တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, November 28, 2007

တိုင်းရင်းသား ကိုယ်စားလှယ်များက သုံးပွင့်ဆိုင် ဆွေးနွေးပွဲအတွက် အိန္ဒိယ၏ ထောက်ခံမှုကို တောင်းခံ

မဇ္ဈိမသတင်းဌာန
Wednesday, 28 November 2007 22:06 - မြန်မာစံတော်ချိန်


ပြည်ပရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားများ၏ ထီးရိပ်အဖွဲ့အစည်းတခု ဖြစ်သော “တိုင်းရင်းသား လူမျိုးစုများ ကောင်စီ” ENC က သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို စစ်အစိုးရအနေဖြင့် စတင်နိုင်ရေးအတွက် မိမိ၏ သြဇာအရှိန်အဝါကို အသုံးပြုကာ ဆောင်ရွက်ပေးပါရန် အိန္ဒိယအစိုးရအား တောင်းဆိုလိုက်သည်။

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီသို့ အလည်အပတ် ရောက်ရှိနေသော အဖွဲ့ဝင် ၄ ဦးပါဝင်သည့် ENC ကိုယ်စားလှယ်အဖွဲ့က အိန္ဒိယ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ကြာရှည်စွာ ထွက်ပေါက်ပိတ်နေသော အကြပ်အတည်းကို ဖြေရှင်းနိုင်ရန် မြန်မာစစ်အစိုးရ၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပါဝင်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပေါ်ပေါက်ရေး၏ အရေးပါမှုကို မီးမောင်းထိုး ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်းကို သုံးပွင့်ဆိုင် ဆွေးနွေးပွဲနဲ့သာ အကောင်းဆုံး ဖြေရှင်းနိုင်လိမ့်မယ် လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ENC ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာလျံမုန်းဆာခေါင်က ပြောကြားခဲ့သည်။

ENC ကိုယ်စားလှယ် အဖွဲ့သည် “မြန်မာ့ဒီမိုကရေစီရေး အိန္ဒိယ ပါလီမန်အမတ်များ ဖိုရမ်” IPFDB ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ၂၅ နိုဝင်ဘာ မှ ၂၇ နိုဝင်ဘာအထိ ၃ ရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် ရောက်ရှိနေခြင်း ဖြစ်သည်။ ဤခရီးစဉ်အတွင်း ကိုယ်စားလှယ်များသည် ပါလီမန်အမတ်များ အပါအဝင် အိန္ဒိယခေါင်း ဆောင်များ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ စာနယ်ဇင်းသမားများ နှင့် လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ကိုယ်စားလှယ်များသည် ဤခရီးစဉ်အတွင်း မြန်မာ့ဆွေးနွေးပွဲ ဖြစ်စဉ်ကို ထောက်ခံရန် အရေးကြီးပုံကို အိန္ဒိယ ခေါင်းဆောင်များအား ရှင်းလင်း တင်ပြခဲ့ကြသည်ဟု သိရသည်။ ထို့ပြင် ဖက်ဒရယ် ဒီမိုကရေစီစနစ် ကျင့်သုံးသော မြန်မာနိုင်ငံကသာ အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွါးကို ပိုမို ဆောင်ကျဉ်းပေးနိုင်ကြောင်းလည်း ခုခံ ပြောဆိုခဲ့ကြသည်ဟု ဆိုသည်။

ENC ကိုယ်စားလှယ်များ၏ မေတ္တာရပ်ခံချက်ကို တုံ့ပြန်သည့်အနေဖြင့် အိန္ဒိယ ပါလီမန် အမတ်များကလည်း လာမည့် ပါလီမန် အစည်းအဝေး ကျင်းပချိန်တွင် မြန်မာ့အရေးကို မီးမောင်းထိုး တင်ပြပေးသွားမည်ဖြစ်ကြောင်း တုံ့ပြန် ပြောကြားခဲ့ကြသည်။

