တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, July 14, 2010

သိန်းစိန် ၏ တိုင်းရင်းသားသွေးခွဲမှုပေါ် ပြည်ပရောက် နိုင်ငံရေးသမားများ ပြစ်တင်ရှုတ်ချ

တိုင်းရင်းသားအသံ
သိန်းစိန် ၏ တိုင်းရင်းသားသွေးခွဲမှုပေါ် ပြည်ပရောက် နိုင်ငံရေးသမားများ ပြစ်တင်ရှုတ်ချ

Wednesday, 14 July 2010 16:01 KNG

မြန်မာစစ်စိုးရ ၀န်ကြီးချုပ် ဗိုလ်ချူပ်ကြီး သိန်းစိန် သည် ကချင်တိုင်းရင်းသားများအချင်းချင်း ရန်လို တိုက်ခိုက်ကြရန် သွေးထိုးမှုအပေါ် ပြည်ပရှိနိုင်ငံရေးသမားများ ပြစ်တင်ရှုတ်ချကြောင်းသိရသည်။

manau-junta

ကချင်ပြည်နယ်နေ့ ကချင်ရိုးရာမနောပွဲတော် ကို စောင့်ကြပ်နေတဲ့ မြန်မာစစ်သားတစ်ဦး။ ဓါတ်ပုံ - ကချင်သတင်းဌာန

ဗိုလ်ချူပ်ကြီး သိန်းစိန် သည် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပူတာအိုမြို့တွင် ပြုလုပ်သည့်အစည်းဝေးတွင် ဌာနေ ရ၀မ် နှင့် လီဆူးမျိုးနွယ်စုများကို ယခင်က ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကြား ဖြစ်ပျက်ခဲ့သည့် ပဋိက္ခများကိုပြန်လည်ရှင်းပြစေပြီး ကေအိုင်အို (သူ့အခေါ် ဂျိန်းဖော့) အား ပြန်တိုက်မည်ဆိုလျင် လက်နက်ထုတ်ပေးမည်ဟုဆိုသည်။

ယခုကဲ့သို့ ပြောဆိုလိုက်သည့်အပေါ် ထိုင်းနိုင်ငံ ဘန်ကောက် ရှိ ကေအိုင်အို နိုင်ငံခြားဆက်ဆံရေး လက်ထောက်တာဝန်ခံ ဂျိမ်း(စ်) လွမ်းဒေါင်က “စစ်အစိုးရက မြန်မာနိုင်ငံ ကိုသူတစ်ယောက်တည်း တိုက်ခိုက် သိန်းပိုက်ယူလို့ မရဘူး။ တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်မယ်ဆိုရင် သူ့ကို ကူညီသလိုဖြစ်သွားပြီး သူ့ရဲ့ လက်ကိုင်တုတ်ဖြစ်သွားလိမ့်မယ်” ဟုပြောသည်။

၁၉၆၂ ခုနှစ် ဗိုလ်ချူပ်နေ၀င်း အာဏာသိမ်းပြီးအချိန်ကစပြီး ယခုချိန်အထိ မြန်မာတိုင်းရင်းသားတွေ အချင်းချင်းကြားမှာ သွေးခွဲအောင်လုပ်ခဲ့ကြောင်း ထပ်မံပြောသည်။

ဗိုလ်ချူပ်ကြီးသိန်းစိန်ပြောကြားခဲ့သည့် ကေအိုင်အို အား တိုက်ခိုက်မည်ဆိုလျင် လက်နက်ထုတ်ပေးကိစ္စအား ရ၀မ်ဖက်မှ တန်ကူးတန် (ခ) အတန် မှ လက်ခံထားကြောင်း သိရသည်။

တန်ကူးတန်သည် ခေါင်လန်ဖူး အခြေစိုက် ရ၀မ်သီးသန့် ပြည်သူ့စစ်အဖွဲ့ (ယခင် သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့) ခေါင်းဆောင်ဖြစ်၍ စီးပွါးရေးသမားလည်းဖြစ်သည်။

ယင်းလက်ခံမှုအပေါ် ကချင်နိုင်ငံရေးလေ့လာသူတစ်ဦးက “အခု အတန် က (KIO) ကို တိုက်မယ်ဆိုရင် ငါတို့ အချင်းချင်းတိုက်ခိုက်ပြီး ရန်သူက ဘာမှမတိုက်ရဘဲနဲ့ ထိုင်ပြီး လက်ခုပ်တီးနေမှာပေါ့” ဟုပြောသည်။

စစ်အစိုးရသည် တိုင်းရင်းသားများကြားထဲတွင် ဘယ်လောက်အတိုင်းအတာထိ သွေးခွဲစေချင်ကြောင်းကို “သူအပြောပေါ်မှာကြည့်ပြီး တိုင်းရင်းသားအတွက် စဉ်စားရမဲ့ အနေအထားဖြစ်တယ်” ဟု တိုင်းရင်းသားလူမျိုးစုကောင်စီ အတွင်းရေးမှု စောဒေးဗစ်ထောက ဆိုသည်။

မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဗိုလ်ဗိုလ်ကျော်ငြိမ်းကလည်း မြန်မာစစ်အစိုးရလိုလားသည့် နယ်ခြားစောင့်တပ်ဖွဲ့လက်မခံသည့်အပေါ်အခြေခံကြောင်း သုံးသပ်ပြောဆိုသည်။

“ကာကွယ်ရေးတပ်ထဲကို ၀င်ဖို့ ကေအိုင်အေ လက်မခံလို့ ကချင်တွေ အင်အားနည်းလာအောင်လုပ်ဖို့ အကြံအစည်ဆိုတာရှိမှာပဲ ဒါကတော့ မြေကြီးလက်ခတ်မလွဲဘဲ။ တိုင်ရင်းသားတွေကို လက်နက်နဲ့ အနိုင်ယူလို့ရရင်ရ မရရင် သွေးခွဲပြီး သူတို့အနိုင်ယူမှာဘဲ။”

မကြာမီ မြန်မာစစ်အစိုးရပြုလုပ်တော့မည့် ၂၀၁၀ ရွေးကောက်ပွဲသည် တိုင်းရင်းသားမျိုးနွယ်စုများအတွက် အရေးပါသည့်အရာဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုများအနေဖြင့် မည်သည့်အရာတွင်မဆို ညီညွတ်စွာလက်တွဲ၍ ဆုံးဖြတ်ချက်ချလုပ်ဆောင်သွားရန်မျှော်လင့်ထားကြသည်။

တိုင်းရင်းသား လူမျိုးစုများကောင်စီအတွင်းရေးမှုး စောဒေးဗစ်ထောကလည်း စစ်အစိုးရသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဆိုသည့်အပေါ် “နိုင်ငံတကာ နဲ့ လူကြီးတွေကြားထဲမှာ ကြွေးကြော်သံတစ်ခုဖြစ်ပြီး ဒီအချက်ကို မလိုလားလို့ တိုင်းရင်းသားတွေ သွေးခွဲစကားကို သာဓက ပြတယ်လို့ဘဲထင်ပါတယ်” ဟု သူအမြင်ကိုပြောသည်။

အခုလိုမျိုးလုပ်ဆောင်နေခြင်းသည် တိုင်းရင်းသားမျိုးနွယ်စုတွေကြား စိတ်သွေးဝမ်းကွဲအောင် စစ်အစိုးရလုပ်သည်မှာ ပိုပြီးသက်သေဖြစ်သည်ဟု ထပ်မံပြောဆိုသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.