှစ်ပေါင်း ၅ဝ ကျော် ကြာမြင့်သည့်တိုင်အောင် မြန်မာစစ်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်လျက် ရှိကြသော တိုင်းရင်းသား ခုခံဆန့်ကျင်ရေးအဖွဲ့များမှာ အောင်မြင်မှု မရသေးဘဲ ရှိကြသည်။ အကြောင်းရင်းကိုရှာသော် ကျွန်ုပ်တို့၏ အားနည်းချက်များကို ဝေဖန်ဆန်းစစ်ရန် လိုနေသေးကြောင်း တွေ့ရသည်။

ပထမအချက်မှာ တိုင်းပြည်ကို ချစ်ရာတွင် ကိုယ့်အခြေအနေ၊ ကိုယ့်အနေအထားကို အဓိကထားခြင်းကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရေးအတွက် ခိုင်မြဲသော ညီညွတ်ရေးကိုလည်း မတည်ဆောက်နိုင်ခဲ့ကြပေ။

ဒုတိယအချက်မှာ ကျွန်ုပ်တို့သည် နိုင်ငံရေးမျက်နှာစာတွင် မူဝါဒရည်မှန်းချက်များကို အမျိုးမျိုး ကွဲပြားစွာ ချမှတ်နေကြခြင်း ဖြစ်သည်။ အချို့က ဖက်ဒရယ် ပြည်ထောင်စုဟုပြော၍ အချို့က လုံးဝလွတ်လပ်ရေးဟု ပြောနေကြသည်။ ဤသို့ နိုင်ငံရေး အတွေးအခေါ်၊ အယူအဆအမျိုးမျိုး ရှိနေကြခြင်းကြောင့် ကျွန်ုပ်တို့ တဖွဲ့နှင့်တဖွဲ့ တိုက်ခိုက်နေကြရသည်။ လူထုအကြား နိုင်ငံရေးအသိနှင့် ပညာရေးရေချိန် နိမ့်ကျခြင်းတို့ကြောင့် ထိုသို့တိုက်ခိုက်မှုများ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ဤသို့ဖြင့် ကျနော်တို့အားလုံး အလွယ်တကူ အသုံးချခံကြရတော့သည်။

အခြားတဖက်တွင်လည်း ပညာတတ်ပညာရှင်များမှာ တိုက်ပွဲ၏ ခက်ခဲကြမ်းတမ်းမှုကို ရင်မဆိုင်ဝံ့ဘဲ မိမိတို့အိမ်ထဲမှသာ စိတ်ဓာတ်အရ ထောက်ခံမှုပေးနေကြသည်။ အနည်းငယ်မျှသော ပညာတတ်များသာ စွန့်လွှတ်အနစ်နာခံကာ ပြည်သူများနှင့် လာရောက်ပူးပေါင်း လုပ်ကိုင်နေကြသည်။

ထို့ပြင် တိုက်ပွဲတွင်း ပါဝင်နေသူများသည် ရန်သူနှင့် မိတ်ဆွေ ဘယ်လိုခွဲခြားရမည်ဆိုသည်ကို ပင်မသိကြ။ သဘောမတူနိုင်သည်များ၊ မကျေလည်စရာများ ကြုံသည်နှင့် အဖွဲ့ငယ်လေးများအဖြစ် ကွဲသွားကြကာ ရန်သူ့ထံ ဒူးထောက်အညံ့ခံလိုက်ကြတော့သည်။ သူတို့သည် ခုခံဆန့်ကျင်ရေးအဖွဲ့များ၏ အားနည်းချက်များကို ရန်သူကို အသိပေးပြောကြားကြသည့် သတင်းပေးများ ဖြစ်သွားကြတော့သည်။ ရန်သူအစစ် မည်သူဆိုသည်ကို သူတို့ မေ့သွားကြသည်။