“အိန္ဒိယပါလီမန် အမတ်အချို့နဲ့ ကျနော်တို့ မြန်မာ့အရေးကို ဆွေးနွေးခဲ့ပါတယ်။ ပါလီမန် အစည်းအဝေး ကျင်းပချိန် ရောက်ရင် မြန်မာ့အရေးကိစ္စကို ပါလီမန် အချေအတင် ဆွေးနွေးပွဲမှာ တင်သွင်း ဆွေးနွေးသွားဘို့ သူတို့ သဘောတူခဲ့ကြပါတယ်” ဟု ယူရိုဘားမားရုံး ညွှန်ကြားရေးမှူးနှင့် ENC ၏အကြံပေး ဟန် ညောင်ရွှေ က ပြောကြားသွားခဲ့ပါသည်။

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကို ရက်စက်စွာ နှိမ်နင်းခဲ့ပြီးနောက် အကြမ်းဘက် အာဏာရယူခဲ့သည့် မြန်မာ စစ်အစိုးရအပေါ် တင်းမာသော သဘောထား ထားရှိခဲ့သည့် နိုင်ငံအနည်းငယ်အနက် အိန္ဒိယနိုင်ငံသည်လည်း တနိုင်ငံ အပါအဝင် ဖြစ်သည်။

စစ်အစိုးရက အရမ်းကာရော အကြမ်းဘက် နှိမ်နင်းနေချိန်တွင် ရန်ကုန်ရှိ အိန္ဒိယသံရုံးက ကျောင်းသားများကို ခိုလှုံရာနေရာများ ပေးခဲ့ပြီး အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံရန်ပင် အကြံပြုခဲ့သည်ဟု သိရသည်။

သို့သော် အိန္ဒိယအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများသည် ၁၉၉ဝ စုနှစ် အစောပိုင်းကာလများတွင် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ တရုတ်နိုင်ငံ၏ သြဇာအာဏာ မြန်မာနိုင်ငံသို့ ဖြန့်ကျက် ရောက်ရှိလာမှုကို ကာကွယ်ရန် အိန္ဒိယနိုင်ငံ၏ အမျိုးသား အကျိုးစီးပွါးအတွက် မြန်မာနိုင်ငံနှင့် ဆက်ဆံရန် လိုအပ်သည်ဟု အိန္ဒိယမူဝါဒ ချမှတ်သူများက အကြောင်းပြခဲ့ကြသည်။

“အိန္ဒိယ အစိုးရအနေနဲ့ မြန်မာအစိုးရဆီက မျက်နှာသာရရေး တရုတ်နဲ့ မပြိုင်သင့်ဘူး၊ အဲဒီမှာအကြောင်း ၂ ချက် ရှိတယ်။ အိန္ဒိယနဲ့ တရုတ်က ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်ချင်း မတူဘူး၊ တရုတ်က ကွန်မြူနစ်နိုင်ငံ၊ အိန္ဒိယက ဒီမိုကရေစီနိုင်ငံ။ အိန္ဒိယအနေနဲ့ သူ့ရဲ့ ရေရှည်အကျိုးစီးပွါးကိုသာ ကြည့်သင့်တယ်။ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး ဆက်ဆံရေး ကောင်းအောင် လုပ်နေတာဟာ အိန္ဒိယအတွက် သိက္ခာကျစရာဘဲဖြစ်လာမှာ” ဟု ဆာခေါင် ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ရှည်ကြာစွာ ထွက်ပေါက် ပိတ်နေသော ပြဿနာကို စစ်မှန်စွာ ဖြေရှင်းနိုင်မှသာ အိန္ဒိယနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွါး၊ ဒေသတွင်းနိုင်ငံများရဲ့ အကျိုးစီးပွါးကို တကယ်တမ်း အထောက်အကူပြုမှာ ဖြစ်ကြောင်း ENC ကိုယ်စားလှယ်များက ပြောကြားသွားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကြပ်အတည်းကို သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲကသာ စစ်မှန်စွာ ဖြေရှင်းနိုင်မှာဖြစ်ပြီး စစ်အစိုးရ၏ အုပ်စိုးမှုကို အဆုံးသတ်နိုင်မှာဖြစ်ကြောင်း ဆာခေါင် က ဆက်လက် ပြောကြားသွားခဲ့ပါသည်။ ထို့ပြင် ဒီမိုကရေစီစနစ်ကို ပြန်လည်ထူထောင်၍ မြန်မာ့ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း အစပျိုးခဲ့သည့် ၁၉၄၇ ပင်လုံစာချုပ်အပေါ် အခြေခံသော စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု အစိုးရစနစ်ကို ထူထောင်နိုင်မှာ ဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့ပါသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.