တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Saturday, April 25, 2009

ခြံစည်းရိုးကာရံရန် ရောက်ရှိနေသော စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ရိုက်ပွဲ ဖြစ်ပွား

တိုင်းရင်းသားအသံ

ခြံစည်းရိုးကာရံရန် ရောက်ရှိနေသော စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ရိုက်ပွဲ ဖြစ်ပွား

4/24/2009 (နိရဉ္စရာ)

မောင်တောမြို့နယ်တွင် ခြံစည်းရိုးကာရံရန် ရောက်ရှိနေသော စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ စစ်သားများနှင့် ဒေသခံများ အကြား ရိုက်ပွဲ ဖြစ်၍ အများအပြား ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ ရခိုင် အရပ်သား တဦးက “သူတို့ ရန်ပွဲ ဖြစ်တာက မနေ့က နံနက် ၉ နာရီမှာ ဖြစ်တာပါ။ တနာရီခန့် ကြာပါတယ်။ နှစ်ဘက်စလုံးက ဒဏ်ရာတွေ ရကြတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ရန်ပွဲ ဖြစ်ပွားရာ ကျေးရွာမှာ သဲချောင်းဖြစ်ပြီး စစ်သားများမှ အရပ်သားများပိုင်ဆိုင်သော ပုဇွန်မွေးမြူရေး ကန်များမှ ပုဇွန်များကို ခွင့်ပြုချက် မရှိဘဲ ၀င်ရောက် ရှာဖွေရာမှ ရန်ပွဲ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“သဲချောင်းဆိုတာက မူဆလင် ဘာသာဝင်တွေ နေထိုင်တဲ့ ကျေးရွာ တရွာ ဖြစ်ပါတယ်။ အဲဒီ ကျေးရွာ အနီးတ၀ိုက်မှာ ပုဇွန်ကန်တွေ အများကြီးရှိပါတယ်။ ခုလို အရပ်သားတွေပိုင်တဲ့ ပုဇွန်ကန်တွေက ပုဇွန်တွေကို စစ်သားတွေက ခွင့်ပြုချက်မရှိဘဲ ဖမ်းယူ စားသောက်နေတာက စစ်သားတွေ ရောက်လာတဲ့ ကတည်းကလို့ သိရပါတယ်။ ကျေးရွာသားတွေက တားပေမယ့် မရတာကြောင့် နောက်ဆုံး ခိုက်ရန် ဖြစ်ပွားတဲ့ အထိ ရောက်ရှိသွားရတာ ဖြစ်ပါတယ်။” ဟု ပြောသည်။

အဆိုပါ ပုဇွန်ကန်များမှာ အရပ်သားများ အနေဖြင့် အစိုးရထံမှ သိန်းရာချီပေးပြီး ဌားရမ်းထားရသော ပုဇွန်ကန်များ ဖြစ်ပြီး ယခုကဲ့သို့ စစ်သားများမှ မတရား ဖမ်းယူနေသဖြင့် စီးပွားရေး ထိခိုက်လာရာမှ မခံမရပ်နိုင်ဖြစ်ပြီး ပုဇွန်ဖမ်းသော စစ်သားများကို ဒေသခံများက တိုက်ခိုက်ရာမှ ရန်ပွဲ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

၎င်းပြင် နယ်စပ်တွင် ခြံစည်းရိုးကာရံရန် ရောက်ရှိနေသော စစ်သားများမှာ ရိက္ခာ အလုံအလောက် မရသဖြင့် လူထုထံမှ ကြက်များကို အတင်းတောင်းခြင်းနှင့် ဟင်းသီး ဟင်းရွက်များကို ခွင့်ပြုချက် မရှိဘဲ စိုက်ပျိုးခင်းများသို့ ၀င်ရောက်ပြီး ခူးယူခြင်းများကို ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ရန်ပွဲတွင် ထိုခိုက်ဒဏ်ရာ ရရှိခဲ့သော စစ်သားများကို မောင်တော ဆေးရုံသို့ ယူဆောင်လာခဲ့သည်ဟု သတင်း ရရှိသော်လည်း မောင်တော ဆေးရုံသို့ ဖုံးအဆက်အသွယ် မရသဖြင့် ဆေးရုံသို့ ပို့သည်ဟူသော သတင်းကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။



Wednesday, April 22, 2009

နအဖစစ်တပ်ကြောင့် တိုင်းရင်းသားနယ်မြေများဆုံးရှုံးကြရခြင်း သတင်းစာရှင်းလင်းပွဲ

တိုင်းရင်းသားအသံ
နအဖစစ်တပ်ကြောင့် တိုင်းရင်းသားနယ်မြေများဆုံးရှုံးကြရခြင်း သတင်းစာရှင်းလင်းပွဲ

Kaowao/
ဧပြီ ၂၂၊ ၂၀၀၉။

စံခလပူရီ(ဧပြီ-၂၂)။ ။ တိုးတက်သော မွန်ငယ်အစည်းအရုံး (MYPO)၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ် များအစည်းအရုံး (AASYC)၊ ပအိုဝ်းလူငယ်အစည်းအရုံး(PYO)တို့ ပူးပေါင်းရေးသားသော “ကျွန်ပ်တို့၏ မြေယာများကို သိမ်းပိုက်ထာခြင်း” အစီရင်ခံစာ၏ သတင်းမီဒီယာရှင်းလင်းပွဲ (Press Conference) ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ (၂၁) ရက်၊ အင်္ဂါနေ့ နံနက် ၁၀ နာရီတွင် ချင်းမိုင် တက္ကသိုလ်၏ (International Centre) ခန်းမတွင် ကျင်းပပြုသည်ဟု မွန်ဒေသအကြောင်းနှင့် ပတ်သက်၍ အစီရင်ခံစာပြုစုသူ မင်းဥာဏ်စိုက်ကပြောသည်။

တိုင်းရင်းသားဒေသများတွင် အရေအတွက် တိုးချဲ့လျက်ရှိသည့် မြန်မာစစ်အစိုးရ၏ စစ်တပ် တပ်ရင်းများ နေရာချထား ရန်နှင့် ၎င်းတို့ကို ထောက်ပံ့နိုင်ရန် မြေယာသိမ်းပိုက်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်အစိုးရက မူဝါဒ တစ်ခု အဖြစ် ချမှတ်ကာ ကျင့်သုံးလျက် ရှိနေသည့်အကြောင်းများကို လူထုအခြေပြု လူငယ်နိုင်ငံရေးအဖွဲ့အစည်း () ဖွဲ့က ဤအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ တိုင်းရင်းသားဒေသတို့မှ နစ်နာခဲ့ရသူများအား ကိုယ်တွေ့မေးမြန်း၊ သုတေသနပြုခြင်း၊ ၎င်းတို့၏ပြောကြား ထွက်ဆိုချက်များကို စုဆောင်းခြင်းဖြင့် ဤအစီရင်ခံစာတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နအဖစစ်အစိုးရက ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဖိနှိပ်နေမှုများကို ဖော်ထုတ် တင်ပြထားပါသည်။

ဤအစီရင်ခံစာတွင် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းဒေသမှ ဖြစ်ရပ်များကိုသာ
အလေးပေးတင်ပြထားပါသည်။
အကြောင်းမှာ ဤဒေသများအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများ သတင်းမီဒီယာ များတွင် အလေးပေးတင်ပြသည်ကို မတွေ့ကြရသောကြောင့် ယခုကဲ့သို့ စုစည်း တင်ပြရခြင်း ဖြစ်သည်ဟုလည်း ပြောပါသည်။

Friday, April 17, 2009

လှသောသမိုင်း

တိုင်းရင်းသားအသံ
လှသော သမိုင်း Print E-mail
စာအုပ်စင်
မင်းဟန်
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 01 2009 16:27 - မြန်မာစံတော်ချိန်


မဇ္ဇျိမသတင်းဌာနမှ

(က)
ကျနော်သိမ်းထားသည့် စာဖိုင်တွဲအတွင်း၌ မဖတ်ကြည့်ရဲသည့် ကြေးနန်းစာတို တစောင်ရှိသည်။ မဖတ်ကြည့်ရဲသော်လည်း စာဖိုင်တွဲအား ပြန်၍ လှန်လှောကြည့်မိတိုင်း ဤ ကြေးနန်းစာတိုအား ဖတ်ကြည့်မိပြန်သည်သာ။ ဖတ်ကြည့်မိသည့် အချိန်တိုင်းတွင်လည်း နှလုံးသားမှ နာကျင်ရသလို၊ ဦးနှောက် အသိမှလည်း နစ်သည်းစွာ ခံစားရသည်။ လွန်ခဲ့သည့် ၁ဝ နှစ်ခန့်က ဖြစ်သော်လည်း တွေးမိသည့် အချိန်တိုင်း၌ အသစ်တဖန် ဆန်းသစ်၍သာ နေတော့သည်။ ယနေ့အတိုင်း …… ။

ပေးပို့ ………

လက်ခံ …….