သဘောကွဲကြသည်၊ ငြင်းခုံဆွေးနွေးကြသည် ဆိုသည်မှာ အဖွဲ့အစည်းအတွင်း ပုံမှန်သဘော သဘာဝတခုသာ ဖြစ်သည်။ ဘာတွေပဲ သဘောကွဲစရာရှိရှိ၊ ဘယ်လောက်ပဲ အကြီးအကျယ် ငြင်းခုံရသည်ဖြစ်စေ၊ ကွဲသွားသည်အထိတော့ မဖြစ်အပ်ပေ။ မျက်နှာချင်းဆိုင်ထိုင်ကာ ပြေလည်ရေး၊ အပေးအယူ အလျှော့အတင်း လုပ်ရေးတို့ဖြင့် ရန်သူကို အနိုင်တိုက်နိုင်မည့် နည်းလမ်းကို ရှာဖွေကြရမည်။ ဆိုလိုသည်မှာ မဟာမိတ်တို့၏ အခန်းကဏ္ဍကို ပိုမိုအလေးထား အာရုံစိုက်ကြရန်ပင် ဖြစ်သည်။

ကျွန်ုပ်တို့သည် အတိတ်ကာလတွင် မဟာမိတ်အဖွဲ့များကို အသည်းနှလုံးဖြင့် မဟုတ်ဘဲ စကားလုံးများဖြင့် ဖွဲ့စည်းခဲ့ကြသည်။ ဘုံအကျိုးစီးပွားအတွက် မဟုတ်ဘဲ အဖွဲ့အစည်းတခုချင်း၊ ပုဂ္ဂိုလ်တဦးချင်း၏ အကျိုးစီးပွားကို ပိုမိုဦးစားပေးဆောင်ရွက်ခဲ့ကြသည်။ ရန်သူက အဖွဲ့အစည်းတခုကို တိုက်ခိုက်လာသောအခါ မဟာမိတ်များက မကူညီနိုင်ခဲ့ကြပေ။ အကြောင်းမူ သူတို့ကို တိုက်ရိုက်အတိုက်မခံရခြင်းကြောင့် ဖြစ်သည်။ သို့သော် သိထားရမည်မှာ ရန်သူက ပထမတဖွဲ့ကို အနိုင်တိုက်လိုက်နိုင်ပြီဆိုလျှင် နောက်ပစ်မှတ်မှာ ထိုအဖွဲ့၏ မဟာမိတ်ဖြစ်လိမ့်မည်။ မဟာမိတ်၏ အခန်းကဏ္ဍမှာ ရန်သူကို အနိုင်တိုက်နိုင်ရန်အတွက် တဦးနှင့်တဦး အကူအညီပေးနိုင်ရေးသာ ဖြစ်သည်ဆိုသည်ကို ဤအချက်က သက်သေပြနေသည်။

တတိယအချက်မှာ တဖွဲ့ချင်း၏ အတ္တကို အမျိုးသားအကျိုးစီးပွား၏ အထက်တွင် တင်ထားခြင်း ဖြစ်သည်။ ဤသို့ဖြင့် စုစည်းညီညွတ်သော အဖွဲ့အစည်းတရပ်ကို မဖွဲ့စည်းနိုင်တော့ပေ။ အစည်းအဝေးတိုင်း၌ ကွဲကြပြဲကြသည်ကိုသာ တွေ့နေရတော့သည်။ နယ်မြေကိစ္စနှင့် တဖွဲ့နှင့်တဖွဲ့ တိုက်ကြသည်။ သို့သော် ပြည်သူများကို ကာကွယ်ရန်သော်၎င်း၊ တိုင်းပြည် ပြန်လည်ထူထောင်ရန်သော်၎င်း သူတို့ မလုပ်နိုင်ခဲ့ကြပေ။

ကိုယ်ကျိုးစီးပွားကိုငဲ့နေရခြင်း၊ အငြင်းပွားမှုများကို ဖြေရှင်းနေရခြင်းတို့ကြောင့် ရန်သူကိုလည်း အနိုင်မတိုက်နိုင်တော့ပေ။ ကျွန်ုပ်တို့၏ ညီညွတ်ရေးသာ ချိနဲ့သွားခဲ့ရသည်။ ခုခံဆန့်ကျင်ရေး အဖွဲ့များ ပျက်စီးသွားရသည်မှာ အပြင်ရန်ကြောင့်မဟုတ်၊ အတွင်းရန်ကြောင့်သာ ဖြစ်သည်။ ရလိုက်သော သင်ခန်းစာမှာ ရှင်းလှသည်။ မူဝါဒများ မှန်မှန်ကန်ကန် ချမှတ်ခြင်းဖြင့် ကျွန်ုပ်တို့အချင်းချင်းအကြား ပြန်လည်သင့်မြတ်စေကာ ခိုင်မာသော ညီညွတ်ရေးကို တည်ဆောက်ကြရမည်။ ထိုသို့ မလုပ်နိုင်လျှင် ကျွန်ုပ်တို့၏ အောင်မြင်ရေးလမ်းကြောင်း၌ အခက်အခဲ၊ အတားအဆီး မြောက်မြားစွာကို တွေ့ကြုံကြရလိမ့်မည်။

