တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Friday, March 21, 2008

သံဃာများကို သတ်ဖြတ်ရာတွင် တရုတ်နှင့် နအဖထပ်တူဟုတိဘက်အရေးလှုပ်ရှားသူများ ထုတ်ပြန်

ကျော်ထင်/ ၂၁ မတ် ၂၀၀၈ (ခေတ်ပြိုင်မှကောက်နှုတ်သတင်း)

ချင်းမိုင်တွင် ငြိမ်းချမ်းရေးလှုပ်ရှားသူများ ဆန္ဒပြတောင်းဆိုစဉ်


ယခုလ (၁၀) ရက်မှစ၍ တိဘက်တွင် တရုတ် အစိုးရ၏ အကြမ်းဖက် နှိမ်နင်းခဲ့မှုသည် ၂၀၀၇ ခု စက်တင်ဘာလှုပ်ရှားမှုတွင် မြန်မာစစ်အစိုးရ နှိမ်နင်းပုံနှင့် တထပ်တည်းကျကြောင်းငြိမ်းချမ်းရေးလှုပ်ရှား သူများက ထုတ်ဖော် ပြောဆိုသည်။
မြန်မာ၊ ထိုင်းနှင့် နိုင်ငံတကာမှ ဒီမိုကရေစီရေးနှင့် လူ့အခွင့်ရေးလှုပ်ရှားသူ (၅၀)ခန့် ပါဝင်သည့် ငြိမ်းချမ်းရေးလှုပ်ရှားသူများက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တရုတ်ကောင် စစ်ဝန်ရုံးရှေ့တွင် ယနေ့ဆန္ဒပြတောင်းဆိုစဉ် ထိုသို့ သတင်းထုတ်ပြန် ပြောဆိုလိုက်ခြင်းဖြစ်သည်။
အမျိုးသမီးအများစုပါဝင်သော ဆန္ဒပြသူများတွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ အဖွဲ့ ၀င်များလည်းပါဝင်ပြီး ၎င်းတို့အနေဖြင့် အကြမ်းဖက်နှိမ်နင်းခံနေရသောတိဘက်လူထုနှင့် သွေး စည်းညီညွတ်ခြင်းကို ပြသလို၍ဖြစ်ကြောင်း ပြောသည်။
ဆန္ဒပြရာတွင်ပါဝင်သည့် မတိုးတိုးက “တိဘက်လူမျိုးတွေက မြန်မာနိုင်ငံက ဒီမိုကရေစီအရေး အတွက် လှုပ်ရှားနေသူတွေဟာ သူတို့နဲ့တသားတည်း ရှိနေပါလားဆိုတာ သိသွားမယ်၊ နောက် တခုက နိုင်ငံတကာမျက်နှာစာမှာ ဒီလိုလုပ်ပေးခြင်းအားဖြင့် တိဘက်ထဲမှာ ဖြစ်နေတဲ့ အကြမ်း ဖက်မှုတွေ လျှော့သွားမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
တိဘက်လူထု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးတောင်းဆိုမှုကို အကြမ်းဖက်နည်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးဆွေးနွေးမှုများဖြင့်ဖြေရှင်းရန်နှင့် တရုတ်အစိုးရက နအဖအားနည်းမျိုးစုံဖြင့် ထောက် ပံ့နေမှုများကို ရပ်တန့်ရန်တောင်းဆိုကြောင်း၊ လာမည့်သြဂုတ်တွင် အိုလံပစ်အားကစားပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် တရုတ်နိုင်ငံအတွက် အကြမ်းဖက်နှိမ်နင်းမှုသည် အမည်းစက်ကြီးတခု ဖြစ်နေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဆန္ဒပြပွဲတွင်ပါဝင်သည့် Regional Women Human Right Organization of Asia-Pacific forum on Woman Law and Development မှ ဖီဂျီနိုင်ငံသူ နာလီနယ်ဆင်ကလည်း “သေချာ တာကတော့ တရုတ်အစိုးရအနေနဲ့ တိဘက်ရဲ့သီးခြားလွတ်လပ်စွာတည်ရှိမှုကို အသိမှတ်ပြု သင့်တယ်၊ တိဘက်ပြည်သူတွေရဲ့ လူ့အခွင့်အရေးကို အာမခံသင့်တယ်၊ လွတ်လပ်ရေးပေးပြီး တရုတ်တွေ ထွက်သွားသင့်တယ်” ဟု ပြောသည်။
သီးခြားလွတ်လပ်သော တိဘက်နိုင်ငံသို့ ၁၉၄၉ ခုတွင် တရုတ်ကွန်မြူနစ်တပ်များ ၀င်ရောက် လာခဲ့ရာ တိဘက်လူထုက ကန့်ကွက်ဆန္ဒမှုများ စတင်ဖြစ်ပွားခဲ့သည်။ ၁၉၅၁ ခု တွင် တရုတ် အစိုးရနှင့် အချက် (၁၇) ချက်ပါသဘောတူညီချက်ကို ချုပ်ဆိုနိုင်ခဲ့သဖြင့် တရုတ်က တိဘက်အား လွပ်လပ်ရေးပေးလိုက်ကြောင်း ကမ္ဘာသို့ ကြေညာခဲ့သည်။
သို့သော် လက်တွေ့အကောင်ထည်ဖော်မှုမရှိသဖြင့် လူထုလှုပ်ရှားမှုများ ဆက်လက်ဖြစ်ပွားခဲ့ရာ ၁၉၅၉ ခု မတ်လ (၁၀) ရက်တွင် ဘုန်းတော်ကြီးဒလိုင်လားမားနှင့် တိဘက် ပြည်သူ (၁) သိန်း ကျော်ခန့်သည် ပြည်ပသို့ ထွက်ခွာလာခဲ့ကြသည်။
တိဘက်နယ်မြေတွင် တရုတ်အစိုးရ၏အုပ်ချုပ်မှုကိုဆန့်ကျင်သည့်အနေဖြင့် တရုတ်ကတိဘက် အားဝင်ရောက်သိမ်းပိုက်ခြင်း (၄၉) နှစ်မြောက်အဖြစ် ကမ္ဘာတ၀န်းရှိ တိဘက်လူမျိုးများ၏ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အိန္ဒိယရှိ တိဘက်လူမျိုးများက ယခုလ (၁၀) ရက်မှစတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.