တဆင့် ……….

DTO……..

စ။ ၁၃းဝဝ နာရီတွင် ရေးမြို့နယ် ကျောက်တိုင်ရွာအတွင်းသို့ (ဒုဗိုလ်မှူးကြီး ရဲဒင် ဦးစီးသည့် စဗဟ (၂) စ က (၂) မှ ဝင်ရောက်။ ရွာတွင်း၌ရှိနေသည့် မိမိတို့ဘက်မှ စည်းရုံးရေးမှူးနှစ်ဦးအား လက်ရ ဖမ်းဆီးသွားခဲ့။ ၂ဝးဝဝ နာရီတွင် ဖမ်းဆီးသွားခဲ့သည့် သူ ၂ ဦးအား ကျောက်တိုင်ရွာအပင် ဘုန်းကြီးကျောင်းအနီး၌ လှံစွပ်ဖြင့် အချက်ပေါင်းများစွာ ထိုး၍ သတ်ပစ်ခဲ့သည်။ ဆုံး။

(ခ)

စာအုပ်အမည် - ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း

ရေးသူ - နိုင်ပန်းလှ

အုပ်ရေ - ၂ဝဝဝ (ဒုတိယအကြိမ်)

ထုတ်ဝေသည့်ခုနှစ် - ၁၉၉၇ ခုနှစ် ၊ မတ်လ

တန်ဖိုး - ၄၅ဝ ကျပ်

ပုံနှိပ်တိုက် - မြဝတီစာပေတိုက်

“သမိုင်းလေ့လာတဲ့ လူတိုင်း အထောက်အထားစုံအောင် ရချင်တယ်။ မွန်-ဗမာ ဆက်ဆံရေးမှာ မွန်အထောက်အထားတွေ သိပ်ရချင်တယ်။ ဘာလို့လဲဆိုတော့…. တချို့ အရေးကြီးတဲ့ ကိစ္စတွေကို မွန်ကတမျိုး၊ ဗမာက တမျိုး ပြောနေကြလို့ပါပဲ။ ဒီလို ပြဿနာပေါ်တိုင်း မှတ်တမ်းအထောက်အထားများလေ ကောက်ချက်ချရတာ လွယ်လေဖြစ်တယ်။ ဆိုချင်တာက မွန်အမှတ်အသား ပေါ်ထွက်လာတိုင်း ဗမာ့သမိုင်း လေ့လာသူတွေ ဝမ်းသာကြတယ်။ ဆရာနိုင်ပန်းလှက အခု တအုပ်ရေးထုတ်လိုက်တော့ ကျနော်တို့အားလုံး သူ့ကို ကျေးဇူးတင်ကြပါတယ်” ဤကား သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း၏ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း စာအုပ်၏ အမှာစာတွင် ၁၉၇၇ ခုနှစ်က ရေးသားခဲ့ခြင်းဖြစ်၏။

ဒေါက်တာ နိုင်ပန်းလှက ကျိုက်မရောမြို့နယ် ကော့ဗိန်းရွာ ဇာတိသားဖြစ်၏။ မွန်အမျိုးသားပညာရှင် တဦးဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဇာတိရွာတွင် မွန်အမျိုးသားကျောင်းအား တည်ထောင် ဖွင့်လှစ်ခဲ့သည်။ ထိုမှ နှစ် ၄ဝ ကျော် နိုင်ငံ့ဝန်ထမ်း တာဝန်ထမ်းဆောင်ခဲ့၏။ အသက် ၇ဝ ဝန်းကျင်ရောက်မှ အမေရိကန်နိုင်ငံ တက္ကသိုလ်များမှ P.HD, LLB ပါရဂူဘွဲ့များအား ရယူခဲ့သည့် ပညာရှင်ဖြစ်သည်။

ကျမ်းရင်းက မွန်ဘာသာနှင့် ရေးသားထား၏။ တောင်ငူခေတ် ဘုရင့်နောင် ကျော်ထင်နော်ရထာ လက်ထက်၌ အမတ်ကြီး ဗညားဒလမှ မွန်ဘာသာမှ မြန်မာဘာသာသို့ ပထမအကြိမ် ပြန်ဆိုခဲ့၏။ ယခု ဒေါက်တာ နိုင်ပန်းလှက ဒုတိယအကြိမ် မြန်မာဘာသာသို့ပြန်ဆိုခြင်းဖြစ်၏။ ၁၉၇၇ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေခဲ့၏။ ယချှုစာအုပ်မှာ ဒုတိယအကြိမ် ထုတ်ဝေခြင်းဖြစ်သည်။ ဘာသာပြန်မှု ကိစ္စနှင့် ပတ်သက်၍ စိစစ်ရေး စံချိန် ၂ ချက်ရှိ၏။ ဘာသာပြန်ဆိုသူသည် ကျမ်းစာအုပ်၏ မူရင်းဘာသာဗေဒတွင် ကျွမ်းကျင်မှု ရှိရမည်။ ပြီးလျှင် ဘာသာပြန်ဆိုမည့် ဘာသာဗေဒတွင်လည်း ပိုင်နိုင်ရမည်။ ထို့နောက် ပြန်ဆိုသည့် အကြောင်းအရာအပေါ်တွင်လည်း ပိုင်နိုင်ရမည်။ ထို့နောက် ပြန်ဆိုသည့် အကြောင်းအရာအပေါ်တွင်လည်း နှံ့စပ်ရမည်။ ဤအချက် စံနှုန်းများနှင့် ပြည့်စုံပါမှ ဘာသာပြန်မှုသည် ကောင်းမွန်ပြည့်စုံသည်ဟု ဒေါက်တာသန်းထွန်းက ဆို။ ဒေါက်တာ နိုင်ပန်းလှက ဤစံနှုန်းများနှင့် ပြည့်စုံသူဖြစ်၏။

(ဂ)

ပြည်မြို့အလွန် တလည်းဆီး၌ စခန်းချနေသည့် ရာဇဓိရာဇ်၏ သားတော် ဗညား ပုသိမ်သည် တပ်အားနုတ်၍ အလွဲး မြစ်ကမ်းနံဘေးသို့ ဆုတ်၏။ မင်းရဲကျော်စွာ၏ တပ်သည် ဗညားပုသိမ် ဆုတ်သွားသည်နှင့် ကြည်းတပ်၊ ရေတပ် အင်အား အလုံးအရင်းနှင့် တလည်းဆီးသို့ချီ၍ တပ်တည်သည်။ တလည်းဆီး၏ အောက်၌ ရာဇဓိရာဇ်၏ ဟံသာဝတီတပ်ရှိ၏။ အင်းဝဘုရင်မင်းခေါင်၏ တပ်က နောက်ခံတပ်အဖြစ် ပြည်တွင် နေ၏။၊ ဧရာဝတီပေါ်၌ နှစ် ၄ဝ ပြည်တွင်းစစ်၏ အနှောင်းပိုင်းကာလ……။ မင်းရဲကျော်စွာသည် ရာဇဓိရာဇ်ထံသို့ တမန်တော်လွှတ်ပြီး စာစေ၏။