စတုတ္ထအချက်မှာ ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်း ခေါင်းဆောင်ခဲ့သော တော်လှန်ရေးနှင့် ကျွန်ုပ်တို့ တိုက်ပွဲကိုနှိုင်းယှဉ်လျှင် လုံးဝမနှိုင်းယှဉ်သာအောင် ဖြစ်နေခြင်းပင် ဖြစ်သည်။ ကျနော်တို့တွင် လုပ်စွမ်းရည်ရှိသော စစ်ရေး၊ နိုင်ငံရေး ခေါင်းဆောင်များ လိုအပ်သည်၊ ပညာတတ်များလည်း လိုအပ်သည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်ုပ်တို့ပြည်သူများကို အရည်အချင်း မြှင့်တင်ပေးဖို့လိုသည်။

ရှမ်းနိုင်ငံရေးပါတီများမှာ အားကိုးနိုင်သူများမဟုတ်၊ နိုင်ငံရေးသမားအများစုမှာ ရန်သူ၏ ခြိမ်းခြောက်မှုကြောင့် အိမ်ထဲက အိမ်ပြင် မထွက်ရဲကြသူများ ဖြစ်သည်။ စစ်အစိုးရ၏ ဖိအားနှင့် ခြိမ်းခြောက်မှုများကြောင့် လက်နက်ကိုင်အဖွဲ့များနှင့် တူညီသော မူဝါဒများကို သူတို့ မချနိုင်ကြချေ။

ကျနော်တို့သာ တူညီသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နိုင်ငံရေးအတွေးအခေါ်ကို ချမှတ်နိုင်မည်ဆိုပါက၊ စစ်အစိုးရကို ရင်ဆိုင်ရာတွင် ညီညွတ်ကြမည်ဆိုပါက နိုင်ငံရေးမဟာဗျူဟာများ ချမှတ်ရာတွင် ခက်ခဲလိမ့်မည် မဟုတ်ပေ။ သို့သော် ဖက်ဒရယ် မြန်မာနိုင်ငံတော်တွင် အစိတ်အပိုင်းတရပ်အဖြစ် ပါဝင်လိုကြသော တိုင်းရင်းသား လူနည်းစုအဖွဲ့များက လုံးဝ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြသော အဖွဲ့များနှင့် သဘောတူညီမှု မရနိုင်ခဲ့ကြပေ။ အကယ်၍သာ ဝ၊ ပလောင်၊ ပအိုဝ့်၊ လားဟူ အဖွဲ့များက ရှေးပဝေသဏီကပင် ရှမ်းပြည်အတွင်း တိုင်းရင်းသား လူမျိုးစုများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြသည်ဆိုသည်ကို လက်ခံနိုင်ခဲ့ကြမည်ဆိုပါက ရှမ်းပြည် ပြည်ထောင်စုသစ်တရပ်ကို ဖွဲ့စည်းရန်မှာ ဘာမှဝေးတော့မည် မဟုတ်ပေ။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြခြင်းဖြင့် တိုင်းရင်းသား အုပ်စုတခုစီ၏ အခွင့်အရေးများကို အာမခံနိုင်ကာ အခက်အခဲဟူသမျှကို ကျော်လွှားနိုင်ကြမည်သာ ဖြစ်သည်။

ပဉ္စမအချက်မှာ တပ်မတော် (မြန်မာစစ်တပ်) နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြုလုပ်ခဲ့ကြရာတွင် သူတို့၏ နိုင်ငံရေးရည်ရွယ်ချက်များ ပျောက်ဆုံးသွားခဲ့ကြခြင်းပင် ဖြစ်သည်။ ယခုတော့ သူတို့နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရာတွင် စစ်အစိုးရက အထက်စီးရသွားပြီဖြစ်သည်။

