တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Thursday, July 31, 2008

မုဒုံမြို.၊မွန်ပြည်နယ်ရှိ ဆက်သွယ်ရေးရုံတွင်ဗုံတစ်လုံးပေါက်ကွဲ၊ ဒဏ်ရာထိခိုက်မှုတစ်စုံတစ်ရာမရှိ

တိုင်းရင်းသားအသံ
မုဒုံမြို.၊မွန်ပြည်နယ်ရှိ ဆက်သွယ်ရေးရုံတွင်ဗုံတစ်လုံးပေါက်ကွဲ၊ ဒဏ်ရာထိခိုက်မှုတစ်စုံတစ်ရာမရှိ

မွန်ပြည်နယ် မုဒုံမြို့အော်တိုအိပ်ချိန်းဆက်သွယ်ရေးရုံးတွင် ဗုံးပေါက်ကွဲ

Kaowao: ဇူလိုင် ၊၃၁၊၂၀၀၈

မုဒုံ။ ။ ဇူလိုင် ၃၀ ရက်နေ့ ညသန်းခေါင်အချိန်မတိုင်မီ နာရီပိုင်းအလိုတွင် မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ အော်တိုအိပ်ချိန်း ဆက်သွယ်ရေးရုံး၌ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဒေသစံတော်ချိန် ည ၁၁ ခန့်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း ဆက်သွယ်ရေး ဆိုင်ရာ ရုံးသုံးပစ္စည်းများနှင့် ရုံးအဆောက်အဦးတချို့ ပျက်စီးခဲ့ကြောင်းနှင့် ထိုညတွင် ရုံးဝန်ထမ်း ၃ ဦးသာ ရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များနှင့် နီးစပ်သည့်အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ပြောသည်။

ပေါက်ကွဲခဲ့သည့်ဗုံးအမျိုးအစားနှင့် တရားခံကို စုံစမ်းနေဆဲဖြစ်ပြီး ယင်းပေါက်ကွဲခဲ့သည့်အနီးအနားဝန်းကျင်တွင် လက်ပစ်ဗုံး တစ်လုံးကိုလည်း ရှာဖွေသိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ယင်းအော်တိုအိပ်ချိန်းရုံးသည် မော်လမြိုင် -မုဒုံ- ရေးလမ်းမကြီးဘေးတွင် တည်ရှိသော်လည်း လူနေအိမ်ခြေနည်းပါးပြီး တစ်ဖက်တစ်ချက်တွင် ကန်တော်ကြီးဘုရား၊ လူဝင်မှုကြီးကြပ်ရေးဂိတ်၊ ဘီးခွန်ကောက်ဌာနဂိတ်အဆောက်အဦးနှင့် နှစ်ရှည်ပင် စမ်းသပ်စိုက်ပျိုးရေးဌာနတို့ နီးကပ်လျှက် တည်ရှိသည်။

မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့နှင့် ၁၈ မိုင်သာ ကွာဝေးသော မုဒုံမြို့တွင် လအနည်းငယ်အတွင်းက မွန်ပြည်သစ် ပါတီမှ ခွဲထွက်ခဲ့သည့် နိုင်အောင်နိုင် ဦးဆောင်သည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့၏ ဗဟိုဌာနချုပ်ရုံးတည်ရှိရာ လည်း ဖြစ်သည်။

ယမန်နှစ် ဇူလိုင်လတွင်လည်း မုဒုံမြို့နယ် အစင်းရေလှောင်တမံဝင်းအတွင်းရှိ မြို့ပေါ်အစိုးရအရာရှိတစ်ဦး ဖွင့်လှစ်ထား
သော လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်နေသည့်နေအိမ်ကို ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲ ခဲ့ဖူးသည့် ဖြစ်ရပ်ရှိခဲ့ကြောင်း Kaowao သို့ဖုန်းဖြင့် ပြောကြားခဲ့သည်။



Bomb explodes in Telecommunication Office in Mudon

Thu 31 Jul 2008, IMNA

A bomb exploded near the Burmese military regime's Central Agriculture Research and Training under the Ministry of Agriculture and Irrigation in Mudon Township, Mon State, Burma last night.

The bomb went off in the Telecommunication Office precincts in front of Central Agriculture Research and Training in the eastern part of Kyone paik village about 20 miles from Moulmein, the capital of Mon State but no one was injured.

The authorities have not been able to identify the bomber yet. "It seems to be an internal affair and there were only three people present," an observer from the town said.

The local authorities are investigating. The office was built in 1996 and the local authorities seized a rubber plantation for constructing the building without paying compensation.

In July last year, a small bomb exploded in a brothel near the Azin Dam in Mudon.

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.