ဟံသာဝတီ သူရဲကောင်းနှင့် အင်းဝသူရဲကောင်းတို့ စီးချင်းထိုးရန်၊ လဂွန်းအိမ်က ဟံသာဝတီမှ စီးချင်းထိုးမည့် သူရဲကောင်း၊ အင်းဝဘက်မှ စုက္ကတေး ……။ သို့သော် မင်းရဲကျော်စွာက စစ်ပရိယာယ်အား စီမံ၏။ လဂွန်းအိမ်အား စီးချင်းထိုး အနိုင်ယူနိုင်ရန် စုက္ကတေးအပြင် အခြားသူရဲ ၃ ယောက်ကိုလည်း ထပ်မံ၍ဖြည့်၏။ စစ်တို့မည်သည် အနိုင်ရရေးအပေါ် ကစားသည်ဖြစ်၍ စစ်ပရိယာယ်အား ဆင်၏။ ဧရာဝတီမြစ်ပြင်ဝယ် ဟံသာဝတီ သူရဲ လဂွန်းအိမ်၏ တိုက်လှေနှင့် အင်းဝ သူရဲတို့ စီးချင်းထိုးကြ၏။ အားမမျှ၍ နောက်ဆုံး လဂွန်းအိမ် ဒဏ်ရာ ပြင်းစွာ ရ၏။ အင်းဝတို့လက်သို့ လဂွန်းအိမ် ကျ၏။ လဂွန်းအိမ်က အင်းဝ၏ စစ်သုံ့ပန်းဖြစ်ရလေပြီ …….။

ဤတွင် သမိုင်း၏ အလှအား တွေ့ရတော့၏။ ကျမ်းပါအတိုင်း ကောက်နုတ်ဖော်ပြလိုသည်။

“မင်းရဲကျော်စွာသည် လဂွန်းအိမ်၏ ဒဏ်ရာကို မြင်ပြီး မရှင်တော့ပြီဟုဆို၍ ခမည်းတော်အား အကြောင်းကြားစေ၏။ ဘုရင်မင်းခေါင် ကြားရလျှင် သားတော် မင်းရဲကျော်စွာအား အပြစ်ဆို၏။ ငါတို့ မင်းဧကရာဇ် အချင်းချင်း စစ်ခင်းကျင်းသည့်အခါ သူရဲကောင်းကို မသတ်၊ ယခု လဂွန်းအိမ်ကို သေလောက်သော ဒဏ်ရာရအောင် ထိုးသတ်သည်မှာ မသင့်။ လဂွန်းအိမ် မသေအောင် ကုစားရမည်” ဟု မိန့်တော်မူပြီး သမားတော် တန္တဝါရီကို ခေါ်၍ လဂွန်းအိမ်၏ အနာကို ကုစေ၏။ မင်းရဲကျော်စွာသည် လဂွန်းအိမ်ကို ထားရာ လှေသို့ ရွှေ့လှော်ကားစီး၍သွား၏။ ရောက်လျှင် တင်းထိမ်ကို ဖွင့်၍ ကြည့်၏…….။

(ဃ)

သက္ကရာဇ် ၇၇၅ ခုနှစ်။

မင်းရဲကျော်စွာသည် ဟံသာဝတီ ပဲခူးအား အင်းဝ စစ်သည်တို့နှင့် ရံထား၏။ ရာဇဓိရာဇ်၏ သားတော် ဗညားကျန်းသည် မြို့တွင်းမှနေ၍ ဟံသာဝတီအား ခုခံ၍ နေသည်။ ရာဇဓိရာဇ်သည် မုတ္တမမှ ဟံသာဝတီသို့ ကြွချီ၍လာသည်။ ကြည်းတပ်၊ ရေတပ်များအား ပဲခူးမြစ်အတွင်း စခန်းချစေ၏။ ပြီးလျှင် မင်းရဲကျော်စွာထံသို့ မွန်သူရဲကောင်း ဥပါကောင်းအား လွှတ်၍ စာစေ၏။ မင်းရဲကျော်စွာနှင့် စီးချင်းထိုးရန် စစ်မြေပြင်သည် စစ်သူရဲများနှင့်အတိ ပြည့်လျက်ရှိ၏။

ရာဇဓိရာဇ်သည် ဆင်တပ်အား သုံးမျက်နှာ စစ်ဖြန့်၍ ချီလာ၏။ မင်းရဲကျော်စွာသည် မူးယစ်သည့် အရှိန်နှင့် နောက်တပ်အား မစောင့်ဘဲ သူ၏ ဆင်တပ်တခုတည်းနှင့် ချီလာ၏။ စစ်အင်္ဂါ မပြည့်စုံ။ မကြာ။ အင်းဝနှင့် ဟံသာဝတီတပ်တို့သည် ရင်ဆိုင်တွေ့ကြတော့သည်။ နှစ်ဖက်သော သူရဲ သူခက်တို့သည် ထွေးထွေးလုံးလုံးနှင့် တိုက်ခိုက်ကြ၏။ သွေးသံတို့က ရဲရဲနီလျက်။ ဖုန်လုံးကြီးများက နှစ်ဖက် သူရဲတို့အား အမြင်ဝေဝါး၍ နေစေ၏။ မင်းရဲကျော်စွာ၏ ဆင်တော် ငချစ်ခိုင်သည် မူးယစ်သည့် အရှိန်ကြောင့် စစ်မီးလျှံအတွင်း ဆိုးသွမ်း၍ လာတော့သည်။ ချွန်းကိုလည်း မကြောက်တော့။ ကြမ်းတမ်း၍ နေတော့သည်။ မင်းရဲကျော်စွာအား ကျောပေးမှ ခါချတော့သည်။ ပြီးလျှင် ဖုန်လုံးကြီးများအတွင်း မြင်မြင်သမျှအား လိုက်လံ၍ အစွယ်နှင့် ထိုးတော့သည်။ မင်းရဲကျော်စွာသည် ဆင်ထက်မှ ကျ၍ ခါးကျိုး၏။ အင်းဝတပ်က ပျက်လေပြီ။ အဆုံး၌ မင်းရဲကျော်စွာအား ရာဇဓိရာဇ်မှ စစ်မြေပြင်တွင် အရှင်မိ၏။ အင်းဝ စစ်သုံ့ပန်း မင်းရဲကျော်စွာအား ဟံသာဝတီပြည့်ရှင် ရာဇာဓိရာဇ်မှ ဤသို့ဆို၏။

“ငါ့တူတော်သည် ငါ နှင့် စစ်ပြု၍ရှုံးရသည်မှာ စစ်တို့၏ ဓမ္မတာ အစဉ်အလာ ပဝေဏီဖြစ်သည်။ စစ်ပြုရာမှာ အနိုင်နှင့် အရှုံးသာရှိသည်။ ငါ့တူတော် ဝမ်းမနည်းပါနှင့်။ ဘုရင်မင်းခေါင်ကို ငါ့ညီတော်ဟု မှတ်သဖြင့် မင်းမှာကား ငါ့တူတော် ဖြစ်တော့သည်။ မြင့်မြတ်သော မင်းဧကရာဇ်သားပင် ဖြစ်သည်။ င့ါတူတော်သည် မင်းယောက်ျားဖြစ်သဖြင့် ဘာမျှ ဝမ်းနည်းဖွယ်၊ ပူဆွေးဖွယ်မရှိပါ။ အဘယ်ကြောင့်ဆိုသော် ငါ့တူတော်သည် စစ်တိုက်သည့်အရာမှာ တကယ့်ကို ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည်။ တိုက်ခိုက်မှုမှာ သူမတူအောင် ကောင်းလှသည်။ ငါ့တူတော်၏ ကောင်းသတင်း၊ ကျော်စောသတင်းသည် အတိုင်းတိုင်း အပြည်ပြည်ဒေသ ခေတ္တရာ အသီးသီးသို့ ပျံ့နှံ့၍ ချီးမွမ်းသံတို့မှာ ထူထပ်လျက် ရှိပါသည်။ ငါ့တူတော်သည် ငါ၏ လက်သို့ ရောက်ရသော်လည်း မည်သည့် အန္တရာယ် တခုခုကိုမျှ မဖြစ်စေရပါ။ မင့်ခမည်းတော် ဘုရင်မင်းခေါင်သည် မင်းအား ယုယကြင်နာစွာ ပြုစုသည့်အတိုင်း မင်းကို ငါ ပြုစုပါမည်။ အမိသည် သားငယ်ကို ခါး၌ချီထား၍ အစာကို ခွံ့ကျွေးသကဲ့သို့ မင်းကို ငါ ပြစုကျွေးမွေးပါမည်။ ဘာမျှ မပူနှင့်တော့”