စစ်အစိုးရနှင့် နိုင်ငံရေးကိစ္စရပ်များ ပြောဆိုဆွေးနွေးနိုင်ကြလိမ့်မည်ဟု အဆိုပါ ငြိမ်းချမ်းရေး အဖွဲ့များ မှားယွင်းစွာ ယုံကြည်မိခဲ့ကြသည်။ ဤအတောအတွင်း လူသစ်စုဆောင်းခြင်း၊ ရံပုံငွေ အကြီးအကျယ်ရှာဖွေခြင်း၊ လက်နက်စုဆောင်းခြင်းတို့ လုပ်နိုင်လိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် သူတို့ထက် ပိုဥာဏ်များသော စစ်အစိုးရက ငြိမ်းချမ်းရေးအဖွဲ့များ သူတို့၏ နိုင်ငံရေးရည်မှန်းချက်ရော၊ စစ်ရေးရည်မှန်းချက်ပါ မအောင်မြင်အောင် တားဆီးထားနိုင်ခဲ့သည်။

စစ်အစိုးရက သူတို့ကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ခြင်းမှာ အကြောင်းရင်း ၂ ရပ် ရှိသည်။

၁။ ဒေါ်အောင်ဆန်းစုကြည် ပြည်တွင်းနိုင်ငံရေး လှုပ်ရှားမှုတွင် ပိုမိုတက်တက်ကြွကြွ ပါဝင်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် ပြည်တွင်းနိုင်ငံရေးပဋိပက္ခ ပိုမိုသဲသန်ပြင်းထန်လာခြင်းနှင့် ဤ ပြည်တွင်းပြဿနာများကို စစ်အစိုးရအနေဖြင့် အရင်ဆုံး ရှင်းရန် လိုအပ်လာခြင်း ဖြစ်သည်။

၂။ ၁၉၈၉ ခုနှစ်တွင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အများအပြား သခင်ဗသိန်းတင် ဦးဆောင်သည့် ဗမာပြည် ကွန်မြူနစ်ပါတီမှ ပုန်ကန်ခွဲထွက်ခဲ့ကြသည်။ အဆိုပါ တိုင်းရင်းသားအဖွဲ့များ တခုတည်းသော အတိုက်အခံ အင်အားစုကြီးအဖြစ် ပေါင်းစည်းမိသွားမည်ကို ထိုအချိန်က စစ်အစိုးရ ကြောက်ရွံ့စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် အများအပြား လိုက်လျောကာ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်များ ပြုလုပ်ခဲ့သည်။ အဆိုပါ အဖွဲ့များ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်းမိပြီး မဟာမိတ်ဖွဲ့သွားမည်ကို စစ်အစိုးရက အသဲအသန် တားဆီးခဲ့သည်။

(စစ်အစိုးရသုံးနေကျ နည်းဗျူဟာကို ဤသို့ ပြောနိုင်သည်။ `သူတို့ အင်အားချိနဲ့နေချိန်ဆိုလျှင် ဒူးထောက်ပြီး ချမ်းသာပေးပါဟု ပြောရန် ဝန်မလေး။ သူတို့ အင်အားကောင်းပြီဆိုလျှင် သင့်မေတ္တာရပ်ခံချက် မှန်သမျှကို လျစ်လျူရှုကာ တောင်းပန်တိုးလျှိုးနေသော သင့်လက်များကို ဖြတ်ပစ်လိုက်လိမ့်မည်)။

