တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"
Showing posts with label Joke. Show all posts
Showing posts with label Joke. Show all posts

Friday, February 25, 2011

ဗမာ့တပ်မတော်ဆောင်ပုဒ်ပြောင်းမည် နဲ.ဗမာ့စစ်တပ်တွင်းပေးနေသောလစာများ

တိုင်းရင်းသားအသံ
ဗမာ့တပ်မတော်ဆောင်ပုဒ်ပြောင်းမည်

ခေတ်ဟောင်းဆောင်ပုဒ်

ဘာလုပ်နေလဲ-လေ့ကျင့်နေတယ်
ဘာလုပ်ဖို.လဲ-တိုက်ပွဲဝင်ဖို.
ဘယ်သူ.အတွက်လဲ-ပြည်သူ.အတွက်
ဘာစိတ်ဓါတ်လဲ-သံမဏိစိတ်ဓါတ်

မကြာခင်ပြောင်းမည့်ခေတ်သစ်ဆောင်ပုဒ်

ဘာလုပ်နေလဲ-တိုက်ဆောက်နေတယ်
ဘာလုပ်ဖို.လဲ-သန်းရွှေတို.ရောင်စားဖို.
ဘယ်သူ.အတွက်လဲ-အာဏာရှင်များအတွက်
ဘာစိတ်ဓါတ်လဲ-ခွေးသားစိတ်ဓါတ်

ဗမာ့စစ်တပ်တွင်းပေးနေသောလစာများ

တပ်သားတစ်ဦးလျှင်ဝင်ဝင်ခြင်းကျပ် ၁၆၀၀၀=$15 (တစ်နှစ် =ကျပ်၁၉၂၀၀၀)သတ်မှတ်ထားသည်၊နှစ်နှစ်သက်တမ်းရှိလာပါက ၂၁၀၀၀ ($20 နဲ.ညီမျှ)၊(တစ်နှစ်=၂၅၂၀၀၀)ဖြစ်သည်၊
ဒုတပ်ကြပ်ကတော့ ၂၂၀၀၀ မှသက်တမ်းကြာလာပါက ၂၇၀၀၀ တဲ့
တပ်ကြပ်ကတော့ ၂၈၀၀၀ မှသက်တမ်းကြာလာပါက ၃၃၀၀၀ တဲ့
တပ်ကြပ်ကြီးကတော့ ၃၄၀၀၀ မှ သက်တမ်းကြာလာပါက ၃၉၀၀၀ တဲ့
တပ်ခွဲတပ်ကြပ်ကြီးကတော့ ၄၀၀၀၀ မှ ၄၅၀၀၀ တဲ့
ဒုအရာခံဗိုလ်ကတော့ ၄၆၀၀၀ မှ ၅၁၀၀၀ တဲ့
အရာခံဗိုလ်ကတော့ ၅၂၀၀၀ မှ ၅၇၀၀၀ တဲ့
ဒုဗိုလ်ကတော့ ၁ သိန်း
ဗိုလ်ကတော့ ၁ သိန်း နှစ်သောင်း
သုံးပွင့်အဆင့်ဗိုလ်ကြီးကတော့ ၁ သိန်း ၃ သောင်း မှသက်တမ်း နှစ်နှစ်ရှိပါက ၁ သိန်း ၄ သောင်း တဲ့
ဗိုလ်မှူးကတော့ ၁ သိန်း ၅ သောင်း မှ ၁ သိန်း ၆ သောင်း
ဒုဗိုလ်မှူးကြီး ၁ သိန်း ၇ သောင်းမှ ၁ သိန်း ၈ သောင်းတဲ့
ဗိုလ်မှူးကြီး ကတော့ ၁ သိန်း ၉ သောင်း မှ ၂ သိန်းတဲ့ (ဒေါ်လာငွေ ၂ ရာပေါ့ကွာ၊အမ် သင်္ဘောသားလုပ်ချင်စိတ်ပေါက်လာပြီ)
ဗိုလ်မှူးချုပ်ကတော့ ၃ သိန်း
ဗိုလ်ချုပ်ကတော့ ၄ သိန်း
ဒုဗိုလ်ချုပ်ကြီးကတော့ ၆ သိန်း၊
ဗိုလ်ချုပ်ကြီးကတော့ ၈ သိန်း
ဒုဗိုလ်ချုပ်မှူးကြီးကတော့ ၁၀ သိန်းတဲ့
ဗိုလ်ချုပ်မှူးကြီးကျတော့ ကျပ် ၁၂ သိန်းတဲ့၊
(မှတ်ချက်၊ ဗိုလ်ချုပ်မှူးကြီးလစာနဲ.နိုင်ငံခြားသင်္ဘောလိုက်နေသည့်ဗမာပြည်သင်္ဘောသားလစာနဲ.တူညီပါ၏)၊