လွန်ခဲ့သော နှစ်ပေါင်း ၆ဝဝ မှ စစ်သူရဲကောင်း ရာဇာဓိရာဇ်၏ အင်းဝ သူရဲကောင်း စစ်သုံ့ပန်း မင်းရဲကျော်စွာအပေါ် ပြောဆိုခဲ့သည့် စကား။ ကျနော့်ရင်တွင် နင့်၍လာ၏။ ပြီးခဲ့သည့် ၁ဝ နှစ်မှာ ကျနော့်ထံ ပေးပို့ခဲ့သည့် ကြေးနန်းစာမှ စာသားများက ခြောက်လှန့်၍ လာပြန်သည်။ ပဒေသရာဇ် စနစ်အတွင်း စစ်မြေပြင်မှ ယဉ်ကျေးသော သမိုင်းအလှများက ဧရာဝတီမြစ်ပြင်ပေါ်ဝယ် ရှိခဲ့၏။ ယဉ်ကျေးသော စစ်မြေပြင် စစ်သုံ့ပန်း ဥပဒေ……။ လှပလှပေစွ…..။ ယခုမူ ။ ဧရာဝတီ ငိုနေပြီလား…….။

ထိုင်းပြည်သူ.မဟာမိတ်ဒီမိုကရေစီအဖွဲ.၏ခေါင်းဆောင် ဆွန်ထိလင်းမ်ထောင်ကုန်အပစ်ခံရခြင်းနှင့်နောက်ကွယ်







တိုင်းရင်းသားအသံ
ထိုင်းပြည်သူ.မဟာမိတ်ဒီမိုကရေစီအဖွဲ.၏ခေါင်းဆောင် ဆွန်ထိလင်းမ်ထောင်ကုန်အပစ်ခံရခြင်းနှင့်နောက်ကွယ်

ထိုင်းပြည်သူ.မဟာမိတ်ဒီမိုကရေစီအဖွဲ.၏ခေါင်းဆောင်ဆွန်ထိလင်းမ်ထောင်ကုန်သည်သောကြာနေ.မနက်ပိုင်းအချိန် ၅ နာရီ ၁၄ မိနစ်လောက်တွင် Asia Satellite TV ရုံမှာ GOOD MORNING THAILAND အစီစဉ်သွားရောက်ကျင်းပရန် Samsen Road လမ်းအရောက်မှာ အမည်မသိလက်နက်ကိုင်အုပ်စုတစ်စုက သေနတ်ကြီးငယ် မျိုးစုံဖြင့် ပစ်ခတ်ခဲ့ပါသည်၊ အသုံးပြုတဲ့လက်နက်မျိုးဟာ AK-47, HK-33 ရိုင်ဖယ်၊ M-16 ရိုင်ဖယ်၊နှင့် M-79 အမြောက်များ ပါဝင်သည် ဟု ပစ်ခတ်တဲ့နေရာကိုသွားရောက်စစ်ဆေးပြီး ထိုင်းရဲတွေကထုတ်ပြောပါသည်၊

ကျဉ်ဆံများ အလုံးတစ်ရာထက်မနည်းပစ်ခတ်ခဲ့ပြီးအမြောက်တစ်လုံးဖြင့်ထပ်ပစ်ခဲ့သည်ဟုပြောပါသည်၊ ဆွန်ထိက နဖူးညာဘက်မှာ ဒဏ်ရာအပြင်းအထန်ရရှိပြီးကားဒရိုက်ဗာက ရင်ဘတ်ညာဘက်နှင့်အစောင့်တစ်ယောက်ကလက်မောင်မှာဒဏ်ရာရရှိသွားပါသည်၊လွှတ်ပစ်တဲ့အမြော
က်တစ်လုံးကမပေါက်ကွဲသဖြင့်ကံကောင်းသွားပါသည်၊အကယ်၍လွှတ်ပစ်တဲ့အမြောက်တစ်လုံးပေါက်ကွဲပါကကားရောလူပါ မီးလောင်ကျွမ်းနိုင်သည်၊အမြောက်ကလိုင်ကားတစ်စီးအပေါ်မှာသွားကျပါသည်၊

ဒဏ်ရာရရှိသူသုံးယောက်ကို ဝချိရာဆေးရုံးသို.လျင်မြန်စွာပို.နိုင်ခဲ့သည်၊အခုလောလောဆယ်၊ အသက်အန္တရာယ်မှလွတ် မြောက်သွားပြီဟု ခွဲစိတ်ဆရာဝန်ကပြောပါသည်၊ ခွဲစိတ်ပြီးနောက်မကြာခင်မှာပင် ဆွန်ထိကိုအမည်မဖေါ်ပြတဲ့ဆေးရုံတစ်ရုံမှာ ပြောင်းရွှေ.သွားရောက်အနာယူခိုင်းသည်၊

လုပ်ကြံတဲ့လက်နက်သမားများသည်ရွှေရောင်မှုန်မှုန်ကားတစ်စီးနဲ.စီးလာပြီးလူသုံးယောက်ထက်မနည်းပါဝင်သည် ဟုလုံခြုံ ရေးကင်မရာမှမှတ်တမ်းဓါတ်ပုံကိုကြည့်ပြီး ခန်.မှန်ကြပါသည်၊ သက်သေအထောက်အထားများစုဆောင်ရန်အတွက်လမ်းဘေ လမ်းကြား၊လမ်းထောင့်တွေမှာတပ်ဆင်ထားတဲ့လုံခြုံရေးကင်မရာကိုစစ်ဆေးသည့်အခါ ပစ်ခတ်ဖြစ်ပွားတဲ့နေရာမှာတပ်ဆင်ထားသောလုံခြုံရေးကင်မရာ (၅)လုံးလောက်ကိုပစ်ခတ်မှုမဖြစ်ပွားခင်ကြာသပသေနေ.ညနေခင်းကတည်ကအလုပ်မလုပ်ကြောင်းသိရှိရပါသည်၊အကယ်၍ အလုပ်လုပ်သော်၊ မှန်ပြောင်းတည့်တည့်တပ်ထားတာမဟုတ်ပြန်သဖြင့်သက်သေအထောက်အထားများရရှိရန်မလွယ်ကူလှ ပေ ဟု စုဆောင်းရေးအဖွဲ.ကပြောပါသည်၊ထို.သို.အခြေအနေများကိုခြုံပြီးသုံးသပ်သော်၊ လက်နက်သမားများသည် လက်မြော က်သော၊ကျွမ်းကျင်စွာလေ့ကျင့်ထားသော ရဲသို.မဟုတ်စစ်သားဟောင်းများဖြစ်နိုင်သည် ဟုသုံးသပ်ပါသည်၊ထို.အပြင်၊လုပ်ကြံမှု၏နောက်ကွယ်မှာ အရောင်ရှိသောအင်းအားစု၊ယူနိဖောင်ဝတ်ထားသူများ(သို.)အဆင့်မြင့်ပုဂ္ဂိလ်များပါဝင်ပတ်သက်နေသည်ဟု ပြောပါသည်၊

