တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Monday, February 25, 2008











ဓါတ်ပုံများသည် ကိုနစ်နေမာန် ဘလောက်မှ ကူးယူထားပါသည်

ရဟန်းသံဃာတော်များက မြန်မာလူထုကို အသက်စွန်.ပြီး မီးဘေးမှကူညီပြန်ပြီ


ပြည်သူလူထုနှင့် ရဟန်းသံဃာတော်များကိုသာ သေအောင်၊ငြိမ်းအောင် သတ်တတ်သော မြန်မာ့မီးသတ်၊ အရံ မီးသတ် နှင့်စစ်တပ်များက ရတနာပုံမီးချူပ်ငြိမ်းအောင်မသတ်နိုင်၊
.
မြန်မာစံတော်ချိန်မနေ.မနက်ပိုင်း (၂၀၀၈၊၀၂၊၂၅၊ ၈း၀၀)လောက်တွင် မန္တလေးမြို.ရှိ ရတနာပုံဈေးကို မီးစလောင်ကျွမ်းဖြစ်သည့်အခါ မြန်မာ့မီးသတ်၊အရံမီးသတ်သမားများက ကားအစီးမျာစွာရောက်ရှိလာခဲ့ပြီး
မီးငြိမ်းသတ်ကြပေမဲ့ အောက်စီဂျင်ဘူးရှူပေါက်စတဲ့အကာအကွယ်ပစ္စည်းများမလုံလောက်သဖြင့် တအူအူထွက်နေသောမီးခိုးများကို ဘယ်လိုမှ အနီးကပ်မခံနိုင်သည့်အဆုံး မီးလောင်ကျွမ်းသည့်နေရာကို လုံးဝရေပက်လို.မရောက်ပါ၊ထို.ကဲ့အခြေအနေကို တွေ.မြင်ရသောအခါ ရဟန်းသံဃာတော်များက ပြည်သူအတွက်စွန်.စားလေ့မရှိသော မြန်မာ့မီးသတ်သမားများ၏တာဝန်ကို အသက်စွန်.ပြီးအစားထိုးဝင်ရောက
ကူညီခဲ့ပြန်သည်။သံဃာတော်များက မီးသတ်ကားအပေါ်တက်ပြီး ရေပိုက်ကိုင်စွဲကာ မီးငြိမ်းသတ်ခဲ့ကြပါသည်။ ထို.အပြင်၊ ရတနာပုံဈေးတွင် မြန်မာလူထုပိုင်ပစ္စည်းများကိုလဲ ဝိုင်းဝန်သယ်ဆောင်ပေးခဲ့ပြန်သည်။
.
တပြည်လုံးရှိ ပြည်သူလူထုနှင့်ရဟန်းသံဃာတော်များကိုသာ သေအောင်၊ငြိမ်းအောင် သတ်တတ်သောမြန်မာ
မီးသတ်၊အရံမီးသတ်နှင့်စစ်တပ်များကို ရတနာပုံမီးကျတော့ မီးငြိမ်းအောင်မသတ်နိုင်တာဟာ မြန်မာလူထုတွေ
က အံ့သြနေကြကြောင်းသိရှိရပါသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.