ဤလစာကိုကြည့်ထားပြီးဗမာစစ်တပ်ထဲဝင်သင့်မဝင်သင့်ကိုတော့ကိုယ့်ကိုယ်ကိုဆုံးဖြတ်တော့၊ကိုယ့်မိသားစုစားဝတ်နေရေးအတွက်ခိုးစား၊ဝှက်စား၊ဓါးပြလုပ်စားဖို.ပဲစဉ်းစားထားတော့၊ဤခိုးစားဝှက်စားဓါးပြအလုပ်လုပ်စားတာကလွဲရင်မိသားစုစားဝတ်နေရေးအတွက်ဝင်ငွေနတ္ထိ၊ရှာစရာလမ်းမရှိပါကြောင်းတင်ပြအပ်ပါတယ်ခင်ဗျား၊

Monday, April 14, 2008

တိုင်းရင်းသားအသံ
ခွေးတွေတောင် ဆွေမျိုးမဖြစ်ချင်တော့


Wednesday, December 12, 2007

နောက်ကျတဲ့ခြေတောက်သစ္စာဖောက်
.
ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၀၇ ခုနှစ်။ (သတင်းနှင့်မီဒီယာကွန်ယက်မှ)

စက်တင်ဘာ အရေးအခင်းဖြစ်ပြီးနောက် နိုင်ငံတကာဖိအား နှင့် ပြည်တွင်း၌ ဆန္ဒပြမှုများ ဖြစ်ပေါ်လာရန် အခြေ အနေများက ဖန်လာနေသဖြင့် ဗိုလ်ချူပ်မှူးကြီးသည် ယနေည ၈ နာရီတွင် စစ်အုပ်ချူပ်ရေးရပ်စဲကြောင်း ကြေငြာ လိုက်ရသည်။

နောက်တနေ့ မနက်စောစော အိပ်ယာမှ နိုးလာသောအခါ ဇနီးသည်ကိုလည်း မတွေ့ သားသမီးမြေးများကို မ တွေ့၍ အိမ်ဂေဟာပြတင်းပေါက်မှ အပြင်ကို ကြည့်လိုက်သော အခါတွင်လည်း အိမ်တော်ဝန်းတ၀ိုက် အစောင့် များလည်း ရှင်းနေသည်၊ တိတ်ဆိတ်နေသည်၊ အိမ်တော်ဝန်းအပြင်ဘက် ခပ်ဝေးဝေးတွင်သာ ကားသံများ ဆူညံ စွာ ကြားနေရသည်၊

ရုတ်တရက် တယ်လီဖုန်းသံ ကျယ်လောင်စွာမြည်လာ၍ ကောက်ကိုင်လိုက်ရာ …….
“ဟဲလို ဗိုလ်ချူပ်မှူးကြီးလားခင်ဗျာ ကျနော်ရွှေမန်းပါ နေကောင်းရဲ့လား”
“ကောင်းပါတယ် ဒါနဲ့ဘာတွေဖြစ်ကုန်တာတုံး ငါဘာမှနားမလည်နိုင်တော့ဘူး --- တယောက်မှလည်း မရှိတော့ဘူး”

“အခြေအနေကို ပိုနေမြဲ ကျားနေမြဲ ထိမ်းထားရင်ရသေးတယ်လို့ ဒါမှကျနော်တို့ ပြေးဖို့အတွက် ပြင် ဆင်ချိန်ရမှာလို့ အခုတော့ တပ်ခေါင်းဆောင်ပိုင်းက အားလုံးပြေးကုန်ကြပြီလေ”

“ဟေ့! မထင်တာတွေ အားလုံးဖြစ်ကုန်ပါကကောလား။ ဒါဆို မင်းနဲ့ငါ နှစ်ယောက်ထဲပဲ ကျန်တော့တာ ပေါ့ ဟုတ်လား”

“ဟင့်အင်း ---- ကျနော် ပီကင်း ကနေ ဆက်နေတာ”
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.