လုပ်ကြံပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထိုင်းကာကွယ်ရေးဦးစီချုပ်အနုဖောင်ဖောစီဒါ အားသတင်းထောက်များမေးမြန်တဲ့အခါ လုပ်ကြံသတ်ဖြတ်မှုဟာအချိန်မရွေးဖြစ်ပွားနိုင်သည် ဟုပြောသွားသဖြင့် အဝါရောင်အုပ်စုသို.မဟုတ်ဆွန်ထိကိုထောက်ခံတဲ့ အင်းအားစုများကမကျေမနပ်ဖြစ်နေသည်၊ထို.အပြင်၊ ဘန်ကောက်မြို.ပေါ်မှာအရေးပေါ်အခြေနေကြေညာထားတဲ့အချိန်၊ထိုင်း စစ်သားများ ပေ ၅၀၀ အကြားထပ်ဆင့်ထပ်ထင့်လုံခြုံရေးချထားတဲ့အချိန်၊လုံခြုံရေးကင်မရာများစနစ်တကျတပ်ထားတဲ့အချိန်၊ပစ်ခတ်နေရာမှာ စစ်သားအခြေစိုက်ရုံများ၊ နှင့်ထိုင်းရဲများ၏ရုံများနှင့် နီးကပ်နေသဖြင့် ဒီလိုဖြစ်ပွားတာဟာ အံ့သြစရာကောင်းသည် ဟု ထိုင်းပြည်သူ.မဟာမိတ်ဒီမိုကရေစီအဖွဲ.၏ခေါင်းဆောင်များကသတင်းစာရှင်းလင်းပွဲမှာပြောသွားပါသည်၊လုပ်ကြံတဲ့လူမိုက်များဖမ်း ဆီးနိုင်ရေးအတွက် ၎င်းတို.ခေါင်းဆောင်များက ထိုင်းဝန်ကြီးချုပ် အဘိဆစ်အားတောင်းဆိုထားပါသည်၊ပီအေဒီထောက်ခံအားပေးသူများက ၎င်းတို.ခေါင်းဆောင်များ၏ကြေညာချက်ကိုစောင့် နေပြီး လိုအပ်သလိုရှုပ်ရှားနိုင်ရန်အတွက်စိတ်အားထက်သန်းစွာအဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ပါသည်

လက်ရှိထိုင်းနိုင်ငံရေးရှုပ်ထွေးပွေလီနေတဲ့အချိန်မှာဒီလိုလုပ်ကြံအကြမ်းဖက်မှုဖြစ်ပွားတာဟာထိုင်းနိုင်ငံသားများလုံခြုံရေးအ တွက်မသေချာမရေရာတဲ့အမြင့်ဆုံးအဆင့်သို.ရောက်ရှိနေပြီဟုသုံးသပ်ကြပါသည်၊အနီရောင်အုပ်စုများသည်မကြာခင်က အာဆီယံအစည်းအဝေးပျက်စီးသွားအောင်လှုပ်ရှားနိုင်ခဲ့သည်၊ ဝန်ကြီးချုပ်အဘိဆစ်ကားကိုတိုက်ခိုက်ခဲ့သည်၊ ထိုင်းဘုရင်၏ အတိုင်ပင်ခံအမတ် ပရင်တင်ဆုစူလာနွန်အားလုပ်ကြံရန်ကြိုးစားသူများကိုဖမ်းဆီးခံခဲ့ရသည်၊အဝါရောင်အုပ်စုများ ဆန္ဒပြတဲ့အချိန်မှာ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့တဲ့လုပ်ရပ်များကို အခုအချိန်အထိတရားခံရှာမတွေ.ပေ၊ ထိုင်းရဲများက အမှုရှေ.တိုးစုံစမ်းရန်မလုပ်ဆောင်နိုင်ချေ၊ထို.ကြောင့်၊ ထိုင်းဝန်ကြီးချူပ်ဟောင်းတပ်ဆင်ကိုထောက်ခံတဲ့အနီရောင်အုပ်စုများ သည်ဆန္ဒပြလှုပ်ရှားမှုအရေးနိမ်.သွားပြီနောက်၊ ၎င်းးတို.၏ခေါင်းဆောင်များအဖမ်းခံရပြီးနောက် ဒီလိုမြေအောက်လုပ်ကြံသတ်ဖြတ်မှုစတင်ဖြစ်ပွားလာသည် ဟုဝေဖန်စိတ်ဖြားသုံးသပ်သူများကပြောဆိုနေကြပါသည်၊

ထို.ကြောင့်၊ထိုင်းနိုင်ငံ၏နိုင်ငံရေးအခြေအနေသည် မကြေညာသောပြည်တွင်းစစ်ဖြစ်ပွားနေပြီဟု ပြောလို.ရသည်၊အနီရောင်အုပ်စု၏ခေါင်းဆောင်များကို ဥပဒေပုဒ်မတွေနှင့်ဖမ်းဆီးပြီးတရားစီရင်ချက်ချနေတဲ့ချိန်မှာ အဝါရောင်ခေါင်းဆောင်များကိုဥပဒေဘောင်အပြင်ဘက်ကနေလုပ်ကြံနေတဲ့အချိန်ဖြစ်ပါသည်၊ပြည်သူလူထုများကဆင်းရဲမှု ဒဏ်များ၊ကြောက်ရွံ.မှုဒဏ်များနှင့် စီးပွားရေးမတည်မငြိမ်မှုဒဏ်များနှင့်ရင်ဆိုင်နေကြရပါသည်။

မင်းကာန်စီသုံးသပ်သည်၊



UWSP ပါတီ အနှစ် (၂ဝ) ပြည့်အထိမ်းအမှတ်သို့ NDF သဝဏ်လွှာပေးပို့

တိုင်းရင်းသားအသံ
UWSP ပါတီ အနှစ် (၂ဝ) ပြည့်အထိမ်းအမှတ်သို့ NDF သဝဏ်လွှာပေးပို့

ကာအိုဝါအိုသတင်းဌာန

စံခလပူရီ(ဧပြီ- ၁၇)။ ။၂ဝဝ၉ ခုနှစ် ဧပြီလ ၁၇ ရက် ယနေ့တွင်ကျရောက်သည့် “ဝ” ပြည်နယ် သွေးစည်းညီညွတ်ရေး ပါတီ ဖွဲ့စည်းတည်ထောင်ခြင်း အနှစ် (၂ဝ) ပြည့်အထိမ်းအမှတ်ပွဲတော်ကြီးကို အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ကဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

ယင်းသဝဏ်လွှာတွင် “၁၉၈၉ ခုနှစ်အတွင်းမှာပင် အခြေအနေတောင်းဆိုချက်အရ ထိုစဉ်က စစ်အာဏာရှင်အုပ်စု (နဝတ) နှင့် အပစ်အခတ် ရပ်စဲရေးကို သဘောတူ၍ ငြိမ်းချမ်းရေးရယူထားခဲ့သော်လည်း “ဝသပ” အနေနှင့် မိမိတို့၏ အမျိုးသားရေး ရည်မှန်းချက် များကို ခိုင်မြဲစွာဆုပ်ကိုင်၍ ဘဝတူ တိုင်းရင်းသားညီနောင်များနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နေခြင်းကို မိမိတို့ “မဒတ” က ချီးကျူးဂုဏ်ပြုအပ်ပါကြောင်း”

“ဝသပ” အနေဖြင့် “ဝ” အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့် အထူးဒေသနှင့် “ဝ” ပြည်နယ်အစိုးရ ဖွဲ့စည်းကြောင်း ကြေငြာ ခြင်းသည် ၂ဝဝ၈ ခုနှစ်တွင် အဓမ္မအတည်ပြုခဲ့သော နအဖ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံ ပယ်ချကြောင်း ဖော်ပြယုံမျှမက အမျိုးသားညီလာခံ တက်ရောက်စဉ်ကာလများက “ဝသပ” တင်ပြခဲ့သောအကြံပြုချက်များအပေါ် နအဖ စစ်အုပ်စုကပယ်ချခဲ့ခြင်းအပေါ် ကျေနပ်မှုမရှိကြောင်းကိုလည်း ပေါ်လွင်စေခဲ့ကြောင်း”

