တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Thursday, July 3, 2008

မြို.ပေါ်မှာ ဗုံအသံကျယ်မလား? လူထုအသံကျယ်မလား?

တိုင်းရင်းသားအသံ

မြို.ပေါ်မှာ ဗုံအသံကျယ်မလား? လူထုအသံကျယ်မလား?

၈၈၈၈ လေးလုံး နှစ်ပတ်လည်နေ. နီးကပ်လာတာနှင့် အမျှ ပြည်တွင်းမှာရှိသည့် ဘုန်းဘုန်းများ၊ကျောင်းသားများ၊နိုင်ငံရေးပါတီများ နှင့်အမြင်ကွဲ စစ်တပ်ခေါင်းဆောင်များ၏လှုပ်ရှားမှုများ၊ ပြည်ပမှာရှိသည့် အတိုက်အခံများ၏လုပ်ရှားမှုများကို စစ်အစိုးရတို.ကြောက်ရွ.ံနေပြန်ပြီ၊ (၈) ရက်နေ.၊(၈) လပိုင်းကျရင် စစ်အစိုးရ ကိုးကွယ်တဲ့ စိတ်ပုပ် တရုတ်ကွန်မြူနစ်တို.၏ အိုလံပစ်ဖွင့်ပွဲနဲ. လဲရက်ကြုံ၏။ မနေ.က ကြံ့ဖွတ်ရုံးတွင် ဗုံပေါက်ကွဲသွားသဖြင့် လူထုတွေရဲ.သာဓုခေါ်သံများသည် ယခု အချိန်အထိ ရန်ကုန်မှာ ကြားနေဆဲပါ။

လာမည့် ဂျူလိုင်လ (၇) ရက်နေ.ကျရင် (၄၆)ကြိမ်မြောက်မည့် ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဒိုင်နမိုက် ဗုံတွေနဲ.
ဖြိုချခဲ့သည့်နေ.ဖြစ်ပါသည်။ နောက်တဆက်တည်မှာပင်၊ ဩဂုတ်လ (၈)ရက်နေ.၊ စက်တင်ဘာ အရေးအခင်း၊ စက်တင်ဘာ စစ်တပ်အာဏာသိမ်မှု၊စက်တင်ဘာ ရွှေဝါရောင်တော်လှန်းရေး စသည့် နေ.ထူးနေ.မြတ်များ ရှိသောလပိုင်းများသည် စစ်အစိုးရအတွက် အိပ်မက်ဆိုးသော လများဖြစ်ပြီး ပြည်သူလူထုတွေအတွက်တော့ တိုက်ပွဲဝင်ရာသီ၊အပြီးအောင်ပွဲခံသော လများဖြစ်ပါသည်။

အနှစ်နှဆယ်ပြည့်မည့် (၈၈၈၈) လုံးအရေးတော်ပုံကြီးသည် ဒို. ဆက်လျှောက်သွားမည့် တော်လှန်ရေးလမ်းကြောင်းကို ပြတ်ပြတ်သားသား သန္နိဌာန်းချ ပြီး တက်ညီလက်ညီဆက်လျှောက်သွားကြဖို. အရေးကြီးပါသည်၊ ဒီအချိန်ဟာ မြို.ပေါ်မှာ ဗုံအသံကျယ်မလား? လူအထုသံကျယ်မလား?` ဆိုသည့် မေးခွန်းကို အဖြေမှန်ပေးဖို.အချိန်တန်ပြီ။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.