အပစ်အခတ်ရပ်စဲရေး မူဝါဒ ကျင့်သုံးသည်သာ နှစ်ပေါင်း ၂ဝ ရှိလာသည်။ နိုင်ငံရေးပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးဟူသည့် အတွေးအခေါ်မှာ ယခုအထိ အကောင်အထည် မပေါ်နိုင်သေး။ စစ်အစိုးရထံမှ စီးပွားရေး အခွင့်အလမ်းလေးများ ရသည့်အခါ အချို့သော အပစ်ရပ်အဖွဲ့များသည် သူတို့ယုံကြည်ချက်များကို စွန့်လွှတ်လိုက်ကြသည်။ အချို့ကတော့ သူတို့ နိုင်ငံရေးရပ်တည်ချက်နှင့်ပတ်သက်ပြီး ရှေ့တိုးရအခက် နောက်ဆုတ်ရအခက် ဖြစ်နေကြသည်။ သူတို့ နိုင်ငံရေးရည်မှန်းချက်များ ယခုကဲ့သို့ လမ်းလွဲသွားသည့်အခါ စစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုများကို တနေ့တမျိုး ထိရောက်မှုမရှိသော နည်းလမ်းများဖြင့်သာ တုံ့ပြန်နိုင်ကြတော့သည်။ အကျိုးဆက်အားဖြင့် ထာဝရ တည့်တံ့မည့် ငြိမ်းချမ်းရေးဆိုသည်မှာ သူတို့လက်ထဲမှ ပို၍ပင် လွတ်ထွက်သွားတော့သည်။

ထို့ပြင် အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့များ ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်၊ သို့တည်းမဟုတ် နယ်ခြားစောင့်တပ်အဖြစ်သော်၎င်း၊ ပြည်သူ့စစ်အဖြစ်သော်၎င်း၊ ရဲအဖွဲ့အဖြစ်သော်၎င်း ပြောင်းလဲဖွဲ့စည်းရန် သဘောတူလိုက်ကြပြီဆိုပါက သူတို့၏ မူလနိုင်ငံရေး ရည်မှန်းချက်များ ရှုံးနိမ့်သွားပြီဆိုသည်မှာ ပို၍ပင် ထင်ရှားလာတော့မည်ဖြစ်သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ငြိမ်းချမ်းရေးအဖွဲ့ အားလုံးက လက်မခံကြ။ သို့သော် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုက်ခြင်းဖြင့် သူတို့၏ နိုင်ငံရေးရည်မှန်းချက်များကို သူတို့ဘာသာသူတို့ အလိုအလျောက် စွန့်လွှတ်ရာရောက်မည်ဖြစ်သည်။

နောက်ဆုံးအားဖြင့် ပြောရလျှင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် တပ်မတော်ကို ရင်ဆိုင်ရာတွင် ယခုအထိ ပြောက်ကျားဗျူဟာကိုသာ ချမှတ်ကျင့်သုံးနေကြသည်။ မြန်မာစစ်တပ်နှင့် ယှဉ်နိုင်သည့် ကြီးမားသော ထိုးစစ်ကြီးများ ဆင်နွှဲနိုင်ရေးအတွက် စစ်ရေးမဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

တခုတည်းသော ဗဟိုအမိန့်ပေးစနစ်ကိုလည်း မတည်ဆောက်နိုင်သေးပေ။ တပ်ရင်းတပ်ဖွဲ့များ၊ တပ်မဟာများသည် ဗဟိုဌာနချုပ်များ၏ အမိန့်ကို နာခံရကောင်းမှန်း မသိသေးပေ။ ထိုသို့ အင်အားချိနဲ့ပြီး မထိရောက်သည့် အမိန့်ပေးစနစ်နှင့် ဆန့်ကျင်စွာပင် မြန်မာစစ်တပ်ကတော့ ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ် အထက်အမိန့်ကို နာခံကြသည်။ တပ်မတော်သည် သူ့တပ်ဖွဲ့များကို ထိန်းချုပ်ကွပ်ကဲရာတွင် ပိုမိုကောင်းမွန်သည်၊ ပိုမိုနိုင်နိုင်နင်းနင်းရှိသည် ဆိုသည့်အချက်ကို ကျနော်တို့ လက်ခံကြရမည်။ စစ်အစိုးရက လူ့အခွင့်အရေးနှင့် နိုင်ငံရေးတွင် ဘယ်လောက်ပင် နာမည်ပျက်ပျက်၊ ဆယ်စုနှစ်ပေါင်းများစွာ အာဏာချုပ်ကိုင်ထားနိုင်မှုကမူ ယခုထိ သန်မာအာကောင်းဆဲရှိသည်။

(ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ ဥက္ကဋ္ဌ ဖြစ်သည်။)

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.