“ဝသပ” အနေနှင့် “ဝ” ပြည်သူများ၊ “ဝ” အမျိုးသားများ၏ ဆန္ဒကိုထင်ဟပ်၍ နိုင်ငံရေးအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့် အရေးကို ဖော်ပြခြင်းမျှသာဖြစ်ပြီး လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ထူထောင်ရန်သော်လည်းကောင်း၊ ပြည်ထောင်စုကြီးမှ ခွဲထွက်ရန်သော်လည်းကောင်း ကြေငြာခြင်းမဟုတ်သဖြင့် “မဒတ” က ကြိုဆိုထောက်ခံရခြင်း ဖြစ်ကြောင်း”

“မဒတ” အနေနှင့် အကြံပြုလိုသည်မှာ “ဝသပ” သည် ကိုယ်ပိုင်အင်အား၊ ကိုယ်ပိုင်ရပ်တည်ချက်ဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို ဆုပ်ကိုင်နိုင်သည်ဟု ဆိုသော်ငြားလည်း ပြည်ထောင်စု တဝှမ်းလုံးရှိ အခြားဘဝတူ ညီနောင်တိုင်းရင်း သား များသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို မဆိုထားဘိ၊ အခြေခံလူ့အခွင့်အရေးကိုပင် ခံစားနိုင်ခြင်း မရှိသေး ကြောင်း “ဝသပ” ခေါင်းဆောင်ကြီးများ သတိပြုမိစေရန် တင်ပြလိုပါကြောင်း။ အာဏာရှင် စစ်အုပ်စု၏ မျိုးဖြုတ် သတ်ဖြတ်ခြင်း၊ သွေးခွဲအုပ်ချုပ်ခြင်း စသည့် စစ်ဆင်ရေးများအောက်တွင် အလူးအလဲ ခံစားနေဆဲဖြစ်သော ဘဝတူ တိုင်းရင်းသားများအရေးကို အတူတကွ ပိုမိုပူးပေါင်းလက်တွဲ ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် တပြည်လုံးအတိုင်း အတာဖြင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ရရှိခံစားနိုင်စေရန်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ကြီးတည်ဆောက်နိုင်သည်အထိ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု နှင့်အတူ ဝသပ မှ ဦးဆောင်ပါဝင်ပါရန် ဖိတ်ခေါ် ကြောင်း” စသည်ဖြင့် ရေးသားထားပါသည်။

၂ဝဝ၉ ခုနှစ်၊ ဧပြီလ (၆)ရက်နေ့မှ (၉)ရက်နေ့ အထိ KNU ထိမ်းချုပ်သည့်နေရာတနေရာတွင် အောင်မြင်စွာကျင်းပပြီးစီး ခဲ့သည့် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ)၏ သတ္တမအကြိမ်မြောက် ညီလာခံက အဆိုပါဂုဏ်ပြုသဝဏ်လွှာကို လွန်ခဲ့သည့်ဧပြီလ (၁၀)ရက်နေ့စွဲ ပေးပို့ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော အနှစ် (၂ဝ) ကာလက “ဝ” ပြည်သူများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးကို ပြန်လည်ရယူနိုင်ရန်နှင့် “ဝ” ပြည် ကို ပြန်လည်ဖော်ထုတ်နိုင်ရန် “ဝ” အမျိုးသား ခေါင်းဆောင်ကြီးများနှင့် “ဝ” အမျိုးသားတပ်မတော်တို့သည် ရဲရင့် ပြတ်သား သောစိတ်ဓါတ်ဖြင့် “ဝ” ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ UWSPနှင့် ပြည်နယ်သွေးစည်းညီညွတ်ရေး တပ်မတော်UWSA တို့ကို စတင်ဖွဲ့စည်း ထူထောင်လာခဲ့ကြသည်

အဆိုပါ အနှစ် (၂ဝ) ပြည့် UWSP အထိမ်းအမှတ်ပွဲတော်ကြီး အခမ်းအနားကို အပစ်ရပ်အဖွဲ့များလည်း တက်ရောက်ကြ မည်ဖြစ်ပြီး မွန်ပြည်သစ်ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်အချို့လည်း တက်ရောက်မည်ဟု မွန်ပြည်သစ်ပါတီ ခေါင်းဆောင် တစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီသည် ယခင်က မဒတတပ်ပေါင်းစု NDF အဖွဲ့ဝင်ဖြစ်ခဲ့သော်လည်း စစ်အစိုးရနှင့်အပစ်ရပ်ပြီး နောက် ပိုင်းတွင် အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းခဲ့ရသည်။ KIO ကချင်လွတ်မြောက်အဖွဲ့သည်လည်းထိုနည်းတူ နဝတ စစ်အစိုးရနှင့် အပစ်ရပ်ပြီးတွင် NDF မှ အလိုလို နှုတ်ထွက်လိုက်သည်။

NDF ကို ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် တိုင်းရင်းသားများ၏ တန်းတူညီတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ရည်ရွယ်၍ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ပေါင်း ၁ဝ ဖွဲ့ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဖွဲ့ဝင် ၈ ဖွဲ့ဖြင့် ဆက်လက်လှုပ်ရှားနေသည်။


Thursday, April 9, 2009

ကိုယ့်သွေးကိုယ့်မသောက်နဲ. လူသားတို.ရေ

တိုင်းရင်းသားအသံ
ကိုယ့်သွေးကိုယ့်မသောက်ကြပါနဲ. လူသားတို.ရေ

ကရင်အချင်းချင်းတိုက်ခိုက်နေခြင်း၊မွန်နှင့်ဗမာစစ်တပ်များပူးပေါင်း၍ ကေအန်ယူကိုဝိုင်တိုက်နေခြင်း၊တိုင်းရင်းသားများသွေးကွဲ သထက်ကွဲအောင်စစ်အစိုးရကဖန်းတီးနေခြင်း၊စသည့်လုပ်ရပ်များကို ရပ်တန်.ကရပ်ပါ၊စစ်အစိုးရကိုဝိုင်းတိုက်ရမည့်အစားကိုယ့် အချင်းချင်းတိုက်ခိုက်နေခြင်းဟာဝမ်းနည်းစရာကောင်းပါသည်၊ ကိုယ့်အချင်းချင်းတိုက်ခိုက်ရမည့်အချိန်မဟုတ်ပါ၊စစ်အစိုးရကိုဝို င်းတိုက်ရမည့်အချိန်ပါ၊ခေါင်းအေးအေးထားပြီးစဉ်းစားကြပါ၊ ကိုယ့်သွေးကိုယ့်ပြန်သောက်နေတဲ့လူသားမျိုးနွယ်တွေအသိရှိကြပါ၊



Wednesday, April 8, 2009

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကမ်းလှမ်းချက်ကို ကေအင်ယူ လက်ခံ

တိုင်းရင်းသားအသံ
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကမ်းလှမ်းချက်ကို ကေအင်ယူ လက်ခံ Print E-mail
ဆလိုင်းပီပီ
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 08 2009 17:26 - မြန်မာစံတော်ချိန်



နယူးဒေလီ (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ဖိရူမ်းမှတဆင့် မြန်မာစစ်အစိုးရက ကမ်းလှမ်းသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကရင်အမျိုးသား အစည်းအရုံးက ယခုတပတ် တနင်္လာနေ့က လက်ခံလိုက်ပြီ ဖြစ်သည်။

ကမ်းလှမ်းချက်နှင့် စပ်လျဉ်း၍ တနင်္လာနေ့က ဘန်ကောက်မြို့တွင် တနာရီကျော်ကြာ ပြုလုပ်ခဲ့သော အလွတ်သဘော ဆွေးနွေးပွဲတွင် KNU က လက်ခံကြောင်း တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုတာကြောင့် စစ်အစိုးရက ကမ်းလှမ်းလာတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကျနော်တို့ လက်ခံလိုက်တဲ့အကြောင်း သူတို့ကို (ထိုင်းတွေကို) ပြောလိုက်ပါပြီ” ဟု ကေအင်ယူ ဒုဥက္ကဋ္ဌ စောဒေးဗစ် တာကပေါက မဇ္ဈိမကို ယနေ့ ပြောသည်။

သို့သော် ဆွေးနွေးပွဲကျင်းပမည့် နေ့ရက်နှင့် နေရာကိုမူ သတ်မှတ်ခြင်း မပြုရသေးပါ။

ဒေးဗစ်တာကပေါ ဦးဆောင်၍ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ပါဝင်သည့် KNU ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် KNU နှင့် စစ်အစိုးရအကြား ဝင်ရောက် ညှိနှိုင်းပေးနေသည့် ဝန်ကြီး ကဆစ် (Kasit Piromya) နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အခြားအရာရှိများကို တွေ့ဆုံခဲ့ကြသည်။

အစည်းအဝေးအတွင်း ကဆစ်က မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသန်းစိန် ပြောဆိုလိုက်သည့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် KNU နှင့် ဆွေးနွေးလိုပါကြောင်း စစ်အစိုးရ၏ မှာကြားချက်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။

“အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် သိန်းစိန်က ကျနော်တို့နဲ့ ဆွေးနွေးလိုတယ်ဆိုတဲ့အကြောင်း သူတို့ (ထိုင်းတွေ) က ကျနော်တို့ကို ပြောပြပါတယ်။ မစ္စတာ ကဆစ်က ဒီကိစ္စမှာ သူက ကူညီဆောင်ရွက်ပေးသူအဖြစ် ပါဝင်မယ့်အကြောင်းလည်း ပြောပါတယ်” ဟု စောဒေးဗစ်တာကပေါက ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရေးအတွက် KNU ကို ဖျောင်းဖျနားချပေးဖို့အရေး ပြီးခဲ့သည့်လက သွားရောက်ခဲ့သော သူ၏ ၂ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာဝန်ကြီးချုပ်က မစ္စတာကဆစ်ကို အကူအညီတောင်းခဲ့သည်။

“စစ်အစိုးရက ပြဿဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းချင်တယ်ဆိုရင် ကျနော်တို့ကလည်း ဆွေးနွေးဖို့ အဆင်သင့် ရှိပါတယ်” ဟု စောဒေးဗစ်တာကပေါက ပြောဆိုပြီး၊ KNU အနေဖြင့် ရှေးဦးစွာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပရန်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် စစ်အစိုးရကို ဆက်လက်တိုက်တွန်း ပြောဆိုသွားမည်ဟုလည်း သူက ဆိုသည်။

ဤအတောအတွင်း ထိုင်း-မြန်မာ နယ်စပ်အနီး ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်အတွင်း ယင်းတို့၏ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ကို KNU ၏ ခွဲထွက်အဖွဲ့ဖြစ်သော ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) က အသစ်တဖန် ထိုးစစ်ဆင်နေမှုများကို မြန်မာစစ်တပ်က ကူညီနေသည်ဟု စောဒေးဗစ်တာကပေါက စွပ်စွဲပြောကြားသည်။ ယင်းထိုးစစ်များကို KNLA တပ်ရင်းများက ပြောက်ကျားနည်းဗျူဟာ သုံး၍ ပြန်လည်တုံ့ပြန်လျက်ရှိသည်။

“ကော့ကရိတ်ခရိုင်ထဲမှာ DKBA စစ်တပ်က ကျနော်တို့ကို တိုက်ခိုက်နေတာကို မြန်မာစစ်တပ်က ကျောထောက်နောက်ခံ ပြုပေးထားပါတယ်။ ကျနော်တို့ကလည်း ပြောက်ကျား စစ်ရေးနည်းပရိယာယ်တွေနဲ့ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်” ဟု သူက ပြောသည်။

“ကျနော်တို့ (KNU နဲ့ စစ်အစိုးရ) ဟာ တဖက်နဲ့ တဖက် စကားပြောနေတုန်း တိုက်လည်း တိုက်နေကြတာပဲ” ဟု သူက ဆက်ပြောသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးအတွက် လက်နက်ကိုင်တိုက်ပွဲကို ၁၉၄၈ ခုနှစ်တွင် စတင်လိုက်ကတည်းက KNU သည် မြန်မာစစ်အစိုးရနှင့် ယခင်က ၅ ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သည်။

၂ဝဝ၄ ခုနှစ်အတွင်းက ယခင်မြို့တော်ဟောင်း ရန်ကုန်တွင် ကျင်းပသော နောက်ဆုံးအကျော့ ဆွေးနွေးပွဲများအတွင်း ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် KNU ၏ ကွယ်လွန်သူ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီးမြတို့ နှစ်ဖက်အကြား ‘လူကြီးလူကောင်း သဘောတူညီချက်’ ဟု လူသိများသော အပစ်အခတ် ရပ်စဲရေး နှုတ်ကတိကို ရရှိခဲ့သည်။

သို့သော် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်ပိုင်းမှ သန့်စင်ဖယ်ရှားခဲ့အပြီးတွင် အဆိုပါ ဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခဲ့သည်။

ငြိမ်းချမ်းရေး ကြိုးပန်းမှုများနှင့် စပ်လျဉ်း၍ ယခင်လက ထုတ်ပြန်ခဲ့သော KNU ၏ ကြေညာချက်တွင် “အာဏာရယူထားသော စစ်အစိုးရဘက်မှ ရိုးသားမှု မရှိခြင်းကြောင့် KNU နှင့် မြန်မာစစ်အစိုးရ အဆက်ဆက် အကြား အစဉ်တစိုက် ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပျက်ပြားခဲ့ရသည်” ဟု ရေးသားထားသည်။

ယခုလ ၄ ရက်နေ့ထုတ် မြန်မာနိုင်ငံ၏ နိုင်ငံတော်ပိုင် သတင်းစာ ‘မြန်မာ့အလင်း’ တွင် ကွယ်လွန်သူ KNU ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီးစောဗိုလ်မြ၏ သား နေစိုးမြ သည် ကရင်သူပုန် ၇၁ ဦးကို ခေါင်းဆောင်ကာ စစ်အစိုးရဘက်သို့ မတ်လ ၃ဝ ရက်နေ့က ကူးပြောင်းဝင်ရောက်ခဲ့သည်ဟု ရေးသားထားသည်။

သို့သော် စောဒေးဗစ်တာကပေါကမူ အဆိုပါ စစ်အစိုးရဘက်သို့ ကူးပြောင်းခိုဝင်သွားသော ကရင်စစ်သား ၇၁ ဦး ဆိုသည်မှာ ၄ ဦးသာ KNLA တပ်ဖွဲ့ဝင်များဖြစ်ပြီး၊ ကျန်သူများမှာ အရပ်သားများသာ ဖြစ်သည်ဟု ပြောသည်။

ဤသို့ ကရင် ၇၁ ဦး KNU မှ ခွဲထွက်သွားရခြင်းမှာ မြန်မာစစ်အစိုးရ အထူးသဖြင့် ဗိုလ်မှူးချုပ် စောဌေးမောင် ခေါင်းဆောင်သည့် DKBA အဖွဲ့က ငွေနှင့် ဖျားယောင်း၍ ဖြစ်ရသည်ဟုလည်း သူက ဆက်ပြောသည်။

“ဒီလိုခြစားနေတဲ့ မကောင်းတဲ့သူတွေ ကူးပြောင်းသွားတာ KNU အတွက် ပိုတောင် ကောင်းပါသေးတယ်” ဟုလည်း သူက ဆက်ပြောသွားသည်။


ကရင် အမျိုးသားချင်း တိုက်ပွဲဖြစ်နေမှု SSA ခေါင်းဆောင် ၀မ်းနည်းမိကြောင်းပြော

တိုင်းရင်းသားအသံ

ကရင် အမျိုးသားချင်း တိုက်ပွဲဖြစ်နေမှု SSA ခေါင်းဆောင် ၀မ်းနည်းမိကြောင်းပြော




သွေးနှောတဲ့ပေါ်လစီကိုသတိထားကြလော့

တိုင်းရင်းသားအသံ
သွေးနှောတဲ့ပေါ်လစီကိုသတိထားကြလော့

စံပြကျေးရွာများတွင် အခြေချနေထိုင်မည့် ဗမာပြည်မှ မိသားစုများ စစ်တွေသို့ ရောက်ရှိ

4/8/2009

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် တည်ဆောက်နေသော စံပြကျေးရွာများတွင် နေထိုင်မည့် ဗမာပြည်မှ မိသားစု အများအပြားသည် ယမန်နေ့က ရန်ကုန်မှ တဆင့် စစ်တွေသို့ ရောက်ရှိလာသည်။

မျက်မြင် တဦးက “လူပေါင်း ၅၀၀ လောက်ရှိမယ်ထင်ပါတယ်။ ပင်လယ်ကူး သင်္ဘောနဲ့ လာကြတာပါ။ စစ်တွေ ဖေါင်တော်ကြီးက တဆင့် သူတို့ကို ကားတွေနဲ့ ဘူးသီးတောင် သင်္ဘောဆိပ်ကို ယူဆောင်သွားပါတယ်” ဟု ပြောသည်။

အမည်မဖေါ်လိုသူ တာဝန်ရှိသူ တဦးက ယခုရောက်ရှိလာသော မိသားစုမှ ၁၃၁ စုဖြစ်ပြီး ရန်ကုန်မှ ရောက်လာကြသူများ ဖြစ်ပြီး မောင်တောမြို့နယ်တွင် နေရာချပေးသွားမည်ဟု ပြောသည်။

ယခုအခါ မောင်တောခရိုင် တာဝန်ရှိသူများမှ နတလ စံပြကျေးရွာ နှစ်ရွာကို မောင်တောတွင် တည်ဆောက်နေပြီး အဆိုပါ ကျေးရွာများတွင် သူတို့အား နေရာချပေးသွားမည် ဖြစ်သည်။

နအဖ စစ်အစိုးရမှ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် စံပြကျေးရွာများ တည်ဆောက်ပြီး ဗမာပြည်မှ ပြောင်းရွှေ့လာသူများကို နေရာချပေးနေသည်။

ယခုတည်ဆောက်ပေးနေသော ကျေးရွာများမှာ ယခင် ဗုဒ္ဓဘာသာများ နေထိုင်ခဲ့သော ကျေးရွာများ ဖြစ်ပြီး တည်ဆောက်ချိန်မှ ယနေ့အချိန်ထိ လူဦးရေအားဖြင့် တသောင်းကျော် ရောက်ရှိနေပြီ ဖြစ်သည်။

ဗမာပြည်မှ ပြောင်းရွှေ့လာသူ အများစုမှာ စစ်သား လူထွက်များ၊ ထောင်ထွက်များ၊ အိုးအိမ် မရှိသူများနှင့် အလုပ်အကိုင် မရှိသူများ ဖြစ်ကြသည်ဟု သိရသည်။




Tuesday, April 7, 2009

ကေအန်ယူခေါင်းဆောင်ပိုင်းနှင့်ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှစတင်တွေ.ဆုံ

တိုင်းရင်းသားအသံ

NEJ /ဧပြီလ(၆) ရက်၊ ၂၀၀၉


အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွင် ထိုင်း-မြန်မာနယ်စပ်မှ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များပါဝင်ရန် ထိုင်းအစိုးရအား မြန်မာစစ်အစိုးရဘက်မှ ဖိအားပေးသည့်အတွက် ကေအန်ယူ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ ယနေ့ဘန်ကောက်မြို့တွင် စတင်တွေ့ဆုံဆွေးနွေးမည်ဟု အမည်မဖော်လိုသည့် ကေအန်ယူအရာရှိတဦးက ပြောသည်။

ထိုင်းနိုင်ငံခြားရေးဌာန တာဝန်ရှိသူများနှင့် ဆွေးနွေးသည့် ကေအန်ယူ ကိုယ်စားလှယ်များမှာ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘော၊ အထွေအထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ပါဝင်ခြင်းရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ယခုသတင်းရေးချိန်ထိ ပဒိုဒေးဗစ်သကဘောအား ခေတ်ပြိုင်က ဆက်သွယ်ခဲ့သော်လည်း ဆွေးနွေးနေဆဲဖြစ်၍ ဆက်သွယ်မရခဲ့ပေ။

မကြာခင်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့ တွေ့ဆုံရာတွင် ကေအန်ယူအား နားချပေးရန် ဦးဉာဏ်ဝင်းက တောင်းဆိုခဲ့သည်။ ကေအန်ယူက မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သည့်အတွက် လက်မခံနိုင်ကြောင်း မိမိကိုယ်တိုင် ကေအန်ယူ ပြောသည်ကို ကြားလိုသည်ဟုလည်း ကဆစ်က ပြောခဲ့သည်။

ထို့ကြောင့် ယခုဆွေးနွေးပွဲတွင် မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ကေအန်ယူ၏ သဘောထားကို ဆွေးနွေးရန်များသည်ဟု ခေတ်ပြိုင်သတင်းထောက်က ယူဆသည်။

ကဆစ် မြန်မာနိုင်ငံသွားခဲ့ခြင်းသည် ထိုင်းတွင်သောင်တင်နေသည့် ရိုဟင်ဂျာ ဒုက္ခသည်များအရေးကို စစ်အစိုးရက မည်သို့ကူညီမည်ဆိုသည့်ကိစ္စ ဆွေးနွေးရန်ဖြစ်သည်။ ရိုဟင်ဂျာကိစ္စအတွက် မြန်မာဘက်က မည်သို့ ထိုင်းအား ကူညီမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ကေအန်ယူကို လက်နက်ချရေးကိစ္စအတွက် ထိုင်းအစိုးရ က ဆွေးနွေးပေးရန် စစ်အစိုးရဘက်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုင်းနိုင်ငံသည် ဒီမိုကရေစီစနစ်ကို စံထားသည့် နိုင်ငံဖြစ်သည့်အတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အပါအ၀င် တော်လှန်ရေးအဖွဲ့အစည်းများအား ဆိုးဆိုးဝါးဝါးအခြေအနေမျိုးရောက်အောင် တွန်းပို့မည့် နိုင်ငံမဟုတ်ဟု ယုံကြည်ကြောင်း ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက အစောပိုင်းတွင် ပြောခဲ့သည်။

“ထိုင်းအစိုးရဟာ မြန်မာစစ်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကို ထောက်ခံသလို ရုဒ်မက် (၇) ချက်နဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကိုလည်း ထောက်ခံပါတယ်။ ကေအန်ယူကို လက်နက်ချရေးကိစ္စအတွက် ဆွေးနွေးဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို ကျနော် ကတိပေးခဲ့ပါတယ်။ အဲသလို ဆွေးနွေးဖို့ မြန်မာစစ်ခေါင်းဆောင် တွေက ကျနော်တို့ကို ယုံကြည်ပုံရပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်က ပြောသည်။

ထိုင်းအာဏာပိုင်များသည် ကရင်အမျိုးသားအစည်းအရုံးမှ ခေါင်းဆောင်များကို ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်မပြုဘဲ မိမိတို့တပ်စခန်းများတွင်သာ ပြန်လည်နေထိုင်ရန် ယခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက် နေ့စွဲဖြင့် အသိပေးအကြောင်း ကြားစာ ပေးပို့ခဲ့ပြီးဖြစ်သည်။


တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.